← Chapters

အဆုံးစွန်မီး ထွက်ပေါ်လာပြီ

Vol. 65 Ch. 974

အဆုံးစွန်မီး ထွက်ပေါ်လာပြီ

Vol. 65 Ch. 974

တာအိုအရှင် အင်မော်တယ်ဓားကို ထိုကဲ့သို့သော လေသံဖြင့် ပြောဆိုရဲသောသူက ကျင့်ကြံရေးလောကတွင် များများစားစား မရှိပေ။

သူက ဓမ္မဝိသေသ အဆင့်သတ်မှတ်ချက်၏ နံပါတ်တစ်နှင့် မည်ကာမတ္တ တပည့်တစ်ယောက်လည်း ဖြစ်လေသည်။

တာအိုအရှင် အင်မော်တယ်ဓားသည် အဆင့်တူချင်းမှာ စိတ်ကြိုက်ခြယ်လှယ်နိုင်ပြီး သာမန်ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များကိုပင် ရင်ဆိုင်တိုက်ခိုက်နိုင်လေသည်။

ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များ၏ အထက်မှာ မဟာယာန မျိုးနွယ်စုခေါင်းဆောင်များ ရှိလေသည်။

မဟာယာနအဆင့် ပညာရှင်များသည် ကြီးကြီးမားမား ကိစ္စတစ်စုံတစ်ရာ မဖြစ်ပျက်သရွေ့ ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ ပေါ်ထွက်လာခဲလေသည်။

အဲဒါကြောင့် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များ အပါအဝင် တာအိုအရှင် အင်မော်တယ်ဓားကို သတ်ဖြတ်နိုင်သည်ဟု ပြောဆိုရဲသောသူက များများစားစား မရှိပေ။

ဒါ့အပြင် သူ့မှာ ဓားဂိုဏ်း၏ နောက်ခံလည်း ရှိသေးလေသည်။

သမိုင်းတစ်လျှောက်တွင် အချို့သော အင်မော်တယ်ဂိုဏ်းများက ဖျက်ဆီးခံခဲ့ရပြီး အချို့က မြင့်မားတိုးတက်၍ အချို့က ကျဆင်းလာကြလေသည်။ သို့သော်လည်း ဓားဂိုဏ်းက တောင့်တင်းခိုင်မာစွာဖြင့် ရပ်တည်ခဲ့ပြီး သူတို့၏ ခွန်အားက အမြဲတမ်း ထိပ်ဆုံးဂိုဏ်းသုံးဂိုဏ်းထဲမှာ ဝင်လေသည်။

တစ်နည်းအားဖြင့် ပြောရလျှင် မည်သူက သူ့ကို သတ်ဖြတ်ရဲပါမည်နည်း။

တာအိုအရှင် အင်မော်တယ်ဓား၏ အကြည့်က အေးစက်လာခဲ့လေသည်။

လူတိုင်းက လှည့်ကြည့်လိုက်ကြ၏။

ခန်းမ၏ အပြင်ဘက်တွင် လူနှစ်ယောက်က အထဲသို့ လျှောက်လှမ်းဝင်လာလေသည်။

ရှေ့ကနေ ဦးဆောင်လာသောသူက မီးတောက်များဖြင့် လောင်ကျွမ်းနေသည်ဟု ထင်ရသော မီးတောက်နီရောင် တာအိုဝတ်ရုံရှည်ကို ဝတ်ဆင်ထားလေသည်။ သူ၏ အနက်ရောင်ဆံပင်များကို သူ၏ပခုံးပေါ်မှာ ဖြန့်ကျဲချထားပြီး သူ့မှာ ရှည်လျားသော မုတ်ဆိတ်မျှင် သုံးမျှင်ရှိလေသည်။ သူ၏မျက်နှာက အနီရောင်သမ်းနေပြီး သူ၏မျက်လုံးများက တောက်လောင်နေသော အော်ရာတစ်ခုနှင့်အတူ ကြည်လင်တောက်ပနေလေသည်။

ထိုသူ ဝင်ရောက်လာပြီးနောက် ခန်းမတစ်ခုလုံးရှိ အပူချိန်က လျင်မြန်စွာ မြင့်တက်လာခဲ့လေသည်။

ခန်းမထဲတွင် ရောထွေးနေသော အော်ရာများနှင့် မချုပ်တည်းထားသော စွမ်းအားများနှင့်အတူ ဓမ္မဝိသေသ တာအိုအရှင် ၁၀ယောက်ကျော် ရှိနေလေသည်။

သို့သော်လည်း ဤလူဝင်ရောက်လာပြီးနောက် များစွာသော တာအိုအရှင်များ၏ ရောထွေးနေသော အော်ရာများနှင့် ဖိအားများက ဘာမှမကျန်အောင် လောင်ကျွမ်းပြာကျသွားသည်ဟု ထင်ရလေသည်။

သူ၏အော်ရာက သူ၏ စကားလုံးများထက်ပင် ပို၍ လွှမ်းမိုးခြယ်လှယ်နိုင်လေသည်။

“အဆုံးစွန်မီး.. ခင်ဗျားက တကယ်ပဲ အသက်ရှင်နေသေးတာပဲ”

တာအိုအရှင် တိမ်လွှာမိုးစက်က ထိုသူကိုကြည့်ပြီး တောက်ပသော မျက်လုံးများနှင့်အတူ ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။

ထိုလူက ထူးမခြားနားပုံစံဖြင့် ပြုံး၍ သူ၏ဘေးပတ်လည်ကို လှည့်ပတ်ကြည့်ရှုကာ ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။

“ကျုပ်က အဆုံးစွန်မီးပဲ.. အားလုံးပဲ ခင်ဗျားတို့က အဝေးကြီးကနေ လာခဲ့ရတာဆိုတော့ ပင်ပန်းနေကြမှာပဲ”

တာအိုအရှင် အဆုံးစွန်မီး..

လက်ရှိကျင့်ကြံသူများ အားလုံးသည် ထိုနာမည်ကို ကြားသောအခါ တုန်လှုပ်သွားကြလေသည်။

များစွာသော အကြည့်များသည် တာအိုအရှင် အဆုံးစွန်မီးပေါ်သို့ ကျဆင်းလာပြီး လွန်ခဲ့သည့် နှစ်ငါးထောင်က ဤပညာရှင်ကို လေ့လာအကဲခတ်နေကြလေသည်။

တာအိုအရှင် အင်မော်တယ်ဓားသည် တာအိုအရှင် အဆုံးစွန်မီးကို အမူအရာကင်းမဲ့စွာ ကြည့်ရင်း သူ၏မျက်လုံးထဲတွင် ဓားအလင်းတန်းတစ်ခုက ထွက်ပေါ်လာသော်လည်း မကြာခင် ပျောက်ကွယ်သွားခဲ့လေသည်။

“ဆရာဘိုးဘိုး.. “

တာအိုအရှင် အဆုံးစွန်မီးသည် သူ၏ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ပြီး အဆင်ပြေပြေ ပြန်လည်ရောက်ရှိလာသည်ကို တာအိုအရှင်ကြယ်သွေးနီ မြင်သောအခါ သူက ကျေနပ်နှစ်ခြိုက်သွားပြီး စိတ်လှုပ်ရှား တက်ကြွလာလေသည်။

တာအိုအရှင် အဆုံးစွန်မီးက သူတွေ့မြင်ထားခဲ့ဖူးသော သူ၏ ဆရာဘိုးဘိုးနှင့် လုံးဝ အတိအကျ တူညီနေလေသည်။

နှစ်ငါးထောင်ကြာပြီးနောက်.. တာအိုအရှင် အဆုံးစွန်မီး၏ ကိုယ်ပေါ်တွင် အချိန်ကာလက မည်သည့် အမှတ်အသားမှ မချန်ထားခဲ့နိုင်ပုံပေ။

ဒါ့အပြင် တာအိုအရှင် အဆုံးစွန်မီးသည် လွန်ခဲ့သည့် နှစ်ငါးထောင်ကထက် ပို၍ပင် ကြောက်စရာကောင်းလာပုံ ပေါ်လေသည်။

လူတိုင်းသည် တာအိုအရှင် အဆုံးစွန်မီးနောက်မှ ကျင့်ကြံသူကို လှည့်ကြည့်လိုက်ကြလေသည်။

အဲဒါက နိုးထဝိညာဉ်တစ်ယောက် ဖြစ်လေသည်။ သူက အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ကြော့ရှင်းချောမောသော သွင်ပြင်တစ်ခု ရှိလေသည်။ သူ၏မျက်လုံးများက ကြည်လင်နေပြီး သူ၏လက်တစ်ဖက်ကို နောက်ပစ်ကာ နုနယ်သော စာပေသမားတစ်ယောက်နှင့် တူနေလေသည်။

ဘာကြောင့်ရယ်မသိ.. ထိုစာပေသမားက ထူးဆန်းသော ခံစားချက်တစ်ခုကို ထုတ်ပေးနေလေသည်။

လူတိုင်းသည် သူ့ကို တစ်ချက် နှစ်ချက် ကြည့်ပြီးနောက် တာအိုအရှင် အဆုံးစွန်မီးကို ပြန်လှည့်ကြည့်လိုက်ကြလေသည်။

တာအိုအရှင် အဆုံးစွန်မီးသည် ကြော့ရှင်းနုနယ်သော စာပေသမားကို သူ၏နောက်မှာထား၍ ပင်မထိုင်ခုံဆီသို့ လျှောက်လှမ်းသွားလေသည်။ သူက သာမန်ကာလျှံကာ လေသံဖြင့် ပြောလိုက်လေသည်။

“အားလုံးပဲ.. ခင်ဗျားတို့က အခုပဲ ရောက်လာကြတာဆိုတော့.. ခင်ဗျားတို့အားလုံးကို ကျုပ်က မိတ်ဆက်ပေးပါရစေ.. ဒါက ကျုပ်ရဲ့တပည့် ဆူဇီမိုပဲ”

“ဟမ်..”

လက်ရှိ ဓမ္မဝိသေသ တာအိုအရှင်များက တုန်လှုပ်သွားကြလေသည်။

ဆူဇီမို..

အတိအကျပြောရလျှင်.. ထိုနာမည်က များစွာသော တာအိုအရှင်များကို ပို၍ပင် တုန်လှုပ်သွားစေလေသည်။

လွန်ခဲ့သည့် နှစ်တစ်ရာက အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်၏ နံပါတ်တစ်ပုဂ္ဂိုလ်..

သူသည် အသင်္ချေနယ်မြေမြို့တော်မှာ သီယင်းကို အနိုင်ယူပြီး ပြင်မျိုးနွယ်နှစ်စုကို သတ်ဖြတ်ကာ အဆင့်တူများအကြားမှာ ပြိုင်ဘက်ကင်းခဲ့လေသည်။

နှစ်တစ်ရာကြာ ငြိမ်သက်နေခဲ့ပြီးနောက်.. သူသည် လွှမ်းမိုးခြယ်လှယ်နိုင်သော ပုံစံဖြင့် ပြန်ရောက်လာကာ ယဲ့ထျန်းချန်နှင့် ပကတိအရှင်ဖန်းလန်ကဲ့သို့သော ပြိုင်စံရှားများစွာကို သတ်ဖြတ်ခဲ့လေသည်။ မူလနတ္ထိများပင်လျှင် သူ၏ပြိုင်ဘက် မဟုတ်ခဲ့ပေ။ သူက ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲမှာ နံပါတ်တစ် ပကတိအရှင်ဘွဲ့ကို ခံယူသွားခဲ့လေသည်။

ဤပုဂ္ဂိုလ်က အလွန်တရာ လျင်မြန်စွာ မြင့်မားတိုးတက်လာခဲ့လေသည်။

နောက်ထပ် နှစ်တစ်ရာကြာလျှင် ဤလူက ဘယ်အဆင့်ထိ ရောက်ရှိသွားမလဲ မည်သူကမှ မခန့်မှန်းနိုင်ကြပေ။

တာအိုအရှင် အဆုံးစွန်မီးက အဲဒါကို ကိုယ်တိုင်ပြောဆိုခြင်း မဟုတ်လျှင် သူတို့ရှေ့ရှိ စာပေသမားလူငယ်လေးက ကျင့်ကြံရေးလောကတစ်ခုလုံးကို ကိုင်လှုပ်ခဲ့သော နံပါတ်တစ် ပကတိအရှင် ဖြစ်လိမ့်မည်ဟု မည်သူက တွေးထင်မိပါမည်နည်း။

ဒီစာပေသမားက သားရဲတစ်ကောင်တဲ့လား.. ။

တာအိုအရှင်များစွာ၏ အကြည့်များက ဆူဇီမိုအပေါ်သို့ နောက်တစ်ဖန် ဆင်းသက်လာပြီး သူ့ကို အကဲခတ်ကြည့်လိုက်ကြလေသည်။

လူတိုင်းက မျက်မှောင်အနည်းငယ် ကြုတ်လိုက်လေသည်။

ဆူဇီမိုထံမှ မည်သည့် သားရဲအော်ရာကိုမှ သူတို့က မခံစားမိကြပေ။

အဲဒါထက် ဓမ္မဝိသေသ တာအိုအရှင်များပင်လျှင် ဆူဇီမိုကို ထွင်းဖောက်မြင်နိုင်ခြင်း မရှိကြပေ။

တာအိုအရှင်များ တုန်လှုပ်သွားရသည့် အကြောင်းရင်းမှာ ဆူဇီမို၏ခွန်အားကြောင့် မဟုတ်ပေ။

အဲဒါသည် ဆူဇီမိုက သူတို့၏မျက်လုံးထဲမှာ ကြီးမားသည့် ရတနာသိုက်တစ်ခု ဖြစ်နေသောကြောင့်ပင်။

အမည်ခံအားဖြင့်.. များစွာသော အင်မော်တယ်ဂိုဏ်းများသည် သားရဲများကို နှိမ်နင်းသုတ်သင်ခြင်းဟူသော ခေါင်းစဉ်အောက်တွင် လက်စားချေဖို့အတွက် ရောက်ရှိလာခြင်း ဖြစ်လေသည်။

သို့သော်လည်း တကယ်တမ်းမှာတော့ များစွာသော တာအိုအရှင်များသည် လက်စားချေဖို့ထက် ဆူဇီမို၏ ရတနာများအပေါ် ပို၍ စိတ်ဝင်စားကြလေသည်။

တာအိုအရှင် အင်မော်တယ်ဓားက ကောင်းကင်သတ်ဖြတ်ခြင်း ဓားကျမ်းအတွက် ရောက်ရှိလာခြင်း ဖြစ်လေသည်။

ဗုဒ္ဓဂိုဏ်းများမှ ကိုယ်တော်နှစ်ပါးသည် ဖန်တီးခြင်းကြာပဒုမ္မာနှင့် တာမင်းအစစ်အမှန်သုတ္တန် ကဲ့သို့သော ပျောက်ဆုံးနေသည့် လျှို့ဝှက်ပညာရပ်များကို ရယူချင်ကြလေသည်။

မိုးကြိုးလေပြေနန်းတော်မှ တာအိုအရှင်မီးတိမ်က ဆူဇီမိုထံမှ ခရမ်းရောင်မိုးကြိုးကျမ်းကို လုယူချင်လေသည်။

အဲဒီမှာ ဒဏ္ဍာရီလာ နတ်ဖီးနစ်အရိုးလည်း ရှိလေသည်။

“မင်းက ဆူဇီမိုလား”

အာဏာရှင်ဧကရာဇ်တောင်တန်းမှ တာအိုအရှင်ကျားနီသည် သွားဖြီး၍ ဆိုင်းမဆင့်ဗုံမဆင့် တိုက်ခိုက်လိုက်လေသည်။

“မင်းက အာဏာရှင်ဧကရာဇ်တောင်တန်းက ပြိုင်စံရှားတစ်ယောက်ကို ဖျက်ဆီးရဲမှတော့ ငါကလည်း မင်းကို ဖျက်ဆီးပြမယ်”

လက်ရှိ ဓမ္မဝိသေသ တာအိုအရှင်များကြားတွင် တာအိုအရှင် တိမ်လွှာမိုးစက်တစ်ယောက်သာလျှင် တာအိုအရှင် အဆုံးစွန်မီးနှင့် မျိုးဆက်တူလေသည်။

အခြားသောသူများက တာအိုအရှင် အဆုံးစွန်မီးအပေါ် အထင်အမြင် ကြီးမားစွာမရှိဘဲ ကြောက်ရွံ့မှုကို ခံစားရလိမ့်မည် မဟုတ်ပေ။

ဆူဇီမိုသည် နှစ်တစ်ရာကြာ ပျောက်ဆုံးနေခဲ့ပြီးနောက်.. နောက်ပိုင်း ထွက်ပေါ်လာသော ပြိုင်စံရှားများစွာက သူ့ကို အထင်အမြင်သေးပြီး သူ၏ခွန်အားကို မေးခွန်းထုတ်ခဲ့ကြလေသည်။ နှစ်ငါးထောင်ကျော်ကြာအောင် ပျောက်ဆုံးနေခဲ့သော တာအိုအရှင် အဆုံးစွန်မီး၏ ခွန်အားကို လူတိုင်းနီးပါး မေ့လျော့သွားကြသည်မှာ ပုံမှန်သာဖြစ်လေသည်။

တကယ်တော့ လက်ရှိ ဓမ္မဝိသေသ တာအိုအရှင်များ အားလုံးသည် နှစ်ပေါင်းထောင်ချီ ကျင့်ကြံလာခဲ့သော မွန်းစတားများ ဖြစ်ကြလေသည်။ မည်သူကမှ အရူးများ မဟုတ်ကြပေ။

တာအိုအရှင်ကျားနီသည် မဆင်မခြင်ပြုလုပ်၍ တာအိုအရှင် အဆုံးစွန်မီးကို လျစ်လျူရှုထားသည်ဟု ထင်ရသော်လည်း တကယ်တမ်းမှာတော့ သူသည် ထိုသူ၏ စိတ်နေသဘောထားကို အကဲစမ်းကြည့်ခြင်း ဖြစ်လေသည်။

အကယ်၍ တာအိုအရှင် အဆုံးစွန်မီးက ဆူဇီမိုဘက်ကနေ ရပ်တည်ပြီး ပြတ်သားစွာ တိုက်ခိုက်လာမည်ဆိုလျှင် ထိုထိတွေ့ရိုက်ခတ်မှုကနေ တာအိုအရှင် အဆုံးစွန်မီး၏ ခွန်အားကို သူက အကဲခတ်ကြည့်နိုင်ပေလိမ့်မည်။

“ရွှစ်..”

တာအိုအရှင်ကျားနီ၏ လက်သီးသည် တလိပ်လိပ် ထွက်ပေါ်လာသော ဓမ္မစွမ်းအားများနှင့်အတူ မွန်းကျပ်ဖွယ်ရာကောင်းနေလေသည်။

“ဟမ့်.. “

တာအိုအရှင် အဆုံးစွန်မီးက တစ်ချက်စောင်းငဲ့ကြည့်​ပြီး သူ၏မျက်လုံးများက မီးတောက်များဖြင့် တောက်လောင်လာသည်ဟု ထင်ရလေသည်။

သူ၏ခြေလှမ်းကို ရပ်တန့်ပြီး သူ၏ အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်လေသည်။ အဲဒါက အကန့်အသတ်မဲ့သော ဓမ္မစွမ်းအားများဖြင့် ပြည့်နှက်နေပြီး တာအိုအရှင်ကျားနီ၏ လက်သီးဆီသို့ ရက်ရက်စက်စက် တိုးဝင်သွားလေသည်။

ဝုန်း..

တာအိုအရှင်ကျားနီ၏ လက်သီးသည် ပျော့ပြောင်းသည်ဟု ထင်ရသော ဝတ်ရုံစနှင့် ထိတွေ့ရိုက်ခတ်မိသောအခါ အလွန်ကျယ်လောင်သော ပေါက်ကွဲသံက ထွက်ပေါ်လာခဲ့လေသည်။

တာအိုအရှင်ကျားနီ၏ အမူအရာက ပြောင်းလဲသွားခဲ့လေသည်။

အဲဒါက ရိုးရှင်းသော ထိတွေ့ရိုက်ခတ်မှုတစ်ခုသာ ဖြစ်သော်လည်း တာအိုအရှင် အဆုံးစွန်မီး၏ ခွန်အားက သူ့ထက် များစွာသာလွန်ကြောင်း သူက ပြောနိုင်သွားလေသည်။

“ဟားဟား.. ဘယ်လောက်တောင် သန်မာလိုက်တဲ့ ခွန်အားလဲ.. ခင်ဗျားရဲ့ နာမည်ဂုဏ်သတင်းနဲ့ တကယ်ပဲ လိုက်ဖက်ပါပေတယ်”

တာအိုအရှင်ကျားနီက ခြောက်ကပ်ကပ်ရယ်မော၍ နောက်သို့ပြန်ဆုတ်ချင်လေသည်။

“မင်းက ထွက်သွားချင်သေးတာလား”

တာအိုအရှင် အဆုံးစွန်မီးက လှောင်ရယ်လိုက်လေသည်။ ရုတ်တရက်.. သူ၏ အင်္ကျီလက်စထဲကနေ ကြီးမားသည့် လက်ဝါးတစ်ဖက်က ဆန့်တန်းထွက်ပေါ်လာပြီး တာအိုအရှင်ကျားနီ၏ လက်သီးကို ဖမ်းဆုပ်လိုက်လေသည်။

တာအိုအရှင်ကျားနီက ရင်တစ်ချက်ထိတ်သွားခဲ့လေသည်။

သူက ဆက်လက်၍ မလွတ်မြောက်နိုင်တော့ကြောင်း နားလည်သွားလေသည်။

အာဏာရှင်ဧကရာဇ်တောင်တန်းက ခန္ဓာမီးဆေးခြင်းမှာ အထူးပြုလေသည်။

သို့သော်လည်း သူ၏လက်သီးကို တာအိုအရှင် အဆုံးစွန်မီး၏ လက်ဝါးက ဖမ်းဆုပ်လိုက်သောအခါ တဆစ်ဆစ် နာကျင်မှုလှိုင်းများက သူ၏ အရိုးထဲထိ ထိုးဖောက်ဝင်ရောက်လာသည်ဟု ခံစားလိုက်ရလေသည်။

နောက်ခဏ၌ သူ၏လက်သီးက ကျိုးကြေမွသွားတော့မည့်အလားပင်။

ချက်ချင်းပင် တာအိုအရှင်ကျားနီ၏ နဖူးပေါ်တွင် ချွေးသီးများက ထွက်ပေါ်လာခဲ့လေသည်။

“တာအိုအရှင်.. ကျေးဇူးပြုပြီး ချမ်း.. ချမ်း.. အား.. အား.. “

တာအိုအရှင်ကျားနီက ရှုံးနိမ့်မှုကို ဝန်ခံတော့မည့်ဆဲဆဲမှာပင် သူက နောက်ထပ်မြင်ကွင်းတစ်ခုကို တွေ့မြင်လိုက်ရလေသည်။ သူ၏ သူငယ်အိမ်နှစ်ဖက်က တင်းကျပ်သွားပြီး သူက စူးစူးဝါးဝါး အော်ဟစ်လိုက်လေသည်။

တာအိုအရှင် အဆုံးစွန်မီး၏ လက်ဝါးထဲတွင် သွေးနီရောင်မီးတောက်တစ်ခုက ထွက်ပေါ်လာပြီး သူ၏လက်သီးကို လောင်ကျွမ်းပြာချပစ်လိုက်လေသည်။

မီးတောက်လုံးက အရမ်းကို ကြောက်စရာကောင်းလွန်းပြီး သူ၏ လက်တံတစ်လျှောက် ဖြန့်ကြက်၍ သူ၏ခန္ဓာကိုယ်ပေါ်သို့ ရောက်ရှိလာခဲ့လေသည်။

All Chapters