ဓမ္မဝိသေသတစ်ယောက်ကို လောင်ကျွမ်းစေခြင်း
Vol. 65 Ch. 975
တာအိုအရှင်ကျားနီသည် သူ၏ အော်ရာကို ထုတ်ဖော်၍ သူ၏ ဓမ္မစွမ်းအားများကို လှည့်ပတ်လိုက်သော်လည်း မည်သို့ပင်ဆိုစေ.. သူ၏ လက်ပေါ်ရှိ မီးတောက်များကို ငြှိမ်းသတ်နိုင်ခြင်း မရှိပေ။
ထို့အစား.. သွေးနီရောင်မီးတောက်များက ပို၍ ပို၍ တောက်ပလာပြီး သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံလုနီးပါး ဖြစ်လာ၏။
“အဆုံးစွန်မီး.. ခင်ဗျား..”
တာအိုအရှင်ကျားနီက မျက်ထောင့်နီဖြင့် စိုက်ကြည့်ပြီး ဒေါသူပုန်ထလာ၏။
သူက အကဲစမ်းကြည့်ခြင်းမျှသာ ဖြစ်သော်လည်း တာအိုအရှင်အဆုံးစွန်မီး၏ တုံ့ပြန်မှုက ဤမျှအထိ ပြင်းထန်ပြီး သူ၏ လက်တစ်ဖက်ကို ပျက်စီးသွားစေလိမ့်မည်ဟု ထင်မှတ်မထားပေ။
သူသည် ပေါင်းစည်းခန္ဓာအဆင့်ရောက်အောင် မကျင့်ကြံရသေးသည့်အတွက် ပျက်စီးဆုံးရှုံးသွားသော သူ၏ ခြေလက်များက ပြန်ပေါက်လာလိမ့်မည် မဟုတ်ပေ။
အနီးကပ်တိုက်ခိုက်ရည်နှင့် ခန္ဓာမီးဆေးခြင်းမှာ အထူးပြုသော တာအိုအရှင်ကျားနီအတွက် လက်တစ်ဖက် ပျက်စီးဆုံးရှုံးရခြင်းက အတော်ကို ထိချက်ပြင်းလေသည်။ အနည်းဆုံး သူ၏ တိုက်ခိုက်ရည်ခွန်အားက ၃၀%လောက် လျော့ကျသွားပေလိမ့်မည်။
ပို၍ပင် ကြောက်စရာကောင်းသည့် အချက်မှာ မီးတောက်များက အခုအချိန်ထိ မငြိမ်းသေသေးခြင်းပင်။
ဝုန်း..
တာအိုအရှင်ကျားနီ၏ ခန္ဓာကိုယ်က ယိမ်းထိုးသွား၏။
သူ၏နောက်တွင် ပုံရိပ်ယောင်ခန္ဓာကိုယ်တစ်ခုက ရုန်းကန်ထွက်ပေါ်လာ၏။ ၎င်းက ပေ ၅၀ မြင့်မားပြီး လွှမ်းမိုးခြယ်လှယ်နိုင်၍ စွမ်းအားကြီးသော အော်ရာတစ်ခုကို ဖြာထွက်စေကာ ချက်ချင်းပင် ခန်းမ၏ ခေါင်းမိုးကို ထိုးဖောက်သွား၏။ ၎င်းထံမှ လှုပ်ရှားမှုတစ်ခုစီတိုင်းက လောကကို တုန်ခါသွားစေ၏။
ကောင်းကင်နှင့် မြေကြီး ဓမ္မဝိသေသခန္ဓာကိုယ်...
ကောင်းကင်နှင့် မြေကြီး ဓမ္မဝိသေသခန္ဓာကိုယ်များက ဓမ္မဝိသေသတာအိုအရှင်များ၏ အသန်မာဆုံး နည်းစနစ်တစ်ရပ် ဖြစ်လေသည်။
ထို့ကြောင့်ပင်လျှင် ဤအဆင့်ကို ဓမ္မဝိသေသအဆင့်ဟု ခေါ်ဆိုကြခြင်း ဖြစ်လေသည်။
ပုံမှန်အားဖြင့်တော့.. သေရေးရှင်ရေးနှင့် မကြုံတွေ့ရသေးသရွေ့ မည်သည့်ကျင့်ကြံသူကမှ သူတို့၏ ဓမ္မဝိသေသခန္ဓာကိုယ်များကို ထုတ်ဖော်ကြလိမ့်မည် မဟုတ်ပေ။
နိုးထဝိညာဉ်များဖြစ်စေ.. မူလနတ္ထိများဖြစ်စေ.. သူတို့ထုတ်ဖော်လိုက်သော ဓမ္မပညာရပ်များသည် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများကို ဆွဲယူအသုံးချဖို့အတွက် ကြားခံအဖြစ် လက်ဟန်ချိပ်စည်းများ၊ မန္တန်များ သို့မဟုတ် သူတို့၏ အမြုတေစိတ်ဝိညာဉ်များကို လိုအပ်လေသည်။
သို့သော်လည်း ဓမ္မဝိသေသအဆင့်သို့ ရောက်ရှိသွားသည်နှင့် သူတို့၏ အမြုတေစိတ်ဝိညာဉ်များက နောက်တစ်ဆင့်သို့ ခုန်တက်သွားပြီး သူတို့က ကောင်းနှင့်မြေကြီးသို့ ချိတ်ဆက်လာနိုင်ပေမည်။ သူတို့၏ ခန္ဓာကိုယ်များကို ကောင်းကင်နှင့် မြေကြီးနှင့်အတူ ပေါင်းစည်းခြင်းဖြင့်.. သူတို့သည် ဓမ္မစွမ်းအားများနှင့် ဟန်ချက်ညီလာပြီး မိုးကောင်းကင်နှင့် လုံးဝသဟဇာတ ဖြစ်လာပေလိမ့်မည်။ အဲ့ဒီကနေ သူတို့သည် သူတို့၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသခန္ဓာကိုယ်များကို ဆင့်ခေါ်လာနိုင်ပေမည်။
ဓမ္မဝိသေသအဆင့်သို့ ကျင့်ကြံပြီးလျှင်တောင် ကျင့်ကြံသူအများစု၏ ခန္ဓာကိုယ်များက သားရဲများနှင့် မနှိုင်းယှဉ်နိုင်သေးပေ။
သို့သော်လည်း ကောင်းကင်နှင့် မြေကြီး ဓမ္မဝိသေသခန္ဓာကိုယ်များသည် သားရဲများ၏ ခွန်အားနှင့် ယှဉ်နိုင်ပြီး သူတို့က သားရဲများနှင့် အနီးကပ်တိုက်ခိုက်ခြင်းမှာ တိုက်ခိုက်လာနိုင်ကြပေမည်။
အနှစ်သာရအားဖြင့်.. ကောင်းကင်နှင့် မြေကြီးဓမ္မဝိသေသခန္ဓာကိုယ်များသည်လည်း ဓမ္မပညာရပ်များပင်လျှင် ဖြစ်လေသည်။
သို့သော်လည်း ကောင်းကင်နှင့် မြေကြီး ဓမ္မဝိသေသခန္ဓာကိုယ်များ၏ တည်ရှိမှုသည် ဓမ္မမန္တန်များ သို့မဟုတ် ဓမ္မအတတ်များကို အသုံးပြုစရာ မလိုဘဲ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများကို တိုက်ရိုက်အသုံးပြုနိုင်လေသည်။ သူတို့က ပို၍ တိုက်ရိုက်ဆန်ပြီး ရုန်းကန်ပေါက်ကွဲအား မြင့်မားလေသည်။
တကယ်တော့ ကောင်းကင်နှင့် မြေကြီး ဓမ္မဝိသေသခန္ဓာကိုယ်များကြားမှာပင် ခွန်အားကွာခြားချက်များလည်း ရှိလေသည်။
စွမ်းအားကြီးမားသော ကောင်းကင်နှင့် မြေကြီး ဓမ္မဝိသေသခန္ဓာကိုယ်တစ်ခုထံမှ ထိုးချက်တစ်ချက်သည် ပင်လယ်ပြင်ကိုပင် မှောက်လှန်ပစ်နိုင်လေသည်။ ဖနောင့်ပေါက်ချက်တစ်ချက်က တောင်တန်းများကို ကြေမွသွားစေနိုင်လေသည်။
ကောင်းကင်နှင့် မြေကြီး ဓမ္မဝိသေသခန္ဓာကိုယ်က ပိုကြီးလေလေ.. ၎င်းထိန်းချုပ်နိုင်သော ကောင်းကင်နှင့်မြေကြီးစွမ်းအားများက ပိုများလေဖြစ်ပြီး ပိုမိုသန်မာလေ ဖြစ်၏။
ယေဘုယျအားဖြင့် ပြောရလျှင်.. ပေ ၅၀ မြင့်မားသော ကောင်းကင်နှင့် မြေကြီး ဓမ္မဝိသေသခန္ဓာကိုယ်တစ်ခုက အတော်အတန် ထူးချွန်သည်ဟု ဆိုရပေမည်။
တစ်စုံတစ်ယောက်က ပေ ၆၀ မြင့်မားသော ကောင်းကင်နှင့် မြေကြီး ဓမ္မဝိသေသခန္ဓာကိုယ်ကို ဆင့်ခေါ်နိုင်လျှင် ပြိုင်စံရှားတစ်ယောက်အဖြစ် သေချာပေါက် သတ်မှတ်ရပေမည်။
တစ်စုံတစ်ယောက်က ပေ ၇၀ မြင့်မားသော ကောင်းကင်နှင့် မြေကြီး ဓမ္မဝိသေသခန္ဓာကိုယ်တစ်ခုကို စုဖွဲ့နိုင်လျှင် သူက နှစ်တစ်ထောင်မှာ တစ်ယောက်သာလျှင် ပေါ်ထွက်လာနိုင်သော အနှိုင်းမဲ့ပြိုင်စံရှားတစ်ယောက်ဟု ဆိုရပေမည်။ ထိုကဲ့သို့သော ပြိုင်စံရှားတစ်ယောက် ပေါ်ထွက်လာဖို့အတွက် ထိုသူက အကန့်အသတ်မဲ့သော အခွင့်အလမ်းများနှင့် ကြီးမားသည့် ကံတရားတို့ကို လိုအပ်လေသည်။
တစ်စုံတစ်ယောက်က ပေ ၈၀ မြင့်မားသော ကောင်းကင်နှင့် မြေကြီး ဓမ္မဝိသေသခန္ဓာကိုယ်တစ်ခုကို စုဖွဲ့နိုင်လျှင် ထိုသူကို ပြန်ဝင်စားမွန်းစတားတစ်ယောက်ဟု သတ်မှတ်ရပေတော့မည်။
သူတို့သည် အဆင့်တူချင်းမှာ မည်သူကိုမဆို အလွယ်တကူ ဖိနှိမ်နိုင်စွမ်း ရှိကြလေသည်။
ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်ပေါ်ရှိ နံပါတ်တစ်ပုဂ္ဂိုလ်များ အားလုံးနီးပါးသည် ပေ ၈၀ မြင့်မားသော ကောင်းကင်နှင့် မြေကြီး ဓမ္မဝိသေသခန္ဓာကိုယ်များကို စုဖွဲ့နိုင်ခဲ့ကြလေသည်။
တကယ်တော့ ဓမ္မဝိသေသခန္ဓာကိုယ်များ၏ အမြင့်မားဆုံးအဆင့်က ပေ ၉၀ ဖြစ်လေသည်။
၉ ဆိုသော ဂဏန်းက အဆုံးစွန်ကို ကိုယ်စားပြုလေသည်။
ပေ ၉၀ မြင့်မားသော ဓမ္မဝိသေသခန္ဓာကိုယ်တစ်ခုကို ကျင့်ကြံထားနိုင်သော တည်ရှိမှုက အင်မတန်ကိုမှ ရှားပါးလွန်းပြီး အနှိုင်းမဲ့ပြန်ဝင်စားမွန်းစတားတစ်ယောက်ဟု သတ်မှတ်နိုင်လေသည်။
အဲ့ဒါက ကျင့်ကြံသူတစ်ယောက်၏ မျိုးဆက်သွေး၊ အခွင့်အလမ်းများ၊ ကံတရား၊ ပါရမီ၊ ကိုယ်ကာယ သို့မဟုတ် ဂိုဏ်းတစ်ဂိုဏ်း၏ ပြုစုပျိုးထောင်ပေးနိုင်မှုတို့အပေါ်တွင်သာ မှီခိုနေသည် မဟုတ်ပေ။ အဲ့ဒီမှာ သက်ရောက်စေနိုင်သော အချက်အလက်များစွာရှိပြီး အဲ့ဒါက ကျင့်ကြံရေးလောက၏ ရှင်သန်ရာပတ်ဝန်းကျင်အပေါ်တွင်ပင် မှီခိုနေနိုင်လေသည်။
ရှေးဟောင်းခေတ်တုန်းက ကျွန်ပြုခံရခြင်း ကံကြမ္မာကနေ လွတ်မြောက်ဖို့အတွက် လူသားမျိုးနွယ်က ဒီရေလှိုင်းများကို ဆန်၍ မြင့်မားတိုးတက်လာခဲ့ကြ၏။
အဲ့ဒါက လူသားမျိုးနွယ် ပိုင်ဆိုင်ခဲ့ဖူးသော ဂုဏ်ကျက်သရေထွန်းတောက်ခဲ့သည့် ခေတ်တစ်ခေတ် ဖြစ်လေသည်။
ထိုကဲ့သို့သော ရှင်သန်ရာပတ်ဝန်းကျင်မျိုးတွင် မရေမတွက်နိုင်သော ပြိုင်စံရှားများနှင့် ပြန်ဝင်စားမွန်းစတားများက ပေါ်ထွက်လာခဲ့လေသည်။ အဲ့ဒီခေတ်ကာလတုန်းက ပေ ၉၀ ဓမ္မဝိသေသခန္ဓာကိုယ်များကို ကျင့်ကြံနိုင်သော ပုဂ္ဂိုလ်များ ပေါ်ထွက်ခဲ့ကြလေသည်။
ထိုပုဂ္ဂိုလ်များအားလုံးနီးပါးက အရွယ်မတိုင်ခင် မသေခဲ့ကြလျှင် ဧကရာဇ်များ ဖြစ်လာခဲ့ကြလေသည်။
ထိုကဲ့သို့သော ပတ်ဝန်းကျင်မျိုး မရှိဘဲ၊ သေရေးရှင်ရေး ဖိအားမျိုး မရှိဘဲ၊ စွမ်းအားကြီးမား၍ ကြောက်စရာကောင်းသော ရန်သူများနှင့် ရင်ဆိုင်ခဲ့ရခြင်း မရှိဘဲ.. လူသားမျိုးနွယ်သည် ထိုကဲ့သို့သော ပြန်ဝင်စားမွန်းစတားတစ်ယောက်ကို မွေးထုတ်နိုင်ဖို့က အင်မတန်ကိုမှ ခဲယဉ်းလေသည်။
ယခုအခါ.. အာဏာရှင်ဧကရာဇ်တောင်တန်းမှ တာအိုအရှင်ကျားနီသည် ပေ ၅၀ ကျော် မြင့်မားသော ဓမ္မဝိသေသခန္ဓာကိုယ်တစ်ခုကို စုဖွဲ့ထားနိုင်သည်မှာ မဆိုးဘူးဟု ပြောရပေမည်။
၎င်း၏ စွမ်းအားကလည်း တုန်လှုပ်စရာ ကောင်းလေသည်။ ၎င်း၏ ကြီးမားသည့် ခန္ဓာကိုယ်ကြီးက ခန်းမ၏ သတ္တုခေါင်းမိုးကို ထိုးဖောက်ပြီး မရေမတွက်နိုင်သော အပျက်အစီးအစအနများကို ပြိုကျလာစေကာ ခန်းမတစ်ခုလုံးက ရှုပ်ပေပွသွား၏။
ခန်းမထဲတွင် ကျင့်ကြံမှုအဆင့်နိမ့်သော နန်းကုန်လင်းနှင့် အခြားသူများသည် နောက်သို့ဆုတ်၍ ပုန်းကွယ်နေလိုက်ကြ၏။
တာအိုအရှင်များသာလျှင် ဣန္ဒြေမပျက် နေနိုင်ကြလေသည်။
လူတိုင်းက မျက်မှောင်အနည်းငယ် ကြုတ်လိုက်ကြ၏။
တာအိုအရှင်ကျားနီကို ဤမျှအတိုင်းအတာထိ ဖိအားပေးပြီး သူ၏ ဓမ္မဝိသေသခန္ဓာကိုယ်ကိုတောင် ထုတ်ဖော်ရစေသည်ဆိုတော့.. ထိုသွေးနီရောင်မီးတောက်က ဘယ်လောက်တောင် ကြောက်စရာကောင်းသလဲ သိသာလေသည်။
“ငြိမ်းသေစမ်း..”
သူ၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသခန္ဓာကိုယ်ကို ထုတ်ဖော်ပြီးနောက် တာအိုအရှင်ကျားနီ၏ ကိုယ်ပေါ်ရှိ မီးတောက်များသည် ချက်ချင်းပင် ဖိနှိမ်ခံရပြီး တဖျပ်ဖျပ်ဖြစ်ကာ ငြိမ်းသေတော့မည့် လက္ခဏာ ပြလာ၏။
“ဟမ်း”
တာအိုအရှင်အဆုံးစွန်မီးက အေးစက်စွာ နှာမှုတ်ပြီး သူ၏ လက်ချောင်းကို ညင်သာစွာ တောက်ထုတ်လိုက်၏။ အနီရောင်အလင်းတန်းတစ်ခုက မီးတောက်များဆီသို့ ပစ်လွင့်ပျံသန်းဝင်ရောက်သွားလေသည်။
ရွှစ်...
မီးညွန့်များက အလျှံညီးညီးဖြင့် တောက်လောင်၍ ထိုးတက်သွား၏။
မီးတောက်များ၏ ပြင်းထန်အားကောင်းမှုက တာအိုအရှင်ကျားနီ၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံကာ ထူထဲသော မီးခိုးများနှင့်အတူ သွေးနီရောင်မီးတောက်များက ဒေါသတကြီး လောင်ကျွမ်းလာနေ၏။
“ဟား....” (မခံမရပ်နိုင်မှုဖြင့် အော်ခြင်း)
ပေ ၅၀ ကျော် မြင့်မားသော ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသခန္ဓာကိုယ်ကြီးသည် မီးတောက်များကြားမှာ ရုန်းကန်နေပြီး သူ၏ လက်ကို လွှဲယမ်းနေ၏။ သို့သော်လည်း ၎င်းခန္ဓာကိုယ်ပေါ်ရှိ မီးတောက်များကို မငြှိမ်းသတ်နိုင် ဖြစ်နေ၏။
“အား..”
တာအိုအရှင်ကျားနီသည်လည်း မလွတ်မြောက်နိုင်ဘဲ မီးတောက်များဖြင့် လောင်ကျွမ်းခံနေရ၏။ သူ့အသားများက တူးချစ်၍ ပြာကျလာပြီး သူ့အရိုးများက နီရဲ၍ ကြည်လင်လာ၏။
သူ၏ အမြုတေစိတ်ဝိညာဉ်ကပင်လျှင် အလျှံညီးညီးမီးတောက်များကြားမှာ မလွတ်မြောက်နိုင်ပေ။
ထိုအခိုက်အတန့်မှာပင် သူ၏ အမြုတေစိတ်ဝိညာဉ်က ဘာမှမကျန်အောင် လောင်ကျွမ်းပြာကျသွားလေသည်။
“အဆုံးစွန်မီး.... မင်း... တော်တော်.. ရက်စက်....”
မီးတောက်များအတွင်းမှ တာအိုအရှင်ကျားနီ၏ ခြောက်ကပ်အက်ကွဲသည့်အသံနက်ကြီးက ထွက်ပေါ်လာ၏။
သူ၏ အစီအစဉ်မှာ တာအိုအရှင်အဆုံးစွန်မီးကို အကဲစမ်းကြည့်ဖို့ ဖြစ်လေသည်။ သူက တစ်ဖက်လူ၏ ပြိုင်ဘက်မဖြစ်နိုင်လျှင် အလွန်ဆုံး သူက ဦးညွတ်ပြီး နောက်ပြန်ဆုတ်ရုံသာ...။
သို့သော်လည်း တာအိုအရှင်အဆုံးစွန်မီးက သူ့ကို ထိုအခွင့်အရေးပင် ပေးလိမ့်မည် မဟုတ်ဟု ကြိုတင်မတွေးခဲ့မိပေ။
အဲ့ဒါထက်.. တာအိုအရှင်အဆုံးစွန်မီးသည် ဤမျှအထိ သန်မာပြီး ဤမျှအထိ ကြောက်စရာကောင်းသည့် တိုက်ခိုက်ရည်ခွန်အားကို ပိုင်ဆိုင်ထားလိမ့်မည်ဟု သူက မျှော်မှန်းမထားမိပေ။
သူ၏ ဓမ္မဝိသေသခန္ဓာကိုယ်ကပင်လျှင် တာအိုအရှင်အဆုံးစွန်မီး၏ မီးတောက်များကို ရင်ဆိုင်ခုခံနိုင်ခြင်း မရှိခဲ့ပေ။
များစွာသော တာအိုအရှင်များသည် တောက်ပသော မီးတောက်များကို မှင်သေသေအမူအယာဖြင့် တိတ်တဆိတ် ကြည့်နေကြ၏။
မိုးကြိုးလေပြေနန်းတော်မှ တာအိုအရှင်ပျက်စီးခြင်းကောင်းကင်နှင့် ကောင်းကင်စင်ယော်ဂိုဏ်းမှ တာအိုအရှင်မီးတိမ်တို့သည်လည်း မူလက တာအိုအရှင်အဆုံးစွန်မီးအပေါ် မြင့်မြင့်မားမား တွက်ချက်ထားခြင်း မရှိပေ။
သို့သော်လည်း ဤတိုက်ခိုက်ဖလှယ်မှုအပြီး၌ တာအိုအရှင်အဆုံးစွန်မီးအပေါ် လူတိုင်း၏ ထင်မြင်ချက်က တဖြည်းဖြည်း ပြောင်းလဲလာခဲ့လေသည်။
လွှမ်းမိုးခြယ်လှယ်နိုင်ခြင်း.. စီးပိုးနိုင်ခြင်း.. သတ်ဖြတ်ရာမှာ ပြတ်သားခြင်း...။
မည်သို့ပင်ဆိုစေ.. တာအိုအရှင်ကျားနီက အာဏာရှင်ဧကရာဇ်တောင်တန်းမှ တာအိုအရှင်တစ်ပါးဖြစ်ပြီး အညတရတစ်ယောက် မဟုတ်ပေ။ ယခု တာအိုအရှင်အဆုံးစွန်မီးက သူ့ကို သတ်ဖြတ်လိုက်ခြင်းသည် အချက်တစ်ချက်ကို သက်သေပြပေးလိုက်၏။
တာအိုအရှင်အဆုံးစွန်မီးက ဆူဇီမိုကို အပြည့်အဝ ကာကွယ်ပေးချင်လေသည်။
သူသည် ဓမ္မဝိသေသတာအိုအရှင်တစ်ယောက်ကို သတ်ဖြတ်ဖို့ သို့မဟုတ် အာဏာရှင်ဧကရာဇ်တောင်တန်းကဲ့သို့ အဆင့်မြင့်ဂိုဏ်းတစ်ဂိုဏ်းကို ဆန့်ကျင်ဖို့.. တွေဝေတုံ့ဆိုင်းမနေခဲ့ပေ။
တစ်ချိန်တည်းမှာပင်...
အသွန်းတစ်ရာဂိုဏ်းနှင့် မလှမ်းမကမ်းတွင်.. စွမ်းအားကြီးသော အော်ရာများနှင့် ကျင့်ကြံသူများသည် လေထဲမှာရပ်ပြီး လှမ်းမျှော်ကြည့်နေကြ၏။ သူတို့အားလုံးက ဓမ္မဝိသေသတာအိုအရှင်များ ဖြစ်ကြလေသည်။
ထိုကျင့်ကြံသူများထဲမှ အချို့သည် အဆင့်မြင့်ဂိုဏ်း ၁၀၈ ဂိုဏ်းမှလာပြီး အချို့သည် ခြေသလုံးအိမ်တိုင်ကျင့်ကြံသူများ ဖြစ်ကြ၏။ ဒါ့အပြင် မိုးပျံငှက်မွေးဂိုဏ်းကဲ့သို့သော အင်မော်တယ်ဂိုဏ်းများမှ ကျင့်ကြံသူများပင်လျှင် ပါရှိလေသည်။
ဤဓမ္မဝိသေသတာအိုအရှင်များသည် အသွန်းတစ်ရာဂိုဏ်းဘက်သို့ လှမ်းမျှော်ကြည့်နေကြပြီး မီးတောက်များဖြင့် တဝုန်းဝုန်းတောက်လောင်နေသော ဓမ္မဝိသေသခန္ဓာကိုယ်ကြီးနှင့် ဆိုးဆိုးရွားရွား အော်ဟစ်သံကို တွေ့မြင်ရ၊ ကြားရသောအခါ.. သူတို့၏ မျက်လုံးများက တုန်လှုပ်မှုများဖြင့် ပြည့်နှက်လာကြ၏။
“အဆုံးစွန်မီးက တကယ်ကို ပြန်ရောက်လာတဲ့ပုံပဲ”
“ကြည့်ရတာတော့.. သူက အရင်တုန်းကထက် ပိုပြီးတော့ အားမနည်းနိုင်ဘူး”
“အားလုံးပဲ သွားကြရအောင်.. အဆုံးစွန်မီးက ပြန်ရောက်လာပြီဆိုမှတော့.. မိတ်ဆွေဟောင်းတွေဖြစ်တဲ့ ငါတို့အားလုံးက ဘယ်လိုပဲဖြစ်ဖြစ် သူ့ကို ဂုဏ်ပြုပေးရမှာပေါ့”
ဤဓမ္မဝိသေသတာအိုအရှင်များသည် အသွန်းတစ်ရာဂိုဏ်းသို့ ချက်ချင်းဝင်ရောက်မလာခဲ့ခြင်းမှာ သူတို့သည် တစ်စုံတစ်ရာကို စောင့်ကြည့်ချင်ကြသောကြောင့် ဖြစ်လေသည်။
တာအိုအရှင်အဆုံးစွန်မီး မသေဘဲ ပြန်ရောက်လာသော ကောလာဟလက အမှန်ဖြစ်ပြီး သူက လွှမ်းမိုးခြယ်လှယ်မှုရှိသောပုံစံဖြင့် ပြန်လည်ပေါ်ထွက်လာမည်ဆိုလျှင် သူတို့က ဂုဏ်ပြုပေးဖို့အတွက် သွားရောက်လည်ပတ်ရပေမည်။
လွန်ခဲ့သည့်နှစ် ၅၀၀၀က.. တာအိုအရှင်အဆုံးစွန်မီးသည် အလွန်တရာ ကျော်ကြားခဲ့၏။ ဘိုးဘေးနတ်ပန်းပဲဆရာတစ်ယောက်ဟူသော သူ၏ ဂုဏ်အဆင့်အတန်းနှင့် ထပ်ပေါင်းလိုက်ပါက သူ၏ အရှိန်အဝါနှင့် လွှမ်းမိုးနိုင်စွမ်းက ပေါင်းစည်းခန္ဓာစွမ်းအားကြီးပုဂ္ဂိုလ်များစွာထက် မလျော့ကျပေ။
အကယ်၍ တာအိုအရှင်အဆုံးစွန်မီးက ပြန်မရောက်လာခဲ့လျှင် သို့မဟုတ် သူ့မှာ အရင်တုန်းကလို အစွမ်းအစများ မရှိတော့လျှင်.. သူတို့သည် ကစဉ့်ကလျားအမြုတေဂိုဏ်းနှင့် အခြားသောအင်မော်တယ်ဂိုဏ်းများ၏ အမျက်ဒေါသ မသင့်စေဖို့အတွက် ထွက်ပေါ်လာကြလိမ့်မည် မဟုတ်ပေ။
မိုးကုပ်စက်ဝိုင်းတစ်နေရာကနေ အနက်ရောင်ဝတ်ရုံဝတ် ကျင့်ကြံသူတစ်ယောက်သည် အေးစက်စက်အမူအယာတစ်ခုနှင့်အတူ ပျံသန်းလာနေ၏။ သူက ပုခုံးထက်တွင် သွေးနီရောင်ဆေဘာတစ်လက်ကို သယ်ဆောင်ထားပြီး သူ့ထံမှ အားကောင်းသော သတ်ဖြတ်လိုစိတ်ဆန္ဒက ဖြာထွက်နေ၏။
ထိုလူက အသွန်းတစ်ရာဂိုဏ်းဘက်သို့ လှမ်းကြည့်ပြီး တီးတိုးရေရွတ်လိုက်၏။
“တော်သေးတယ်.. ငါလာတာ နောက်မကျသေးဘူး”