အခန်း (၃၉၄)
Vol. 33 Ch. 394
သူ၏ခန္ဓာကိုယ်ထဲတွင် ရှိသော အတွင်းအားများက ပြန်လည်၍ လှည့်ပတ်လာသည်ကို ခံစားရသောအခါတွင် သူ့လက်ကိုသူ မယုံကြည်နိုင်စွာ ကြည့်ရင်းနှင့်
“ငါစွမ်းအားတွေ ပြန်ရလာပြီပဲ။ ဒီခံစားချက်ကို မခံစားရတာ ဘယ်လောက်တောင် ကြာပြီလဲ မျိုးမစစ်ကောင်”
ဆုရှန်းချီက ကျိန်ဆဲလိုက်လေ၏။
“ငါမှော်ဓားကိုတောင် မသိမ်းရသေးဘူးလေ မင်းက ငါ့ကိုဘာလို့ ချက်ချင်း ပြန်ခေါ်လိုက် ရတာလဲ မင်းရူးနေတာလား ဒီမှော်ဓား ရဖို့အတွက် ဘယ်လောက်တောင် ခက်ခဲလဲဆိုတာ မင်းသိရဲ့လား”
သူ့အား ဆူပူနေသော ဆုရှန်းချီကို မြင်သောအခါ လီချန်ချင်းက ဘာပြောရမှန်း မသိအောင် ဖြစ်နေခဲ့ပါသည်။ စန်းယွမ် နယ်မြေကြီးကို ပြန်ရောက်လာသောကြောင့် ဆုရှန်းချီက အလွန်အမင်းကို ပျော်နေလောက်မည်ဟု လီချန်ချင်းက ခန့်မှန်းထားခဲ့မိပါသည်။ သို့သော် ယခုလိုမျိုး အခြေအနေမျိုး ဖြစ်လိမ့်မည်ဟု လီချန်ချင်းက မမျှော်လင့်ထားမိပါ။
“ဒီကောင်က ဂိမ်းအရမ်း စွဲသွားပြီပဲ”
ဆုချန်းချီက ဘာတွေပြောနေလဲ ဆိုတာကို မူချင်းကောရော ဝူစန်းထောင်ကပါ နားမလည်နိုင်ပါ။
“ဘာမှော်ဓားလဲ”
“မှော်ဓားကို ရဖို့ အကြာကြီး ဆော့ထားရတယ် ဆိုတာကရော ဘာကိုပြောချင်တာလဲ”
လီချန်ချင်းက ဆုရှန်းချီကို စကား များများစားစား ပြောမနေပါ။ သူက စည်းတံဆိပ် ငါးချက် ကျင့်စဉ်ကို အသုံးပြုပြီး ဆုရှန်းချီ၏ ခန္ဓာကိုယ် တစ်ခုလုံးကို ချုပ်နှောင်လိုက်ခဲ့ပါသည်။ ချုပ်နှောင်ခြင်း ခံလိုက်ရသော ဆုရှန်းချီက လုံးဝကို မလှုပ်ရှားနိုင်တော့ပါ။
“မင်းက ဘယ်သူလဲ ခွေးမသား ငါ့ကို ချက်ချင်းလွှတ် ငါ့ရဲ့ညီအစ်ကိုတွေက မင်းကို ဝိုင်းသတ်လိမ့်မယ်”
ဆုရှန်းချီက လီချန်ချင်းကို အဆက်မပြတ်ကို ကျိန်ဆဲနေခဲ့ပါသည်။ နောက်ဆုံးတော့ ဆုရှန်းချီက အလွန်တစ်ရာကို ဆူညံလွန်းလှသည်ဟု လီချန်ချင်းက တွေးလိုက်ပြီး သူ၏ပါးစပ်ကိုပါ တစ်ခါတည်း ချိတ်ပိတ်လိုက်ပါတော့သည်။
“ငါ့နောက်ကို လိုက်ခဲ့”
မူချင်းကောက ဝူစန်းထောင်ကို တစ်ချက်လှမ်းကြည့်ပြီး ပြောလိုက်၏။
“ဟုတ်ကဲ့ပါ”
မူချင်းကောသည် ဆုရှန်းချီအား လည်ဂုတ်မှ ဆွဲပြီး ဝူစန်းထောင်အား ခြံဝန်းထဲ၏ အနက်ပိုင်းသို့ ခေါ်သွားခဲ့ပါသည်။ ဆုရှန်းချီက ဒီလူတွေက သူ့ကို ဘာလုပ်မလဲဆိုတာကို မတွက်ဆ နိုင်သေးသည့်တိုင် ကောင်းတဲ့အရာတော့ လုပ်မည် မဟုတ်မှန်းတော့ နားလည်ခဲ့ပါသည်။
သို့ပေမဲ့ သူက မရုန်းကန်နိုင်ပါချေ။ သူ့ခန္ဓာကိုယ် တစ်ခုလုံးကို တုတ်နှောင်ထားခြင်းကို ခံထားရသည် မဟုတ်ပါလား။ လီချန်ချင်း နေသော ချန်ချင်းစံအိမ်သည် လွန်စွာမှကို လုံခြုံလှပါ၏။
ပို၍ လုံခြုံစေရန်အတွက် လီချန်ချင်းက သူ၏ နတ်ဘုရားဝိဉာဉ်ကို ဖြန့်ကျက်ပြီး အနီးအနားတွင် ပုန်းအောင်းနေသော ရန်သူများ ရှိ၊ မရှိကို အရင်ဆုံး စစ်ဆေးလိုက်ပါသည်။ မည်သည့် အန္တရာယ်များ မရှိတော့သောအခါမှသာ မူချင်းကောကို စိတ်ဝိဉာဉ် ကူးပြောင်းခြင်း ကျင့်စဉ်ကို အသုံးပြုရန်အတွက် ညွှန်ကြားလိုက်ပါသည်။
အမွှေးတိုင် နှစ်တိုင်ခန့် ထွန်းညှိ ကြာချိန် နောက်တွင်တော့ ဝိဉာဉ်ကူးပြောင်းခြင်း ကျင့်စဉ်က ပြီးဆုံးသွားခဲ့ပြီ။ သူနဲ့ တစ်ပုံစံတည်း တူညီသောလူက သူ့အရှေ့တွင် ရပ်နေသည်ကို ဆုရှန်းချီ မြင်သောအခါ သူက ရူးနေပြီဟုပင် တွေးမိသွားခဲ့ပါသည်။
တစ်ခြားလူ တစ်စုံတစ်ဦးနှင့် စိတ်ဝိဉာဉ်ချင်း လဲလှယ်လိုက်မည်ဟု ဆုရှန်းချီက မယုံကြည်နိုင်အောင် ဖြစ်နေခဲ့သည်။ သူ၏ ကျင့်ကြံခြင်း အဆင့်ပင်လျှင် ယခင်ကနှင့် တူမနေပါ။ ဆုရှန်းချီက ဖြေးဖြေးချင်း တွေးလိုက်ပါသည်။ တစ်ခြား လူများက ဘာလုပ်ချင်လဲ ဆိုတာကို နောက်ဆုံးတွင်တော့ သူရိပ်မိသွားခဲ့ပါ၏။
ထိုလူများက သူ့အယောင်ဆောင်ပြီး ဆုမိသားစုထံသို့ သွားချင်နေကြပါ၏။ ခန္ဓာကိုယ် အသစ်ရသွားသော ဝူစန်းထောင်က ထိုခန္ဓာကိုယ် အသစ်ကို စိတ်လှုပ်ရှားစွာဖြင့် စမ်းကြည့်နေပါသည်။ သူ၏ ကျင့်ကြံခြင်း ပါရမီမှာ ခန္ဓာကိုယ်အသစ်ကြောင့် လွန်စွာမှကို ထိုးတက်သွားခဲ့ပါ၏။
သူ၏ ကျင့်ကြံခြင်း အဆင့်မှာလည်း အရင် ခန္ဓာကိုယ်ထက် အများကြီး မြင့်တက်နေခဲ့ပါသည်။ ဒီခန္ဓာကိုယ်က အနာဂတ်မှာ အဆင့်မြင့် ဆရာသခင် အဆင့်ကိုတောင် ရောက်လာနိုင်ချေ ရှိတယ် သူက တစ်ခြားလူတွေထက် ပိုမြင့်တဲ့ သူတစ်ယောက် ဖြစ်လာနိုင်ချေ ရှိသွားပြီလေ။
“ကျေးဇူးပါ ဦးလေး”
ဝူစန်းထောင်က လီချန်ချင်း အရှေ့တွင် ဒူးထောက်ချပြီး ကျေးဇူးတင်လိုက်ပါသည်။ လီချန်ချင်းက တစ်ချက်ပြုံးလိုက်ပြီး နောက်တွင် ဝူစန်းထောင်အား ထရန်အတွက် လှမ်းထူ ပေးလိုက်ပါသည်။ ထို့နောက်မှ သူက ဆက်ပြောသည်။
“ငါ့ကို ကျေးဇူးတင်ဖို့ မလိုဘူး။ ငါမင်းကို အခုလိုမျိုး ကူညီပေးလိုက်တယ်ဆိုတာ အနာဂတ်မှာ မင်းက ဟမ်ရှန်းကို ကူညီပေးနိုင်ဖို့ အတွက်ပဲ”
“ဝိဉာဉ်ကူးပြောင်းခြင်း ကျင့်စဉ်က အခု အဆင်ပြေသွားတယ် ဆိုပေမဲ့ လိုအပ်ချက် တစ်ခုတော့ ရှိတယ်”
“ဘယ်လိုမျိုး လိုအပ်ချက်များလဲ”
ဝူစန်းထောင်က မမျှော်လင့်သော စကားကို ကြားလိုက် ရသောကြောင့် အနည်းငယ် ထိတ်လန့်သွားခဲ့ပါသည်။
“အဲ့ဒီလိုအပ်ချက်က ဝိဉာဉ်ကူးပြောင်းခြင်း ကျင့်စဉ်ကို အသုံးပြုထားတဲ့ မူချင်းကောက အသက်ရှင်နေမှ ဖြစ်မယ်”
လီချန်ချင်းသည် မူချင်းကောကို တစ်ချက်ကြည့်လိုက်ပြီး နောက်တွင် ဆက်ပြောသည်။
“တစ်နေ့နေ့မှာ မူချင်းကောက ရုတ်တရက် သေဆုံးသွားတယ် ဆိုရင် မင်းတို့ ခန္ဓာကိုယ်က လဲထားတဲ့ ဝိဉာဉ်တွေက ကိုယ့်ရဲ့ မူရင်းခန္ဓာကိုယ်ကို ပြန်ရောက် သွားလိမ့်မယ်”
ထိုစကားကို ကြားသောအခါ မူချင်းကောကလည်း လီချန်ချင်းအား အံ့အားသင့်စွာဖြင့် ကြည့်လိုက်ပါသည်။
“လတ်စသတ်တော့ ဒီလိုကို”
ဝူစန်းထောင်သည် နားလည်သွားပြီး နောက်တွင် ခေါင်းညိမ့်ပြလိုက်ပါ၏။
“ကဲ ကောင်းပြီ။ အခုမင်းရဲ့ အရင် ခန္ဓာကိုယ်ကို စည်းတံဆိပ် ငါးချက် ကျင့်စဉ်နဲ့ ငါထိန်းချုပ်ပြီးတော့ ချိတ်ပိတ်ထားလိုက်မယ်။
“အနာဂတ်မှာ မင်းခန္ဓာကိုယ်ကို မင်းပြန်လာတဲ့အခါ ဒီခန္ဓာကိုယ်က ဘာမှဖြစ်မနေအောင် အတွက်ပေါ့”
လီချန်ချင်းက ပြောလိုက်ပါ၏။
“မလိုဘူး”
ဝူစန်းထောင်သည် ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။ ထို့နောက် သူ၏ လက်ဖဝါးမှ လွန်စွာ တုန်လှုပ်ဖွယ် ကောင်းသော စွမ်းအား တစ်ရပ်က ထွက်ပေါ်လာပါ၏။ ထိုစွမ်းအားသည် ဝူစန်းထောင်၏ မူရင်း ခန္ဓာကိုယ်အတွင်း၌ ရှိသော ဆုရှန်းချီကို လွှမ်းခြုံသွား၏။
ဆုရှန်းချီ၏ မျက်လုံးများက ပြူးကျယ်သွားပါသည်။ ဘာတွေဖြစ်နေလဲ ဆိုတာကို သူနားမလည်ခင်မှာပင် သူ၏ခန္ဓာကိုယ် တစ်ခုလုံးက တစ်စစီ ပြိုကွဲ သွားခဲ့ပါတော့သည်။ ထိုဖြစ်ရပ်ကြောင့် လီချန်ချင်းရော မူချင်းကောပါ ထိတ်လန့် သွားခဲ့ပါတော့သည်။ ဝူစန်းထောင်သည် အကြင်နာတရား ကင်းမဲ့စွာဖြင့် သူ၏မူလ ခန္ဓာကိုယ်ကို ရက်ရက်စက်စက် ဖျက်ဆီးပစ်ခဲ့လေသည်။
“ကျုပ် ဘယ်တော့မှ အဲ့ဘဝကို ပြန်သွားတော့မှာ မဟုတ်ဘူး”
ဝူစန်းထောင်က ခံစားမှုကင်းမဲ့စွာဖြင့် ပြောလိုက်၏။
“မင်းရဲ့ မူလ ခန္ဓာကိုယ်က ပျက်ဆီးသွားပြီ ဆိုရင် မူချင်းကောသာ တစ်ခုခုဖြစ်ပြီးတော့ သေသွားရင် မင်းရဲ့ ဝိဉာဉ်ကလည်း ပျောက်ဆုံးသွားမှာနော်”
လီချန်ချင်းက တွေးတွေးဆဆနှင့် ပြောလိုက်သည်။
“အဲ့ဒါက အရေးမပါဘူး”
ဝူစန်းထောင်ရဲ့ ပုံစံကိုကြည့်ရသည်မှာ အမြင်ကျယ်ပုံ ရ၏။
“ဝိဉာဉ် ပျောက်ကွယ်ပြီး သေသွားတာက သာမန်ဘဝမှာ နေတာထက်တော့ ပိုသာသေးတယ်”
အတိတ်တုန်းက ရှေးဟောင်း တာအိုတောင်တန်း ဂိုဏ်း၏ ဝူဟိုင်ဖုန်း တောင်တွင် နေခဲ့စဉ်တုန်းက အခြားသူများက သူ့အား မျက်နှာသာ ပေးရန်အတွက် မိမိကိုယ်ကိုယ် မိမိ နှိမ့်ချပြီး အခြားသူများ ဂုဏ်ကို ဖော်လံဖားခဲ့သော အခြေအနေကို ဝူစန်းထောင်က ပြန်တွေးနေခဲ့ရပါသည်။
ထိုကဲ့သို့သော နေ့ရက်များကို ဝူစန်းထောင် တကယ်ပင် မုန်းတီးပါ၏။ ထို့ကြောင့် ထိုနေ့ရက်များကို ထပ်မံ မရှိတော့စေရန် ဝူစန်းထောင်က ဆုံးဖြတ်ချက် ချထားပါသည်။
“ဒါဆိုရင်လည်း ကောင်းပြီလေ”
ဝူစန်းထောင်က ဒီလို ပြောနေမှတော့ လီချန်ချင်းကလည်း ထပ်ပြီးတော့ မပြောတော့ပါ။ သူက ဝူစန်းထောင်ကို အနားယူစေလိုက်ပြီး အသစ်ရရှိလာသော ဆုရှန်းချီ၏ ခန္ဓာကိုယ်ကို ရင်းနှီးကျွမ်းဝင်အောင် လုပ်ခိုင်းလိုက်ပါသည်။
ထို့နောက်တွင်တော့ သူက ပိုင်တုထံသို့ စာတစ်စောင် ရေးလိုက်ပါ၏။ စာထဲတွင် ဆုရှန်းချီနှင့် ပက်သက်သော အချက်အလက်များကို စန်းယွမ်ခန်းမမှ ခိုးယူပြီးတော့ ပို့ဆောင်ပေးရန်အတွက် မှာကြားလိုက်ခြင်းပင် ဖြစ်သည်။
“အကိုလီ ကျွန်မ သေလို့ရှိရင် ကျွန်မ ဝိဉာဉ် ပြောင်းပေးထားသမျှ လူတွေအကုန်လုံးရဲ့ ဝိဉာဉ်တွေက မူလ ခန္ဓာကိုယ်ကို ပြန်ရောက်သွားမှာ အမှန်ပဲလား”
“အဲ့လိုသာ ဖြစ်မယ်ဆိုရင် အကို အခုလုပ်နေသမျှ အရာတွေကို အကုန်လုံးက အားလုံးသိသွားလိမ့်မယ်လေ”
တကယ်လို့သာ မူချင်းကောက မတော်တဆ သေဆုံးသွားပြီး ဝိဉာဉ်ပြောင်းထားသော သူများက မိမိတို့ ခန္ဓာကိုယ်ကို ပြန်သွားလိုက်လျှင် လီချန်ချင်း လုပ်ထားသမျှ အားလုံးက ဤလောကကြီး၌ ပေါ်ပေါက်သွားမည် ဖြစ်သည်။
“အဲ့အချိန်ကျရင် ထျန်းဟိုင်မြို့က ချန်ချင်းကုန်သွယ်ရေး လုပ်ငန်းကို အလွတ်ပေးပါ့မလား”
လီချန်ချင်းက ဆန်းကြယ်စွာဖြင့် ပြုံးလိုက်၏။
“အဲ့လို ဖြစ်ရပ်မျိုးက ဖြစ်လာနိုင်စရာ အကြောင်းမရှိဘူး။ ငါက ဝူစန်းထောင်ကို တမင်လိမ်လိုက်တာ”
“အော် အဲ့သလိုကို”
မူချင်းကောက ရုတ်တရက် နားလည်သွားခဲ့ပါ၏။ ဝိဉာဉ် ကူးပြောင်းခြင်း ကျင့်စဉ်ကို သူမ ကျင့်ကြံပြီးသွားသော အခါတွင် ထိုကဲ့သို့သော အခြေအနေ ရှိမယ်ဟု သူမ လုံးဝ ထင်မထားခဲ့ပါ။
“ဒီကောင်လေးက စိတ်က ပုံမှန် မဟုတ်နေဘူး။ သူက အရမ်းငယ်သေးတယ်။ သူ့ရဲ့ မျက်လုံးထဲမှာ ရည်မှန်းချက်တွေ ပြင်းပြနေတဲ့ အရိပ်အရောင်တွေကို ငါတွေ့တယ်လေ။ ဒါကြောင့်မလို့ သူ့ကို သတိထားဖို့အတွက် အကြောက်တရား နည်းနည်း ရိုက်သွင်းခဲ့လိုက်တာပဲ”
လီချန်ချင်းက အသက်ပြင်းပြင်း ရှုကာ ပြောလိုက်၏။
“အခု လောလောဆယ် သူက ငါ့အမိန့်ကို နာခံနေသေးတယ်။ ဒါပေမဲ့ အနာဂတ်မှာ သူက ငါ့စကားကို နားထောင်ပါ့ဦးမလား ဆိုတာ မသေချာဘူး ငါက သူ့ကိုကူညီလိုက်တယ် ဆိုတာက ငါနဲ့ ငါ့သားကို ပြန်ကူညီနိုင်ဖို့ အတွက်ပဲ ကူညီပေးလိုက်တာ”
“ငါတို့ သားအဖ နှစ်ယောက်လုံးကို ဒုက္ခရောက်စေဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကူညီပေးခဲ့တာ မဟုတ်ဘူး။ ဒီသတိပေးမှုနဲ့ ဆိုရင် သူက ဘာပဲလုပ်လုပ် နှစ်ခါ သုံးခါ ပြန်တွေးလိမ့်မယ်။ သတိထားလိမ့်မယ်”
လီချန်ချင်းက မူချင်းကောကို သေချာ ရှင်းပြလိုက်ပါ၏။
“အကို ချန်ချင်းက ဉာဏ်ရည် ထက်မြက်လွန်းလှပါတယ်။ ဖြစ်နိုင်ချေတွေကို သေသေချာချာ ကြိုပြီးတွေးတော ထားတာပဲ”
လီချန်ချင်း လုပ်နေသည် အားလုံးမှာ မှန်ကန်ပါသည်ဟု မူချင်းကောကလည်း ခံစားမိပါ၏။ ခန္ဓာကိုယ် အသစ်နှင့် အသားကျပြီးသောအခါတွင် ဝူစန်းထောင်က လီချန်ချင်းကို နှုတ်ဆက်ခဲ့ပြီးသည့် နောက်တွင် လီဟမ်ရှန်းထံသို့ ပြန်သွားခဲ့ပါသည်။
သူက ဤအခြေအနေကို လီဟမ်ရှန်းကို အရင်ဆုံး သတင်းပို့မည်ဟု တွေးထားပါ၏။ လီချန်ချင်းကလည်း ဝူစန်းထောင်အား ထပ်ပြီး သတိ ပေးလိုက်ပါသည်။ လီဟမ်ရှန်းကို ပြောဆိုရာတွင် ယခုကဲ့သို့ အခြေအနေကို ပြုလုပ်ပေးခဲ့သူမှာ ချင်းလဲ့ဓားသခင် ပြုလုပ်ပေးခဲ့သည် ဖြစ်ကြောင်း လိမ်ညာရန်အတွက် သေချာမှာလိုက်ပါသည်။
ထို့နောက်တွင်တော့ ဝူစန်းထောင်က သူ့ခန္ဓာကိုယ်ကို ဝတ်ရုံနက် တစ်ခုနှင့် ဖုံးအုပ်လိုက်ပြီး နောက်တွင် ချန်ချင်း စံအိမ်တော်မှ ထွက်လာခဲ့ပါတော့သည်။ ဝူစန်းထောင် ထွက်သွားပြီးသည့် နောက်တွင် လီချန်ချင်းက အနောက်မှ တိတ်တဆိတ် ခြေရာလိုက်ရန်အတွက် စီစဉ်လိုက်ပြီး ချန်ချင်း စံအိမ်တော်မှ သူလည်းပဲ ပျောက်ကွယ်သွားခဲ့ပါတော့သည်။