← Chapters

ကျုပ် ငြင်းတယ်

Vol. 42 Ch. 629

ကျုပ် ငြင်းတယ်

Vol. 42 Ch. 629

ရဲ့လင်းချန်သည် သာမန်လူများထက် ပိုမို၍ သိထားပြီးသား ဖြစ်သည်။ ဥပမာအားဖြင့် စစ်သည်တော်ဌာန၊ ကမ္ဘာမြေ၏ ဂိတ်တံခါးနှင့် မျိုးရိုးဗီဇ ဆင့်ကဲပြောင်းလဲခြင်း ဖြစ်ရပ်တို့ ဖြစ်သည်။ အများပြည်သူက ရေခဲစိုင်၏ ထိပ်ဖျားမျှကိုသာ သိရှိခြင်း ဖြစ်သည်။ သူတို့အတွက် သိထားပါက စိုးရိမ်စိတ် တိုးလာရုံသာ ရှိသဖြင့် ပိုသိစရာမလိုချေ။

ထိုအတွေးများ ရဲ့လင်းချန်၏ အတွေး၌ ပေါ်လာပြီးနောက် ခန်းမကို ပြန်ကြည့်မိသောအခါ အပြုံးဘဲ မနေနိုင်အောင် ဖြစ်သွားလေသည်။

ထိုလူများသည် ချမ်းသာကြွယ်ဝပုံ ပေါ်သော်လည်း ကုန်သည် အသေးစားများနှင့် ခေါင်းရွက်ဗျပ်ထိုး ဈေးသည်များကဲ့သို့ ပြုမူနေကြသည်။ လူတစ်ယောက်ချင်းစီက ဈေးဆိုင်များ ပြင်၍ ဆိုင်းဘုတ်များ ထောင်ကာ အချိန်နှင့်အမျှ အော်ခေါ်နေကြသည်။

“သန့်စင်တဲ့ ကုံကုမံတွေ ရမယ်၊ နှစ်ငါးရာ သက်တမ်းရှိတဲ့ ဂျင်ဆင်းကို အခုလေးတင် မြေကြီးထဲက တူးလာ တာနော်”

“ငါ တောထဲက ခူးလာတဲ့ ပုစွန်စာရွက်ကို လိုချင်တယ်၊ ဈေးက ပြဿနာ မဟုတ်ဘူး”

“ငါ ဈေးကွက်ထဲမှာ မရှိသေးတဲ့ အလှအပ အရည် ဖော်မြူလာကို လိုချင်တယ်၊ အဲ့ဒါတွေက စစ်မှန်သရွေ့ ငါ မင်းကို ကျေနပ်တဲ့ ဈေးကို ပေးနိုင်တယ်”

ဈေးဆိုင်များ ရှိနေသဖြင့် ဈေးစုံစမ်းခြင်းများလည်း ရှိနေလေသည်။ သူတို့အားလုံးသည် ဟင်းရွက်တန်းမှ အဒေါ်ကြီးများကဲ့သို့ စကားပြောနေကြပြီး ရုတ်တရက် လေလုံးထွားခြင်းက သိသိသာသာ လျော့ကျသွားသည်။

သေချာ ဂရုစိုက်၍ နားထောင်ကြည့်မည်ဆိုလျင် အလွန် လေလုံးထွားသော စကားများကို သတိထားမိပေလိမ့်မည်။

“ငါ့အဖေက ထျန်းဟိုင်းမြို့က သခင်ကြီးလီပဲ၊ ဒီဖော်မြူလာနဲ့ ပတ်သက်ပြီး တစ်ခုခု ပြဿနာ ဖြစ်လာခဲ့ရင် မင်း ဒီလောကမှာ မွေးလာတာကို နောင်တရအောင် လုပ်ပစ်မယ်”

“ဟားဟား၊ ငါက အမေရိကန်က ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီတွေထဲက တစ်ခုရဲ့ နာမည်ကြီး ဆေးပညာရှင်ကွ၊ ငါက မင်းကို လိမ်မလား”

…

ရဲ့လင်းချန်သည် လမ်းပြသော လူလတ်ပိုင်းအရွယ် အမျိုးသားအား ခေါင်းညိတ်ပြလိုက်ပြီး တစ်ကိုယ်တည်း လှည့်ပတ်ကြည့်လေသည်။

ဤနေရာမှ ဆေးပင်များက အပြင်ထက် ပို၍ အာနိသင် ကြွယ်ဝသည်ကို ငြင်းမရပေ။ ထို့အပြင် မြေအနေအထားများကြောင့် ရဲ့လင်းချန်သည် ဆေးပင်များ စုဆောင်း၍ မရနိုင်သဖြင့် ယခုအခါက သူ့အတွက် ဆေးပင်များ ပြန်ယူသွားပြီး ကိုယ်တိုင် ပြန်စိုက်နိုင်သည့် အခွင့်ကောင်းပင်။

ပို၍ ရှားပါးသော ဆေးပင်များကိုမူ ရဲ့လင်းချန်သည် ၎င်းတို့၏ မျိုးစေ့များကိုသာ ဝယ်ယူရန် လိုအပ်ပေသည်။

သစ်သား ဝိညာဉ် ခန္ဓာကိုယ်ကို ရရှိပြီးကတည်းက ဆေးပင်များ စုဆောင်းခြင်းက ရဲ့လင်းချန်၏ ဝါသနာ ဖြစ်လာသည်။ ဤသည်ကို သူ ကောင်းကောင်း အသုံးမချပါက သူ့အတွက် အချည်းနှီး ဖြစ်သွားပေလိမ့်မည်။ ၎င်းတို့ကို သူ အသုံးပြုခြင်း၊ မပြုခြင်းနှင့် ဝယ်ယူခြင်းက တစ်ကဏ္ဍဆီ ဖြစ်သည်။ ဆေးပင်များကဲ့သို့သော အရာမျိုးက တစ်ချိန်ချိန်၌ အသုံးဝင်လာနိုင်၏။

လမ်းတစ်လျှောက်တွင် လူအများသည် ရဲ့လင်းချန်၏ နောက်ခံကို သတိထားမိနေပြီး သူ့အား ထူးဆန်းစွာ လိုက်ကြည့်နေကြသည်။ သူတို့သည် ပစ္စည်းများ ဝယ်နေ၊ ရောင်းနေသေးသော်လည်း သူတို့၏ အာရုံက ရဲ့လင်းချန်ထံသို့ အပြည့်အဝ ရောက်နေသည်။

ရဲ့လင်းချန်က အရေးမစိုက်ဘဲ ဆက်ဝယ်နေသည်။ ထို့သို့သောအချိန်၌ သူ၏ အကြည့်က အနည်းငယ် တန့်သွားပြီး ဆိုင်တန်းတစ်ခုရှေ့၌ ရပ်သွားသည်။

ထိုဆိုင်၏ ပိုင်ရှင်မှာ မုတ်ဆိတ်မွေးနှင့် အဘိုးအိုတစ်ယောက် ဖြစ်သည်။ သူသည် အော်ဟစ် ရောင်းချခြင်း မရှိသော်လည်း ဆိုင်၌ ခင်းကျင်းပြသထားသည့် ပစ္စည်းများက ရဲ့လင်းချန်အား အလွန် အံ့အားသင့်သွားစေ၏။

ဆိုင်၌ ပြသထားသည့် အရာအားလုံးက လင်ဇီး၊ ဟုန်ကျင့်ထျန်း၊ ကတိုး စသည့် ရှားပါး ဆေးဖက်ဝင် ပစ္စည်းများ ဖြစ်သည်။

၎င်းတို့က အာနိသင် အကန့်အသတ် ရှိသည့် မျိုးစေ့များ ဖြစ်သော်လည်း ၎င်းတို့က ရဲ့လင်းချန်အတွက် များစွာ အသုံးဝင်သည်။

“ဆိုင်ရှင်၊ ဒီဆေးပင်တွေရဲ့ ဈေးက ဘယ်လောက်တွေလဲ”

ရဲ့လင်းချန်က ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

အဘိုးအိုက သူ၏ မုတ်ဆိတ်မွေးကို ပွတ်၍ ရဲ့လင်းချန်အား မရေရာသော အကြည့်ဖြင့် ကြည့်နေသည်။

“မစ္စတာဝိုင်က ဒါတွေကို သဘောကျတယ်ဆိုရင် ကျုပ် ဒါတွေကို မင်းကို ဒီအတိုင်း ပေးလို့ရပါတယ်”

ရဲ့လင်းချန်က မသိမသာ မျက်မှောင်ကြုတ်၍ အဘိုးအိုအား ပြန်ကြည့်လိုက်သည်။

အဘိုးအိုက စိတ်ထဲ ထားပုံမရချေ။ သူက ရဲ့လင်းချန်ကို ကြည့်၍ လက်နှစ်ဖက်ကို ဆုပ်၍ မိတ်ဆက်စကား ဆိုလာသည်။

“ကျုပ်က တိဘက်မြို့က မိုမိသားစုက အိမ်တော်ထိန်းပါ၊ ကျုပ် ဒီမှာ မစ္စတာဝိုင်ကို တကူးတက လာစောင့်နေတာပါ”

“ကျုပ်ကို စောင့်နေတာ ဟုတ်လား”

ရဲ့လင်းချန်သည် သူ့အား ခေါ်လာသည့် လူလတ်ပိုင်းအရွယ် အမျိုးသားအား လှမ်းကြည့်လိုက်သည်။ ထိုသူက ယခု ထွက်ပေါက်ကို စောင့်ကြပ်နေ၏။

“မစ္စတာဝိုင်က ဆေးပင်တွေ စုဆောင်းရတာကို သဘောကျတဲ့ပုံပဲ၊ ကျုပ်တို့ မိုမိသားစုမှာလဲ ဆေးပင်တွေ အများကြီး ရှိပါတယ်၊ ကျုပ် ပြထားတဲ့ အရာတွေက ကြုံရာ ရွေးယူလာတဲ့ အပင်တချို့လေးပါပဲ၊ ခေါင်းသာ ညိတ်လိုက်ရင် ဒီဆေးပင်တွေက မင်းအပိုင်ပါ”

အဘိုးအိုက ပြောလာသည်။

“ခင်ဗျားက ဘာလိုချင်တာလဲ”

“မစ္စတာဝိုင်က ခွေးရူးပြန်ရောဂါ ကုသဆေးကို ဖန်တီးတဲ့ ဖော်မြူလာကို လွှဲပေးဖို့ပဲ လိုတာပါ၊ ဒါက မင်း အလွယ်လေး လုပ်လို့ ရတယ် မဟုတ်လား”

အဘိုးအိုက ပြုံး၍ ရှင်းပြလာသည်။

“ကျုပ်တို့ မိုမိသားစုက မင်းကို အကျိုးအမြတ် အများကြီး ရစေရမယ်လို့လဲ မင်းကို ကတိပေးပါတယ်၊ ကျုပ်တို့က မစ္စတာဝိုင်ကို စိတ်ပျက်အောင် မလုပ်ပါဘူး”

“ကျုပ် ဒါတွေကို ပိုက်ဆံနဲ့ ဝယ်မယ်ဆိုရင်ရော”

ရဲ့လင်းချန် မသိမသာ မျက်မှောင်ကြုတ်နေသည်။

“ဟဲဟဲ”

အဘိုးအိုက ရယ်နေပြီး ဂုဏ်ယူစွာ ပြောလိုက်သည်။

“ကျုပ်တို့ မိုမိသားစုက နိုင်ငံရဲ့ ဆေးဖက်ဝင် ပစ္စည်း ဈေးကွက်ရဲ့ လေးဆယ့်ငါး ရာခိုင်နှုန်းကို ချုပ်ကိုင်ထားရုံတင် မကဘဲ ဆေးဝါး ထုတ်လုပ် ဖြန့်ချိရေးဈေးကွက်ရဲ့ နှစ်ဆယ့်ငါး ရာခိုင်နှုန်းကိုလဲ ချုပ်ကိုင်ထားတာ၊ ကျုပ်တို့က နာမည်ကြီး ကုမ္ပဏီ လေးခုထဲက နံပါတ်တစ်ပဲ၊ အဓိက ရှယ်ယာရှင်တစ်ယောက်၊ ဒါမှမဟုတ် ထိပ်ဆန်း ဆယ်ခုစာရင်းဝင် ကုမ္ပဏီရဲ့ ရှယ်ယာရှင်တစ်ယောက်က ပိုက်ဆံကို ဂရုစိုက်ပါ့မလား”

ရဲ့လင်းချန် ငြိမ်နေသည်။

မိုမိသားစုက သူ၏ ဆေးညွှန်းကို ရယူလိုသည့် ရည်ရွယ်ချက်တစ်ခုတည်းနှင့် သူ့အား ဖိတ်ကြားခဲ့မှန်း သိသာ လှသည်။ ထိုသို့ဆိုလျင် မည်သို့သော ဆွေးနွေးမှုမျိုးကိုမဆို ပယ်ချမှာပင်။

သူသည် အဘိုးအိုအား စိုက်ကြည့်နေပြီး မိုမိသားစုထံ လည်ပတ်နိုင်မည့် အခွင့်အရေးကို ရှာ၍ ဆေးပင်မျိုးစေ့အချို့ ငှားရမ်းနိုင်လေမလားဟု စဉ်းစားနေမိသည်။ မိုမိသားစု၌ ဆေးပင်များစွာ ရှိသဖြင့် အနည်းငယ် ငှားရမ်းယူသည်က မနစ်နာလောက်ပေ။

ရဲ့လင်းချန် ငြိမ်နေသဖြင့် အဘိုးအိုက ဆက်ပြောလာသည်။

“တကယ်လို့ မစ္စတာဝိုင်က ဆေးညွှန်းကို လိုလိုလားလားနဲ့ လွှဲပေးလာမယ်ဆိုရင် မိုမိသားစုရဲ့ လုပ်ငန်းက ဒါရိုက်တာအဖြစ် ထားပေးဖို့ ပြောပေးမှာပါ၊ မင်း မိုမိသားစုရဲ့ ရှယ်ယာ ငါးရာခိုင်နှုန်းကိုလဲ ရပါလိမ့်မယ်”

ထိုစကားများ ထွက်လာသောအခါ ခန်းမတစ်ခုလုံး ထိတ်လန့်သွားလေသည်။

“လခွမ်း၊ ရှယ်ယာ ငါးရာခိုင်နှုန်း၊ သူတော့ ချမ်းသာတော့မှာပဲ”

“မိုမိသားစုရဲ့ ဒါရိုက်တာက အရှိန်အဝါ အများကြီး ရှိတာ”

“တိဘက်မြို့ရဲ့ မိုမိသားစု၊ ငါတို့က တိဘက်မြို့က မိုမိသားစုအကြောင်း ပြောနေတာကွ”

လူအုပ်ကြီးထဲတွင် စကားပြောသံများ ညံနေပြီး သူတို့အားလုံးက ရဲ့လင်းချန်ကို အားကျသော အကြည့်များဖြင့် ကြည့်နေကြသည်။

တိဘက်မြို့၏ မိုမိသားစုသည် ဒေသအနှံ့ ဩဇာ ကြီးမားသည်။ သူတို့လက်အောက်မှ ကုမ္ပဏီများက များပြားလှပြီး ဆေးပင်များက လူ့အသက်နှင့် ညီမျှသဖြင့် မိုမိသားစုက လူ့အသက်ကို မြဲမြဲကိုင်ထားသည်ဟုပင် ဆိုနိုင်ပေသည်။

ထို့အပြင် မိုမိသားစုသည် နှစ်ပေါင်း နှစ်ရာကျော် သမိုင်းကြောင်း ရှိသည့် မိသားစုကြီး ဖြစ်သည်။ သူတို့တွင် ဗဟုသုတ အမွေအနှစ် ပေါကြွယ်ဝ၏။

မိုမိသားစု၏ ပိုင်ဆိုင်မှုက အကြမ်းအားဖြင့် ဘီလီယံ ရာချီလေသည်။ ထိုရှယ်ယာများ၏ ငါးရာခိုင်နှုန်းက တစ်ဆယ် ဘီလီယံ ရှိပြီး အဓိကမှာ သူတို့၏ နှစ်စဉ် အမြတ်ခွဲဝေမှု ဖြစ်သည်။ ဆေးဝါးနယ်ပယ်သည် အမြတ်ရရှိသော နယ်ပယ် ဖြစ်ပြီး နှစ်စဉ် အမြတ်ခွဲဝေမှုက မီလီယံ ငါးရာကျော်နိုင်သည်။

အဘိုးအိုက အသာအယာ ထပ်ပြောသည်။

“ဆေးညွှန်းပဲ ရှိတာက အသုံးမဝင်ဘူးဆိုတာကို မင်း သိလောက်မှာပါ၊ မင်း ပါဝင်ပစ္စည်းနဲ့ လူအား လိုနေဦးမှာပဲ၊ ပြီးတော့ လုံလောက်တဲ့ ကြီးကြီးမားမား လည်ပတ်ရေး ရှိဖို့လဲ လိုတယ်၊ လူတစ်ယောက်တည်းအတွက် အားလုံး လုပ်ဖို့က မဖြစ်နိုင်ဘူး၊ အခု မင်း လုပ်ဖို့လိုတာဆိုလို့ ငါတို့ကို ဆေးညွှန်း ပေးလိုက်တာပဲ၊ မင်း ဒီခေတ်ရဲ့ အထွတ်အထိပ်မှာ တန်းပြီး ရပ်တည်သွားနိုင်မှာပဲ”

အဘိုးအိုသည် သူ၏ ကမ်းလှမ်းမှုက ယှဉ်မရနိုင်သဖြင့် ယုံကြည်ချက် အပြည့်နှင့် ဖြစ်နေသည်။ ရဲ့လင်းချန်က ဆေးညွှန်းကို တစ်ကိုယ်တည်း သိမ်းထားပါက တန်ဖိုးက အဘိုးအို ကမ်းလှမ်းသည့် အခြေအနေလောက် မြင့်နိုင်မည် မဟုတ်ပါ။ အဘိုးအိုသည် ရဲ့လင်းချန်အား မိုမိသားစု၏ အိတ်ထဲ ထည့်နိုင်ပြီဟုလည်း ထင်နေ၏။

မထင်မှတ်ဘဲ ရဲ့လင်းချန်က ခပ်သွက်သွက် ခေါင်းခါ၍ ပြောလာသည်။

“ကျုပ်က ဆေးပင်မျိုးစေ့ပဲ လိုအပ်တာ၊ ကျန်တဲ့ ဘယ်အရာကိုမှ စိတ်မဝင်စားဘူး”

ခန်းမှထဲမှ လူများအားလုံး ထိတ်လန့်သွားသည်။ သူ၏ အဖြေက သူတို့ ခန့်မှန်းထားသည်ထက် ကျော်လွန်နေ၏။

ရဲ့လင်းချန်သည် မိုမိသားစုက ပေးလာသည့် ငြိမ်းချမ်းရေး သံလွင်ခက်ကို မသိကျိုးကျွန်ပြု၍ အကျိုးအမြတ် ရနိုင်သည့် အခြေအနေကို ဥပေက္ခာ ပြုနေသည်။

*ဒါက ရူးတာပဲ၊ လုံးဝ ရူးသွပ်တာ*

တစ်ဖက်သည် တိဘက်မြို့၏ မိုမိသားစု ဖြစ်သည်။ သာမန်လူများ၏ အမြင်တွင် သူတို့သည် ကြီးနိုင်ငယ်ညှဉ်း လောက၏ ထိပ်ဆုံး၌ တစ်ကိုယ်တည်း မဟုတ်ဘဲ တစ်မိသားစုလုံး ရပ်တည်နိုင်သည့် မိသားစုတစ်ခု ဖြစ်သည်။

မိသားစု၏ အင်အားက လူတစ်ဦးတစ်ယောက်တည်းထက် ပို၍ သန်မာလေသည်။

လူတိုင်း၏ အမူအရာက အကြီးအကျယ် ပြောင်းလဲသွားပြီး ရဲ့လင်းချန်အား ကရုဏာသက်သော အကြည့်ဖြင့် ကြည့်လာသည်။

မိုမိသားစု၏ ခွန်အားက အပေါ်ယံ မြင်နေရသလောက်သာ မဟုတ်ချေ။ တကယ်တမ်းတွင် သူတို့တွင်လည်း စီချွမ်-တိဘက် ဒေသတွင်းမှ မြေအောက် အင်အားစုများအပေါ်၌ အတော်လေး ထိန်းချုပ်နိုင်စွမ်း ရှိလေသည်။ မိုမိသားစုကို ဆန့်ကျင်ခြင်းက သေလမ်းရှာခြင်းနှင့် မခြားနားချေ။

အဘိုးအို၏ အပြုံးက အေးခဲသွားပြီး သူ့မျက်လုံးများတွင် အလင်းတန်းတစ်ချက် ဖြတ်ပြေးသွားသည်။

ရာစုနှစ်တစ်ခုကျော်မျှ တည်ရှိလာပြီးနောက် မိုမိသားစုအား မည်သူကမှ ရင့်ရင့်သီးသီး မငြင်းဆန်ရဲပေ။

All Chapters