← Chapters

အခန်း (၃၉၂)

Vol. 33 Ch. 392

အခန်း (၃၉၂)

Vol. 33 Ch. 392

ဝူစန်းထောင်က လီဟမ်ရှန်း၏အနားတွင်ရှိနေသော ဂျူနီယာညီလေးဖြစ်သဖြင့် ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းက တာဝန်ရှိသူများသည် ဤအခြေအနေကို လီချန်ချင်းထံသို့ တိုက်ရိုက်ပင် သတင်းပို့ခဲ့ခြင်းဖြစ်ပါသည်။

“အို.. ဝူစန်းထောင်လား”

ကုန်လွန်ခဲ့သောနှစ်များတွင် လီချန်ချင်းသည် သားဖြစ်သူ လီဟမ်ရှန်း၏အခြေအနေကို အမြဲတစေ စုံစမ်းနေခဲ့ပါ၏။ ထို့ကြောင့် သူသည် ဝူစန်းထောင်ကိုလည်း သိပါသည်။ ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းတွင် ဝူစန်းထောင်သည် မူဟိုင်ဖုန်းတောင်၏တပည့်တစ်ဦးဖြစ်၏။

လီဟမ်ရှန်းက ကျန်းကောစံအိမ်သို့သွားရန် တာဝန်ပေးခြင်းခံရသောအခါတွင်လည်း ဝူစန်းထောင်က လီဟမ်ရှန်း၏နောက်သို့ ပထမဦးဆုံး တစ်ယောက်အဖြစ် လိုက်ခဲ့ခြင်းလည်းဖြစ်သည်။ ဝူစန်းထောင်က စိတ်နှလုံးကောင်းပြီး ရိုးသားသူဖြစ်သည်။ သစ္စာတရားကြီးမားသောသူဖြစ်ပြီး သားဖြစ်သူကို ကူညီတတ်မှန်းလီချန်ချင်းက သတိပြုမိ၏။ ထို့အပြင် လီဟမ်ရှန်းသေဆုံးသွားသောအခါတွင်လည်း လီဟမ်ရှန်း၏အလောင်းကို ဝူစန်းထောင်သည် အဖော်ပြုပြီး စောင့်ရှောက်ပေးနေပါသည်။

“သစ္စာတရားကြီးမားတယ် .. ယုံကြည်ရတဲ့ လူကောင်းတစ်ယောက်ပဲ”

“ဒီညီအစ်ကိုက ယုံကြည်ရတယ်။ ဒါပေမဲ့ သူ့ရဲ့ပါရမီက သာမန်ပဲဖြစ်နေတာကို ငါသတိထားမိတယ်”

“ပြန်လည်မွေးဖွားခြင်းအဆင့် အထွဋ်အထိပ်ကိုရောက်ဖို့က သူ့ရဲ့အကန့်အသတ်ပဲနဲ့တူတယ်”

“မူလအဆင့်ကို ချိုးဖြတ်ဖို့အတွက်ဆို သူ့အတွက်မဖြစ်နိုင်သလောက်ကို ခက်ခဲလိမ့်မယ်”

အချိန်ခဏကြာအောင် တွေးတောပြီးနောက်တွင် သူက ဝူစန်းထောင်ကို ကူညီသင့်သည်ဟု တွေးလိုက်မိပါ၏။ ဝူစန်းထောင်သာ အဆင့်ချိုးဖြတ်နိုင်ခဲ့ပါက သားဖြစ်သူ လီဟမ်ရှန်းက ပို၍လုံခြုံသွားမည့်အပြင် သူ၏အင်အားကလည်း တိုးတက်သွားမည်ဖြစ်သည်။

ယခုအခြေအနေအရ လီဟမ်ရှန်း သူ၏သားအရင်းမဟုတ်သော်လည်း လီဟမ်ရှန်းကို မွေးကင်းစအရွယ်ကတည်းက လီချန်ချင်းက ပျိုးထောင်ခဲ့ရသောကြောင့် သူတို့နှစ်ဦး၏သားအဖဆက်ဆံရေးမှာ လွန်စွာမှကို ကောင်းမွန်လာခဲ့ပါသည်။

ယခုအချိန်တွင် သူသည် သားအရင်းမဟုတ်သော အကြောင်းပြချက်နှင့် လီဟမ်ရှန်းကို စွန့်ပစ်လိုက်ပါက လီချန်ချင်းက ထိုစိတ်ခံစားချက်ကို ခံစားနိုင်မဟုတ်ချေ။ ယခုအချိန်၌ လီချန်ချင်းသည် အန္တရာယ်များသော အတွေးများကိုပင် တွေးမိနေခဲ့ပါ၏။

‘ယွဲ့ဟန်ကျွင်းသာ သေသွားမယ်ဆိုရင် လီဟမ်ရှန်းကသူ့သားအရင်းမဟုတ်တာကို ဒီလောကမှာ ဘယ်သူမှ သိတော့မှာမဟုတ်ဘူး’

ထို့အပြင် ယွဲ့ဟန်ကျွင်းက လီဟမ်ရှန်းကို ချစ်မြတ်နိုးသည့်အရိပ်အယောင်ကို တစ်ခါမျှ လီချန်ချင်းက မမြင်ခဲ့ဖူးပါ။

ဒီကလေးရဲ့အဖေအရင်းက အဆုံးသတ်မှာ ဘယ်သူဖြစ်မလဲဆိုတာ ခန့်မှန်းရခက်နေပါသေးတယ်

ထို့ကြောင့် လီချန်ချင်းသည် ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းသို့ စာတစ်စောင်ကို တိုက်ရိုက်ပင် ပို့ခဲ့ပါ၏။

ထိုအခိုက်မှာပင် တော်ဝင်နန်းတော်၌ ယင်ဖန်းချီ၏စာကြည့်တိုက်ခန်းအရှေ့တွင် ကျန်းဖုကွမ်းက တစ္ဆေတစ်ကောင်လို့ ရုတ်တရက်ပေါ်လာခဲ့ပါသည်။ ကျန်းဖုကွမ်းက တိတ်ဆိတ်စွာဖြင့် သူ့အရှေ့တွင်ရပ်နေသည်ကို မြင်သောအခါ ယင်ဖန်းချီ၏နှလုံးသားတစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်သွားပါ၏။

လီချန်ချင်းနားမှာရှိတဲ့သူတွေက အဲ့လောက်ကြောက်ဖို့ကောင်းတဲ့ မကောင်းဆိုးဝါးတွေပဲလား

ယင်ဖန်းချီသည် အဆင့်မြင့်ဆရာသခင်အဆင့်သို့ ရောက်နေသော ကျင့်ကြံသူတစ်ဦးဖြစ်၏။

လီချန်ချင်း၏အနားတွင် ရေနွေးကြမ်းကပ်ပြီး ခြံဝန်းထဲ၌ တံမြတ်စည်းလှည်း ပေါင်းသင် ဥယျာဉ်မှူးလုပ်နေသော အစေခံတစ်ဦးက ဒီလောက်တောင် ကြောက်ဖို့ကောင်းတာလား

သူ့လိုမျိုးအဆင့်ရှိတဲ့သူကတောင် သတိမပြုမိဘဲ ဒီလူက သူ့ရှေ့တည့်တည့်မှာ ဘယ်လိုလုပ်ပြီးတော့ ပေါ်လာနိုင်တာလဲ

အပြင်ဘက် အစောင့်တွေလည်း လုံးဝ သတိမပြုမိလိုက်ဘူး

ဒီလူသာ သူ့ကို သတ်ချင်ရင် သူသတိမပြုမိခင်မှာပင် သေသွားမည်ဖြစ်ပါသည်။

“သခင်ကြီးက ခင်ဗျားကို ဖိတ်လိုက်တယ်”

ကျန်းဖုကွမ်းက တည်ငြိမ်စွာ ပြောလိုက်ပါ၏။

“အနီရောင်သွေးဓားသွားကိုပါ တစ်ပါတည်းယူခဲ့ဖို့ သခင်ကြီးက ကျုပ်ကို အမိန့်ပေးလိုက်တယ်”

“ဟေ….”

ယင်ဖန်းချီ၏မျက်လုံးများက အရောင်တောက်ပသွားပါသည်။

ဒါဆိုရင် လီချန်ချင်းက သူရှာခိုင်းတဲ့ သတင်းအချက်အလက်ကို ရှာလို့တွေ့သွားတာပဲဖြစ်ရမယ်

ယင်ဖန်းချီက ခပ်မြန်မြန်ပင် ရတနာသိုက်ထဲမှ အနီရောင်သွေးဓားသွားကို အစေခံများအား သွားယူခိုင်းလိုက်ပါ၏။ ထို့နောက်တွင်တော့ သူသည် လီချန်ချင်းကို ကမန်းကတမ်း အပြေးသွားရှာပါတော့၏။

ယခင်တုန်းက နဂါးနလုံးသွေးကြောနှင့်ပတ်သက်တဲ့ သတင်းအချက်အလက်ကို လီချန်ချင်းက ရှာတွေ့နိုင်မည်မဟုတ်ဟု ယင်ဖန်းချီက တွေးထားခဲ့ပါသည်။ သို့သော် ထိုသတင်းအချက်အလက်က ယခုပင် ရရှိပြီဟု ကြားသောအခါ သူက လွန်စွာမှကို စိတ်လှုပ်ရှားနေခဲ့ချေပြီ။ သူက လီချန်ချင်းရဲ့ သတင်းအချက်အလက် ကွန်ယက်က အဲ့လောက်စွမ်းအားကြီးနေတာကိုပင် အံ့ဩသွားခဲ့ပါသည်။ နဂါးနှလုံးသွေးကြောနှင့်ပတ်သတ်သော အချက်အလက်များက လွန်စွာမှကို တိကျလှပြီး နေရာဒေသကိုပင်လျှင် သေချာစွာ ရေးသားထားပါ၏။

သတင်းအချက်အလက်ကို ဖတ်ရှု့ပြီးသည်နှင့် တုံ့ဆိုင်းမနေဘဲ ယင်ဖန်းချီက အနီရောင်သွေးဓားသွားကို လီချန်ချင်းထံသို့ တန်းပေးလိုက်ပါ၏။

“အရှင်မင်းကြီး ကျုပ်ရဲ့သတင်းအချက်အလက်ဌာနကို အရှင်မင်းကြီး ကူညီပြီးတော ကြေငြာပေးရမယ်နော်”

လီချန်ချင်းက အပြုံးနှင့် ပြောလိုက်ပါ၏။

“သတင်းအချက်အလက်တွေကို လိုချင်တဲ့ ဘယ်သူမဆို ကျုပ်ရဲ့ခန်းမကိုလာပြီးတော့ ဝယ်ယူလို့ရတယ်”

“အဲ့ဒါကိုပါ တစ်ခါတည်းကြေငြာပေးဦး”

“စိတ်မပူနဲ့ စိတ်မပူနဲ့ ကျုပ်သေချာကို ဒီသတင်းကို ဖြန့်ပေးမယ်”

ယင်ဖန်းချီက ပျော်ရွှင်စွာဖြင့် ကတိပေးလိုက်ပါသည်။ မြောက်ပိုင်းအေးခဲနိုင်ငံတော် ချန်ချင်းကုန်သွယ်ရေးလုပ်ငန်း

ယခုအချိန်တွင်တော့ ဝူစန်းထောင်နေထိုင်ရာ အဆောင်အရှေ့တွင် ရထားလုံးတစ်စင်းက ရပ်တန့်ထားပါသည်။ ရထားလုံးကိုမြင်သော ဝူစန်းထောင်ကလည်း အနည်းငယ်နားမလည်နိုင်အောင် ဖြစ်နေခဲ့ပါ၏။ သူက လီချန်ချင်းထံမှ ဖိတ်ခေါ်စာတစ်ခုကို ရရှိခဲ့ပြီး မြောက်ပိုင်းအေးခဲနိုင်ငံတော်၏ချန်ချင်းစံအိမ်တော်သို့ သွားရောက်ရမည်ဟု စာထဲ၌ပါထားပါသည်။ လီချန်ချင်းသည် လီဟမ်ရှန်း၏ဖခင်ဖြစ်၏။

ထို့ကြောင့် ထိုဖိတ်ခေါ်မှုက ဝူစန်းထောင်အနေနှင့် လက်ကိုလက်ခံရမည့် ဖိတ်ခေါ်မှုပင် ဖြစ်ပါသည်။ ထို့အပြင် သူတို့နှစ်ဦးက တစ်ကြိမ်တွေ့ဆုံဖူးထားသည် မဟုတ်ပါလား။ ထို့ကြောင့် သူက အများကြီးတွေးမနေတော့ဘဲနှင့် ရထားလုံးထဲသို့ ဝင်ရောက်သွားခဲ့ပါသည်။ ဝူစန်းထောင်က ချန်ချင်းစံအိမ်တော်သို့ ရောက်သောအခါတွင် ချန်ချင်းစံအိမ်‌တော်၏ ကြီးကျယ်ခမ်းနားလှသော အနေအထားကို မြင်ပြီးတော့ ထိတ်လန့်သွားခဲ့ပါ၏။

မြောက်ပိုင်းအေးခဲနိုင်ငံတော်၌ လီချန်ချင်းက ယခုလိုမျိုး အဆက်ဆံခံနေရမည်ဟု သူမမျှော်လင့်ထားမိပါ။

“စီနီယာချန်ချင်းကို အရိုအသေပေးပါတယ်”

ဝူစန်းထောင်က လီချန်ချင်းကို တရိုတသေနှင့် အရိုအသေပေးလိုက်ပါသည်။

“အရမ်းကြီး ယဉ်ကျေးနေစရာမလိုပါဘူး”

လီချန်ချင်းက အပြုံးနှင့် ပြောလိုက်၏။

“မင်းက ဟမ်ရှန်းရဲ့ ဂျူနီယာညီလေးပဲလေ။ အဲ့တော့ ဦးလေးလို့ ခေါ်ရင် ရတယ်..ငါလည်းမင်းကို တူလေးလို့ ခေါ်မယ်။ အဆင်ပြေလား..”

ထိုအခိုက်မှာပင် ကျန်းဖုကွမ်းက လီချန်ချင်းနှင့် ဝူစန်းထောင်တို့အတွက် အကြမ်းရည်နှစ်ပန်းကန် လောင်းထည့်ပေးလိုက်ပါသည်။

“ဒါဆိုရင် ကျွန်တော်က ဦးလေးလို့ ဂုဏ်ယူစွာနဲ့ပဲ ခေါ်ပါရစေ”

ဝူစန်းထောင်သည် အနည်းငယ်နေလို့ကောင်းသွားခဲ့သည်။ လီချန်ချင်းသည် ကိန်းကြီးခန်းကြီးနိုင်မနေဘဲနှင့် စကားပြောဆိုရန် လွယ်ကူသည်ဟု ခံစားလိုက်ရပါသည်။ သူက လီချန်ချင်း၏တခြားသော သရုပ်ကွဲများကို မသိသည့်တိုင် လီချန်ချင်းသည် ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းလိုမျိုး ကြောက်မက်ဖွယ်ကောင်းသော အင်အားကြီးတစ်စု၏နောက်ကွယ်မှ လူဖြစ်သည်ဟု သိရရုံနှင့်ပင် ဝူစန်းထောင်က လီချန်ချင်းအား အင်မတန်မှကို လေးစားရိုကျိုးနေပြီဖြစ်ပါသည်။

လီချန်ချင်းက ပြောစရာကိစ္စကို တည့်တည့်မတ်မတ် မပြောသေးဘဲနှင့်် ဝူစန်းထောင်နှင့်် အလ္လာပသလ္လာပစကားများကို အရင်ပြောနေခဲ့ပါသည်။ လီချန်ချင်းနှင့် တွေ့သည့်အခါတွင် ဝူစန်းထောင်က သူ့ကို မေးမြန်းသော မေးခွန်းများကို ရိုးရိုးသားသားနှင့်အမှန်အတိုင်းသာ ဖြေခဲ့ပါ၏။

“တူလေး မင်းရဲ့ပါရမီက အရမ်းကို သာမန်ဆန်လွန်းနေတာကို ငါတွေ့ခဲ့တယ်”

“စိတ်မကောင်းစွာနဲ့ပဲ မင်းရဲ့ကျင့်ကြံခြင်းလမ်းကြောင်းက ပြန်လည်မွေးဖွားခြင်းအထွဋ်အထိပ်အဆင့်မှာပဲ အဆုံးသတ်သွားပြီလို့ ငါပြောရလိမ့်မယ်”

လီချန်ချင်းက ဖြည်းညင်းစွာဖြင့် ပြောလိုက်သည်။ ထိုစကားကိုကြားသော ဝူစန်းထောင်က အနည်းငယ် အံ့အားသင့်သွားပြီးနောက်တွင် ခါးသက်စွာဖြင့် ပြုံးလိုက်ပါ၏။

“ဦးလေးမြင်တာ မှန်ပါတယ်”

“လူတော်တော်များများရဲ့ ကံကြမ္မာက ဒီလိုပါပဲဗျာ”

“ပြန်လည်မွေးဖွားခြင်းအဆင့်ကို ကျင့်ကြံနိုင်တာပဲ ကျွန်တော့်အတွက်က ကံကောင်းလွန်းလှပါပြီ”

“ငယ်ငယ်လေးတည်းက ကျွန်တော်က အရမ်းကိုမထက်မြက်ဘူးဆိုတာကို လက်ခံထားပြီးသားပါ”

“အခုလောလောဆယ်တော့ ကျွန်တော်ဆက်ပြီးကျင့်ကြံချင်တာကတော့ အနာဂတ်မှာ အစ်ကိုလီကို ကျွန်တော်အဖော်ပြုချင်လို့ပါ”

“အဲ့တာကြောင့်မို့ မင်းက ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းကို လာပြီးတော့ ကျင့်ကြံခြင်းအဆင့်ကို ချိုးဖြတ်နိုင်မယ့် နည်းလမ်းတွေကို ရှာနေတာလား”

လီချန်ချင်းက ပြောပြလိုက်ပါသည်။

“ဦးလေးက ကျွန်တော့်ရဲ့ရည်ရွယ်ချက်တွေကို တန်းမြင်နိုင်တာပဲ”

ဝူစန်းထောင်က အနည်းငယ်တော့ ရှက်ရွံ့နေဟန်ရှိ၏။

“ပါရမီကိုမြှင့်တင်ပေးနိုင်တဲ့ ရတနာတွေက အရမ်းကို ရှားပါးပြီးတော့ သက်ရောက်မှုကလည်း သိပ်ပြီးတော့ မကောင်းဘူးကွ”

လီချန်ချင်းက ပေါ့ပါးစွာဖြင့် ပြောလိုက်ပါသည်။

“ဒါပေမဲ့ မင်းရဲ့ပါရမီရယ် ခွန်အားရယ် အဲ့ဒါကို တစ်ခါတည်း မြှင့်တင်ပေးနိုင်ပြီးတော့ ကျင့်ကြံခြင်းအဆင့်တွေကိုလည်း မင်းစိတ်ပူစရာမလိုဘဲ ရနိုင်မယ်။ အဲ့အပြင်ကိုမှ မင်းက အစားအသောက်တွေ အဝတ်အထည်တွေကိုလည်း မင်းကြိုက်သလောက်ရမယ်။ အဆင့်အတန်းမြင့်ပြီး ချမ်းသာတဲ့ဘဝမှာ မင်းနေထိုင်ရမယ်။ အဲ့လိုဘဝမျိုးကို ငါမင်းကို ပေးနိုင်မယ်။ မင်းစိတ်ဝင်စားလား”

“အဲ့လောက်တောင်ကောင်းတဲ့ ဘဝရှိတာလား”

ဝူစန်းထောင်၏မျက်လုံးများက ပြူးကျယ်သွားခဲ့ပါသည်။ ကြားလိုက်ရသော စကားကို သူက မယုံနိုင်အောင်ဖြစ်နေခဲ့၏။

“ရှိတာပေါ့ .. ဒါပေမဲ့ မင်းက တခြားသရုပ်နဲ့ နေရလိမ့်မယ်။ ဝူစန်းထောင်ဆိုတဲ့ သရုပ်မှန်ကြီးက ပျောက်ကွယ်သွားလိမ့်မယ်။”

လီချန်ချင်းသည် လွန်စွာ လေးနက်စွာ ပြောလိုက်ပါ၏။

“တခြားလူတစ်ယောက်အဖြစ်နဲ့ နေရမယ်ဆိုတာ ဘာကိုပြောချင်တာလဲဗျ”

လီချန်ချင်းဆိုလိုရင်းကို ဝူစန်းထောင်က နားမလည်သည့်တိုင် သူကအရူးတစ်ယောက်မဟုတ်သောကြောင့် အခြေအနေအကြောင်းတရားတွေရဲ့ အကြမ်းဖျင်းကိုတော့ ဖမ်းဆုပ်နိုင်ခဲ့ပါသည်။ အဓိပ္ပာယ်က သူသည် အခြားတစ်ယောက်အဖြစ် နေထိုင်ရမည်ဖြစ်သည်။ သူ၏မူလသရုပ်မှန်ဖြစ်သော ဝူစန်းထောင်မှာ ဤလောကကြီးမှ ပျောက်ကွယ်သွားတော့မည် ဖြစ်ပါသည်။

ဒါပေမဲ့ သူကတော့ သူပင်ဖြစ်နေပါသေး၏။ ပိုမိုကောင်းမွန်သော အနာဂတ်၊ ပိုမိုကောင်းမွန်သော အရင်းအမြစ်များကိုတော့ တခြားသူတစ်ယောက်အနေဖြင့် သူကရနေမည်ဖြစ်ပါသည်။

“ဦးလေး ဘယ်သူ့အဖြစ်နဲ့ ကျွန်တော့်ကို နေခိုင်းစေချင်တာလဲ”

ဝူစန်းထောင်က သိချင်စွာဖြင့် မေးလိုက်ပါသည်။

“တောင်ဘက်လွင်ပြင်ဒေသက ဆုမိသားစုရဲ့သခင်လေး ဆုရှန်းချီအဖြစ်နဲ့”

လီချန်ချင်းသည် ဝူစန်းထောင်၏မျက်လုံးများကို ထွင်းဖောက်လုမတတ် စိုက်ကြည့်ရင်း ဖြည်းညင်းစွာပြောလိုက်ပါသည်။ ဝူစန်းထောင်က အလန့်တကြားနှင့် ပင့်သတ်ရှိုက်လိုက်ပါတော့သည်။

“တောင်ဘက်လွင်ပြင်ဒေသက ဆုမိသားစုရဲ့ သခင်လေး ဆုရှန်းချီတဲ့လား”

“အဲ့လူက ဆုမိသားစုရဲ့ မျိုးဆက်သစ်ထူးချွန်တဲ့သခင်လေးတွေထဲက တစ်ယောက်မဟုတ်ဘူးလား”

ဝူစန်းထောင်သာ ဆုမိသားစုရဲ့ သခင်လေးဖြစ်လာပြီဆိုရင် အနာဂတ်နဲ့ပတ်သက်ပြီး ဘာတွေစိတ်ပူစရာလိုတော့မှာလဲ

အရင်းအမြစ်တွေနဲ့ပတ်သက်ပြီးတော့ရော စိတ်ပူနေဖို့ လိုအပ်ဦးမှာလား

“မင်းသာဆန္ဒရှိတယ်ဆိုရင် မင်းအသက်အရွယ်ကြီးပြင်းလာတဲ့အခါကျရင် ဆုမိသားစုရဲ့ ထိန်းချုပ်မှုအောက်ကနေ မင်းထွက်လာလို့ရတယ်”

“ဆုမိသားစုမှာ ရှိနေတဲ့အချိန်အတွင်းမှာလည်း ဟမ်ရှန်းကို မင်းကူညီပေးလို့ရတယ်”

“ပြီးတော့ မင်းအတွက်လည်း ပိုပြီးကောင်းတဲ့အခွင့်အရေးတွေ ရရှိလာလိမ့်မယ်”

“အဲ့ဒါအပြင်ကိုမှ ငါတို့ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းကလည်း အရိပ်ထဲကနေ မင်းကို တိတ်တဆိတ် ပံ့ပိုးနေဦးမှာ”

လီချန်ချင်းက ဝူစန်းထောင်အား စတင်၍ အကျိုးအမြတ်များကို ပြောပြနေခဲ့ပါသည်။ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းသည် တောင်ဘက်လွင်ပြင်ဒေသတွင် ဖြစ်ပျက်နေသော အရာများကို ဝင်ရောက်၍ စီမံခန့်ခွဲ့နိုင်စွမ်း မရှိသေးပါချေ။ သို့သော် ဝူစန်းထောင်သာ ဆုရှန်းချီနေရာ၌ အစားထိုးနိုင်မည်ဆိုပါက တောင်ဘက်လွင်ပြင်ဒေသတွင် ရှိသော အခြေအနေအချို့တဝက်ကို ဝူစန်းထောင်မှ တစ်ဆင့် သူထိန်းချုပ်နိုင်မည်ဖြစ်၏။

ထို့အပြင် လီချန်ချင်းက ဝူစန်းထောင်အား ဆုမိသားစု၏ အစစ်အမှန်သခင်လေးတစ်ဦးဖြစ်လာအောင် အစွမ်းကုန်ပံ့ပိုးပေးမည်ဖြစ်ပါသည်။ အနာဂတ်တွင် ဝူစန်းထောင်က ဆုမိသားစု ခေါင်းဆောင်ဖြစ်လာပါက ဆုမိသားစုထံမှ အင်အားကိုလည်း လီချန်ချင်းက တောင်းခံ၍ ရရှိတော့မည်ဖြစ်သည်။

All Chapters