← Chapters

သဘာလွန်စွမ်းအား၏ အမွေဆက်ခံမှု

Vol. 33 Ch. 453

သဘာလွန်စွမ်းအား၏ အမွေဆက်ခံမှု

Vol. 33 Ch. 453

ဘာသာပြန်- The Fate

ရှန်းယိကျိအဆင့်၏ ထိတ်လန့်ဖွယ်ကောင်းသော ဖိအားကြီးသည် တောအုပ်တစ်ခုလုံး၌ ပျံ့လွင့်သွားခဲ့ကာ လေပြင်းများ ဝေ့ဝဲတိုက်ခတ်လာခဲ့သည်။ အဆိုပါထိတ်လန့်ဖွယ်ဖိအားကြီးသည် ပေရာကျော်မြင့်မားသော တောင်တန်းကြီးအလား လီချင်းကို ဖိနှိပ်နေခဲ့သည်။

" ဒီသခင်လေးကို သတ်ဖြတ်ချင်တာလား။ ခင်များက မလုံလောက်သေးဘူး။ "

လီချင်းက ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး သူ့ကိုယ်တွင်းရှိစွမ်းအားများမှာ အရိုင်းဆန်စွာ လှည့်ပတ်လာခဲ့သည်။ ကောင်းကင်ယံထိတိုင်ပျံ့လွင့်ထွက်ပေါ်လာသော ဓားစွမ်းအားသည် ထိတ်လန့်ဖွယ်ဖိအားကို ချိုးဖျက်ပစ်လိုက်သည်။

တစ်ချိန်တည်းမှာပင် ကျယ်ပြောနက်ရှိုင်းသော စွမ်းအားများသည် လီချင်းထံမှ ထွက်ပေါ်လာခဲ့ကာ သန္တာကျောက်တန်းကြီးကဲ့သို့သော ထူးဆန်းသည့်သားရဲတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။

" ရူးအလိုက်တာ...."

လေထုအထက်၌ရှိနေသော ထျန်းလင်ဂိုဏ်း၏စွမ်းအားရှင်သည် အေးစက်စွာ ပြောဆိုလိုက်သည်။ သူ၏လက်ဖဝါးဟာ တစ်လက်လက်တောက်ပလာခဲ့ပြီး ရုတ်တရက်ဖိနှိပ်ချလိုက်သည်။ ခမ်းနားကြီးကျယ်သောစွမ်းအားများသည် မိုးကောင်းကင်ကို ဖုံးကွယ်ထားသော ဧရာမလက်ဖဝါးကြီးအဖြစ် ပြောင်းလဲသွားခဲ့ကာ လီချင်းထံ သက်ဆင်းလာခဲ့သည်။

လက်ဖဝါးကြီးကျဆင်းမလာမီကတည်းက ထိတ်လန့်ဖွယ်ကောင်းသောဖိအားကြီးသည် မိုးထိအောင်မြင့်မားနေသော သစ်ပင်ကြီးများနှင့် တောင်နံရံများကို ပြိုပျက်စေခဲ့သည်။ လီချင်းကိုဗဟိုပြု၍ ကီလိုမီတာတစ်ဆယ်ကျော်ပတ်လည်၌ရှိနေသော အရာရာတိုင်းသည် ဗဟာနတ္တိအခြေအနေသို့ ရောက်ရှိသွားရ၏။

" ဝုန်း..."

လက်ဖဝါးကြီးကျဆင်းလာတော့မည့်အချိန်တွင် လီချင်း၏ခန္ဓာကိုယ်ကို ရစ်တွယ်ထားသော ထူးဆန်းသည့်သားရဲကြီးက နားကွဲလုမတတ် ကျယ်လောင်သောဟိန်းဟောက်သံကြီးကို ပြုလုပ်လိုက်သည်။ ထို့နောက် အဆိုပါသားရဲကြီးသည် သူ၏ကြီးမားသောလက်သည်းကြီးများကို ဝှေ့ရမ်းကာ လက်ဖဝါးချက်ကြီးကို ရိုက်ထုတ်ပစ်လိုက်သည်။

ဘုန်း...

ကျယ်လောင်သောပွတ်တိုက်သံကြီးသည် အရပ်လေးမျက်နှာသို့ ပျံ့လွင့်သွားခဲ့ကာ စွမ်းအားလှိုင်းလုံးများ ဂယက်ရိုက်သွားခဲ့သည်။ ထိုလှိုင်းလုံးကြီးများဟာ ရှိရှိသမျှအရာအားလုံးကို တိုက်စားဖျက်စီးသွားခဲ့ပြီး လီချင်းရပ်တန့်နေသောမြေပြင်သည် ရုတ်တရက်ပြိုကျသွားခဲ့ရသည်။

" ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ "

" မင်းက ထျန်းဝူအထွတ်အထိပ်အဆင့် မဟုတ်ဘူးလား။ ဒီအရှင်သခင်ရဲ့ အားအပြည့်တိုက်ကွက်ကို ဘယ်လိုလုပ် ခုခံနိုင်ရတာလဲ။ "

ထျန်းလင်ဂိုဏ်း၏စွမ်းအားရှင်သည် မယုံကြည်နိုင်စွာ ရေရွတ်ပြောဆိုလိုက်သည်။ သူဟာ ခွန်အားကုန်သုံး၍တိုက်ခိုက်ခဲ့တာတောင် လီချင်းကို ခြစ်ရာတစ်ခုတောင် မထင်စေခဲ့ပါ။

သူဟာ ရှန်းယိကျိအလယ်အလတ်အဆင့်၌ရှိသော စွမ်းအားရှင်တစ်ယောက်ဖြစ်၏။

အထူးအင်အားစုများ၏မကောင်းဆိုးဝါးဆန်သော ပါရမီရှင်များကတောင် သူ့ရဲ့တိုက်ကွက်ကို ခုခံနိုင်မှာမဟုတ်ပါ။

" ဟေး...ငါရဲ့ခုခံမှုက အရမ်းကိုသန်မာတယ်ဆိုတာ မင်းမသိဘူးလား။ "

လီချင်းက လေဟာပြင်အထက်၌ရှိနေသော ထျန်းလင်းဂိုဏ်း၏စွမ်းအားရှင်ကို စိုက်ကြည့်လိုက်ပြီး လှောင်ရယ်ပြောဆိုလိုက်သည်။ ရောက်ရှိလာသူမှာ ရှန်းယိကျိအထွတ်အထိပ်အဆင့်သာဖြစ်ပါက သူဟာ ထွက်ပြေးမှာဖြစ်သည်။ သို့ပါသော်လည်း ရှန်းယိကျိအလယ်အလတ်အဆင့်လောက်ကိုတော့ သူမမူပါ။

" ငါတို့ထျန်းလင်းဂိုဏ်းရဲ့တပည့်တွေကို သတ်ဖြတ်ရဲတယ်။ မင်းဘယ်လောက်ပဲသန်မာပါစေ ကျိန်းသေပေါက်သေဆုံးရမယ်။ "

ထျန်းလင်းဂိုဏ်း စွမ်းအားရှင်၏မျက်နှာမှာ အေးစက်လာခဲ့ပြီး တိုးညှင်းစွာ ဟိန်းဟောက်လိုက်သည်။ ခမ်းနားကြီးကျယ်သောစွမ်းအားများသည် သူ့လက်သီးအထက်၌ အရူးအမူးစုဝေးလာခဲ့ကာ လက်သီးချက်ကြီးသည် ကျိန်းစက်လောက်သောအလင်းတန်းဖြင့် ထွက်ပေါ်လာခဲ့သည်။

" ကောင်းကင်ဘုံ လက်သီး! "

ကြယ်တစ်စင်းကဲ့သို့ ဧရာမလက်သီးလုံးကြီးသည် လီချင်းထံသို့ ထိုးချပြေးဝင်လာခဲ့သည်။ ထိတ်လန့်ဖွယ်ကောင်းသောဖိအားကြီးသည် လီချင်းရပ်တန့်နေသော မြေနေရာကို တုန်ခါစေခဲ့ကာ ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းများ ဖြစ်လာစေခဲ့သည်။

" ရွှမ်လင်းလိပ် မိုးကောင်းကင်ဓား "

ဤဓားချက်၏အမည်နာမမှာ ရွှမ်လင်းကောင်းကင်ဘုံဓား ဖြစ်၏။ ဆိုလိုသည်က ဒီဓားချက်ထွက်ပေါ်လာသည့်နဲ့တစ်ပြိုင်နက် မိုးကောင်းကင်၏အပြစ်ဒဏ်လဲ ကျရောက်လာလိမ့်မည်။

ဤသည်မှာ ရွှမ်လင်းလိပ်မသေမျိုးခန္ဓာမှ လီချင်းအမွေဆက်ခံရရှိခဲ့သော သဘာဝလွန်စွမ်းအားဖြစ်၏။ ထိုပြိုင်ဖက်ကင်းသော သဘာဝလွန်စွမ်းအားကို လီချင်းဟာ ဤတစ်ကြိမ်၌ ပထမဆုံးအနေဖြင့် ထုတ်ဖော်ခဲ့ခြင်းဖြစ်လေသည်။

နားကွဲလုမတတ်ကျယ်လောင်သော ပေါက်ကွဲသံကြီးသည် အရပ်လေးမျက်နှာ၌ မြည်ဟီးထွက်ပေါ်လာခဲ့ကာ လီချင်းက ဓားကို ဝှေ့ရမ်းခုတ်ပိုင်းလိုက်သည်။ သိပ်သည်းထူထပ်သောဓားအလင်းတန်းသည် ရုတ်တရက်ပေါက်ကွဲထွက်သွားကာ လေဟာပြင်ကိုဖြတ်သန်း၍ အလျှံတညီးညီးတောက်ပနေသော နေမင်းကြီးအလား ဧရာမဓားအလင်းတန်းကြီးတစ်ခု ဖြစ်တည်လာခဲ့သည်။

ထက်မြတ်ပြီး ခြောက်ခြားဖွယ်ကောင်းသော ဓားအလင်းသည် ကမ္ဘာလောကကြီးတစ်ခုလုံးကို ယိမ်းခါစေခဲ့သည်။ ထျန်းလင်းဂိုဏ်းစွမ်းအားရှင်၏ မျက်ဝန်းသူငယ်အိမ်များမှာ တုန်လှုပ်သွားခဲ့ကာ သူ၏စိတ်က ထိန်းချုပ်မရ တုန်လှုပ်လာရသည်။

ဤဓားအလင်းတန်း၏အမြန်နှုန်းမှာ ရှန်းယိကျိအလယ်အလတ်အဆင့်ရှိသော ပုဂ္ဂိုလ်တစ်ယောက်၏ အတွေးတစ်စထက်တောင် သာ၍ မြန်ဆန်နေသည်။

ဘုန်း....

ဓားအလင်းတန်းနဲ့ လက်သီးချက်တို့သည် ရုတ်တရက် ပွတ်တိုက်မိသွားကာ မီးရှူးမီးပန်းများကဲ့သို့အလင်းတန်းများ ပေါက်ကွဲထွက်လာခဲ့သည်။

စွမ်းအားမုန်တိုင်းဝေ့ဝဲတိုက်ခတ်အပြီး၌ ပြင်းထန်သောဓားအလင်းတန်းသည် ထျန်းလင်ဂိုဏ်းစွမ်းအားရှင်ထံသို့ ပြေးဝင်သွားခဲ့သည်။

" ဟူး.....!"

ထျန်းလင်ဂိုဏ်းစွမ်းအားရှင်သည် အေးစက်စွာသက်ပြင်းချလိုက်မိပြီး သူ၏မျက်ဝန်းများမှာ ပြူးကျယ်သွားခဲ့ကာ မျက်နှာထက်၌ ထိတ်လန့်ခြောက်ခြားနေသော အမူအရာများ ပြည့်နှက်လာခဲ့သည်။ လီချင်းက သူ၏မှော်စွမ်းအားများကို တိုက်ကွက်တစ်ကွက်တည်းဖြင့် အဘယ်သို့ဖျက်စီးလိုက်ကြောင်းကို သူ မတွေးဆနိုင်ခဲ့ပါ။ ဒါတောင်မှ အဲ့ဒီကောင်က နောက်ထပ်တိုက်ခိုက်ဖို့ စွမ်းအားကျန်ရှိနေတာလား။ ဒီကောင်က ဘယ်လိုမကောင်းဆိုးဝါးမျိုးလဲ။

သူဟာ ထိတ်လန့်နေခဲ့သော်လည်း လှုပ်ရှားမှုများကတော့ မနှေးကွေးခဲ့ပါ။ သူ့ထံမှ ကျယ်ပြောနက်ရှိုင်းသော စွမ်းအားများ ထွက်ပေါ်လာခဲ့ပြီး ဒိုင်းကာကြီးတစ်ခုဖြစ်တည်လာကာ ဓားအလင်းတန်းကို ခုခံတားဆီးလိုက်သည်။

ဘုန်း...

ထက်မြတ်သောဓားနှင့် ဒိုင်းကာကြီးတို့သည် အတူတကွ ပွတ်တိုက်မိသွားကြသည်။ ဓားအလင်းတန်းဟာ ဒိုင်းကာကြီး၏တားဆီးခြင်းကို ခံလိုက်ရသော်လည်း တန်ပြန်အားကြောင့် ထျန်းလင်ဂိုဏ်း၏စွမ်းအားရှင်သည် မြေပြင်ထက်သို့ လွင့်စင်ကျသွားခဲ့ကာ မြေပြင်တစ်ခွင်၌ အက်ကွဲကြောင်းများ ထလာစေခဲ့သည်။

ချွင်....

လီချင်းသည် ထျန်းလင်ဂိုဏ်းစွမ်းအားရှင်ကို ဆက်လက်တိုက်ခိုက်ရန် အခွင့်အရေးမပေးခဲ့ပါ။ သူ့လက်ထဲရှိဓားရှည်မှာ ရုတ်တရက်လှုပ်ရှားသွားခဲ့ပြီး ကမ္ဘာလောကကြီးအတွင်း၌ ဓားချီများဖြင့် ပြည့်နှက်လာခဲ့သည်။ ဓားချီများဟာ သည်းထန်စွာရွာသောမိုးကဲ့သို့ ထျန်းလင်ဂိုဏ်းစွမ်းအားရှင်ထံ အဆက်မပြတ်ရွာသွန်း ကျဆင်းသွားခဲ့သည်။

ဘုန်း...

ကမ္ဘာလောကတစ်ခွင်၌ နားကွဲလုမတတ်ကျယ်လောင်သော ပေါက်ကွဲသံကြီး မြည်ဟီးထွက်ပေါ်လာခဲ့သည်။ တောင်ထိပ်ပေါ်ရှိရှေးဟောင်းသစ်ပင်ကြီးများမှာ အပိုင်းပိုင်းအစစ ဖြတ်တောက်ခြင်းခံလိုက်ရသည်။ ထိတ်လန့်ဖွယ်ကောင်းသောစွမ်းအားသည် တောင်တန်းနယ်မြေတစ်ခုလုံးကို ဖျက်စီးခဲ့ပုံပေါ်၏။

ပြင်းပြစူးရှသောဓားအလင်းတန်းများသည် ထျန်းလင်းဂိုဏ်းစွမ်းအားရှင်ပြုလုပ်ထားသော ဒိုင်းကာကြီးပေါ်သို့ အဆက်မပြတ်ကျဆင်းလျက်ရှိကာ ရွှေရောင်မီးပွားများ လွင့်စင်ထွက်လာစေခဲ့သည်။ ထျန်းလင်ဂိုဏ်းစွမ်းအားရှင်က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိစဥ်တွင် ခရမ်းရောင်အလင်းတန်းတစ်ခုကို မျက်ဝန်းထောင့်မှာ တွေ့မြင်လိုက်ရသည်။ ထိုခရမ်းရောင်ဓားအလင်းတန်းကြီးသည် တဖြည်းဖြည်း တဖြည်းဖြည်း ကြီး၍ ကြီး၍ လာခဲ့လေသည်။

" မလုပ်နဲ့ .....! "

ဤခရမ်းရောင်ဓားအလင်းတန်းသည် သူ့ကို သေစေနိုင်လောက်သည်အထိ ခြိမ်းခြောက်နေခဲ့ကာ သူဟာ စိတ်ပျက်အားလျော့စွာ ဟိန်းဟောက်လိုက်မိသည်။ သူ့ကိုယ်တွင်းရှိစွမ်းအားများကို အသုံးပြုလိုက်ပြီး ဓားအလင်းတန်းကို ခုခံရန် ကြိုးစားခဲ့သော်လည်း နောက်ကျသွားခဲ့လေပြီ။ ခရမ်းရောင်ဓားအလင်းတန်းသည် မြန်ဆန်စွာကျဆင်းလာခဲ့ကာ အကာအကွယ်အလွှာကို ပြင်းထန်သောအရှိန်အဟုန်ဖြင့် ဖြိုခွင်းလိုက်ကာ ထျန်းလင်ဂိုဏ်းစွမ်းအားရှင်၏နှလုံးအိမ်ကို ထိုးစိုက်သွားခဲ့သည်။ အေးစက်သောဓားစွမ်းအင်များက ထျန်းလင်ဂိုဏ်းစွမ်းအားရှင်၏ အသက်တစ်ညှာကို နုတ်ယူလိုက်လေသည်။

" ငါ ငါးအကြီးကြီးကို သတ်လိုက်မိပြီပဲ။ "

လီချင်းက ပြုံးရယ်လိုက်ကာ အသက်ကို အမောတကော ရှုရှိုက်လိုက်သည်။ သူဟာ အားနည်းဖျော့တော့နေသော ခန္ဓာကိုယ်ကို သယ်မလျက် အလောင်းရှိရာသို့ လမ်းလျှောက်လာပြီး ထိုလူ၏ချမ်းသာကြွယ်ဝမှုများကို သိမ်းဆည်းလိုက်ပြီး ၊နောက်ထပ်တစ်စုံတစ်ရာပြုလုပ်တော့မည့်အချိန်တွင် သူ၏မျက်နှာက အမူအရာပျက်ယွင်းသွားခဲ့ကာ ကိုယ်တွင်းရှိစွမ်းအားများကို အရူးအမူးလှည့်ပတ်လျက် ပြေးလွှားထွက်သွားတော့သည်။ သူ၏ခန္ဓာကိုယ်မှာ ရုတ်တရက်ဝေဝါးပျောက်ကွယ်သွားခဲ့သည်။

အသက်ရှုချိန်အနည်းငယ်ကြာမြင့်သည့်အခါ မီးခိုးရောင်ဆံပင်ရှည်များရှိသော လူအိုကြီးတစ်ယောက်သည် ထျန်းလင်းဂိုဏ်းစွမ်းအားရှင်၏ အလောင်းနားသို့ ရောက်ရှိလာခဲ့သည်။ သူ၏အိုမင်းရွတ်တွနေသောမျက်နှာဟာ ပြိုတော့မည့်မိုးကဲ့သို့ မဲမှောင်နေခဲ့သည်။

" အဲ့ဒီ သောက်ကျိုးနည်း ကြွက်စုတ်ကောင်! "

" ထျန်းလင်ဂိုဏ်းက မင်းကို မသတ်ဖြတ်နိုင်ဘူးထင်နေတာလား။ မင်းက သေချင်နေမှတော့ ဒီအရှင်သခင်က ဖြည့်ဆည်းပေးရမှာပေါ့! "

လူအိုကြီး၏နှုတ်ဖျားမှ ကြမ်းတမ်းအက်ရှသောအသံကြီး ထွက်ပေါ်လာခဲ့သည်။ သူ၏လေသံထဲတွင် နှလုံးအိမ်ကိုတုန်ယင်သွားစေနိုင်လောက်သည့်အထိ ရက်စက်ကြမ်းကြုတ်မှုများ ကိန်းဝပ်နေခဲ့လေသည်။

စကားဆုံးသည်နှင့်တပြိုင်နက် လူအိုကြီးဟာ အလောင်းကိုကိုင်ဆောင်လျက် ပျောက်ကွယ်သွားခဲ့သည်။ သူ၏အနောက်ဖက်တွင်တော့ ပြင်းထန်သောတိုက်ပွဲအငွေ့များ ကျန်ရစ်ခဲ့သော ပျက်စီးနေသည့် နေရာကြီးကို ချန်ထားရစ်ခဲ့သည်။

......

ရှေးဟောင်းဗုဒ္ဓဂိုဏ်းအတွင်း၌ ဝမ်ဖုန်းဟာ ကောင်းကင်တာအိုစည်းချက်သင်္ကေတများကို စုပ်ယူနေခဲ့ပြီး အဖြူရောင်သင်္ကေတများက သူ၏သွေးကြောများအတွင်း၌ လှည့်ပတ်နေခဲ့သည်။ အဖြူရောင်အလင်းတန်းများ ထွန်းလင်းတောက်ပနေသော လျို့ဝှက်ဆန်းပြားသည့်သင်္ကေတများသည် သူ၏အရိုးထဲထိတိုင် ရိုက်နှိပ်ခြင်းခံလိုက်ရသည်။ လျို့ဝှက်ဆန်းကြယ်သောအလင်းတန်းများ ကိုယ်တွင်း၌ လှည့်ပတ်နေခြင်းနဲ့အတူ နင်ဂါးတစ်ကောင်နဲ့တူညီသော သင်္ကေတတစ်ခုသည် သူ၏မျက်ခုံးနှစ်ဖက်အကြား၌ ရိုးတိုးရိပ်တိတ်ပေါ်လာခဲ့ကာ ဝင်းလက်တောက်ပလာခဲ့သည်။

တစ်ချိန်တည်းမှာပင် ဝတ်ရုံ၏အောက်၌ရှိသော ဝမ်ဖုန်း၏အရေပြားပေါ်၌ အဖြူရောင်သင်္ကေတများ ထွက်ပေါ်လာခဲ့ပြီး ဝမ်ဖုန်း၏ခန္ဓာကိုယ်တစ်ခုလုံးကို ဖြန့်ကျက်သွားခဲ့ကာ သူ၏မျက်ခုံးနှစ်ခုအကြား၌ လမ်းဆုံးသွားခဲ့သည်။

ဝမ်ဖုန်းက သူကိုယ်တိုင်၏ပြောင်းလဲမှုများကို သတိမမူမိခဲ့ပါ။ သူ၏စိတ်အစဥ်ဟာ လျို့ဝှက်ဆန်းကြယ်သော နေရာတစ်ခုအတွင်း၌ နစ်မြှပ်နေခဲ့သည်။ ကောင်းကင်တာအိုစည်းချက်သင်္ကေတများကို စုပ်ယူလိုက်ပြီးသည့်နောက်တွင် တစ်ဖက်လောကလျိုယင်းရုပ်ခန္ဓာသည် တချို့သောအပြောင်းအလဲများကို တွေ့ကြုံလိုက်ရပုံပေါ်ကာ အဆက်မပြတ်မြင့်မားတိုးတက်လာခဲ့သည်။ ဝမ်ဖုန်းဟာ ဤအချိန်၌ ထိုလျို့ဝှက်ဆန်းပြားမှုများကို နားလည်ရန် ဆင်ခြင်နေခဲ့သည်။

All Chapters