← Chapters

လုယက်ရခြင်း အကြောင်းအရင်း

Vol. 33 Ch. 463

လုယက်ရခြင်း အကြောင်းအရင်း

Vol. 33 Ch. 463

ဘာသာပြန်- The Fate

ဘုန်း!

ခမ်းနားကြီးကျယ်သော စွမ်းအားကြီးသည် ခန်းမကြီးအတွင်း ပျံ့လွင့်သွားပြီး ကောင်းကင်ပြုပြင်ဂိုဏ်း၏ အကြီးအကဲများကို အကြောက်တရားဖြင့် တုန်ယင်လာစေခဲ့သည်။

"ငါတို့မရဏမျိုးနွယ်စုက မင်းတို့ကောင်းကင်ပြုပြင်ဂိုဏ်းကို လာရောက်ကူညီတာကတင် ဂုဏ်ယူစရာ ကောင်းနေပြီ။ နာနာခံခံနဲ့ လက်ခံလိုက်စမ်းပါ။ နားလည်ရဲ့လား။"

ဦးဆောင်လာသူ အနက်ဝတ်အမျိုးသားသည် အေးစက်သော မျက်ဝန်းများဖြင့် စူးစိုက်ကြည့်နေပြီး လှောင်ရယ်ပြောဆိုလိုက်သည်။ သူ၏ အက်ရှသော အသံကြီးသည် ကောင်းကင်ပြုပြင်ဂိုဏ်း အကြီးအကဲများ၏ နားစည်အတွင်းသို့ မိုးခြိမ်းသံကြီးအလား တီးခတ်သွားခဲ့ကာ သူတို့၏ စိတ်ဝိညာဥ်တစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။

"မင်း!"

လျို့ဖေးယု၏ မျက်ဝန်းများမှာ နီရဲနေပြီး အနက်ဝတ်အမျိုးသားကို စူးစိုက်ကြည့်နေခဲ့ကာ သူ့ကိုယ်တွင်းရှိ စွမ်းအားများကို လှည့်ပတ်လျက် ခုခံတားဆီးရန် ပြင်ဆင်လိုက်သည်။ သို့ပါသော်လည်း သူ့ကိုယ်တွင်းရှိ စွမ်းအားများမှာ သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိမနေတော့ဘဲ အနည်းငယ်တောင် လှုပ်ရှား၍ မရနိုင်ပါ။

ဒါက လျို့ဖေးယုကို ထိတ်လန့်သွားစေခဲ့သည်။ သူဟာ ပဏ္ဍိတအထွတ်အထိပ်၌ ဖြစ်ပါသည်။ သူ့လိုလူကိုတောင် အနည်းငယ်မျှ လုပ်ရှားမရအောင် ဖိနှိပ်လိုက်နိုင်တာလား။ ဒီမရဏမျိုးနွယ်စုက ဘယ်လောက်တောင် အစွမ်းထက်နေတာလဲ။

အနက်ဝတ်အမျိုးသားသည် သူ၏ အရှိန်အဝါများကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး လျို့ဖေးယုကို အထင်အမြင်သေးစွာ စူးစိုက်ကြည့်လျက် ဘယ်တုန်းကမှ ထွက်ပေါ်မလာဖူးသလိုမျိုး ခန်းမကြီးအတွင်းမှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ သို့ပါသော်လည်း မရဏမျိုးနွယ်စုမှလူများဟာ ကောင်းကင်ပြုပြင်ဂိုဏ်းအတွင်း၌ ရှိနေသေးကြောင်း လျို့ဖေးယုနှင့် အခြားသူများ ခံစားသိရှိနိုင်ခဲ့သည်။

အချိန်အတော်ကလေးကြာသည့်တိုင်အောင် ကောင်းကင်ပြုပြင်ဂိုဏ်း၏ အကြီးအကဲများသည် တစ်ယောက်ကိုတစ်ယောက် စိတ်အားယုတ်လျော့စွာဖြင့် စိုက်ကြည့်မိလိုက်ကြသည်။ သူတို့ဟာ ဆွေးနွေးပြောဆိုရန်တောင် စိတ်မပါတော့ဘဲ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

သူတို့ကောင်းကင်ပြုပြင်ဂိုဏ်းဟာ အရှုပ်အထွေးကြီးတစ်ခု၏ အလယ်ဗဟို၌ ရောက်ရှိနေပုံပေါ်သည်။ လျို့ဝှက်ဆန်းကြယ်သော လူတစ်စုပင်ဖြစ်ပါစေ၊ မရဏမျိုးနွယ်စုပင်ဖြစ်ပါစေ နှစ်ခုစလုံးဟာ သူတို့အတွက် ကြီးမားသော ကပ်ဘေးဒုက္ခကြီးများ ဖြစ်ကြသည်။

"အခုအချိန်မှာ ငါတို့ဟာ တစ်ချိန်ကို ခြေတစ်လှမ်းပဲ လှမ်းနိုင်လိမ့်မယ်။"

လျို့ဖေးယုဟာ ရှိနေကြသော လူများကို ဝေ့ဝိုက်ကြည့်ရှုလိုက်ပြီး ဖြေးလေးစွာ သက်ပြင်းချလိုက်သည်။

ယခုအချိန်တွင် ပဏ္ဍိတအထွတ်အထိပ်၌ ရှိနေသောသူဟာ အကူအညီမဲ့သလို ခံစားနေရသည်။ တစ်ချိန်က သူသည် ပဏ္ဍိတနယ်ပယ်အထွတ်အထိပ်ဟာ ယွမ်ဟွားကောင်းကင်ဘုံကြီးအတွင်း၌ ပြိုင်ဘက်ကင်းကြောင်း တွေးထင်ခဲ့ဖူးသည်။

.....

နတ်ဆိုးတောင်တန်းဒေသသည် ယွမ်ဟွားကောင်းကင်ဘုံ ထိပ်တန်းအင်အားစုကြီးတစ်စုဖြစ်သော နတ်ဆိုးနန်းတော်တည်ရှိရာ နေရာဖြစ်သည်။ နတ်ဆိုးနန်းတော်၏ သခင်သေဆုံးသွားပြီးနောက် နတ်ဆိုးနန်းတော်ကြီးတစ်ခုလုံးသည် ပွတ်ပွတ်ဆူသွားခဲ့ကာ စွမ်းအားကြီးပုဂ္ဂိုလ်ကြီးများသည် နတ်ဆိုးနန်းတော်ကို ထိန်းချုပ်ရန်အတွက် စတင်လုပ်ရှားလာခဲ့ကြသည်။ နတ်ဆိုးနန်းတော်အတွင်းရှိ အခြေအနေများမှာ ကောင်းမွန်မနေခဲ့ပါ။

သို့ပါသော်လည်း ကျူရှောင်းသူရဲကောင်းများသည် ရှန်ရှန်ကျုံ့ဂိုဏ်းမှ ဖြစ်သည်ဟူသော သတင်းစကားထွက်ပေါ်လာပြီးနောက် ထိပ်တန်းအင်အားစုကြီးခြောက်စုစလုံး တုန်လှုပ်သွားကြရသည်။ နတ်ဆိုးနန်းတော်ကို ထိန်းချုပ်ရန် ပြိုင်ဆိုင်နေကြသော စွမ်းအားကြီးပုဂ္ဂိုလ်များသည် ဒီကိစ္စနှင့်ပတ်သက်ပြီး ဆွေးနွေးရန်အတွက် ထျန်းလင်းဂိုဏ်းကို သွားရောက်ခဲ့ကြသည်။

တောင်တက်လမ်းကလေးပေါ်တွင် အမျိုးသားနှစ်ယောက်နှင့် အမျိုးသမီးနှစ်ယောက်သည် နတ်ဆိုးနန်းတော် တည်ရှိရာနေရာသို့ ဖြေးညှင်းစွာ လမ်းလျှောက်နေကြသည်။ ရွှင်ရွှင်မြူးမြူးရယ်မောပြောဆိုသံများသည် တိတ်ဆိတ်ငြိမ်သက်နေသော တောအုပ်ကြီးအတွင်း၌ ပဲ့တင်ထပ်လျက်ရှိသည်။

"ယောကျ်ား၊ နတ်ဆိုးနန်းတော်ကို လုယက်ဖို့အတွက် ဘာဖြစ်လို့ရွေးချယ်ခဲ့တာလဲ။"

လုရန်က ကုကန်းချိုး၏ လက်မောင်းကို ဆုပ်ကိုင်ထားပြီး ချစ်စဖွယ် အမူအယာလေးဖြင့် မေးမြန်းလိုက်သည်။ နူးညံ့နွေးထွေးကာ အပြစ်ကင်းစင်သော မျက်နှာကလေးပေါ်၌ ပေါ်လွင်နေခဲ့သော အပြုံးယောင်ယောင်ကလေးသည် အမျိုးသားထုကြီးကို ရူးခါသွားစေနိုင်သည်။

"ညီငယ်လေးရေ၊ မင်းရဲ့မရီးကို လာရောက်ရှင်းပြလိုက်စမ်းပါဦးကွာ။"

ကုကန်းချိုးက ကုချိုး၏ပုခုံးကို ပုတ်လိုက်ပြီး ရယ်မောလျက် ပြောဆိုလိုက်သည်။

"မရီး၊ မရီးက အခုမှ လုယက်ဖူးတာဆ်ိုတော့ နားမလည်သေး ဘူးနဲ့တူတယ်။ ကျုပ်တို့တွေ ဘာကို လုယက်နေတာလဲ။"

ကုချိုးက ချက်ချင်းရှင်းပြခြင်းမပြုဘဲ လုရန်ကို မေးမြန်းလိုက်သည်။

"ပိုက်ဆံတွေကိုလား။"

"ရတနာပစ္စည်းတွေကိုလား။"

ကုချိုးက သူမဖြေသမျှ အဖြေတိုင်းကို ခေါင်းယမ်းပြနေတာကို တွေ့မြင်လိုက်ရသည့်အခါ လုရန်က စိတ်ရှုပ်ထွေးသွားရသည်။ သူတို့တွေ ပိုက်ဆံနှင့် ရတနာပစ္စည်းတွေကို လုယက်ကြတာ မဟုတ်ဘူးလား။

"ဒါက ကျွန်တော်တို့ ရှန်ရှန်ကျုံ့ဂိုဏ်းရဲ့ စည်းလုံးညီညွတ်မှု၊ ချစ်ခင်ရင်းနှီးမှုတွေကို အခြားတစ်ပါးသောသူတွေ ခံစားရအောင် ပြုလုပ်ဖို့ပဲ!"

"ဖစ်!"

ကုချိုး၏စကားကို ကြားလိုက်ရသည့်အခါ သူ့ကို ဆုပ်ကိုင်ထားသော လင်ချင်းချင်းဟာ မရယ်မောဘဲ မနေနိုင်တော့ပါ။ သူမက တစ်စုံတစ်ခုကို တွေးမိသွားသည့်အလား ကုချိုးကို ဒေါသတကြီး မျက်စောင်းထိုးလိုက်သည်။ လုရန်ဟာလည်း အော်ဟစ်ရယ်မောမိလိုက်သည်။ လုယက်တာနဲ့ စည်းလုံးညီညွတ်၊ ချစ်ကြည်ရင်းနှီးတာနဲ့ ဘာဆိုင်လို့လဲ။

"ဟေး အစ်ကိုကြီးရေ၊ ကျုပ်တို့ဇနီးမယားနှစ်ယောက်မှာ လုယက်ခြင်းနဲ့ပတ်သက်ပြီး ဥာဏ်အမြော်အမြင်မရှိသေးဘူးဘဲ။"

ကုချိုးက ခေါင်းကို ခါယမ်းလိုက်ပြီး သက်ပြင်းချလိုက်သည်။

"အဆင်ပြေပါတယ်။ ငါတို့ရဲ့ သင်ပြပေးမှုနဲ့ဆိုရင် သူတို့တွေ မကြာခင်မှာ ဥာဏ်အလင်းပွင့်လာကြမှာပါ။"

ကုကန်းချိုးက သူ၏ရင်ဘတ်ကို ပုတ်ပြလိုက်ပြီး တည်ကြည်လေးနက်သော အသွင်အပြင်ဖြင့် ကျယ်လောင်စွာ ပြောဆိုလိုက်သည်။

"ဒါဆိုရင် ကျွန်မကို ပြောပြစမ်းပါ။ လုယက်တာနဲ့ ချစ်ကြည်ရင်းနှီးမှုနဲ့က ဘာဆိုင်လို့လဲ။"

လင်ချင်းချင်းက သူမ၏ အပြုံးကို ဖိနှိပ်လိုက်ပြီး လေးနက်စွာ မေးမြန်းလိုက်သည်။

"ဘာဆိုင်လို့လဲဟုတ်လား။ လုယက်တယ်၊ လုယက်တယ်ဆိုတာက တစ်ခြားသူတွေရဲ့ပစ္စည်းတွေကို လုယုတာလေ။ သူတို့ကို ငါတို့တတွေရဲ့ ချစ်ကြည်ရင်းနှီးမှုကို ခံစားခွင့်ပေးပြီး ကျေးဇူးတုန့်ပြန်တဲ့အနေနဲ့ ရတနာပစ္စည်းတွေကို ပြန်လည်ပူဇော်ခိုင်းတာလေ။"

ယောကျ်ားရေ၊ ဒါက ကွဲပြားမှု ရှိလို့လား။

လုယက်တာက လုယက်တာပဲလေ။ ချစ်ကြည်ရင်းနှီးတာက ချစ်ကြည်ရင်းနှီးတာပဲပေါ့။

လင်ချင်းချင်းနှင့် လုရန်တို့နှစ်ယောက်စလုံးက စိတ်ရှုပ်ထွေးသွားကြသည်။ သူတို့ဟာ သူတို့၏ ယောကျ်ားများကို စူးစိုက်ကြည့်မိလိုက်ကြပြီး ပထမဆုံးအကြိမ်အဖြစ် သူတို့ဟာ မှားယွင်းသော အမျိုးသားများကို လက်ထပ်မိလိုက်ကြောင်း ခံစားလိုက်မိသည်။ သူတို့က ဘာလို့ ဒီလောက်တောင် အရေထူရတာလဲ။

"လာစမ်းပါ။ ထပ်ပြီး ဆွေးနွေးကြရအောင်။"

"ကျွန်တော် မချစ်တဲ့လူတစ်ယောက်နဲ့ ရင်ဆိုင်တိုက်ခိုက်ရရင် ကျွန်တော်ဘာလုပ်သင့်လဲ။"

ကုချိုးက မျက်ဝန်းများကို မှေးကျဉ်းလိုက်ပြီး လေးနက်စွာ မေးမြန်းလိုက်သည်။ သူက လင်ချင်းချင်းကို လုယက်ခြင်းလမ်းစဥ်နှင့်ပတ်သက်ပြီး စစ်ဆေးနေသည့်အလားပင်။

"ရန်သူ့ကို သတိလက်လွတ်ဖြစ်အောင် ဟန်ဆောင်ရမှာလား။ ပြီးတော့မှ အလစ်တိုက်ခိုက်ရမှာလေ။နောက်ကျောဘက်ကနေ လူမသိအောင်ပေါ့။"

လင်ချင်းချင်းက စနောက်သည့်သဘောဖြင့် ဝင်ရောက်ပြောဆိုလိုက်သည်။ ထိုစကားများကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် ကုချိုးရော ကုကန်းချိုးရောကပါ တဒင်္ဂကြာအောင် ကြောင်အသွားကြသည်။ ကုချိုးက ရတနာပစ္စည်းတစ်ခုကို ကောက်ရလိုက်သည့်အလား ပြုမူနေခဲ့ကာ ကုကန်းချိုးကို ဂုဏ်ယူစွာဖြင့် လှမ်းကြည့်လိုက်သည်။ သူပြောဆိုချင်နေသည်က..အစ်ကိုကြီး ခင်များမြင်လိုက်လား။ ကျုပ်ရဲ့ဇနီးမယားလေးက လုယက်ခြင်းလမ်းစဥ်မှာ ပါရမီရှင်ပဲဗျ။

ထိုဂုဏ်ယူဝမ်းမြောက်နေသော မျက်ဝန်းများကြောင့် ကုကန်းချိုးဟာ အံကိုတင်းတင်းကြိတ်လိုက်ပြီး လုရန်ကို လှမ်းကြည့်လိုက်သည်။ သို့ပါသော်လည်း လုရန်၏ အမူအယာမဲ့နေသော မျက်နှာကို တွေ့မြင်လိုက်ရသည့်အခါ သူ၏ အကြည့်များက ရုတ်တရက် နူးညံ့ပျော့ပြောင်းသွားခဲ့ရသည်။

 ကောင်းပြီ။ ငါတို့ ညီအစ်ကိုနှစ်ယောက်ရဲ့ ချစ်ခင်ရင်းနှီးမှုကို ပြသဖို့အတွက် နတ်ဆိုးနန်းတော်ကို သွားကြရအောင်။ 

"နောက်ဆုံးမှာ ဂိုဏ်းချုပ်က ငါတို့ကို အပြင်ထွက်လုပ်ရှားခွင့် ပြုလိုက်ပြီ။ ဂိုဏ်းအကြီးအကဲတွေရောက်လာရင် ငါတို့ရဲ့ ချစ်ခင်ရင်းနှီးမှုကို ပြသဖို့ အခွင့်အရေးတောင် ရှိတော့မှာမဟုတ်ဘူး။"

ကုကန်းချိုးက အလျင်အမြန် စကားလမ်းကြောင်းလွှဲလိုက်သည်။

"အဓိပ္ပါယ်ရှိတယ်။"

"သွားကြရအောင်။"

ကုချိုးကလည်း သူ့အစ်ကိုကြီးကို လှောင်ပြောင်မည့်အတွေးများကို ဘေးဖယ်ထားလိုက်ပြီး လျှင်မြန်စွာ ပြောဆိုလိုက်သည်။

လူလေးယောက်သည် ခြေလှမ်းသွက်သွက်ဖြင့် နတ်ဆိုးနန်းတော်တည်ရှိရာနေရာသို့ အလျှင်အမြန် သွားလာနေကြသည်။ အမျိုးသားနှစ်ယောက်မှာ ရုပ်ဆိုးအကျည်းတန်ပြီး အမျိုးသမီးနှစ်ယောက်ကတော့ နှင်းဖြူရောင် အသားအရည်နှင့် အင်မတန်မှ နှစ်လိုဖွယ်ကောင်းလှသည်။

အမျိုးသားနှစ်ယောက်၏ နှုတ်ဖျားမှာ ရက်စက်ကြမ်းကြုတ်သောစကားများ ထွက်ပေါ်လျက်ရှိပြီး ဘယ်သို့ဘယ်ပုံ လုယက်ရမယ်ကို ဆွေးနွေးပြောဆိုနေကြသည်။

"လူငယ်မျိုးဆက်တွေကို အရင်ဆုံး လုယက်ရမယ်။ ပြီးတော့မှ နတ်ဆိုးနန်းတော်ရဲ့ အကြီးအကဲတွေကို လုယက်ကြတာပေါ့။"

"နတ်ဆိုးနန်းတော်ရဲ့ လူငယ်မျိုးဆက်တွေက ငါတို့ဂိုဏ်းတူအစ်ကိုကြီးတွေ သတ်ဖြတ်လို့ ကုန်လုနီးပါး ဖြစ်နေပြီကွ။

လုံးဝကို မထိုက်တန်ဘူး။ ရတနာပစ္စည်းတွေကိုပဲ တိုက်ရိုက်လုယက်ကြရအောင်။"

"အဓိပ္ပါယ်ရှိတယ်!"

မျက်တောင်တစ်ခတ်အတွင်းမှာပဲ သူတို့ဟာ နတ်ဆိုးနန်းတော်ကို ရောက်လာခဲ့ကြပြီး သူတို့၏ခန္တာကိုယ်များကို ဖုံးကွယ်ထားလျက် နှလုံးအိမ်ကို တုန်ခါသွားစေမည့် သိုးဝဝလေးတစ်ကောင်ရှိနေမလားဆိုတာ မျက်စိကစားလျက် ရှာဖွေလိုက်ကြသည်။

သူတို့ဟာ နတ်ဆိုးနန်းတော်ကို သွားရောက်သည့် တောလမ်းကလေးကြား၌ ပုန်းအောင်းနေခဲ့ကြပြီး နတ်ဆိုးနန်းတော်၏ ဂိုဏ်းတပည့်များကို စောင့်ဆိုင်းနေခဲ့ကြသည်။

ဤအချိန်တွင် နတ်ဆိုးနန်းတော်၏ ဂိုဏ်းသားနှစ်ယောက်သည် မနီးမဝေးနေရာမှ လမ်းလျှောက်လာကြသည်။ ကုချိုးနှင့် ကုကန်းချိုးတို့မှာ အသက်ရှူအောင့်ထားလိုက်မိကြ၏။

"ဂိုဏ်းတူအစ်ကိုကြီး၊ ကျုပ်တို့ရဲ့ နတ်ဆိုးနန်းတော်က ကပ်ဘေးဒုက္ခကြီးကို ရင်ဆိုင်နေရပြီ။ ကျုပ်တို့ ဘာလုပ်ကြမလဲ။"

"အခြေအနေတွေပိုဆိုးလာရင် ငါတို့တွေထွက်ပြေးကြတာပေါ့။ ငါ့ရဲ့မိန်းမကို နတ်ဆိုးနန်းတော်ကထွက်ပြီး အပြင်ဘက်လောကကိုတောင် စုံစမ်းခိုင်းထားပြီးပြီကွ။"

"အို၊ ဒါအဓိပ္ပါယ်ရှိတာပဲ။ ကျုပ်လည်း ကျုပ်ရဲ့ ဇနီးမယားလေးဆီသွားပြီး ဆွေးနွေးပြောဆိုလိုက်ဉီးမယ်ဗျို့။"

စကားပြောနေရင်းမှ နတ်ဆိုးနန်းတော်၏ ဂိုဏ်းတပည့်နှစ်ယောက်သည် တောင်ခြေသို့ လမ်းလျှောက်သွားပြီး ဝေးသည်ထက်ဝေးကာ ပျောက်ကွယ်သွားကြသည်။ ကုချိုးနှင့် ကုကန်းချိုးတို့ဟာ လုပ်ရှားခြင်း မပြုခဲ့ကြပါ။

"ညီလေး၊ မင်းဘာဖြစ်နေတာလဲ။ ဒီလိုအခွင့်ကောင်းမျိုးကို လက်လွတ်ခံလိုက်ရလားကွ။" ကုကန်းချိုးက ဝမ်းနည်းပူဆွေးနေသော အမူအယာဖြင့် အော်ငေါက်ပြောဆိုလိုက်သည်။

"အစ်ကိုကြီးရေ၊ သူတို့မှာ ဇနီးမယားတွေ ရှိနေကြတယ်လေ။ သူတို့ရဲ့ ရတနာပစ္စည်းတွေကို သူတို့နဲ့အတူ ယူဆောင်သွားလိမ့်မယ်လို့ ထင်နေတာလား။ ရတနာပစ္စည်းတွေမရှိမှတော့ ကျုပ်တို့ရဲ့ ချစ်ခင်ရင်းနှီးမှုနည်းလမ်းကလည်း အသုံးဝင်မှာ မဟုတ်ဘူးဗျ။"

ကုချိုးက သူ့နောက်တွင်ရှိနေသော လင်ချင်းချင်းကို စောင်းငဲ့ ကြည့်ရှုလိုက်ပြီး ကုကန်းချိုးကို သနားစဖွယ်အမူအယာလေးဖြင့် ပြောဆိုလိုက်သည်။

ကုကန်းချိုး၏မျက်နှာမှာ ခဲတောင့်သွားခဲ့ပြီး လုရန်ကို မရည်ရွယ်ဘဲ လှမ်းကြည့်လိုက်မိသည်။ သူဟာ ရှက်ပြုံးပြုံးလိုက်ပြီး တိတ်ဆိတ်ငြိမ်သက်သွားခဲ့ရသည်။

သိုးဝဝကြီးတွေဖြစ်ဖို့ဆိုရင် မိန်းမ မရှိတဲ့ လူလွတ်လည်းဖြစ်ဖို့ လိုသေးသကိုး။

ကုချိုးတို့ ညီအစ်ကိုနှစ်ယောက်သည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြကာ မတ်တပ်ရပ်လိုက်ပြီး လုရန်နှင့် လင်ချင်းချင်းတို့ကို ဦးဆောင်လျက် နတ်ဆိုးနန်းတော်အတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားကြသည်။

All Chapters