← Chapters

အနီရောင်လရဲ့ အရှင်သခင်က နှစ်ယောက်မရှိသင့်ဘူး

Vol. 68 Ch. 1061

အနီရောင်လရဲ့ အရှင်သခင်က နှစ်ယောက်မရှိသင့်ဘူး

Vol. 68 Ch. 1061

နီလာနတ်သမီး နတ်ဘုရားဖြစ်မလာခင် သူ၏ ဦးခေါင်းသည် အုပ်ချုပ်သူ၏ နတ်ဘုရားကွပ်မျက်စင်ဖြင့် ပိုင်းဖြတ်ခံလိုက်ရသည်။ ထိုနေ့တွင် သူ၏ ဦးခေါင်းပြတ်သည် လွင့်မျောပြာအဖြစ် ပြောင်းလဲသွားပြီး ဟင်းလင်းပြင်နှင့် ပေါင်းစပ်သွားခဲ့သည်။ သူ၏ အလောင်းသည်သာ အချိန်မြစ်ထဲ၌ နစ်မြုပ်သွားခဲ့သည်။

နောက်ပိုင်းတွင် နီလာနတ်သမီးက တစ်နည်းနည်းဖြင့် နတ်ဘုရားဖြစ်လာပြီးနောက် နောက်တစ်ကြိမ် ပြန်ရောက်လာပြီး အရာအားလုံးကို ဖိနှိပ်လိုက်သည်။ သူက နတ်ဘုရားအတတ်ပညာကို အသုံးပြုလိုက်ပြီး သူ၏ သေမျိုးအရေခွံကို အချိန်မြစ်ထဲမှ ပြန်ဆည်ယူခဲ့သည်။ ထို့နောက် သေမျိုးအရေခွံက အနီရောင်လဗိမာန်၏ အခြေခံအုတ်မြစ်ဖြစ်လာခဲ့သည်။

ထိုအရေခွံသည် အတော်လေး ထူးခြားသည်။ အစတွင် နတ်ဘုရားသားတော်တစ်ယောက်တည်းသာ ယင်းကို အသုံးပြုနိုင်သည်။

သို့ဖြစ်၍ သေမျိုးအရေခွံက အမြင့်မြတ်ဆုံးဘုန်းတော်ကြီး၏ ဆင့်ခေါ်ခံလိုက်ရခြင်းသည် နောက်ကွယ်တွင် လေးနက်သော အဓိပ္ပာယ်ရှိသည်။

၎င်း၏ ထွက်ပေါ်လာမှုသည် သဲကန္တာရကို လှုပ်ခါသွားစေသည်။ ၎င်းက သဲကန္တာရပေါ်သို့ ဆင်းသက်လာသည့်အခါ မြေပြင်သည် အောက်သို့ ပေတစ်ထောင်ခန့် ကျွံဝင်သွားသည်။ ကောင်းကင်၏ အရောင်သည် ပြောင်းလဲသွားပြီး အက်ကွဲကြောင်းများ ထွက်ပေါ်လာကြသည်။

အဆုံးမဲ့သော သွေးမိုးက ရွာသွန်းလာပြီး မြေပြင်ပေါ်မှ ချိုင့်ဝှမ်းကို ပြည့်လျှံသွားစေသည်။ သွေးပင်လယ်တစ်ခုသည် မြန်ဆန်စွာ ဖြစ်ပေါ်လာသည်။

ပင်လယ်သည် လှိုင်းတဝုန်းဝုန်းဖြင့် လှုပ်ခတ်နေပြီး ကျယ်လောင်သော အသံများက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့လွင့်သွားသည်။

သဲကန္တာရက လုံးဝပျောက်ကွယ်သွားဟန် ရသည်။ ကြီးမြတ်သော သွေးပင်လယ်သည်သာ ကျန်ရှိတော့သည်။

ဘဝကံကြမ္မာဆိုးတောင်တန်းသည် ဤသွေးပင်လယ်ထဲမှာ သီးခြားကုန်းမြေတစ်ခု ဖြစ်လာသည်။

မီးခိုးရောင်လေသည်လည်း ဆက်လက် လွင့်ပြယ်သွားသည်။ ယင်းက ဘဝကံကြမ္မာဆိုးတောင်တန်းကို ဖုံးလွှမ်းထားနိုင်ရုံသာ ကျန်ရှိတော့သည်။ သို့သော်လည်း မီးခိုးရောင်လေက အချိန်မရွေး ပျောက်ကွယ်သွားနိုင်ကြောင်း မည်သူမဆို အာရုံခံနိုင်ကြသည်။

မီးခိုးရောင်လေ၏ အပြင်ဘက်နှင့် သွေးပင်လယ်၏ အပေါ်တွင် အနီရောင်လကျင့်ကြံသူများ ရှိသည်။ သူတို့က အရေအတွက် အလွန်များပြီး ရူးသွပ်သော အမူအရာဖြင့် မန္တန်ရွတ်နေကြသည်။

ကောင်းကင်ယံတွင် အမြင့်မြတ်ဆုံးဘုန်းတော်ကြီးက အရိုအသေပေးလိုက်သည်။ ထိုဦးခေါင်းမဲ့သေမျိုးအရေခွံသည် အံ့ဖွယ်ကောင်းသော ဖိနှိပ်အားနှင့်အတူ အရှေ့သို့ ထွက်ပေါ်လာသည်။

၎င်း၏ လွှမ်းမိုးနိုင်သော ဧရိယာသည် အလွန်ကျယ်ဝန်းသည်။ ယင်းက လဝတ်ပြုဒေသကြီးတစ်ခုလုံးကိုပင် သက်ရောက်နိုင်သည်။

ထိုအခိုက်အတန့်မှာ သက်ရှိအားလုံးက တုန်ယင်သွားကြသည်။ လူတိုင်းက ချောက်ချားသွားကြသည်။ ဒေသကြီးထဲမှ အကန့်အသတ်မရှိသော ဧရိယာများတွင် မိုးခြိမ်းသံပမာ ဟိန်းသံများဖြင့် ပဲ့တင်ထပ်သွားသည်။

ထိုအရှိန်အဝါသည် နတ်ဘုရားတစ်ပါးပိုင်ဆိုင်သော အရှိန်အဝါဖြစ်သည်။

ဘဝကံကြမ္မာဆိုးတောင်တန်းထဲမှ စတုတ္ထခန်းမသခင်သော်လည်း သူ၏ လက်အောက်ငယ်သားများသော်လည်း ဒေသခံကျင့်ကြံသူများသော်လည်းကောင်း ချောက်ချားသွားကြပြီး စိတ်ပျက်အားငယ်မှုဖြင့် ပြည့်နှက်သွားကြသည်။

သူတို့သည် ထိုအရာကို မခုခံနိုင်ကြသလို မတားဆီးနိုင်ကြပေ။

ဆေးဆိုင်ထဲမှ လူတိုင်းသည်လည်း ထို့အတူပင်။ နင်ယန်သည် အပြင်ဘက်မှ သွေးပင်လယ်နှင့် ကောင်းကင်ပေါ်မှ သေမျိုးအရေခွံကို မြင်သွားသောအခါ ခန္ဓာကိုယ်က တသိမ့်သိမ့်တုန်သွားသည်။ သူ၏ အသိစိတ်က ဟာလာဟင်းလင်း ဖြစ်သွားသည်။

ဝူကျန်းဝူသည် ကဗျာရွတ်ခြင်းကို ရပ်လိုက်သည်။ ယခု သူက ပျာယာခတ်နေပြီး နှလုံးက ပရမ်းပတာ လှုပ်ခတ်နေသည်။

နောက်ဖေးခြံဝန်းထဲမှ ကြက်ကလေးများသည် ထောင့်တစ်နေရာမှာ တုန်တုန်ယင်ယင် ဝပ်လိုက်ကြသည်။

လီယိုဖေး၏ အခြေအနေသည် ပိုပြီးဆိုးဝါးသည်။ ဝိညာဉ်သခင်မယုံကျင်းသည်ပင် တည်ငြိမ်မနေနိုင်တော့ပေ။

လင်းအာတစ်ယောက်တည်းသာ တည်ငြိမ်သည်။ ရွှီချင်းအပေါ် လင်းအာ၏ ယုံကြည်မှုသည် အထွတ်အထိပ်သို့ ရောက်ရှိနေသည်။ အကိုရွှီချင်းသာရှိနေမည်ဆိုလျှင် ပြဿနာအားလုံးက ဖြေရှင်းသွားလိမ့်မည်ဟု သူက မျက်လုံးစုံမှိတ် ယုံကြည်ထားသည်။

သို့သော်လည်း အခြေအနေက အရေးကြီးအမှတ်သို့ ရောက်ရှိနေသည်။

အနီရောင်လဗိမာန်၏ အမြင့်မြတ်ဆုံးဘုန်းတော်ကြီးသည် သွေးပင်လယ်ထဲမှ သီးခြားကျွန်းတစ်ခုကို အေးစက်စက် စိုက်ကြည့်လိုက်သည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး အောက်သို့ ဖိချလိုက်သည်။ ချက်ချင်းပင် နီလာနတ်သမီး၏ သေမျိုးအရေခွံသည် ပျောက်ကွယ်သွားသည်။ ၎င်းက ပြန်ပေါ်လာသည့်အခါ ဘဝကံကြမ္မာဆိုးတောင်တန်း၏ အပေါ်သို့ ရောက်ရှိသွားသည်။

အရေခွံသည် တဖြည်းဖြည်း ဆန့်တန်းလာပြီး ကြီးမားလာသည်။ နောက်ပိုင်းတွင် ယင်းက ကောင်းကင်အလွှာတစ်ခုသို့ ပြန်ပြောင်းလဲသွားသည်။ ထိုကောင်းကင်ပေါ်တွင် တောင်တန်းများ၊ နေ၊ လ၊ ကြယ်များနှင့် သက်ရှိအားလုံး၏ အော်ညည်းသံများ ပါဝင်သည်။ ယင်းက ဘဝကံကြမ္မာဆိုးတောင်တန်းတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး တဖြည်းဖြည်း လွှမ်းခြုံသွားသည်။

“ ကျေးဇူးပြုပြီး သုံးဆောင်တော်မူပါ အရှင် ”

အမြင့်မြတ်ဆုံးဘုန်းတော်ကြီး၏ ရိုသေကိုင်းရှိုင်းမှုဖြင့် ပြည့်နှက်နေသော အသံသည် အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။

သွေးပင်လယ်ပေါ်မှ အနီရောင်လကျင့်ကြံသူများသည် တူညီသော စကားကို ကျယ်လောင်စွာ အော်ပြောလိုက်ကြသည်။

ထို့နောက် အနီရောင်လကျင့်ကြံသူများသည် ခေါင်းငုံ့လိုက်ကြပြီး မန္တန်ကို ဆက်လက် ရွတ်ဆိုလိုက်ကြသည်။

နတ်ဘုရားက အစာစားနေသည့်အခါ တစ်စုံတစ်ယောက်သည် တိုက်ရိုက် ကြည့်ခွင့်မရှိပေ။

သူတို့၏ မြင်နိုင်စွမ်းအလွန်တွင် သေမျိုးအရေခွံသည် အဆုံးမဲ့သော နတ်ဆိုးစိတ်ဆန္ဒနှင့် ပြင်းထန်သော ဆာလောင်မှုကို ထုတ်လွှတ်နေသည်။ ယင်းက ဘဝကံကြမ္မာဆိုးတောင်တန်းတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ တစ်ချိန်တည်းမှာ ယင်းက လူးလွန့်လှုပ်ရှားနေပြီး ကျုံ့သွားသည်။

သေမျိုးအရေခွံက ဤတောင်တန်းထဲမှာရှိသော အရာအားလုံးကို ဝါးမျိုချင်နေသည်။

မီးခိုးရောင်မုန်တိုင်းသည် ပြင်းထန်စွာ ရုန်းကန်လာသည်။ ဘဝကံကြမ္မာဆိုးတောင်တန်းထဲမှ ကျင့်ကြံသူများသည်တော့ စိတ်ပျက်အားငယ်သွားကြသည်။ စတုတ္ထခန်းမသခင်သည် နက်ရှိုင်းစွာ ဟိန်းဟောက်လိုက်ပြီး သူ၏ ကျင့်ကြံခြင်းအခြေခံကို ထုတ်လွှတ်လိုက်သည်။ သူက အညံ့ခံမည့်အစား သူ၏ လက်အောက်ငယ်သားများနှင့်အတူ အသက်သေသည်အထိ တိုက်ပွဲဝင်ရန် စိတ်ဆုံးဖြတ်ထားသည်။

ယင်းက လှည်းကို တားဆီးနေသော ရှိခိုးကောင်ပမာ အသုံးမဝင်သော်လည်း သူတို့၏ လပုန်ကန်သော စိတ်ဆန္ဒက မငြိမ်းသတ်သေးပေ။

မန္တန်ရွတ်ဆိုသံများနှင့် တိုက်ခိုက်သံများသည် ချက်ချင်း ပဲ့တင်ထပ်လာသည်။

သွေးပင်လယ်သည် တအိအိလှုပ်ခတ်လာပြီး ကြီးမားသော လှိုင်းလုံးများကို ဖြစ်ပေါ်လာစေသည်။ သွေးပင်လယ်ပေါ်ရှိ အနီရောင်လကျင့်ကြံသူများ၏ မန္တန်ရွတ်ဆိုသံများသည် ပိုပြီးကျယ်လောင်လာသည်။

အနီရောင်လဗိမာန်မှ အမြင့်မြတ်ဆုံးဘုန်းတော်ကြီးသည် နီလာနတ်သမီး၏ သေမျိုးအရေခွံဖြင့် ဖုံးလွှမ်းခံထားရသော ဘဝကံကြမ္မာဆိုးတောင်တန်းကို အေးစက်စက် စိုက်ကြည့်လိုက်သည်။

“ ဘယ်လိုခုခံမှုမှ အသုံးမဝင်ဘူး… အစာက အမြဲတမ်း အစာပဲဖြစ်နေလိမ့်မယ် ”

အမြင့်မြတ်ဆုံးဘုန်းတော်ကြီးက တည်ငြိမ်စွာ ပြောသည်။ သူက ခေါင်းလှည့်လိုက်ပြီး ကောင်းကင်ပေါ်မှ အနီရောင်လကို ဂုဏ်ယူဝင့်ကြွားစွာ ကြည့်လိုက်သည်။

ဘဝကံကြမ္မာဆိုးတောင်တန်းထဲမှ ကျင့်ကြံသူများသည် သူတို့၏ ကောင်းကင်က မည်းမှောင်သွားပြီး ဘေးပတ်ဝန်းကျင်က ပိတ်လှောင်ခံလိုက်ရကြောင်း မြင်တွေ့သွားကြသည်။ သွေးမိုးသည်သာ နီလာနတ်သမီး၏ သေမျိုးအရေခွံထဲမှ အစဉ်မပြတ် ရွာသွန်းနေသည်။ ယင်းက ဤနေရာတစ်ခုလုံးကို သွေးပင်လယ်အဖြစ် ပြောင်းလဲသွားစေသည်။

ဤအခိုက်အတန့်မှာ ဒြပ်နှောများက ပေါက်ကွဲထွက်လာသည်။ အော်ဟစ်ညည်းညူသံများက ဆက်လက် ပဲ့တင်ထပ်နေသည်။ တောင်တန်းများသည် စတင်ပြိုကျလာကြပြီး မြို့အများအပြားသည် ပျက်စီးသွားကြသည်။

အမှတ်ကိုးဆေးလုံးဆရာသခင်၏ ရုပ်တုသည် စတင်ပြိုကျလာသည်။ သူ၏ နောက်လိုက်များသည် ဤအခိုက်အတန့်မှာ စိတ်ရှုပ်ထွေးသွားကြပြီး ခါးသီးမှုကို ခံစားမိသွားကြသည်။ သူတို့၏ ခေါင်းဆောင်ဖြစ်သော အမျိုးသမီးသည်ပင် ယခင်ကဲ့သို့ အကြောက်အလန့်မဲ့ခြင်း မရှိတော့ပေ။ သူက တိတ်ဆိတ်ငြိမ်သက်သွားသည်။

တောင်တန်းဒေသ၏ ဘေးပတ်ဝန်းကျင်သည် အရေပြား၏ လူးလွန့်မှုအောက်မှာ စတင်ကျုံ့လာသည်။ အစွန်းထွက်နေသော ဧရိယာများသည် ပျောက်ကွယ်သွားကြသည်။ ထိုဧရိယာများမှာ နေထိုင်ကြသော သက်ရှိများသည် တခြားရွေးချယ်စရာမရှိဘဲ အဝေးသို့ အမြန်ပြောင်းရွှေ့သွားကြသည်။

တောင်စွန်းများသည် ပျောက်ကွယ်သွားကြသည်။ ထိုဧရိယာတစ်ဝိုက်မှာရှိသော အရာအားလုံးသည် အရေပြား၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာကြသည်။

သို့ဆိုလျှင် အရေပြားပေါ်မှ တောင်တန်းများ၊ နေ၊ လ၊ ကြယ်များနှင့် သက်ရှိအားလုံးသည် ထိုနည်းလမ်းအတိုင်း တံဆိပ်ရိုက်နှိပ်ခံထားရခြင်း ဖြစ်နိုင်ပေသည်။

သို့သော်လည်း ပျောက်ကွယ်သွားသည့် အလျင်သည် မမြန်ဆန်ပေ။ အဆင့်မြင့်နတ်ဘုရားမီးလျှံလ၏ ဆံခြည်မျှင်သည် နီလာနတ်သမီး၏ သေမျိုးအရေခွံကြောင့် ဖိနှိပ်ခံထားရသော်လည်း အတတ်နိုင်ဆုံး ခုခံတားဆီးနေဆဲပင်။

သို့သော်လည်း ယင်းက အချိန်ဆွဲထားရုံသာ တတ်စွမ်းသည်။ အကယ်၍ ထူးခြားအံ့ဖွယ်ကိစ္စသာ မဖြစ်ပေါ်လာလျှင် မုန်တိုင်းသည် မကြာခင်မှာ ပျောက်ကွယ်သွားလိမ့်မည်။ သေမျိုးအရေခွံက အရာအားလုံးကို ဝါးမျိုသွားသည့်အခါကျလျှင် ဘဝကံကြမ္မာဆိုးတောင်တန်းသည် လဝတ်ပြုဒေသကြီးထဲမှ ပျောက်ကွယ်သွားပြီး အရေပြားပေါ်မှာ ပြန်ပေါ်လာလိမ့်မည်။ ယင်းက အရေပြားပေါ်မှ တိုတမ်တစ်ခု ဖြစ်လာလိမ့်မည်။

ဘဝကံကြမ္မာဆိုးတောင်တန်းထဲမှ ကျင့်ကြံသူများက ကဒ်ဘေးနှင့် ရင်ဆိုင်နေကြစဉ် သူတို့က မထိရောက်သော ခုခံတားဆီးမှုကို ဆက်လက် လုပ်ဆောင်နေကြစဉ် လပုန်ကန်ခန်းမ၏ ကောင်းကင်ပေါ်မှ အမြင့်မြတ်ဆုံးဘုရားကျောင်းသည်တော့ ပိုပြီးကျယ်လောင်သော မြည်ဟိန်းသံများကို ထုတ်လွှတ်လာသည်။

ဂိတ်တံခါး၏ တုန်လှုပ်မှုသည် ယခင်ကထက် ပိုပြီးပြင်းထန်လာသည်။ ဝုန်းခနဲ မြည်ဟိန်းသံများက ကောင်းကင်ဘုံမိုးခြိမ်းသံသဖွယ် ပဲ့တင်ထပ်နေပြီး ဘေးပတ်ဝန်းကျင်ကို လှုပ်ခါသွားစေသည်။

ထိုအသံသည် အမြင့်မြတ်ဆုံးဘုရားကျောင်းထဲမှာ ပိုပြီးကျယ်လောင်သည်။

ရွှီချင်းနှင့် ခေါင်းဆောင်၏ ပူးပေါင်းဆောင်ရွက်မှုနှင့် နတ်ဘုရားသားတော်သွေး၏ လောင်ကျွမ်းမှုအောက်မှာ ဂိတ်တံခါးပေါ်မှ တိုတမ်သည် ပိုပြီးမှေးမှိန်လာသည်။ ယင်းက (၁၀)ရာခိုင်နှုန်းပင် မကျန်ရှိတော့ပေ။

သို့သော်လည်း ထို(၁၀)ရာခိုင်နှုန်းသည် အဓိကအရင်းအမြစ်ဖြစ်ပြီး အလွန်ဇွဲကောင်းသည်။ နတ်ဘုရားသားတော်၏ သွေးက တိုတမ်ကို လောင်ကျွမ်းပစ်နေသော်လည်း ယင်းက အလွယ်တကူ မပျက်စီးသွားပေ။

ယင်းက မပျက်စီးနိုင်ကြောင်း ခေါင်းဆောင်က မယုံကြည်ပေ။ တိုတမ်လေးသည် ပြေးထွက်လာပြီး ကိုက်ဝါးစားလိုက်သည်။

အက်ကွဲသံများ ပဲ့တင်ထပ်လာသည့်အခါ ခေါင်းဆောင်က အနောက်ဆုတ်သွားသည်။ တိုတမ်၏ အဓိကအရင်းအမြစ်သည် နည်းနည်းမှ မပျက်စီးသွားပေ။

ထိုအရာကို မြင်သောအခါ ခေါင်းဆောင်က သက်ပြင်းချလိုက်သည်။

“ ဘာလို့ ဒီဟာက ဝါးစားဖို့ အရမ်းမာကျောနေတာလဲ… ချင်းလေး ငါတို့ အချိန်ထပ်လိုလိမ့်မယ် ”

ရွှီချင်း၏ မျက်နှာပေါ်မှာ မောပန်းသော အမူအရာရှိသည်။ သူက ဂိတ်တံခါး၏ အပြင်ဘက်မှာရှိနေသော်လည်း နတ်ဘုရားသားတော်သွေး၏ လောင်ကျွမ်းမှုကို ထိန်းချုပ်ရသူ ဖြစ်သည်။ သို့မှသာ သူ၏ စီနီယာအကိုကြီးက ချိပ်တံဆိပ်ကို ပိုပြီးလွယ်ကူစွာ ကိုက်ဝါးစားနိုင်လိမ့်မည်။ သို့သော်လည်း ထိုလုပ်ငန်းစဉ်သည် သူ၏ စိတ်စွမ်းအားကို အများကြီး ကုန်ဆုံးစေသည်။

“ အဲ့ဒါဆိုရင် အရမ်းနောက်ကျသွားလိမ့်မယ် ”

ရွှီချင်းက တိုးညင်းစွာ ပြောသည်။ သူက ဆေးဆိုင်ဆီသို့ မပြန်ခဲ့သော်လည်း လင်းအာနှင့် သူ့ကြားမှ ဆက်သွယ်မှုအရ အပြင်လောကမှာ ဖြစ်ပျက်နေသည့် ကိစ္စအားလုံးကို သူသိနိုင်သည်။

“ အနီရောင်လဗိမာန်က ထင်ထားတာထက် စောစောရောက်လာတယ်… ပြီးတော့ နီလာနတ်သမီးရဲ့ သေမျိုးအရေခွံပါ ဆင်းသက်လာပြီ… အပြင်ဘက်မှာ အခြေအနေက အရမ်းဆိုးဝါးတယ် ”

ရွှီချင်းက ခေါင်းဆောင်ကို ကြည့်လိုက်သည်။

ခေါင်းဆောင်သည် ထိတ်လန့်သွားသည်။

“ သေမျိုးအရေခွံလား… အဲ့ဒါက အနီရောင်လဗိမာန်ရဲ့ အကြီးမားဆုံး အခြေခံအုတ်မြစ်လေ… သူတို့က ဘာလို့ စောစောအသုံးပြုတာလဲ ”

“ နောက်ကွယ်မှာ ဘာအကြောင်းအရင်းပဲရှိရှိ အဲ့ဒါက ဆင်းသက်လာပြီးပြီ ”

ရွှီချင်းက ဖြည်းညင်းစွာ ပြောသည်။ သူ၏ မျက်လုံးထဲမှာ စိတ်ဓာတ်ပြတ်သားမှုဖြင့် ပြည့်နှက်‌နေသည်။

“ စီနီယာအကိုကြီး… ဒီနောက်ဆုံးတိုတမ်ကို ဝါးမျိုဖို့ ငါ့ရဲ့ ခရမ်းလစွမ်းအားကို ထုတ်လွှတ်တော့မယ်… ငါ့ကို ကူညီပေးပါ ”

ခေါင်းဆောင်၏ မျက်လုံးက ဝင်းလက်လာသည်။ အခြေအနေက တကယ်အရေးကြီးနေကြောင်း သူနားလည်သည်။

“ တကယ်လို့ အဲ့ဒါကို ဝါးမျိုမယ်ဆိုရင် မင်းတောင့်ခံနိုင်မှာမဟုတ်ဘူး ”

“ ငါ လပုန်ကန်ခန်းမသခင်ဖြစ်လာပြီးရင် လပုန်ကန်ခန်းမရဲ့ စွမ်းအားကို အသုံးပြုပြီး အဲ့ဒါကို တစ်ချိန်လုံး ဖိနှိပ်ထားနိုင်ပါတယ် ”

ရွှီချင်းက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ ယင်းက နီလာနတ်သမီး၏ တိုတမ်လောင်ကျွမ်းမှုကို အရှိန်မြှင့်တင်ပေးနိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။

ခေါင်းဆောင်သည် နှုတ်ဆိတ်သွားသည်။ အချိန်အတော်ကြာပြီးနောက် သူက လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

“ ကောင်းပြီ… ငါတို့တွေ အစွမ်းကုန်ကြိုးစားကြတာပေါ့ ”

ရွှီချင်းသည် မတုံ့ဆိုင်းနေပေ။ သူက ချိပ်တံဆိပ်လက်ဟန်များကို လက်နှစ်ဖက်စလုံးဖြင့် တရစပ် ဖွဲ့စည်းလိုက်ပြီး သူ့အရှေ့မှ ဂိတ်တံခါးပေါ်သို့ ဖိချလိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲမှ ခရမ်းလစွမ်းအားသည် ဒလဟော ပေါ်လျှိုးလာသည်။ သွေးစက်များသည် ရွှီချင်း၏ တစ်ကိုယ်လုံးမှ မြန်ဆန်စွာ ပြေးထွက်လာကြသည်။

မကြာမီ သွေးရေကန်တစ်ခုက သူ၏ ဘေးပတ်ဝန်းကျင်မှာ ဖြစ်ပေါ်လာသည်။ ယင်းက တအိအိ လှုပ်ရှားထကြွလာသည့်အခါ ဝေဝါးသော နတ်ဘုရားရတနာသိုက်တစ်ခုက ရေမျက်နှာပြင်ပေါ်မှာ ထွက်ပေါ်လာသည်။ နတ်ဘုရားရတနာသိုက်သည် သိပ်သည်းသော သွေးအခွင့်အာဏာကို ထုတ်လွှတ်နေသည်။

နောက်အခိုက်အတန့်မှာ သွေးရေကန်သည် ဝုန်းခနဲ မြည်ဟိန်းသွားပြီး ဂိတ်တံခါးဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။ ခေါင်းဆောင်သည်လည်း အစွမ်းကုန် ထုတ်သုံးလိုက်သည်။ သူ၏ တိုတမ်လေးက မြန်ဆန်စွာ လှည့်ပတ်လိုက်ပြီး ဝဲကတော့အသွင် ပြောင်းလဲသွားကာ ရွှီချင်း၏ သွေးများကို လက်ခံလိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာ ထိုနှစ်ခု တွေ့ဆုံသွားသည်နှင့်ချက်ချင်း ရွှီချင်း၏ သွေးရေကန်သည် ဝဲကတော့မှတဆင့် ဂိတ်တံခါးထဲသို့ တန်းမတ်စွာ ဝင်ရောက်သွားသည်။ ယင်းက နီလာနတ်သမီးတိုတမ်၏ အဓိကအရင်းအမြစ်နေရာဆီသို့ ဦးတည်သွားသည်။

ရွှီချင်း၏ အသိအမြင်မှာ တိုတမ်၏ အဓိကအရင်းအမြစ်သည် သွေးနီအမှတ်အသားတစ်ခု ဖြစ်သည်။

ထိုအမှတ်အသားသည် သွေးနီအလင်းနှင့် နတ်ဘုရားအစွမ်းကို ထုတ်လွှတ်နေပြီး သက်ရှိအားလုံးကို တွန်းကန်နေသည်။ ယင်းက သူ့အနားသို့ မည်သူ့ကိုမှ ချဉ်းကပ်လာခွင့်မပေးချင်ပေ။

သို့သော်လည်း ရွှီချင်း၏ အခွင့်အာဏာသည် အနီရောင်လထံမှ ဖြစ်သည်။ သို့ဖြစ်၍ ယင်းက နီလာနတ်သမီးနှင့် အရင်းအမြစ်အတူတူ ဖြစ်သည်။ ဤအခိုက်အတန့်မှာ သူက အနားသို့ ချဉ်းကပ်သွားသည့်အခါ သွေးနီအမှတ်အသားနှင့် ပြင်းထန်စွာ ဆောင့်မိသွားသည်။

ဗုန်းဟူသော မြည်သံနှင့်အတူ ဂိတ်တံခါးသည် ပြင်းထန်စွာ တုန်လှုပ်သွားသည်။ ခေါင်းဆောင်သည် ချက်ချင်း လှုပ်ရှားလိုက်သည်။ သူက ပါးစပ်ဟလိုက်ပြီး မြန်ဆန်စွာ ကိုက်ဝါးစားလိုက်သည်။

ကိုက်ဝါးစားသံသည် ပိုပြီးကျယ်လောင်လာပြီး လပုန်ကန်ခန်းမတစ်ခုလုံးသို့ ပဲ့တင်ထပ်သွားသည်။ ရွှီချင်းက အသွင်ပြောင်းလဲထားသော သွေးရေကန်သည် တုန်လှုပ်သွားပြီး အနောက်သို့ ပြန်တွန်းထုတ်ခံလိုက်ရသည်။ ခေါင်းဆောင်သည် အော်ဟစ်ညည်းညူလိုက်ရသည်။ သို့သော်လည်း မကြာမီ သွေးရေကန်က ထပ်မံစုဝေးသွားပြီး တိုတမ်ကို ဝင်ဆောင့်လိုက်သည်။

ခေါင်းဆောင်သည် ရူးသွပ်သွားသည်။ သူ၏ တိုတမ်က အပြာရောင်အလင်း တောက်ပလာပြီး ရူးသွပ်စွာ ကိုက်ဝါးစားလိုက်သည်။

နတ်ဘုရားသားတော်သွေး၏ လောင်ကျွမ်းမှုလည်း ရှိသေး၏။ ဤအခိုက်အတန့်မှာ ယင်းက တိုတမ်ကို ဆက်လက် လောင်ကျွမ်းပစ်နေသည်။ ရွှီချင်းနှင့် ခေါင်းဆောင်၏ အစွမ်းကုန် ကြိုးစားမှုအောက်မှာ နာရီတချို့ကြာမြင့်ပြီးနောက် အမှတ်အသားသည် နောက်ဆုံးမှာတော့ ဆက်လက် မတောင့်ခံနိုင်တော့ဘဲ ပြိုကွဲထွက်သွားသည်။

ရွှီချင်းသည် အလွန်အားအင်ကုန်ခမ်းသွားသည်။ ခေါင်းဆောင်၏ အော်ညည်းသံထဲမှာလည်း အားအင်ချည့်နဲ့မှုဖြင့် ပြည့်နှက်နေသည်။

သို့သော်လည်း အက်ကွဲရာကို မြင်လိုက်ရသောအခါ သူတို့က ချက်ချင်း အရှေ့သို့ တွန်းထုတ်လိုက်ကြသည်။ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ အမှတ်အသားသည် နောက်ဆုံးမှာတော့ အပိုင်းပိုင်းအစစ ကွဲထွက်သွားသည်။

တိုတမ်ပျက်စီးသွားသည်နှင့်ချက်ချင်း ရွှေရောင်အလင်းတန်းသည် အထဲမှ ပေါ်လျှိုးထွက်လာသည်။ ရွှေရောင်အလင်း၏ ဇစ်မြစ်သည် ဝေဝါးသော ပုံရိပ်တစ်ခုထံမှ ဖြစ်သည်။

ဝေဝါးသော ထိုပုံရိပ်သည် အမျိုးသမီးတစ်ဦးဖြစ်ဟန်တူသည်။ သူ၏ အဝတ်အစားသည် ဆုတ်ပြဲနေပြီး မျက်လုံးကို လက်နှစ်ဖက်ဖြင့် ဖုံးအုပ်ထားသည်။ သွေးသည် သူ၏ မျက်လုံးထဲမှ စီးကျနေသည်။ ရွှေရောင်အလင်းတန်းသည် သူ၏ တစ်ကိုယ်လုံးကို လွှမ်းခြုံထားသည်။

ထိုသူက နီလာနတ်သမီးဖြစ်သည်။

ရေရွတ်သံများက ပျံ့လွင့်လာပြီး ပုံပျက်တွန့်လိမ်ခြင်းနှင့် ဒြပ်နှောများက အလွန်သိပ်သည်းစွာ ပေါ်ထွက်လာသည်။ ထိုဒြပ်နှောများက နတ်ဘုရားအစွမ်းသို့ ပြောင်းလဲသွားပြီး ရွှီချင်းနှင့် ခေါင်းဆောင်ကို ဖုံးလွှမ်းသွားသည်။

ရွှီချင်း၏ သွေးရေကန်သည် ဆူပွက်လာပြီး မြန်ဆန်စွာ လွင့်ပြယ်သွားသည်။ ခေါင်းဆောင်၏ တိုတမ်သည်လည်း မြန်ဆန်စွာ ဝေဝါးသွားသည်။ ဤအခိုက်အတန့်မှာ သူတို့က ဤလောကကြီးထဲမှ ဖယ်ရှားခံရတော့မည့်အလားပင်။

သို့သော်လည်း သူ၏ ရူးသွပ်မှုက ဤအခိုက်အတန့်မှာ လုံးလုံးလျားလျား ပေါ်ထွက်လာသည်။

“ ချင်းလေး… သူ့ကို ဝါးမျိုရအောင်… ဒီဟာကို သွေးပူလေ့ကျင့်ခန်းလို့ သဘောထားနိုင်တယ် ”

သွေးရေကန်က အဝေးမှာ အရည်ပျော်သွားသည့်အခါ ရွှီချင်း၏ ပုံရိပ်က ပြန်ထွက်ပေါ်လာသည်။ သူက နီလာနတ်သမီး၏ ပုံရိပ်ယောင်ကို စိုက်ကြည့်လိုက်သည်။ ပြင်းပြသော လိုချင်တပ်မက်မှုက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။ သူ၏ ပင်ကိုယ်ဗီဇကို မဖိနှိပ်နိုင်တော့ပေ။

အလွန်အမင်း ဆာလောင်မှုသည် ဤအခိုက်အတန့်မှာ ထွက်ပေါ်လာသည်။

ဤအခိုက်အတန့်မှာ သူ၏ လူသားသဘာဝက ပျောက်ကွယ်သွားနေပြီး နတ်ဘုရားသဘာဝက မြင့်တတ်သွားနေသည်။ ရွှီချင်း၏ နှစ်ဖက်ညီမျှမှုအခြေအနေက ကျိုးပျက်သွားတော့မည့်ဟန် ရသည်။

သို့သော်လည်း သူက ရပ်တန့်ခြင်းမရှိပေ။ သူ၏ နတ်ဘုရားသဘာဝကို ဆက်လက် မြင့်တတ်သွားရန် ခွင့်ပြုထားသည်။ ထို့နောက် နတ်ဘုရားသဘာဝက သူ၏ အသိစိတ်ကို အစားထိုးသွားသောအခါ အေးစက်စက် စကားသံက သူ့ဆီမှ ထွက်ပေါ်လာသည်။

“ အနီရောင်လရဲ့ အရှင်သခင်က နှစ်ယောက်မရှိသင့်ဘူး ”

ရွှီချင်းက စကားပြောလိုက်သည့်အခါ သူ၏ တစ်ကိုယ်လုံးမှ ကြောက်စရာကောင်းသော သွေးနီအလင်းရောင်ကို ထုတ်လွှတ်လိုက်သည်။ ယင်းက ဂိတ်တံခါးတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ သူက နီလာနတ်သမီး၏ ပုံရိပ်ကို လောဘ၊ ဆာလောင်မှုနှင့် တည်ငြိမ်မှုဖြင့် ဝါးမျိုလိုက်သည်။

ခေါင်းဆောင်သည် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ၏ မျက်လုံးထဲမှာ ရူးသွပ်မှု ထွက်ပေါ်လာသည်။ သူက ပါးစပ်ဟလိုက်ပြီး နီလာနတ်သမီးကို ဝါးမျိုလိုက်သည်။

All Chapters