← Chapters

ကောင်းကင်တာအို၏ စည်းမျဉ်းသင်္ကေတ။

Vol. 33 Ch. 451

ကောင်းကင်တာအို၏ စည်းမျဉ်းသင်္ကေတ။

Vol. 33 Ch. 451

ဘာသာပြန်- The Fate

"ဒင်၊ ရှန်ရှန်ကျုံ့ဂိုဏ်း၏ အကြီးအကဲ သိချင်းမှ မရဏမျိုးနွယ်စု စွမ်းအားရှင်သုံးယောက်ကို သတ်ဖြတ်ခဲ့သည့်အတွက် ဂုဏ်ပြုပါတယ်။ ဂိုဏ်းအမှတ် ကိုးရာ ဘီလီလျံနှင့် ကျပန်း ဆင့်ခေါ်ခွင့်ကိုးကြိမ်၊ ကောင်းကင်တာအို၏ စည်းချက်သင်္ကေတသုံးခုကို ဆုချလိုက်သည်။"

သိချင်းက မရဏမျိုးနွယ်စု စွမ်းအားရှင် သုံးယောက်ကို သတ်ဖြတ်လိုက်ပြီးနောက် စနစ်၏ အေးစက်သော အသံက ဝမ်ဖုန်း၏ စိတ်အာရုံအတွင်း၌ ထွက်ပေါ်လာခဲ့သည်။

"စနစ်၊ ကောင်းကင်တာအိုရဲ့ စည်းချက်သင်္ကေတဆိုတာ ဘာလဲ။"

သူ့စိတ်အာရုံအတွင်း ထွက်ပေါ်လာသည့်အသံကြောင့် ဝမ်ဖုန်း၏ မျက်နှာက တည်ကြည်လေးနက်သွားကာ သံသယဝင်စွာဖြင့် မေးမြန်းလိုက်သည်။

ထိုကဲ့သို့ ဆုလာဒ်မျိုးကို လက်ခံရရှိခဲ့ခြင်းမှာ ပထမဆုံးအကြိမ်ပဲ ဖြစ်တော့သည်။ အဲ့ဒါက မရဏမျိုးနွယ်စု စွမ်းအားရှင် သုံးယောက်နှင့် သက်ဆိုင်နေမလား။

"ဒင်၊ ကောင်းကင်တာအိုရဲ့ စည်းချက်သင်္ကေတဆိုတာက မရဏမျိုးနွယ်စုဝင်တွေအတွက် ကောင်းကင်တာအိုက ပေးအပ်ထားတဲ့ လက်ဆောင်ပါ။ ဒါကြောင့်မလို့လည်း သူတို့က သေခြင်းကို ဖြတ်သန်းပြီးတဲ့နောက်မှာ ကျင့်ကြံမှုအဆင့်တွေ တိုးမြင့်လာနိုင်တာပေါ့။"

"အမ်"

စနစ်၏ ရှင်းပြမှုကြောင့် ဝမ်ဖုန်း၏ မျက်လုံးများက ဝင်းလက်တောက်ပသွားပြီး အလျင်အမြန်မေးမြန်းလိုက်သည်။

"စနစ်၊ ကောင်းကင်တာအို၏ စည်းချက်သင်္ကေတက လူသားကျင့်ကြံသူတွေအတွက်ရော အသုံးဝင်ရဲ့လား။"

 မရဏမျိုးနွယ်စုဝင်များသည် သေခြင်းတရားကို ဖြတ်သန်းပြီးနောက် ထိတ်လန့်ဖွယ်ကောင်းအောင် တိုးတက်လာခဲ့သည်မှာ အံသြစရာ မဟုတ်တော့ပါ။ အဲ့ဒါက မိုးကောင်းကင်ရဲ့ လက်ဆောင်ကြီးကြောင့်ကိုး။

မိုးကောင်းကင်ဆိုတာဘာလဲ။

အာကာပြင်ကို ထိန်းချုပ်ခြင်း၊ လေဟာပြင်ကို ဖြတ်သန်း၍ သွားလာနိုင်ခြင်း၊ ကမ္ဘာလောကအတွင်းရှိ အသက်ဓာတ်များအားလုံးကို ချုပ်ကိုင်ခြယ်လှယ်နိုင်ခြင်း၊လောကအတွင်းရှိ ဝိညာဥ်များအားလုံး၏ ရှင်သန်ခြင်းသေဆုံးခြင်းကို ကြိုးကိုင်နိုင်ခြင်းသည် ကောင်းကင်တာအို၏ နိယာမပင်ဖြစ်တော့သည်။

ကျင့်ကြံသူများက မကြာခဏ ပြောဆိုလေ့ရှိသည်။ မိုးကောင်းကင်ကိုဆန့်ကျင်ခြင်းက ဒီလောကကြီးကို ဆန့်ကျင်တာ မဟုတ်သေးဘူး။ ကောင်းကင်တာအိုကို ဆန့်ကျင်တာကမှ ထာဝရရှင်သန်ရေးအတွက် တိုက်ခိုက်တာဟုပေါ့။

ကောင်းကင်တာအိုဟု စကားလုံးလေးပါလိုက်သည်နှင့် ထိုအရာဟာ အင်မတန်မှ အံ့ဖွယ်ကောင်းသော အရာတစ်ခုဖြစ်လိမ့်မည်။ သာမန်လူများသာ ကောင်းကင်တာအို၏ လက်ဆောင်ကို လက်ခံရရှိလိုက်ပါက သာမန်သေမျိုးအဖြစ်မှ ထာဝရရှင်သန်သူအဖြစ်သို့ တစ်ညတည်းဖြင့် ရောက်ရှိသွားတာနှင့် တူနေလေသည်။

ကောင်းကင်တာအိုကို အနည်းငယ်တူဆွမိခြင်းကတောင် ကျင့်ကြံသူတစ်ဦးအတွက် ဘဝတစ်သက်တာ အကျိုးသက်ရောက်မှုရှိပါသည်။

"ဒင်၊ ကောင်းကင်တာအို၏ စည်းချက် သင်္ကေတသုံးခုက သေခြင်းနိယာမကို ဖော်ညွှန်းနေပါတယ်။ လူသားကျင့်ကြံသူတွေကသာ စုပ်ယူလိုက်မယ်ဆိုရင် သေခြင်းနိယာမလမ်းစဥ်ကို နားလည်သဘောပေါက်နိုင်ဖို့အတွက် အခွင့်အရေးအနည်းငယ် ရရှိပါလိမ့်မယ်။ စွမ်းအားအဖြစ် ပြောင်းလဲစုပ်ယူမယ်ဆိုလျှင်တော့ ကျင့်ကြံသူတွေကို ချန်ခွမ်းအထွတ်အမြတ်ဘုံကို ရောက်ရှိစေပါလိမ့်မယ်။"

သူ့စိတ်အာရုံအတွင်း ထွက်ပေါ်လာသည့် အေးစက်သောအသံကြောင့် ဝမ်ဖုန်း၏ ခန္တာကိုယ်မှာ တုန်ယင်သွားပြီး စိတ်လှုပ်ရှားလာခဲ့သည်။

သာမန်လူတစ်ယောက်သာဆိုပါက ထိုအရာကို စုပ်ယူပြီး သေခြင်း၏နိယာမလမ်းစဥ်ကို နားလည်သဘောပေါက်ရန် ကြိုးစားလိမ့်မည်။ သို့ပါသော်လည်း ဝမ်ဖုန်းအတွက်တော့ သေခြင်း၏ နိယာမလမ်းစဥ်ကို နားလည်ရခြင်းမှာ ချန်ခွမ်းအထွတ်အမြတ်ဘုံသို့ ရောက်ရှိရခြင်းထက် အရေးမကြီးပါ။

သူ့တွင် ကိုယ်ပိုင်တာအို စည်းမျဥ်းများစွာ ရရှိပိုင်ဆိုင်ထားပြီးဖြစ်သည်။ တဖက်လောက လျို့ယင်း၏ လက်အောက်တွင် တာအိုလမ်းစဥ်အခွဲပေါင်း ဆယ့်နှစ်မျိုးပါရှိလေသည်။ ဝမ်ဖုန်းက ဝါးနိုင်တာထက် ပိုမဝါးရဘူးဆိုသော ဆိုရိုးစကားကို လက်ခံထားသူဖြစ်ပါ၏။

ဒါ့အပြင် တာအိုလမ်းစဥ်ဆယ့်နှစ်မျိုးထဲတွင် သေခြင်း၏ တာအိုလမ်းစဥ်လည်းပါဝင်နေကာ ကောင်းကင်ဘုံ တာအိုလမ်းစဥ်ထက်တောင် ပို၍အဆင့်မြင့်လေသည်။ ထို့အတွက်ကြောင့် ကောင်းကင်တာအို၏ စည်းချက်သင်္ကေတကို အသုံးပြုပြီး သေခြင်း၏ နိယာမကို နားလည်သဘောပေါက်အောင်ကြိုးစားခြင်းသည် ဝမ်ဖုန်းအတွက်တော့ အသုံးမဝင်ပါချေ။

သူ၏ လက်ရှိကျင့်ကြံမှုမှာ ထျန်းကျွင်းအထွတ်အထိပ်သို့ ရောက်ရှိနေခဲ့သည်။ သူသာ လျှင်လျှင်မြန်မြန် အဆင့်တက်ချင်ပါက စနစ်ကို နောက်တစ်ဆင့်သို့ ထပ်မံ၍ မြင့်တင်ရလိမ့်မည်။ သို့ပါသော်လည်း စနစ်ကို အဆင့်မြင့်တင်ရခြင်းက လွယ်ကူမနေပါ။

သူ့ဘာသာ ကျင့်ကြံပြီး ချန်ခွမ်းအထွတ်အမြတ်ဘုံကို ရောက်ရှိဖို့ ဆိုတာက ပို၍တောင် ခက်ခဲသေးသည်။ သူ့တွင် တစ်ဖက်လောက လျို့ယင်းရုပ်ခန္တာပိုင်ဆိုင်ထားပြီး ပါရမီစွမ်းအားမြင့်မားသော်လည်း ထျန်ကျွင်းအထွတ်အထိပ်အဆင့်မှ ချန်ခွမ်း အထွတ်အမြတ်ဘုံသို့ အချိန်တိုအတွင်း ရောက်ရှိရန်မဖြစ်နိုင်ပါ။

ဒီကမ္ဘာလောကကြီးအတွင်း၌ မကောင်းဆိုးရွားဆန်သော ပါရမီရှင်များစွာ ရှိလေသည်။ အချို့သော ပါရမီရှင်များမှာ ချန်ခွမ်း အထွတ်အမြတ်ဘုံသို့ရောက်ရှိရန် နှစ်ကာလ ထောင်ပေါင်းများစွာ အသုံးချခဲ့ရသည်။ အချို့ဟာတော့ မေ့လျော့ခံ အာကာပြင်အဆင့်၌သာ တစ်သက်လုံးပိတ်မိနေတတ်သည်။

ထျန်းကျွင်းအဆင့်ကို ရောက်ရှိဖို့ကတောင် အင်မတန်မှ ခက်ခဲနေပြီဖြစ်ရာ ချန်ခွမ်း အထွတ်အမြတ် ဘုံဆိုတာက ပြောနေစရာတောင်မလိုတော့ပါ။ ဝမ်ဖုန်း၏ မိုးကောင်ကင်းကို ဆန့်ကျင်နိုင်သော ပါရမီနှင့်ဆိုလျှင်တောင် နှစ်အနည်းငယ်အတွင်း၌ ရောက်ရှိရန်မဖြစ်နိုင်ပါ။

စနစ်ကို အဆင့်မြင့်တင်ခြင်းက အချိန်ကုန်သက်သာသည်ဆိုသော်လည်း ထိုသို့မြင့်တင်ရန် အချိန်လိုအပ်နေဦးမည်။ ယခုအချိန်မှာတော့ သူဟာ သင်္ကေတသုံးခုကို စုပ်ယူလိုက်တာနှင့်တစ်ပြိုင်နက် ချန်ခွမ်းအထွတ်အမြတ်ဘုံသို့ တိုက်ရိုက်ရောက်ရှိသွားနိုင်မည်။ ရှန်ရှန်ကျုံ့ဂိုဏ်း အကြီးအကဲများထက်တောင် ပို၍သာလွန်သွားလိမ့်မည်။

 ဤသည်က ဝမ်ဖုန်းကို ဝမ်းမြောက်သွားစေသည်။ သူဟာ သတ်ဖြတ်ခံရန် မရဏမျိုးနွယ်စုမှ လူများ ထပ်မံရောက်ရှိလာဖို့တောင် ဆုတောင်းနေမိသည်။ ဒီလိုဆိုလျှင် ကောင်းကင်တာအို၏ စည်းချက်သင်္ကေတများကို ထပ်မံရရှိနိုင်သည်။ ထိုအခါ ရှန်ရှန်ကျုံ့ဂိုဏ်း၏ အကြီးအကဲများလည်း ချန်ခွမ်းအထွတ်အမြတ်ဘုံသို့ တက်ရောက်နိုင်လိမ့်မည်။

"ဂိုဏ်းချုပ်၊ သိချင်းသွားရမယ့်အချိန် ရောက်လာပါပြီ။"

ဝမ်ဖုန်းက တိုးတိတ်စွာ စဉ်းစားနေစဉ် တိုးညှင်းသော အသံလေးတစ်သံ ထွက်ပေါ်လာခဲ့သည်။ သူဟာ အသိပြန်လည်ဝင်သွားခဲ့ပြီး နောက်လှည့်ကြည့်လိုက်သည့်အခါ သူ့ကို ရွှန်းရွှန်းစားစားစိုက်ကြည့်နေသည့် သိချင်းအား တွေ့လိုက်ရသည်။

သူမ၏ အမူအယာက ချစ်သူရည်းစား၏ စွန့်ပစ်ခံလိုက်ရသော မိန်းမငယ်လေးအလား ဖြစ်နေခဲ့ကာ ဝမ်ဖုန်း၏ နှလုံးအိမ်ကို တုန်ရီသွားစေခဲ့သည်။

"မင်းဘယ်နေရာကိုပဲ သွားပါစေ။ မင်းက ရှန်ရှန်ကျုံ့ဂိုဏ်းက လူဆိုတာ မှတ်ထားပါ။ မင်းက ဘဝတစ်လျှောက်လုံး ရှန်ရှန်ကျုံ့ဂိုဏ်းက လူပဲဖြစ်နေလိမ့်မယ်။"

"မင်းရဲ့အနောက်မှာ ရှန်ရှန်ကျုံ့ဂိုဏ်းတစ်ဂိုဏ်းလုံးနဲ့ ဒီဂိုဏ်းချုပ်လည်းရှိတယ်!"

ဝမ်ဖုန်းက စိတ်ကို တည်ငြိမ်အောင် ပြုလုပ်လိုက်ပြီး သိချင်းကို စိုက်ကြည့်ကာ လေးနက်စွာ ပြောဆိုလိုက်သည်။

ဝမ်ဖုန်း၏ စကားကြောင့် သိချင်း၏နှလုံးသားဟာ တုန်လှုပ်သွားခဲ့ရသည်။ သူမ၏ လှပသော မျက်ဝန်းလေးနှစ်လုံးဟာ ဝမ်ဖုန်း၏ မျက်နှာကို မြဲမြံစွာ မှတ်နေသည့်အလား စူးစိုက်ကြည့်နေခဲ့သည်။

"ဂိုဏ်းချုပ်၊ အနောက်ကိုလှည့်လိုက်ပါ။"

"ကျွန်မ ခွဲခွာဖို့ အဆင်သင့် မဖြစ်‌ေသးဘူး။"

ဝမ်ဖုန်းကို အချိန်အတော်လေးကြာအောင် စိုက်ကြည့်ပြီးနောက် သိချင်းက ပြောဆိုလိုက်သည်။

ဝမ်ဖုန်းက ခေါင်းငြိမ့်လိုက်သည်။ သူ၏ နှလုံးသားမှာလည်း လေးလံနေခဲ့ကာ အလျင်အမြန် နောက်လှည့်လိုက်သည်။ သိချင်းက ရှန်ရှန်ကျုံ့ဂိုဏ်းအတွင်း ဝင်ရောက်လာခဲ့သည်မှာ မကြာသေးသည့်အပြင် သိချင်း၏ စွမ်းအားကြီးသော မူလဇစ်မြစ်ကြောင့် သူဟာ သူမကို အသုံးချခဲ့ခြင်းမရှိပါ။ သို့ပါသော်လည်း သိချင်းက သူ့ကို အတော်လေး ကူညီပေးခဲ့ကြောင်းကိုတော့ ဝန်ခံရပါမည်။ သိချင်းသာ မထွက်လာပါက သူဟာ မရဏမျိုးနွယ်ဝင် သုံးယောက်ကို ရင်ဆိုင်တိုက်ခိုက်ရန် ဘိုးဘေးငှားရမ်းခြင်း လုပ်ဆောင်ချက်ကို အသုံးပြုရလိမ့်မည်။

မရဏမျိုးနွယ်စုဝင် သုံးယောက်၏ ကျင့်ကြံမှုဖြင့်ဆိုပါက သူတို့ကို တိုက်ခိုက်ဖို့ ဘိုးဘေးငှားရမ်းရာတွင် ကံကောင်းမှုချီ တစ်ဆယ် ဘီလီယံမှ နှစ်ဆယ် ဘီလီယံထိတောင် ကုန်ဆုံးနိုင်သည်။ ရှန်ရှန်ကျုံ့ဂိုဏ်း၏ ချီကံတရားမှာ များပြားသော်လည်း ထိုမျှလောက်ပမာဏကိုတော့ တောင့်ခံမထားနိုင်ပါ။

သို့ပါသော်လည်း ဤအချိန်၌ ဝမ်ဖုန်းဟာ ကြောင်အသွားခဲ့ရသည်။ မွှေးရနံလေးတစ်ခုသည် သူ၏ နှာဖျားထိပ်ကို ပွတ်သပ် ကျီဆယ်နေခဲ့သည်။ သူ၏ ကျောပြင်၌ နူးညံ့နွေးထွေးသော အထိအတွေ့တစ်ခု ရောက်ရှိလာခဲ့သည်။ အမျိုးသမီးတစ်ယောက်၏ နွေးထွေးသော အသက်ရှူသံနှင့် တီးတိုးပြောသံတစ်သံဟာ သူ၏ နားစည်အတွင်းသို့ ဖြေးလေးစွာ ရိုက်ခတ်သွားခဲ့သည်။

"ဂိုဏ်းချုပ်၊ သိချင်းက ဂိုဏ်းချုပ်ကို နတ်ဘုရားနယ်မြေမှာ စောင့်ဆိုင်းနေပါ့မယ်။"

"ဂိုဏ်းချုပ်၊ အရမ်းကြီးစိုးရိမ်ပြီး သတိထားနေစရာမလိုပါဘူး။ သိချင်းက ဂိုဏ်းချုပ်ကို ဘယ်တော့မှ နာကျင်အောင် လုပ်မှာ မဟုတ်ဘူး။ ဘယ်သူမှလည်း ဂိုဏ်းချုပ်ကို နာကျင်အောင်ပြုခွင့်ပေးမှာ မဟုတ်ဘူး။"

နူးညံသောအသံလေးသည် ပဲ့တင်ထပ်ထွက်ပေါ်လာခဲ့ကာ သူ့ကျောပြင်၌ ထိကပ်နေသော နူးညံ့သည့် အထိအတွေ့များသည် ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။သူမ လေသံအတွင်းပါဝင်သော စိတ်ပိုင်းဖြတ်မှုများကြောင့် ဝမ်ဖုန်းကကြောင်အသွားခဲ့ရသည်။

လျို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်သော သိချင်းလို လူတစ်ယောက်က သူ့အပေါ် ဘာကြောင့် သစ္စာရှိနေရသလဲဆိုတာ သူနားမလည်နိုင်တော့ပါ။

သိချင်း၏ ကျင့်ကြံမှု အခြေခံမှာ အင်မတန်မှ သန်မာပြီး သူမ၏ မူလဇစ်မြစ်က ပို၍တောင် ထိတ်လန့်ဖွယ်ကောင်းနေခဲ့သော်လည်း သူမက ရှန်ရှန်ကျုံ့ဂိုဏ်းအတွင်း သူ့ကြောင့်နှင့် နေထိုင်ခဲ့သည်။

ဝမ်ဖုန်းက ခေါင်းကို ခါယမ်းလိုက်ပြီး ဖြည်းလေးစွာ သက်ပြင်းချလိုက်သည်။ သူနားမလည်မှတော့ ဆက်လက်ပြီး တွေးတောမနေသင့်တော့ပေ။ သိချင်း၏ ခိုင်မာသော စကားလုံးများမှတစ်ဆင့် သူဟာသိရှိခဲ့ရပါသည်။ ဘယ်လိုအရာမျိုးဘဲ ဖြစ်ပျက်လာပါစေ သူမက သူ့ကို နာကျင်အောင်ပြုမှာ မဟုတ်ပါ။

ထိုစကားလုံးများကို သူ၏ နှလုံးသားအတွင်းမှ မြဲမြံစွာ ယုံကြည်နေမိသည်။

သူ၏ နှလုံးသားထဲတွင် ယဲ့မုချင်တစ်ယောက်ထဲက ပိုင်စိုးထား၍သာမဟုတ်လျှင် စောနက သိချင်းကို သူတောင့်ခံနိုင်ခဲ့မှာ မဟုတ်ပါ။ သာမန်လူတစ်ယောက်ဆိုပါက ပြိုင်ဘက်ကင်း အချောအလှလေးတစ်ယောက်၏ ဆွဲဆောင်မှုဒါဏ်ကို ခံနိုင်ရည်ရှိမှာ မဟုတ်ချေ။

"ဂိုဏ်းချုပ်၊ အကြီးအကဲ သိချင်းက ထွက်သွားပြီလား။"

မဟာနတ်ဆိုးရွှမ်ရှသည် ဝမ်ဖုန်း၏ ဘေးနားသို့ရောက်လာပြီး သတိထားစွာ ပြောဆိုလိုက်သည်။

မိဘုရားခေါင်ကြီးကလည်း ထွက်ခွာသွားသလို ကြင်ယာတော်လေးကလည်း ထွက်သွားပြီ။ ဂိုဏ်းချုပ်က ကျုပ်နတ်ဆိုးအိုကြီးလိုပါပဲလား။ ဇနီးမယားများစွာရှိပေမယ့် အဆုံးမှာတော့ တစ်ကိုယ်တည်းပါပဲလေ။

မဟုတ်သေးဘူး။ ငါဆိုတဲ့ နတ်ဆိုးအိုကြီးက ဧကရီမေသုရှားတစ်ယောက်တည်းကိုပဲ ချစ်မြတ်နိုးတာ။ ဧကရီမေသူရှားက ငါ့ရဲ့ အကြွင်းမဲ့နတ်မိမယ်လေးပဲကွ!

All Chapters