← Chapters

ဆရာဦးလေး ကျုပ်နောက်ကျသွားတယ်

Vol. 65 Ch. 967

ဆရာဦးလေး ကျုပ်နောက်ကျသွားတယ်

Vol. 65 Ch. 967

တာအိုအရှင်လန်ယွဲ့က အမူအရာကင်းမဲ့နေလေသည်။

ဒီတစ်ခေါက် ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲ၌ သေဆုံးခဲ့သောလူများက အရမ်းကိုများပြားပြီး သူတို့တစ်ယောက်ချင်းစီက တစ်ယောက်ထက်တစ်ယောက်ပို၍ ကြီးမားသောနောက်ခံများ ရှိကြလေသည်။ မူလနတ္ထိ ၇ ယောက်ကပင်လျှင် သေဆုံးသွားခဲ့ရလေသည်။ သူမက ထိုအတွက် တာဝန်ယူမှု တာဝန်ခံမှုကနေ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။

သူမက ဤကိစ္စကို ကောင်းကောင်းမကိုင်တွယ်နိုင်ဘူးဆိုလျှင် ကြိုးကြာတစ်ထောင်ဂိုဏ်းကပါ သေချာပေါက် ငြိစွန်းရပေလိမ့်မည်။

သို့သော်လည်း ကြိုးကြာတစ်ထောင်ဂိုဏ်းက ဆူဇီမိုအပေါ် တကယ်ပင် အကြွေးတင်နေခဲ့လေသည်။

သူမက ဆူဇီမိုကို ယခုချက်ချင်း ဤနေရာမှာသတ်ဖြတ်လိုက်မည်ဆိုလျှင် ကြိုးကြာတစ်ထောင်ဂိုဏ်းက ကျေးဇူးကန်းသူများအဖြစ် သေချာပေါက် ကင်ပွန်းတပ်ခံရမည်ဖြစ်ပြီး မရေမတွက်နိုင်သော ပြစ်တင်ရှုတ်ချမှုများကိုလည်း ရင်ဆိုင်ရပေမည်။ အတန်ကြာ စဥ်းစားတွေးတောပြီးနောက် တာအိုအရှင်လန်ယွဲ့က ဆုံးဖြတ်ချက်ချလိုက်လေသည်။

“ဆူဇီမို... အတိတ်ကာလတုန်းက ဖြစ်ရပ်တစ်ခုကို ထောက်ထားပြီးတော့ ကြိုးကြာတစ်ထောင်ဂိုဏ်းက ဒီနေ့နင့်ကို သေချာပေါက်သတ်မှာ မဟုတ်ဘူး”

တာအိုအရှင်လန်ယွဲ့၏ အသံက အေးစက်နေလေသည်။ သို့သော်လည်း ထိုအသံကိုကြားသောအခါ လမ့်ရို ၊ ဖက်တီးလေးနှင့် အခြားသူများက ကျေနပ်နှစ်ခြိုက်သွားကြလေသည်။

သူမပြောပုံအရဆို တာအိုအရှင်လန်ယွဲ့က ဆူဇီမိုကို သေချာပေါက် တိုက်ခိုက်တော့မည် မဟုတ်ပေ။

ခဏမျှရပ်တန့်ပြီးနောက် တာအိုအရှင်လန်ယွဲ့က စကားလမ်းကြောင်းပြောင်းလိုက်လေသည်။

“ဒါပေမယ့်လို့ နင်က... ဒီနေ့ ကပ်ဘေးတစ်ခုကို ဖြစ်စေခဲ့တယ်... ကြိုးကြာတစ်ထောင်ဂိုဏ်းကတောင် နင့်ကိုကာကွယ်နိုင်မှာ မဟုတ်တော့ဘူး”

“နင့်ရဲ့အပြုအမူတွေကို ချုပ်ထိန်းထားပါလို့ ငါအတန်တန်သတိပေးခဲ့တယ်... ဒါပေမယ့် နင်က အဲ့ဒါကို နားမထောင်ခဲ့ဘူး... အဲ့ဒီအတွက် အခုငါ့ကိုအပြစ်မတင်နဲ့တော့”

ဆူဇီမို၏မျက်လုံးက လှောင်ပြောင်သရော်လိုမှုဖြင့် တဖျပ်ဖျပ်လက်သွားပြီး သူက ဂရုမစိုက်ဟန်ဖြင့်ပြောလိုက်လေသည်။

“ဂိုဏ်းချုပ်... ဘာလို့စကားကို ဝေ့ဝိုက်ပြီးပြောနေတာလဲ... စိတ်ထဲရှိရာ ပွင့်ပွင့်လင်းလင်းပြောစမ်းပါ....”

တာအိုအရှင်လန်ယွဲ့က အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီးနောက် တည်ငြိမ်စွာဖြင့်ပြောလိုက်လေသည်။

“ငါက နင့်ကို သတ်မှာမဟုတ်ဘူး... ဒါပေမယ့်လို့ နင်က ကြိုးကြာတစ်ထောင်ဂိုဏ်းကနေလည်း ထွက်သွားလို့မရဘူး.. ဒီမှာဧည့်သည်တစ်ယောက်အဖြစ် တည်းခိုနေထိုင်ပါ”

လူအုပ်ကြီးထဲမှ အုန်းအုန်းကျက်ကျက်အသံများက ထွက်ပေါ်လာခဲ့လေသည်။

“အဲ့ဒါက နှလုံးသားမဲ့တဲ့ လှုပ်ရှားကွက်တစ်ခုပဲ... “

“အဲ့ဒါက အရမ်းကိုရက်စက်လွန်းရာကျတယ်... သူမက အပေါ်ယံမှာ ဆူဇီမိုကို မသတ်ဘူးဆိုပေမယ့်လို့ ကစဉ့်ကလျားအမြုတေဂိုဏ်း ၊ ဓားဂိုဏ်းနဲ့ ကောင်းကင်ဇင်ယော်ဂိုဏ်းက ဓမ္မဝိသေသတာအိုအရှင်တွေရောက်လာတာနဲ့ ဆူဇီမိုက သေချာပေါက် သေရမှာပဲ... ဆူဇီမိုက ဒီနေရာကနေ ထွက်မသွားနိုင်ဘူးဆိုရင် သေခြင်းတရားကနေ လွတ်မြောက်နိုင်မှာမဟုတ်ဘူး”

“အဲ့လိုဆိုရင် ကြိုးကြာတစ်ထောင်ဂိုဏ်းက ကစဉ့်ကလျားအမြုတေဂိုဏ်းနဲ့ အခြားအင်မော်တယ်ဂိုဏ်းတွေအတွက်လည်း တာဝန်ယူဖြေရှင်းပေးပြီးသားဖြစ်သွားမယ်....နောက်ပြီး ပိုပြီးအရေးကြီးတာက တာအိုအရှင်လန်ယွဲ့က ဆူဇီမိုကို မတိုက်ခိုက်ခဲ့တဲ့အတွက် ကျေးဇူးကန်းတယ်လို့ ကင်ပွန်းတပ်ခံရတော့မှာလည်း မဟု​တ်ဘူး”

“သူမက အငှားဓားနဲ့ သူ့ကိုသတ်ချင်နေတာပဲ...”

လက်ရှိကျင့်ကြံသူများအားလုံးသည် နိုးထဝိညာဥ်အဆင့်သို့ရောက်အောင် ကျင့်ကြံထားနိုင်သောကြောင့် အရူးများ မဟုတ်ကြပေ။ သူတို့သည် တာအိုအရှင်လန်ယွဲ့၏ အတွေးအကြံကို လျင်မြန်စွာ နားလည်သဘောပေါက်သွားပြီး တီးတိုးဆွေးနွေးလိုက်ကြလေသည်။

“ဟားဟား.... “

​ဆူဇီမိုကရယ်မောပြီး ပြန်လည်မေးလိုက်လေသည်။

“ဘာလဲ.... ကြိုးကြာတစ်ထောင်ဂိုဏ်းက ကျုပ်ကို အကျယ်ချုပ်ချထားချင်တာလား...”

“ဂျူနီယာ... ကျေးဇူးမကန်းပါနဲ့”

တာအိုအရှင်လန်ယွဲ့က ထူးမခြားနားပုံစံဖြင့် ပြောလိုက်လေသည်။

“ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ ငါကနင့်ကို ကြိုးကြာတစ်ထောင်ဂိုဏ်းမှာ ရက်အနည်းငယ်နေဖို့ လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်နေတာ....”

“နောက်ပြီး... ဒီမှာနင့်ရဲ့ အခင်ဆုံးမိတ်ဆွေတွေနဲ့ လမ့်ရိုလည်း ရှိတာပဲ... နင်တို့က နှစ်ပေါင်းတစ်ရာကြာအောင် မတွေ့ခဲ့ရတာဆိုတော့ ပြောစရာစကားတွေအများကြီးရှိနေမှာပဲ... ငါက နင့်ရဲ့အလိုဆန္ဒကိုတောင် ဖြည့်ပေးထားသေးတာ”

“ဆရာ....”

“ပါးစပ်ပိတ်ထား...”

လမ့်ရိုက ဝင်ပြောမည်ပြုစဥ်မှာပင် တာအိုအရှင်လန်ယွဲ့က သူမကို မျက်စောင်းတစ်ချက်ထိုးပြီး ဖြတ်အော်လိုက်လေသည်။

“ငါ့စကား နွားရ လုပ်နေတာပဲ...”

ဆူဇီမို၏ မျက်လုံးထဲတွင် လှောင်ပြောင်သရော်လိုစိတ်က ဖျတ်ကနဲလက်သွားပြီး သူက ရယ်မောလိုက်လေသည်။

“တာအိုအရှင်လန်ယွဲ့...ခင်ဗျားမှာ အင်မော်တယ်ဂိုဏ်းတွေရဲ့ ဖြောင့်မတ်မှန်ကန်မှုနဲ့ ရဲစွမ်းသတ္တိတစ်စွန်းတစ်စတောင် ရှိမနေပါလား... တစ်ဖက်မှာတော့ ခင်ဗျားက ကြောင်သူတော်ယောင်ဆောင်ခြင်း အနုပညာနဲ့ ဉာဏ်နီဉာဏ်နက်များတဲ့နေရာမှာ တစ်ဖက်ကမ်းခတ်အောင် ကျွမ်းကျင်နေ​တာပဲ...”

ဆူဇီမိုက သူ၏အပြုံးကို ပြန်ရုတ်သိမ်းပြီး ဖြည်းဖြည်းချင်း မေးလိုက်လေသည်။

“ကျုပ်က.... ထွက်သွားမယ်ဆိုရင်ရော ဘာဖြစ်လဲ...”

“အဲ့ဒီဆိုရင် ငါက နင့်ကိုဒီနေရာမှာ ဖိနှိမ်ထားရမှာပဲ... အဲ့တော့မှ ငါ့ကိုမယဥ်ကျေးဘူးလို့ အပြစ်လာမတင်နဲ့..”

တာအိုအရှင်လန်ယွဲ့က အေးစက်စွာဖြင့် ပြောလိုက်လေသည်။

“ဂျူနီယာ... ငါက အဲ့ဒါကို ပြောပြီးသွားပြီဆိုမှတော့ နင့်ရဲ့အပြုအမူကို ဆင်ခြင်ထားဖို့ အကြံပေးလိုက်မယ်... အများကြီးထိခိုက်မခံစားရအောင်”

ဓမ္မဝိသေသတာအိုအရှင်တစ်ယောက်၏ ဖိအားက ဖြည်းဖြည်းချင်းဆင်းသက်လာပြီး ဂမ္ဘီရခြံဝန်းတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့လေသည်။

လက်ရှိနိုးထဝိညာဥ်များအားလုံးသည် သူတို့ပေါ်ကို တောင်တန်းတစ်ခုက ကျဆင်းလာသည်ဟု ခံစားရပြီး သူတို့က မလှုပ်နိုင်တော့ပေ။

“ဟားဟားဟားဟား.... “

ဆူဇီမိုက ခေါင်းကိုမော့၍ ရယ်မောလိုက်လေသည်။

ဓမ္မဝိသေသတာအိုအရှင်တစ်ယောက်၏ စွမ်းအားနှင့်ရင်ဆိုင်နေရတာတောင် သူက အကြောက်အလန့်ကင်းမဲ့နေဆဲဖြစ်ပြီး အော်ပြောလိုက်လေသည်။

“လန်ယွဲ့.... သေချာနားထောင်စမ်း... ငါက နင့်ကို အနိုင်မယူနိုင်ဘူး.. ဒါပေမယ့်လို့ ငါထွက်သွားချင်တယ်ဆိုရင် နင်က ငါ့ကိုတားဖို့လည်း လုံလောက်တဲ့ အစွမ်းအစမရှိဘူး”

သူ၏ရဲစွမ်းသတ္တိက အံ့မခန်းပင်...

သူ့တို့ထက် ကျင့်ကြံမှု အဆင့်ကြီးနှစ်ဆင့်မြင့်မားသော ဓမ္မဝိသေသတာအိုအရှင်တစ်ယောက်နှင့် ရင်ဆိုင်ရချိန်တွင် လက်ရှိနိုးထဝိညာဥ်များသည် စကားပြန်လည်ပြောဆိုရဲလျှင်တောင် အတော်လေးရှားရှားပါးပါး ဖြစ်နေလေပြီ။

ဆူဇီမိုကဲ့သို့ ဓမ္မဝိသေသတာအိုအရှင်တစ်ယောက်၏ အမိန့်အာဏာစက်ကို စိန်ခေါ်ဖို့ဆိုတာ မည်သည့်ကျင့်ကြံသူမှ စိတ်ကူးယဥ်ရဲကြလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ဆူဇီမိုက ကြွားလုံးထုတ်နေခြင်းမဟုတ်ပေ။

တကယ်လည်း သူ၏ တိုက်ခိုက်ရည်ခွန်အားက ဓမ္မဝိသေသတာအိုအရှင်များကို ယှဥ်နိုင်ခြင်းမရှိပေ။

သူသည် ငရဲမီးစံအိမ်မှ ဓမ္မဝိသေသတာအိုအရှင်တစ်ယောက်ကို သတ်ဖြတ်ခဲ့စဥ်က အဲ့ဒါသည် ထိုသူက ဘဝနေဝင်ခါနီးအရွယ်သို့ ရောက်ရှိနေ​ပြီး သူ၏သွေးချီက အလွန်တရာအားနည်းနေသောကြောင့် ဖြစ်လေသည်။ မဟုတ်ပါက သူ၏ ကျတ်တီးမြေနှင့် ထိုသူကို သတ်ဖြတ်နိုင်ခဲ့လိမ့်မည်မဟုတ်ပေ။

ယခုအချိန်တွင် ဂမ္ဘီရခြံဝန်းထဲမှာ အားမာန်ပြည့်ဖြိုးသော သွေးချီများနှင့် ဓမ္မဝိသေသတာအိုအရှင်သုံးယောက်ရှိနေလေသည်။ သူတို့က သူတို့၏ အထွတ်အထိပ်အရွယ်မှာ ရှိနေကြသည်မှာ သိသာလေသည်။

​ဆူဇီမို၏ ကျက်တီးမြေက ဤဓမ္မဝိသေသတာအိုအရှင်သုံးယောင်အပေါ် သိသိသာသာသက်ရောက်စေနိုင်လိမ့်မည်မဟုတ်ပေ။

သို့သော်လည်း သူမှာ ဝှက်ဖဲများစွာ ရှိလေသည်။ သူ၏ အမြုတေစိတ်ဝိညာဥ်နှစ်ခုကို ပေါင်းစပ်ပြီး မင်းဝမ်ဆုတောင်းပုတီးကို အသက်သွင်းလိုက်ပါက သူသည် ဓမ္မဝိသေသတာအိုအရှင်များ၏ ဖိနှိမ်မှုကနေ ယာယီအားဖြင့် လွတ်မြောက်နိုင်လေသည်။

သူက သွေးစတေးထွက်ပြေးခြင်းနည်းစနစ်ကို ထုတ်ဖော်လိုက်သည်နှင့် ဓမ္မဝိသေသတာအိုအရှင်များပင်လျှင် သူ့ကို တားဆီးနိုင်လိမ့်မည် မဟုတ်ပေ။

“ဂျူနီယာ...ဒီနေ့နင့်ရဲ့ ရန်စစော်ကားမှုအတွက် ငါက နင့်ကိုသင်ခန်းစာတစ်ခုပေးရတော့မယ်...”

တာအိုအရှင်လန်ယွဲ့၏ အကြည့်ကအေးစက်လာပြီး သူမ၏ နှာရောင်က တလက်လက်ဖြစ်လာလေသည်။ သူမက ကိုယ်တိုင်တိုက်ခိုက်ဖို့ ပြင်ဆင်လိုက်လေသည်။

ဆူဇီမို၏ မျက်လုံးက ဝင်းလက်သွားပြီး သွေးစတေးထွက်ပြေးခြင်းကို ပေါက်ကွဲထုတ်ဖော်ဖို့ အဆင်သင့်ဖြစ်နေလေသည်။

“နေကြပါဦး....”

ထိုစဥ်မှာပင် ခပ်လှမ်းလှမ်းကောင်းကင်ထက်ကနေ အော်သံတစ်သံက ထွက်ပေါ်လာပြီး ဂမ္ဘီရခြံဝန်းထဲရှိ တင်းကျပ်သောလေထုကို ဟန့်တားနှောက်ယှက်လိုက်လေသည်။

လူတိုင်းက လှည့်ကြည့်လိုက်ကြလေသည်။

ကျင့်ကြံသူသုံးယောက်သည် ဂမ္ဘီရခြံဝန်းဆီသို့ ချဥ်းကပ်လာနေပြီး သူတို့ထဲမှတစ်ယောက်က အတော်အတန်နုပျိုသေးသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် ဖြစ်လေသည်။

အခြားကျင့်ကြံသူနှစ်ယောက်က မုတ်ဆိတ်ဖြူ ဆံပင်ဖြူများနှင့် လူအိုကြီးများဖြစ်ကြလေသည်။ သူတို့က ဘဝ၏နှောင်းပိုင်အရွယ်သို့ ရောက်ရှိနေသည့်ပုံပေါ်သော်လည်း သူတို့က ကျန်းမာသန်စွမ်းပြီး အားမာန်ပြည့်ဖြိုးနေကြသေးလေသည်။

“အဲ့ဒါ ဆရာပဲ...”

နန်းကုန်လင်း ၊ လျှိုဟန်ယန်နှင့် ရူရွှမ်တို့၏မျက်လုံးက ဝင်းလက်သွားပြီး အံ့အားတသင့် ရေရွတ်လိုက်ကြလေသည်။

ကျင့်ကြံသူသုံးယောက်ထဲတွင် သက်လတ်ပိုင်းအရွယ်အမျိုးသားက သူတို့၏ဆရာ တာအိုအရှင်ကြယ်သွေးနီဖြစ်လေသည်။

သူတို့သည် တာအိုအရှင်ကြယ်သွေးနီဘေးရှိ အဘိုးအိုနှစ်ယောက်ကိုတော့ မသိရှိကြပေ။

တာအိုအရှင်ကြယ်သွေးနီအပြင် အကြီးအကဲနှစ်ယောက်ကလည်း ဓမ္မဝိသေသအဆင့်မှာရှိကြလေသည်။

“အသွန်းတစ်ရာဂိုဏ်းက ဓမ္မဝိသေသတွေက အရင်ရောက်လာပြီ... ကြည့်ရတာတော့ သူတို့က ဆူဇီမိုကို ဒီကနေ ခေါ်ထုတ်သွားမလို့ထင်တယ်”

“ဟားဟား.... အဲ့ဒါက ပြောသလောက်မလွယ်ဘူး.. ငါတို့အခုရောက်နေတာက ကြိုးကြာတစ်ထောင်ဂိုဏ်းဆိုတာ မမေ့လိုက်နဲ့... တာအိုအရှင်လန်ယွဲ့က အဲ့ဒါကို သဘောမတူဘူးဆိုရင် ဓမ္မဝိသေသတာအိုအရှင်သုံးယောက်က သူ့ကို ဒီတိုင်းပဲ ခေါ်ထုတ်သွားနိုင်မယ် ထင်လို့လား”

“ကဲ... ဆက်ပြီးကြည့်ရတာပေါ့... ကိစ္စကတော့ တော်တော်လေးစိတ်ဝင်စားဖို့ကောင်းနေပြီ...”

ကျင့်ကြံသူများက စိတ်လှုပ်ရှားတက်ကြွစွာ ဆွေးနွေးလိုက်ကြလေသည်။

တစ်ခဏအတွင်းမှာပင် တာအိုအရှင်ကြယ်သွေးနီနှင့် အဖိုးအိုနှစ်ယောက်က ဂမ္ဘီရခြံဝန်းထဲ့သို့ ဆင်းသက်လိုက်ကြလေသည်။

သူတို့သည် ကျိုးပဲ့ပျက်စီးနေသော ခြံဝန်းနှင့် အခုထိမရှင်းလင်းရသေးသော အလောင်းများကိုကြည့်ပြီး သူတို့၏ မျက်လုံးထဲတွင် တုန်လှုပ်မှုတစ်ချို့ ဝင်ရောက်လာလေသည်။ တာအိုအရှင်ကြယ်သွေးနီသည် ယဲ့ထျန်းချန်၏ အလောင်းကိုမြင်သောအခါ သူ၏သူငယ်အိမ်နှစ်ဖက်က တင်းကျပ်သွားခဲ့လေသည်။

သို့သော်လည်း သူက သူ့ရှေ့ရှိမြင်ကွင်းအတွက် ကြိုတင်ပြင်ဆင်ထားသည့်အလား လျင်မြန်စွာပင် တည်ငြိမ်သွားလေသည်။

နောက်ပိုင်းတွင်ဖြစ်ပျက်ခဲ့သောအရာက ဝဲဂယက်လှိုင်းတစ်ထောင်ကို ဖြစ်ပေါ်စေသော ကျောက်တုံးတစ်တုံးကဲ့သို့ပင်။ အစကငြိမ်သက်နေကြသော လူအုပ်ကြီးသည် ဆူညံပွက်လောရိုက်သွားကြလေသည်။

မရေမတွက်နိုင်သော အကြည့်များ၏အောက်တွင် တာအိုအရှင်ကြယ်သွေးနီက ဆူဇီမိုဘက်သို့ လှည့်၍ ရှေ့သို့ရောက်ရှိသွားလေသည်။ သူက အနည်းငယ်ဦးညွတ်ပြီး ဂျူနီယာတစ်ယောက်ကဲ့သို့ အပြုမူမျိုးဖြင့် နှုတ်ဆက်ပြောဆိုလိုက်လေသည်။

“ဆရာဦးလေး... ကျုပ်နောက်ကျသွားတယ်”

လူအုပ်ကြီးက ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြလေသည်။

လက်ရှိ ကျင့်ကြံသူများအားလုံးသည် တာအိုအရှင်ကြယ်သွေးနီကို အနည်းနှင့်အများဆိုသလို ကြားဖူးကြလေသည်။

သူတို့က အဲ့ဒါကို မကြားဖူးဘူးဆိုလျှင်တောင် တာအိုအရှင်ကြယ်သွေးနီက ဘာပဲပြောပြော ဓမ္မဝိသေသတာအိုအရှင်တစ်ယောက်ဖြစ်လေသည်။

သို့သော် ယခုအခါမှာတော့ သူသည် နိုးထဝိညာဥ်တစ်ယောက်ကို တရိုတသေနှင့် ဦးညွတ်နေလေသည်။ ဘာတွေဖြစ်ကုန်တာပါလိမ့်...။

လက်ရှိကျင့်ကြံသူများက တုန်လှုပ်သွားကြလေသည်။

နန်းကုန်လင်းနှင့်အခြားနှစ်ယောက်ပင်လျှင် မှင်တက်သွားကြလေသည်။

တာအိုအရှင်ကြယ်သွေးနီသည် ဆူဇီမိုကို သူ၏ဆရာဦးလေးအဖြစ် အသိအမှတ်မပြုချင်သည်ကို သူတို့သုံးယောက်စလုံးက သိထားကြလေသည်။

အစကတော့ သူသည် အံကိုကြိတ်ပြီး သူ့ကိုယ်သူ ဖိအားပေး၍ ဆူဇီမိုကို ဆရာဦးလေးအသေးလေးဟု ခေါ်ဆိုခဲ့လေသည်။

ဒါ့အပြင် တာအိုအရှင်ကြယ်သွေးနီအတွက် မျက်နှာမပျက်ရအောင် ဘေးနားတွင် အပြင်လူများရှိနေပါက သူ၏ နာမည်ဖြင့်တိုက်ရိုက်ခေါ်ဆိုနိုင်ကြောင်း ဆူဇီမိုက တာအိုအရှင်ကြယ်သွေးနီကို ပြောထားဖူးလေသည်။

ယခု တာအိုအရှင်ကြယ်သွေးနီက ထိုကဲ့သို့သောတစ်စုံတစ်ရာကို အဖွဲ့အစည်းပေါင်းစုံ၏ မရေမတွက်နိုင်သော ကျင့်ကြံသူများရှေ့မှောက်မှာ ပြုလုပ်လိုက်သည်ဆိုတော့....။

နန်းကုန်လင်းနှင့်အခြားနှစ်ယောက်သည် တာအိုအရှင်ကြယ်သွေးနီ၏ မျက်နှာပေါ်မှာ ဝန်လေးသည့်အရိပ်အယောင် နည်းနည်းလေးမှမမြင်ရပေ။

အတိအကျပြောရလျှင် တာအိုအရှင်ကြယ်သွေးနီသည် တာအိုအရှင်အဆုံးစွန်မီးထံမှ ဆူဇီမို၏ အစစ်အမှန်သရုပ်သကန်ကို သိရှိပြီးနောက် သူက ထိုသူကို သူ၏ ဆရာဦးလေးအဖြစ် လှိုက်လှိုက်လှဲလှဲ ခေါ်ချင်စိတ်ဖြစ်သွားခဲ့လေသည်။

ဆူဇီမိုအပေါ် သူ၏လေးစားမှုသည် သူတို့အကြား ဝါစဥ်အနိမ့်အမြင့်ကြောင့်မဟုတ်ပေ။

အဲ့ဒါသည် သူ့ရှေ့ရှိ လူငယ်လေးက သူ၏လေးစားမှုနှင့် အမှန်တကယ်ပင် ထိုက်တန်သောကြောင့်ဖြစ်လေသည်။

All Chapters