← Chapters

အခန်း (၄၀၀)

Vol. 33 Ch. 400

အခန်း (၄၀၀)

Vol. 33 Ch. 400

ထိုအမျိုးသမီးလေးသည် တည်ငြိမ်သော အရှိန်အဝါ ရှိ၏။ မူချင်းကော၏ မျက်နှာကို မြင်သောအခါ သူမက အနည်းငယ် အံ့ဩသွားဟန် ရှိ၏။

“အလို.. ဆေးဘုရင်တောင်ကြားက စုန့်နတ်သမီးပဲ။ မူချင်းကော ဟုတ်တယ်မလား”

ထိုအခိုက်မှသာ အမျိုးသမီးလေး တစ်ဦး၏ ရေချိုးနေခြင်းကို မူချင်းကောက အနှောင့်အယှက်ပေးမိပြီ ဆိုသည်ကို သတိပြုမိ သွားခဲ့ပါသည်။ ထို့အပြင် ထိုကောင်မလေးက မူချင်းကောကိုပင် မှတ်မိနေပါသေးသည်။

“အာ… အနှောင့်အယှက်ပေးမိလို့ ကျွန်မ တောင်းပန်ပါတယ်ရှင်”

မူချင်းကောက ခပ်မြန်မြန်ပင် တောင်းပန်လိုက်၏။ သို့သော် ထိုကောင်မလေးက ဘာမှ ဆက်မပြောပါ။ သူမက ကောင်းကင်ကိုသာ ငေးကြည့်နေ၏။ ထိုအခိုက်မှာပင် ရုတ်တရက် ရွှေရောင်ကြိုး တစ်ချောင်းက လေဟာနယ်ထဲမှ တိုးထွက်လာ၏။

ထို့နောက်တွင် ရွှေရောင်ကြိုး၏ အစွန်းတစ်ဖက်ကို ကိုင်လျက် မိုးနဂါး နတ်ဘုရားအရှင်က ကောင်းကင်ထဲမှ ထိုးခွဲလာပါသည်။ သူက ကောင်းကင် အထက်တွင် မတ်တတ်ရပ်နေပြီး အောက်သို့ ငုံ့ကြည့်နေ၏။

“မိုးနဂါး နတ်ဘုရားအရှင်”

သူမ အနောက်သို့ ထပ်ကြပ်မကွာ လိုက်လာသော လူကို မြင်သောအခါ မူချင်းကောက ထိတ်လန့်တကြား အော်ဟစ်လိုက်၏။ သူမက ဘယ်လိုပဲ ထွက်ပြေး ထွက်ပြေး တကယ်ကို မလွတ်မြောက်နိုင်ပါချေ။

“ငါမင်းကို မပြောဘူးလား။ မင်းငါ့လက်ထဲကနေ မလွတ်မြောက်နိုင်ပါဘူးလို့”

မိုးနဂါး နတ်ဘုရား အရှင်က ပြုံးလိုက်၏။ မူချင်းကောရော နောက်ထပ် ကောင်မလေး တစ်ယောက်ကောပါ၊ ရေကန်ထဲတွင် ကိုယ်လုံးများ ပေါ်နေသည်ကို မြင်သော အခါတွင် နှာဘူးကျသော အပြုံးနှင့် ပြုံးပြီးပြောလိုက်၏။

“ဒီနေ့ ငါ့အတွက် ကံကောင်းနေပါလား နောက်ထပ် အလှလေး တစ်ယောက်ကို ထပ်တွေ့ရမယ်လို့ ငါမထင်ထားဘူး”

အမျိုးသမီးလေးက ဒေါသတကြီး ဖြစ်နေ၏။ မူချင်းကောက သူမ၏ အဝတ်မပါသော ခန္ဓာကိုယ်ကို မြင်ခြင်းက မိန်းကလေး အချင်းချင်း ဖြစ်သောကြောင့် ပြသနာ သိပ်မရှိပါ။ သို့သော် ယခု ဒီလူက လေဟာနယ်ကို ထိုးခွဲပြီး ရောက်လာတဲ့ အပြင် သူမရေချိုး နေတာကိုပါ လာချောင်းနေ သေးတယ်လေ။

ဒီလိုမျိုး အဖြစ်အပျက်ကို သူမက ဘယ်လိုလုပ်ပြီး သည်းခံနိုင်မှာလဲ။

“သွားသေလိုက်တော့” ဟူသော ကြုံးဝါးသံနှင့် အတူ အမျိုးသမီးလေးက လက်ဆန့်တန်းလိုက်သော အခါတွင် မြစ်ကမ်းနံဘေးတွင် ရှိသည့် သစ်ပင်ပေါ်တွင် ရှိသော အနီရောင် ဝတ်စုံလေးက သူမရဲ့ခန္ဓာကိုယ်ပေါ်သို့ ရုတ်တရက် လွှမ်းခြုံလိုက် ပါတော့သည်။ သူမက ခန္ဓာကိုယ်ကို အလျင်အမြန် ဖုံးဝတ်လိုက်၏။

“ဘယ်လောက်တောင် လှလိုက်တဲ့ ခန္ဓာကိုယ်လေးလဲ”

မိုးနဂါး နတ်ဘုရား အရှင်က နှာဘူးကျသော လူယုတ်မာ လေသံနှင့် ပြောလိုက်ပါသည်။ သူ၏ မျက်နှာထက်တွင် ယုတ်မာကောက်ကျစ်သော အပြုံးက အပြည့်ဖြစ်နေ၏။ အမျိုးသမီးလေးက သူမတစ်ကိုယ်လုံးကို ဝတ်ရုံနှင့် ဖုံးအုပ်လိုက်သည့်အခါတွင်လည်း မိုးနဂါး နတ်ဘုရား အရှင်က ညစ်ပတ်သော စကားများကို ဆက်၍ ပြောနေခြင်းပင် ဖြစ်သည်။

“ငါက အနီရောင် ကြိုက်တယ်ဆိုတာ မင်းက ကြိုတောင် သိနေတာပဲ။ ဒီအနီ‌ရောင် ဝတ်စုံက မင်းနဲ့ တော်တော် လိုက်တာ”

“ငါမင်းကို ထိုးသွင်းလိုက်တဲ့အခါမှာ မင်းဆီကနေပြီးတော့ အပျိုစင်အနီရောင်သွေးတွေ ထွက်လာဖို့ ငါတကယ် မျှော်လင့်တယ်”

မိုးနဂါးနတ်ဘုရားအရှင်က လျှာသပ်ရင်း ပြောလိုက်သည်။

အမျိုးသမီးလေး၏ မျက်နှာက အေးစက်မာကျောနေပြီး ကောင်းကင်ထက်သို့ ပျံသန်းလာ၏။ ထို့နောက်တွင် သူမ၏ လက်ကို ဆန့်တန်းလိုက်ရာ ဓားတစ်ချောင်းက ရုတ်တရက် ပေါ်လာခဲ့ပါ၏။

“အလို မင်းကလည်း ကောင်ကင်ပေါ် ပျံနိုင်တယ်လား။ စွမ်းအားရှိတဲ့ မိန်းကလေးတွေကို ဖျက်ဆီးရတာ ငါက အရမ်းသဘောကျတာ”

“အမယ် မင်းလက်ထဲက ဓားက တယ်ကို ကောင်းပါလား။ သေချာကြည့်မှ ကောင်းကင် နတ်သမီး ဓားနဲ့တောင် တူသလိုပဲ။ မသိရင် မင်းပုံစံက လီရွှမ်းရှီနဲ့တောင် ခပ်ဆင်ဆင် တူနေတယ်”

မိုးနဂါး နတ်ဘုရား အရှင်က ပြုံးရင်းနှင့် ပြောလိုက်၏။ ပြောနေရင်းနှင့် သူ၏ မျက်နှာအမူအရာက ရုတ်တရက် အေးခဲသွား၏။

“နေဦး မင်းက လီရွှမ်းရှီလား။ စောက်ပြသနာပဲဟ”

မိုးနဂါး နတ်ဘုရားအရှင်သည် သူအမှား အကြီးကြီး လုပ်မိပြီကို ချက်ချင်း သိလိုက်ရပါတော့၏။

ရေချိုးနေတဲ့ မိန်းကလေးက တစ်ခြားလူ မဟုတ်ဘူး။ လီရွှမ်းရှီဟ

ထို့ကြောင့် ချက်ချင်းပင်လျှင် သူနောက်လှည့်ပြီးတော့ မှုန်နေအောင် ထွက်ပြေးပါတော့သည်။ သို့သော် လီရွှမ်းရှီ၏ သတ်ဖြတ်လိုစိတ်မှာ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းပြီး အေးခဲနေပြီ ဖြစ်၏။

“ပြေးချင်တယ်ပေါ့ ဟုတ်လား။ နောက်ကျ နေပြီလို့ မထင်ဘူးလား ”

သူမ၏အသံသည် အေးစက်လှပါသည်။ ဓားတစ်ချက် အလှုပ်မှာပင်လျှင် အေးစက်လှသော သတ်ဖြတ်လိုစိတ်သည် မိုင်ပေါင်း သုံးသိန်းသုံးသောင်းလောက်အထိ ပျံ့နှံ့သွား၏။ လီရွှမ်းရှီသည် သူမ၏ လက်ကို ဆန့်တန်းလိုက်ပြီး ဓားကိုတစ်ချက် ထိုးလိုက်သည်။

ဓားက ပုံရိပ်ယောင်များနှင့် လောက နိယာမများ အားလုံးကို ထိုးခွင်းသွားခဲ့သည်။ ဓားအလျင်က မိုးနဂါး နတ်ဘုရား အရှင်အား ကူကယ်ရာမဲ့သော ခံစားချက်ကို ပေးစွမ်းခဲ့ပါသည်။ သူက ထာဝရရှင်သန်ခြင်း ဂိုဏ်း၏ မဟာ အစောင့်အရှောက် တမန်တော်လေးပါးထဲမှ တစ်ပါးဖြစ်သည်။

မဟာသိုင်းဂိုဏ်း အဆင့်တွင် ရှိသော ကျင့်ကြံသူများ၏ ခွန်အားမှာ အားနည်းသော ခွန်အားတွင် မရှိကြပါ။ သူ့ထက် အဆင့် ပိုမြင့်သော တစ်ခြားသော မြေလျှောက် အင်မော်တယ် များနှင့် ရင်ဆိုင် ရလျှင်ပင် သူက တစ်ချက်တည်း အသက် မသေဘဲ လွတ်မြောက်နိုင်ကောင်း လွတ်မြောက်နိုင်စွမ်း ရှိပေလိမ့်မည်။

သို့သော် ယနေ့တွင် သူကံမကောင်းခဲ့ပါ။ သူကြုံတွေ့ခဲ့ရသည်က လူသားမျိုးနွယ်၏ ထိပ်ဆုံး ဂိုဏ်းတွင် ရှိသော သူတော်စင် လေးပါးထဲမှ တစ်ပါး ဖြစ်သော လီရွှမ်းရှီပင် ဖြစ်သည်။ လီရွှမ်းရှီ၏ ဓားချက်မှာ သူခုခံကာကွယ်နိုင်သော အရာမျိုး မဟုတ်ပါချေ။ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်နှင့် တာအိုမှာ ချက်ချင်းပင်လျှင် ပြိုလဲသွားခဲ့ပါ၏။

လီရွှမ်းရှီ၏ ဓားချက်မှာပင် ရှုပ်ထွေးကာ ပဋိပက္ခ ဖြစ်နေသော အရာအားလုံးက နဂိုမူရင်းစွဲ တည်ငြိမ်သော အနေအထားသို့ ပြန်လည် ရောက်ရှိသွားခဲ့ပါ၏။ ထာဝရ ရှင်သန်ခြင်းဂိုဏ်း၏ ကြောက်မက်ဖွယ် ကောင်းသော မိုးနဂါး နတ်ဘုရား အရှင်က ဓားချက် တစ်ချက်တည်းမှာပင် ဘဝအဆုံးသတ် သွားခဲ့ပါ၏။

“ဟွန်း…”

လီရွှမ်းရှီက အေးစက်စွာ နှာမှုတ်လိုက်ပါသည်။ ကောင်ကင်နတ်သမီးဓားက ဓားအိမ်ထဲသို့ ပြန်ရောက်သွား၏။ သူမသည် ရေအိုင်နံဘေးသို့ ပြန်လည် ဆင်းသက်လာခဲ့၏။ အနီရောင် ဝတ်စုံ ဝတ်ထားသော သူမ၏ ပုံရိပ်သည် နတ်သမီးအလားပင် ဖြစ်နေခဲ့၏။ သူမ၏ ဆံပင်များ အထက်မှ ရေစက်များက ကျဆင်းနေသည်။

နေရောင်ခြည်၏ အရောင်ဟပ်မှုနှင့် အတူ သူမခန္ဓာကိုယ်သည် တလဲ့လဲ့ တောက်ပနေပြီး လွန်မင်းစွာ လှပလွန်းလှပါ၏။ သူမ၏ ခြေဗလာသည် အစိမ်းရောင် ကျောက်တုံးများပေါ်သို့ ရောက်ရှိနေ၏။ အသားအရေမှာ နူးညံ့ကာ ချောမွေ့လွန်း လှသောကြောင့် မူချင်းကောလိုမျိုး လှပသည့် အမျိုးသမီးပင်လျှင် လီရွှမ်းရှီ၏ အလှတရားကို မိန်းမောကာ မျောပါနေမိ၏။

“တော်တော် လှတဲ့ မိန်းကလေးပဲ”

လီရွှမ်းရှီသည် အရင်ဘဝက လီရွှမ်းရှီ မဟုတ်ဘဲ လုချောင်းချောင်း၏ ခန္ဓာကိုယ်ထဲ၌ ပြန်လည်မွေးဖွား လာသော်လည်း လုချောင်းချောင်းမှာ နဂိုကတည်းက အလှပဂေးလေး ဖြစ်သောကြောင့် လီရွှမ်းရှီ၏ တင့်တယ် လှပသော အရှိန်အဝါပါ ထပ်ပေါင်းလိုက်သောအခါ နတ်သမီးတမျှ လှပနေခြင်းက သဘာဝ အတိုင်းသာ ဖြစ်သည်။

“နင်ကြည့်လို့ မဝသေးဘူးလား”

လီရွှမ်းရှီသည် မူချင်းကောကို ကြည့်ပြီး ပြောလိုက်၏။ မူချင်းကောက ခပ်မြန်မြန်ပင် ရေထဲမှ တက်လာပြီး အရိုအသေပေးကာ ပြောလိုက်၏။

“အသက်ကယ်ပေးလို့ ကျေးဇူး တင်ပါတယ်ရှင့် အကြီးအကဲ လီရွှမ်းရှီ”

“ငါနင့်ကို ကယ်ပေးတာ မဟုတ်ဘူး။ ဒီလူက အတော်လေးကို အမြင်ကတ်ဖို့ ကောင်းတယ်”

လီရွှမ်းရှီက အေးစက်စွာ ပြောလိုက်၏။

“ဒါပေမဲ့ နင်က အသက်ကယ်တယ်လို့ ပြောလိုက်တော့ နင်ပြောတာလည်း မမှားပါဘူး”

“ဟုတ်ကဲ့ပါ”

မူချင်းကောက ခေါင်းညိတ်ပြီးနောက် ဆက်ပြောလိုက်၏။

“ကျွန်မ ဒီနေ့ အကြီးအကဲရဲ့ ကျင့်ကြံခြင်းကို အနှောင့်အယှက် ပေးမိပြီ။ ကျွန်မကို ပြန်ခွင့်ပြုပါဦး အကြီးအကဲ”

ထိုသို့ ပြောပြီးနောက်တွင် မူချင်းကောက ထွက်ခွာရန် အတွက် ဟန်ပြင်လိုက်ပါသည်။ သူမ ခြေတစ်လှမ်းမှပင် မလှမ်းရခင်မှာ လီရွှမ်းရှီက ပြောလိုက်သည်။

“ငါက နင့်ကို အခုလေးတင်ပဲ ကယ်လိုက်တာ နင်က ထွက်သွားတော့ မလို့လား အခုကစပြီးတော့ နင် ငါ့ဘေးနားမှာပဲ နေရမယ်”

“ဟင်”

မူချင်းကောက အိုးတိုးအန်းတန်းနှင့် ပြောလိုက်၏။

“ဒါပေမဲ့ ကျွန်မမှာ လုပ်စရာတွေ ရှိသေးတယ်ရှင့်”

“နင်ငါ့ဘေးနားမှာ နေမလား သေမလား ကြိုက်တဲ့ ဟာကိုရွေး”

လီရွှမ်းရှီက ငြင်းမရအောင် အမိန့်အာဏာ လေသံဖြင့် ပြောလိုက်သည်။

“ကျွန်မ နေပါ့မယ်”

လီရွှမ်းရှီသည် လွှမ်းမိုးနိုင်စွမ်း ရှိသည်ဟု မူချင်းကော ခံစားလိုက်ရ၏။ သူမမှာလည်း ငြင်းဆန်နိုင်သော ခွန်အား မရှိပါ။ တစ်ခြားသူက မိမိထက် ခွန်အား အရာတွင် သာလွန်နေသောကြောင့် မဖြစ်မနေ ခေါင်းငုံ့ခံရတော့မည် ဖြစ်သည်။

မဟာသိုင်းဂိုဏ်း အဆင့် ကျင့်ကြံသူ တောင်မှ ဓားချက် တစ်ချက်တည်းနှင့်ပင် သတ်ခံလိုက်ရတယ် မဟုတ်လား။ သူမသာ အမှန်တကယ် ကြိုးစားပြီး ထွက်ပြေးမည် ဆိုပါက သူမ၌ အခွင့်အရေး ရှိမည် မဟုတ်ပါချေ။

“အခုချိန်ကစပြီး နင်ငါနဲ့ နေပြီးတော့ အိမ်ကို ရှင်းပေးရမယ်။ အစားအသောက်တွေကို ချက်ပေးရမယ်။ ဒီလိုမျိုး ကိစ္စလေးတွေကို လုပ်ဖို့ အတွက် ငါ့မှာ အချိန်ရှိမနေဘူး”

လီရွှမ်းရှီက မူချင်းကောကို ညွှန်ကြားလိုက်သည်။

“အခု သတင်းတွေ ကြားနေတဲ့ ဥစ္စာက အမှန်ပဲလား အကြီးအကဲ။ အကြီးအကဲက နောက်ထပ် လဝက်နေရင် စန်းယွမ်နယ်မြေ သခင်နဲ့ တိုက်ခိုက်တော့မယ် ဆိုတာလေ”

မူချင်းကောက သတိကြီးကြီးထားပြီး ထိုမေးခွန်းကို မေးလိုက်ပါသည်။

“ဟုတ်တယ်”

လီရွှမ်းရှီကလည်း မငြင်းဆန်ပါ။

“ကျွန်မကို စာလေး တစ်စောင်လောက်‌တော့ ရေးခွင့်တော့ ပြုမယ်မလား”

“မရဘူး”

လီရွှမ်းရှီက ချက်ချင်းကို ငြင်းလိုက်၏။

“ကျွန်မသာ စာမရေးဘူး ဆိုရင် ကျွန်မကို အကိုချန်ချင်းက စိတ်ပူနေလိမ့်မယ်။ အကြီးအကဲ လီရွှမ်းရှီ ကျွန်မ တောင်းပန်ပါတယ်ရှင်။ အကိုချန်ချင်းကို ကျွန်မအတွက် စိတ်မပူခိုင်းစေချင်လို့ပါ”

မူချင်းကောက တောင်းပန်လာ၏။

“အကိုချန်ချင်း?… လီချန်ချင်းကို ပြောတာလား”

လီရွှမ်းရှီ၏ မျက်ခုံးများက မြင့်တက်သွားပါသည်။

All Chapters