← Chapters

နတ်ဘုရားဖြစ်လာရန် ရိုးရာဓလေ့

Vol. 68 Ch. 1065

နတ်ဘုရားဖြစ်လာရန် ရိုးရာဓလေ့

Vol. 68 Ch. 1065

နီလာနတ်သမီး၏ သေမျိုးအရေခွံဖြင့် ပိတ်လှောင်ခံထားရသော လောကထဲတွင် ရွှီချင်းက ခေါင်းမော့လိုက်သည်။

သူ့အမြင်အာရုံ၏ အဆုံးတွင် ကဒ်ဘေးဒုက္ခတိမ်တိုက်များက သေမျိုးအရေခွံအတွင်းမှာ ထွက်ပေါ်လာကြသည်။ တိမ်တိုက်၏ ဧရိယာသည် မကြီးမားပေ။ မိုးကြိုးများရှိသော်လည်း ကြောက်စရာမကောင်းပေ။ သို့သော်လည်း သူ၏ အသိအမြင်အရ အပြင်လောကတွင် ပိုပြီးကြီးမားသော ကဒ်ဘေးဒုက္ခတိမ်တိုက်များက လောလောဆယ် ဖြစ်တည်လာနေသည်ဟု ရွှီချင်း အာရုံခံမိသည်။

သေမျိုးအရေခွံအတွင်းမှာ ထွက်ပေါ်လာသော အရာသည် အပြင်လောကမှ ကဒ်ဘေးဒုက္ခတိမ်တိုက်များ၏ ပုံရိပ်ယောင်ဖြစ်တည်မှုသာ ဖြစ်သည်။

ခေါင်းဆောင်၏ မျက်နှာပေါ်မှာ ထူးဆန်းသော အမူအရာရှိသည်။

“ ဂျူနီယာညီလေး… ငါက ဘဝပေါင်းများစွာ နေထိုင်ခဲ့ဖူးတယ်… ဒါပေမဲ့ ဒီလိုအခြေအနေမျိုးကို ပထမဆုံးအကြိမ် ငါမြင်ဖူးတာပဲ ”

“ မင်းက သေမျိုးအရေခွံလွှမ်းခြုံထားတဲ့ နယ်မြေအတွင်းမှာ ရှိနေတယ်… အဲ့ဒါဆိုရင် ဒီကဒ်ဘေးဒုက္ခက မင်းအပေါ်ကို ကျလားမှာလား ဒါမှမဟုတ် နီလာနတ်သမီးရဲ့ သေမျိုးအရေခွံပေါ် ကျလာမှာလား ”

“ သေမျိုးအရေခွံဆိုရင်တော့ ကျဆင်းလာမယ့် ကဒ်ဘေးဒုက္ခက အရမ်းကြောက်စရာကောင်းလိမ့်မယ်… ဒါပေမဲ့ နီလာနတ်သမီးရဲ့ သေမျိုးအရေခွံကိုယ်တိုင်က အရမ်းကြောက်စရာကောင်းတယ် ”

“ တကယ်လို့ မင်းဆိုရင်တော့ သေမျိုးအရေခွံက လမ်းကြောင်းကို ပိတ်ဆို့ထားလိမ့်မယ်… မင်းက ဘာမှဖြစ်မှာမဟုတ်ဘူး… သေမျိုးအရေခွံက မင်းကိုယ်စား ကဒ်ဘေးဒုက္ခကို ရင်ဆိုင်ပေးလိမ့်မယ် ”

“ စိတ်ဝင်စားစရာပဲ… ဒီလိုအခြေအနေမျိုးကို တစ်ခါမှ ငါမမြင်ဖူးဘူး… နတ်ဘုရားရဲ့ သေမျိုးအရေခွံကို မြင်တွေ့ရဖို့က အရမ်းရှားပါးတယ်… အထူးသဖြင့် ဒီသေမျိုးအရေခွံမှာ အသိစိတ်မရှိဘူး… အလိုအလျောက်တုံ့ပြန်မှုပဲ ရှိတယ် ”

ရွှီချင်းက နက်နဲစွာ တွေးတောလိုက်သည့်အခါ သူ၏ မျက်လုံးက ဝင်းလက်သွားသည်။

ဤအခိုက်အတန့်မှာ တိမ်တိုက်များသည် အပြင်လောကတွင် လှုပ်ရှားထကြွလာသည်။ အနီရောင်ကောင်းကင်သည်ပင် ကောင်းကင်ဘုံတာအို၏ ဥပဒေသများကို အပြည့်အဝ မတားဆီးနိုင်ပေ။ အနက်ရောင်တိမ်တိုက်များသည် အောက်သို့ ဆင်းသက်လာပြီး သွေးပင်လယ်၏ အပေါ်တွင် ပျံ့နှံ့သွားသည်။

တိမ်တိုက်များက အချင်းချင်း ပွတ်တိုက်သွားသည့်အခါ မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။ အသံသည် အလွန်ကျယ်လောင်ပြီး ဘေးပတ်ဝန်းကျင်ကို တုန်ခါသွားစေသည်။ သို့သော်လည်း မိုးကြိုးကဒ်ဘေးသည် ချက်ချင်း မဆင်းသက်လာပေ။ ၎င်းက အကဲဖြတ်နေဟန် ရ၏။

အချိန်အတော်ကြာပြီးနောက် ကဒ်ဘေးဒုက္ခသည် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်သည်။

ချက်ချင်းပင် ကဒ်ဘေးဒုက္ခတိမ်တိုက်များသည် ကောင်းကင်ယံမှာ ထွက်ပေါ်လာကြသည်။ ပေါက်ကွဲသံများကြားမှာ ကောင်းကင်ဘုံမိုးကြိုးသွားတစ်ခုက သက်ဆင်းလာသည်။ ကောင်းကင်ဘုံမိုးကြိုးသွားသည် နဂါးတစ်ကောင်သို့ အသွင်ပြောင်းလဲသွားပြီး နီလာနတ်သမီး၏ သေမျိုးအရေခွံဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။

အသံက ပဲ့တင်ထပ်သွားသည့်အခါ မိုးကြိုးသွားသည် သေမျိုးအရေခွံပေါ်သို့ ကျရောက်သွားသည်။ ယင်းက မရေမတွက်နိုင်သော မိုးကြိုးစက်ကွင်းများသို့ ပြောင်းလဲသွားပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့လွင့်သွားသည်။ သေမျိုးအရေခွံသည် ထိခိုက်သွားခြင်းမရှိပေ။

ပထမမိုးကြိုးသွားက မပျက်ပြယ်သွားခင် ကောင်းကင်ဘုံမိုးကြိုးသွားများက ဆက်တိုက် ဆင်းသက်လာကြသည်။

သို့သော်လည်း ရလဒ်သည် မထူးခြားပေ။

ယင်းက ရွှီချင်း၏ ပဉ္စမကဒ်ဘေးဒုက္ခမဟုတ်တော့ပေ။ သေမျိုးအရေခွံ၏ ကဒ်ဘေးဒုက္ခဖြစ်လာသည်။

အကြောင်းအရင်းတချို့ကြောင့် ရွှီချင်း၏ ကဒ်ဘေးဒုက္ခတိုင်းသည် တခြားလူများနှင့် ခြားနားသည်။ ပထမကဒ်ဘေးဒုက္ခတွင် ဖုန်းဟိုင်ဒေသငယ်၏ ကမ္မက မိုးကြိုးသွားကို တွန်းထုတ်ပစ်ခဲ့သည်။ ဒုတိယကဒ်ဘေးဒုက္ခသည် ဥပဒေသများဖရိုဖရဲဖြစ်နေချိန်မှာ ဆင်းသက်လာခဲ့သည်။ တတိယကဒ်ဘေးဒုက္ခတွင် အိမ်ရှေ့စံမင်းသားက ရှန်းနန်ကျိန်စာအမိန့်တော်ကို အသုံးပြုခဲ့ပြီး အဆုံးမရှိသော မိုးကြိုးသွားများကို ဆွဲဆောင်ခဲ့သည်။

စတုတ္ထကဒ်ဘေးဒုက္ခသည် ပိုပြီးကြောက်စရာကောင်းသည်။ ယင်းက နတ်ဘုရားကွပ်မျက်စင်မှာ ထွက်ပေါ်လာခဲ့သည်။

သူ၏ ကဒ်ဘေးဒုက္ခတိုင်းသည် ယခင်တစ်ခေါက်ထက် ပိုပြီးအံ့ဖွယ်ကောင်းလာစမြဲပင်။

သို့သော်လည်း စတုတ္ထကဒ်ဘေးဒုက္ခနှင့် နှိုင်းယှဉ်လျှင် ဤပဉ္စမကဒ်ဘေးဒုက္ခသည် သာမန်သာ ဖြစ်သည်။

ဤတစ်ကြိမ်တွင် ရှန်းနန်ကျိန်စာအမိန့်တော်ကို အသုံးပြုပေးမည့် အိမ်ရှေ့စံမင်းသားက အနားမှာမရှိပေ။ ထို့ကြောင့် အဆုံးမရှိသော မိုးကြိုးသွားများက ဆင်းသက်မလာပေ။

ရွှီချင်းက နတ်ဘုရားကွပ်မျက်စင်ကို ဆင်ခြင်သုံးသပ်နေခြင်းမဟုတ်သောကြောင့် ဤတစ်ကြိမ်ကဒ်ဘေးဒုက္ခသည် သာမန်မျှသာဖြစ်သည်။

ဤတစ်ကြိမ်တွင် သူက နီလာနတ်သမီး၏ သေမျိုးအရေခွံအတွင်းမှာ တည်ရှိနေခြင်းဖြစ်သည်။ သေမျိုးအရေခွံနှင့် အတူတူမဟုတ်ပေ။

ထိုကဒ်ဘေးဒုက္ခမိုးကြိုးများသည် နီလာနတ်သမီး၏ သေမျိုးအရေခွံကို လှုပ်ခါရန် အင်အားမလုံလောက်ကြပေ။

မိုးကြိုးသွား(၉၉)ခု ဆင်းသက်လာပြီးသည့်တိုင် အားလုံးသည် သေမျိုးအရေခွံပေါ်မှာ ပြန့်ကျဲသွားကြသည်။

သေမျိုးအရေခွံသည် အနီရောင်အလင်း ရွှန်းလဲ့စွာတောက်ပနေသည်။ ထိုအလင်းရောင်အောက်မှာ အရေခွံသည် နည်နည်းလေးမှ ထိခိုက်ပျက်စီးသွားခြင်းမရှိပေ။

ကဒ်ဘေးဒုက္ခသည် မကြာခင် အဆုံးသတ်တော့မည် ဖြစ်သည်။ ကောင်းကင်ပေါ်မှ တိမ်တိုက်များနှင့် မြူခိုးသည် လွင့်ပြယ်သွားသည်။ ထို့နောက် ရောင်စုံအလင်းတန်းများက ပေါ်ထွက်လာကြသည်။ ဤသည်မှာ ကောင်းကင်အာဏာစက်များ၏ အလင်းဖြစ်သည်။ တစ်နည်းဆိုရလျှင် ရွှီချင်းက ဤကဒ်ဘေးဒုက္ခကို ဖြတ်ကျော်ပြီးသွားပြီဟု ဖော်ပြနေခြင်းဖြစ်သည်။

အရာအားလုံးက အဆင်ပြေချောမွေ့စွာ ဆက်သွားနေသည်။

သို့သော်လည်း ရွှီချင်းက မျက်မှောင်ကြုတ်လိုက်သည်။ သူ၏ အမူအရာက လေးနက်သွားသည်။

ဘေးမှ ခေါင်းဆောင်၏ မျက်လုံးထဲမှာ အနက်ရောင်အလင်း ဖြတ်ပြေးသွားသည်။ သူက သေမျိုးအရေခွံကို စိုက်ကြည့်လိုက်သည်။

“ တစ်ခုခုတော့ လွဲမှားနေတယ် ”

အမှန်တကယ်ပင် တစ်ခုခုလွဲမှားနေသည်။ အပြင်လောကမှ ကဒ်ဘေးဒုက္ခသည် အဆုံးသတ်သွားကြောင်း ရှင်းလင်းသည်။ ကောင်းကင်အာဏာစက်များသည်ပင် ရောင်စုံအလင်းနှင့်အတူ ဆင်းသက်လာနေသည်။ သို့သော်လည်း စောစောက သေမျိုးအရေခွံအတွင်းမှာ ထွက်ပေါ်လာခဲ့သော ကဒ်ဘေးဒုက္ခတိမ်တိုက်များက မပျောက်ကွယ်သွားသေးပေ။

ရွှီချင်းသည်လည်း သူ၏ ခန္ဓာကိုယ်ထဲမှ ကျင့်ကြံခြင်းက တိုးမြှင့်သွားသည်ဟု မခံစားမိပေ။

ဤသည်မှာ ကဒ်ဘေးဒုက္ခက မဆင်းသက်လာသေးသည့်အလားပင်။

သို့သော်လည်း ကဒ်ဘေးဒုက္ခသည် စောစောက အမှန်တကယ် ဆင်းသက်လာခဲ့သည်။

“ အဲ့ဒါကို နီလာနတ်သမီးရဲ့ သေမျိုးအရေခွံက စားသုံးလိုက်တာဖြစ်မယ် ”

ခေါင်းဆောင်က ရုတ်တရက် ပြောသည်။ သူ၏ အသံထဲမှာ အံ့အားသင့်မှုဖြင့် ပြည့်နှက်နေသည်။

“ ဂျူနီယာညီလေး… တစ်ခုခုလွဲမှားနေတယ်… ငါတို့တွေ ဂိတ်တံခါးဆီ အရင်ပြန်ဆုတ်ကြရအောင် ”

“ နောက်ကျသွားပြီ… ”

ရွှီချင်းက အက်ရှရှအသံဖြင့် ပြောသည်။ သူ၏ အမူအရာက တည်ကြည်လေးနက်လာသည်။ သူက ပစ်မှတ်ထားခံနေရသည်ဟု ခံစားမိသွားသည်။ သူက မည်သည့်နေရာကို သွားပါစေ ယင်းကို မရပ်တန့်နိုင်ပေ။

ထိုသို့ပစ်မှတ်ထားခံရခြင်းသည် သူက နတ်ဘုရားတစ်ပါး၏ စိုက်ကြည့်ခံနေရသည့်အလား ခံစားမိစေသည်။ သူ၏ ခန္ဓာကိုယ်သည် တုန်ယင်လာပြီး တားမြစ်အဆိပ်က လှုပ်ရှားထကြွလာသည်။ ခရမ်းလနတ်ဘုရားအရင်းအမြစ်သည် ပေါက်ကွဲထွက်လာသည်။ (ဃ၁၃၂)ထဲမှ နတ်ဘုရားလက်ချောင်းသည် တုန်ယင်လာသည်။

“ ငါ့ကိုယ်ထဲက နတ်ဘုရားအစွမ်းအားလုံးက ချိပ်ပိတ်ခံလိုက်ရတယ် ”

သူက စကားပြောလိုက်သည်နှင့်ချက်ချင်း ဘဝကံကြမ္မာဆိုးတောင်တန်းကို လွှမ်းခြုံထားသော နီလာနတ်သမီး၏ သေမျိုးအရေခွံသည် ရုတ်တရက် လူးလွန့်သွားသည်။ အရေပြားကြောင့် ဖြစ်ပေါ်လာသော ကောင်းကင်သည် လှုပ်ရှားထကြွလာပြီး ကဒ်ဘေးဒုက္ခတိမ်တိုက်များက ထိုထဲမှာ ထွက်ပေါ်လာကြသည်။

ထို့ပြင် နတ်ဘုရားအစွမ်းသည် ကောင်းကင်မှ သက်ဆင်းလာပြီး ကဒ်ဘေးဒုက္ခတိမ်တိုက်များနှင့် ပေါင်းစပ်သွားသည်။ ထိုနတ်ဘုရားအစွမ်းအောက်မှာ ကဒ်ဘေးဒုက္ခတိမ်တိုက်များသည် တိုက်ရိုက် ပေါက်ကွဲထွက်သွားသည်။ ကြီးမားသော ရွှေရောင်ဗလာကျောက်တိုင်တစ်ခုသည် ပေါက်ကွဲထွက်သွားသော ကဒ်ဘေးဒုက္ခတိမ်တိုက်များထဲမှ ထွက်ပေါ်လာသည်။

ဗလာကျောက်တိုင်သည် ပေတစ်ထောင်ရှည်လျားပြီး ရွှီချင်းဆီသို့ တိုက်ရိုက် ဆင်းသက်လာသည်။

ယင်းက ဆင်းသက်လာသည်နှင့်ချက်ချင်း နတ်ဘုရားအရှိန်အဝါသည် ကျောက်တိုင်ထဲမှ ပေါ်ထွက်လာသည်။ မြေပြင်ပေါ်မှ သက်ရှိအားလုံးသည် ထိတ်လန့်သွားကြသည်။ သူတို့၏ အသိစိတ်က ဤအခိုက်အတန့်မှာ ဝုန်းခနဲ မြည်ဟိန်းသွားသည်။

ရွှီချင်း၏ အမူအရာသည် ပြောင်းလဲသွားသည်။ ခေါင်းဆောင်သည် မျက်လုံးပြူးကျယ်သွားသည်။

“ အဲ့ဒါက နတ်ဘုရားကျောက်တိုင်ပဲ… ကျောက်တိုင်ပေါ်မှာ တစ်စုံတစ်ယောက်က သူရဲ့ နာမည်ကို နတ်ဘုရားသွေးနဲ့ ရေးထွင်းရလိမ့်မယ်… ဒြပ်စင်ငါးမျိုးသေခြင်းတရားကို ဖြတ်ကျော်ပြီး နတ်ဘုရားမီးတောက်ကို ထွန်းညှိရမယ်… နတ်ဘုရားကျောက်တိုင်ကို ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်ထဲ ထည့်သွင်းနိုင်တဲ့အခါ တစ်စုံတစ်ယောက်က နတ်ဘုရားအစွမ်းကို လုယူနိုင်လိမ့်မယ်… သူတို့ရဲ့ ကိုယ်ပိုင်နတ်ဘုရားရာထူးကို ဖွဲ့စည်းနိုင်လိမ့်မယ် ”

“ ဒီနတ်ဘုရားကဒ်ဘေးရိုးရာဓလေ့ကို ဝိညာဉ်တတ်လှမ်းခြင်းလို့ ခေါ်တယ် ”

ခေါင်းဆောင်သည် စကားပြောနေရင်း အသက်ရှူမြန်လာသည်။

“ မဟုတ်သေးဘူး… ဒီစွမ်းအားက အများကြီး အားနည်းလွန်းတယ် ”

“ ငါနားလည်ပြီ… အဲ့ဒါက သေမျိုးအရေခွံရဲ့ ပင်ကိုယ်တုံ့ပြန်မှုပဲ ”

“ နီလာနတ်သမီးက သေမျိုးဖြစ်ခဲ့ချိန်မှာ နတ်ဘုရားဖြစ်လာဖို့ အရမ်းလိုချင်တောင့်တခဲ့တယ်… သူက နတ်ဘုရားဖြစ်လာဖို့ သေချာအောင် နည်းလမ်းတစ်ခုတည်းကို အသုံးပြုပြီး အကြိမ်ကြိမ် ရိုးရာဓလေ့ ကျင်းပခဲ့တာဖြစ်ရမယ်”

“ ဒါကြောင့် သူ့ရဲ့ နတ်ဘုရားဖြစ်ချင်စိတ်က ဒီသေမျိုးအရေခွံထဲမှာ နက်နက်ရှိုင်းရှိုင်း ပေါင်းစပ်သွားခဲ့တယ်… နီလာနတ်သမီးက ဟွမ်ကောင်းကင်ဘုံမှာ နတ်ဘုရားမီးတောက်ကို ထွန်းညှိနိုင်ပြီး နတ်ဘုရားတစ်ပါးဖြစ်လာခဲ့တာတောင် အဲ့ဒီလိုချင်တပ်မက်စိတ်က သူ့ရဲ့ သေမျိုးအရေခွံထဲမှာ ကျန်ရှိနေတုန်းပဲ ”

“ တကယ်လို့ တခြားတစ်ယောက်က ဒီနေရာမှာ ကဒ်ဘေးဒုက္ခကျော်လွှားမယ်ဆိုရင် အခုလိုဖြစ်လာမှာမဟုတ်ဘူး… ဒါပေမဲ့ မင်းက ခြားနားတယ် ”

“ မင်းမှာ ခရမ်းလစွမ်းအားရှိတယ်… အဲ့ဒါက နီလာနတ်သမီးနဲ့ အရင်းအမြစ်တစ်ခုတည်းပဲ… ပြီးတော့ ဒီသေမျိုးအရေခွံထဲမှာ အနီရောင်လစွမ်းအားရှိတယ်… ဒါကြောင့် ကဒ်ဘေးဒုက္ခကို မင်းဆင့်ခေါ်လိုက်တာက ဒီသေမျိုးအရေခွံရဲ့ ပင်ကိုယ်တုံ့ပြန်မှုကို လှုံ့ဆော်ပေးလိုက်ပြီး နတ်ဘုရားကဒ်ဘေးရိုးရာဓလေ့ကို ကျင်းပစေတာပဲ ”

“ ဒါက အခွင့်အရေးပဲ… ဒီဟာက တကယ့်နတ်ဘုရားကဒ်ဘေးမဟုတ်သေးဘဲ နတ်ဘုရားမီးတောက် ထွန်းညှိတဲ့အပိုင်း မပါဘူးဆိုပေမဲ့ မင်းအတွက်တော့ ဒါက မသေချာတဲ့ ကံကြမ္မာပဲ ”

“ ဂျူနီယာညီလေး… ဒီဟာက မင်းရဲ့ ပဉ္စမကောင်းကင်ကဒ်ဘေးဒုက္ခပဲ ”

ခေါင်းဆောင်က စကားပြောနေစဉ် ရွှေရောင်ကျောက်တိုင်သည် ဝုန်းခနဲ မြည်ဟိန်းသွားပြီး ရွှီချင်း၏ အရှေ့သို့ ကျဆင်းလာသည်။ ရွှေရောင်အလင်းသည် ကျောက်တိုင်ထဲမှ ပေါက်ကွဲထွက်လာပြီး အလင်းပင်လယ်သို့ ပြောင်းလဲသွားကာ အရာအားလုံးကို ထွန်းလင်းသွားစေသည်။

“ အဲ့ဒါက ဘာကံကြမ္မာပဲဖြစ်ဖြစ် ဒီကဒ်ဘေးဒုက္ခကို ငါကျော်လွှားရမယ် ”

ရွှီချင်းသည် ကျောက်တိုင်ကို စိတ်ဓာတ်ပြတ်သားသော အကြည့်ဖြင့် ကြည့်လိုက်သည်။

နီလာနတ်သမီး၏ သေမျိုးအရေခွံက သူ၏ ကဒ်ဘေးဒုက္ခကို ဝါးမျိုသွားခဲ့သည်။ ထို့ကြောင့် သူ၏ ကျင့်ကြံခြင်းအဆင့်က မမြင့်တတ်သွားဘဲ ကဒ်ဘေးဒုက္ခကျော်လွှားခြင်းက မပြည့်မစုံဖြစ်လာသည်။ သို့ဖြစ်၍ ထိုကံကြမ္မာက ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ သူက ဤကဒ်ဘေးဒုက္ခကို မဖြစ်မနေ ကျော်လွှားရလိမ့်မည်။

“ ဂျူနီယာညီလေး… ဒီကဒ်ဘေးဒုက္ခက ထူးခြားတယ်… ငါ့ညွှန်ကြားမှုကို နားထောင်ပါ… ပထမအဆင့်မှာ မင်းရဲ့ နတ်ဘုရားသွေးကို အသုံးပြုပြီး ကျောက်တိုင်ပေါ်မှာ မင်းရဲ့ နာမည်ကို ရေးထွင်းရလိမ့်မယ် ”

ခေါင်းဆောင်သည် တည်ကြည်လေးနက်သော အမူအရာဖြင့် မြန်ဆန်စွာ ပြောသည်။

ရွှီချင်းက ခေါင်းညိတ်လိုက်သည်။ ဤနေရာမှ သက်ရှိအားလုံး၏ ထိတ်လန့်သော အကြည့်အောက်မှာ သူ၏ ခန္ဓာကိုယ်က တစ်ချက်လှုပ်ယမ်းသွားပြီး ကျောက်တိုင်ဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။ အနားသို့ ရောက်ရှိသွားသည့်အခါ သူ၏ ညာလက်ကို မြှောက်လိုက်သည်။ ပမာဏများပြားသော သွေးက စီးဆင်းထွက်လာသည်။

သူက လက်ဖဝါးကို စုတ်တံအဖြစ် အသုံးပြုလိုက်ပြီး သူ၏ သွေးကို မင်ရည်အဖြစ် အသုံးပြုလိုက်သည်။ သူက ပေတစ်ထောင်ရှည်လျားသော ကျောက်တိုင်ပေါ်မှာ သူ၏ နာမည်အတွက် ပထမစုတ်ချက်ကို ရေးဆွဲလိုက်သည်။

ထိုစုတ်ချက်က ကျဆင်းသွားသည့်အခါ ကျောက်တိုင်သည် တုန်ယင်သွားသည်။ သွေးသည် ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ထိန်းချုပ်မရအောင် တိုးထွက်လာသည်။ သို့သော်လည်း သူ၏ ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်လိုက်ပြီး ဆက်လက် ရေးဆွဲလိုက်သည်။

တတိယမြောက်စုတ်ချက်ကို ရေးဆွဲပြီးနောက် ရွှီချင်း၏ ခန္ဓာကိုယ်သည် တုန်ယင်သွားသည်။ သူ၏ အသက်ဓာတ်က ခမ်းခြောက်သွားနေသည်ဟု ခံစားမိသည်။ အားအင်ချည့်နဲ့မှုသည် သူ၏ ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့သွားသည်။ ထို့ပြင် အရေအတွက်များပြားသော ရေစက်များက လေထဲမှာ ရုတ်တရက် ထွက်ပေါ်လာကြပြီး ရွှီချင်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ယင်းတို့က အဆက်မပြတ် စီးဆင်းနေသည်။

ထိုရေစက်များသည် အလောင်းပုပ်နံ့ကို ထုတ်လွှတ်နေသည်။ ရွှီချင်းသည်တော့ ထိုရေစက်များ၏ ဝိုင်းရံမှုအောက်မှာ အရည်ပျော်နေသည်။

“ အဲ့ဒါက ဒြပ်စင်ငါးမျိုးကဒ်ဘေးပဲ… ဂျူနီယာညီလေး… မင်း အသိစိတ်မလွတ်သွားဖို့ အာရုံစိုက်ထားပါ… ရုန်းထွက်ဖို့ နည်းလမ်းတစ်ခုရှာပါ ”

ခေါင်းဆောင်က စိုးရိမ်ပူပန်စွာ ပြောသည်။

ရွှီချင်းက တုံ့ပြန်တော့မည့်အချိန် နောက်အခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်က တိုက်ရိုက် ပြိုကွဲသွားသည်။ သူက ခေါင်းအစခြေအဆုံး ခြောက်သွေ့နေသော အလောင်းတစ်လောင်းဖြစ်လာသည်။ သူ၏ အသွင်အပြင်က မည်သူမှ မမှတ်မိနိုင်သည်အထိ ပုပ်သိုးဆွေးမြေ့သွားသည်။

အလောင်းကောင်ရေစက်များသည်သာ လေထဲမှာ အဆက်မပြတ် လွင့်မျောနေပြီး ရွှီချင်း၏ အသွင်အပြင်ကို ရေမျက်နှာပြင်ပေါ်မှာ ပုံရိပ်ပြန်စေသည်။

ဤသည်မှာ ဒြပ်စင်ငါးမျိုးထဲမှ ရေနစ်အလောင်းဖြစ်သည်။

“ ဂျူနီယာညီလေး… သေခြင်းနယ်ပယ်ကနေ မြန်မြန်ထွက်လာစမ်းပါ ”

ခေါင်းဆောင်က လေးနက်စွာ ပြောသည်။

မြေပြင်ပေါ်မှ လူတိုင်း၏ အမူအရာသည် ပြောင်းလဲသွားကြသည်။ လင်းအာသည် စိုးရိမ်ပူပန်လာသည်။ သို့သော်လည်း သူတို့က မည်သို့မှ အကူအညီမပေးနိုင်ကြပေ။ အရာအားလုံးသည် ရွှီချင်းအပေါ်မှာသာ မူတည်သည်။

ကံကောင်းစွာဖြင့် သိပ်မကြာမီ ရေထဲမှာ ပုံရိပ်ပြန်နေသော ရွှီချင်းသည် မျက်လုံးဖွင့်လိုက်သည်။ သူသည် အစောနက သတိလွတ်သွားခဲ့သည်။ သို့သော်လည်း နောက်ပိုင်းမှာ သူ၏ အသိစိတ်ကို မြန်ဆန်စွာ ပြန်ရရှိလာသည်။

သူ၏ အသိအမြင်မှာ အချိန်က အဆုံးမရှိသော အသက်အရွယ်များကို ဖြတ်ကျော်သွားပြီး မရေမတွက်နိုင်သော ဘဝများကို တွေ့ကြုံခဲ့ဟန် ရသည်။ သေဆုံးခြင်းဖြစ်စဉ်သည် တကယ့်အစစ်အမှန်နှင့် မခြားပေ။ သူက အကြိမ်ကြိမ် ရုန်းထွက်ခဲ့ရပြီး နောက်ဆုံးမနိုးထလာခင်အထိ သူ၏ အသိစိတ်ကို အကောင်းတိုင်း ကျန်ရှိနေအောင် ထိန်းသိမ်းထားခဲ့ရသည်။

တစ်ခဏကြာပြီးနောက် ရွှီချင်းက မတ်တတ်ရပ်လိုက်သည်။ သူက ရေထဲမှ တစ်လှမ်းချင်း ထွက်လျှောက်လာသည်။ နောက်ဆုံးမှာတော့ သူက ရေမျက်နှာပြင်ပေါ်မှ ထွက်ခွာသွားသည်။ ထိုအခါ သူ၏ ဘေးတွင် အသက်မဲ့နေသော အလောင်းတစ်လောင်းက လဲလျောင်းနေကြောင်း မြင်တွေ့သွားသည်။

ရွှီချင်းသည် ကျောက်တိုင်အောက်တွင် ရပ်နေလျက် ကောင်းကင်ပေါ်မှ နီလာနတ်သမီး၏ သေမျိုးအရေခွံကို ကြည့်လိုက်သည်။ ထို့နောက် သူ၏ ဘေးမှ အလောင်းကို ကြည့်လိုက်သည်။ သူက ရုတ်တရက် နားလည်သွားသည်။

“ အဲ့ဒါက ငါ့ရဲ့ အရေခွံလား… ဒီရိုးရာဓလေ့က တစ်စုံတစ်ယောက်ကို အရေခွံချွတ်တာလား ”

တစ်ခဏကြာ တိတ်ဆိတ်နေပြီးနောက် ရွှီချင်းက အကြည့်ပြန်ရုပ်လိုက်သည်။ သူက လက်မြှောက်လိုက်ပြီး ကျောက်တိုင်ပေါ်မှာ သူ၏ နာမည်ကို ရေးထွင်းရန် နောက်ထပ်စုပ်ချက်များကို ရေးဆွဲလိုက်သည်။

စတုတ္ထစုတ်ချက်… ပဉ္စမစုတ်ချက်… ဆဌမစုတ်ချက်

ဆဌမစုတ်ချက်ကို ရေးဆွဲပြီးသွားသည်နှင့်ချက်ချင်း ရွှီချင်းက သွေးတစ်ပွက်အန်လိုက်ရသည်။ ဒဏ်ရာသည် သူ၏ ဝမ်းဗိုက်ပေါ်မှာ မြန်ဆန်စွာ ထွက်ပေါ်လာသည်။ ဤသည်မှာ မမြင်နိုင်သော လက်တစ်စုံက သူ၏ ဝမ်းဗိုက်ကို အတင်းအကျပ် ဆုတ်ဖြဲနေဟန် ရသည်။

သူ၏ ဝမ်းဗိုက်သည် ပွင့်ထွက်သွားသည်။

ဝမ်းဗိုက်ထဲမှ ကိုယ်တွင်းအင်္ဂါများက ပျောက်ကွယ်သွားကြသည်။ ဤသည်မှာ သူ၏ ဝမ်းဗိုက်က ဟောင်းလောင်းပေါက်ဖြစ်သွားသည့်အလားပင်။ ပြင်းထန်သော နာကျင်မှုက ရွှီချင်း၏ ခန္ဓာကိုယ်ကို တုန်ယင်သွားစေသည်။ သူက တခြားရွေးချယ်စရာမရှိဘဲ ထိုင်ချလိုက်ရသည်။ နာကျင်မှုကြောင့် သူက ခန္ဓာကိုယ်ကို ကွေးလိုက်ရသည်။ ရွှီချင်း၏ လက်ရှိပုံစံသည် မိခင်၏ ဝမ်းဗိုက်ထဲမှ သန္ဓေသားလောင်းနှင့် ဆင်တူသည်။

ဤသည်မှာ ဒြပ်စင်ငါးမျိုးထဲမှ အင်္ဂါမစုံအလောင်းဖြစ်သည်။

မကြာမီ ဝေဝါးသော ပုံရိပ်တစ်ခုသည် ထိုအင်္ဂါမစုံအလောင်းထဲမှ ထွက်လျှောက်လာသည်။ ထိုနောက် ပုံရိပ်သည် ရွှီချင်းအသွင်သို့ ဖွဲ့စည်းသွားသည်။ သူက ဤနည်းလမ်းဖြင့် မရေမတွက်နိုင်သော သေဆုံးခြင်းကို တွေ့ကြုံခဲ့ရသည်။ ဤအခိုက်အတန့်မှာ သူ၏ အသိစိတ်က အနည်းငယ် ဝေဝါးနေသော်လည်း တုန်တုန်ယင်ယင်ဖြင့် လက်မြှောက်လိုက်ပြီး ဆက်လက် ရေးဆွဲလိုက်သည်။

ခုနစ်ချက်… ရှစ်ချက်… ကိုးချက်…

အနီရောင်နွယ်ပင်သည် လေထဲမှာ ထွက်ပေါ်လာပြီး ရွှီချင်း၏ လည်ပင်းကို ရစ်ပတ်သွားသည်။ မကြာမီ နွယ်ပင်က သူ၏ တစ်ကိုယ်လုံးကို ရစ်ပတ်သွားသည်။ နွယ်ပင်ပေါ်မှ ဆူးချွန်များသည် သူ၏ ခန္ဓာကိုယ်ထဲသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်သွားကြသည်။

နွယ်ပင်က တဖြည်းဖြည်း တင်းကျပ်လာပြီး နောက်ဆုံးမှာတော့ လှုပ်ရှားမှုကင်းမဲ့နေသော ရွှီချင်း၏ ခန္ဓာကိုယ်က အောက်သို့ ပြုတ်ကျသွားသည်။

ဤသည်မှာ ဒြပ်စင်ငါးမျိုးထဲမှ ဇကာပေါက်အလောင်းဖြစ်သည်။

အချိန်အတော်ကြာပြီးနောက် ထပ်ဆင့်ပုံရိပ်များသည် ဇကာပေါက်အလောင်းပေါ်မှာ ထွက်ပေါ်လာကြသည်။ ထို့နောက် ရွှီချင်းက ဝိညာဉ်တစ်ကောင်ပမာ အလောင်းကောင်ထဲမှ ထွက်လျှောက်လာသည်။ သူက သေဆုံးသွားသော ခန္ဓာကိုယ်ကို စွန့်လွှတ်လျက် ကျောက်တိုင်၏ အရှေ့မှာ ရပ်လိုက်သည်။

ရွှီချင်း၏ မျက်နှာပေါ်မှာ ဇဝေဇဝါဖြစ်သော အမူအရာရှိသည်။ တစ်ခဏကြာပြီးနောက် သူက ခေါင်းလှည့်လိုက်ပြီး ရေနစ်အလောင်း၊ အင်္ဂါမစုံအလောင်းနှင့် ဇကာပေါက်အလောင်းကို ကြည့်လိုက်သည်။

အတိတ်တွင် လီယုံကျောက်တိုင်အောက်ရှိ တစ္ဆေလှိုင်ဂူ၏ အနက်ပိုင်းထဲတွင် တွဲလောင်းတည်ရှိနေသော တဲအိမ်တစ်လုံးရှိကြောင်း သူပြန်အမှတ်ရသွားသည်။

တဲအိမ်ထဲတွင် အမျိုးသမီးတစ်ယောက်က သီချင်းဆိုနေသည်။ တဲအိမ်၏ ထောင့်ငါးထောင်တွင် အလောင်းငါးလောင်းက တင်ပျဉ်ခွေထိုင်နေကြသည်။

“ ဒီတော့ သူက နတ်ဘုရားကို ဖိနှိပ်နေရင်း နတ်ဘုရားဖြစ်လာဖို့ ကြိုးစားနေတာပဲ… ”

All Chapters