အရမ်းအရုပ်ဆိုးတယ် ငါ့ဗိုက်ထဲ ဘယ်လိုမှ မထည့်နိုင်ဘူး
Vol. 68 Ch. 1054
“ မမတို့ မတွေ့ရတဲ့ အတောအတွင်းမှာ မင်းရဲ့ ကိုယ်သင်းနံ့လေးကို အမြဲစိတ်ကူးယဉ်ခဲ့တယ်… အဲ့ဒါက တကယ်ပဲ စွဲလမ်းဖွယ်ကောင်းတယ်… မင်းရဲ့ ကျင့်ကြံခြင်းအခြေခံက ဒီအဆင့်ထိ ရောက်ရှိနေတာတောင် မူလယန်အဆီအနှစ်ကို ထိန်းသိမ်းထားနိုင်တယ်… အဲ့ဒါက ဒီလောကကြီးမှာ အရမ်းရှားတယ် ”
“ နှမြောစရာကောင်းတာက မင်းက ငယ်ရွယ်သေးတော့ မမရဲ့ အလှအပကို မခံစားတတ်သေးဘဲ ဘာမဟုတ်တဲ့ မြွေတစ်ကောင်ကို ရတနာလို့ သဘောထားနေတယ်… အဲ့ဒါက မမကို တကယ်ပဲ နှလုံးနာကျင်စေတယ် ”
စကားပြောနေစဉ် မိန်းမပျိုလေး၏ ဖွင့်ထွားသော ရင်ဘက်သည် လှုပ်ခါသွားသည်။ သူ၏ ညုတုတု အသံသည် ပျားရည်သဖွယ် ချိုမြိန်ပြီး ယစ်မူးဖွယ်ကောင်းသည်။
ယင်းက ရွှီချင်း၏ နားထဲသို့ ဝင်ရောက်သွားသောအခါ သူ၏ အသက်ရှူသံသည် ပိုမိုမြန်ဆန်လာသည်။ သူက ချက်ချင်း ဘေးဘက်သို့ ရွေ့လျားသွားပြီး သူ့အနောက်မှ မိန်းမပျိုလေးကို ကြည့်ရန် ခေါင်းလှည့်လိုက်သည်။
“ ထွက်မပြေးပါနဲ့ မောင်လေး… မမမင်းကို ခွင့်လွှတ်ပါတယ် ”
“ ဘယ်သူက မင်းကို ဒီလောက်ဆွဲမက်ဖွယ်ကောင်းပါလို့ ပြောလို့လဲ… မမက မင်းကို မြင်ရတာနဲ့တင် ဝမ်းသာနေပါပြီ ”
ရွှံ့မြေခွေး၏ လှပသော မျက်ဝန်းထဲမှာ မျှော်လင့်မှုဖြင့် ပြည့်နှက်နေသည်။ သူ၏ မီးတောက်နေသော မျက်လုံးတစ်စုံက ရွှီချင်း၏ အတွင်းနှင့် အပြင်ကို ရှင်းလင်းစွာ ထွင်းဖောက်မြင်နေဟန် ရသည်။ ရူးသွပ်သော အပြုံးတစ်ခုက သူ၏ ချောမောလှပသော မျက်နှာပေါ်မှာ ထွက်ပေါ်လာပြီး သူ၏ မို့မောက်သော ရင်ဘက်ကို ရွှီချင်း၏ အသားဖြင့် ထိကပ်သွားစေရန် အနားတိုးလိုက်သည်။
“ နောက်ဆုံးတော့လည်း မင်းက အမှန်ကို သဘောပေါက်သွားတာပါပဲ… ဒါကြောင့် မမကို ကိုယ့်ဘာသာ တိတ်တဆိတ် လာရှာတာမဟုတ်လား ”
ရွှီချင်းသည် အလိုအလျောက် အနောက်ဆုတ်သွားသည်။ သို့သော်လည်း သူက အနောက်သို့ ခြေတစ်လှမ်းဆုတ်သွားတိုင်း ရွှံ့မြေခွေးက အရှေ့သို့ ခြေတစ်လှမ်း တိုးလာလိမ့်မည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ အနီရောင်ဇာက အောက်သို့ လျောကျသွားတော့မည်ဟန် ရသည်။
ဤသည်မှာ စိတ်မရှည်သော လူထွားကြီးတစ်ယောက်က အခန်းထဲမှာ စောင့်ဆိုင်းနေသော မိန်းကလေးတစ်ယောက်ကို မြင်သွားပြီးနောက် သူ၏ အဝတ်အစားများကိုချွတ်၍ တစ်လှမ်းချင်း လျှောက်သွားနေသည့် မြင်ကွင်းနှင့် အလားသဏ္ဍာန်တူသည်။
အဆုံးမှာတော့ ရွှီချင်းမှာ အနောက်ဆုတ်ရန် မြေမရှိတော့ပေ။ သူက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူက အမူအရာကင်းမဲ့စွာ ပြောသည်။
“ စီနီယာ… ငါဒီတစ်ခေါက်လာတာ အရင်က မင်းပြောတဲ့ ကျောက်ကပ်အကြောင်းကို ဆွေးနွေးချင်လို့ပါ ”
ရွှံ့မြေခွေးသည် နှုတ်ခမ်းသပ်လိုက်ပြီး ပြုံးသည်။ သူက လက်ဝှေ့ယမ်းလိုက်သည်။
“ အဲ့ဒါက အသေးအမွှားကိစ္စလေးပါ… ကျောက်ကပ်လေးတစ်ခုပဲ မဟုတ်လား… လာ အချိန်မဖြုန်းကြရအောင်… မမအိမ်ကို ခဏလောက် လိုက်ခဲ့ပါဦး… နောက်ကျရင် မမကိုယ်တိုင် အဲ့ဒီကျောက်ကပ်ကို ချက်ပြုတ်ပြီး မင်းကို ကျွေးပါ့မယ် ”
သူ၏ စကားဆုံးသွားသည့်အခါ ရွှီချင်းကို လေထဲမှ ဇောက်ထိုးမိုးမျှော်ဘုရားကျောင်းဆီသို့ ခေါ်ဆောင်သွားရန် ပြင်လိုက်သည်။
“ ဘာမှမကြောက်ပါနဲ့… မမက ညင်ညင်သာသာလေး လုပ်ပေးပါ့မယ် ”
ရွှီချင်းသည် သူ၏ ဦးရေပြားက စပ်ဖျင်းဖျင်းဖြစ်လာသည်ဟု ခံစားမိသွားသည်။ သူက ကျင့်ကြံခြင်းစွမ်းအားကို လှည့်ပတ်လိုက်ပြီး တိုးညင်းစွာ ပြောသည်။
“ စီနီယာ… ငါဆိုလိုတာ အဲ့ဒီအဓိပ္ပာယ်မဟုတ်ပါဘူး… ငါလိုချင်တာက… ”
ရွှီချင်းက စကားဆုံးအောင် မပြောနိုင်ခင် ရွှံ့မြေခွေးသည် ပေါ့ပါးစွာ ပြုံးလိုက်သည်။ သူက လက်မြှောက်လိုက်လေရာ လခြမ်းပုံသဏ္ဍာန် ရွှေရောင်ကျောက်ကပ်တစ်ခုက သူ၏ ကျောက်စိမ်းလက်ဖဝါးပေါ်မှာ ထွက်ပေါ်လာသည်။ ကျောက်ကပ်သည် ရွှေရောင်အလင်း ထုတ်လွှတ်နေပြီး ဘေးပတ်ဝန်းကျင်ကို အလင်းပြန်နေသည်။
အံ့ဖွယ်ကောင်းသော စွမ်းအင်လှိုင်းအတတ်အကျများသည် ကျောက်ကပ်ထဲမှ ပျံ့လွင့်ထွက်လာသည်။ ထို့ပြင် ယင်းက ရှေးဟောင်းအရှိန်အဝါကိုလည်း ထုတ်လွှတ်နေသည်။
အတိတ်တွင် ရွှီချင်း၏ ကျင့်ကြံခြင်းအဆင့်နှင့် အမြင်က အကန့်အသတ်ရှိသောကြောင့် ကျောက်ကပ်ကို သေချာသတိမထားမိခဲ့ပေ။ ယခု သူက ကျောက်ကပ်ကို နောက်တစ်ကြိမ် ထပ်မြင်လိုက်ရသောအခါ သူ၏ မျက်လုံးထဲ၌ ထူးဆန်းသော အလင်းရောင် ထွက်ပေါ်လာသည်။ ထိုကျောက်ကပ်ပေါ်မှာ ခေါင်းဆောင်၏ အရှိန်အဝါ တစ်စွန်းတစ်စရှိကြောင်း မသဲမကွဲ သူပြောနိုင်သည်။
“ အဲ့ဒါလား ”
ပျော်ရွှင်မှုအရိပ်အမြွက်သည် ရွှံ့မြေခွေး၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
ရွှီချင်းသည် ခေါင်းညိတ်လိုက်သည်။
“ ဂျူနီယာက အဲ့ဒီကျောက်ကပ်ကို ဝယ်ချင်ပါတယ် ”
ရွှံ့မြေခွေး၏ ရွှန်းလဲ့တောက်ပသော မျက်လုံးသည် ပိုပြီးဆွဲမက်ဖွယ်ကောင်းလာသည်။ ထူးဆန်းသော မြူခိုးအလွှာတစ်ခုက သူ၏ မျက်ဝန်းထဲမှ ပျံ့လွင့်လာဟန်ရပြီး ဘေးပတ်ဝန်းကျင်ကို ပန်းရောင်စွန်းထင်သွားစေသည်။
“ ဘာလို့လဲ မောင်လေး… ဘာလို့ တဲ့တိုးပြောရတာလဲ… အဲ့လိုဆို ပျော်စရာမကောင်းတော့ဘူး… မမနောက်ကိုသာ လိုက်ခဲ့စမ်းပါ… မင်းသာ သဘောတူမယ်ဆို အဲ့ဒီကျောက်ကပ်တစ်ခုတင်မကဘူး နောက်ထပ်ကျောက်ကပ်တစ်ခုကိုပါ မမပေးမယ် ”
“ အဲ့ဒါက မင်းရဲ့ ခန္ဓာကိုယ်ကို အာဟာရဖြည့်ပေးမယ့်ဟာလို့ အစကတည်းက မမပြောခဲ့တာပဲ မဟုတ်ဘူးလား… ဒါနဲ့ မင်းက ကျောက်ကပ်ကို ဘာနဲ့လဲလှယ်မှာလဲ ”
“ မင်းရဲ့ ယန်အဆီအနှစ်နဲ့လား ”
ယန်အဆီအနှစ်ဟု ပြောလိုက်သည့်အခါ ရွှံ့မြေခွေး၏ မျက်လုံးထဲမှ လိုချင်တောင့်တမှုသည် ပိုပြီးပြင်းထန်လာသည်။ သူက အနီရောင်နှုတ်ခမ်းကို ညင်သာစွာ ဖိကိုက်လိုက်ပြီး ရွှီချင်းကို ရတနာတစ်ခုပမာ ကြည့်လိုက်သည်။
သူ၏ အသံသည်ပင် ယခင်ကထက် ပိုချိုသာလာသည်။ ဤသည်မှာ သူ၏ အသံကို ပျားရည်ထဲမှာ စိမ်ထားသည့်အလားပင်။
ရွှီချင်းသည် ဤနေရာသို့ မလာခင်ကတည်းက သူ့စိတ်ကို အသင့်ပြင်ထားခဲ့သော်လည်း ထိုသို့အကြည့်မျိုးဖြင့် အကြည့်ခံလိုက်ရသောအခါ စိတ်မသက်မသာ ခံစားမိလာသည်။
“ စီနီယာ… ငါ့ရဲ့ ဆရာခြောက်ယောက်စလုံးက တူညီတဲ့ အကြံဉာဏ်ကို ပေးပါတယ်… ဒီတောင်းဆိုမှုကို ငါတကယ် မဖြည့်ဆည်းပေးနိုင်ပါဘူး… ဒါပေမဲ့ မင်းရဲ့ လိုအင်ဆန္ဒကို ဖြည့်ဆည်းပေးနိုင်မယ့် စီနီယာအကိုတစ်ယောက်တော့ ငါ့မှာ ရှိပါတယ် ”
“ ငါက ဂိုဏ်းကို နောက်ကျမှ ဝင်ရောက်ခဲ့တာပါ… ငါ့ရဲ့ စီနီယာအကိုကြီးက ငါ့ထက် အစောကြီး ဂိုဏ်းထဲ ဝင်ရောက်ခဲ့ပါတယ်… သူလည်းပဲ တူညီတဲ့ ကျင့်ကြံခြင်းအတတ်ပညာကို ကျင့်ကြံပြီး ယန်အဆီအနှစ်ရှိပါတယ်… စီနီယာက သူ့ဆီကနေ ယန်အဆီအနှစ်ကို ကြိုက်သလောက် ယူဆောင်နိုင်ပါတယ် ”
ရွှီချင်းသည် လေးနက်သော အမူအရာဖြင့် ရွှံ့မြေခွေးကို ကြည့်လိုက်ပြီး ရိုးသားစွာ ပြောသည်။
ရွှံ့မြေခွေးသည် မျက်လုံးဝင်းလက်သွားသည်။
“ သူ့ပုံစံဘယ်လိုရှိလဲ ငါကြည့်ပါရစေဦး ”
ရွှီချင်းသည် ကျောက်စိမ်းပြားတစ်ခုကို ထုတ်လိုက်ပြီး သူ့စီနီယာအကိုကြီး၏ အသွင်ပုံစံကို ထုတ်ဖော်လိုက်သည်။ သူက စီနီယာအကိုကြီးကို ပိုပြီးကြည့်ကောင်းစေရန် အနည်းငယ် ပြုပြင်လိုက်သေးသည်။
သို့သော်လည်း ရွှံ့မြေခွေး၏ အကြည့်က ချန်းအားညိုပေါ်သို့ ကျရောက်သွားသည့်အခါ သူက အထင်သေးရှုံ့ချစွာ နှုတ်ခမ်းတွန့်လိုက်သည်။
“ အရုပ်ဆိုးတယ်… အရမ်းအရုပ်ဆိုးတယ်… သူ့ရဲ့ ယန်အဆီအနှစ်က ဘယ်လောက်ပဲ သိပ်သည်းပါစေ ငါ့ဗိုက်ထဲတော့ မထည့်နိုင်ဘူး ”
ရွှီချင်းက နှုတ်ဆိတ်သွားသည်။ သူက စကားပြောတော့မည့်အချိန် ရွှံ့မြေခွေးက ရုတ်တရက် လက်ဝှေ့ယမ်းလိုက်ပြီး ရွှေရောင်ကျောက်ကပ်ကို ရွှီချင်းထံသို့ ပစ်ပေးလိုက်သည်။
ရွှီချင်းသည် အံ့ဩသွားပြီး ချက်ချင်း ဖမ်းယူလိုက်သည်။
ရွှံ့မြေခွေးသည် ခေါင်းမော့လိုက်ပြီး အပေါ်မှ မီးခိုးရောင်လောကကို ကြည့်လိုက်သည်။ သူက အေးဆေးတည်ငြိမ်စွာ ပြုံးလိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။
“ ဘယ်လို အလဲအလှယ်လုပ်ရမလဲဆိုတာ မင်းစဉ်းစားနေဖို့ မလိုပါဘူး ”
“ မောင်လေးက မမကို ငြင်းဆန်ဖို့ပဲ အမြဲတွေးနေတယ်… တကယ်တော့ မင်းသေချာတွေးကြည့်စမ်းပါ… မင်းသာ မမရဲ့ လက်တွဲဖော်ဖြစ်လာမယ်ဆိုရင် အနာဂတ်မှာ ဘယ်သူက မင်းကို အနိုင်ကျင့်ရဲမှာလဲ… မမကို ကောင်းကောင်းမွန်မွန် ပြုစုပေးစမ်းပါ… အဲ့ဒါက ပိုမကောင်းဘူးလား ”
“ ဒါပေမဲ့ မမက အတင်းဖိအားပေးတာမျိုးကို သဘောမကျဘူး… တကယ်လို့ ဒီကျောက်ကပ်ကို မင်းရဲ့ ယန်အဆီအနှစ်နဲ့ လဲလှယ်မယ်ဆိုရင် နစ်နာမယ့်လူက မင်းပါ… ဒီတော့ မင်းသဘောမတူတာ မဆန်းပါဘူး ”
“ ထားလိုက်ပါတော့ ထားလိုက်ပါတော့… မင်းက ဘာလို့များ အဲ့လောက် ဆွဲမက်ဖွယ်ကောင်းနေရတာလဲ… ဒီကျောက်ကပ်ကို စရန်အနေနဲ့ မမ မင်းကို ပေးလိုက်မယ်… အနာဂတ်မှာ ပိုကောင်းမွန်တဲ့ ရတနာတစ်ခုကို ရှာတွေ့တော့မှပဲ မင်းရဲ့ ယန်အဆီအနှစ်နဲ့ မမလဲလှယ်တော့မယ် ”
“ အခုတော့ မင်း မမကို အကူအညီတစ်ခုပေးရလိမ့်မယ်… မမနဲ့ တစ်နေရာဆီ လိုက်ခဲ့ပေးပါ… မင်းရဲ့ယန်အဆီအနှစ်ကို အသုံးပြုပြီး မမအတွက် လမ်းခင်းပေးပါ ”
ထိုသို့ပြောပြီးနောက် ရွှံ့မြေခွေးသည် သူ၏ ကျောက်စိမ်းလက်ကို ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် လှိုင်းဂယက်များက သူ့အရှေ့မှာ ထွက်ပေါ်လာပြီး ဟင်းလင်းပြင်က တိုက်ရိုက် ဆုတ်ပြဲသွားသည်။ ထို့နောက် ကြီးမားသော အက်ကွဲကြောင်းတစ်ခုက ဟင်းလင်းပြင်ထဲမှာ လျှောက်လှမ်းတစ်ခုသဖွယ် ထွက်ပေါ်လာသည်။
ထိုအက်ကွဲကြောင်းသည် မတည်ငြိမ်ပေ။ တစ်ခါတစ်ရံ ပွင့်သွားပြီး တစ်ခါတစ်ရံ ပိတ်သွားသည်။ ဤသည်မှာ အထဲတွင် ဆန့်ကျင်ဘက် အင်အားနှစ်ခုက တွန်းကန်နေဟန် ရသည်။
အတွင်းဘက်တွင်တော့ မှောင်မည်းနေသည်။ ရံဖန်ရံခါ ကျောချမ်းသွားစေမည့် ဟိန်းသံများက အထဲမှ ပျံ့လွင့်ထွက်လာသည်။ ထို့ပြင် ကြောက်စရာကောင်းသော အရှိန်အဝါနှင့် အရိုးခိုက်ခိုက်တုန်စေမည့် အအေးဓာတ်သည် အက်ကွဲကြောင်းထဲမှ ထွက်ပေါ်နေသည်။ သာမန်ကျင့်ကြံသူများဆိုလျှင် ထိုအအေးဓာတ်ဖြင့် ထိတွေ့လိုက်သည်အခါ သူတို့၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်သည် သေချာပေါက် အက်ကွဲသွားလိမ့်မည်။
သို့သော်လည်း ဤလှိုင်ဂူထဲမှာ ထိုအအေးဓာတ်က ဖိနှိပ်ခံထားရကြောင်း ရှင်းလင်းသည်။ ယင်းက အပြင်သို့ မပျံ့နှံ့သွားပေ။
“ သွားကြစို့ ”
ရွှံ့မြေခွေးသည် ပြုံးလိုက်ပြီး ဘေးသို့ လှည့်လိုက်သည်။ သူ၏ ခန္ဓာကိုယ်က အနည်းငယ် လှုပ်ယမ်းသွားပြီး ကြော့ရှင်းတင့်တယ်သော ခြေလှမ်းဖြင့် ဆက်လျှောက်သွားသည်။ သူက အက်ကွဲကြောင်းဆီသို့ လျှောက်သွားနေစဉ် အနီရောင်ဇာဖြင့် ဖုံးလွှမ်းထားသော သူ၏ တင်နှင့် ခါးသည် ညှို့ဓာတ်ပြင်းစွာ လှုပ်ခါသွားသည်။
သူက အက်ကွဲကြောင်းထဲသို့ မဝင်သွားပေ။ ယင်းအစား သူက နေရာမှာ ရပ်လိုက်ပြီး ရွှီချင်းကို ပြုံးလျက် လှည့်ကြည့်လိုက်သည်။
ရွှီချင်းသည် ခေါင်းငုံ့လိုက်ပြီး သူ၏ လက်ထဲမှ ကျောက်ကပ်ကို တိတ်တဆိတ် ကြည့်လိုက်သည်။ ထို့နောက် သူက အက်ကွဲကြောင်း၏ အရှေ့မှ ရွှံ့မြေခွေးကို ကြည့်လိုက်သည်။ သူက တစ်ခဏကြာ စဉ်းစားလိုက်သည်။
နောက်ဆုံးမှာတော့ ဆုံးဖြတ်ချက်ပြတ်သားမှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာပြီး အရှေ့သို့ လျှောက်သွားသည်။
အေးစက်စက် လေသည် သူ၏ အဝတ်အစားများကို တိုက်ခတ်သွားသည်။ ရွှီချင်းသည် ရွှံ့မြေခွေးနှင့်အတူ အက်ကွဲကြောင်းထဲသို့ ခြေချလိုက်ပြီး အမှောင်ထုထဲသို့ ဝင်ရောက်သွားသည်။
ရွှီချင်းက အထဲဝင်ရောက်သွားသည်နှင့် အက်ကွဲကြောင်းသည် မြန်ဆန်စွာ ပျောက်ကွယ်သွားသည်။
လှိုင်ဂူထဲမှ ဖိအားသည်လည်း ချက်ချင်း လွင့်ပြယ်သွားသည်။ အချိန်အတော်ကြာပြီးနောက် အားလှိုင်းအတတ်အကျများသည် လှိုင်ဂူထဲမှာ ထွက်ပေါ်လာပြီး ပုံရိပ်နှစ်ခု ထွက်ပေါ်လာကြသည်။
သူတို့က အိမ်ရှေ့စံမင်းသားနှင့် မင်းသမီးမင်မိန်ဖြစ်သည်။
ရွှီချင်းသည် ဤနေရာသို့ တစ်ယောက်တည်း အလျင်စလို ဝင်လာခဲ့ခြင်းမဟုတ်ပေ။ သူက ချိုင့်ဝှမ်းထဲသို့ ရောက်ရှိသွားသည်နှင့် အိမ်ရှေ့စံမင်းသားထံမှ အကြံဉာဏ်ကို တောင်းခံခဲ့သည်။ သို့ဖြစ်၍ လမ်းတစ်လျှောက်တွင် အိမ်ရှေ့စံမင်းသားနှင့် မင်းသမီးမင်မိန်သည် သူ့နောက်မှ တိတ်တဆိတ် လိုက်ပါလာခဲ့ကြသည်။
ဤအခိုက်အတန့်မှာ သူတို့နှစ်ယောက်က အက်ကွဲကြောင်း ပျောက်ကွယ်သွားသော နေရာကို တည်ကြည်လေးနက်သော အမူအရာဖြင့် ကြည့်နေကြသည်။
“ ဒီကောင်လေးရဲ့ အမြင်မမှားဘူး… အဲ့ဒါက နတ်ဘုရားတစ်ပါးပဲ… သူက ငါတို့ကို အာရုံခံမိပေမဲ့ တိတ်တဆိတ် စောင့်ကြည့်ဖို့ ခွင့်ပြုခဲ့တယ် ”
“ ဒါပေမဲ့ သူ့မှာ ရွှီချင်းအပေါ် မကောင်းတဲ့ ရည်ရွယ်ချက် မရှိဘူးဆိုတာ ငါအာရုံခံနိုင်တယ်… ပြီးတော့ ဒီကိုရောက်လာတာ သူ့ရဲ့ မူလခန္ဓာကိုယ်မဟုတ်ဘူး… အဲ့ဒါက နတ်ဘုရားအာရုံအမျှင်တန်းတစ်ခုပဲ… သူ့ရဲ့ ဇစ်မြစ်ကိုတော့ လောလောဆယ် ငါမဆုံးဖြတ်နိုင်သေးဘူး ”
“ ပြီးတော့ သူ့ရဲ့ ရည်ရွယ်ချက်ကိုလည်း မသိရဘူး ”
“ ငါအစက သူ့ကို တားဖို့ ဆုံးဖြတ်ထားတာ… အမတော်က ဘာလို့ ငါ့ကို ခွင့်မပြုတာလဲ ”
အိမ်ရှေ့စံမင်းသားသည် သူ၏ တတိယအမတော်ကို ကြည့်လိုက်သည်။
မင်းသမီးမင်မိန်သည် အိမ်ရှေ့စံမင်းသား၏ မေးခွန်းကို ပြန်မဖြေခင် တစ်ခဏကြာ တိတ်ဆိတ်သွားသည်။
“ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ရဲ့ အဆင့်မြင့်နတ်ဘုရားတွေကို နေ၊ လနဲ့ ကြယ်ဆိုပြီး ခွဲခြားထားတယ်… သူတို့ထဲမှာ နေနတ်ဘုရားက နှစ်နှစ်ချိုက်ချိုက် အိမ်မောကျနေတယ်… လနတ်ဘုရားက အခု နိုးထလာပြီ… ကြယ်နတ်ဘုရားက လျှို့ဝှက်ဆန်းကြယ်နေတုန်းပဲ… ဒီနေရာရဲ့ အပြင်အဆင်ကို လေ့လာကြည့်မယ်ဆိုရင် အဲ့ဒါက လျှို့ဝှက်ဆန်းကြယ်တဲ့ အဆင့်မြင့်နတ်ဘုရားမီလျှံကြယ်နဲ့ ပတ်သက်နေတာ ဖြစ်နိုင်တယ် ”
“ ဒါကြောင့် ငါနင့်ကို ပိတ်ပင်ရတာပဲ… သူ့ရဲ့ ရည်ရွယ်ချက်ကို အကြမ်းဖျဉ်း ငါခန့်မှန်းမိတယ်… အဲ့ဒါက ရွှီချင်းအတွက် အခွင့်အရေးပဲ ”
ဤသည်ကို အိမ်ရှေ့စံမင်းသားကြားသောအခါ သူက နက်နဲစွာ တွေးတောလိုက်သည်။
ဤအခိုက်အတန့်မှာ ရွှီချင်းနှင့် ရွှံ့မြေခွေးသည် အက်ကွဲကြောင်းထဲမှာ အရှေ့သို့ ရွေ့လျားသွားနေကြသည်။
ရွှံ့မြေခွေးသည် လက်ထဲမှာ မီးအိမ်တစ်လုံးကို ကိုင်ဆောင်ထားသည်။ မီးအိမ်သည် အလင်းရောင်ဖျော့ဖျော့ ထုတ်လွှတ်နေသည်။
သို့သော်လည်း အနီးကပ်သေချာကြည့်မည်ဆိုလျှင် ထိုမီးအိမ်၏ အလင်းရောင်က ရွှီချင်းထံမှဖြစ်ကြောင်း မြင်နိုင်လိမ့်မည်။
မရေမတွက်နိုင်သော အလင်းအစက်အပြောက်များသည် ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ လွင့်မျောထွက်လာကြသည်။ ယင်းတို့က ရွှံ့မြေခွေး၏ ညွှန်ပြမှုအောက်မှာ မီးအိမ်နှင့် ပေါင်းစပ်သွားကြပြီး အလင်းရောင်၏ အရင်းအမြစ်ဖြစ်လာသည်။
အလင်းရောင်၏ အပြင်ဘက်တွင် အသူရာချောက်နက်သဖွယ် မည်းမှောင်နေသည်။ ဤနေရာတွင် လမ်းကြောင်းမရှိပေ။ အဆုံးမဲ့သော အေးစက်စက်လေသာ ရှိ၏။ ထို့ပြင် ထိတ်လန့်ဖွယ်ကောင်းသော ဟိန်းသံများနှင့် အော်ညည်းသံများက ရံဖန်ရံခါ ထွက်ပေါ်လာလေ့ ရှိသည်။
သို့သော်လည်း မီးအိမ်ထဲမှ အလင်းရောင်က ဖိနှိပ်စွမ်းအားတစ်မျိုးကို ပိုင်ဆိုင်ထားကြောင်း ရှင်းလင်းသည်။ ဘေးပတ်ဝန်းကျင်မှ ဟိန်းသံများက ပိုပြီးပြင်းထန်လာနေသော်လည်း မည်သည့်သတ္တဝါမှ အနားမကပ်လာဝံ့ကြပေ။ သူတို့နှစ်ယောက်က အရှေ့သို့ ဆက်လက် လျှောက်သွားနေသည်နှင့်အမျှ အမှောင်ထုသည် မင်ရည်သဖွယ် ကွဲထွက်သွားသည်။
ထိုအရာအားလုံးကို ကြည့်နေရင်း ရွှီချင်းသည် အနောက်မှ တိတ်ဆိတ်စွာ လိုက်သွားသည်။ တစ်ချိန်တည်းမှာ သူက သတိကြီးစွာထားနေသည်။
ဤနေရာက မည်သည့်နေရာဖြစ်ကြောင်း သူမသိသော်လည်း မီးအလင်းရောင်၏ အပြင်ဘက်တွင် ဒြပ်နှောများက အလွန်ပေါများကြောင်း သူအာရုံခံနိုင်သည်။
ထို့ပြင် ဒြပ်နှောက အမျိုးအစားတစ်မျိုးတည်း မဟုတ်ပေ။ အမျိုးအစားအများကြီး ဖြစ်သည်။
ရွှီချင်းက နက်နဲစွာ တွေးတောလိုက်သည်။ ထို့နောက် သူက ရွှံ့မြေခွေး၏ လက်ထဲမှ မီးအိမ်ကို ကြည့်လိုက်သည်။
ဤနေရာကို ဖိနှိပ်ထားသော အရာက မီးအလင်းရောင်ဖြစ်ဟန် ထင်ရသော်လည်း အမှန်မှာ မီးအိမ်ကသာ ဖိနှိပ်အားကို ထုတ်လွှတ်နေခြင်းဖြစ်ကြောင်း သူပြောနိုင်သည်။
မီးအလင်းရောင်က လမ်းပြပေးရန်သက်သက်သာ ဖြစ်သည်။
သူတို့က အရှေ့သို့ ရွေ့လျားသွားနေစဉ် မီးအိမ်ပေါ်မှ အလင်းရောင်သည် ဦးတည်ရာတစ်ခုဆီသို့ ပဲ့တင်ထပ်လာသည်။
“ မင်းရဲ့ ယန်အဆီအနှစ်က တကယ်သန့်စင်တာပဲ ”
ရွှီချင်းက မီးအိမ်ကို လေ့လာနေစဉ် ရွှံ့မြေခွေးက နူးညံ့စွာ ပြောသည်။ သူ၏ အသံသည် အလွန်သာယာသည်။ ယင်းက ဤဟင်းလင်းပြင်ထဲမှာ တစ်စုံတစ်ယောက်ကို စိတ်သက်သာရာရစေပြီး စိတ်အေးသွားစေနိုင်သည်။
ရွှီချင်းသည် မီးအိမ်ထံမှ သူ၏ အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ရုတ်တရက် ပြောသည်။
“ စီနီယာ… တကယ်တော့ ဒီနေရာကို ဝင်ဖို့ဆိုရင် ယန်အဆီအနှစ်ကို မလိုအပ်ဘူးမဟုတ်လား… စီနီယာရဲ့ စွမ်းရည်နဲ့ဆိုရင် ဘယ်နေရာကိုမဆို အလွယ်တကူ ဝင်နိုင်ပါတယ် ”
ရွှံ့မြေခွေးသည် ခေါင်းလှည့်လိုက်ပြီး သူ၏ ရွှန်းလဲ့တောက်ပသော မျက်လုံးဖြင့် ရွှီချင်းကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ ချီးမွမ်းသော အရိပ်အယောင် ရှိသည်။
“ မောင်လေးက မြန်မြန်သတိထားမိသွားတာပဲ ”
“ ဟုတ်တယ်… မင်းရဲ့ ယန်အဆီအနှစ်က လမ်းပြပေးဖို့ သက်သက်ပဲ… ဘာလို့လဲဆိုတော့ အခုသွားမယ့်နေရာက အရင်က မင်းရောက်ဖူးတဲ့နေရာဖြစ်လို့ပဲ ”
ဤသည်ကို ရွှီချင်းကြားသောအခါ သူ၏ အကြည့်သည် အေးခဲသွားသည်။
ထိုအခိုက်အတန့်မှာ မီးအိမ်မှ အလင်းရောင်သည် ရုတ်တရက် အလွန်သိပ်သည်းလာသည်။ အလင်းရောင်၏ တောက်ပမှုအောက်မှာ အဝေးမှ ဟင်းလင်းပြင်ရှိ အမှောင်ထုသည် လွင့်ပြယ်သွားသည်။ ထို့နောက် အက်ကွဲကြောင်းတစ်ခု ထွက်ပေါ်လာသည်။
“ ငါတို့ရောက်ပြီ ”
ရွှံ့မြေခွေး၏ အမူအရာမှာ မျှော်လင့်သော အရိပ်အယောင်သန်းလာသည်။ သူ၏ တောက်ပသော မျက်လုံးက တလက်လက် ဝင်းလက်လာသည်။ သူ၏ မို့မောက်သော ရင်ဘက်က စိတ်လှုပ်ရှားမှုကြောင့် နိမ့်ချည်မြင့်ချည် လှုပ်ခါလာသည်။ သူ၏ မြန်ဆန်သော ရွေ့လျားမှုကြောင့် ပါးလွှာသော ဇာသည် သူ၏ ခန္ဓာကိုယ်ပေါ်မှ အနည်းငယ် လျောကျသွားသည်။
“ နောက်ဆုံးတော့ မင်းကို ရှာတွေ့ပြီ ”
ရွှံ့မြေခွေးသည် ချက်ချင်း အရှေ့သို့ လျှောက်သွားပြီး အက်ကွဲကြောင်း၏ ဘေးသို့ ရောက်ရှိသွားသည်။ သူက အထဲသို့ ကြည့်လိုက်သည်။
အက်ကွဲကြောင်းကို ကြည့်လိုက်သည့်အခါ ရွှီချင်း၏ နှလုံးသည် တုန်လှုပ်သွားသည်။
အက်ကွဲကြောင်းထဲတွင် မီးခိုးရောင်အလင်းရှိသည်။ ဤသည်မှာ မီးခိုးရောင်သဲမုန်တိုင်းတစ်ခုက အက်ကွဲကြောင်းထဲမှာ ရှိနေသည့်အလားပင်။ အက်ကွဲကြောင်း၏ အနက်ပိုင်းထဲတွင် သိသာထင်ရှားသော သစ်သားတံခါးတစ်ခု ရှိသည်။
သစ်သားတံခါးပေါ်တွင် ထိတ်လန့်ဖွယ်ကောင်းသော ကုတ်ခြစ်ရာများရှိကြောင်း မသဲမကွဲ မြင်နိုင်လိမ့်မည်။ ယင်းတို့က အမှောင်ထု၊ ပျက်စီးမှုနှင့် ထူးခြားဆန်းကြယ်မှုတို့ကို ထုတ်လွှတ်နေသည်။
သစ်သားတံခါးကို မြင်လိုက်ရသောအခါ ရွှီချင်း၏ ခန္ဓာကိုယ်သည် တုန်ယင်သွားသည်။
ထိုနေရာကို ယခင်က သူရောက်ဖူးသည်။