← Chapters

ပဏ္ဍိတသုံးပါးကို သတ်ဖြတ်သွားသော ဓားတစ်လက်

Vol. 33 Ch. 456

ပဏ္ဍိတသုံးပါးကို သတ်ဖြတ်သွားသော ဓားတစ်လက်

Vol. 33 Ch. 456

ဘာသာပြန်- The Fate

ဟွမ်!

နဂါးဟိန်းသံကဲ့သို့သော ဓါးဟိန်းသံတစ်သံထွက်ပေါ်လာခဲ့၏။

ကောင်းကင်နှင့် ကမ္ဘာမြေအကြား၌ မျက်စိကျိမ်းလောက်သော အလင်းတန်းတစ်ခု ရုတ်တရက် ထွန်းလင်းတောက်ပလာခဲ့ကာ ယင်းအလင်းတန်းထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကမ္ဘာလောကကြီးတစ်ခုလုံးဟာ မဲမှောင်သွားခဲ့ရသည်။

ဤသည်မှာ ဓားအလင်းတန်းတစ်ခု ဖြစ်၏!

ဤဓါးဟာ ကြမ်းတမ်းခက်ထန်စွာ ပေါ်ထွန်းလာခဲ့သော်လည်း ကြော့ရှင်းသပ်ရပ်နေခဲ့သည်။

အထူးအင်အားစုများ၏ ပဏ္ဍိတဆယ့်တစ်ပါးသည် အသက်ကို အောင့်ထားမိလိုက်ကြကာ တစ်ကိုယ်လုံး ခဲတောင့်သွားလျက် မလှုပ်ရှားနိုင်ကြတော့ပါ။

သန်းခေါင်ယံ၌ ထွန်းလင်းတောက်ပနေသည့် လျှပ်စီးအလင်းတန်းကဲ့သို့သော ဓားအလင်းတန်းသည် ရုတ်တရက် ထွန်းလင်းတောက်ပလာခဲ့ကာ ညကောင်းကင်ယံကို ဖြတ်တောက်သွားခဲ့သည်။

ကောင်းကင်ပြုပြင်ဂိုဏ်း ဘိုးဘေးအိုကြီး၏ ဓားအလင်းတန်းသည် ဤဓားအလင်းတန်းနှင့် ထိတွေ့မိလိုက်သည့်အခါ စက္ကူရွက်တစ်ရွက်လိုမျိုး ဖျက်စီးခံလိုက်ရကာ ကမ္ဘာလောကအတွင်း၌ မီးရှူးမီးပန်းများကဲ့သို့ ပေါက်ကွဲထွက်သွားခဲ့သည်။

ဖစ်!

ကောင်းကင်ပြုပြင်ဂိုဏ်း ဘိုးဘေးအိုကြီး၏ မျက်ဝန်းများမှာ ပြူးကျယ်လာခဲ့ပြီး သူဟာ ဓားအလင်းတန်းဖြတ်သန်းလာသည်ကို ကြောင်အလျက် စူးစိုက် ကြည့်နေခဲ့မိသည်။ နောက်တဒင်္ဂအကြာ၌ သူ၏ ဦးခေါင်းဟာ ပြတ်တောက်သွားလေသည်။

လည်တိုင်မှ ပန်းထွက်လျက်ရှိသော သွေးများသည် မီးတောင်ကြီးပေါက်ကွဲသကဲ့သို့ ဖြစ်နေခဲ့ကာ မြေပြင်ကို စွေးစွေးနီစေခဲ့သည်။

"စမ်းသပ်ချင်တယ်ဆိုရင် အကျိုးဆက်ကိုလည်း ခံနိုင်စွမ်းရှိရမယ်။ ပုရွတ်ဆိတ်တွေက ငါနဲ့ ယှဥ်ပြိုင်ဖို့ အဆင့်မှီလို့လား။"

လောကကြီးအတွင်း၌ လွမ်းမိုးခြယ်လှယ်နိုင်သော အသံကြီးတစ်သံ ထွက်ပေါ်လာခဲ့သည်။ ဝမ်ဖုန်းဟာ သူ၏ လက်များကို နောက်ပစ်လိုက်ပြီး ရှေ့မှောက်၌ ရှိနေသော ချန်ခွမ်းအထွတ်အမြတ်ဘုံအဆင့် စွမ်းအားရှင်ကြီးများကို ဝေ့ဝိုက်ကြည့်ရှုလိုက်သည်။

နတ်ဘုရင်တစ်ပါးသည် သေမျိုးများကို စူးစိုက်ကြည့်နေခဲ့သည့်အလား သူဟာ ရှေ့မှောက်ရှိ လူများကို မထီမဲ့မြင် ကြည့်ရှုလိုက်သည်!

တိတ်ဆိတ်ခြင်း!

သုဿန်တစ်စပြင်အလား တိတ်ဆိတ်ငြိမ်သက်ခြင်း!

ပဏ္ဍိတနယ်ပယ် စွမ်းအားရှင် ဆယ့်တစ်ယောက်၏ မျက်ဝန်းများမှာ ပြူးကျယ်သွားကြပြီး ခန္တာကိုယ်တစ်ခုလုံးက ခဲတောင့်သွားကြသည်။သူတို့ဟာ သေမင်းနှင့်ရင်ဆိုင်လိုက်ရသည့်အလား ခံစားလိုက်ရကာ ခန္တာကိုယ်တစ်ခုလုံး တုန်တက်လာကြသည်။

ပဏ္ဍိတနယ်ပယ် အလယ်အလတ်အဆင့်ရှိတဲ့ စွမ်းအားရှင်တစ်ယောက်ကို ဝမ်ဖုန်းက အလွယ်တကူ သတ်ဖြတ်လိုက်တာလား။

ထိုခံစားချက်... ယင်းက ပဏ္ဍိတအလယ်အလတ်အဆင့် စွမ်းအားရှင်တစ်ယောက်ကို သတ်ဖြတ်ခြင်းနှင့်တောင်မတူဘဲ ပုရွတ်ဆိတ်တစ်ကောင်ကို သတ်ဖြတ်ခဲ့သည့်အလားပင်...

ယင်းမှာ ပဏ္ဍိတနယ်ပယ်အဆင့် စွမ်းအားရှင်ဖြစ်သည်။ ယွမ်ဟွားကောင်းကင်ဘုံကြီးတစ်ခုလုံး၌ ၎င်းက ပြိုင်ဘက်ကင်း တည်ရှိမှုကြီးဖြစ်လေသည်။

"အရှင်၊ ဒီနေရာကို ချိပ်ပိတ်ခဲ့တဲ့အတွက် ကျုပ်တို့တကယ်ပဲ မှားယွင်းခဲ့ပါတယ်။ ဒါပေမယ့် ကျုပ်တို့ ကောင်းကင်ပြုပြင်ဂိုဏ်းရဲ့ ပဏ္ဍိတနယ်ပယ်စွမ်းအားရှင်ကို တိုက်ရိုက် သတ်ဖြတ်လိုက်တာက လွန်လွန်းမနေဘူးလား!"

ဤအချိန်မှာပဲ ဒေါသအပြည့်ဖြင့် မေးခွန်းထုတ်သံတစ်သံသည် မိုးချိန်းသံကြီးကဲ့သို့ မြည်ဟည်းထွက်ပေါ်လာခဲ့ကာ ကြွင်းကျန်ရစ်သော အထူးအင်အားစုလေးစုမှ ပဏ္ဍိတကြီးများကို ကြောင်အသွားစေခဲ့သည်။

သူတို့အားလုံးဟာ ကောင်းကင်ပြုပြင်ဂိုဏ်း၏ ပဏ္ဍိတအိုကြီးနှစ်‌ေယာက်ကို စူးစိုက်ကြည့်လိုက်ကာ သူတို့၏ မျက်ဝန်းများက မင်းသေတော့မယ်ဟု ပြောနေသယောင်။

ဝမ်ဖုန်း၏ ဓားကွက်ကြောင့် ကောင်းကင်ပြုပြင်ဂိုဏ်း၏ ပဏ္ဍိတအိုကြီးနှစ်ယောက်သည် တကယ်ပဲ ထိတ်လန့်သွားခဲ့ကြပါသည်။ သို့ပါသော်လည်း ပဏ္ဍိတစွမ်းအားရှင်တစ်ယောက်ကို ဆုံးရှုံးရခြင်းက ကောင်းကင်ပြုပြင်ဂိုဏ်းအတွက် အင်မတန်မှ အထိနာလှသည်။

သူတို့ဟာ နှလုံးသားအတွင်းမှ နက်ရှိုင်းစွာ ဒေါသထွက်နေမိသည်။

သူတို့ကောင်းကင်ပြုပြင်ဂိုဏ်းဟာ ပဏ္ဍိတနယ်ပယ်စွမ်းအားရှင်တစ်ယောက် ကျရှုံးရခြင်းကို သည်းမခံနိုင်ပါ။

သူတို့ အကြောင်းပြချက် မတောင်းခံပါက ဘယ်လိုမျက်နှာဖြင့် ရှင်သန်နေထိုင်ရမည်နည်း။

"ဒီအရှင်က သတ်ဖြတ်ပစ်လိုက်တယ်။ အဲ့ဒီတော့ မင်းတို့ ဘာလုပ်ချင်လဲ။"

ဝမ်ဖုန်းက လှောင်ရယ်လိုက်ပြီး ကောင်းကင်ပြုပြင်ဂိုဏ်းမှ ပဏ္ဍိတအိုကြီးနှစ်ယောက်၏ ဒေါသထွက်နေသော အကြည့်များကို ထူးမခြားနားစွာ ရင်ဆိုင်လိုက်ကာ အေးစက်စွာ အော်ပြောလိုက်သည်။

အဆိုပါ ယုံကြည်မှု ပြင်းထန်သော အပြုအမူက ကိုးမြီးမြေခွေး၏ လက်မောင်းအတွင်း၌ရှိနေသော ဝမ်ရွှယ်ကလေးကို အပျော်များဖြင့် ပြည့်နှက်လာစေခဲ့သည်။ သူမရဲ့ဆရာက တကယ်ကို ပြိုင်ဘက်ကင်းလိုက်တာ!

"မင်း!"

ကောင်းကင်ပြုပြင်ဂိုဏ်း၏ ပဏ္ဍိတအကြီးအကဲနှစ်ယောက်သည် ဝမ်ဖုန်းကို စူးစူးရဲရဲစိုက်ကြည့်လိုက်ပြီး သူတို့ခန္တာကိုယ်မှ ဒေါသလှိုင်းများသည် မီးတောင်ကြီးပေါက်ကွဲထွက်သကဲ့သို့ လွင့်ပျံ့ထွက်ပေါ်လာခဲ့ကာ ကမ္ဘာလောကကြီးတစ်ခုလုံးမှ အပူချိန်ကို ကျဆင်းသွားစေခဲ့သည်။

"မင်းက ငါတို့ကောင်းကင်ပြုပြင်ဂိုဏ်းရဲ့ရန်သူ တကယ်ပဲ ဖြစ်ချင်နေတာလား။"

ကောင်းကင်ပြုပြင်ဂိုဏ်း၏ မြင့်မြတ်သော အကြီးအကဲတစ်ယောက်သည် ဝမ်ဖုန်းကို အေးစက်သော မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်ပြီး သူ့ကိုယ်တွင်းရှိ စွမ်းအားများကို နှိုးဆွလိုက်သည်။ ကျယ်ပြောနက်ရှိုင်းသော စွမ်းအားများသည် လှိုင်းထန်သော ပင်လယ်ပြင်ကဲ့သို့ ထွက်ပေါ်လာခဲ့သည်။

"မင်းတို့ရဲ့ ကောင်းကင်ပြုပြင်ဂိုဏ်းက ငါတို့ရဲ့ရန်သူဖြစ်ဖို့တောင် ထိုက်တန်လို့လား။"

ဝမ်ဖုန်းစကားတစ်ခွန်းမှ မပြောရ‌ေသးခင်တွင် သူ၏ဘေးနား၌ ရှိနေသော မဟာနတ်ဆိုးရွှမ်ရှက လှောင်ပြောင်လိုက်သည်။

"ဂိုဏ်းချုပ်၊ ဒီလူတွေနဲ့ ဖက်ပြိုင်ပြောဆိုနေဖို့ မလိုပါဘူး။"

ဂိုဏ်းချုပ်မှတစ်ပါး စကားစစ်ထိုးရာ၌ သူဟာလည်း မရှုံးနိမ့်ဖူးပါချေ!

"သေလိုက်တော့!"

ခေါင်းလောင်းမြည်သံကြီးကဲ့သို့ ဟိန်းဟောက်သံကြီးသည် ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့ကာ ကောင်းကင်ပြုပြင်ဂိုဏ်း၏ အကြီးအကဲနှစ်ယောက်သည် ဝမ်ဖုန်းတို့ရှိရာသို့ တစ်ဟုန်ထိုး ပြေးဝင်လာကြသည်။

သူတို့ပျောက်ကွယ်သွားသည်နှင့်တစ်ပြိုင်နက် မရေမတွက်နိုင်သော ကြယ်စင်များကဲ့သို့ ခမ်းနားကြီးကျယ်သည့် စွမ်းအားကြီးသည် ဝမ်ဖုန်းနှင့် အခြားသူများဘက်သို့ သက်ဆင်းလာခဲ့သည်။

ကျယ်ပြောနက်ရှိုင်းသည့် အဆုံးအစမဲ့သော စွမ်းအားကြီးသည် ကမ္ဘာလောကကြီးကို တုန်ယင်လာစေခဲ့ကာ ကမ္ဘာပျက်လုမတတ် ဖြစ်လာခဲ့သည်။

ဤတိုက်ကွက်နှင့် ရင်ဆိုင်လိုက်ရသည့်အခါ ဝမ်ဖုန်း၏ နှုတ်ခမ်းထောင့်များသည် တွန့်လိမ်သွားခဲ့ကာ သူ၏ ခန္တာကိုယ်တစ်ခုလုံးက တည်ငြိမ်နေသေးသည်။

သူဟာ လက်နှစ်ဖက်ကို အသာအယာ ဆန့်ထုတ်လိုက်ပြီး လက်သီးဆုပ်လိုက်သည်။

ဤလက်သီးချက်သည် ရိုးရှင်းသလို တည့်တိုးဆန်လာသည်။ တလက်လက်တောက်ပနေသော အလင်းတန်းများယှက်သန်းထားသော လက်သီးလုံးကြီးသည် အမြန်ဆန်ဆုံးသော နှုန်းထားဖြင့် ပြေးထွက်သွားခဲ့ပြီး ဝန်းကျင်တစ်ခွင်ကို တိုက်ရိုက် ချိပ်ပိတ်လိုက်သည်။ ထွက်ပြေးလွတ်မြောက်ရန် နေရာမရှိတော့လေပြီ။

"ဝေါင်း!"

ကောင်းကင်ပြုပြင်ဂိုဏ်း၏ အကြီးအကဲနှစ်ယောက်သည် အဖြူရောင်အလင်းတန်းများရစ်တိုင်းနေသော နဂါးနှစ်ကောင်အဖြစ်သို့ အသွင်ပြောင်းလဲသွားခဲ့ပုံပေါ်ကာ ဝမ်ဖုန်း၏ လက်သီးချက်ရှိရာသို့ ဟိန်းဟောက်လိုက်သည်။

ဝမ်းဖုန်း၏ လက်သီးချက်နီးကပ်လာသည်နှင့်အမျှ နဂါးနှစ်ကောင်ကလည်း ရုတ်တရက်တောက်ပလာခဲ့ကာ ဝမ်ဖုန်း၏ လက်သီးလုံးကို တစ်ကိုက်တည်း ဝါးမျိုတော့မည်ကဲ့သို့ ပြေးဝင်လာခဲ့ကြသည်။ နောက်တဒင်္ဂအကြာတွင် မျက်စိကြိမ်းလောက်သော အလင်းတန်းကြီးတစ်ခုတောက်ပသွားခဲ့ပြီး စွမ်းအင်မုန်တိုင်းကြီးသည် အရပ်လေးမျက်နှာသို့ ပျံ့လွင့်သွားခဲ့သည်။

"ဘုန်း"

နဂါးနှစ်ကောင်က လက်သီးလုံးကို ရစ်ပတ်ထားတာကို တွေ့မြင်လိုက်ရသည့်အခါ ဝမ်ဖုန်းက မထီမဲ့မြင် ပြုံးရယ်လိုက်သည်။ လက်သီးလုံးကြီးဟာ အဆက်မပြတ် တုန်ခါလာခဲ့ပြီး ၊ရုတ်တရက်ကျယ်ပြောနက်ရှိုင်းသော စွမ်းအင်များကို ထုတ်လွတ်လိုက်လေသည်။

"ဘုန်း!"

ကျယ်ပြောနက်ရှိုင်းသော စွမ်းအားများသည် လက်သီးလုံးကြီးထံမှ ပေါက်ကွဲထွက်လာခဲ့ကာ ကောင်းကင်ပြုပြင်ဂိုဏ်း အကြီးအကဲနှစ်ယောက်မှ အသွင်ပြောင်းထားသော နဂါးအရိပ်ကြီးနှစ်ခုကို တိုက်ရိုက် ဆုတ်ဖြဲပစ်လိုက်ကာ အကြီးအကဲနှစ်ယောက်၏ မူလပုံစံကို လှစ်ဟပြလိုက်သည်။ မရပ်တန့်နိုင်သော စွမ်းအားများကိန်းဝပ်နေသည့် လက်သီးကြီးက ကောင်းကင်ပြုပြင်ဂိုဏ်း အကြီးအကဲနှစ်ယောက်၏ ရင်ဝသို့ ထိတွေ့မိသွားခဲ့သည်။

"ဖစ်!"

"မင်း....."

ကောင်းကင်ပြုပြင်ဂိုဏ်း ပဏ္ဍိတနယ်ပယ် အကြီးအကဲနှစ်ယောက်၏ နှုတ်ခမ်းထောင့်မှ သွေးများယိုစီးကျလာပြီး သူတို့၏ ခန္တာကိုယ်များက လွင့်စင်ထွက်သွားကြသည်။

သူတို့တစ်ကိုယ်လုံးမှာ သွေးများယိုစီးလျက်ရှိပြီး ကြည့်ရှုရသည်မှာ သွေးလူသားများကဲ့သို့ ဖြစ်နေခဲ့သည်။ သူတို့၏ အရေပြားပေါ်၌လည်း အချိန်မရွေး အက်ကွဲသွားတော့မတတ် ဖြစ်နေခဲ့သော ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းကြီးများ ရှိနေခဲ့သည်။

ဝမ်ဖုန်း၏ ပြင်းထန်လွန်းသော လက်သီးချက်အောက်တွင် သူတို့ကိုယ်တွင်းရှိ အသက်ဓာတ်များမှာ အဆက်မပြတ်တိုက်စားခြင်းကို ခံခဲ့ရသည်။

ပြင်းထန်သောဖိအားသည် သူတို့၏ ခန္တာကိုယ်အတွင်း ဝင်ရောက်သွားခဲ့ရုံသာမက သူတို့၏ စိတ်အာရုံအတွင်းပါ ထိုးဝင်သွားခဲ့ပြီး စိတ်ဝိညာဥ်များကို ဖျက်စီးနေခဲ့သည်။

"ငါတို့ကောင်းကင်ပြုပြင်ဂိုဏ်းက မင်းတို့ကို ခွင့်လွတ်မှာ မဟုတ်ဘူး!"

"ကောင်းကင်ပြုပြင်ဂိုဏ်း..."

ဘိုးဘေးအိုကြီးတစ်ယောက်၏ နှုတ်ဖျားမှ တိုးညှင်းသော ရေရွတ်သံတစ်သံထွက်ပေါ်လာခဲ့သည်။ ထိုစကားဆုံးသည်နှင့်တစ်ပြိုင်နက် ဘိုးဘေးအိုကြီးနှစ်ယောက်သည် လေဟာပြင်အတွင်းမှ ပြုတ်ကျသွားခဲ့ပြီး မြေပြင်၌ ကြီးမားသော တွင်းနက်ကြီးကို ဖြစ်ပေါ်စေခဲ့သည်။ တစ်နာရီ၏ လေးပုံတစ်ပုံကြာမြင့်သည့်ကာလတွင် ကောင်းကင်ပြုပြင်ဂိုဏ်း၏ ပဏ္ဍိတနယ်ပယ်ဘိုးဘေးသုံးယောက်ဟာ ဝမ်ဖုန်း၏ လက်အတွင်း၌ သေဆုံးသွားခဲ့ရသည်။ အဆိုပါမြင်ကွင်းက ကြွင်းကျန်ရစ်သော အထူးအင်အားစုသုံးစုမှ ပဏ္ဍိတနယ်ပယ် ဘိုးဘေးကြီးများကို ထိတ်လန့်ခြောက်ခြားသွားစေခဲ့သည်။

တစ်ချိန်တည်းမှာပဲ သူတို့က စတင်မလှုပ်ရှားမိခဲ့သည့်အတွက် ဝမ်းမြောက်နေမိသည်။ ဒီလိုမှမဟုတ်ရင် သူတို့လည်း သေရတော့မှာ!

မူလက သူတို့သည် ချန်ခွမ်းအထွတ်အမြတ်ဘုံသို့ ရောက်ရှိခြင်းက စကြာဝဠာကြီးအတွင်း၌ ပြိုင်ဘက်ကင်းမဟုတ်သော်လည်း အနည်းဆုံးတော့ ယွမ်ဟွားကောင်းကင်ဘုံအတွင်း၌ ပြိုင်ဘက်ကင်းဖြစ်နေပြီဟု တွေးထင်ခဲ့သည်။ သူတို့ဟာ ယွမ်ဟွားကောင်းကင်ဘုံကြီးကို စိတ်လိုလက်ရ မင်းမူနိုင်လိမ့်မည်ဟု တွေးဆခဲ့သည်။ သို့ပါသော်လည်း ဤကနေ့တွင် ဝမ်ဖုန်းက သူတို့ကို ပြင်းထန်သော သင်ခန်းစာ ပေးခဲ့လေသည်။ 

မဟုတ်သေးဘူး။ သူတို့က ပြိုင်ဘက်ကင်းဖြစ်နှင့်နေပြီးသား။ ဝမ်ဖုန်းတို့အုပ်စုကသာ အရမ်းကြောက်လန့်ဖို့ကောင်းနေတာ!

သာမန်လူတစ်ယောက်မှာ ပဏ္ဍိတနယ်ပယ်စွမ်းအားရှင်တစ်ယောက်ကို သတ်ဖြတ်ဖို့ ဘယ်လိုလုပ် ခွန်အားရှိနိုင်မှာလဲ?

All Chapters