← Chapters

ကောင်းကင်ဘုံနဂါးချိပ်စည်း။

Vol. 33 Ch. 454

ကောင်းကင်ဘုံနဂါးချိပ်စည်း။

Vol. 33 Ch. 454

ဘာသာပြန်- The Fate

ဝမ်ဖုန်းသည် လွင်ပြင်ကြီးထဲ၌ တင်ပျဥ်ချိတ်ထိုင်နေခဲ့ပြီး သူ့စိတ်အာရုံ အနက်ပိုင်းမှ ထွက်ပေါ်လာခဲ့သော ဆန်းကြယ်မှုများကို နားလည်သဘောပေါက်အောင် ဇွဲနပန်းဖြင့် ကြိုးစားနေခဲ့သည်။ ဘေးနားတွင်ရှိနေသော လီပိုင်နှင့် အခြားသူများက သူ့ကို သေသေချာချာ စောင့်ကြပ်နေခဲ့ကြကာ အနည်းငယ်တောင် မနှောက်ယှက်ရဲကြပါ။

ဝမ်ဖုန်း၏ သွေကြောများအတွင်း၌ အဖြူရောင်မျဉ်းကြောင်းများ ပျံလွင့်ထွက်ပေါ်လျက်ရှိပြီး ဝမ်ဖုန်း၏ သန့်စင်ခြင်းကိုခံလိုက်ရကာ သူ၏ ကိုယ်ပိုင် စွမ်းအားအဖြစ် ပြောင်းလဲသွားခဲ့သည်။ ထောင်ကျော်သော အဖြူရောင်အလင်းတန်းများသည် နတ်ဘုရားတစ်ပါး၏ စွမ်းအားများကဲ့သို့ ဝမ်ဖုန်း၏ မျက်ခုံးနှစ်ဖက်ကြား၌ ရှိသော နဂါးပုံစံ သင်္ကေတအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။

တစ်ဖက်လောက လျို့ယင်း ရုပ်ခန္တာ၏ စွမ်းအားများကလည်း အဆိုပါ အဖြူရောင်မျဥ်းကြောင်းများနှင့် ပေါင်းစပ်ခံလိုက်ရသည်။ ဝမ်ဖုန်း၏ စိတ်အာရုံအတွင်း၌ ထူးဆန်းသော အသံတစ်သံ ရုတ်တရက်ပေါက်ကွဲထွက်ပေါ်လာခဲ့ကာ အဖြူရောင်အလင်းတန်းများ ဖြာဆင်းလာခဲ့သည်။

သူဟာ ကမ္ဘာလောကကြီး၏ အစ၌ ရှိနေသကဲ့သို့ ဖြစ်နေခဲ့ပြီး ကြယ်ပင်လယ်ကြီးနှင့် အဆုံးအစမဲ့သော မရေမတွက်နိုင်သည့် ထူးဆန်းသော သတ္တဝါများကို တွေ့မြင်လိုက်ရသည်။

ထိုထူးဆန်းသော သတ္တဝါများ၏ နဖူးပေါ်၌ နဂါးပုံေစံ သင်္ကေတတစ်ခုစီရှိနေကြကာ ကျယ်ပြန့်နက်ရှိုင်းသော အရှိန်အဝါများကို ထုတ်လွတ်လျက်ရှိ၏။

ဘုန်း!

ဝမ်ဖုန်း၏ ကိုယ်တွင်းမှ ချန်ခွမ်းအထွတ်အမြတ်ဘုံအဆင့် စွမ်းအားများသည် ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ သူ၏ ကျင့်ကြံမှုမှာ ချန်ခွမ်းဘုံသို့ တိုက်ရိုက်ချိုးဖြတ်သွားပြီး ဆက်လက်၍ တိုးတက်လာခဲ့ကာ ချန်ခွမ်းယွမ်အထွတ်အထိပ်အဆင့်သို့ တက်လှမ်းသွားခဲ့သည်။

ဝမ်ဖုန်း ကိုယ်ခန္တာမှ ပျံလွင့်ထွက်ပေါ်လာသော စွမ်းအားကြီးသည့် ခမ်းနားကြီးကျယ်သော အရှိန်အဝါကြီးသည် ရှေးဟောင်းဗုဒ္ဓဂိုဏ်းတစ်ခုလုံးသို့ ပျံနှံ့သွားခဲ့ကာ ဝမ်ဖုန်းကို စောင့်ကြပ်ပေးနေသော လီပိုင်နှင့် အခြားသူများကို တုန်လှုပ်သွားစေခဲ့သည်။

 ထိုထိတ်လန့်ဖွယ်ကောင်းသော အရှိန်အဝါကြီး၏ မျက်မှောက်၌ လီပိုင်ကတောင် တစ်ကိုယ်လုံး တုန်ယင်သွားခဲ့ရသည်။ သူဟာ မရဏမင်းနှင့် ရင်ဆိုင်နေရသည့်အလားပင်။

"ဟေးး ဂိုဏ်းချုပ်က ဘယ်လို မှော်ဆေးဝါးမျိုးကို စားသုံးလိုက်တာလဲ။"

မဟာနတ်ဆိုးရွှမ်ရှက ဝမ်ဖုန်းကို စိုက်ကြည့်ပြီး နက်ရှိုင်းစွာ သက်ပြင်းချလိုက်ကာ မယုံကြည်နိုင်စွာ ရေရွတ်ပြောဆိုလိုက်သည်။

မကြာသေးခင်က သူတို့ဟာ အဆင့်တူတွင် ရှိနေခဲ့သော်လည်း နောက်ခဏအကြာမှာတော့ မိုးနှင့်မြေလို ကွာခြားသွားခဲ့ပြန်သည်။

"ဒင်၊ ချန်ခွမ်းယွမ်အထွတ်အထိပ်အဆင့်ကိုရောက်ရှိသွားသည့်အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။"

"ဒင်၊ စည်းချက် သင်္ကေတ သုံးခုကို ပေါင်းစပ်နိုင်ပြီး ကံတရားရဲ့ မြင့်မြတ်တဲ့ စွမ်းအား..ကောင်ကင်တာအို နဂါးချိပ်စည်းကို နားလည်သွားသည့်အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။"

"ကောင်ကင်တာအို နဂါးချိပ်စည်းဟာ ဘိုးဘေးနဂါးရဲ့ ပြန်လည်ဝင်စားခြင်းကို ကိုယ်စားပြုပြီး နဂါးဧကရာဇ်ရဲ့ ပုံသဏ္ဌာန်ကို စုစည်းတယ်။ ကောင်းကင်တာအိုမြို့တော်၊ နဂါးဧကရာဇ်ရဲ့ ဘိုးဘေးသွေးကြော၊ နဂါးဧကရာဇ်ရဲ့ ပုံစံ သင်္ကေတနဲ့ ကောင်းကင်တာအိုမြို့တော်ရဲ့ ပုံစံသင်္ကေတတွေ အားလုံးကို စုပေါင်းပြီးတော့ ကောင်းကင်တာအို နဂါးချိပ်စည်းဟာ ဖြစ်ပေါ်လာခဲ့တာပါ။"

ဝမ်ဖုန်းက ကောင်းကင်တာအို သင်္ကေတသုံးခုကို သန့်စင်လိုက်ပြီး ချန်ခွမ်းယွမ် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားပြီးနောက် စနစ်၏ အေးစက်သော အသံက ထွက်ပေါ်လာခဲ့သည်။ ထိုစနစ်၏ အသံနှင့်အတူ ကောင်းကင်တာအို နဂါးချိပ်စည်း၏ အမွေခံ မှတ်ဉာဏ်များကလည်း ထွက်ပေါ်လာခဲ့သည်။

ကောင်းကင်တာအို နဂါးချိပ်စည်း၏ အမွေခံ မှတ်ဉာဏ်များကို လေ့လာ ဆန်းစစ်ပြီးနောက် ဝမ်ဖုန်း၏ နှလုံးသားက တုန်ခါသွားခဲ့သည်။ ကံတရား၏ မြင့်မြတ်သော စွမ်းအားနှင့် ယင်း၏ အပြစ်အနာအဆာ ကင်းမဲ့သော သဘာဝလွန်စွမ်းအားက တစ်ဖက်လောက ဟွာကွမ်းလက်ဖဝါးနှင့် လိုက်ဖက်လွန်းလှသည်။

ယင်းမှာ ကောင်းကင်ဘုံနှင့် ရင်ဘောင်တန်းနိုင်သော မြင့်မြတ်သည့် နဂါး၏ ပုံစံမှ အသွင်ပြောင်းထွက်ပေါ်လာသည့် သိုင်းကွက်တစ်ကွက် ဖြစ်လေသည်။

နဂါးအကောင်တစ်သောင်း၏ ဝိသေသလက္ခဏာများကို စုပ်ယူပြီး မိုးကောင်းကင်၏ စွမ်းအားများကို ပေါင်းစည်း၍ ဤချိပ်စည်းအား ထုတ်ဖော်ခဲ့သည်။ လမ်းစဥ်တစ်သောင်းနဂါးနတ်ဘုရားသည် နဂါးတစ်သောင်းချိပ်စည်းကို ဖော်ဆောင်ခဲ့လေသည်။

 ထိုအရာအား ထုတ်ဖော်လိုက်ပါက နဂါးတစ်သောင်းဟာ အမိန့်နာခံရမှာဖြစ်ပြီး ကောင်းကင်တာအိုဟာ ပြန်လည်ဆုတ်ခွာရလိမ့်မည်။

ယင်း၏ လျို့ဝှက်ဆန်းပြားမှုများသည် ကောင်းကင်ဘုံနှင့် ကြယ်စင်များကို ဖြိုခွင်းနိုင်ပြီး ယင်း၏ စွမ်းအားက ကောင်းကင်နှင့်ကမ္ဘာမြေကို လှုပ်ခါနိုင်စွမ်းရှိသည်!

ဝမ်ဖုန်းဟာ ကောင်းကင်တာအို နဂါးချိပ်စည်း၏ လျို့ဝှက်ဆန်းပြားမှုများကို နားလည်သဘောပေါက်အောင် တိတ်တဆိတ် ကြိုးစားနေခဲ့သည်။ သူ့မျက်ခုံးနှစ်ဖက်ကြားရှိ နဂါးသင်္ကေတလေးထံမှ နဂါးပုံသဏ္ဌာန် မြူခိုးမြူငွေ့များ ထွက်ပေါ်လာခဲ့ကာ ဝမ်ဖုန်း၏ အရိုးများအတွင်းသို့ တစ်ဖြည်းဖြည့် စိမ့်ဝင်သွားခဲ့သည်။ ဝမ်ဖုန်း၏ အရိုးများမှာ ပြောင်းလဲမှု တစ်ခုကို ကြုံတွေ့နေရသည့်အလား....

ဝေါင်း!

ဝမ်ဖုန်း၏ ခန္တာကိုယ်မှ နဂါးဧကရာဇ်၏ ဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာခဲ့ပုံပေါ်ကာ လီပိုင်နှင့် အခြားသူများကို ထိန်းချုပ်မရ တုန်ယင်သွားစေခဲ့သည်။

ဝမ်ဖုန်း၏ နှလုံးသားအတွင်း၌ ပုံသဏ္ဌာန်အမျိုးမျိုးရှိသော မြင့်မြတ်သည့် နဂါးများ ဖြစ်ပေါ်လာခဲ့ကာ သူ၏ နှလုံးအိမ်ကို လှည့်ပတ်နေခဲ့သည်။ တစ်ဖက်လောက လျို့ယင်းထံမှလည်း ရွှေရောင်အလင်းတန်းများ ထုတ်လွတ်နေပြီး နဂါးတစ်သောင်းကို ဆွဲညို့လိုက်ကာ အသက်ဝင်လာစေခဲ့သည်။ နဂါးများဟာ ဝမ်ဖုန်း၏ နှလုံးအိမ်ကို စောင့်ကြပ်နေခဲ့ကြသည်။

ဘုန်း

အဖြူရောင်အလင်းတန်းများသည် တစ်ဖြည်းဖြည်းမိန်ဖျော့သွားကာ ဝမ်ဖုန်းခန္တာကိုယ်မှ လွင့်ပျံနေသော အရှိန်အဝါများသည် နစ်မြုပ်ပျောက်ကွယ်သွားခဲ့သည်။ စိတ်ဝိညာဥ်ကို တုန်ယင်စေနိုင်သော ဝမ်ဖုန်း၏ မျက်ဝန်းအိမ်များသည် ရုတ်တရက် ပွင့်ဟသွားခဲ့ကာ သူက ဖြေးညင်းစွာ မတ်တပ်ရပ်လိုက်ပြီး အရှိန်အဝါများကို ထိန်းညှိလိုက်သည်။

မဟာနတ်ဆိုးရွှမ်ရှသည် ဝမ်ဖုန်းထံသို့ တရွေ့ရွေ့ချဥ်းကပ်လာခဲ့ကာ ဝမ်ဖုန်းကို လေးလေးနက်နက် စိုက်ကြည့်လိုက်သည်။ 

"ဂိုဏ်းချုပ်၊ ဂိုဏ်းချုပ် အရမ်းပြောင်းလဲသွားပြီပဲ။ ချန်ခွမ်းယွမ်အထွတ်အထိပ်အဆင့်ကို တစ်ချိန်တည်းမှာ တက်ရောက်သွားတာလား။"

မနာလိုဖြစ်နေသော လေသံသည် လီပိုင်နှင့် အခြားသူများကို လှုံ့ဆော်ပေးလိုက်ကာ သူတို့က အော်ဟစ်ရယ်မောမိလိုက်ကြသည်။ ဝမ်ရွှယ်ကလေး၏ အရည်လဲ့နေသော မျက်ဝန်းများကတောင် မဟာနတ်ဆိုး ရွှမ်ရှကို အထင်အမြင်သေးစွာ စူးစိုက်ကြည့်မိလိုက်သည်။

ဝမ်ဖုန်းက ပြုံးလိုက်ပြီး ဘာမှ မပြောလာခဲ့ပါ။ထိုကဲ့သို့ တိုးတက်မှုကြီးရရှိရန် မလွယ်ကူခဲ့ပါချေ။

"သွားရအောင်။"

ဝမ်ဖုန်းက ရှိနေသော လူများကို ဝေ့ဝဲကြည့်ရှုလိုက်ပြီး ကျယ်လောင်စွာ ပြောဆိုလိုက်သည်။

 ရှေးဟောင်းဗုဒ္ဓဂိုဏ်း အပြင်ဘက် ထွက်ခွာသွားပြီးသည့်အခါ သူတို့ဟာ ယွမ်ဟွားကောင်းကင်ဘုံကြီး၏ ကြီးကျယ် ခမ်းနားမှုကို တွေ့မြင်နိုင်လိမ့်မည်။ ယခု အချိန်တွင် သူ၏ ကျင့်ကြံမှုက ချန်ခွမ်းယွမ်အထွတ်အထိပ်အဆင့်ကို ရောက်ရှိနေပြီဖြစ်ရာ ဝမ်ဖုန်းက ရှန်ရှန်ကျုံ့ဂိုဏ်းကို ယွမ်ဟွားကောင်းကင်ဘုံကြီး၏ အကြွင်းမဲ့ အာဏာရှင်ဖြစ်လာအောင် ပြုမူရာတွင် ပို၍ ယုံကြည်မှု ရှိနေခဲ့သည်။

"ကောင်းပါပြီ ဂိုဏ်းချုပ်!"

မဟာနတ်ဆိုးရွှမ်ရှနှင့် အခြားသူများက တစ်ညီတစ်ညွတ်တည်း တုန့်ပြန်လိုက်ကာ ဝမ်ဖုန်း၏ အနောက်မှ လိုက်ပါသွားခဲ့ပြီး ရှေးဟောင်းဗုဒ္ဓဂိုဏ်းမှ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။

လေထုအတွင်း လမ်းလျှောက်ထွက်လာရင်း ဝမ်ဖုန်းက သူ၏ ကိုယ်ပိုင်ခွန်အားကို စမ်းသပ်ကြည့်လိုက်သည်။ ချန်ခွမ်း အထွတ်အမြတ်ဘုံသို့ ဝင်ရောက်သွားပြီးနောက် ဝမ်ဖုန်းသည် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လျို့ဝှက်ဆန်းပြားမှုများကို ပိုမို၍ သတိချပ်မိလာခဲ့သည်။ သူသာ အလိုရှိပါက ယွမ်ဟွားကောင်းကင်ဘုံကြီးတစ်ခုလုံးကို အသာအယာ ဖျက်စီးနိုင်လေသည်။

"စနစ်၊ အန္တိမအဆင့် ဆင့်ခေါ်ခွင့် ခြောက်ကြိမ်ကို ပူးပေါင်းပြီး ဆင့်ခေါ်လိုက်ပါ။"

သူ၏ ကိုယ်ပိုင်ခွန်အားကို ခံစားကြည့်ရှုပြီးနောက် ဝမ်ဖုန်း၏ မျက်ဝန်းများအတွင်း၌ အလင်းတန်းတစ်ခု တောက်ပသွားခဲ့ကာ လျို့ဝှက်စွာ ပြောဆိုလိုက်သည်။

"ဒင်၊ ထျန်းကျွင်းအထွတ်အထိပ် စွမ်းအားရှင်တစ်ယောက်ကို ဆင့်ခေါ်နိုင်သည့် ဆင့်ခေါ်ခွင့် တစ်ကြိမ်ရရှိသည့်အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။"

"ရှုန်းပါ့ကို ဆင့်ခေါ်မိသည့်အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။ သူ့ရဲ့ စွမ်းရည်ဇယားကို စစ်ဆေးကြည့်မလား။"

"စစ်ဆေးလိုက်။"

ဝမ်ဖုန်းက တုန့်ဆိုင်းခြင်းမရှိ ပြောဆိုလိုက်သည်။

လေပြင်းနှင့်တိမ်တိုက်များ ထိပ်တိုက်ရင်ဆိုင်ရသည့်အခါ နဂါးများအသွင်ပြောင်းလဲသွားပြီး လေဟာပြင်၌ ကူးခတ်ကြလိမ့်မည်။

အဆိုပါ ကဗျာစာသားနှစ်ခုသည် ရှုန်းပါ့၏ ဘဝ၊ အောင်မြင်မှုနှင့် ကျဆုံးခြင်းများကို ပြီးပြည့်စုံစွာ ဖော်ညွှန်းနေခဲ့သည်။

"ဒင်၊ ရှုန်းပါ့၏ စွမ်းရည်ဇယားမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

အမည် -ရှုန်းပါ့။

ဘွဲ့ -ဂိုဏ်းဆရာသခင်။

ကောင်းကင်ဘုံသွေးကြော -လက်သီးလက်ဝါးနှင့် ခြေထောက် သုံးသွယ်သော ကောင်းကင်ဘုံသွေးကြော။

ကျင့်ကြံမှု -ထျန်းကျွင်း အထွတ်အထိပ်။

ကောင်းကင်အဆင့် မှော်စွမ်းအားများ -ထျန်းရှန်း လက်သီး၊ ဖုန်းရှန်း ကန်ချက်၊ တိမ်ဖြိုခွင်းခြင်းလက်ဝါး။

သဘာဝလွန် အထူးစွမ်းအားများ -အသက်ဓာတ်ထမြောက်ခြင်းသိုင်းသုံးကွက်၊ နတ်လက်ချောင်း သုံးချောင်း၊ ဒြပ်စင်သုံးခု တစ်ခုတည်းအဖြစ် စုစည်းခြင်း။

လက်နက် -မရှိ။"

ရှုန်းပါ့၏ စွမ်းရည်ဇယားကို ကြည့်ရှုလိုက်ပြီးနောက် ဝမ်ဖုန်းက စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ အခုအချိန်တွင် သူဟာ နဲ့ဖုန်းနှင့် ပုကျင်းယွင်တို့ကို ဆင့်ခေါ်ပြီးလေပြီ။ အခုချိန်မှာ သူတို့ရဲ့ ဆရာနှင့် ရန်သူကိုလည်း ဆင့်ခေါ်လိုက်လေပြီ။ သူတို့ ဘယ်လိုများ ခံစားကြရမလဲ။

ဒါကိုတွေးတောလိုက်ပြီးနောက် ဝမ်ဖုန်းက ပုကျင်းယွင်တို့နှစ်ယောက်ကို အဓိပ္ပါယ်ရှိသော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။ ထိုအကြည့်များနှင့် ရင်ဆိုင်လိုက်ရသည့်အခါ ပုကျင်းယွင်တို့နှစ်ယောက်သည် ပဟေဠိဖြစ်သွားကြသည်။

တစ်ခဏကြာမြင့်သည့်အခါ ဝမ်ဖုန်းနှင့် အခြားသူများသည် ရှေးဟောင်းဗုဒ္ဓဂိုဏ်း၏ အစွန်အဖျားနားသို့ ရောက်ရှိလာကြသည်။ ဤကာလအတွင်း၌ ရှုန်းပါ့လည်း ရောက်ရှိလာခဲ့ပါသည်။ သို့ပါသော်လည်း ရှုန်းပါ့ရော ပုကျင်းယွင်တို့နှစ်ယောက်လုံးကပါ တစ်ယောက်ကိုတစ်ယောက် သာမန်ကာလျံကာသာ စိုက်ကြည့်လိုက်ပြီး ဘယ်စကားမှ မပြောခဲ့ကြပါ။ ဒါက ဝမ်ဖုန်းကို ထူးဆန်းသွားစေခဲ့သည်။ ထူးချွန်ပြောင်မြောက်တဲ့ ထိန်းသိမ်းနိုင်စွမ်းပါတကား။

သူတို့ဟာ သူစိမ်းများအလား မှင်သေသေ ဖြင့်သာ စိုက်ကြည့်ခဲ့ကြ၏။

ဝမ်ဖုန်းသည် လူအုပ်ကြီးကို ဦးဆောင်ပြီး ရှေးဟောင်းဗုဒ္ဓဂိုဏ်းအပြင်ဘက် ထွက်ခွာတော့မည့်အချိန်တွင် သူ၏ မျက်ဝန်းများက ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့ကာ အေးစက်သော အလင်းတန်းတစ်ခု မွေးဖွားလာခဲ့သည်။ပုကျင်းယွင်နှင့် အခြားသူများ၏ အကြည့်များမှာလည်း အေးစက်သွားခဲ့သည်။

"စိတ်ဝင်စားစရာပဲ။"

"တစ်ယောက်ယောက်က ငါတို့ ရှန်ရှန်ကျုံ့ဂိုဏ်းရဲ့လမ်းကို ပိတ်ဆို့ရဲတယ်လား!?"

မဟာနတ်ဆိုးရွှမ်ရှသည် လှောင်ရယ်ပြောဆိုလိုက်သည်။

တစ်စုံတစ်ယောက်က ရှေးဟောင်းဗုဒ္ဓဂိုဏ်းကြီးတစ်ခုလုံးကို သိရှိနားလည်ခြင်းမရှိဘဲ ချိတ်ပိတ်ခဲ့သည်။ ဤသည်မှာ မယုံကြည်နိုင်စရာ အကောင်းဆုံး လုပ်ဆောင်မှုကြီးဖြစ်ပါ၏။ ဒီလိုလုပ်လိုက်ရုံနဲ့ ရှန်ရှန်ကျုံ့ဂိုဏ်းကို တားဆီးနိုင်မည်ဟု ထင်လိုက်ပါက သူတို့ မှားယွင်းသွားလိမ့်မည်။

မဟာနတ်ဆိုး ရွှမ်ရှက ဂိုဏ်းချုပ်တစ်ယောက် လူအုပ်စုတစ်စုကို ရိုက်နှက်နေမည့် မြင်ကွင်းအား တွေ့မြင်လိုက်ရပုံပေါ်ကာ သူ၏ မျက်နှာထက်၌ မထီမဲ့မြင်အကြည့်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

All Chapters