← Chapters

လပုန်ကန်ခန်းမ၏ အပြောင်းအလဲ

Vol. 68 Ch. 1057

လပုန်ကန်ခန်းမ၏ အပြောင်းအလဲ

Vol. 68 Ch. 1057

စတေးခံယင်မြစ်၏ ကမ်းစပ်ပေါ်တွင် ဖန်းချွန်လမ်းအဖိုးအိုသည် မိုင်ပေါင်းထောင်သောင်းချီဝေးကွာသော ဖုန်းဟိုင်ဒေသငယ်မှ ခရီးထွက်လာခဲ့ပြီး လမ်းခရီးကြမ်းတမ်းမှုနှင့် လင်းအာ၏ ခက်ခဲကြမ်းတမ်းသော ဘဝအကြောင်းကို ညည်းညူနေသည်။

ဤအခိုက်အတန့်မှာ ထိုလူရည်ညွှန်းသော လင်းအာသည် ဆေးဆိုင်၏ နောက်ဖေးခန်းထဲမှာ တင်ပျဉ်ခွေထိုင်နေသည်။ ဤရက်များတွင် သူ့ဘဝသည် အပူအပင်ကင်းမဲ့သည်။ အဖိုးအိုနှင့် အဖွားအိုများသည် သူ့ကို ချစ်ခင်ကြင်နာကြသည်။ ထို့ပြင် ရွှီချင်းနှင့် သူ့ကြားမှ ဆက်ဆံရေးကြောင့် သူက မင်းသမီးလေးသဖွယ် ခံစားနေရသည်။ ယင်းက သူ၏ မျက်နှာကို ပိုပြီးပြည့်ဖြိုးလာစေသည်။

သူ၏ ပြည့်ဖြိုးသော မျက်နှာက သူ့ကို ပိုပြီးချစ်စရာကောင်းစေသည်။

ယခု သူက ရွှီချင်းပေးထားသော အရိုးဆေးလုံးကို လက်ထဲမှာ ဆုပ်ကိုင်ထားသည်။

ထိုအရိုးဆေးလုံးကို ရွှံ့မြေခွေးက သိမ်းဆည်းထားခြင်းဖြစ်လေရာ မည်သို့မှ သာမန်မဖြစ်နိုင်ပေ။ ယင်းက ရှေးဟောင်းဝိညာဉ်မျိုးနွယ်၏ အစွမ်းထက် ပညာရှင်ကျင့်ကြံသူတစ်ဦးထံမှ သန့်စင်ထားခြင်း ဖြစ်ရမည်။

ယင်းက တခြားမျိုးနွယ်များအတွက် သိပ်အသုံးမဝင်သော်လည်း ရှေးဟောင်းဝိညာဉ်မျိုးနွယ်အတွက်တော့ အထွတ်အမြတ် ရတနာတစ်ခု ဖြစ်သည်။

အထူးသဖြင့် လင်းအာအတွက် ဖြစ်သည်။ သူက ရှေးဟောင်းဝိညာဉ်မျိုးနွယ်၏ ကောင်းချီးပေးခံထားရသောကြောင့် သွေးမျိုးစက်ကျိန်စာ ထကြွလာမည်ကို အချိန်တစ်ခုထိ စိတ်ပူစရာမလိုပေ။ သို့ဖြစ်၍ ထိုအရိုးဆေးလုံး၏ အစွမ်းကို စုပ်ယူရာတွင် သူ့အတွက် မည်သည့်ကန့်သတ်ချက်မှ မရှိပေ။ သူစုပ်ယူနိုင်သော အကန့်အသတ်က သူ့ကိုယ်ပိုင်အကန့်အသတ်သာ ဖြစ်သည်။

ထို့ပြင် ရွှီချင်းက ဘေးမှာ စောင့်ကြပ်ပေးနေသောကြောင့် မည်သည့်ပြဿနာမှ မရှိနိုင်ပေ။

ခဏကြာပြီးနောက် လင်းအာက သူ၏ ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်လိုက်သည့်အခါ အရိုးဆေးလုံးသည် တဖြည်းဖြည်း အရည်ပျော်သွားပြီး ငွေရောင်မြူခိုးအသွင် ပြောင်းလဲသွားသည်။ ထို့နောက် မြူခိုးသည် သူ၏ ပါးစပ်နှင့် နှာခေါင်းထဲသို့ တိုးဝင်သွားပြီး ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့သွားသည်။ တစ်ချိန်တည်းမှာ သူ၏ ခန္ဓာကိုယ်ထဲမှ ကျင့်ကြံခြင်းအားလှိုင်းများသည် ရုတ်တရက် မြင့်တတ်လာသည်။

သူက ရွှီချင်းနှင့်အတူ လဝတ်ပြုဒေသကြီးဆီသို့ ပထမဆုံးအကြိမ် ရောက်ရှိလာခဲ့စဉ်က သူ၏ ကျင့်ကြံခြင်းသည် အခြေတည်အဆင့်မှာသာ ရှိ၏။ သို့သော်လည်း ယင်းက မတည်ငြိမ်ပေ။ သူက အပြောင်းအလဲများစွာကို တွေ့ကြုံပြီးနောက် သူ၏ ကျင့်ကြံခြင်းက တည်ငြိမ်သွားသည်။

ရှေးဟောင်းဝိညာဉ်မျိုးနွယ်၏ ကျင့်ကြံခြင်းနည်းလမ်းသည် တခြားမျိုးနွယ်များနှင့် ခြားနားသည်။ သူတို့က ဓမ္မသွေးကြောအမှတ်များ ဖွင့်လှစ်ခြင်းနှင့် အသက်မီးတောက်ကို ဖွဲ့စည်းရန် မလိုအပ်ပေ။ အရိုးဆေးလုံး၏ အားဖြည့်ပေးမှုအောက်မှာ လင်းအာ၏ ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါသည် ရွှေအမြူတေအဆင့်သို့ ချဉ်းကပ်သွားနေသည်။

ထိုမြင်ကွင်းက ထူးခြားသည်ဟု ရွှီချင်း ခံစားမိသည်။

“ အဲ့ဒါက တားမြစ်အဆိပ်ဆေးလုံးနဲ့ တူတယ်…ရှေးခေတ်က ကျင့်ကြံခြင်းနည်းလမ်းက အခုခေတ်နဲ့ ခြားနားတယ် ”

ရွှီချင်းသည် တီးတိုးရေရွတ်လိုက်သည်။ ဆန္ဒသေတ္တာထဲမှ တားမြစ်အဆိပ်ဆေးလုံးက သူ၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားပြီးနောက် ထိုသို့ဖြစ်ပေါ်လာခဲ့သည်။ သို့သော်လည်း ရွှီချင်းနှင့် တားမြစ်အဆိပ်ဆေးလုံးသည် အရင်းအမြစ် မတူညီပေ။ ထို့ကြောင့် သူက သွယ်ဝိုက်သော နည်းလမ်းကို အသုံးပြုပြီး တားမြစ်အဆိပ်ဆေးလုံးကို သူ၏ နတ်နန်းတော်ဖြင့် ပေါင်းစပ်ခဲ့ခြင်း ဖြစ်သည်။ ထိုသွယ်ဝိုက်သော နည်းလမ်းကို ပဏာမ ထိန်းချုပ်ခြင်းနည်းလမ်းအဖြစ် ယူဆနိုင်သည်။

သို့သော်လည်း ယင်းက လင်းအာအတွက် မတူညီပေ။

ငွေရောင်မြူခိုးအားလုံးက လင်းအာ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားသည်နှင့်အမျှ သူ၏ လက်ထဲမှ အရိုးဆေးလုံးသည် ပျောက်ကွယ်သွားသည်။ ယင်းက ပြန်ပေါ်လာသည့်အခါ သူ၏ ခန္ဓာကိုယ်ထဲတွင် အမြူတေအဖြစ် ထွက်ပေါ်လာသည်။

ချက်ချင်းပင် သွေးမျိုးစက်စွမ်းအားသည် ပေါ်လျှိုးထွက်လာသည်။ သူ၏ သွေးနှင့် ချီက ပေါ်ထွက်လာသည်နှင့်အမျှ သံချပ်ကာဝတ်စုံဖြင့် စစ်နတ်ဘုရားမတစ်ပါးသည် လင်းအာ၏ အနောက်မှာ ဝေဝေဝါးဝါး ထွက်ပေါ်လာသည်။

ထိုအမျိုးသမီးသည် အရပ်ရှည်ပြီး ချောမောသည်။ အထူးသဖြင့် သူ၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက အလွန်ပြင်းထန်သည်။ သူက လက်ထဲမှာ လှံတစ်ချောင်းကို ဆုပ်ကိုင်ထားသည်။ သူ၏ ဘေးပတ်ပတ်လည်တွင် နဂါးများနှင့် မြွေများ ထွက်ပေါ်လာကြပြီး ကောင်းကင်ကို ဟိန်းဟောက်လိုက်ကြသည်။

ယင်းက ရှေးဟောင်းဝိညာဉ်မျိုးနွယ်၏ အစစ်အမှန်ခန္ဓာကိုယ် ဖြစ်သည်။

ထိုမျိုးနွယ်သည် မြွေအဖြစ် မွေးဖွားလာပြီး အရွယ်ရောက်လာမှသာ လူသားအသွင်သို့ ပြောင်းလဲနိုင်သည်။ သူတို့၏ သွေးမျိုးစက်က အားကောင်းလာသည့်အခါ ကောင်းကင်နဂါးများသည် သူတို့၏ ရဲဘော်ရဲဘက်များ ဖြစ်လာကြလိမ့်မည်။ နဂါးများနှင့် မြွေများက သူတို့ကို အကာအကွယ်ပေးကြပြီး သူတို့၏ တိုက်ပွဲခန္ဓာကိုယ်သည် အလွန်သန်မာသည်။

“ မွန်းစတား ”

ထူးဆန်းသော အလင်းရောင်သည် ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ လင်းအာ၏ ကျင့်ကြံခြင်းနည်းလမ်းက သားရဲကောင်တချို့နှင့် ဆင်တူကြောင်း သူသတိပြုမိသည်။ သူက သွေးမျိုးစက်စွမ်းအားကို လှုံ့ဆော်ပြီး ကိုယ်ပိုင်အမြူတေကို သန့်စင်ရန် အဓိကအာရုံထားရလိမ့်မည်။

ဤအဆင့်ချိုးဖြတ်မှုသည် လင်းအာအတွက် အလွန်အရေးကြီးသည်။ ကျင့်ကြံခြင်းပြီးမြောက်ရန် သူ့အတွက် အချိန်တစ်ခုလိုအပ်လိမ့်မည်။ မကြာမီ ကျင့်ကြံခြင်းမှာ စိတ်နစ်မြှုပ်ထားသော လင်းအာသည် အလင်းတန်းသို့ ပြောင်းလဲသွားပြီး ရွှီချင်း၏ လက်ကောက်ဝတ်ပေါ်သို့ ကျရောက်သွားသည်။ ယင်းက အမှတ်အသားတစ်ခု ဖြစ်လာသည်။

ထိုအမှတ်အသားမှတဆင့် လင်းအာ၏ အခြေအနေကို ရှင်းလင်းစွာ သူအာရုံခံနိုင်သည်။ လင်းအာက အဆင်ပြေချောမွေ့ကြောင်း အာရုံခံမိသွားသောအခါ ရွှီချင်းသည် သူ၏ ဝိညာဉ်နတ်သူငယ်များကို စစ်ဆေးကြည့်လိုက်သည်။

“ ခရမ်းလကလွဲလို့ ငါ့ရဲ့ တခြားဝိညာဉ်နတ်သူငယ်တွေကို စတုတ္ထကောင်းကင်ကဒ်ဘေးဒုက္ခရဲ့ အထွတ်အထိပ်ထိရောက်အောင် အရင်လုပ်ရမယ်… ဒါမှ ပဉ္စမကောင်းကင်ကဒ်ဘေးဒုက္ခကို ငါဆင့်ခေါ်နိုင်မယ် ”

“ ပဉ္စမကောင်းကင်ကဒ်ဘေးဒုက္ခကို တွေ့ကြုံပြီးသွားရင် ငါက ပြီးပြည့်စုံတဲ့ ဝိညာဉ်နတ်သူငယ်အဆင့်ကို ရောက်ရှိသွားလိမ့်မယ် ”

“ ပြီးတော့ ကျောက်ကပ်ကို စီနီယာအကိုကြီးဆီ ပို့ပေးရဦးမယ် ”

ထိုသို့တွေးမိသောအခါ ရွှီချင်းသည် ကြေးမုံကို ထုတ်လိုက်ပြီး အမြင့်မြတ်ဆုံးဘုရားကျောင်းထဲသို့ ဝင်ရောက်သွားသည်။ သူက ဘုရားကျောင်းထဲမှ လီဇီဟွား၏ ရုပ်တုဖြင့် ပေါင်းစပ်သွားပြီး မျက်လုံးဖွင့်လိုက်သည့်အခိုက် ခေါင်းဆောင်၏ အော်ခေါ်သံကို ကြားလိုက်ရသည်။

“ ချင်းလေး… ငါ့ကျောက်ကပ်ကို အာရုံခံမိတယ် ”

“ အဲ့ဒါက မင်းဆီမှာ မဟုတ်လား ”

“ ဂျူနီယာညီလေး… မင်း ငါ့ကြောင့် ဒီတစ်ခေါက် ကြီးကြီးမားမား အနစ်နာခံလိုက်ရပြီ… စီနီယာအကိုကြီးက ဒီကျေးဇူးကို မမေ့ပါဘူး ”

ဂိတ်တံခါးပေါ်တွင် ခေါင်းဆောင်၏ တိုတမ်လေးက ထွက်ပေါ်လာသည်။ သူက စိတ်လှုပ်ရှားသော မျက်နှာကို ထုတ်ဖော်လိုက်သည်။

ရွှီချင်းက သူ့ကို ကြည့်လိုက်သည်။ သူက လက်ဝှေ့ယမ်းလိုက်လေရာ ရွှေရောင်ကျောက်ကပ်က ပျံသန်းထွက်လာပြီး တိုတမ်လေးဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။ မကြာမီ ခေါင်းဆောင်၏ ဝမ်းသာပျော်ရွှင်သော အသံက တိုတမ်လေးထံမှ ပျံ့လွင့်ထွက်လာသည်။

“ ငါ နောက်ဆုံးတော့ ပြီးပြည့်စုံတဲ့ လူသားတစ်ယောက် ထပ်ဖြစ်နိုင်ပြီ ”

“ ဂျူနီယာညီလေး… ငါတို့ရဲ့ ပြင်ဆင်မှုအားလုံးက အခု ပြည့်စုံသွားပြီ… ဒီတံခါးကို တွန်းဖွင့်ဖို့ အချိန်ကာလတစ်ခုပဲ လိုအပ်တော့တယ်… ဘာမှမပူနဲ့… မင်းနဲ့ငါက အတွင်းနဲ့အပြင်ဘက်ကနေ အတူပူးပေါင်းဆောင်ရွက်ကြမယ်… ဒါ့အပြင် နတ်ဘုရားသားတော်ရဲ့ သွေးလည်း ရှိသေးတယ်… မကြာခင် ဒီချိပ်တံဆိပ်ကို ငါတို့ချိုးဖောက်နိုင်လိမ့်မယ် ”

ခေါင်းဆောင်သည် စိတ်ဓာတ်တတ်ကြွနေသည်။ သိသာစွာပင် ကျောက်ကပ်ကို ပြန်ရရှိခြင်းသည် သူ၏ ယုံကြည်မှုကို သိသိသာသာ မြင့်တတ်သွားစေသည်။

“ ဒါနဲ့ ဂျူနီယာညီလေး… ရွှံ့မြေခွေးရဲ့ သရုပ်ကို မင်းသိခဲ့လား ”

ရွှီချင်းက ခေါင်းညိတ်လိုက်သည်။

“ အဲ့ဒါ အဆင့်မြင့်နတ်ဘုရားမီးလျှံကြယ်ပဲ ”

ခေါင်းဆောင်သည် မျက်လုံးမှေးကျဉ်းလိုက်သည်။

ရွှီချင်းက ခေါင်းဆောင်ကို အကြောင်းစုံ ပြန်ပြောပြလိုက်သည်။ ထိုထဲတွင် ရွှံ့မြေခွေးနှင့် သူသွားရောက်ခဲ့သော နတ်ဘုရားကုန်းမြေအပါအဝင် ထိုနေရာမှာ ရွှံ့တံခါးတစ်ချပ် ထွက်ပေါ်လာကြောင်း ပြောပြခဲ့သည်။

ခေါင်းဆောင်သည် နက်နဲစွာ တွေးတောလိုက်သည်။

“ ဒီတော့ အဲ့ဒီလူပေါ့… ဂျူနီယာညီလေး ငါသူ့ကို အရင်က တစ်ခါမှမမြင်ဖူးဘူး… မင်းပြောပုံအရဆိုရင် အဲ့ဒီပျံတံတံအဆင့်မြင့်နတ်ဘုရားမမှာ မကောင်းတဲ့ ရည်ရွယ်ချက်ရှိရလိမ့်မယ် ”

ခေါင်းဆောင်က နှုတ်ခမ်းသပ်လိုက်ပြီး ပြောသည်။

“ ဂျူနီယာညီလေး… မင်းက စီနီယာအကိုကြီးအတွက် အလုံအလောက် ပေးဆပ်ခဲ့ပြီးပြီ… မင်းဆက်ပြီး အနစ်နာခံရမှာကို ငါမကြည့်ရက်ဘူး… ဒီတော့ မင်းငါ့ကို အဲ့ဒီပျံတံတံ… အဟန့် အဆင့်မြင့်နတ်ဘုရားမနဲ့ မိတ်ဆက်ပေးပါလား ”

“ မင်းကိုယ်စား ငါ့ကိုယ်ငါ အနစ်နာခံလိုက်ပါ့မယ် ”

ခေါင်းဆောင်၏ လေသံသည် တည်ငြိမ်သည်။ ဤသည်မှာ သူက ဂျူနီယာညီလေးအတွက် အရာအားလုံးကို စတေးတော့မည့်အလားပင်။

“ အဲ့ဒီအဆင့်မြင့်နတ်ဘုရားမီးလျှံကြယ်က မင်းရဲ့ ယန်အဆီအနှစ်ကို သဘောကျတာမဟုတ်လား… မင်းအစား ငါလုပ်ပါရစေ ”

“ စီနီယာအကိုကြီးတစ်ယောက်အနေနဲ့ ရင်းနှီးမှုအရရော လောကဝတ်အရရော ငါ့မှာ တာဝန်နဲ့ ဝတ္တရားရှိတယ်… တန်ဖိုးကို ငါပေးဆပ်မယ်… အဆင့်မြင့်နတ်ဘုရားဆီ ငါ့ယန်အဆီအနှစ်ကို ပေးဆပ်မယ် ”

ခေါင်းဆောင်၏ အသံထဲမှာ ဝမ်းနည်းခြင်းနှင့် စိတ်မကောင်းဖြစ်ခြင်းဖြင့် ပြည့်နှက်နေသည်။ သူ၏ မျက်နှာပေါ်မှာ စိတ်ဆုံးဖြတ်ထားသော အရိပ်အ‌ယောင် ရှိသည်။

“ ကျေးဇူးတင်ပါတယ် စီနီယာအကိုကြီး… ငါမင်းရဲ့ ရုပ်ပုံကို အဆင့်မြင့်နတ်ဘုရားမီးလျှံကြယ်ဆီ ပြကြည့်ခဲ့တယ်… သူက မင်းကို ရုပ်ဆိုးတယ်လို့ ပြောတယ် ”

ရွှီချင်းသည် အကူအညီမဲ့သွားသည်။ ယင်းက အစက သူတွေးထားခဲ့သော အကြံအစည်များအနက် တစ်ခုဖြစ်သည်။

ခေါင်းဆောင်သည် ဆွံ့အသွားပြီး ရွှီချင်းကို တုံ့ဆိုင်းစွာ ကြည့်လိုက်သည်။ ရွှီချင်းက အမှန်ကို ပြောနေခြင်းလော သို့မဟုတ် သူ၏ ရည်ရွယ်ချက်အမှန်ကို နားလည်သွားပြီးနောက် သူ့စကားကို ပြန်လည်ချေပခြင်းလော သူမပြောနိုင်ပေ။

မည်သို့ဖြစ်ပါစေ နတ်ဘုရားတစ်ပါး ထပ်တိုးလာခြင်းက အနာဂတ်တွင် အပြောင်းအလဲများကို ဖြစ်ပေါ်လာစေနိုင်သော်လည်း သူတို့၏ အောင်မြင်နိုင်ခြေကို တိုးမြှင့်ပေးနိုင်ဆဲပင်။ သို့ဖြစ်၍ ခေါင်းဆောင်သည် ချောင်းဟန့်လိုက်ပြီး ထိုအကြောင်းကို ဆက်မပြောတော့ပေ။

လာမည့်ရက်များတွင် ရွှီချင်းသည် နေ့စဉ် ကျင့်ကြံခြင်းအပြင် နတ်ဘုရားသားတော်၏ သွေးများကို အမြင့်မြတ်ဆုံးဘုရားကျောင်းဆီသို့ ပေးပို့ခဲ့သည်။ ထို့ပြင် ခေါင်းဆောင်၏ အထဲမှ ကိုက်ဝါးစားမှုကြောင့် ဂိတ်တံခါး၏ တုန်ခါမှုသည် အဆက်မပြတ် ပိုပြီးကျယ်လောင်လာသည်။

ဂိတ်တံခါးပေါ်မှ နီလာနတ်သမီး၏ တိုတမ်သည်လည်း စတင်လောင်ကျွမ်းလာသည်။ ယင်းက သာမန်မျက်စိဖြင့် မြင်နိုင်သော အလျင်နှင့်အတူ ဝေဝါးသွားနေသည်။

အကယ်၍ ထိုအတိုင်း ဆက်သွားမည်ဆိုလျှင် ဂိတ်တံခါးကို တွန်းဖွင့်နိုင်မည့်နေ့သည် သိပ်မဝေးကွာတော့ပေ။

လပုန်ကန်ခန်းမထဲမှ ကျင့်ကြံသူများသည် အမြင့်မြတ်ဆုံးဘုရားကျောင်း၏ နေ့စဉ် တုန်ခါမှုကို ကျင့်သားရနေကြပြီ ဖြစ်သည်။ ထို့ပြင် ယခု သူတို့မှာ ထိုကိစ္စကို အာရုံစိုက်ရန် အချိန်မရှိကြပေ။ ဤအတောအတွင်း အနီရောင်လက တဖြည်းဖြည်း နီးကပ်လာနေသည်နှင့်အမျှ အနီရောင်လဗိမာန်သည် တံခါးပိတ်ဝါဒကို ကျင့်ကြံလိုက်သည်။ ယင်းက လဝတ်ပြုဒေသကြီးတစ်ခုလုံးမှ လပုန်ကန်စစ်တပ်များကို အန္တရာယ်ထဲ ကျရောက်သွားစေသည်။

ဆယ်ရက်ကြာပြီးနောက် ကြီးမားသော အလှည့်အပြောင်းတစ်ခု ဖြစ်ပေါ်လာသည်။

လပုန်ကန်ခန်းမမှ ဒုတိယခန်းမသခင်သည် တိုက်ပွဲမှာ ကျဆုံးသွားခဲ့သည်။

သူ၏ သေဆုံးမှုသည် လပုန်ကန်ခန်းမအတွက် ကြီးမားသော ထိုးနှက်မှုတစ်ခု ဖြစ်သည်။ တိုက်ပွဲတွင် သွေးသည် မြစ်ကြီးတစ်စင်းနှယ် ထွက်ပေါ်လာပြီး မရေမတွက်နိုင်သော လူများက သေဆုံးသွားခဲ့ကြသည်။ ယင်းက အဆုံးမဲ့သော ဝမ်းနည်းပူဆွေးမှုကို ဖြစ်ပေါ်လာစေပြီး လဝတ်ပြုဒေသကြီးမှ လူတိုင်း၏ နှလုံးသားကို လှိုင်းထသွားစေခဲ့သည်။

စစ်ကူပေးရန် ရောက်ရှိလာခဲ့သော စတုတ္ထခန်းမသခင် ထျန်းနန်ဇီသည်လည်း တိုက်ပွဲမှာ အပြင်းအထန် ဒဏ်ရာရရှိသွားခဲ့သည်။ သူ့မှာ အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်သော အင်အားမရှိပေ။ ထို့ကြောင့် သူက နှစ်ဖက်စလုံးမှ ကျန်ရှိသော အင်အားစုများကို ဦးဆောင်၍ ပြန်ဆုတ်ခွာလာခဲ့သည်။

လပုန်ကန်ခန်းမမှ ကျင့်ကြံသူများသည် ကြီးမားသော ထိုအပြောင်းအလဲမှ ပြန်နာလန်မထူနိုင်သေးခင် လက်ထောက်ခန်းမသခင်၏ သေဆုံးမှုထက် ပိုပြီးကြီးမားသော နောက်ထပ်အပြောင်းအလဲက ထွက်ပေါ်လာသည်။ ယင်းက လပုန်ကန်ခန်းမတစ်ခုလုံးကို လှုပ်ခါသွားစေခဲ့သည်။

ပထမခန်းမသခင်နှင့် ပဉ္စမခန်းမသခင်သည် လပုန်ကန်ခန်းမကို သစ္စာဖောက်ရန် ရွေးချယ်ခဲ့ကြပြီး အနီရောင်လဗိမာန်၏ လက်အောက်သို့ ခိုလှုံသွားကြသည်။ သူတို့က အနီရောင်လကို ယုံကြည်ကိုးကွယ်သူများ ဖြစ်လာကြသည်။

သူတို့က အနီရောင်လဗိမာန်အပေါ် သစ္စာခံရန် သူတို့၏ အခွင့်အာဏာကို အသုံးပြုလိုက်ကြပြီး လပုန်ကန်ခန်းမ၏ ဝင်ထွက်ခွင့်ကို ချိပ်ပိတ်လိုက်သည်။ ယင်းက လပုန်ကန်ခန်းမ၏ ကျင့်ကြံသူအားလုံးကို ခန်းမထဲသို့ မဝင်ရောက်နိုင်စေရန် တားဆီးပိတ်ပင်လိုက်သည်။

ထိုကိစ္စသည် ကြီးမားသော ဆူပူအုံကြွမှုကို ဖြစ်ပေါ်လာစေသည်။ လပုန်ကန်ခန်းမထဲသို့ ဝင်ရောက်ခြင်းသည် လပုန်ကန်ခန်းမထဲမှ ကျင့်ကြံသူများအတွက် နောက်ဆုံးသော အကာအကွယ်ဖြစ်သည်။ ယခု သူတို့က ပုန်းကွယ်ရန် လပုန်ကန်ခန်းမကို အသုံးမပြုနိုင်တော့ပေ။ ယင်းက သူတို့၏ အသက်ရှင်သန်ရေး လမ်းကြောင်းကို ဖြတ်တောက်လိုက်ခြင်းနှင့် အတူတူပင်။

သူတို့ဆီမှာ တတိယခန်းမသခင်နှင့် စတုတ္ထခန်းမသခင် ရှိသေးသော်လည်း သူတို့ထဲတွင် ပထမခန်းမသခင်၏ အခွင့်အာဏာက အမြင့်ဆုံးဖြစ်သည်။ တတိယခန်းမသခင်က အနီရောင်လဗိမာန်၏ တိုက်ခိုက်မှုကို ဆက်လက် တောင့်ခံထားဆဲဖြစ်ပြီး စတုတ္ထခန်းမသခင်က တိုက်ပွဲမှာ ဒဏ်ရာအပြင်းအထန်ရရှိသွား၍ ထွက်ပြေးနေရသည်။ ထို့ကြောင့် သူတို့နှစ်ယောက်သည် လပုန်ကန်ခန်းမ၏ ချိပ်ပိတ်ခံထားရခြင်းကို အချိန်တိုအတွင်း မပယ်ဖျက်နိုင်ပေ။

အရေးကြီးဆုံးမှာ ဤကိစ္စဖြစ်ပွားပြီးနောက် လပုန်ကန်ခန်းမထဲမှ ကျင့်ကြံသူများသည် အချင်းချင်း ယုံကြည်မှုမရှိသော ပြဿနာကို ရင်ဆိုင်လာရသည်။

ယင်းက လက်ထောက်ခန်းမသခင်နှစ်ယောက်၏ သစ္စာဖောက်မှုကြောင့် ဖြစ်သည်။ သူတို့က အစကတည်းက အနီရောင်လဗိမာန်နှင့် ပူးပေါင်းနေခြင်းလော သို့မဟုတ် အသက်ရှင်သန်ရေးအတွက် ယခုမှ သစ္စာဖောက်သွားခြင်းလော သေချာမသိရပေ။ မည်သို့ဖြစ်ပါစေ ထိုကိစ္စက လပုန်ကန်ခန်းမကို ပြိုကွဲသွားစေခဲ့သည်။

ထို့ပြင် နောက်ကြောင်းပြန်ဖော်ကြည့်မည်ဆိုလျှင် ထိုကိစ္စအားလုံး၏ အဓိကအကြောင်းအရင်းမှာ နှစ်ပေါင်းများစွာ ကြာသွားခဲ့သည့်တိုင် အမြင့်မြတ်ဆုံးဘုရားကျောင်းက တစ်ခါမှ ပွင့်မလာခဲ့သောကြောင့် ဖြစ်သည်။ ထို့ကြောင့် လပုန်ကန်ခန်းမထဲမှာ အစစ်အမှန်ခေါင်းဆောင် မရှိပေ။ ခေါင်းဆောင်မရှိသော အဖွဲ့အစည်းက မည်မျှတည်တံ့နိုင်မည်နည်း။ သို့ဖြစ်၍ လပုန်ကန်ခန်းမက ယခုကဲ့သို့ အလွယ်တကူ ပြိုကွဲသွားခဲ့ရခြင်း ဖြစ်သည်။

ထိုအခြေအနေက အဆိုးဝါးဆုံး စိတ်ပျက်အားလျော့မှုကို ဖြစ်ပေါ်လာစေသည်။ တစ်ချိန်တည်းမှာ လဝတ်ပြုဒေသကြီးထဲမှ ဖရိုဖရဲဖြစ်မှုသည် ပိုပြီးဆိုးဝါးလာသည်။ ယခု အဝေးရှိ မိုးကုပ်စက်ဝိုင်းထဲမှ အနီရောင်လဂြိုလ်သည် ကောင်းကင်တစ်ခြမ်းလုံးကို ဖုံးလွှမ်းသွားပြီ ဖြစ်သည်။

မျှော်လင့်ချက်က အမှန်တကယ် ရှိသေးသည်လော သို့မဟုတ် ထာဝရ ပျောက်ကွယ်သွားပြီးလော မည်သူမှ မသိနိုင်ပေ။

အားလုံးသည် အချိန်ရေတွက်နေကြရသည်။

ဤအခိုက်အတန့်မှာ အေးချမ်းသော ကုန်းမြေဖြစ်သည့် သဲကန္တာရသည်တော့ ညအမှောင်ထုထဲမှာ တစ်ခုတည်းကျန်ရှိနေသည့် နောက်ဆုံးမီးအိမ်ဖြစ်ဟန် ရ၏။

ထိုစဉ် မီးအိမ်၏ အပြင်ဘက်တွင် ဒဏ်ရာအပြင်းအထန်ရရှိထားသော စတုတ္ထခန်းမသခင်သည် ကျန်ရှိသော သူ၏ လက်အောက်ငယ်သားများနှင့် ဒုတိယခန်းမသခင်၏ လက်အောက်မှ ကျန်ရှိသော အဖွဲ့သားများကို ဦးဆောင်၍ သဲကန္တာရဆီသို့ တိတ်တဆိတ် ချဉ်းကပ်လာနေသည်။

ယခု သူတို့ဆီမှာ တခြားသွားစရာနေရာ မရှိပေ။ သဲကန္တာရသည် သူတို့အတွက် ခိုလှုံနိုင်သော တစ်ခုတည်းသောနေရာ ဖြစ်သည်။

သိန်းပေါင်းများစွာသော ကျင့်ကြံသူများသည် စိတ်ဓာတ်ကျနေကြသည်။ သူတို့၏ အမူအရာက ထိုင်းမှိုင်းနေပြီး တတ်ကြွမှုမရှိပေ။ သေခြင်းတရားဟူသည် သူတို့အတွက် အလေးအနက်ထားရမည့်အရာ မဟုတ်တော့ပေ။ ထုံထိုင်းမှုသည် သူတို့၏ ခန္ဓာကိုယ်တစ်လျှောက် ဖြည်းဖြည်းချင်း ပျံ့နှံ့သွားနေသည်။ ပင်ပန်းနွမ်းနယ်ခြင်းသည် သူတို့၏ အသက်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာသည်။ ယင်းကို သူတို့က နည်းနည်းလေးမှ ဖယ်ရှားမပစ်နိုင်ပေ။

ထိုကျင့်ကြံသူများကြားတွင် တခြားကျင့်ကြံသူများနှင့် လုံးဝခြားနားနေပြီး ကွဲထွက်နေသော အုပ်စုတစ်စု ရှိသည်။ သူတို့ဆီမှာ တခြားကျင့်ကြံသူများနည်းတူ စိတ်ရှုပ်ထွေးခြင်းနှင့် ထိုင်းမှိုင်းခြင်း မရှိပေ။ သူတို့အားလုံးက စိတ်လှုပ်ရှားခြင်းနှင့် ဇွဲကောင်းခြင်းဖြင့် ပြည့်နှက်နေကြသည်။

ဤသည်မှာ ပင်ပန်းနွမ်းနယ်ခြင်းက သူတို့အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခု မဟုတ်ဟန် ရ၏။ ယင်းအစား သူတို့၏ နှလုံးသားထဲမှ မျှော်လင့်ချက်ကို လှုံ့ဆော်ပေးပြီး မီးတောက်အဖြစ် လောင်ကျွမ်းစေမည့်အရာ ဖြစ်သည်။

ထိုအုပ်စုသည် အရေအတွက်တစ်ထောင်ခန့် ရှိသည်။ သူတို့က သူတို့ဘာသာ အဖွဲ့အစည်းတစ်ခု ဖွဲ့ထားကြခြင်းဖြစ်ပုံပေါ်သည်။ အဖွဲ့ထဲတွင် အားနည်းသော ကျင့်ကြံသူများနှင့် အားကောင်းသော ကျင့်ကြံသူများ ရှိကြသည်။

သူတို့က အလွန်အမင်း စည်းလုံးကြသည်။

အဓိကထူးခြားချက်မှာ သူတို့၏ အဝတ်အစားများ ဖြစ်သည်။ အဝတ်အစား၏ အရောင်နှင့် ပုံသဏ္ဍာန်က တစ်ယောက်နှင့်တစ်ယောက် မတူညီကြသော်လည်း ဘုံတူညီသော အရာတစ်ခု ရှိသည်။

သူတို့အားလုံး၏ ရင်ဘက်ပေါ်တွင် ‘ ကိုး ’ဟူသော ကိန်းဂဏန်းကို ဇာပန်းထိုးထားသည်။

ကျောပေါ်တွင်လည်း ‘ ဆေးလုံး ’ဟူသော စာလုံးကို ဇာပန်းထိုးထားသည်။

ထိုအုပ်စုသည် လပုန်ကန်ခန်းမမှ လျှို့ဝှက်ဆန်းကြယ်သော ဒဏ္ဍာရီလာ အမှတ်ကိုးဆေးလုံးဆရာသခင်၏ နောက်လိုက်များ ဖြစ်ကြသည်။

သူတို့အဖွဲ့၏ ခေါင်းဆောင်သည် အမျိုးသမီးတစ်ယောက် ဖြစ်သည်။ ထိုအမျိုးသမီး၏ ကျင့်ကြံခြင်းသည် ဝိညာဉ်သိုက်အဆင့် ဖြစ်သည်။ သူက ဝတ်စုံရှည်ကို ဝတ်ဆင်ထားသော်လည်း ယင်းက သူ၏ အသွင်အပြင်ကို ဖုံးကွယ်မထားနိုင်ပေ။ သူ၏ အသွင်အပြင်ကို အလွန်အမင်း လှပသည်ဟု မဆိုနိုင်သော်လည်း မိန်းမလှတစ်ယောက်ဟု သတ်မှတ်နိုင်ဆဲပင်။

သူက အဖွဲ့ထဲမှာ အသန်မာဆုံးမဟုတ်ပေ။ သို့သော်လည်း အဖွဲ့ဝင်များဖြစ်ကြသော အမှတ်ကိုးဆေးလုံးဆရာသခင်၏ နောက်လိုက်အားလုံးသည် သူ့ကို ခေါင်းဆောင်အဖြစ် သတ်မှတ်ထားကြသည်။ သိသာစွာပင် နောက်လိုက်များထဲတွင် ထိုအမျိုးသမီးက မြင့်မားသော အဆင့်အတန်း ရှိရမည်။

“ အားလုံးပဲ ခဏတောင့်ခံထားကြပါ… မကြာခင် ငါတို့တွေ အစိမ်းရောင်သဲကန္တာရဆီ ရောက်တော့မယ် ”

“ တာအိုအသံကို နှစ်လကြာ နားထောင်ခဲ့ရတဲ့ ငါ့ရဲ့အတွေ့အကြုံကြောင့် ဆရာသခင်ရဲ့ ထူးခြားမှုကို ငါအာရုံခံနိုင်တယ်… ဆရာသခင်က အစိမ်းရောင်သဲကို ဆေးမီးဖိုအဖြစ်အသုံးပြုပြီး နေနဲ့လကို မီးတောက်အဖြစ် အသုံးပြုတယ်… ဆရာသခင်က ကောင်းကင်နဲ့မြေပြင်ကြားက ဥပဒေသတွေကို ဆေးပစ္စည်းတွေအဖြစ် အသုံးပြုပြီး အဖြူရောင်လေကို ဆေးလုံးသန့်စင်ဖို့ စုစည်းခဲ့တယ် ”

“ အဖြူရောင်လေက ဒီအစိမ်းရောင်သဲကန္တာရထဲမှာပဲ တည်ရှိတယ်… ဒါကြောင့် ဆရာသခင်က သေချာပေါက် ဒီသဲကန္တာရထဲမှာ ရှိရမယ် ”

အမျိုးသမီး၏ စိတ်လှုပ်ရှားသော အသံသည် သူ၏ ဘေးပတ်ဝန်းကျင်မှ လူများထံသို့ ကျယ်လောင်စွာ ပျံ့လွင့်သွားသည်။

All Chapters