ပဏ္ဍိတအိုကြီးများ၏ ကတိစကား။
Vol. 33 Ch. 457
ဘာသာပြန်- The Fate
" ဒင်....ပဏ္ဍိတသုံးယောက်ကို သတ်ဖြတ်ခဲ့တဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။ ဂိုဏ်းအမှတ် (200) ဘီလီယံနှင့် ကောင်းကင်အဆင့်အန္တိမဆင့်ခေါ်ခွင့် နှစ်ကြိမ်ကို ဆုချလိုက်သည်။ "
" မင်းတို့ကရော တိုက်ခိုက်ချင်သလား? "
ဝမ်ဖုန်းက ထွက်ပေါ်လာသောစနစ်၏အသံကို လျစ်လျူရှုထားပြီး ကျန်ရစ်နေသေးသော အထူးအင်အားစုများမှ ပဏ္ဍိတစွမ်းအားရှင်များကို စူးစိုက်ကြည့်ကာဖြင့် လှောင်ရယ်လျက် မေးမြန်းလိုက်သည်။
" မ..မ...မဟုတ်ပါဘူး."
" အဲ့ဒီကောင်းကင်ပြုပြင်ဂိုဏ်းက တကယ့်ကို အကျိုးအကြောင်းမညီညွတ်တာပဲဗျ! "
ဝမ်ဖုန်း၏အမေးစကားကို လက်ခံရရှိလိုက်သည့်အခါ ပဏ္ဍိတကိုးပါးသည် ခေါင်းများကို အလျင်အမြန်ခါရမ်းလိုက်ကြပြီး တစ်ကိုယ်လုံးတောင့်တင်းသွားကြသည်။
ဟာသပဲ..သူတို့ဘယ်လိုလုပ် မကြောက်လန့်ဘဲနေမလဲ?
ထိုပုဂ္ဂိုလ်ဟာ ပဏ္ဍိတများကို ပုရွက်ဆိတ်များကဲ့သို့ သတ်ဖြတ်ခဲ့သည်။ သူ၏ ခွန်အားအပြည့်ဆိုပါက ယွမ်ဟွားကောင်းကင်ဘုံကြီးတစ်ခုလုံးကို လွှမ်းမိုးချုပ်ကိုင်ရန်လုံလောက်လေသည်။ ထိိုပုဂ္ဂိုလ်ကြီး၏အရှေ့၌ သူတို့ဟာ ပုရွက်ဆိတ်များနဲ့ မခြားနား....
ဒီလိုအခြေအနေဖြင့် တိုက်ခိုက်မည်ဆိုပါကသူတို့လောက် တုံးတဲ့လူ ကမ္ဘာမှာ ရှိနိုင်ပါ့မည်လော?
" အရှင် ကျူပ်တို့တွေက ရှေးဟောင်းဗုဒ္ဓဂိုဏ်းရဲ့ အခြေအနေကို အရင်က မသိခဲ့ပါဘူး။ ဒါကြောင့်မလို့ မရဏမျိုးနွယ်စုတွေရဲ့အရှိန်အဝါကို ခံစားလိုက်ရတာနဲ့ သူတို့တွေ ယွမ်းဟွားကောင်းကင်ဘုံကြီးကို ဒုက္ခပေးလာမှာ စိုးရိမ်တာကြောင့် ဒီနေရာကို ချိပ်ပိတ်မိခဲ့တာပါ။ "
" အဲ့ဒီအရာတွေအားလုံးက အရှင့်ကို ရန်စလိုက်သလိုမျိုးဖြစ်သွားခဲ့တယ်။ ကျုပ်တို့ကို တောင်းဆိုစရာရှိတာ မှန်သမျှ တောင်းဆိုနိုင်ပါတယ်။ "
ဟွမ်ထျန်းအိမ်တော်၏ ပဏ္ဍိတအိုကြီးသည် ဝမ်ဖုန်းကို သတိကြီးစွာ စိုက်ကြည့်လိုက်ပြီး အပြုံးတစ်ပွင့်ဖြင့် မေးမြန်းလိုက်သည်။
" မင်းရဲ့ခွန်အားက မဆိုးပေမဲ့ စိတ်သဘောထားကတော့ အင်မတန်ကောင်းမွန်တာပဲ! " ဘေးနားတွင်ရှိနေသော မဟာနတ်ဆိုးရွှမ်ရှက ခေါင်းညိတ်လိုက်ပြီး ကျေနပ်အားရစွာ ပြောဆိုလိုက်သည်။
ထျန်းကျွင်းအဆင့်သာရှိသေးသော လူတစ်ယောက်က ပဏ္ဍိတအဆင့် စွမ်းအားရှင်များ၏ခွန်အားကို မကောင်းမွန်သေးဘူးဟု ပြောဆိုသည့်မြင်ကွင်းကို သင်တွေးတောကြည့်မိပါ၏လော့ ?
ဝမ်ဖုန်းကြောင့်သာမဟုတ်ပါက ဤစကားများဖြင့်ပင် မဟာနတ်ဆိုးရွှမ်ရှသည် အရိုးတခြားအသားတခြားဖြစ်သွားနိုင်သည်။
မဟာနတ်ဆိုးရွှမ်ရှကို ဝမ်ဖုန်းက စူးစိုက်ကြည့်လိုက်သည်။ ဒီလူကိုလွှတ်ထားတာ အတော်ကလေးကြာသွားပြီ။
အကြည့်တစ်ချက်ဖြင့်ပင် မဟာနတ်ဆိုးရွှမ်ရှ၏ နှလုံးအိမ်မှာ တုန်ယင်သွားရပြီး အလျင်အမြန်နောက်ဆုတ်လိုက်ကာ ဆက်လက်၍ စကားမပြောရဲတော့ပါ။
သေစမ်း...ဒီဟန်ဆောင်တတ်တဲ့အကျင့်ကို ငါနတ်ဆိုးအိုကြီး ဘယ်တော့များမှ ပြုပြင်နိုင်ပါ့မလဲ။
" ငါ့ရဲ့ ရှန်ရှန်ကျုံဂိုဏ်းကို ယွမ်ဟွားကောင်းကင်ဘုံကြီးတစ်ခုလုံးရဲ့ အကြွင်းမဲ့အာဏာရှင်လိုမျိုး လေးစားပါ။ "
ပဏ္ဍိတကိုးပါး၏စကားများကို ကြားလိုက်ရသည့်အခါ ဝမ်ဖုန်းက မျက်ဝန်းများကို မှေးကျဥ်းလိုက်ပြီး ထူးမခြားနားစွာ စိုက်ကြည့်လျက် ကျယ်လောင်စွာ ပြောဆိုလိုက်သည်။
" ဘာ...ဘာ....? "
ဝမ်ဖုန်း၏စကားက အထူးအင်အားစုသုံးစုရဲ့ ပဏ္ဍိတစွမ်းအားရှင်များကို ထိတ်လန့်ခြောက်ခြားသွားစေခဲ့ကာ သူတို့ဟာ ဝမ်ဖုန်းကို မယုံကြည်နိုင်စွာ စိုက်ကြည့်လိုက်ကြသည်။ ဤလျို့ဝှက်ဆန်းကြယ်သောလူတစ်စုမှာ မကြာသေးမီက နာမည်ကျော်ကြားလာသော ရှန်ရှန်ကျုံဂိုဏ်းမှ ဖြစ်လိမ့်မည်ဟု သူတို့မျှော်လင့်မထားခဲ့ကြပါ။ သူတို့အားလုံးဟာ ရှန်ရှန်ကျုံဂိုဏ်းအကြောင်းကို ကြားဖူးသော်လည်း လေးနက်စွာ တွေးတောခဲ့ခြင်းမရှိပါ။ သူတို့ဟာ ယွမ်းဟွားကောင်းကင်ဘုံကြီး၏အထူးအင်အားစုကြီးများဖြစ်ပြီး ကောင်းကင်ဘုံကြီးအတွင်း၌ ပြိုင်ဖက်ကင်းတည်ရှိမှုများပင် မဟုတ်ပါလော့။
သူတို့သာအလိုရှိပါက ထိပ်တန်းအင်အားစုခြောက်စုကို အလွယ်ကလေးဖျက်စီးပစ်နိုင်သည်။ ပဏ္ဍိတနယ်ပယ်စွမ်းအားရှင်တစ်ယောက် စေလွှတ်လိုက်ခြင်းကတောင် ထိုထိပ်တန်းအင်အားစုခြောက်စုကို ဖျက်စီးနိုင်ပေသည်။
ထို့အတွက်ကြောင့် သူတို့က ရှန်ရှန်ကျုံဂိုဏ်း၏ အမည်နာမကို ကြားသိခဲ့ရသည့်အခါ လေးလေးနက်နက်တွေးတောခဲ့ခြင်းမရှိပါ။ သူတို့နဲ့ အဆင့်တူအင်အားစုကိုပဲ လေးလေးနက်နက် တွေးတောမှာပေါ့!
သို့ပါသော်လည်း ရှန်ရှန်ကျုံဂိုဏ်း၏ခွန်အားမှာ အင်မတန်မှ သန်မာပြီး၊ ပဏ္ဍိတများကို ပရွက်ဆိတ်လိုမျိုးသတ်ဖြတ်နိုင်သော ဝမ်ဖုန်းလိုလူမျိုးတောင်ရှိနေလိမ့်မည်ဟု သူတို့ထင်မထားခဲ့။
ထိတ်လန့်ခြောက်ခြားသွားပြီး သူတို့အားလုံး တိတ်ဆိတ်ငြိမ်သက်သွားကြသည်။
ယွမ်ဟွားကောင်းကင်ဘုံကြီးရဲ့ အကြွင်းမဲ့အာဏာရှင်.....
အထူးအင်အားစုသုံးစုအနက် ဘယ်သူကများ ယွမ်းဟွားကောင်းကင်ဘုံကြီးရဲ့ အကြွင်းမဲ့အာဏာရှင် ဖြစ်မလာချင်လို့လဲ။ သို့ပါသော်လည်းကျန်ရစ်သော အထူးအင်အားစုများ၏စွမ်းအားမှာ အားမနည်းတာကြောင့် သူတို့ဟာ အခွင့်အရေးမရခဲ့ကြပါ။ ဝမ်ဖုန်း၏ခွန်အားက ထိတ်လန့်ဖွယ်ကောင်းနေ၍မဟုတ်လျှင် ထိုစကားပြောဆိုလိုက်တာကတင် ဝမ်ဖုန်းကို သေစေနိုင်သည်။
အခုအချိန်မှာတော့ သူတို့က ဝမ်ဖုန်းကို မတိုက်ခိုက်ရဲကြသလို၊ ဝမ်ဖုန်း၏စကားများကိုလည်း သံဿယမဝင်ရဲကြပါ။
သူတို့နောက်ကွယ်ရှိ အင်အားစုများတွင် အခြားသောပဏ္ဍိတနယ်ပယ်စွမ်းအားရှင်များ ရှိနေသလို ပဏ္ဍိတအထွတ်အထိပ်စွမ်းအားရှင်များတောင် ရှိနေသည်။ သို့ပါသော်လည်း ဝမ်ဖုန်းလို ပဏ္ဍိတများကို ပုရွက်ဆိတ်လို သတ်ဖြတ်နိုင်သည့် ပုဂ္ဂိုလ်ကြီးနဲ့တော့ နှိုင်းယှဥ်နိုင်စွမ်းမရှိပါချေ။
ဒါ့အပြင် ရှန်ရှန်ကျုံဂိုဏ်းရဲ့ မူလဇာစ်မြစ်မှာ လျို့ဝှက်ဆန်းကြယ်လှသည်။ ယင်းဂိုဏ်းတွင် စွမ်းအားကြီးကျင့်ကြံသူ အဘယ်မျှလောက် ကျန်ရစ်နေသေးကြောင်းကို သူတို့တွေ မသိရှိကြပါ။ ယခုပဲ ကြည့်ရှုပါလေ။ ဝမ်ဖုန်းအပြင်သူတို့ကို ဖိအားပေးနေသော လီပိုင်လည်းရှိနေသေးသည်။
ဒါ့အပြင် ယွမ်းဟွားကောင်းကင်ဘုံကြီးအတွင်း၌ ချန်ခွမ်းအထွတ်အမြတ်ဘုံအဆင့်စွမ်းအားရှင်များသည် အလွယ်တကူ လှုပ်ရှားလေ့ မရှိကြပါ။ လက်ရှိရှန်ရှန်ကျုံဂိုဏ််း၏လူအုပ်စုတွင် မိန်းမငယ်လေးတစ်ယောက်မှလွဲ၍ ကျန်သူများအားလုံးသည် ထျန်းကျွင်းအထွတ်အထိပ်၌ ရှိကြသည်။ ဤသည်ကတောင် ရှန်ရှန်ကျုံဂိုဏ်းရဲ့ အမွေအနှစ်အဘယ်မျှလောက် တောင့်တင်းကြောင်း တွေ့မြင်နိုင်သည်။
" အရှင် ..ကျုပ်တို့တွေလက်ခံရင်တောင် ရှေးဟောင်းဗုဒ္ဓဂိုဏ်းနဲ့ ကောင်းကင်ပြုပြင်ဂိုဏ်းတို့ကတော့ လက်ခံမှာ မဟုတ်ဘူး။ ဒီအကြောင်းကို နောက်မှ ဆွေးနွေးရင် မကောင်းဘူးလား။ " ဟွမ်ထျန်းအိမ်တော်၏ဘိုးဘေးအိုကြီးသည် ဝမ်ဖုန်းကို စိုက်ကြည့်လိုက်ပြီး တောင်းပန်ပြုံး၊ ပြုံး၍ ပြောဆိုလိုက်သည်။
ငြင်းပယ်ချင်သော်လည်း မငြင်းပယ်ရဲ။ လက်သင့်လဲမခံလိုသည့်အခါ ဝေ့လည်ကြောင်ပတ်သာ ပြောဆိုရလိမ့်မည်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီပုဂ္ဂိုလ်ကြီးကို အရင်ဆုံး စိတ်ကျေနပ်စေရမည်!
" ရှေးဟောင်းဗုဒ္ဓဂိုဏ်းကို ဒီအရှင်က ဖျက်စီးပစ်လိုက်ပြီ။ ကောင်းကင်ပြုပြင်ဂိုဏ်းကိုလည်း မကြာခင်မှာ အလည်သွားလိုက်ပါမယ်။ မင်းတို့တွေ ဒီအရှင်ကို ကိုယ်တိုင်ကိုယ်ကျ တံခါးဝအထိ ရောက်လာစေချင်ရင်တော့လည်း စောင့်ဆိုင်းလိုက်ပေါ့။ဒါပေမဲ့ အဲ့ဒီအချိန်ကျရင် ညှိနှိုင်းဖို့ လွယ်ကူတော့မှာ မဟုတ်ဘူးနော်။ "
ဝမ်ဖုန်းက ဟွမ်းထျန်းအိမ်တော်၏ ဘိုးဘေးအိုကြီးကို အပြုံးတစ်ဝက်ဖြင့် စူးစိုက်ကြည့်လိုက်ကာ တိုးညှင်းစွာ ပြောဆိုလိုက်သည်။
ဝမ်ဖုန်း၏စကားကြောင့် ပဏ္ဍိတကိုးပါးသည် သက်ပြင်းရှိုက်လိုက်မိကာ တစ်ယောက်မျက်နှာတစ်ယောက် လှမ်းကြည့်မိလိုက်ကြသည်။
သူက ဒီလိုထိတ်လန့်ဖွယ်အရာကြီးကို သာမန်ကာလျှံကာ ပြောလိုက်တာလား?
ရှေးဟောင်းဗုဒ္ဓဂိုဏ်းတွင် အပြောင်းအလဲတစ်ချို့သာ ဖြစ်ပွားနေသည်ဟု သူတို့ထင်ခဲ့သည်။ ဂိုဏ်းကြီးတစ်ဂိုဏ်းလုံး ဖျက်စီးခံလိုက်ရမည်ဟုတော့ တွေးထင်မထားခဲ့ပါ။ အဲ့တာက ယွမ်ဟွားကောင်းကင်ဘုံကြီးရဲ့ အထူးအင်အားစုကြီးတစ်စုလေ။ သူတို့နဲ့တောင် နှိုင်းဆနိုင်သည်မဟုတ်ပါလော့။
" ကျုပ်တို့ဟွမ်းထျန်းအိမ်တော်က ရှန်ရှန်ကျုံဂိုဏ်းကို ယွမ်ဟွားကောင်းကင်ဘုံကြီးရဲ့ အကြွင်းမဲ့အာဏာရှင်အဖြစ် ကြိုဆိုပါတယ်။ "
တခဏကြာထိတ်လန့်သွားပြီးမှ ဟွမ်ထျန်းအိမ်တော်၏လူအိုကြီးသည် သတိပြန်လည်ရရှိလာကာ တုံ့ဆိုင်းနေခြင်းမရှိဘဲ လက်သီးဆုပ်ဂါရဝပြုလျက် ကျယ်လောင်စွာ ပြောဆိုလိုက်သည်။
သူတို့ဟာ အရူးများမဟုတ်ကြပါ။ ရှေးဟောင်းဗုဒ္ဓဂိုဏ်းကိုဖျက်စီးနိုင်သည့် ဝမ်ဖုန်း၏စွမ်းဆောင်ရည်ကို အကဲဖြတ်ကြည့်ရပါက သူဟာအလိုရှိပါက သူတို့ကိုလည်း အလွယ်တကူ သုတ်သင်ပစ်လိုက်နိုင်သည်။
ဝမ်ဖုန်းကိုယ်တိုင် တံခါးဝအထိရောက်မှာကို စောင့်ဆိုင်းရမှာထက် စောဦးစွာ အရှုံးပေးလိုက်ရတာကသာ ပို၍ကောင်းပါလိမ့်မည်။ ဒါက ဝမ်ဖုန်းကိုလည်း စိတ်ကျေနပ်စေလိမ့်မည်။ ရှန်ရှန်ကျုံဂိုဏ်ဟာ အင်မတန်မှလျို့ဝှက်ဆန်းကြယ်ပြီး မခန့်မှန်းနိုင်ပါ။ သူတို့သဘောမတူဘူးဆိုရင်တောင် ယွမ်ဟွားကောင်းကင်ဘုံကြီး၏ အကြွင်းမဲ့အာဏာရှင်ဖြစ်လာမည့် ရှန်ရှန်ကျုံဂိုဏ်းကို တားဆီးနိုင်မှာ မဟုတ်ချေ။ သူတို့ဟာ ယွမ်ဟွားကောင်းကင်ဘုံကြီးအတွင်း၌ နှစ်ပေါင်းမရေမတွက်နိုင်လောက်အောင် ခိုင်မြဲစွာ ရပ်တည်နိုင်ခဲ့သည်။
သူတို့ဟာ အားနည်းသည်။ သို့သော်လည်း ဖျက်စီးမခံရချင်ပါ။ ထို့အတွက်ကြောင့် ဦးခေါင်းများကို နှိမ့်ချထားပြီး ရိုးသားစွာနေထိုင်သည်ကသာ ကောင်းမွန်ပေလိမ့်မည်။
ဟွမ်ထျန်းအိမ်တော်အကြီးအကဲ၏စကား ဆုံးသွားပြီးနောက် ကျန်ရစ်သောအထူးအင်အားစုနှစ်စုမှ အကြီးအကဲများသည်လည်း ထပ်တူထပ်မျှ တုံ့ပြန်လိုက်ကြသည်။
အဆိုပါပဏ္ဍိတအကြီးအကဲများ၏စကားကို ကြားသိလိုက်ရသည့်အခါ ဝမ်ဖုန်းက စိတ်ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်သည်။ ထိုအကြီးအကဲများမှာ သက်ဆိုင်ရာအင်အားစုများ၏ ဘိုးဘေးများဖြစ်ကြသည်။ သူတို့သာ သသောတူလက်ခံလိုက်ပါက မတော်တဆဖြစ်ရပ်များ ဖြစ်လာမည်မဟုတ်တော့ချေ။ အကယ်၍မတော်တဆတစ်ခုခုဖြစ်ပျက်ခဲ့ရင်တောင် သူ၏လက်သီးချက်အောက်တွင် ချေမွခံရလိမ့်မည်!
" ဒါဆိုရင် ခင်များတို့ပြန်လို့ ရပါပြီ။ "
" ဒါနဲ့ ဒီကိစ္စကို ကောင်းကင်ပြုပြင်ဂိုဏ်းကို သတိမပေးနဲ့ဦး။ ကျုပ်ကိုယ်တိုင် အဲ့ဒီကို သွားရောက်လိုက်ပါမယ်။ "
ဝမ်ဖုန်းက လက်ကိုဝေ့ရမ်းလိုက်ပြီး လေးနက်စွာ ပြောဆိုလိုက်သည်။
ခံစားချက်စိုးစဥ်းမျှမပါဝင်သော ဝမ်ဖုန်း၏စကားလုံးများကို ကြားလိုက်ရသည့်အခါ ပဏ္ဍိတအကြီးအကဲကိုးယောက်သည် တပြိုင်နက်တည်း တုန်ယင်သွားမိကြသည်။ သူတို့က ကောင်းကင်ပြုပြင်ဂိုဏ်းအတွက် စုတ်သပ်လိုက်မိကြသည်။
ဝမ်ဖုန်းကိုယ်တိိုင်ကိုယ်ကျ လှုပ်ရှားမည်ဆိုပါက ကောင်းကင်ပြုပြင်ဂိုဏ်း၏အဆုံးသတ်မှာ သေချာနေလေပြီ....