← Chapters

တိုက်

Vol. 66 Ch. 977

တိုက်

Vol. 66 Ch. 977

မိုးပျံငှက်မွေးဂိုဏ်း.... အင်မော်တယ်ဂိုဏ်း ၉ ဂိုဏ်းထဲမှ တစ်ဂိုဏ်းဖြစ်လေသည်။

တာအိုအရှင်ဂမ္ဘီရလသည် လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာက တာအိုအရှင်တစ်ပါးဖြစ်ပြီး သူ၏နာမည်တစ်ခုကို တည်ဆောက်ထားခဲ့သည်မှာ ကြာခဲ့လေပြီ။

“အဆုံးစွန်မီး... ခင်ဗျားဘယ်လိုလဲ”

သူကခန်းမထဲသို့လှမ်းဝင်လာပြီး တာအိုအရှင်အဆုံးစွန်မီးဘက်သို့ လက်သီးနှစ်ဖက်ယှက်ကာ ပြုံးပြလိုက်လေသည်။

ဤနေရာအရောက်တွင် အလယ်ပိုင်းရှိ အင်မော််တယ်ဂိုဏ်း ၆ ဂိုဏ်းမှ တာအိုအရှင်များအားလုံးက ရောက်နေကြလေပြီ။

အစကတော့ တာအိုအရှင်အင်မော်တယ်ဓားနှင့် အခြားသူများသည် စောစောက ဝင်ရောက်လာသော ဓမ္မဝိသေသတာအိုအရှင်များကို လျစ်လျူရှုထားနိုင်ကြလေသည်။

ယခုအခါမှာတော့ မိုးပျံငှက်မွေးဂိုဏ်းမှ တာအိုအရှင်ဂမ္ဘီရလပင်လျှင် တာအိုအရှင်အဆုံးစွန်မီးကို ဂုဏ်ပြုဖို့အတွက်ရောက်လာခဲ့လေပြီ။

လူတိုင်းသည် ကျင့်ကြံရေးလောကတွင် အသွန်းတစ်ရာဂိုဏ်း၏ အဆင့်အတန်းကို ပိုမိုမြင့်မားစွာ တွက်ချက်ရပေတော့မည်။ အဲ့ဒါထက် သူတို့သည် တာအိုအရှင်အဆုံးစွန်မီး၏ ဂုဏ်အဆင့်အတန်းကို ပို၍မြင့်မားစွာ တွက်ချက်ရပေလိမ့်မည်။

များစွာသော တာအိုအရှင်များသည် သူတို့၏ ဂုဏ်ပြုစကားကိုပြောဆိုဖို့အတွက် ရောက်ရှိလာခဲ့ကြလေသည်။

အသွန်းတစ်ရာဂိုဏ်းမှ လူတိုင်းသည် စိတ်အားမာန်များ တက်ကြွလာကြလေသည်။

အနည်းဆုံး ကျင့်ကြံရေးလောကတစ်ခုလုံးရှိ လက်နက်များ၏ ထက်ဝက်သည် အသွန်းတစ်ရာဂိုဏ်းမှလာခြင်း ဖြစ်လေသည်။

ကျန်ရှိနေသော ထက်ဝက်တွင် နှစ်ဆယ်ရာခိုင်နှုန်းသည် အမျိုးမျိုးသော ထိပ်သီးဂိုဏ်းကြီးများ၏ အခြေခံအုတ်မြစ်များဖြစ်လေသည်။

အခြားသောနှစ်ဆယ်ရာခိုင်နှုန်းသည် အပျက်အစီးနယ်မြေများ ၊ လိုဏ်ဂူခန်းဝါများ ၊ လျှို့ဝှက်ကုန်းမြေများနှင့် အမွေအနှစ်ကုန်းမြေများမှ လာခြင်းဖြစ်လေသည်။ ကျန်ရှိနေသော တစ်ဆယ်ရာခိုင်နှုန်းကတော့ အခြားသော လက်နက်သန့်စင်ဂိုဏ်းများမှ လာခြင်းဖြစ်လေသည်။

အသွန်းတစ်ရာဂိုဏ်း၏ နံပါတ်တစ်ဘိုးဘေးနတ်ပန်းပဲဆရာတစ်ယောက်အဖြစ် တာအိုအရှင်အဆုံးစွန်မီး၏ အဆင့်အတန်းနှင့် လွှမ်းမိုးနိုင်စွမ်းက ကျင့်ကြံရေးလောကတွင် အတော်လေးမြင့်မားပေလိမ့်မည်။

တစ်သီးပုဂ္ဂလလေးအုပ်စုကြားတွင် မဟာယာနပညာရှင်အနည်းအကျဥ်းမျှသာရှိလေသည်။

အကြောင်းမှာ ကျင့်ကြံသူတိုင်းသည် မနောစွမ်းအင်ပမာဏအကန့်အသတ်ရှိသောကြောင့်ပင်။ သူတို့သည် လက်နက်သွန်းလုပ်ခြင်းကဲ့သို့သော အခြားသောပညာရပ်များအပေါ်မှာ အောင်မြင်မှုရယူချင်လျှင် သူတို့၏ ကျင့်ကြံရေးလမ်းကြောင်းက သေချာပေါက်နှောင့်နှေးသွားပေလိမ့်မည်။

အသွန်းတစ်ရာဂိုဏ်း၏ သမိုင်းတွင် တာအိုအရှင်အဆုံးစွန်မီးသည် လက်နက်သွန်းလုပ်ခြင်းနှင့် ကျင့်ကြံခြင်း နှစ်ခုစလုံးတွင် အထွတ်အထိပ်သို့ရောက်ရှိလာသော လူအနည်းအကျဥ်းများထဲမှ တစ်ယောက်ဖြစ်လေသည်။

သူသည် ဂိုဏ်းမှစီနီယာများ မျှော်လင့်ချက်ကြီးကြီးမားမားထားရသော ပြန်ဝင်စားမွန်းစတားတစ်ယောက်ဖြစ်ပြီး မဟာယာန အဆင့်သို့ တက်လှမ်းဝင်ရောက်နိုင်သူလည်းဖြစ်ပေသည်။ ထို့ကြောင့်ပင်လျှင် တာအိုအရှင်အဆုံးစွန်မီးပြန်ရောက်လာခြင်းအတွက် အသွန်းတစ်ရာဂိုဏ်းတစ်ခုလုံးက စည်းလုံးတက်ကြွနေကြခြင်းဖြစ်လေသည်။ ပေါင်းစည်းခန္ဓာအဆင့်စွမ်းအားကြီးပုဂ္ဂိုလ်များပင်လျှင် သူ့ကို အလုပ်အကျွေး ပြုလိုကြလေသည်။

“ဒီကိုလာပြီးတော့... ထိုင်ကြပါဦး”

သူ၏မိတ်ဆွေဟောင်းများသည် သူ့ကို ဂုဏ်ပြုဖို့အတွက်ရောက်လာသည်ကိုမြင်သောအခါ တာအိုအရှင်အဆုံးစွန်မီး၏မျက်နှာပေါ်တွင် နောက်ဆုံးအပြုံးတစ်ခုက ထွက်ပေါ်လာလေသည်။

ဓမ္မဝိသေသတာအိုအရှင်များသည် တစ်ယောက်ပြီးတစ်ယောက် ဂုဏ်ပြုစကားပြောဆိုနေသော မြင်ကွင်းက တုန်လှုပ်စရာကောင်းလေသည်။ တာအိုအရှင်အင်မော်တယ်ဓားပင်လျှင် ဤကဲ့သို့သော လွှမ်းမိုးမှုကို မရရှိနိုင်ပေ။

တာအိုအရှင်အင်မော်တယ်ဓားနှင့် အခြားသူများ၏ အမူအရာများက ညိုမည်းလာခဲ့လေသည်။

ထိုသို့ဆိုပါက သူတို့သည် တိုက်ခိုက်ဖို့အတွက် ပိုလို့တောင်လက်တွေ့မကျတော့ပေ။

အနည်းဆုံးတော့ သူတို့၏ အဆင့်အတန်းအရ ဆူဇီမိုကို တာအိုအရှင်အဆုံးစွန်မီး၏ လက်ထဲကနေ ခေါ်ထုတ်နိုင်ဖို့က မဖြစ်နိုင်သလောက်နီးပါးပင်။

ထိုစဥ်မှာပင် အသွန်းတစ်ရာဂိုဏ်းသားတစ်ယောက်သည် အိုးတိုးအမ်းတမ်းအမူအရာနှင့် လျှောက်လှမ်းဝင်ရောက်လာလေသည်။ သူက ခဏမျှတုံ့ဆိုင်းနေပြီးနောက် ပြောလိုက်လေသည်။

“မိစ္ဆာဂိုဏ်းတွေရဲ့ အ-အဆူရာက အပြင်မှာ စောင့်ဆိုင်းနေပါတယ်....”

“ဟမ့်...”

တာအိုအရှင်အင်မော်တယ်ဓားနှင့် တာအိုအရှင်အဆုံးစွန်မီးသည် တစ်ချိန်တည်းမှာ မျက်မှောင်ကြုတ်လိုက်ကြလေသည်။

သူတို့နှစ်ယောက်သည် မျက်တောင်မခတ်ပဲ အကြည့်ခြင်းဖလှယ်လိုက်ကြလေသည်။

မိစ္ဆာဂိုဏ်းများ၏အဆူရာက ဤနေရာကို ဘာ့ကြောင့်ရောက်လာသလဲ ဘယ်သူကမှ မသိကြပေ။

“အဆူရာက... ဒီကိုဘာလာလုပ်တာပါလိမ့်...”

တာအိုအရှင်တိမ်လွှာမိုးစက်က မျက်မှောင်ကြုတ်လိုက်လေသည်။

မိစ္ဆာဂိုဏ်းများမှ တစ်စုံတစ်ယောက်အနေဖြင့် သူသည် အခြေအနေအပေါ် ပို၍နားလည်လေသည်။

ဤအဆူရာက မကြာသေးခင်နှစ်များမှ ပေါ်ထွက်လာသော မိစ္ဆာဂိုဏ်းများ၏ ကြောက်စရာအကောင်းဆုံး ပြန်ဝင်စားမွန်းစတားတစ်ယောက်ဖြစ်လေသည်။ သူက သွေးဆာရက်စက်ပြီး လူ့ဂွစာတစ်ယောက်ဖြစ်ကာ သူ၏ပြုမူလှုပ်ရှားမှုများက ကျိုးကြောင်းဆီလျော်မှုမရှိပေ။

သူက လွန်ခဲ့သည့်ဆယ်စုနှစ်များကမှ ဓမ္မဝိသေသအဆင့်သို့ ဝင်ရောက်လာခြင်းဖြစ်လေသည်။

​တာအိုအရှင်အင်မော်တယ်ဓား၏ဘက်တွင် မိစ္ဆာဂိုဏ်းများမှလာသော တာအိုအရှင်တိမ်လွှာမိုးစက်ကလွဲလျှင် အခြားသောတာအိုအရှင်များသည် ဒီဘက်ခေတ်အဆူရာနှင့် ထိတွေ့ဆက်ဆံမှုများများစားစားမရှိပေ။

တာအိုအရှင်အဆုံးစွန်မီးဆိုလျှင် သူသည် လွန်ခဲ့သည့်နှစ်ငါးထောင်က ပညာရှင်တစ်ယောက်ဖြစ်သည့်အတွက် အဆူရာကို လုံးဝမသိပေ။

ဆူဇီမိုသာလျှင် ရင်တစ်ချက်ထိတ်သွားပြီး သူ၏မျက်လုံးများထဲမှာ အလင်းတစ်ချက်လက်သွားလေသည်။

အဆူရာလား....

အဲ့ဒါက ယန်ပေးချန်များဖြစ်နေမလား...

အဲ့ဒါက ယန်ပေးချန်ဆိုလျှင် သူက သူ့ကိုကူဖို့အတွက် ဤနေရာကိုရောက်လာတာဖြစ်နိုင်သည်။

အဆူရာဂိုဏ်းသည် အလယ်ပိုင်းတိုက်မှာ တည်ရှိပြီး ကြိုးကြာတစ်ထောင်လက်ဖက်ရည်ဧည့်ခံပွဲတွင် ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာများကို သူသိသွားဖို့က ဖြစ်နိုင်လေသည်။

ဆူဇီမိုသည် အသံတစ်ခုကိုထုတ်လွှင့်ပို့လွှတ်တော့မည်ပြုစဥ်မှာပင် တာအိုအရှင်အဆုံးစွန်မီးက ဖြည်းဖြည်းချင်းပြောလိုက်လေသည်။

“သူ့ကို ဖိတ်ခေါ်လိုက်ပါ....”

တာအိုအရှင်အဆုံးစွန်မီး၏ စိတ်ထဲတွင် သူတို့သည် မည်သည့်ဘက်ကပဲ ရပ်တည်ရပ်တည် မည်သူ့ကိုမဆို သူကကိုင်တွယ်ရပေလိမ့်မည်။

သိပ်မကြာမီ အနက်ရောင်ဝတ်ရုံနှင့် အမျိုးသားတစ်ယောက်သည် အေးစက်စက်အမူအရာတစ်ခုနှင့်အတူ လျှောက်လှမ်းဝင်လာ​လေသည်။

သူ၏မျက်နှာက ဓားတစ်လက်ကဲ့သို့ ထက်ရှနေပြီး သူ၏သွင်ပြင်က ထင်ရှားပေါ်လွင်နေလေသည်။ သူ၏လက်ထဲတွင် သွေးချီဖြင့် ပြည့်နှက်နေသော ဆေဘာရှည်တစ်လက်ရှိနေလေသည်။

ဓားသွားပေါ်တွင် လတ်ဆတ်သောသွေးများစီးဆင်းနေသကဲ့သို့ သွေးကြောများနှင့်ဆင်တူသော သွေးစီးကြောင်းမျှင်များရှိ​နေပြီး သွေးရနံ့က လေထဲမှာ ဖြာထွက်နေလေသည်။

ဆူဇီမို၏ မျက်လုံးက ဝင်းလက်သွားခဲ့လေသည်။

အဲ့ဒါက တကယ်ပင် အဆူရာယန်ပေးချန်ဖြစ်လေသည်။

သူက စကားပြောတော့မည်ပြုစဥ်မှာပင် ယန်ပေးချန်၏ အကြည့်က သူ့အပေါ်မှာသာမန်ကာလျှံကာ ဖြတ်သွားလေသည်။ အဲ့ဒါက စိမ်းသက်သောအကြည့်တစ်ခုဖြစ်ပြီး သူ့တို့နှစ်ယောက်သည် ဘယ်တုန်းကမှ မတွေ့မြင်ဖူးခဲ့သည့်အလား သူ့အပေါ်မှာ လုံးဝကြန့်ကြာခဲ့ခြင်းမရှိပေ။

ဆူဇီမိုသည် ရင်တစ်ချက်ထိတ်သွားပြီး အရင်ဦးစွာစ၍ နှုတ်ဆက်ခြင်းကို မပြုလုပ်တော့ပေ။

သူသည် တွေဝေသွားလျှင်တောင် ယန်ပေးချန်က အဲ့ဒါကို ပြုလုပ်ရခြင်းတွင် အကြောင်းပြချက်ရှိရမည်ကို သူသိလေသည်။

“အဆူရာ... ခင်ဗျားက ဒီကိုဘာလာလုပ်တာလဲ...”

တာအိုအရှင်တိမ်လွှာမိုးစက်က မျက်မှောင်ကြုတ်၍ မေးလိုက်လေသည်။

“မင်း​တောင်လာနိုင်သေးတာ ငါက ဘာလို့မလာနိုင်ရမှာလဲ...”

ယန်ပေးချန်က တစ်ချက်ဝေ့ကြည့်ပြီးနောက် မှင်သေသေဖြင့် ပြန်မေးလိုက်လေသည်။

တာအိုအရှင်တိမ်လွှာမိုးစက်၏ မျက်နှာက ညိုမည်းသွားပြီး နှာတစ်ချက်မှုတ်ကာ ဆက်လက်၍ မေးမြန်းခြင်းမပြုတော့ပေ။

“ရောက်လာတဲ့လူတွေအကုန်လုံးက ဧည့်သည်တော်တွေပဲ... ထိုင်ပါဦး”

တာအိုအရှင်အဆုံးစွန်မီးက လက်ကိုဝှေ့ယမ်း၍ ပြောလိုက်လေသည်။

အသွန်းတစ်ရာဂိုဏ်းသားတစ်ယောက်သည် ကြောက်ရွံ့သောအမူအရာဖြင့် ကုလားထိုင်တစ်လုံးကိုသယ်ပြီး ယန်ပေးချန်၏ ရှေ့မှာချပေးလိုက်လေသည်။ သူက ထိတ်လန့်တကြားအမူအရာနှင့်အတူ ချက်ချင်းပင် လှည့်ထွက်သွားခဲ့လေသည်။

ယန်ပေးချန်က ထိုကျင့်ကြံသူကို ကျေးဇူးတင်စကားမပြောပဲ ဒီတိုင်းပင် ထိုင်ချလိုက်လေသည်။

သူ့လက်ထဲရှိ သွေးရောင်ဆေဘာကို သူ၏ဒူးပေါ်မှာ ကန့်လန့်ဖြတ်တင်လိုက်လေသည်။ သူ၏မျက်လုံးကိုမှေးကျဥ်းထားပြီး ငိုက်မျည်းနေသည့်အလား ကြည့်နေလေသည်။ မည်သူကမှ သူ၏စိတ်ဆန္ဒကို မသိရှိကြပေ။

တာအိုအရှင်အင်မော်တယ်ဓား၏ မျက်လုံးက ခဏမျှ တဖျပ်ဖျပ်လက်သွားပြီးနောက် သူက ရုတ်တရက်ပြောလိုက်လေသည်။

“အဆုံးစွန်မီး...ကိစ္စတွေက ဒီအခြေအနေထိရောက်လာမှတော့ ကျုပ်တို့တိုက်ခိုက်မယ်ဆိုရင် နှစ်ဦးနှစ်ဖက်နစ်နာမှာပဲ... ကျုပ်မှာအကြံပြုစရာတစ်ခုရှိတယ်...”

“အို...”

တာအိုအရှင်အဆုံးစွန်မီးက မျက်ခုံးပင့်လိုက်လေသည်။

“ကျုပ်တို့အရင်တစ်ခေါက်တိုက်ခိုက်ခဲ့တုန်းက ကျုပ်တို့နှစ်ယောက်စလုံးရဲ့ အချိန်ကောင်းတစ်ခု မဟုတ်ခဲ့ဘူး... အခု ဒီအခွင့်အရေးကို အသုံးချပြီး ကျုပ်တို့က နောက်တစ်ခါပြန်တိုက်ကြည့်ကြရင်ရော ဘယ်လိုလဲ...”

တာအိုအရှင်အင်မော်တယ်ဓားက စိန်ခေါ်လိုက်လေသည်။

သူ၏စကားမှတစ်ဆင့် သူက တာအိုအရှင်အဆုံးစွန်မီးကို သတိပေးနေခြင်းဖြစ်လေသည်။

သားရဲတစ်ထောင်တောင်ကြားတိုက်ပွဲပြီးနောက် ကောင်းကင်သတ်ဖြတ်ခြင်းဓားကျမ်းကို လုယူသွားသည့်လူများကို သူက သိရှိသွားပြီဟု ဆိုလိုလိုက်ခြင်းပင်။

ကောင်းကင်သတ်ဖြတ်ခြင်းဓားကျမ်းက ဆူဇီမို၏ လက်ထဲမှာရှိသည်ဆိုတာကို တာအိုအရှင်အင်မော်တယ်ဓားက သိထားပြီး သူက လက်ဗလာနှင့်သေချာပေါက်ပြန်သွားလိမ့်မည်မဟုတ်ပေ။

သို့သော်လည်း ဤနေရာက အသွန်းတစ်ရာဂိုဏ်းဖြစ်ပြီး နှစ်ဦးနှစ်ဖက်အကြိတ်အနယ်တိုက်ခိုက်ကြမည်ဆိုလျှင် သူ့မှာအားသာချက်မရှိပေ။

သို့သော်လည်း သူက သူ၏တိုက်ခိုက်ရည်ခွန်အားအပေါ်မှာ အပြည့်အဝယုံကြည်မှုရှိလေသည်။

သူက ဤတိုက်ပွဲကို အသုံးချပြီး တာအိုအရှင်အဆုံးစွန်မီးကို ဖိနှိမ်နိုင်မည်ဆိုလျှင် သူသည် တာအိုအရှင်အဆုံးစွန်မီးကို အသုံးချကာ ဆူဇီမိုနှင့် ဖလှယ်ရယူနိုင်လေသည်။

“မင်းက.... ငါ့နဲ့တိုက်ခိုက်ချင်တာလား...”

တာအိုအရှင်အဆုံးစွန်မီးက ရယ်မော၍ သူ၏မျက်လုံးများထဲရှိ မီးတောက်များက လောင်ကျွမ်းလာလေသည်။

တာအိုအရှင်အင်မော်တယ်ဓားက ပြုံးစစနဲ့ လှောင်ရယ်လိုက်လေသည်။

“ဘာလဲ.... လွန်ခဲ့တဲ့နှစ်ငါးထောင်က ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်ရဲ့ နံပါတ်တစ်ပုဂ္ဂိုလ်ကြီးက ကြောက်နေတာလား..”

ဆူဇီမိုသည် ထိုစကားကိုကြားသောအခါ တုန်လှုပ်သွားရလေသည်။

လွန်ခဲ့သည့်နှစ်ငါးထောင်က ကျင့်ကြံရေးလောကတွင် တာအိုအရှင်အဆုံးစွန်မီး၏ ဂုဏ်အဆင့်အတန်းကို သူသည်ယခုမှ အမှန်တကယ်နားလည်သွားခဲ့ခြင်း ဖြစ်လေသည်။

ဘိုးဘေးနတ်ပန်းပဲဆရာတစ်ယောက်ဟူသော သူ၏ ဂုဏ်ဒြပ်နှင့်အတူ သူသည် နံပါတ်တစ်ဓမ္မဝိသေသတစ်ယောက်ဖြစ်ခဲ့သည့်အချက်က သူ၏ လွှမ်းမိုးနိုင်မှုအရှိန်အဝါကို တော်တန်ရုံပေါင်းစည်းခန္ဓာစွမ်းအားကြီးပုဂ္ဂိုလ်များပင် မယှဥ်နိုင်ဟု ဆိုလိုလေသည်။

“အဲ့ဒီအကြံက မဆိုးဘူးလို့ ငါလည်းထင်တယ်...”

တာအိုအရှင်တိမ်လွှာမိုးစက်က လက်ခုပ်တီးလိုက်လေသည်။

“တစ်ယောက်က လွန်ခဲ့တဲ့နှစ်ငါးထောင်က ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်ရဲ့ နံပါတ်တစ်ပုဂ္ဂိုလ်... နောက်တစ်ယောက်ကလည်း ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်ရဲ့လက်ရှိနံပါတ်တစ်... ဘယ်လောက်တောင် ကြုံတောင့်ကြုံခဲလဲ.. ခင်ဗျားတို့နှစ်ယောက်တိုက်ခိုက်ကြမယ်ဆိုရင် ကျုပ်တို့ကတော့ အမြင်ကျယ်သွားမှာပဲ.”

“ဆရာဘိုးဘိုး..အဲ့ဒါကို လက်ခံစရာမလိုပါဘူး”

“ဟုတ်တယ်... ခင်ဗျားက ခင်ဗျားရဲ့ခန္ဓာကိုယ်ကို စောစောကမှ တည်ဆောက်ထားတာ.. ခင်ဗျားက လက်ရှိခန္ဓာကိုယ်နဲ့ အသားကျဦးမှာမဟုတ်သေးဘူး... ခင်ဗျားက အဲ့ဒီအန္တရာယ်ကို စွန့်စားကြည့်စရာမလိုပါဘူး”

တာအိုအရှင်ကြယ်သွေးနီနှင့် အခြားသူများက အသံများကို အလောတကြီး ထုတ်လွှင့်ပို့လွှတ်လိုက်ကြလေသည်။

ပို၍အရေးကြီးသည်မှာ တာအိုအရှင်အဆုံးစွန်မီးသည် လွန်ခဲ့သည့်နှစ်ငါးထောင်ကတည်းက အလွန်တရာနာမည်ကြီးကျော်ကြားနေခဲ့လေပြီ... အဲ့ဒီအချိန်က သူ၏အထွတ်အထိပ်အရွယ်ဖြစ်လေသည်။

သို့သော်လည်း နောက်ထပ်နှစ်ငါးထောင် ကြာမြင့်ခဲ့ပြီးနောက် နှစ်တစ်သောင်းဘဝသက်တမ်းရှိသော ဓမ္မဝိသေသတာအိုအရှင်များအတွက် တာအိုအရှင်အဆုံးစွန်မီးသည် သူ၏ အကျပိုင်းဘက်ကို ရောက်ရှိနေခဲ့ပြီဖြစ်ပြီး သူက သူ၏ အထွတ်အထိပ်အရွယ်မှာရှိနေသော တာအိုအရှင်အင်မော်တယ်ဓားကို သေချာပေါက်ယှဥ်နိုင်လိမ့်မည်မဟုတ်ပေ။

တာအိုအရှင်အဆုံးစွန်မီးက ဘာကိုမှမတွေးတောပဲ တဖွားဖွားထွက်ပေါ်လာသော တိုက်ပွဲဝင်စိတ်နှင့်အတူ ဖြည်းဖြည်းချင်း မတ်တတ်ထရပ်လိုက်လေသည်။

“သိပ်ကောင်းတာပေါ့... ငါက မတိုက်ခိုက်ခဲ့ရတာ နှစ်ငါးထောင်ရှိသွားပြီ.. အခုပဲ တူတူတန်တန်ပြိုင်ဘက်ကောင်းတစ်ယောက်နဲ့တွေ့ရဖို့ ငါက အာသီသရှိနေတာ... မင်းက အချိန်ကောင်းမှာ ရောက်လာတာပဲ...”

“တိုက်....”

တာအိုအရှင်အဆုံးစွန်မီးသည် ဟိန်းဟောက်၍ သွေးနီရောင်လှံတစ်စင်းကို ဆင့်ခေါ်ကာ သူ၏ ခန္ဓာကိုယ်ထဲရှိ ဓမ္မစွမ်းအားများက တလိပ်လိပ်တက်လာလေသည်။ ထိုလှံတံက ကြည်လင်တောက်ပနေပြီး ခုနှစ်ရက် ခုနှစ်ည လောင်ကျွမ်းထားသည့်အလား ချစ်ချစ်တောက်ပူပြင်းနေလေသည်။

All Chapters