အရှင်သခင်က ငယ်ရွယ်ပေမဲ့ အတွေ့အကြုံရှိတယ်
Vol. 68 Ch. 1058
သတ္တိရှိသော ထိုမိန်းကလေး၏ သရုပ်သည် လပုန်ကန်ခန်းမထဲ၌ ရွှီချင်း၏ အိမ်နီးနားချင်းဖြစ်သော လူထွားကြီးရုပ်တုမှလွဲ၍ တခြားလူမဟုတ်ပေ။
လပုန်ကန်ခန်းမထဲမှ ရုပ်တုသည် တစ်စုံတစ်ယောက်၏ အသွင်အပြင်ကိုသာမက လိင်အမျိုးအစားကိုလည်း ဖုံးကွယ်ပေးနိုင်သည်။
အနီရောင်လကို ခုခံခြင်းမစတင်မီ လူထွားကြီးရုပ်တု၏ အနောက်မှာ ထိုသို့လှပသော မိန်းကလေးတစ်ယောက် ရှိနေလိမ့်မည်ဟု မည်သူမှ မထင်ထားကြချေ။
ထိုမိန်းကလေး၏ အကျင့်စရိုက်သည် အမျိုးသားတစ်ယောက်နှင့် ဆင်တူသည်။ သူ၏ ပြောရဲဆိုရဲပုံကို ကြည့်ခြင်းအားဖြင့် ယင်းကို မြင်နိုင်ပေသည်။
သူက အမှတ်ကိုးဆေးလုံးဆရာသခင်၏ တာအိုအသံကို နှစ်လကြာ နားထောင်ခွင့်ရခဲ့သော ပထမဆုံးလူဖြစ်သည်။ ထို့ပြင် သူက လပုန်ကန်ခန်းမမှာကတည်းက နောက်လိုက်အဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့သောလူ ဖြစ်သည်။ ထိုအချက်များက ရွှီချင်း၏ အိမ်နီးနားချင်းကို အလွန်နာမည်ကျော်ကြားစေခဲ့သည်။
ထို့ပြင် ဤမိန်းကလေးက အဖွဲ့အစည်းတစ်ခုကို တည်ထောင်ရာတွင် အတော်လေး အရည်အချင်းရှိသည်ဟု ဆိုရမည်။ သူ၏ အဖွဲ့ထဲမှာ အဖွဲ့ဝင်ရာထောင်ချီရှိအောင် စွမ်းဆောင်နိုင်သော အရည်အချင်းက မည်သို့သာမန်ဖြစ်မည်နည်း။
ဤအခိုက်အတန့်မှာ သူတို့အုပ်စုနှင့် စတုတ္ထခန်းမသခင်၏ လက်အောက်ငယ်သားများက သဲကန္တာရဆီသို့ ချဉ်းကပ်လာနေစဉ် ရွှီချင်းသည် ဘိုးဘေးမိုကွေ့ထံမှ ဖိတ်ခေါ်မှုကို လက်ခံရရှိခဲ့သည်။
အိမ်ရှေ့စံမင်းသားနှင့် တခြားလူများက အပြင်ထွက်သွားကြသော်လည်း ထိန်းချုပ်မှုတံဆိပ်တော်သည် ရွှီချင်းထံမှာ ရှိသည်။ သို့ဖြစ်၍ ဆေးဆိုင်၏ အလုပ်သမားတစ်ယောက်အနေဖြင့် ဘိုးဘေးမိုကွေ့သည် အတင်းကာရော မပြုမူဝံ့ပေ။
သို့သော်လည်း သူ၏ နှလုံးသားထဲမှာ ရွှီချင်းအပေါ် အများကြီး မမျှော်လင့်ထားပေ။
ယင်းက ရွှီချင်း၏ သရုပ်ကြောင့်မဟုတ်ဘဲ အသက်အရွယ်ကြောင့် ဖြစ်သည်။
ဘိုးဘေးမိုကွေ့၏ အမြင်မှာ ထိုသို့ကိစ္စကြီးကို ကိုင်တွယ်ဖြေရှင်းခြင်းသည် ကလေးတစ်ယောက် စွမ်းဆောင်နိုင်သောအရာ မဟုတ်ပေ။
“ သခင်လေး… ဒီတစ်ခေါက်က အရင်ကနဲ့ နည်းနည်းခြားနားပါတယ် ”
ဆေးဆိုင်ထဲတွင် ဘိုးဘေးမိုကွေ့သည် ရွှီချင်းကို တည်ကြည်လေးနက်စွာ ပြောသည်။
“ အရင်တစ်ခေါက်တုန်းက အိမ်ရှေ့စံမင်းသားနဲ့ တခြားလူတွေက ဒီနေရာမှာ ရှိနေတာကြောင့် ငါတို့က အကာအကွယ်အလွှာကို ဖွင့်လှစ်ပြီး စတုတ္ထခန်းမသခင်နဲ့ တခြားလူတွေကို ဝင်လာစေပါတယ်… ဒါပေမဲ့ အခုက… ”
ဘိုးဘေးမိုကွေ့သည် ရွှီချင်းကို ကြည့်လိုက်သည်။
“ ဒါ့အပြင် အနီရောင်လရဲ့ စစ်တပ်က စတုတ္ထခန်းမသခင်နောက်ကို လိုက်ဖမ်းနေပါတယ်… ဒါကြောင့် ဒီတစ်ကြိမ် မီးခိုးရောင်လေ အကာအကွယ်အလွှာကို မဖွင့်လှစ်ဖို့ ငါအကြံပေးပါရစေ ”
ဆေးဆိုင်ထဲတွင် ဘိုဘေးမိုးကွေ့၏ စကားက လေထုကို တင်းကြပ်သွားစေသည်။ နင်ယန်သည် ကြမ်းမတိုက်တော့ပေ။ ဝူကျန်းဝူသည် ကဗျာမစပ်တော့ပေ။ လီယိုဖေးနှင့် ဝိညာဉ်သခင်မယုံကျင်းသည် ရွှီချင်းကို ကြည့်နေကြသည်။
သူတို့ထဲတွင် လီယိုဖေး၏ စိုးရိမ်ကြောင့်ကြမှုသည် အသိသာဆုံး ဖြစ်သည်။ နင်ယန်သည်တော့ သူ၏ အမူအရာက တည်ကြည်လေးနက်နေသည်။ သူက ဖုန်းဟိုင်ဒေသငယ်ထဲမှာ ရွှီချင်း၏ လက်အောက်ငယ်သားအနေဖြင့် တာဝန်ထမ်းဆောင်ခဲ့ဖူးသောကြောင့် ရွှီချင်းအကြောင်းကို ကောင်းကောင်း နားလည်သည်။ သူက ဖုန်းဟိုင်ဒေသငယ်ထဲမှာ ရွှီချင်း၏ အကျိုးဆောင်ပုံကို ကိုယ်တိုင်ကိုယ်ကျ မြင်ဖူးသည်။
ထို့ကြောင့် ရွှီချင်းမှာ ဤကိစ္စကို ကိုင်တွယ်ရန် လိုသည်ထက်ပိုသော အတွေ့အကြုံများရှိကြောင်း သူနားလည်သည်။
ဝူကျန်းဝူသည် နင်ယန်ကဲ့သို့ အများအပြားမသိသော်လည်း ရွှီချင်း၏ အကျိုးဆောင်မှုများအကြောင်းကို ကြားဖူးသည်။ ဝိညာဉ်သခင်မယုံကျင်းသည် စစ်မြေပြင်တွင် ရွှီချင်း၏ လုပ်ဆောင်ပုံများကို ကိုယ်တိုင်မြင်တွေ့ဖူးသည်။ နောက်ပိုင်းတွင် ဖုန်းဟိုင်ဒေသငယ်၏ လက်ထောက်ဒေသအကြီးအကဲနှင့် ပတ်သက်သော အပြောင်းအလဲများကို သူကြားခဲ့ရသည်။ သို့ဖြစ်၍ တစ်ဖက်လူက မြင်နေရသကဲ့သို့ မရိုးရှင်းကြောင်း သူနားလည်သည်။
သို့သော်လည်း ဘိုဘေးမိုကွေ့က ထိုအကြောင်းကို မသိထားသည်မှာ ရှင်းလင်းသည်။ သူက စကားဆုံးအောင်ပြောပြီးလျှင် ရွှီချင်းကို ကြည့်လိုက်ပြီး ထပ်မံပြောသည်။
“ ကျေးဇူးပြုပြီး အမိန့်ချပေးပါ သခင်လေး ”
ဘိုးဘေးမိုကွေ့၏ အမူအရာသည် တည်ကြည်နေသည်။ အပြင်ဘက်မှ အခြေအနေသည် အရေးကြီးဆုံးအခိုက်အတန့်သို့ ရောက်ရှိနေသည်။ အကယ်၍ အကာအကွယ်အလွှာကို ဖွင့်လှစ်လိုက်မည်ဆိုလျှင် သဲကန္တာရ၏ ငြိမ်းအေးမှုက ပျက်စီးသွားရန် အခွင့်အရေးများသည်။
လူတိုင်း၏ အကြည့်အောက်မှာ ရွှီချင်းသည် ယခင်က အိမ်ရှေ့စံမင်းသား အမြဲထိုင်လေ့ရှိသော ထိုင်ခုံပေါ်မှာ ဝင်ထိုင်လိုက်သည်။ ထို့နောက် သူက မျက်လုံးမှိတ်လိုက်ပြီး လေးနက်စွာ စဉ်းစားလိုက်သည်။
လင်းအာသည် အခြေအနေက အရေးကြီးနေကြောင်း နားလည်သည်။ ထို့ကြောင့် သူက ရွှီချင်း၏ ဘေးမှာ ငြိမ်ငြိမ်လေး ရပ်နေသည်။
အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ ရွှီချင်းသည် မည်သည့်စကားမှ မပြောပေ။ သို့သော် မမြင်နိုင်သော အရှိန်အဝါတစ်ခုက သူ၏ ဘေးနားမှာ တဖြည်းဖြည်း ထွက်ပေါ်လာနေဟန် ရသည်။
ဤအခိုက်အတန့်မှာ အတိတ်တုန်းက ဖုန်းဟိုင်ဒေသငယ်မှ ဓားကိုင်ရုံးတော်သခင်၏ အမည်အောက်မှာ သူတာဝန်ထမ်းဆောင်ခဲ့သော အချိန်ကို ပြန်ရောက်သွားဟန် ရသည်။ ထိုအချိန်တုန်းက သူ့မှာရှိသော ဝှက်ဖဲကတ်များသည် ယခုထက် နည်းပါးသော်လည်း အခြေအနေကို သူပြောင်းပြန်လှန်နိုင်ခဲ့သည်။
“ ငါတို့ရဲ့ လက်ရှိ စစ်တပ်အင်အားအခြေအနေကို ပြောပါ ”
ရွှီချင်းသည် မျက်လုံးပြန်ဖွင့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။
“ သဲကန္တာရတစ်ခုလုံးက အစကတည်းက အားနည်းပါတယ်… မီးခိုးရောင်လေက အကာအကွယ်အလွှာတစ်ခု ဖွဲ့စည်းသွားတယ်ဆိုပေမဲ့ ငါတို့ရဲ့အင်အားစုတွေက အရမ်းမသန်မာပါဘူး… သဲကန္တာရတစ်ခုလုံးမှာ ဗလာနတ္ထိအဆင့် ကျင့်ကြံသူက ငါအပါအဝင် သုံးယောက်ပဲ ရှိပါတယ် ”
“ ဝိညာဉ်သိုက်အဆင့် ကျင့်ကြံသူကတော့ ကိုးယောက်ရှိပါတယ်… သူတို့ထဲမှာ လေအစောင့်အရှောက်မျိုးနွယ်ဘိုးဘေး ပါဝင်ပါတယ် ”
“ ဝိညာဉ်နတ်သူငယ်အဆင့်ကျင့်ကြံသူ တစ်ရာကျော်ရှိပြီး ကျန်တဲ့လူတွေကတော့ အဆင့်နိမ့်ကျင့်ကြံသူတွေပါ ”
“ အဲ့ဒီထဲမှာ ငါတို့ဆေးဆိုင်ရဲ့ အင်အားကို ထည့်မတွက်ထားပါဘူး ”
ရွှီချင်း၏ တည်ငြိမ်မှုကြောင့် ဘိုးဘေးမိုကွေ့သည် အနည်းငယ် အံ့ဩသွားသည်။ သို့သော်လည်း သူက ပြန်ဖြေလိုက်ပြီး ထပ်မံသတိပေးလိုက်သည်။
“ ငါတို့ရဲ့ လက်ရှိအင်အားက အနီရောင်လဗိမာန်အတွက်တော့ ရေပုံးထဲက ရေတစ်စက်ပဲ ရှိပါတယ်… တကယ်လို့ အိမ်ရှေ့စံမင်းသား ပြန်ရောက်မလာဘူးဆိုရင်… သူတို့ကို ငါတို့ခုခံနိုင်မှာ မဟုတ်ပါဘူး ”
ဘိုးဘေးမိုကွေ့က ဆက်လက် ပြောကြားတော့မည့်အချိန် သူ၏ ကျောက်စိမ်းပြားက ရုတ်တရက် တုန်ခါလာသည်။ သူက ကျောက်စိမ်းပြားထဲမှ အမှာစကားကို စစ်ဆေးကြည့်ပြီးနောက် ထိတ်လန့်သွားသော အမူအရာကို ထုတ်ဖော်လိုက်သည်။
“ သခင်လေး… စတုတ္ထခန်းမသခင်ရဲ့ စစ်တပ်က လမ်းကြောင်းပြောင်းသွားပြီလို့ အခုလေးပဲ ငါသတင်းရလိုက်ပါတယ်… သူတို့က ငါတို့ဆီ ဦးတည်မလာဘဲ သဲကန္တာရနဲ့ အရမ်းဝေးကွာတဲ့ တခြားဦးတည်ရာဆီ ရွေ့လျားသွားပါတယ်… ကြည့်ရတာ သူတို့က အနီရောင်လဗိမာန်က လိုက်ဖမ်းတဲ့ စစ်တပ်နဲ့ သူသေကိုယ်သေ ရင်ဆိုင်တော့မယ့်သဘော ရှိပါတယ် ”
“ ပြီးတော့ သူတို့က ငါတို့ကို ဒုက္ခမပေးချင်တဲ့ပုံပါပဲ… ”
ဘိုးဘေးမိုကွေ့က တိုးညင်းစွာ ပြောသည်။ သူ၏ အမူအရာမှာ စိတ်ရှုပ်ထွေးမှုနှင့် အကူအညီမဲ့မှုဖြင့် ပြည့်နှက်နေသည်။
ရွှီချင်းသည် ခေါင်းညိတ်လိုက်ပြီး စားပွဲပေါ်မှ လက်ဖက်ရည်ခွက်ကို ကောက်ယူလိုက်သည်။ သူက လက်ဖက်ရည်ကို မသောက်ဘဲ ခွက်ကို ကိုင်ထားလိုက်ပြီး ခွက်ထဲသို့ စိုက်ကြည့်လိုက်သည်။ သူ၏ အနက်ရှိုင်းဆုံးသော မှတ်ဉာဏ်များထဲမှ ပုံရိပ်တစ်ခုက ထိုလက်ဖက်ရည်ခွက်ထဲမှာ ဝေဝေဝါးဝါး ပေါ်ထွက်လာနေဟန် ရသည်။
အတိတ်တွင် ထိုပုဂ္ဂိုလ်သည် ဖုန်းဟိုင်ဒေသငယ်၏ နယ်စပ်မှာ မားမားမတ်မတ် ရပ်လျက် ကိုယ့်ကိုယ်ကို လောင်ကျွမ်းပြီး ရန်သူ့စစ်တပ်ကို တစ်ယောက်တည်း တားဆီးပေးခဲ့သည်။ ထိုအဖြစ်အပျက်ကို မြင်မျက်တွေ့လိုက်ရသော မည်သူမဆို ထိုပုဂ္ဂိုလ်ကို ထာဝရ အမှတ်ရနေလိမ့်မည်။
ထိုအချိန်တုန်းက ရွှီချင်း၏ နှလုံးသားထဲမှ ထိတ်လန့်မှုနှင့် နာကျင်မှုသည် အလွန်အမင်း ပြင်းထန်ခဲ့သည်။ သို့သော်လည်း သူက အကူအညီမဲ့ခဲ့သည်။ တစ်ဖက်လူကို မကယ်တင်နိုင်ခဲ့ပေ။
ယခု သူက ထိုပုဂ္ဂိုလ်နှင့်တူညီသော နောက်ထပ်လူတစ်ယောက်ကို မြင်လိုက်ရသည်။
အချိန်အတော်ကြာပြီးနောက် သူက တည်ငြိမ်စွာ ပြောသည်။
“ ပထမဆုံး ဘဝကံကြမ္မာဆိုးတောင်တန်းထဲမှာရှိတဲ့ ကျင့်ကြံသူအားလုံးကို စုစည်းပါ… ဒီနေရာကို ဗဟိုဌာနချုပ်အဖြစ် သတ်မှတ်မယ်… ငါ့အမိန်မရှိဘဲ ဘယ်သူမှ အပြင်ထွက်သွားခွင့်မရှိဘူး ”
“ ဒုတိယအနေနဲ့ လမ်းကြောင်းပြောင်းစရာမလိုဘူးလို့ စတုတ္ထခန်းမသခင်ဆီ အကြောင်းကြားပါ… သူ့ကို သဲကန္တာရဆီ ဦးတည်လာခိုင်းပါ ”
ရွှီချင်းက မတ်တတ်ရပ်လိုက်ပြီး ပြောသည်။
ဤသည်ကို ဘိုးဘေးမိုကွေ့ကြားသောအခါ သူက တုံ့ဆိုင်းသွားသည်။
ရွှီချင်းသည် ဘိုးဘေးမိုကွေ့ကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။
“ အနီရောင်လက ကောင်းကင်တစ်ခြမ်းကို ဖုံးလွှမ်းပြီးနေပြီ… အဆုံးသတ်ကဒ်ဘေးကျရောက်လာဖို့ လအနည်းငယ်ပဲ လိုတော့တယ်… တကယ်လို့ ငါတို့က ဒီနေရာမှာ ထိုင်နေပြီး စတုတ္ထခန်းမသခင်ရဲ့ အဖွဲ့နဲ့ အနီရောင်လကျင့်ကြံသူတွေ တိုက်ခိုက်နေတာကို ကြည့်နေမယ်ဆိုရင် ဒီပုန်ကန်မှုက ဘာအဓိပ္ပာယ်ရှိတော့မှာလဲ ”
“ ဒါ့အပြင် စတုတ္ထခန်းမသခင်နဲ့ တခြားလူတွေက အဖမ်းခံရပြီး အသတ်ခံရပြီးရင်ရော အနီရောင်လဗိမာန်က သဲကန္တာရကို အလွတ်ပေးမယ်လို့ မင်းထင်လား… အသက်ရှင်ဖို့အတွက်ပဲဖြစ်ဖြစ် ငါတို့ရဲ့ ရည်မှန်းချက်အတွက်ပဲဖြစ်ဖြစ် ငါတို့တွေ စည်းစည်းလုံးလုံး ရှိနေရမယ် ”
“ ဒီကိစ္စကို ဆက်ဆွေးနွေးဖို့ မလိုတော့ဘူး ”
“ နင်ယန် ”
“ ဒီအစေခံက အသင့်ရှိပါတယ် ”
နင်ယန်သည် အရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်လေရာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး တသိမ့်သိမ့်တုန်သွားသည်။ သူက ဖုန်းဟိုင်ဒေသငယ်ဆီသို့ ပြန်ရောက်သွားသည့်အလား ခါးမတ်ထားလိုက်သည်။
“ မင်းက သံတော်ဆင့်အဖြစ် တာဝန်ထမ်းဆောင်ရမယ်… မင်းက ဘိုးဘေးမိုကွေ့နောက်ကိုလိုက်ပြီး ငါ့အမိန့်တွေကို ကြေညာပေးရမယ် ”
“ အမိန့်တော်အတိုင်းပါ ”
နင်ယန်က ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“ ဝူကျန်းဝူ ”
“ ကျွန်တော်မျိုး အသင့်ရှိပါတယ် ”
ဝူကျန်းဝူသည်လည်း နင်ယန်ကဲ့သို့ လေထု၏ လွှမ်းခြုံခြင်းခံလိုက်ရပြီး အလျှင်အမြန် ပြောသည်။
“ မင်းရဲ့ နောင်သားမျိုးဆက်အားလုံးကို ထုတ်လွှတ်ပါ… အထူးသဖြင့် ကြက်တူရွေးပဲ… သူ့ကို ကင်းထောက်လွှတ်ဖို့ ကန္တာရတစ်လျှောက် ပျံသန်းခိုင်းပါ ”
ဝူကျန်းဝူသည် အမိန့်မနာခံဝံ့ပေ။ သူက အမြန်ခေါင်းညိတ်လိုက်သည်။
“ ဝိညာဉ်သခင်မယုံကျင်း ”
ဝိညာဉ်သခင်မယုံကျင်းသည် မည်သည့်စကားမှ ပြန်မပြောပေ။ သူက ခေါင်းမော့လိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။
“ လင်းအာနဲ့ ဆေးဆိုင်ကို ကာကွယ်ဖို့ ငါ့ကို ကူညီပေးပါ… လီယိုဖေးက မင်းကို ကူညီပေးလိမ့်မယ် ”
“ ကောင်းပြီ ”
ဝိညာဉ်သခင်မယုံကျင်းက သဘောတူလိုက်သည်။ လီယိုဖေးသည်လည်း အမြန်ခေါင်းညိတ်လိုက်သည်။ ရွှီချင်းက ယခင်နှင့် ခြားနားသွားကြောင်း သူအာရုံခံနိုင်သည်။
ရွှီချင်းသည် လူတိုင်းကို ညွှန်ကြားပေးပြီးနောက် ကျောက်စိမ်းတံဆိပ်တော်တစ်ခုကို ထုတ်လိုက်ပြီး လင်းအာထံသို့ လွှဲပြောင်းပေးလိုက်သည်။
“ အပြင်ဘက် ကောင်းကင်မှာ နတ်ဘုရားကွပ်မျက်စင်ထွက်ပေါ်လာတဲ့အခါကျရင် ဒီကျောက်စိမ်းတံဆိပ်တော်ကို ခြေမွလိုက်ပါ ”
ထို့နောက် ရွှီချင်းသည် ဆေးဆိုင်ထဲမှ ထွက်လျှောက်သွားသည်။ သူက လက်ဝှေ့ယမ်းလိုက်လေရာ နောက်ဖေးခြံဝန်းထဲမှ ကြက်များသည် တကျွီကျွီမြည်သံကို ထုတ်ဖော်လိုက်ကြပြီး တစ်ပြိုင်နက် လေထဲသို့ ပျံသန်းသွားကြသည်။ ၎င်းတို့၏ ခန္ဓာကိုယ်က အရောင်တောက်ပလာသည့်အခါ ထိုကြက်ကလေးများသည် ဧရာမကြက်များသို့ ပြောင်းလဲသွားကြသည်။
ထိုကြက်များထဲတွင် ယခင်က အကျိုးဆောင်ခဲ့ကြသော ကြက်များ၏ ငှက်မွှေးများသည် သိသိသာသာ ပိုအရောင်တောက်နေသည်။ ဤသည်မှာ ၎င်းတို့၏ အဆင့်အတန်းက မြင့်တတ်သွားကြောင်း ဖော်ပြနေခြင်း ဖြစ်သည်။ ထိုငှက်မွှေးများ၏ အောက်တွင် ၎င်းတို့၏ အစစ်အမှန်အသွင်ကို မသဲမကွဲ မြင်နိုင်ပေသည်။
အကယ်၍ ၎င်းတို့က နောက်ထပ်အကျိုးဆောင်မှုများကို ပြုလုပ်ပေးမည်ဆိုလျှင် ၎င်းတို့၏ အစစ်အမှန်အသွင်ကို အတိုင်းအတာတစ်ခုထိ ပြန်ရနိုင်လိမ့်မည်။ နောက်ပိုင်းတွင် ၎င်းတို့က လွတ်လပ်မှုကိုပင် ပြန်ရလာနိုင်သည်။
ဤအခိုက်အတန့်မှာ ၎င်းတို့က အော်မြည်လိုက်ကြပြီး အရှေ့သို့ ပျံသန်းသွားကြသည်။ ၎င်းတို့က ရွှီချင်း၏ ဘေးမှ လိုက်ပါလာကြပြီး ကောင်းကင်ဆီသို့ ဦးတည်သွားကြသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ဘိုးဘေးမိုကွေ့သည် အနည်းငယ် မှင်တတ်သွားသည်။ ရွှီချင်းက စတုတ္ထခန်းမသခင်၏ အဖွဲ့ကို ကိုယ်တိုင်သွားကြိုဆိုရန် ထိုကြက်များကို ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သူခန့်မှန်းမိသည်။
“ အဲ့ဒါက… ”
ဘိုးဘေးမိုကွေ့သည် ရွှီချင်းပြောသွားခဲ့သော စကားကို အသိအမှတ်ပြုသော်လည်း အနည်းငယ် တုံ့ဆိုင်းနေဆဲပင်။ ထို့ကြောင့် သူက နင်ယန်နှင့် တခြားလူများကို အလိုအလျောက် လှည့်ကြည့်လိုက်သည်။ သူက ထိုအဆင့်နိမ့်ကျင့်ကြံသူများကို အလေးမထားသော်လည်း ယခုအချိန်မှာ သူမေးမြန်းနိုင်သော တခြားမည်သူမှ မရှိပေ။
“ သခင်လေးက… ”
“ ဘာမှစိတ်မပူပါနဲ့… ဒီကိစ္စက ငါ့အရှင်အတွက် ဘာမှမဟုတ်ဘူး… အတိတ်တုန်းက ဖုန်းဟိုင်ဒေသငယ်မှာဆိုရင် ငါ့အရှင်က တစ်ယောက်တည်း ဆောင်ရွက်ခဲ့တာ… သူက တားမြစ်နယ်မြေနှစ်ခုက ပြဿနာတွေကို ဖြေရှင်းပေးခဲ့ပြီး ရှေ့တန်းစစ်မြေပြင်ဆီ လူဆယ်သန်းကျော်ကို စစ်ကူပေးပို့နိုင်ခဲ့တယ်… ဗလာနတ္ထိပထမအဆင့်ကို မဆိုထားနဲ့ ဗလာနတ္ထိဒုတိယအဆင့်နဲ့ တတိယအဆင့်ပုဂ္ဂိုလ်တွေတောင် သူ့အမိန့်အတိုင်း လိုက်နာရတယ်… ဘယ်မျိုးနွယ်မှ သူ့အမိန့်ကို မလွန်ဆန်ရဲဘူး ”
နင်ယန်က ဂုဏ်ယူဝင့်ကြွားစွာ ပြောသည်။
“ သူက လက်ထောက်ဒေသအကြီးအကဲရဲ့ ယုတ်ညံ့မှုတွေကို ဖော်ထုတ်ခဲ့ပြီး ဒေသငယ်တစ်ခုလုံးအတွက် အလင်းရောင်ကို ဆောင်ကြဉ်းပေးခဲ့တယ်… လူသားဧကရာဇ်ကတောင် ငါ့အရှင်ရဲ့ အရည်အချင်းကို အသိအမှတ်ပြုခဲ့ရပြီး နောင်တတ်မယ့် ဒေသအကြီးအကဲအဖြစ် ရာထူးချီးမြှောက်ခဲ့တယ်… ဖုန်းဟိုင်ဒေသငယ်မှာဆိုရင် ငါ့အရှင်က လူတိုင်းရဲ့ အာရုံစိုက်မှုခံရတယ်… လူတိုင်းက ငါ့အရှင်ကို ဒေသအကြီးအကဲအဖြစ် တစ်ညီတစ်ညာတည်း သဘောတူကြတယ် ”
ဤသည်ကို ဘိုးဘေးမိုကွေ့ကြားသောအခါ မျက်လုံးမှေးကျဉ်းသွားပြီး နှလုံးတုန်သွားသည်။ နင်ယန်က လိမ်ပြောနေခြင်းမဟုတ်ကြောင်း သူပြောနိုင်သည်။ သို့သော်လည်း တစ်ဖက်လူ၏ စကားများက သူ၏ နှလုံးသားကို လှိုင်းထသွားစေခဲ့သည်။
‘ တားမြစ်နယ်မြေနှစ်ခုက ပြဿနာတွေကို ဖြေရှင်းပေးခဲ့ပြီး စစ်သည်တော်ဆယ်သန်းကျော်ကို စုဆောင်းခဲ့တယ်… အနာဂတ် ဒေသအကြီးအကဲ ’
သူက ထိတ်လန့်တုန်လှုပ်နေစဉ် ရွှီချင်းသည် ဧရာမကြက်၏ ဦးခေါင်းပေါ်တွင် မတ်တတ်ရပ်လျက် ထွက်ခွာသွားသည်။
သူက အရှိန်မြှင့်တင်လိုက်သည်နှင့်ချက်ချင်း သူ၏ မျက်လုံးသည် အနက်ရောင်သို့ ပြောင်းလဲသွားသည်။ တားမြစ်အဆိပ်စွမ်းအားသည် မုန်တိုင်းထဲမှာ အင်ပြည့်အားပြည့် ထွက်ပေါ်လာသည်။ မကြာမီ သူ၏ ဘေးပတ်ဝန်းကျင်မှ မီးခိုးရောင်မုန်တိုင်းသည် အနက်ရောင်သို့ ပြောင်းလဲသွားပြီး သူ၏ ဘေးပတ်ပတ်လည်ကို လွှမ်းခြုံသွားသည်။
တားမြစ်အဆိပ်သည် မုန်တိုင်းထဲမှာ လှုပ်ရှားထကြွလာသည်။ ယင်းက ကြက်များကို နှလုံးတုန်သွားစေသည်။
ရွှီချင်းသည်သာ အမူအရာကင်းမဲ့စွာ ရှိနေသည်။ တားမြစ်အဆိပ်စွမ်းအားက အထွတ်အထိပ်သို့ ရောက်ရှိသွားသည့်အခါ သူက သဲကန္တာရ၏ အစွန်အဖျားဆီသို့ ရောက်ရှိသွားသည်။
ထိုနေရာတွင် ရွှီချင်းက လက်ဝှေ့ယမ်းလိုက်သည့်အခါ သူ၏ အရှေ့မှ သဲမုန်တိုင်းသည် ဝုန်းခနဲ မြည်ဟိန်းသွားပြီး ဘေးနှစ်ဖက်သို့ ခွဲထွက်သွားသည်။
ကျယ်လောင်သော ပေါက်ကွဲသံသည် အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။
အဝေးမှကြည့်လျှင် သဲမုန်တိုင်းက နှစ်ခြမ်းကွဲထွက်သွားပြီး လျှိုမြောင်တစ်ခုအသွင် ပြောင်းလဲသွားဟန် ရသည်။ ထိုအခါ ကျယ်ပြောသော လမ်းကြောင်းတစ်ခု ထွက်ပေါ်လာသည်။ လမ်းကြောင်း၏ အပြင်ဘက်တွင် စတုတ္ထခန်းမသခင်၏ အဖွဲ့က အနီရောင်လကျင့်ကြံသူများနှင့် တိုက်ခိုက်နေကြောင်း မြင်နိုင်လိမ့်မည်။
တိုက်ပွဲသည် အလွန်ပြင်းထန်ပြီး အသေအကြေအပျက်အစီး များပြားသည်။
သဲကန္တာရထဲမှ ထွက်ပေါ်လာသော ပေါက်ကွဲသံနှင့် ထိုမူမမှန်မှုက နှစ်ဖက်စလုံးမှ ကျင့်ကြံသူများ၏ စိတ်အာရုံကို ဆွဲဆောင်သွားသည်။ သူတို့အများစုသည် ရွှီချင်း၏ ဦးတည်ရာဆီသို့ ချက်ချင်း လှည့်ကြည့်လိုက်ကြသည်။
အမှတ်ကိုးဆေးလုံးဆရာသခင်၏ နောက်လိုက်များသည်လည်း လှည့်ကြည့်လိုက်ကြသည်။
လူတိုင်း၏ အကြည့်က သူ့အပေါ်သို့ ကျရောက်လာသည်နှင့်ချက်ချင်း သဲကန္တာရ၏ အစွန်အဖျားမှာ ရပ်နေသော ရွှီချင်းသည် သူ၏ ညာလက်ကို မြှောက်လိုက်ပြီး အရှေ့သို့ လက်ညှိုးညွှန်လိုက်သည်။
“ အဆိပ် ”
သူ၏ စကားသံ ထွက်ပေါ်လာသည်နှင့်ချက်ချင်း သူ၏ ဘေးပတ်ဝန်းကျင်မှ တားမြစ်အဆိပ်လေမုန်တိုင်းသည် ရုတ်တရက် ပေါက်ကွဲထွက်လာပြီး အရှေ့သို့ ဦးတည်သွားသည်။ ၎င်း၏ အရှိန်အဝါသည် အလွန်ကြောက်စရာကောင်းပြီး အနက်ရောင်မြူခိုးက အရာအားလုံးကို ဝါးမျိုသွားသည်။ မုန်တိုင်းဖြတ်သန်းသွားသည့်နေရာတိုင်း ဒြပ်နှောများက အလွန်သိပ်သည်းလာပြီး ဘေးပတ်ဝန်းကျင်က ဝေဝါးလာလိမ့်မည်။ ပုံပျက်တွန့်လိမ်မှုသည်လည်း ထွက်ပေါ်လာသည်။
မည်သည့်အရာမှ တားမြစ်အဆိပ်ထံမှ မလွတ်မြောက်နိုင်ပေ။ အနီရောင်လကျင့်ကြံသူများသည် တားမြစ်အဆိပ်၏ အမြန်ဝါးမျိုခြင်းခံလိုက်ရသည်။
အဝေးမှကြည့်လျှင် တားမြစ်အဆိပ်က ပင်လယ်ကြီးတစ်စင်းနှယ် ပေါ်လျှိုးထွက်လာဟန် အောက်မေ့ရ၏။ ယင်းက လူတိုင်း၏ နှလုံးကို ပရမ်းပတာ လှုပ်ခါသွားစေပြီး အကြောက်တရားကို ခံစားမိစေသည်။
မြေပြင်သည် တားမြစ်အဆိပ်၏ တိုက်စားခံလိုက်ရပြီး အနက်ရောင်ပြောင်းသွားသည်။ ကောင်းကင်ပေါ်မှ သွေးနီရောင်အလင်းသည်ပင် တားမြစ်အဆိပ်ကို မထိုးဖောက်နိုင်ပေ။ တားမြစ်အဆိပ်၏ အရှေ့မှ ဟင်းလင်းပြင်သည်လည်း တိုက်စားခံလိုက်ရသည်။
ဤသည်မှာ ရွှီချင်းက တားမြစ်အဆိပ်ကို သူ၏ မျက်လုံးထဲသို့ ပေါင်းစပ်ပြီးနောက် ပထမဆုံးအကြိမ် အပြင်လောကမှာ အသုံးပြုဖူးခြင်း ဖြစ်သည်။
ရွှီချင်းသည် အရာအားလုံးကို အေးစက်စက် စိုက်ကြည့်နေသည်။ ဤအခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်ထဲမှ နတ်ဘုရားအစွမ်းက မြင့်တတ်သွားနေဟန် ရ၏။
“ နတ်ဘုရားအစွမ်းကျင့်ကြံသူ ”
လူအုပ်ထဲမှ တစ်စုံတစ်ယောက်က ကြောက်လန့်တကြား တုန်တုန်ယင်ယင် အော်ပြောလိုက်သည်။
လူအများအပြားသည် တားမြစ်အဆိပ်မုန်တိုင်းအောက်မှာ သေဆုံးသွားကြသည်။ သို့သော်လည်း လူတိုင်းတော့ မဟုတ်ပေ။