← Chapters

အလင်းနှင့် အမှောင်

Vol. 42 Ch. 628

အလင်းနှင့် အမှောင်

Vol. 42 Ch. 628

“မင်း သူတို့ကို သိတာလား”

လူတိုင်းက ထိုမိန်းကလေးကို တအံ့တဩနှင့် ပြိုင်တူ လှည့်ကြည့်လာသည်။

“ဟင့်အင်း၊ ကျွန်မ မသိပါဘူး”

စုချင်းရွှယ်က စိတ်ကိုပြန်ထိန်း၍ ခေါင်းခါလာသည်။

“သူတို့ပုံစံတွေက မှတ်မိဖို့လွယ်တယ်လို့ တွေးမိလို့ပါ”

လူတိုင်း ဓာတ်ပုံထံ ပြန်၍ အကြည့်လွှဲသွားသည်။

စုချင်းရွှယ်၏ ရင်ထဲ၌ မုန်တိုင်းထန်နေလေပြီ။

*ဒါ သူတို့ပဲ၊ သူတို့ပဲ*

ခရီးစဉ်အတွင်း သူမ တွေ့ခဲ့သည့်သူက နတ်ဆေးဆရာဝိုင် ဖြစ်နေလိမ့်မည်ဟု သူမ ထင်မထားမိပါ။ သူမသာ သိခဲ့ပါက သူနှင့် ကောင်းမွန်သော ဆက်ဆံရေးရရန် အကောင်းဆုံး ကြိုးစားမှာ ဖြစ်သည်။

စုချင်းရွှယ်၏ ရင်ထဲ၌ ခံစားချက်များ ရောထွေးနေသည်။ သူ့ကဲ့သို့သော လူမျိုးက သူမရှေ့၌ ပေါ်လာခဲ့သော်လည်း သူမက အခွင့်အရေးကို လုံးဝ လွဲချော်ခဲ့သည်။

ထို့နေက် သူမ၏ အကြည့်များက ပြန်လည်၍ ရှုပ်ထွေးလာသည်။ သည်လူက ထင်ထင်ပေါ်ပေါ် နေခြင်းက သူ့အတွက် အန္တရာယ်များသာ ယူဆောင်လာပေးမည်ကို မသိလေသလား။ ဤနေရာရှိ လူများက မတူသောကြောင့် သူမတို့ဒေသ၌ သတိထားရန် သူမ သူ့ကို သတိပေးထားခဲ့ပြီးသား ဖြစ်သည်။

သူမသည် ရဲ့လင်းချန်၏ လေလုံးကြီးတတ်ခြင်းကို ချက်ချင်း တွေးမိသွားပြီး အလိုလို ခေါင်းခါမိသည်။ သူသည် အတော်လေး ငယ်နေသေးပုံရသည်။ ထို့ကြောင့်ပင် သူ စိတ်ကြီးဝင်နေခြင်း ဖြစ်လေသည်။

…

မိုမိသားစုနှင့် စုမိသားစုအပြင် အခြားသော မိသားစုများကလည်း တိုးတက်မှုကို အနီးကပ် စောင့်ကြည့်နေကြပြီး ရဲ့လင်းချန်အား ဝဖီးနေသော သိုးတစ်ကောင်ကို ကြည့်သကဲ့သို့ ကြည့်နေကြသည်။ သူသည် ပိုက်ဆံ ထုတ်ပေးနိုင်သည့် လူ့အသွင်နှင့် စက်တစ်ခုဟု မြင်နေကြ၏။

ထိုည၌ ရဲ့လင်းချန်သည် အချိန်ယူ၍ သူ၏ ရေပန်းစားမှုအမှတ်ကို စစ်ဆေးနေသည်။ ခန့်မှန်းထားသည့်အတိုင်းပင် အမှတ်က မူ နှစ်သန်းကျော်မှ ဆယ့်သုံးသန်ကျော်အထိ မြင့်တက်နေသည်။

၁၁ သန်းကျော် တိုးလာခြင်းက အစသာ ဖြစ်သည်။ သတင်းက နိုင်ငံခြားသားများအကြား၌ ကျယ်ကျယ်ပျံ့ပျံ့ မသိသေးချေ။ အပြည့်အဝ ပျံ့နှံ့သွားချိန်၌ သူ၏ ရေပန်းစားမှုက နှစ်ဆ ဖြစ်သွားလောက်သည်။

ကမ္ဘာပေါ် တိုက်ရိုက် သက်ရောက်မှုရှိသော အောင်မြင်မှုများသည် သူ၏ ရေပန်းစားမှုကို မြင့်တက်စေနိုင်သော အလွယ်ဆုံး ဖြတ်လမ်း ဖြစ်သည်။

တင်းတောင်

သူ၏ဖုန်းက WeChat အသိပေးချက်အသံနှင့်အတူ လင်းလာသည်။ ပို့လာသူက စုချင်းရွှယ်ပင်။

သူမသည် အချိန်အတော်ကြာအောင် တုံ့ဆိုင်းနေခဲ့သော်လည်း နောက်ဆုံး၌ ရဲ့လင်းချန်ကို သတိပေးရန် ဆုံးဖြတ်လိုက်သည်။

[နင်က နတ်ဆေးဆရာဝိုင်ပဲ]

[အင်း]

ရဲ့လင်းချန်က သာမန်ကာလျှံကာ ပြန်ပြောလိုက်သည်။

[ပြေးတော့ အခု၊ နင် ဒီမှာ ထပ်နေလို့ မရတော့ဘူး]

စုချင်းရွှယ်က လျင်မြန်စွာ စာပြန်လိုက်သည်။

[ဒီမှာ အခြေအနေတွေက ရှုပ်ထွေးနေတယ်ဆိုတာကို ငါ နင့်ကို သတိပေးမလို့]

[ဒီကလူတွေက အရမ်း သန်မာတယ်၊ နင့်ဘေးက လူသန်ကြီးလောက်နဲ့ ဒါကို နင် မထိန်းနိုင်ဘူး]

[လူတွေ အများကြီးက သေချာပေါက် နင့်ကို စောင့်ကြည့်နေပြီ]

ရဲ့လင်းချန် ဘာမှပြန်မပြောနိုင်ခင်မှာ စာအနည်းငယ် ချက်ချင်း ဝင်လာသည်။ သူမ၏ စာရိုက်နှုန်းက ကီးဘုတ် စစ်သည်တော်ပင် လုပ်၍ ရနိုင်သဖြင့် ရဲ့လင်းချန် မှင်တက်သွားရသည်။

[သူတို့ ငါ့ကို စောင့်ကြည်တာထက် အခြား ဘာလုပ်နိုင်မှာမို့လို့လဲ၊ ခေတ်သစ် လူ့အဖွဲ့အစည်းကို ဥပဒေနဲ့ အုပ်ချုပ်တာပဲ]

ရဲ့လင်းချန်က အလွန် ရိုးအစွာ ပြန်ပြောလိုက်သည်။

[မတူဘူး]

စုချင်းရွှယ် ပြောစရာစကားမဲ့နေ၏။

[အဲ့ဒါနဲ့ မဆိုင်ဘူး၊ ငါ ပြောတာကို နားထောင်ပြီး ဒီည ထွက်သွားပါ၊ မဟုတ်ရင် အရမ်း နောက်ကျသွားလိမ့်မယ်]

ရဲ့လင်းချန် မျက်မှောင်ကြုတ်သွားသည်။ တကယ်တမ်းတွင် သူသည် ဤနေရာမှ မတူညီသော ခံစားချက်ကို ခံစားမိသည်။ တစ်ချက်ကြည့်ရုံလိုက်နှင့် ခရီးသွားများကို ဒေသခံများနှင့် ခွဲခြားနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ခရီးသွားများက ပို၍ ဖက်ရှင်ကျကျ ဝတ်စားထားတတ်ကြပြီး ဒေသခံများက အညံ့စား ပိတ်ထည်များကို ဝတ်စားကြသည်။

စုချင်းရွှယ်အား ဘာက မတူသလဲဟု သူ မေးချင်သော်လည်း စုချင်းရွှယ်က ပြန်မတုံ့ပြန်ချေ။ သူမ စိုးရိမ်နေသလား ဒါမှမဟုတ် အိပ်ပျော်သွားလေသလား သူ သေချာမသိပေ။

သူ ပြုံးလိုက်ပြီး ဖုန်းအား silent ပြောင်းကာ အေးအေးချမ်းချမ်း အိပ်ပျော်သွားလေသည်။

ခြားနားမှုများ ရှိနေပါစေ ပါရမီရှင်တစ်ယောက်က ယင်းအား ကြောက်နေမည် မဟုတ်ပါ။ ဤသည်မှာ သူ၏ ယုံကြည်ချက်ပင်တည်း။

မနက် အစောပိုင်း၌ ရဲ့လင်းချန်နှင့် အလီတို့သည် သူတို့၏ လေ့လာရေးကို စတင်လေသည်။ စီချွမ်-တိဘက် ဒေသသည် ကုံကုမံ၊ ပေါက်ဖက်မှို၊ သစ်ခွနွယ်ဝင်ဥ စသည့် အမျိုးအစား စုံလင်သော ဆေးဝါးပစ္စည်းများကြောင့် နာမည်ကြီးလေသည်။

ယေဘုယျအားဖြင့် ပြောရလျင် ၎င်းတို့သည် ဟိုဟိုသည်သည် ကုနိုင်သည့် ဆေးပင်များဟု နာမည်ကြီးသည့် အားဖြည့်ဆေးများ ဖြစ်သည်။ ဥပမာအားဖြင့် ကုံကုမံ လက်ဘက်သည် သွေးလည်ပတ်ခြင်းကို ကောင်းစေပြီး မကောင်းသော စွမ်းအင်ကို လွင့်ပြယ်စေကာ နာကျင်မှုကို လျော့ပါးစေသည်။ ၎င်းအား စိတ်ဓာတ်ကျခြင်း၊ ရင်ဘတ်နှင့် ရင်ဝမ်းခြား ကြွက်သား တင်းကျပ်မှု၊ သွေးအန်ခြင်း၊ တိုက်ဖွိုက်ရောဂါ၊ စိတ်ချောက်ချားခြင်း၊ ရာသီထိမ်ခြင်း၊ သွေးမသန်ခြင်း၊ ဓမ္ဓတာ မမှန်ခြင်း၊ သွေးသွန်ခြင်း၊ သွေးတွင်း နာကျင်ခြင်း၊ ဝက်သက်၊ ပွန်းပဲ့ဒဏ်ရာများနှင့် အခြားသော အရာများစွာကို ကုသရာ၌ အသုံးပြုသည်။

သစ်ခွနွယ်ဝင် သစ်ဥများသည် အမျိုးသားများအတွက် ကောင်းမွန်သည်။ အတိုချုပ်အားဖြင့် ပြောရလျင် ယင်းအား ကာမ အားတိုးဆေးဟု ဆိုနိုင်ပေသည်။

ခရီးသွားကားများသည် ဈေးဝယ်စင်တာရှေ့၌ ရပ်ထားကြသည်။ ခရီးသည်များက တစ်ယောက်ပြီး တစ်ယောက် ဆင်းလာပြီး အလွန် ဆူညံလှုပ်ရှားလျက် ရှိသည်။ လူတိုင်းသည် ဘေးဘယ်ညာကို ကြည့်နေကြပြီး အများစုက ဆေးအချို့ကို ဝယ်ယူခြင်းနှင့် အဆုံးသတ်သွားလေသည်။ ချီတုံချတုံ ဖြစ်နေသောလူများသည် ထိုဆေးများ၏ အာနိသင်နှင့် အသုံးဝင်မှုကို ကြားပြိးနောက် စိတ်ပါသွားကြသည်။ တုံ့ဆိုင်းနေသော်လည်း သူတို့သည် သူတို့၏ မိဘများနှင့် ကလေးများအတွက် ဆေးအချို့ကို ဝယ်သွားကြလေသည်။

ရဲ့လင်းချန်သည် လှည့်ပတ်ကြည့်နေပြီး မတူညီသော ဈေးဝယ်စင်တာ သုံးခုကို ဝင်ကြည့်လေသည်။ သို့သော် ထိုဆေးပင်များက သူ့တွင် ရှိပြီးသားများ ဖြစ်နေသဖြင့် သူ မျက်မှောင်ကြုတ်သွားရသည်။

*ဒါက ပိုပြီးတော့ … ညံ့သလိုပဲ*

၎င်းတို့က လုံးဝ အတုဟု ပြော၍လည်း မရပေ။ ရောင်းချနေသော ဆေးပင်များ၏ အကျိုး သက်ရောက်မှုက အလွန့်ကို လျော့ကျနေ၏။ ရှင်းရှင်းလင်းလင်း ပြောရလျင် ၎င်းတို့က အလိမ်အညာပင်။

၎င်းတို့က ကြီးရင့်ပြီးသား မဟုတ်သဖြင့် သူ့အတွက် ထိုဆေးများကို ဝယ်လျင်လည်း အသုံးမဝင်ချေ။

ထိုသို့သောအချိန်၌ အညိုရောင် ဝတ်စုံနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က သူ့ထံ လျှောက်လာသည်။ သူ၏ မျက်နှာက ဓားကဲ့သို့ ထက်ရှပြီး မျက်လုံးများက စူးရှကာ သိုင်းပညာရှင်တစ်ဦး ဖြစ်ပုံရသည်။

“ဒီဆေးတွေက မစ္မတာဝိုင်ရဲ့ သိနားလည်တဲ့ အမြင်မှာ လက်ခံနိုင်စရာ မကောင်းဘူးလား”

လူလတ်ပိုင်းအရွယ် အမျိုးသားက ဟန်လုပ်ပြုံး၍ လိုရင်းကို တန်းပြောလာသည်။

ရဲ့လင်းချန်က ဘာမှမပြောဘဲ ခေါင်းညိတ်လိုက်သည်။

သူ့အတွက် ဤသို့သော မြင်ကွင်းမျိုးက မြင်နေကြမဟုတ်သလို အလီနှင့် သူ၏ အများနှင့်မတူသော ဝတ်စုံကြောင့် သူ့အား ဘယ်သူမဆို မှတ်မိရန် မခက်ခဲချေ။

“တကယ်လို့ မစ္စတာဝိုင်က ဆေးကုန်ကြမ်းပစ္စည်းတွေ ရှာချင်တယ်ဆိုရင် ကျုပ်နဲ့ လိုက်ခဲ့လို့ ရပါတယ်”

လူလတ်ပိုင်းအရွယ် အမျိုးသားက ရဲ့လင်းချန်ကို ကြည့်ပြီး ထပ်ပြောလာသည်။

“အပြင်ကို ပြထားတဲ့ ဆေးပင်တွေက အနာအဆာ နည်းနည်းရှိတဲ့ ပစ္စည်းတွေပါ၊ ဒါတွေက ကမ္ဘာတစ်ဝှမ်းက ခရီးသွားတွေကို ဆွဲဆောင်ဖို့သက်သက် သုံးထားတာပါ၊ တကယ် အာနိသင်ရှိတဲ့ အရာတွေကို လူတိုင်းကိုတော့ ဘယ်ပြမလဲ”

ဆေးပင်များသည် ရှားပါးပြီး စိုက်ပျိုးရန် ခက်ခဲသည်။ အထူးသဖြင့် ကုံကုမံကဲ့သို့ အဖိုးတန်သော ဆေးပင်များပင်။ ထို့ကြောင့် ၎င်းတို့အား လူအများထံ များများ ရောင်းချပေးသည်က အဓိပ္ပာယ် မရှိချေ။

“ကောင်းပြီလေ”

ရဲ့လင်းချန်က တိုတိုတုတ်တုတ်ပြော၍ လူလတ်ပိုင်းအရွယ် အမျိုးသားနှင့်အတူ လိုက်သွားသည်။

သူတို့ နှစ်ယောက်သည် စင်တာထဲသို့ ဝင်မသွားဘဲ လုံခြုံရေးများ စောင့်ကြပ်နေသည့် အနောက်တံခါးသို့ ဝင်သွားသည်။ သူတို့သည် တံခါးကို တွန်းဖွင့်၍ လှေကားထစ်များအတိုင်း ဆင်းသွားသည်။

တစ်လျှောက်လုံး လူလတ်ပိုင်းအရွယ် အမျိုးသား၏ အကြည့်က အလီပေါ် တစ်ကြိမ်မက ကျရောက်နေကာ သေသေချာချာ လေ့လာနေဟန် ပေါ်သည်။

“တကယ်တော့ ကူးသန်းရောင်းဝယ်ရေးအစစ်က မြေအောက်မှာပဲ ရှိတာ၊ ဒါက တစ်မူထူးခြားတဲ့ ချမ်းသားတဲ့ စီးပွားရေးသမားတွေ ဒါမှမဟုတ် ဆေးလောကက လူတွေကိုပဲ ဖွင့်ပေးတာ၊ အဲ့ဒီမှာ အဖိုးတန် ဆေးဝါး ကုန်ကြမ်းတွေ အများကြီး ရှိသလို လျှို့ဝှက် ဆေးဝါး ထုတ်လုပ်ရေး ဆေးစာတွေနဲ့ ရှားပါး ဆေးပင်တွေတောင် ရှိတယ်”

လူလတ်ပိုင်းအရွယ် အမျိုးသားက လမ်းလျှောက်နေရင်း သူတို့ကို ရှင်းပြသည်။

“ရှားပါး ဆေးပင်တွေ ဟုတ်လား”

ရဲ့လင်းချန်က မယုံသင်္ကာ မေးလိုက်သည်။

“ဟုတ်တယ်၊ နှစ်ငါးရာ သက်တမ်းရှိတဲ့ ဂျင်ဆင်းတောင် ဒီမှာ ရှိတယ်၊ ဒီလိုဆေးကုန်ကြမ်းတွေကို တွေ့နိုင်ပင်မယ့် ရောင်းမထွက်ဘူး၊ သူတို့က ဒဏ္ဍာရီထဲမှာ ရှိတာ”

လူလတ်ပိုင်းအရွယ် အမျိုးသားက ပြန်ဖြေသည်။

လှေကားနှင့် အတော်လေး ဆင်းရပြီး ပုံမှန် တိုက်တစ်ခု၏ နှစ်ထပ် အကွာအဝေးမျှ ရှိသည်။ နောက်ဆုံး၌ ရဲ့လင်းချန်သည် မြေအောက် ရောင်းဝယ်ရေး နေရာကို မြင်လိုက်ရသည်။

မြေအောက်ခန်း တစ်ခုလုံးအား ကြီးမားသော ခန်းမတစ်ခုအဖြစ် ပြင်ဆင်ထားသည်။ အထဲ၌ ရပ်ဝေးမှ လူများက ဆူညံစွာ စုဝေးနေသည်။ လူအုပ်ကြီးက ကြီးလှပြီး ကမ္ဘာတစ်ဝှမ်းမှ လူများ ရောက်လာသလိုပင်။ ရွှေအိုရောင် ဆံပင် ရှိသော ဥရောပသားများနှင့် အမေရိကန်သားများလည်း ရှိနေသလို နက်မှောင်သော အသားအရေ ရှိသည့် အာဖရိကသားများလည်း ရှိသည်။ သူ့ကဲ့သို့ နိုင်ငံတကာ ဆေးပညာ အဖွဲ့အစည်း၌ ပါဝင်ခဲ့သည့် လူများကိုလည်း ရဲ့လင်းချန် မြင်ရသည်။

ဤနေရာသို့ ဝင်ခွင့်ရသည့် သူများမှာ လူချမ်းသာ သို့မဟုတ် မျိုးရိုးမြင့်များ ဖြစ်ကာ သူတို့အားလုံးက တစ်မူထူးခြားသော ပုဂ္ဂိုလ်များ ဖြစ်သောကြောင့် ရဲ့လင်းချန်၏ အမြင်အား ပို၍ ပွင့်လင်းလာစေသည်။

ရဲ့လင်းချန်သည် စနစ်ကို မရခင်က စာသားတစ်ခု ဖတ်နေခဲ့သည်ကို အမှတ်ရမိသွားသည်။

“ဒီလောကမှာ ဘက်နှစ်ဘက် ရှိတယ်၊ တစ်ခုက အလင်းဘက်နဲ့ နောက်တစ်ခုက အမှောင်ဘက်ပဲ၊ သာမန်လူတွေ အရှေ့မှာ ပြတဲ့ အလင်းဘက်က ရေခဲစိုင်ရဲ့ ထိပ်ဖျားလေးပဲ”

ရဲ့လင်းချန် ရင့်ကျက်လာလေလေ အမှောင်ဘက်ခြမ်းက ဇာတိပေါ်လာသည်။

All Chapters