← Chapters

အခန်း (၃၉၇)

Vol. 33 Ch. 397

အခန်း (၃၉၇)

Vol. 33 Ch. 397

မူချင်းကောက ဆေးဘုရင်တောင်ကြားသို့ ပြန်လည်ရောက်ရှိသွားသောမည်သည့်ထူးခြားချက်ကိုမှ သူမ ရှာမတွေ့ခဲ့ပါချေ။ သူမပြန်လာသည်ကို မြင်သောအခါတွင် ဆေးဘုရင်တောင်ကြားမှ တပည့်များက သူမကို အရိုအသေပေးပြီး နှုတ်ဆက်ကြပါသည်။ မူချင်းကောက သူမ၏ စိတ်ဝိဉာဉ်အာရုံဖြင့် ထိုတပည့်ငယ်များကို လွှမ်းခြုံပြီးတော့ စေ့စေ့စပ်စပ် ကြည့်ရှု့သည့်တိုင် ထိုတပည့်များ၏ မူမမှန်ကို သူမ ရှာမတွေ့ခဲ့ပါချေ။

“ဒီတပည့်တွေက သေပြီးသားလူတွေသာဆိုရင် အခုဘယ်လိုဖြစ်ပြီး အသက်ရှင်နေရတာလဲ”

မူချင်းကောက ယုံကြည်ရန် ခက်ခဲနေခဲ့ပါ၏။ သို့သော် သူမသည် လီချန်ချင်းကို ယုံကြည်၏။ ထို့ကြောင့် တစ်စုံတစ်ခုကများ လွဲမှားနေမလားဆိုပြီး ဆက်လက်၍ ရှာဖွေလိုက်ပါသည်။

“ချင်းကော သမီးပြန်လာပြီပဲ။”

ထိုအခိုက်မှာပင် သူမအရှေ့တွင် ပုံရိပ်တစ်ခု ပေါ်လာခဲ့၏။ ထိုလူကိုမြင်သော် သူမသည် လက်ဟန်ပြုပြီး အရိုအသေပေးလိုက်ပါသည်။

“ဦးလေး ခုနှစ်”

“မင်းအဖေက မင်းကို စောင့်နေတယ်”

အကြီးအကဲ ခုနှစ်က ခေါင်းငြိမ့်ပြီးတော့ ပြောပြလိုက်၏။

“ကောင်းပါပြီရှင့်”

မူချင်းကောသည် အကြီးအကဲ ခုနှစ်အနောက်သို့ လိုက်လာရင်း ဆေးဘုရင်တောင်ထိပ်သို့ ရောက်လာခဲ့၏။ လမ်းတစ်လျှောက်လုံးတွင် သူမသည် အရှေ့မှ ဦးဆောင်ပြီး ခေါ်သွားသော အကြီးအကဲ ခုနှစ်ကို လေ့လာနေ၏။ ဆေးဘုရင်တောင်ကြားတစ်ခုလုံး သတ်ဖြတ်ခံရပြီးတော့ သူပထမဦးဆုံးတွေ့ခဲ့သော အလောင်းသည် အကြီးအကဲခုနှစ်၏အလောင်းဖြစ်သည်ဟု ယင်ချန်းလီက ပြောခဲ့သောကြောင့် မူချင်းကောက ယခုအသက်ရှိပြီး ပုံမှန်အတိုင်းဖြစ်နေသော အကြီးအကဲ ခုနှစ်ကို စေ့စေ့စပ်စပ် ကြည့်ရှု့နေခြင်းပင်ဖြစ်သည်။ အကြီးအကဲ ခုနှစ်မှာ သူမ၏ မှတ်ဉာဏ်ထဲက အတိုင်း တစ်ထပ်တည်းပင် ဖြစ်၏။

“အကြီးအကဲခုနှစ် ဂိုဏ်းထဲမှာ ကျွန်မ မရှိတုန်း တစ်ခုခု ထူးထူးခြားခြားဖြစ်သွားသေးလား”

မူချင်းကောက မေးလိုက်၏။

“ဘာမှတော့ ထူးခြားတာ မရှိပါဘူး”

အကြီးအကဲ ခုနှစ်က ပြန်ဖြေလိုက်၏။ သူမ၏မေးခွန်းကြောင့် သူ့မျက်နှာထက်တွင် အနည်းငယ် အံ့အားသင့်နေသော အမူအရာပေါ်လာခဲ့ပါသည်။

“ဒါနဲ့ သမီးက ဘယ်လိုဖြစ်တာတုန်း”

“မင်းအဖေနဲ့ သမီးတို့နှစ်ယောက်ကြားမှာ ဘယ်လိုဖြစ်ပြီး ဘာပြဿနာတွေတက်လို့ ဂိုဏ်းကနေတောင် ထွက်ပြေးသွားရတာတုန်းကွဲ့”

“ဂိုဏ်းကနေ ထွက်ပြေးသွားတယ် ဟုတ်လား”

မူချင်းကောက ခဏမျှကြာအောင် တွေးလိုက်ပါသည်။ ထို့နောက်မှ ဆက်မေးလိုက်၏။

“အကြီးအကဲရှစ်နဲ့ အကြီးအကဲ ကိုးရော ဘယ်ရောက်သွားလဲ”

“ဪ သူတို့လား သူတို့က သိပ်မကြာခင်တုန်းကပဲ ဂိုဏ်းက တာဝန်ပေးလို့ အပြင်ထွက်သွားတာကွ..။ ကြာတောင် မကြာသေးပါဘူး”

“အဲ့ဒါကြောင့် လောလောဆယ် ပြန်လာဦးမှာမဟုတ်ဘူး..။ ပြန်လာဖို့တော့ တစ်လ နှစ်လလောက်တော့ ကြာဖို့များတယ်”

“ဪ”

မူချင်းကော ကောင်ကောင်း မှတ်မိသည်မှာ သူမက ဆေးဘုရင်တောင်ကြားမှ ထွက်ပြေးနိုင်ရန်အတွက် အကြီးအကဲရှစ်နှင့် အကြီးအကဲ ကိုးတို့က သူမကို ကာကွယ်ပြီး တစ်ဂိုဏ်းလုံးကို တိုက်ခိုက်ခဲ့ရခြင်းဖြစ်၏။ သူမက ဆေးဘုရင်တောင်ကြားမှ ထွက်ကာ လွတ်မြောက်လာခဲ့သော်လည်း အကြီးအကဲရှစ်နှင့် အကြီးအကဲ ကိုးမှာ သူမကို ကာကွယ်ရင်းနှင့် အသက်ပေးလိုက်ရပါသည်။

“ဖြစ်နိုင်တာက ဒီအကြီးအကဲနှစ်ဦး သေဆုံးသွားသည့် သတင်းက မပြန့်သေးတာလား..။ ဆေးဘုရင်တောင်ကြားမှာ ရှိတဲ့သူတွေက အကြီးအကဲ ရှစ်နဲ့ အကြီးအကဲကိုး သေတာကို မသိကြတာဖြစ်တာများလား”

ခရီးတိုလေး တစ်ခုကို လျှောက်သွားပြီးသော အခါတွင် မူချင်းကောက ဆေးဘုရင်တောင်ထိပ်သို့ ရောက်လာခဲ့၏။ ဆေးဘုရင်၏ခန်းမတွင် ဖခင်ဖြစ်သူ မူဟမ်ရှန်းက သူမကို စောင့်စားနေပြီးဖြစ်သည်။ မူချင်းကော ရောက်လာသည်ကို မြင်သောအခါ မူဟမ်ရှန်းက ဝါးပုရပိုက်ကို ဖတ်ရှု့နေရာမှ စားပွဲပေါ်သို့ ချလိုက်၏။ ထို့နောက်တွင် သူက သမီးဖြစ်သူကို စိုက်ကြည့်လိုက်သည်။

“နင်က ပြန်လာရဲသေးတယ်ပေါ့လေ”

“ကျွန်မ ပြန်လာချင်တာမဟုတ်ဘူး”

မူချင်းကောက ပြောလိုက်၏။ သူမရှေ့တွင်ရှိသော ရင်းနှီးနေပေမဲ့ အနည်းငယ်ထူးဆန်းနေသော လူကို ကြည့်လိုက်ပါသည်။

“ကျွန်မ ပြန်လာတာ အဖြေလိုချင်လို့ ပြန်လာတာပဲ အဖေ..။ အဖေဘာလို့ ထာဝရရှင်သန်ခြင်းဂိုဏ်းထဲကို ဝင်သွားရတာလဲ”

သူမက ယဉ်ကျေးစွာ အရိုအသေပေးသော အသုံးအနှုန်းများကို မသုံးနှုန်းဘဲ တိုက်ရိုက်ပင်မေးလိုက်ပါသည်။ သူမပြောသော စကားကို အကြီးအကဲ ခုနှစ်က ကြားသော်လည်း အံ့အားသင့်သွားသည့်ပုံ မပေါ်ပါချေ။ သူ့ပုံစံက ဘယ်အရာကိုမှ မကြားလိုက်သည့်ဟန် ရှိသည်။ ထိုဖြစ်ရပ်ကြောင့် တစ်စုံတစ်ခုက လွဲမှားနေပြီဟု မူချင်းကောက သိလိုက်ရ၏။ မူဟမ်ရှန်းက တစ်ချက်ရယ်ပြီး ပြောလိုက်သည်။

“ငါက ထာဝရရှင်သန်ခြင်းဂိုဏ်းကို ဝင်ထားတာမှ မဟုတ်တာ”

“ငါက နဂိုတည်းကိုက ထာဝရရှင်သန်ခြင်းဂိုဏ်းဝင်ပဲ”

“ပြီးတော့ မင်းကောပဲ.. မင်းအမေလည်းပါသေးတယ်”

“မင်းအမေက တစ်ခါတုန်းကဆိုရင် ထာဝရရှင်သန်ခြင်းဂိုဏ်းက သူတော်စင်မတောင် ဖြစ်ခဲ့သေးတယ်”

“ဘာ”

မူချင်းကောသည် သူမ၏နားကိုပင် မယုံနိုင်ခဲ့ပါချေ။

သူမ၏မိခင်က ထာဝရရှင်သန်ခြင်းဂိုဏ်းရဲ့ သူတော်စင်မတောင် ဖြစ်ခဲ့သေးတာလား

“ကျွန်မက ထာဝရရှင်သန်ခြင်းဂိုဏ်းကို မဝင်ခဲ့ဘူး”

မူဟမ်ရှန်းက ဘယ်လိုပဲ ပြောနေပါစေ မူချင်းကောက သူမ၏ ရပ်တည်ချက်ကို သက်သေပြခဲ့၏။ သူမသည် ထာဝရရှင်သန်ခြင်းဂိုဏ်းအား အရိုးထဲထိအောင် မုန်းတီးရွံရှာလှပါသည်။

“အရှင်က ထာဝရရှင်သန်ခြင်းဂိုဏ်းရဲ့ ထိန်းချုပ်မှုကို မင်းက မနာခံဘူးဆိုတာကို သူက သိထားပြီးသား..။ အဲ့ဒါကြောင့်မလို့ သူ့မှာ ရွေးချယ်စရာမရှိဘဲ မင်းရဲ့ခန္ဓာကိုယ်ပေါ်မှာ မကျေမချမ်းဝိဉာဉ်ကျိန်စာကို ခတ်နှိပ်ခဲ့ရတယ်။ ဒါပေမဲ့ မမျှော်လင့်ထားတာက တစ်စုံတစ်ခုက အဲ့ကျိန်စာကို ဖိနှိပ်ထားတယ်”

မူဟမ်ရှန်းက ခေါင်းခါပြီး ပြောလိုက်၏။

“အဆုံးသတ်ထိတောင်မှ မင်းက ထာဝရရှင်သန်ခြင်းဂိုဏ်းကို ခုခံနေတုန်းပဲ ။ ဒါပေမဲ့ ဒီနေ့မှာတော့ အဖေက ဆေးဘုရင်တောင်ကြားက ထာဝရရှင်သန်ခြင်းဂိုဏ်းဖြစ်တယ်ဆိုတဲ့အကြောင်းကို မင်းကို ရှင်းရှင်းလင်းလင်းသိအောင် ပြောပြပေးမယ်”

“အရင်တုန်းက မင်းမြင်ဖူးတဲ့ ကလေးပုံစံဖြစ်နေတဲ့ အရှင်က တခြားလူမဟုတ်ဘူး.. ပန်းချီအင်မော်တယ် ကုဟမ်ရှီပဲဖြစ်တယ်”

“အဲ့လောက်ကတော့ ကျွန်မ ခန့်မှန်းထားပြီးသားပါ..။ အဲ့ကုဟမ်ရှီနဲ့ ကျွန်မတို့ ဆေးဘုရင်တောင်ကြားနဲ့က ဘာများဆိုင်လို့လဲ”

မူချင်းကောက အေးစက်စွာဖြင့် ပြောလိုက်သည်။ ကုဟမ်ရှီက ငါတို့ အရှင်ရဲ့ ဒုတိယဘဝလေ”

မူဟမ်ရှန်းက ခေါင်းခါပြီးပြောလိုက်သည်။

“ငါတို့အရှင်ရဲ့ ပထမဦးဆုံးဘဝရဲ့ နာမည်က ယောင်ဖန်ချန်းလို့ခေါ်တယ်”

“ယောင်ဖန်ချန်း ဟုတ်လား”

ထိုအမည်နာမသည် ရင်းနှီးနေသည်ဟု မူချင်းကောက ခံစားလိုက်ရ၏။ နောက်တစ်ခဏတွင်တော့ သူမ၏မျက်ဝန်းများက ကျဉ်းမြောင်းသွားပါတော့၏။

ယောင်ဖန်ချန်း

ဆေးဘုရင်တောင်ကြားကို တည်ထောင်ခဲ့သူ ဘိုးဘေးကြီး

လွန်စွာစွမ်းအားကြီးမားသော ဆေးအင်မော်တယ်တစ်ပါး ယောင်ဖန်ချန်း..။

ဒဏ္ဍာရီထဲမှာ ပြောတာတော့ သူက ‌လောကတစ်ခွင်လုံးကို လှည့်လည်သွားလာနေတဲ့ သမားတော်တစ်ဦးတဲ့..။ ပင်လယ်နဲ့ကုန်းမြေတွေကို ဖြတ်သန်းပြီးတော့ လက်တစ်ချက်အထိမှာတင် သေခါနီးလူကို ပြန်ရှင်သန်နိုင်အောင်လုပ်နိုင်တဲ့အထိ စွမ်းအားကြီးမားတဲ့သူတစ်ယောက်..။ သူ့ကို လူတိုင်းက ဆေးအင်မော်တယ်လို့ ခေါ်ကြတယ်။

နောက်ပိုင်းမှာသူက ဆေးဘုရင်တောင်ကြားကို တည်ထောင်ခဲ့ပြီးတော့ ဆေးဘုရင်တောင်ကြားရဲ့ ပထမဦးဆုံး တောင်သခင်ဖြစ်လာခဲ့တယ်။

“အဲ့လိုမျိုး ကြီးကျယ်မြင့်မြတ်တဲ့လူက ထာဝရရှင်သန်ခြင်းဂိုဏ်းရဲ့ ခေါင်းဆောင်တဲ့လား”

All Chapters