ရတနာသိုက်တစ်ခု… လောကတစ်ခု
Vol. 68 Ch. 1064
အချိန်သည် အကုန်မြန်လှသည်။
ရွှီချင်း၊ ခေါင်းဆောင်နှင့် တခြားလူများက ဤဝိညာဉ်ခြံဝန်းဆီသို့ ရောက်ရှိလာသည်မှာ နှစ်နှစ်ကြာမြင့်သွားပြီ ဖြစ်သည်။
( ဝိညာဉ်ခြံဝန်းက လဝတ်ပြုဒေသကြီးကို ရည်ညွှန်းခြင်း ဖြစ်သည် )
ကိစ္စများစွာသည် ဤနှစ်နှစ်အတွင်းမှာ ဖြစ်ပျက်ခဲ့သည်။ ယင်းက ရွှီချင်းအတွက်ရော ဤဒေသကြီးအတွက်ရော ဖြစ်သည်။
လွန်ခဲ့သော နှစ်နှစ်ခန့်က လဝတ်ပြုဒေသကြီးဆီသို့ ရောက်ရှိလာခဲ့သော ဝိညာဉ်နတ်သူငယ်အဆင့် ကျင့်ကြံသူက ဤကဲ့သို့ တစ်ခါမှမဖြစ်ပေါ်ဖူးသော မုန်တိုင်းတစ်ခုကို ဖြစ်ပေါ်လာစေလိမ့်မည်ဟု မည်သူက မျှော်လင့်ထားကြမည်နည်း။
မုန်တိုင်းသည် ကောင်းကင်ဘုံမီးတောက်ပင်လယ်ထံမှ အစပြုခဲ့ခြင်း ဖြစ်သည်။
ထိုမုန်တိုင်းထဲတွင် ကောင်းကင်ဘုံမီးတောက်ပင်လယ်ထဲမှ မျိုးနွယ်စုနှစ်စုသည် ပျက်စီးသွားခဲ့သည်။ ထို့နောက် မုန်တိုင်းက မြောက်ဘက်သို့ ဆက်လက် ရွေ့လျားသွားသည်။ ၎င်း၏ လမ်းတစ်လျှောက်တွင် အပြောင်းအလဲများစွာ ဖြစ်ပေါ်လာခဲ့သည်။ ထို့နောက် မုန်တိုင်းသည် အဆုံးမဲ့ကောင်းကင်နွားတောင်တန်းတွင် နတ်ဘုရား၏ အိမ်မက်ကို လှုပ်ခါစေခဲ့သည်။ ထိုမှတဖန် မုန်တိုင်းသည် ဘဝကံကြမ္မာဆိုးတောင်တန်းဆီသို့ ဆက်လက် ဦးတည်သွားသည်။
ထိုအတောအတွင်း လပုန်ကန်ခန်းမ၏ အမှတ်ကိုးဆေးလုံးဆရာသခင်သည် နာမည်ကျော်ကြားလာပြီး နတ်ဘုရားကွပ်မျက်စင်က မီးပွားစတစ်ခုကို ဖြစ်ပေါ်လာစေသည်။
နောက်ဆုံးမှာတော့ နှစ်နှစ်ကြာ ပြင်ဆင်မှုများနှင့် ကြိုးစားအားထုတ်မှုအောက်မှာ ထိုမုန်တိုင်းသည် အမြင့်မြတ်ဆုံးဘုရားကျောင်း၏ ဂိတ်တံခါးမှတဆင့် တိုက်ခတ်လာသည်။
ယင်းက လုံးဝပေါ်ထွက်လာသည်။
ဤအခိုက်အတန့်မှာ လဝတ်ပြုဒေသကြီး၏ ရာသီဥတုသည် ပြောင်းလဲသွားသည်။ တောင်တန်းများနှင့် မြစ်များသည် အပြင်းထန် တုန်လှုပ်သွားကြသည်။ လေနှင့် တိမ်တိုက်များသည် ပရမ်းပတာ ဖြစ်သွားကြသည်။
ပြန်လည်ရှင်သန်သော စိတ်ဆန္ဒသည် သက်ရှိအားလုံး၏ နှလုံးသားထဲမှာ ပေါ်လျှိုးလာသည်။
ထိုအရာက ဂိတ်တံခါးပွင့်သွားခြင်းသာ မဟုတ်ပေ။ သက်ရှိအားလုံး၏ နှလုံးသားထဲမှ ဂိတ်တံခါးက ပွင့်သွားခြင်း ဖြစ်သည်။
ယင်းက နတ်ဘုရားကွပ်မျက်စင်မှ မြင်ကွင်းများကို မြင်လိုက်ရစဉ်ကအတိုင်း လူတိုင်းအပေါ် သက်ရောက်မှုရှိ၏။ ဤအခိုက်အတန့်မှာ လပုန်ကန်ခန်းမထဲမှ အမြင့်မြတ်ဆုံးဘုရားကျောင်း၏ ဂိတ်တံခါးသည် သက်ရှိအားလုံး၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။
ဂိတ်တံခါးပွင့်သွားသည့်အခိုက် အဆုံးမဲ့သော အလင်းတန်းများသည် ဂိတ်တံခါးထဲမှ ပျံ့လွင့်လာကြသည်။ ယင်းက သက်ရှိအားလုံး၏ နှလုံးသားကို အလင်းပြန်သွားစေပြီး စိတ်ပျက်အားလျော့မှုကို ဖယ်ရှားပစ်လိုက်သည်။ ယင်းက သက်ရှိအားလုံးထံမှ မျှော်လင့်ချက်ကို ပြန်လည်ရှင်သန်လာစေပြီး မီးပွားစကို ဖြစ်ပေါ်လာစေသည်။
အရှေ့ပိုင်းဒေသမှ ကောင်းကင်ဘုံမီးတောက်ပင်လယ်၏ အပြင်ဘက်တွင်…
ရွှီချင်း၏ အကူအညီဖြင့် လူသားမျိုးနွယ်၏ သိမ်းပိုက်ခံလိုက်ရသော မြင့်မြတ်မြို့တော်သည် ယခု အပျက်အစီးမြေသို့ ပြောင်းလဲသွားသည်။ ထိုအပျက်အစီးမြေ၏ အောက်ခြေတွင် မြေအောက်လှိုင်ဂူတစ်ခု ရှိသည်။ သွမ့်မူကျန်းနှင့် ကျန်ရှိသော လူသားမျိုးနွယ်ဝင်များသည် မြေအောက်လှိုင်ဂူထဲမှာ ပုန်းအောင်းနေကြသည်။
လှိုင်ဂူသည် မည်သည့်အသံမှ မကြားရသည်အထိ တိတ်ဆိတ်နေသည်။ စိတ်ပျက်အားလျော့ခြင်းနှင့် အကူအညီမဲ့မှုက လှိုင်ဂူတစ်ခုလုံးကို ကြီးစိုးထားသည်။ သွမ့်မူကျန်းသည် သေအံ့ဆဲဆဲအခြေအနေဖြင့် မြေပြင်ပေါ်မှာ လဲလျောင်းနေသည်။ သူက သေမည့်အချိန်ကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ ကျိန်စာအရှိန်အဝါသည် အလွန်အမင်း သိပ်သည်းသည်။ ယိုယွင်းပျက်စီးသည့် လက္ခဏာများကို သူ၏ ခန္ဓာကိုယ်ပေါ်မှာ မြင်နိုင်ပေသည်။
သို့သော်လည်း ဤအခိုက်အတန့်မှာ သူက ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ လှိုင်ဂူထဲမှ လူအားလုံး၏ အမူအရာသည် သိသာစွာ ပြောင်းလဲသွားသည်။ အလန့်တကြား အော်သံများက သူတို့ထံမှ ထွက်ပေါ်လာကြသည်။ သူတို့အားလုံးသည် စိတ်ထဲမှာ မြင်ကွင်းတစ်ခုကို မြင်လိုက်ရကြသည်။
သွမ့်မူကျန်း၏ အသက်ရှူသံသည် မြန်ဆန်လာသည်။ သူက လပုန်ကန်ခန်းမမှ ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ ထို့ကြောင့် ကြေးနီဂိတ်တံခါးထွက်ပေါ်လာမှု၏ အဓိပ္ပာယ်ကို ချက်ချင်း သူနားလည်သွားသည်။ ယင်းက သူ့ကို အကြီးအကျယ် ထိတ်လန့်သွားစေသည်။ ထို့ပြင် ဂိတ်တံခါးပွင့်သွားပြီးနောက် အထဲမှ ထွက်ပေါ်လာသော ပုံရိပ်နှစ်ခုကို မြင်လိုက်ရသည့်အခါ သူက လုံးဝမယုံကြည်နိုင်ဖြစ်သွားသည်။
သူတို့ထဲမှ တစ်ယောက်က သူ့အား အလွန်ရင်းနှီးသော ခံစားမှုကို ပေးသည်။
“ ရွှီချင်း ”
တစ်ချိန်တည်းမှာ လဝတ်ပြုဒေသကြီး၏ မြောက်ပိုင်းဒေသမှ အဆုံးမဲ့သော ရေခဲပြင်များပေါ်တွင် အလွန်ကျယ်ပြောသော အစီအရင်တစ်ခုက ဧရိယာတစ်ခုလုံးကို လွှမ်းခြုံထားသည်။
ထိုစည်းချအစီအရင်သည် ချိပ်ပိတ်ခြင်းနှင့် ချုပ်နှောင်ခြင်းကို အဓိကထားသည်။ မရေမတွက်နိုင်သော အနီရောင်လကျင့်ကြံသူများသည် စည်းချအစီအရင်ကို ဝိုင်းရံထားကြသည်။ သူတို့က အစီအရင်ကို အားဖြည့်ပေးနေကြပြီး အထဲမှ အရာအားလုံးကို ချိပ်ပိတ်ထားသည်။
စည်းချအစီအရင်၏ အတွင်းဘက်တွင် လပုန်ကန်ခန်းမမှ ကျင့်ကြံသူသိန်းပေါင်းများစွာ ရှိကြသည်။ သူတို့အဖွဲ့၏ ခေါင်းဆောင်သည် စတုတ္ထခန်းမသခင်နှင့် အဆင့်တူညီသော တတိယခန်းမသခင်ဖြစ်သည်။
ပထမခန်းမသခင်နှင့် ပဉ္စမခန်းမသခင်က သစ္စာဖောက်ခဲ့ကြသော်လည်း တော်လှန်ရေးကို ဆက်လက် လုပ်ဆောင်နေကြဆဲပင်။ လဝတ်ပြုဒေသကြီး၌ တော်လှန်ရေးစစ်တပ်၏ အဓိကအခြေစိုက်စခန်းသည် ဘဝကံကြမ္မာဆိုးတောင်တန်းနှင့် ဤနေရာမှာ ဖြစ်သည်။
ဤနေရာမှ ကျင့်ကြံသူသိန်းပေါင်းများစွာသည် မျှော်လင့်ချက်မဲ့နေကြသည်။ လပုန်ကန်ခန်းမက ချိပ်ပိတ်ခံလိုက်ရပြီးနောက် သူတို့သည် အပြင်လောကနှင့် ဆက်သွယ်နိုင်စွမ်းကို လုံးဝဆုံးရှုံးသွားကြသည်။ သူတို့က ဤအစီအရင်ထဲမှလည်း ရုန်းမထွက်နိုင်ကြပေ။ သူတို့က အနီရောင်လဆင်းသက်လာမည့် အချိန်ကိုသာ စောင့်ဆိုင်းနေကြရသည်။
အစက သူတို့သည် တိုက်ပွဲစိတ်ဆန္ဒကို ဆုံးရှုံးသွားကြပြီး အသက်ဆက်ရှင်ရန် မျှော်လင့်ချက်မဲ့နေကြသည်။ သို့သော်လည်း ထိုအခိုက်အတန့်မှာ မြင်ကွင်းတစ်ခုက သူတို့၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။ လပုန်ကန်ခန်းမမှ ကျင့်ကြံသူသိန်းပေါင်းများစွာသည် ထိတ်လန့်သွားကြပြီး ဆူပူအုံကြွသွားကြသည်။
သက်လတ်ပိုင်းလူကြီးတစ်ယောက်ဖြစ်သော တတိယခန်းမသခင်သည် ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး အလန့်တကြား အော်ပြောလိုက်သည်။
“ အမြင့်မြတ်ဆုံးဘုရားကျောင်းရဲ့ ဂိတ်တံခါး ”
ထိုမြင်ကွင်းသည် အနောက်ပိုင်းဒေသနှင့် တောင်ပိုင်းဒေသမှာလည်း ဖြစ်ပေါ်လာသည်။
လဝတ်ပြုဒေသကြီးတွင် ပုန်းလျှိုးနေကြသော တော်လှန်ရေးစစ်တပ်မှ ကျင့်ကြံသူများသည် ဆူပူအုံကြွသွားကြသည်။
သူတို့၏ စုစုပေါင်းအရေအတွက်သည် ဘဝကံကြမ္မာဆိုးတောင်တန်းနှင့် မြောက်ပိုင်းရေခဲပြင်ဒေသရှိ တော်လှန်ရေးစစ်တပ်ထက် ပိုများပြားသည်။
မည်သို့ဖြစ်ပါစေ လဝတ်ပြုဒေသကြီးသည် အလွန်ကျယ်ပြောသည်။ ထို့ပြင် အနီရောင်လဗိမာန်သည် စတေးခံလူသားအရေအတွက် မလုံလောက်မည်ကို စိုးရိမ်သောကြောင့် အဖွဲ့ပြိုကွဲသွားပြီး ထွက်ပြေးသွားကြသော ကျင့်ကြံသူများနောက်သို့ လိုက်မဖမ်းခဲ့ကြပေ။
သူတို့သည် မျိုးနွယ်အသီးသီးမှ ကျင့်ကြံသူများဖြစ်ကြသည်။ သူတို့ထဲမှ တချို့ကျင့်ကြံသူများသည် ရွှီချင်းနှင့် တခြားလူများကို ယခင်က မြင်ဖူးကြသည်။ ဥပမာ ဝူကျန်းဝူနှင့် ဇာတ်လမ်းရှိခဲ့ဖူးသော ယွင်ရှဖြစ်သည်။
သူတို့က လပုန်ကန်ခန်းမမှ ကျင့်ကြံသူများ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဟုတ်ဖြစ်စေ ဤအခိုက်အတန့်မှာ သူတို့အားလုံး၏ စိတ်သည် ဝုန်းခနဲ မြည်ဟိန်းသွားသည်။
အဘယ့်ကြောင့်ဆိုသော် ဤခေတ်တွင် လပုန်ကန်ခန်းမမှ အမြင့်မြတ်ဆုံးဂိတ်တံခါးက ပထမဆုံးအကြိမ် ပွင့်သွားသောကြောင့် ဖြစ်သည်။
အထူးသဖြင့် ဤကဲ့သို့ အရေးကြီးအခိုက်အတန့်မှာ ဂိတ်တံခါးပွင့်သွားခြင်းသည် နေရောင်ခြည်က အမှောင်တိမ်တိုက်များကို ထွင်းဖောက်သွားသည့်အလားပင်။
ဤအခိုက်အတန့်မှာ နီလာနတ်သမီး၏ သေမျိုးအရေခွံဖြင့် ဖုံးလွှမ်းခံထားရသော ဘဝကံကြမ္မာဆိုးတောင်တန်းထဲတွင် ထွန်းလင်းတောက်ပသော အလင်းရောင်က အရပ်မျက်နှာအဘက်ဘက်ဆီသို့ ပျံ့နှံ့သွားသည်။ ဤနေရာမှ ကျင့်ကြံသူအားလုံးသည် တုန်လှုပ်သွားကြသည်။ အထူးသဖြင့် လပုန်ကန်ခန်းမမှ ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့သည် ချက်ချင်း ဒူးထောက်လိုက်ကြသည်။
စတုတ္ထခန်းမသခင်၏ အသက်ရှူသံသည် မြန်ဆန်လာသည်။ သူက ကြေးနီဂိတ်တံခါးကို ကြည့်လိုက်သည့်အခိုက် သူ၏ နှလုံးသည် အပြင်းအထန် တုန်လှုပ်လာသည်။
သို့သော်လည်း သူတို့ထက် ပိုပြီးထိတ်လန့်သွားကြသူများသည် နင်ယန်၊ ဝူကျန်းဝူ၊ လီယိုဖေးနှင့် ဘိုးဘေးမိုကွေ့ဖြစ်သည်။ သူတို့က ကြေးနီဂိတ်တံခါးထဲမှ ထွက်ပေါ်လာကြသော ပုံရိပ်နှစ်ခုကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။
ဝိညာဉ်သခင်မယုံကျင်းသည်တော့ မျက်မှောင်ကြုတ်လိုက်ပြီး ချန်းအားညိုကို ရွံရှာမုန်းတီးစွာ ကြည့်လိုက်သည်။ တစ်ဖက်လူကို မမြင်တွေ့ရသည့် ဤအတောအတွင်း သူ၏ စိတ်ခံစားချက်များသည် ပုံမှန်ပြန်ဖြစ်လာပြီး တည်ငြိမ်လာသည်။ သို့သော်လည်း ယခုတော့ သူ၏ နှလုံးသားထဲမှ ဒေါသက ထိုမျက်နှာကို မြင်လိုက်ရသည့်အခါ တဖန်ပြန်ပေါ်လာသည်။
သူ့ကို ပိုပြီးဒေါသထွက်စေသည်မှာ ဂိတ်တံခါးထဲမှ ထွက်ပေါ်လာသော ချန်းအားညို၏ စကားသံ ဖြစ်သည်။
“ ဟား ဟား… ငါတို့က အချိန်မှန်ရောက်လာတာပဲ ”
ကောင်းကင်ပေါ်မှ ကြေးနီဂိတ်တံခါးသည် လုံးဝပွင့်သွားသည်။ အလင်းရောင်အောက်မှာ ရွှီချင်းနှင့် ခေါင်းဆောင်သည် အပြင်သို့ ထွက်လျှောက်လာကြသည်။ သူတို့က အပြင်သို့ ထွက်လျှောက်လာသည်နှင့်ချက်ချင်း ခေါင်းဆောင်၏ စကားသံက ရွှီချင်း၏ နားထဲသို့ ပျံ့လွင့်လာစဉ် သူ၏ အမူအရာသည် ပြောင်းလဲသွားသည်။
သူက အားအင်တိုးမြှင့်ခြင်းကို ခံစားမိသွားသည်။
ထိုအားအင်တိုးမြှင့်ခြင်းက လပုန်ကန်ခန်းမထံမှ ဖြစ်သည်။ လပုန်ကန်ခန်းမမှ ထုတ်လွှတ်နေသော အံ့ဖွယ်ကောင်းသည့် စွမ်းအားသည် ဂိတ်တံခါးပွင့်သွားသည့်အခိုက် သူ၏ ခန္ဓာကိုယ်ထဲသို့ ဒလဟော တိုးဝင်လာသည်။ ယင်းက သူ၏ တစ်ကိုယ်လုံးကို အာဟာရဖြည့်တင်းပေးလိုက်သည်။
ထိုစွမ်းအားသည် အလွန်တရာ အံ့ဖွယ်ကောင်းသည်။ ယင်းက နှစ်ပေါင်းမြောက်များစွာကြာအောင် စုဆောင်းထားခဲ့သော စွမ်းအားဖြစ်သည်။ ထိုထဲမှာ ယုံကြည်မှုနှင့် ကမ္မစွမ်းအား ပါရှိသေးသည်။
ချက်ချင်းဆိုသလို ရွှီချင်းက နားလည်သွားသည်။
ယင်းက လပုန်ကန်ခန်းမ၏ အရှင်သခင်ဖြစ်လာမည့်လူများကို အပ်နှင်းပေးသော အပေးအယူစွမ်းအားဖြစ်သည်။
သူက ထိုစွမ်းအားကို လက်ခံနိုင်သလို ငြင်းပယ်နိုင်သည်။
သို့သော်လည်း အကယ်၍ သူက ထိုစွမ်းအားကို လက်ခံလိုက်မည်ဆိုလျှင် လပုန်ကန်ခန်းမ၏ ကမ္မကို ထမ်းပိုးရလိမ့်မည်။ လဝတ်ပြုဒေသကြီးကို ကာကွယ်စောင့်ရှောက်ရမည့် တာဝန်ကို သူက လက်ခံယူရလိမ့်မည်။
ထိုအချက်ကို အာရုံခံမိသွားသောအခါ ရွှီချင်း၏ ခြေလှမ်းသည် တုံ့ခနဲ ရပ်တန့်သွားသည်။ ခေါင်းဆောင်သည်လည်း ထိုအရာကို ချက်ချင်း အာရုံခံမိသွားသည်။ ထူးဆန်းသော အလင်းရောင်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသောအခါ သူသည်လည်း ရပ်တန့်သွားသည်။
သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
“ လက်ခံမှာလား ငြင်းပယ်မှာလား ”
ခေါင်းဆောင်၏ မျက်လုံးသည် ဝင်းလက်သွားသည်။
“ လက်ခံမယ် ”
ရွှီချင်းက ခေါင်းညိတ်လိုက်သည်။
ခေါင်းဆောင်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ရွှီချင်းနှင့်အတူ ဤအခိုက်အတန့်မှာ သူက ကြီးမားသော ကမ္မကို ထမ်းပိုးရတော့မည်။
သူတို့က ဤကမ္မကို ထမ်းပိုးရန် သဘောတူလိုက်သည်နှင့်ချက်ချင်း အာဟာရဖြည့်တင်းပေးမည့် စွမ်းအားသည် သူတို့နှစ်ယောက်စလုံးဆီသို့ တိုးဝင်လာသည်။
ရွှီချင်း၏ တစ်ကိုယ်လုံးသည် တုန်ယင်သွားသည်။ ချက်ချင်းဆိုသလို အပူဓာတ်သည် သူ၏ ခန္ဓာကိုယ်တစ်လျှောက် ဖြတ်သန်းစီးဆင်းသွားသည်။ လပုန်ကန်ခန်းမထဲတွင် နှစ်ပေါင်းများစွာကြာအောင် စုဆောင်းထားခဲ့သော စွမ်းအားသည် သူ၏ ရွှေကျီးကန်းဝိညာဉ်နတ်သူငယ်ထံသို့ တိုက်ရိုက် စီးဆင်းသွားသည်။
ရွှေကျီးကန်းသည် ဒြပ်ထည်ဖြစ်တည်လာပြီး ကျယ်လောင်သော အော်မြည်သံကို ထုတ်ဖော်လိုက်သည်။ ၎င်း၏ အနောက်မှ အမြှီးများသည် တစ်ချောင်းပြီးတစ်ချောင်း ထွက်ပေါ်လာကြသည်။ နောက်ဆုံးမှာတော့ အမြှီးက အချောင်းတစ်ထောင်ပြည့်သွားသည်။ ထိုအခါ ၎င်းက စတုတ္ထကောင်းကင်ကဒ်ဘေးဒုက္ခကို ချိုးဖြတ်သွားပြီး ပဉ္စမကောင်းကင်ကဒ်ဘေးဒုက္ခ၏ အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ ၎င်းက ပြီးပြည့်စုံသော ဝိညာဉ်နတ်သူငယ်တစ်ကောင် ဖြစ်လာသည်။
အနက်ရောင်လှံသည် ရွှေကျီးကန်း၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာပြီး ကမ္ဘာဖျက်ဆီးနိုင်သော အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။ ဤသည်မှာ ၎င်းက ပူပြင်းသော နေလုံးတစ်လုံးနှယ် အရာအားလုံးကို လောင်ကျွမ်းပြာချပစ်နိုင်ဟန် ရသည်။
ရွှီချင်း၏ တိုက်ပွဲစွမ်းအားသည် ရုတ်တရက် တစ်ဟုန်ထိုး မြင့်တတ်သွားသည်။
သူ၏ အဆင့်ချိုးဖြတ်မှုသည် ထိုမျှတင် မပြီးသေးပေ။ နောက်အခိုက်အတန့်မှာ သူ၏ တစ္ဆေအင်ပါယာတောင်ကုန်းက ထွက်ပေါ်လာသည်။ တောင်ကုန်းသည် အလွန်ကြီးမားပြီး ပေတစ်သောင်းအမြင့် ရှိသည်။ ၎င်းက ဟင်းလင်းပြင်ထဲမှာ မတ်တတ်ရပ်နေသည်။ ၎င်းက မျက်လုံးဖွင့်လှစ်လိုက်သည့်အခါ ပြီးပြည့်စုံသော ဝိညာဉ်နတ်သူငယ်အဆင့်အားလှိုင်းက ထွက်ပေါ်လာသည်။ ၎င်းက ကမ္ဘာမြေ၏ လေးနက်သော အလေးချိန်ကို ပေးစွမ်းသည်။
နောက်တစ်ခုက (ဃ၁၃၂)ဖြစ်သည်။ ဤအခိုက်အတန့်မှာ လပုန်ကန်ခန်းမ၏ အားဖြည့်ပေးမှုအောက်တွင် ၎င်းက အဆင့်ချိုးဖြတ်သွားသည်။ အကျဉ်းထောင်ထဲမှ ချိပ်ပိတ်ထားသော စွမ်းအားသည် ပိုပြီးအားကောင်းလာသည်။ မေ့လျော့ခြင်းနယ်ပယ်သည် ယခင်ကထက် ပိုပြီးသိသာလာသည်။ တစ်ချိန်တည်းမှာ (ဃ၁၃၂)ထဲမှ အကျဉ်းသားများသည်လည်း သိသာစွာ ပြောင်းလဲသွားကြသည်။
သူတို့က ရွှီချင်း၏ ဝိညာဉ်နတ်သူငယ်(၁၃)ကောင်ထဲတွင် အသက်ဓာတ်ကို ပိုင်ဆိုင်ထားကြသော သက်ရှိများဖြစ်ကြသည်။
ရွှီချင်း၏ တိုက်ပွဲစွမ်းအားသည် အလျှင်အမြန် မြင့်တတ်သွားနေသည်။
ထို့နောက် ကျယ်လောင်သော ဟိန်းသံတစ်သံက မြည်ဟိန်းထွက်လာသည်။ မိုဆာဆောသည် ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ပျံသန်းထွက်လာပြီး လေထဲမှာ ရွှေကျီးကန်းနှင့်အတူ ကူးခတ်လိုက်သည်။ ကောင်းကင်ဘုံတာအို၏ အရှိန်အဝါသည် ဘေးပတ်ဝန်းကျင်သို့ ပျံ့လွင့်သွားသည်။
၎င်းက အဆင့်ချိုးဖြတ်သွားသည့်အခါ အသေးစား ဥပဒေသများသည် ၎င်း၏ ခန္ဓာကိုယ်အပြင်ဘက်တွင် ဒြပ်ထည်ဖြစ်တည်လာကြသည်။
လပုန်ကန်ခန်းမထဲတွင် နှစ်ပေါင်းများစွာကြာအောင် စုစည်းရှိနေခဲ့သော အာဟာရဖြည့်စွမ်းအားသည် အလွန်ကြီးမားကျယ်ပြောသည်။ တားမြစ်အဆိပ်သည်လည်း အာဟာရဖြည့်တင်းခြင်း ခံလိုက်ရသည်။
မကြာမီ ရွှီချင်း၏ မျက်လုံးသည် အနက်ရောင်သို့ ပြောင်းလဲသွားသည်။ တားမြစ်အဆိပ်ဝိညာဉ်နတ်သူငယ်၏ စွမ်းအားသည် စတုတ္ထကောင်းကင်ကဒ်ဘေးဒုက္ခကို ကျော်လွန်သွားပြီး ပြီးပြည့်စုံသော ပဉ္စမကောင်းကင်ကဒ်ဘေးဒုက္ခသို့ ရောက်ရှိသွားသည်။ ယင်းက အနက်ရောင်ကန့်လန့်ကာသို့ ပြောင်းလဲသွားပြီး ရွှီချင်း၏ ဦးခေါင်းနားတစ်ဝိုက်တွင် လှည့်ပတ်သွားကာ ကောင်းကင်ဆီသို့ ပျံ့နှံ့သွားသည်။
ထို့နောက်တွင် ကျောက်ရှာအလင်းမှ ဖြစ်ပေါ်လာသော ဝိညာဉ်နတ်သူငယ်က အဆင့်ချိုးဖြတ်သွားသည်။ ၎င်းက အဆုံးမဲ့စွာ သဏ္ဍာန်ပြောင်းလဲသွားသည်။ မန္တန်များနှင့် အတတ်ပညာအားလုံးသည် ကျောက်ရှာအလင်းထဲမှာ အလိုအလျောက် လှည့်ပတ်လာကြသည်။
ရွှီချင်း၏ ဘေးပတ်ပတ်လည်တွင် လှည့်ပတ်နေသော ပုံရိပ်ယောင် အချိန်စီးကြောင်းတစ်ခုလည်း ရှိသေး၏။ ၎င်းက သူ့ဘာသာ အဆင့်ချိုးဖြတ်သွားသည်။
ရွှီချင်း၏ နေနာရီသက်စောင့်မီးအိမ်များသည်လည်း ဤအခိုက်အတန့်မှာ ထွက်ပေါ်လာကြသည်။ နေနာရီများပေါ်မှ နာရီလက်တံများသည် သူတို့ဘာသာ လှည့်ပတ်လာကြပြီး ကြီးထွားလာကြသည်။ ပြီးပြည့်စုံသော ဝိညာဉ်နတ်သူငယ်အဆင့်၏ အရှိန်အဝါသည် နေနာရီများထံမှ အလွန်အားကောင်းစွာ ထွက်ပေါ်လာကြသည်။
နောက်ဆုံးမှာတော့ သူ၏ ခရမ်းလက သွေးပင်လယ်သို့ ပြောင်းလဲသွားသည်။ အနီရောင်လသည် သွေးပင်လယ်ထဲမှ မြှောက်တတ်လာပြီး အစစ်အမှန်နှင့် တဖြည်းဖြည်း တူညီလာသည်။
ထိုအရာအားလုံးက ရွှီချင်း၏ အရှိန်အဝါကို တစ်ဟုန်ထိုး မြင့်တတ်သွားစေပြီး အံ့မခန်းအဆင့်သို့ ရောက်ရှိသွားစေသည်။ လပုန်ကန်ခန်းမ၏ အစွမ်းတိုးမြှင့်ပေးမှုအောက်မှာ သူ၏ အဆင့်ချိုးဖြတ်မှုက ဤနေရာမှာရှိသော လူများကို သူ့အား တိုက်ရိုက် မော့မကြည့်နိုင်အောင် ဖြစ်သွားစေသည်။
ပိုပြီးကြောက်စရာကောင်းသည်မှာ ပုံရိပ်ယောင် လျှို့ဝှက်ရတနာသိုက်တစ်ခုက ရွှီချင်း၏ အနောက်မှာ တဖြည်းဖြည်း ထွက်ပေါ်လာနေခြင်း ဖြစ်သည်။
ထိုလျှို့ဝှက်ရတနာသိုက်က အာဟာရဓာတ်ကို အများဆုံး စုပ်ယူသွားခြင်း ဖြစ်သည်။ ယင်းက ဝဲကတော့တစ်ခုသဖွယ် လှည့်ပတ်နေပြီး မြည်ဟိန်းသံများက အထဲမှ ပျံ့လွင့်ထွက်လာသည်။
လျှို့ဝှက်ရတနာသိုက်ထဲမှ ထုတ်လွှတ်နေသော အရှိန်အဝါက အရာအားလုံးထက် သာလွန်ပြီး ကြောက်မက်ဖွယ်ကောင်းသော အဆင့်သို့ ရောက်ရှိနေသည်။ ယင်းက ဝေဝါးနေသော်လည်း လျှို့ဝှက်ရတနာသိုက်၏ အတွင်းပိုင်းတည်ဆောက်ပုံသည် အံ့ဩမှင်တတ်စေရန် လုံလောက်သည်။
လျှို့ဝှက်ရတနာသိုက်ထဲတွင် ကောင်းကင်ပေါ်မှ ရွှေကျီးကန်းသည် နေလုံးကို ကိုယ်စားပြုပြီး အပေါ်သို့ မြှောက်တတ်လာနေသော ခရမ်းလသည် လကို ကိုယ်စားပြုသည်။
တားမြစ်အဆိပ်သည် ကောင်းကင်ယံမှ တိမ်တိုက်များသို့ ပြောင်းလဲသွားပြီး တစ္ဆေအင်ပါယာတောင်ကုန်းက ကမ္ဘာမြေဖြစ်လာသည်။
အချိန်သည် စမ်းချောင်းသဖွယ် စီးဆင်းနေပြီး ကောင်းကင်ဘုံတာအိုမိုဆာဆော၏ အသက်ရှူသွင်းရှူထုတ်ခြင်းက ဥပဒေသများကို ဖြစ်ပေါ်လာစေသည်။
ကျောက်ရှာအလင်းသည် ထွန်းလင်းတောက်ပလာပြီး (ဃ၁၃၂)သည် သက်ရှိများသို့ ပြောင်းလဲသွားသည်။
နေနာရီများက လှည့်ပတ်လာသည့်အခါ လျှို့ဝှက်ရတနာသိုက်ထဲမှ အရာအားလုံးသည် စတင်လည်ပတ်လာကြသည်။ နေ့နှင့်ညသည် တစ်လှည့်စီ ပြောင်းလဲသွားပြီး လေနှင့် တိမ်တိုက်များသည် ရွေ့လျားသွားကြသည်။ လောကကြီး၏ အမြဲတမ်း ဖြစ်ပျက်နေသော သဘာဝဖြစ်စဉ်များက ဤအခိုက်အတန့်မှာ ဆက်တိုက် ထွက်ပေါ်လာကြသည်။
ထိုအရာအားလုံးက ပုံရိပ်ယောင်ဖြစ်သော်လည်း လျှို့ဝှက်ရတနာသိုက်၏ ဧရိယာသည် အလွန်ကျယ်ပြောသည်။ ရတနာသိုက်ထဲမှာ ကိုယ်ပိုင်လောကတစ်ခု ရှိနေဟန် ရ၏။
ဤသည်မှာ ရွှီချင်းပိုင်ဆိုင်သော ပထမဆုံး လျှို့ဝှက်ရတနာသိုက် ဖြစ်သည်။ ယင်းက သူ၏ မွေးရာပါလျှို့ဝှက်ရတနာသိုက်လည်း ဖြစ်သည်။
ထိုရတနာသိုက်က ပုံရိပ်ယောင်သာ ရှိသေးသော်လည်း အကယ်၍ ၎င်းသာ အပြည့်အဝ ဒြပ်ထည်ဖြစ်တည်လာမည်ဆိုလျှင် ကမ္ဘာကို တုန်လှုပ်သွားစေမည်မှာ သေချာ၏။
ထိုသို့လျှို့ဝှက်ရတနာသိုက်သည် ပုံမှန်အားဖြင့် ပမာဏအလွန်များပြားသော အာဟာရဓာတ်များကို လိုအပ်သည်။
ရွှီချင်းတစ်ယောက်တည်း အစွမ်းတိုးမြှင့်သွားခြင်းမဟုတ်ပေ။ ခေါင်းဆောင်သည်လည်း လပုန်ကန်ခန်းမ၏ အာဟာရဖြည့်တင်းပေးမှုအောက်မှာ သိသာစွာ ပြောင်းလဲသွားသည်။ သူက ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး ချိပ်တံဆိပ်နှစ်ခုကို ဆုတ်ဖြဲပစ်လိုက်သည်။ ထိုအခါ သူ၏ အရှိန်အဝါသည် ပြီးပြည့်စုံသော ဝိညာဉ်နတ်သူငယ်အဆင့်သို့ တစ်ဟုန်ထိုး မြင့်တတ်သွားသည်။
အမှန်မှာ သူက တတိယချိပ်တံဆိပ်၏ ထက်ဝက်နီးပါးကိုပင် ဆုတ်ဖြဲနိုင်ခဲ့သည်။ ထို့ကြောင့် ဝိညာဉ်သိုက်အရှိန်အဝါက သူ၏ ခန္ဓာကိုယ်ထဲမှ ဝေဝေဝါးဝါး ထွက်ပေါ်လာသည်။
ထို့နောက် အာဟာရဖြည့်ပေးခြင်းသည် အဆုံးသတ်သွားသည်။
လပုန်ကန်ခန်းမထဲမှာ စွမ်းအင်အလုံအလောက်မရှိခြင်း မဟုတ်ပေ။ ယင်းအစား သူတို့နှစ်ယောက်၏ ထူးခြားသော အခြေခံအုတ်မြစ်ကြောင့် သူတို့လိုအပ်သော အာဟာရဖြည့်တင်းမှုက သာမန်ထက် ကျော်လွန်နေခြင်း ဖြစ်သည်။ သူတို့က စွမ်းအင်တစ်မျိုးတည်းကို အများအပြား စုပ်ယူနေမည်ဆိုလျှင် ငြီးငွေ့သွားလိမ့်မည်။ သို့မဟုတ်လျှင် အနာဂတ်မှာ ရွှီချင်းက သူ၏ လျှို့ဝှက်ရတနာသိုက်ကို ဖွဲ့စည်းရန် အခက်တွေ့လာလိမ့်မည်။ ခေါင်းဆောင်သည်လည်း သူ၏ ချိပ်တံဆိပ်များကို ဖြေလျှော့ရန် အခက်တွေ့လာလိမ့်မည်။
သူတို့က အမျိုးမျိုးသော စွမ်းအင်များကို လိုအပ်သည်။ သို့ဖြစ်၍ လပုန်ကန်ခန်းမထဲမှ စွမ်းအားကို အလွန်အကြူး စုပ်ယူခြင်းသည် သူတို့နှစ်ယောက်စလုံးအတွက် ကောင်းကျိုးထက် ဆိုးကျိုးပိုများလိမ့်မည်။
ထို့နောက် အားလုံး၏ အကြည့်အောက်မှာ ကဒ်ဘေးဒုက္ခတိမ်တိုက်သည် နီလာနတ်သမီး၏ သေမျိုးအရေခွံအတွင်းမှာ ဖြစ်တည်လာသည်။ မိုးခြိမ်းသံများသည် အရပ်ရှစ်မျက်နှာသို့ ပဲ့တင်ထပ်သွားသည်။
အမှန်မှာ အပြင်လောကတွင်လည်း ထို့အတူပင်။ ကြီးမားသော ကဒ်ဘေးဒုက္ခတိမ်တိုက်များသည် ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာကြသည်။
ဝိညာဉ်နတ်သူငယ်အဆင့်၏ နောက်ဆုံးကဒ်ဘေးဒုက္ခက ဤအခိုက်အတန့်မှာ သက်ဆင်းလာသည်။
အကယ်၍ ရွှီချင်းက ဤကဒ်ဘေးဒုက္ခကို ကျော်လွှားနိုင်မည်ဆိုလျှင် ပြီးပြည့်စုံသော ဝိညာဉ်နတ်သူငယ်အဆင့်မှာ အခြေခိုင်မြဲသွားလိမ့်မည်။ ထို့ပြင် ပုံရိပ်ယောင် လျှို့ဝှက်ရတနာသိုက်၏ ထွက်ပေါ်လာမှုကြောင့် သူက တာအိုပျိုးထောင်ခြင်းအဆင့်ကို ကျော်လွှားသွားပြီး ဝိညာဉ်သိုက်အဆင့်သို့ တိုက်ရိုက် တတ်လှမ်းသွားနိုင်လိမ့်မည်။