← Chapters

တိုက်ခိုက်ကြတော့မည့်ဆဲဆဲ

Vol. 66 Ch. 976

တိုက်ခိုက်ကြတော့မည့်ဆဲဆဲ

Vol. 66 Ch. 976

အသွန်းတစ်ရာဂိုဏ်း၏ အရှေ့ဘက်ခန်းမတွင်..

အသက်သုံးရှိုက်စာအတွင်း ပေငါးဆယ်မြင့်မားသော ဓမ္မဝိသေသ ခန္ဓာကိုယ်သည် ဘာမှမကျန်အောင် လောင်ကျွမ်းပြာကျသွားပြီး ၎င်း၏ ဓမ္မစွမ်းအားများကလည်း ပျက်ပြယ်သွားလေသည်။

ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသခန္ဓာကိုယ်၏ ထောက်ပံ့မှုမရှိသောအခါ တာအိုအရှင်ကျားနီသည် သွေးနီရောင်မီးတောက်များကို ခုခံနိုင်ခြင်းမရှိတော့ပဲ တစ်ခဏအတွင်းမှာပင် သူတို့၏ လွှမ်းခြုံခြင်းကို ခံလိုက်ရလေသည်။

“အား...အား..အားအား...”

သူက အဆက်မပြတ် စူးစူးဝါးဝါးအော်ဟစ်လိုက်ပြီး နောက်ဆုံးမှာတော့ သူ့အသံက တိမ်ဝင်သွားခဲ့လေသည်။

လူတိုင်း၏ ရှေ့မှောက်မှာ ဓမ္မဝိသေသတာအိုအရှင်တစ်ယောက်သည် အရိုးတစ်ချောင်းပင်မကျန်အောင် လောင်ကျွမ်းပြာကျသွားခဲ့လေသည်။

အစက အခြေအနေကို အကဲစမ်းကြည့်ချင်နေကြသော အဆင့်မြင့်ဂိုဏ်းများမှ ဓမ္မဝိသေသအချို့သည် တိတ်ဆိတ်ငြိမ်သက်သွားကြလေသည်။

ထိပ်သီးဂိုဏ်းကြီးများမှ ဓမ္မဝိသေသတာအိုအရှင်များသာလျှင် ခန်းမထဲမှာ သူတို့၏ ဣန္ဒြေကို ဆက်လက်ထိန်းသိမ်းထားနိုင်ကြလေသည်။

ပြောရမည်ဆိုလျှင် ဆူဇီမိုသည် တာအိုအရှင်အဆုံးစွန်မီး တိုက်ခိုက်တာကို ပထမဆုံးအကြိမ်မြင်ဖူးခြင်း ဖြစ်လေသည်။

သည့်ယခင် နှစ်ခေါက်တုန်းက တာအိုအရှင်အဆုံးစွန်မီးသည် အမြုတေစိတ်ဝိညာဥ်တစ်ခုမျှသာဖြစ်ပြီး သူ့မှာ ကိုယ်ကာယခန္ဓာကိုယ်တစ်ခုမရှိပေ။ ထိုသို့ဖြင့် သူက ဤကဲ့သို့သော ဓမ္မပညာရပ်များကို ထုတ်ဖော်နိုင်ခြင်းမရှိပေ။

တာအိုအရှင်အဆုံးစွန်မီး၏ ခွန်အားသည် သူတွေးထင်ထားသည်ထက် များစွာပို၍ ကြောက်စရာကောင်းနေကြောင်း ဆူဇီမိုက နားလည်သွားလေသည်။

ပေငါးဆယ်မြင့်မားသော ကောင်းကင်နှက့်မြေကြီး ဓမ္မဝိသေသခန္ဓာကိုယ်သည် တာအိုအရှင်အဆုံးစွန်မီးထံမှ ဓမ္မပညာရပ်တစ်ခုကိုပင် ခံနိုင်ရည်မရှိခဲ့ပေ။

ဓမ္မဝိသေသတစ်ယောက်ကို သတ်ဖြတ်ပြီးနောက် တာအိုအရှင်အဆုံးစွန်မီးသည် ဆူဇီမိုကို ဦးဆောင်ကာ ဘာမှမဖြစ်ပျက်ခဲ့သည့်အလား ပင်မထိုင်ခုံဆီသို့ ရောက်ဖို့ အခြားသော တာအိုအရှင်များကို ဖြတ်ကျော်လာခဲ့လေသည်။

ဆူဇီမိုသည် နောက်ကနေ လိုက်ပါလာပြီး လမ်းတစ်လျှောက်တွင် မည်သည့် ဓမ္မဝိသေသပညာရှင်ကမှ ဆက်လက်၍ တိုက်ခိုက်ရဲခြင်းမရှိတော့ပေ။

“ကောင်းတယ်ကွာ.... ကောင်းတယ် ကောင်းတယ်...”

တာအိုအရှင်တိမ်လွှာမိုးစက်က ထိုသည်ကိုမြင်သောအခါ လက်ခုပ်တီး၍ ထပ်တလဲလဲချီးကျူးကာ ပြုံးစစဖြင့် ပြောလိုက်လေသည်။

“တာအိုအရှင်အဆုံးစွန်မီးဆိုတဲ့အတိုင်းပါပဲလား... ခင်ဗျားက အရင်ကလိုပဲ စွမ်းအားကြီးနေဆဲပါလား...”

တာအိုအရှင်အဆုံးစွန်မီးက ထူးမခြားနားပုံစံဖြင့်ပြန်ပြောလိုက်လေသည်။

“နှစ်ငါးထောင်ကြာပြီးတာတောင် မင်းကအရင်အတိုင်း ဟိတ်ကြီးဟန်ကြီးနဲ့ပါလား... မင်းက သိပ်ပြီးတော့လည်း တိုးတက်လာတဲ့ပုံမပေါ်ပါဘူး”

တာအိုအရှင်တိမ်လွှာမိုးစက်က ဒေါသထွက်သွားခြင်းမရှိပဲ စိတ်အေးလက်အေးဖြင့် ပြန်ပြောလိုက်လေသည်။

“အဆုံးစွန်မီး... နှစ်ငါးထောင်ကြာပြီးတာတောင် ခင်ဗျားက ဓမ္မဝိသေသအဆင့်မှာရှိနေသေးတာပဲ... ခင်ဗျားကလည်း သိပ်ပြီးတိုးတက်လာတဲ့ပုံမပေါ်ပါဘူး... နောက်ပြီး ခင်ဗျားရဲ့ ခန္ဓာကိုယ်ကိုတောင် ဆုံးရှုံးခဲ့ရတယ်လို့ကြားတယ်.. ကြည့်ရတာ... ခင်ဗျားလည်း သိပ်အခြေအနေကောင်းတဲ့ပုံမပေါ်ပါဘူး...ဟမ်”

“တာအိုအရှင်အဆုံးစွန်မီး...ခင်ဗျားရဲ့ခန္ဓာကိုယ်ကို ပြန်တည်ဆောက်လို့ ပြီးသွားပြီဆိုပေမယ့် ခင်ဗျားမှာ တိုက်ခိုက်ရည်ခွန်အား ဘယ်လောက်များများ ပြန်ရမှာလဲ... အရင်တုန်းကတော့ ခင်ဗျားက တကယ်ပဲ ထိပ်တန်းအဆင့်ပညာရှင်တစ်ယောက်ပါ.. ဒါပေမယ့်.... အခုတော့လား.. ဟားဟား”

မိုးကြိုးလေပြည်နန်းတော်မှ တာအိုအရှင်မီးတိမ်က လှောင်ရယ်မောလိုက်လေသည်။

ပုံမှန်အခြေအနေမှာဆိုရင် သူတို့၏ မူလခန္ဓာကိုယ်များကို ဆုံးရှုံးသွားသည်နှင့် သူတို့သည် ခန္ဓာကိုယ်အသစ်တစ်ခုကို ပူးကပ်သိမ်းပိုက်ခြင်းဖြစ်စေ ဓမ္မဝိသေသ ခန္ဓာကိုယ်အသစ်တစ်ခုကို ပြန်လည်တည်ဆောက်ခြင်းဖြစ်စေ သူတို့၏ အမြုတေစိတ်ဝိညာဥ်များသည် ထိုခန္ဓာကိုယ်နှင့် တစ်ရာ ရာခိုင်နှုန်းလိုက်လျောညီထွေရှိနိုင်ဖို့ ခဲယဥ်းလေသည်။ အဲ့ဒါကြောင့် သူတို့၏ တိုက်ခိုက်ရည်ခွန်အားကလည်း သေချာပေါက်လျော့ကျသွားပေလိမ့်မည်။

သို့သော်လည်း တာအိုအရှင်အဆုံးစွန်မီးသည် သူ၏ခန္ဓာကိုယ်ကို သူကိုယ်တိုင်ပြန်လည်တည်ဆောက်ခဲ့ရခြင်းမှာ သူက ထိုအချက်ကို ရှောင်ရှားချင်သောကြောင့် ဖြစ်လေသည်။ ဒါ့အပြင် သူရွေးချယ်ထားသော ပစ္စည်းများအားလုံးသည် ထိပ်တန်းအဆင့်များ ဖြစ်လေသည်။

ယခုအချိန်တွင် သူ၏ အမြုတေစိတ်ဝိညာဥ်သည် သူ၏ ခန္ဓာကိုယ်နှင့် သဟဇာတရှိပြီး လိုက်လျောညီထွေရှိမှုက တစ်ရာရာခိုင်းနှုန်းနီးပါး ဖြစ်လေသည်။

သူက အချိန်ကာလတစ်ခုကြာအောင် ဆက်လက်ကျင့်ကြံသွားသည်နှင့် သူ၏ အမြုတေစိတ်ဝိညာဥ်နှင့် ခန္ဓာကိုယ်က ပြီးပြည့်စုံစွာ လိုက်လျောညီထွေမှု ရှိလာပေလိမ့်မည်။

တာအိုအရှင်အဆုံးစွန်မီး၏ အကြည့်က ရွေ့လျားသွားပြီး တာအိုအရှင်မီးတိမ်ပေါ်ကို ကျဆင်းသွားခဲ့လေသည်။ သူ့မျက်လုံးထဲကနေ မီးတောက်အလင်းနှစ်ခုက ထွက်ပေါ်လာတော့မည့်အလားပုံစံဖြင့် သူက ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။

“မင်းသိချင်တယ်ဆို အခုလာပြီးစမ်းကြည့်လိုက်လေ...”

တာအိုအရှင်မီးတိမ်သည် ရင်တစ်ချက်ထိတ်သွားခဲ့လေသည်။

တာအိုအရှင်အဆုံးစွန်မီး၏ အကြည့်ထံမှ သူသည် အမှန်တကယ်ပင် စိုးရိမ်မှုကို ခံစားလိုက်ရလေသည်။ အစက သူသည် မတ်တတ်ထရပ်ချင်သော်လည်း ချက်ချင်းပင်ရပ်တန့်လိုက်လေသည်။

သူသည် ဒုတိယ တာအိုအရှင်ကျားနီ ဖြစ်မလာချင်ပေ။

တာအိုအရှင်အဆုံးစွန်မီးက နတ်မိမယ်နှင်းပွင့်ကို ကြည့်ပြီး မျက်ခုံးပင့်ကာ မေးလိုက်လေသည်။

“ဘာလဲ.... နှင်းပုံတောင်ကြားကပါ ဒီကိစ္မမှာ ပါဝင်ပတ်သက်ချင်နေတာလား..”

“ရှင်... နားလည်မှုလွဲနေပါပြီ...”

နတ်မိမယ်နှင်းပွင့်က အလေးအနက်မထားဟန်ဖြင့် ပြုံးလိုက်လေသည်။

“ကျွန်မက... ရှင့်ရဲ့ နာမည်ဂုဏ်သတင်းကြောင့် ဒီကိုရောက်လာတာပါ.. ပထမတစ်ချက်... လွန်ခဲ့တဲ့နှစ်ငါးထောင်က နာမည်ကြီးခဲ့တဲ့ တာအိုအရှင်အဆုံးစွန်မီးကို ကျွန်မကိုယ်တိုင်မြင်တွေ့ချင်တယ်... ဒုတိယတစ်ချက်... မျက်မှောက်ခေတ်ရဲ့ နံပါတ်တစ်ပကတိအရှင်ကိုလည်း ကျွန်မက တွေ့ချင်သေးတယ်”

သူမက ကြားနေတစ်ယောက်ဖြစ်ကြောင်း သွယ်ဝိုက်၍ ပြောဆိုနေခြင်းပင်။

ထိုသို့ပြောရင်း နတ်မိမယ်နှင်းပွင့်သည် တာအိုအရှင်အဆုံးစွန်မီး၏ နောက်တွင်ရှိသော ဆူဇီမိုကို လှမ်းမျှော်ကြည့်ပြီး သူမ၏ လှပသောမျက်လုံးများက တလက်လက်ဖြစ်သွားလေသည်။

ဆူဇီမို၏အမူအရာက ထူးမခြားနားပုံစံဖြင့် တည်ငြိမ်နေလေသည်။

ဓမ္မဝိသေသတာအိုအရှင်များစွာနဲ့အတူ တင်းမာသောအခြေအနေတစ်ခုမှာတောင် သူက ဣန္ဒြေရနေဆဲပင်...။

“နာမည်ဂုဏ်သတင်းနဲ့ တကယ်ပဲ လိုက်ဖက်ညီပါပေတယ်...”

နတ်မိမယ်နှင်းပွင့်က ခပ်ယဲ့ယဲ့ပြုံးလိုက်လေသည်။ သူမက တာအိုအရှင်အဆုံးစွန်မီးကိုပြေတာလား... ဆူဇီမိုကိုပြောတာလား မည်သူမှမသိကြပေ။

မသိလိုက်မသိဘာသာနှင့်ပင် တာအိုအရှင်အဆုံးစွန်မီးက အခြေအနေတစ်ခုလုံးကို ထိန်းချုပ်ပြီးသားဖြစ်သွားလေသည်။

ထိုအခိုက်အတန့်တွင် တာအိုအရှင်အင်မော်တယ်ဓားနှင့် အခြားနှစ်ယောက်သာလျှင် တာအိုအရှင်အဆုံးစွန်မီး၏ စွမ်းအားကြီးသော အော်ရာအောက််မှာ သူတို့၏အော်ရာများကို မလျော့ကျစေပဲ ဆက်လက်ထိန်းထားနိုင်ကြလေသည်။

ထက်ရှသော အော်ရာတစ်ခုက တာအိုအရှင်အင်မော်တယ်ဓားနှင့်အတူ တစ်ချိန်လုံးရှိနေလေသည်။

တာအိုအရှင်တိမ်လွှာမိုးစက်က သူ၏ခေါက်ယပ်တောင်ကို ဟန်ပါပါခတ်နေလေသည်။

နတ်မိမယ်နှင်းပွင့်၏ ဘေးပတ်လည်က ရေခဲကဲ့သို့ အေးစက်နေလေသည်။

မိုးကြိုးလေပြည်နန်းတော်မှ တာအိုအရှင်မီးတိမ်ကဲ့သို့သော အခြားသူများအတွက်တော့ သူတို့၏အော်ရာက အပြတ်အသတ်ဖိနှိမ်ခံထားရလေသည်။

ဒေါက်...ဒေါက်...ဒေါက်

တာအိုအရှင်အင်မော်တယ်ဓား၏ လက်ချောင်းများသည် သတ္တုစားပွဲကို ဖြည်းဖြည်းချင်းခေါက်နေပြီး စည်းချက်ညီသော သတ္တုသံစဥ်တစ်ခုကို ထွက်ပေါ်လာစေလေသည်။

သူတစ်ချက်ခေါက်လိုက်တိုင်း သူ့ခန္ဓာကိုယ်မှ ထက်ရှသော အော်ရာက မြင့်တက်လာခဲ့လေသည်။

အချက်ရေအနည်းငယ်ခေါက်ပြီးနောက် တာအိုအရှင်အင်မော်တယ်ဓား၏ ထက်ရှမှုသည် မိုးထိတိုင်ထိုးတက်သွားပြီး တာအိုအရှင်အဆုံးစွန်မီး၏ အော်ရာကို နှစ်ခြမ်းခွဲထုတ်လိုက်လေသည်။

တာအိုအရှင်အင်မော်တယ်ဓားက ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။

“အဆုံးစွန်မီး... ခင်ဗျားရဲ့ အကန့်သတ်ကို ခင်ဗျားသိဖို့က အရေးကြီးတယ်... ခင်ဗျားက ဒီကောင်လေးကို ကာကွယ်ချင်တယ်ဆိုရင် ခင်ဗျားနဲ့အတူ အသွန်းတစ်ရာဂိုဏ်းတစ်ခုလုံးကိုပါ ဒုက္ခတောထဲ ဆွဲသွင်းမိလိမ့်မယ်”

“ဘာလဲ... မင်းက အသွန်းတစ်ရာဂိုဏ်းကို တိုက်ခိုက်ချင်နေတာလား...”

တာအိုအရှင်အဆုံးစွန်မီးက သတ်ဖြတ်လိုစိတ်နှင့်အတူ စိုက်ကြည့်လိုက်လေသည်။

“အဲ့ဒါက...ကျုပ် တစ်ယောက်တည်းမဟုတ်ဘူး...”

တာအိုအရှင်အင်မော်တယ်ဓားက ဓားအိမ်ထဲမှ ထုတ်လိုက်သော ဓားတစ်လက်ကဲ့သို့ ဖြည်းဖြည်းချင်းထရပ်ပြီး အေးစက်စွာပြောလိုက်လေသည်။

“အင်မော်တယ်ဂိုဏ်းတွေက ကျုပ်တို့ဓမ္မဝိသေသတာအိုအရှင်တွေအကုန်လုံးက ဒီနေရာကို သူ့အတွက်ရောက်လာကြတာ ခင်ဗျားက သူ့ကိုထုတ်ပေးမှာလား...”

“ဒကာအဆုံးစွန်မီး.... အသွန်းတစ်ရာဂိုဏ်းက မိစ္ဆာသားရဲတစ်ယောက်အတွက်ကြောင့် ဓားဂိုဏ်း ၊ ကစဉ့်ကလျားအမြုတေဂိုဏ်း ၊ ကောင်းကင်ဇင်ယော်ဂိုဏ်း ၊ မိုးကြိုးလေပြည်နန်းတော်နဲ့ ကျုပ်တို့ဗုဒ္ဓဂိုဏ်းနှစ်ဂိုဏ်းကို အတိုက်အခံလုပ်တော့မှာလား... ခင်ဗျားက ဒီကိစ္စကို သေသေချာချာစဥ်းစားပြီးမှ ဆုံးဖြတ်သင့်တယ်”

လိုဏ်ခေါင်းကျောင်းတော်မှ ကိုယ်တော်ခုန်းဝမ်က ဖျောင်းဖျပြောဆိုလိုက်လေသည်။

“အဆုံးစွန်မီး....”

တာအိုအရှင်တိမ်လွှာမိုးစက်ကလည်း မတ်တတ်ထရပ်လာပြီး ပြုံးစစဖြင့် ပြောလိုက်လေသည်။

“ခင်ဗျားက အခြေအနေတစ်ခုလုံးနဲ့ ဆန့်ကျင်တိုက်ခိုက်ချင်တယ်ဆိုရင် ခင်ဗျားကိုယ်ခင်ဗျား ဖျက်ဆီးသလိုဖြစ်နေလိမ့်မယ်”

“အဆုံးစွန်မီး...သူ့ကိုထုတ်ပေးပါ”

“သူ့ကို... ထုတ်ပေး...”

တာအိုအရှင်မီးတိမ် ၊ တာအိုအရှင်ပျက်စီးခြင်းကောင်းကင်နဲ့ တာအိုအရှင်နေတိမ်တို့ကလည်း တစ်ယောက်ပြီးတစ်ယောက် ရှေ့သို့ထွက်ရပ်လာကြလေသည်။

အင်မော်တယ်ဂိုဏ်း ၄ ဂိုဏ်းနှင့် ဗုဒ္ဓကျောင်းတော်နှစ်ကျောင်းက တစ်ချိန်တည်းမှာပင် ဖိအားပေးလာကြလေသည်။

ထျန်ဟွမ်ကုန်းမြေတိုက်ကြီးတွင် မည်သည့်အဖွဲ့အစည်းကမှ ထိုကဲ့သို့သော ဖိအားမျိုးကို ခံနိုင်ရည်ရှိလိမ့်မည်မဟုတ်ပေ။

“အမိန့်ထုတ်မယ်ဟေ့....”

တာအိုအရှင်အဆုံးစွန်မီးက မတ်တတ်ထရပ်ပြီး စိတ်ခံစားချက်ကင်းမဲ့စွာဖြင့် ပြောလိုက်လေသည်။

“အသွန်းတစ်ရာဂိုဏ်းထဲမှာ... တိုက်ခိုက်ရဲတဲ့ ဘယ်သူမဆို အကုန်သတ်ပစ်..”

“မင်း... ဘယ်လိုတောင်လုပ်ရဲတာလဲ”

တာအိုအရှင်မီးတိမ်၏ အကြည့်ကအေးစက်လာပြီး သူက အံကိုကြိတ်ကာပြောလိုက်လေသည်။

“အသွန်းတစ်ရာဂိုဏ်းက ကျဆင်းနေပြီ... ငါတို့က ဒီမှာ​သေသွားရမယ်ဆိုရင် အသွန်းတစ်ရာဂိုဏ်းက အဲ့ဒါကို တာဝန်ယူ​ဖြေရှင်းနိုင်မှာ မဟုတ်ဘူး”

“ငါက မင်းတို့ကို သတ်ရဲလားမသတ်ရဲလား သိရအောင်... လှုပ်ရှားကြည့်လိုက်လေ”

တာအိုအရှင်အဆုံးစွန်မီး၏ အကြည့်က ပူပြင်းလာပြီး သူ့မျက်လုံးထဲရှိ မီးတောက်များက လောင်ကျွမ်းလာတော့မည်ဟု ထင်ရလေသည်။

ပတ်ဝန်းကျင်က တင်းကျပ်လာပြီး နှစ်ဖက်စလုံးက တိုက်ခိုက်ကြတော့မည့်ဆဲဆဲ ဖြစ်လာလေသည်။

တာအိုအရှင်အင်မော်တယ်ဓားနှင့် အခြားသူများကလည်း အရမ်းကာရော မပြုမူရဲကြပေ။

တာအိုအရှင်အဆုံးစွန်မီး၏ နည်းလမ်းများနှင့် စိတ်ဝိညာဥ်သည် သူတို့တွေးထင်ထားသည်ထက် ပိုမိုသန်မာနေလေသည်။ အင်မော်တယ်ဂိုဏ်း ၄ ဂိုဏ်းနှင့် ဗုဒ္ဓကျောင်း နှစ်ကျောင်းကပင်လျှင် သူ့ကို ခြိမ်းခြောက်နိုင်ခြင်းမရှိပေ။

သူတို့က တိုက်ခိုက်လိုက်မည်ဆိုလျှင် တာအိုအရှင်အဆုံးစွန်မီးက အရာရာတိုင်းကို လျစ်လျူရှုပြီး သူတို့ကို သတ်ဖြတ်လာမည်ကို သူတို့က စိုးရိမ်နေကြလေသည်။

တာအိုအရှင်အဆုံးစွန်မီးကလည်း စိုးရိမ်ပူပန်နေခဲ့လေသည်။

တာအိုအရှင်အင်မော်တယ်ဓားနှင့် အခြားသူများသည် တာအိုအရှင်ကျားနီနှင့်မတူပေ။

တာအိုအရှင်ကျားနီသည် အဆင့်မြင့်ဂိုဏ်းတစ်ဂိုဏ်းဖြစ်သော အာဏာရှင်ဧကရာဇ်တောင်တန်းမှ ဖြစ်လေသည်။ သူက အသွန်းတစ်ရာဂိုဏ်းမှာ စတင်တိုက်ခိုက်ရဲသောကြောင့် သူ့ကိုသတ်ဖြတ်လိုက်ခြင်းက အဆင်ပြေလေသည်။

သို့သော်လည်း သူ့ရှေ့ရှိ ပုဂ္ဂိုလ်များက အလွန်တရာလွှမ်းမိုးနိုင်သူများ ဖြစ်လေသည်။

သူက ဤနေရာမှာ သူတို့အားလုံးကို သတ်ဖြတ်လိုက်မည်ဆိုလျှင် အသွန်းတစ်ရာဂိုဏ်းက သေချာပေါက် ဒုက္ခရောက်ရပေလိမ့်မည်။

ထိုစဥ်မှာပင် အပြင်ဘက်ကနေ အသွန်းတစ်ရာဂိုဏ်းသားတစ်ယောက်က အော်ပြောလိုက်လေသည်။

“ဂိုဏ်းချုပ်...တာအိုအရှင်ကြမ်းကြုတ်စိတ်ဝိညာဥ်က ဒီကိုရောက်နေပါပြီ”

လက်ရှိတာအိုအရှင်များသည် ထိုနာမည်ကို ကြားသောအခါ တုန်လှုပ်သွားကြလေသည်။

သူက တစ်ကိုယ်တည်းလေလွင့်နေသော ခြေသလုံးအိမ်တိုင်ကျင့်ကြံသူတစ်ယောက်ဖြစ်လေသည်။ သို့သော်လည်း သူ၏တိုက်ခိုက်ရည်ခွန်အားက အလွန်တရာကြောက်စရာကောင်းလေသည်။ သူသည် လွန်ခဲ့သည့်နှစ်ငါးထောင်က ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်ပေါ်တွင် အဆင့် ၁၀ ဝင်ခဲ့လေသည်။

“သူက အသက်ရှင်နေသေးတာလား...”

တာအိုအရှင်တိမ်လွှာမိုးစက်က မျက်မှောင်ကြုတ်လိုက်လေသည်။

“ဟားဟားဟားဟား.... အဆုံးစွန်မီး... ခင်ဗျားက အသက်ရှင်နေသေးတယ်ဆိုတာ ကျုပ်ကြားရလို့ ခင်ဗျားနဲ့တွေ့ရအောင်လာခဲ့တာ”

အရပ်ရှည်ရှည်နှင့် ပိန်ပိန်ပါးပါးကျင့်ကြံသူတစ်ယောက်သည် အထဲသို့ လျှောက်လှမ်းဝင်လာလေသည်။

သူ၏ ဆံပင်ရှည်က သူ၏ပုခုံးပေါ်မှာ ပျံ့ဝဲကျနေပြီး ပျင်းရိပျင်းတွဲအမူအရာနှင့်အတူ သူရယ်မောလိုက်တိုင်း ဖိုသီဖတ်သီဖြစ်သွားလေသည်။

“ဂိုဏ်းချုပ်.... တာအိုအရှင်အမြုတေနဂါးက သူ့ရဲ့လေးစားမှုကိုပြသဖို့ ဒီကိုရောက်လာပါတယ်”

“ဂိုဏ်းချုပ်... တာအိုအရှင်ခဲရောင်မီးတောက်က သူ့ရဲ့လေးစားမှုကိုပြသဖို့ ဒီကိုရောက်လာပါတယ်”

“ဂိုဏ်းချုပ်.... မိုးပျံငှက်မွေးဂိုဏ်းက တာအိုအရှင်ဂမ္ဘီရလက သူ့ရဲ့လေးစားမှုကိုပြသဖို့ ဒီကိုရောက်လာပါတယ်..”

All Chapters