အပြတ်အသတ်ရှုံးနိမ့်ခြင်း
Vol. 66 Ch. 980
“စီနီယာအစ်ကို...”
ဓားဂိုဏ်းမှ ချင်ဖျန်ရန်က အော်ဟစ်၍အရှေ့သို့ထွက်လာခဲ့လေသည်။
ဝုန်း....
သူမ၏ခန္ဓာကိုယ်က ယိမ်းထိုးသွားပြီး ပုံရိပ်ယောင်တစ်ခုက သူမ၏ခန္ဓာကိုယ်ကနေ ရုန်းကန်ထွက်ပေါ်လာခဲ့လေသည်။ ဓားချီများက တရုန်းရုန်းကြွနေပြီး သူမသည် တွေဝေတုံ့ဆိုင်းခြင်းမရှိပဲ သွေးနီရောင်မီတောက် ဓမ္မခန္ဓာကိုယ်ဆီသို့ပြေးဝင်သွားလေသည်။
အခြားသော တာအိုအရှင်များအားလုံးသည် ကြောက်ရွံမှုဖြင့် နောက်ဆုတ်နေကြသည့်အခြေအနေမှာ သူမက ရှေ့သို့ထွက်လာခဲ့လေသည်။
ချင်ဖန်ရန်၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသခန္ဓာကိုယ်သည် ရင်သပ်ရှုမောဓားခန္ဓာအဖြစ်လူသိများပြီး အဲ့ဒါက ဓားဂိုဏ်း၏ အမွေခံဓမ္မဝိသေသခန္ဓာကိုယ်များထဲမှ တစ်ခုဖြစ်လေသည်။ အဲ့ဒါက ပေ ၇၀ မြင့်မားလေသည်။
သာမန်အခြေအနေမှာဆိုလျှင် ရင်သပ်ရှုမောဓားခန္ဓာသည် ထိပ်တန်းအဆင့် ဓမ္မဝိသေသခန္ဓာကိုယ်တစ်ခုအဖြစ် သေချာပေါက် သတ်မှတ်နိုင်လေသည်။
သို့သော်လည်း ပေကိုးဆယ်မြင့်မားသော ဓမ္မဝိသေသခန္ဓာကိုယ်ရှေ့တွင် သူမ၏ ဓမ္မဝိသေသခန္ဓာကိုယ်သည် မီးပုံထဲသို့ တိုးဝင်မည့် ပိုးဖလံတစ်ကောင်နှင့်တူနေလေသည်။
ချင်ဖျန်ရန်သည် သူမ၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသခန္ဓာကိုယ်ကို လျစ်လျူရှုလိုက်လေသည်။
ဖျတ်ခနဲဆိုသူမက တာအိုအရှင်အင်မော်တယ်ဓား၏ ဘေးသို့ရောက်ရှိသွားပြီး သူ့ကို ကူညီဖေးမကာ နောက်သို့လျင်မြန်စွာဆုတ်လိုက်လေသည်။
ဘုန်း...
ကောင်းကင်နှင့်မြေကြီးဓမ္မဝိသေသခန္ဓာကိုယ်နှစ်ခုသည် အလွန်တရာကျယ်လောင်စွာ ထိတွေ့ရိုက်ခတ်လိုက်ကြလေသည်။
ချင်ဖျန်ရန်၏ ရင်သပ်ရှုမောဓားခန္ဓာသည် တစ်ခဏမျှသာ ခုခံလိုက်နိုင်ပြီး အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားခဲ့လေသည်။
သူမ၏ အမြုတေစိတ်ဝိညာဥ်က လှုပ်ခတ်သွားပြီး သူမက ခပ်သဲ့သဲ့ညည်းတွား၍ ဖြူဖပ်ဖြူရော်အမူအရာနှင့်အတူ ဒယီးဒယိုင်ဖြစ်သွားခဲ့လေသည်။
သို့သော်လည်း ထိုနှောင့်နှေးကြန့်ကြာမှုကြောင့် သူမသည် တာအိုအရှင်အင်မော်တယ်ဓားနှင့်အတူ တိုက်ပွဲနယ်မြေကနေ ထွက်ခွာပြီး ယာယီအားဖြင့် အန္တရာယ်ကနေ လွတ်မြောက်သွားခဲ့လေသည်။
“ကျေးဇူးတင်ပါတယ်... ဂျူနီယာညီမ...”
တာအိုအရှင်အင်မော်တယ်ဓားက သည်းထန်စွာမောဟိုက်နေပြီး သူ၏ရင်ထဲမှာ တလှပ်လှပ်ခံစားနေရလေသည်။ သူသည် ချင်ဖျန်ရန်၏လက်ကို တင်းကျပ်စွာအလိုလိုဖမ်းဆုတ်ပြီး သူ၏လက်ဖဝါးနှစ်ဖက်က ချွေးစေးများဖြင့် ရွှဲစိုနေလေသည်။
“စီနီယာအစ်ကို.... ရှင်အဆင်ပြေဖို့က အရေးကြီးပါတယ်... ဒီလူက အရမ်းကိုသန်မာတယ်... ကျွန်မတို့ ဂိုဏ်းကိုအရင်ဆုံးပြန်ရအောင်”
ချင်ဖျန်ရန်သည် သူမ၏လက်ကို တာအိုအရှင်အင်မော်တယ်ဓားက ဖမ်းဆုပ်လိုက်သောအခါ ရင်တစ်ချက်ခုန်သွားလေသည်။ သူမက ရှက်သွေးဖြာသွားပြီး တိုးညင်းစွာဖြင့် သူ့ကိုဖျောင်းဖျလိုက်လေသည်။
တာအိုအရှင်အင်မော်တယ်ဓားသည် တဖြည်းဖြည်း တည်ငြိမ်လာခဲ့လေသည်။
သူက ချင်ဖျန်ရန်၏ မျက်နှာပေါ်မှ ရှက်သွေးဖြာနေခြင်းကို မြင်သောအခါ သူ၏ စိတ်ထဲတွင် အတွေးတစ်ခုက ဝင်ရောက်လာပြီး တီးတိုးပြောဆိုလိုက်လေသည်။
“ဂျူနီယာညီမ... ငါ့အပေါ်မှာ မင်းရဲ့ခံစားချက်တွေကို ငါနားလည်ပါတယ်... ဘာမှမပူနဲ့ ငါကမင်းကို စိတ်မပျက်စေရဘူး”
“အမ်း...”
ချင်ဖျန်ရန်က သူမ၏ခေါင်းကိုငုံပြီး ခြင်တစ်ကောင်ကဲ့သို့ တိုးညင်းသောအသံဖြင့် ပြန်ဖြေလိုက်လေသည်။
ဤနှစ်များအတွင်း သူမသည် သူမ၏ စီနီယာအစ်ကိုထံမှ ထိုစကားကို မျှော်လင့်စောင့်စားနေခဲ့ခြင်း ဖြစ်လေသည်။ ထိုအခိုက်အတန့်တွင် သူမက အလွန်တရာကောင်းချီးပေးခံရသည်ဟု ခံစားရပြီး သူမ၏ အသက်ရှူသံက မြန်ဆန်လာကာ သူမ၏ မျက်လုံးများက နီရဲလာလေသည်။
ဒီမှာရှိနေသော တာအိုအရှင်များစွာသည် ထိုသည်ကိုမြင်သောအခါ သူတို့၏ အမူအရာများက တည်ငြိမ်နေကြလေသည်။ သို့သော်လည်း သူတို့ထဲမှ နှစ်ယောက်ကတော့ စိတ်ထဲကနေ လှောင်ရယ်လိုက်ကြလေသည်။
တစ်ယောက်က တာအိုအရှင်တိမ်လွှာမိုးစက်ဖြစ်လေသည်။
သူကအချစ်ရေးနယ်ပယ်တွင် ပညာရှင်တစ်ဦးဖြစ်ပြီး အတွေ့အကြုံကြွယ်ဝလေသည်။ တာအိုအရှင်အင်မော်တယ်ဓားက ချင်ဖျန်ရန်ကို အသုံးချနေခြင်းမျှသာဖြစ်ကြောင်း သူကပြောနိုင်လေသည်။
အခြားတစ်ယောက်မှာ နတ်မိမယ်နှင်းပွင့်ဖြစ်လေသည်။
အကြောင်းမှာ သည့်အရင်က တာအိုအရှင်အင်မော်တယ်ဓားသည် သူမကို ချစ်မြတ်နိုးကြောင်း တစ်ခါထုတ်ဖော်ပြောဆိုခဲ့ဖူးပြီး သူမက သူ့ကို ငြင်းပယ်ခဲ့လေသည်။
သွေးနီရောင်မီတောက် ဓမ္မခန္ဓာကိုယ်သည် တိုက်ပွဲနယ်မြေအလယ်မှာ မတ်တတ်ရပ်နေပြီး သူ၏ သွေးနီရောင်ဆံပင်များက လေအဝေ့မှာကခုန်နေလေသည်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် မီးတောက်များက တောက်လောင်နေပြီး သူက အင်မော်တယ်ဓားကို လိုက်လံဖမ်းဆီးခြင်းမရှိပေ။
တာအိုအရှင်အဆုံးစွန်မီးသည် ထွက်ပြေးသွားသော တာအိုအရှင်အင်မော်တယ်ဓားကို လှောင်ပြောင်သရော်လိုသော မျက်လုံးများဖြင့်ကြည့်ရင်း ထုတ်ဖော်ကြေညာလိုက်လေသည်။
“ဒီတစ်ခေါက်... ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်က တကယ့်ကို ညံ့ဖျင်းတာပဲ.. ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်ရဲ့ နံပါတ်တစ်ကလည်း ဘာမှကို မဟုတ်ပါလား...”
တာအိုအရှင်အင်မော်တယ်ဓားသည် အံကိုတင်းတင်းကြိတ်ပြီး မကျေမချမ်းအမူအရာတစ်ခုနှင့်အတူ သူ၏နဖူးပေါ်မှာ သွေးကြောများက ဖောင်းကြွလာလေသည်။
သူသည် ဆိုးဆိုးဝါးဝါး ရှုံးနိမ့်မှုနှင့်အတူ လူတိုင်း၏ ရှေ့မှောက်မှာ မျက်နှာပျက်ရလေသည်။
သိပ်မကြာမီ သူ၏ ဆိုးဆိုးဝါးဝါးရှုံးနိမ့်မှုက အလယ်ပိုင်းတိုက်နှင့် ကျင့်ကြံရေးလောကတစ်ခုလုံးသို့ ပျံ့နှံသွားပေလိမ့်မည်။
တာအိုအရှင်အင်မော်တယ်ဓား၏ နှလုံးသားထဲမှာ အကန့်အသတ်မဲ့သော အမုန်းတရားများနှင့် ဒေါသများက ပြည့်နှက်လာခဲ့လေသည်။
သူက တာအိုအရှင်အဆုံးစွန်မီးနှင့် ဆူဇီမိုကို လှည့်ကြည့်လိုက်လေသည်။
သူ၏ ယနေ့အရှက်ခွဲခံရမှုသည် တာအိုအရှင်အဆုံးစွန်မီးကြောင့်ဖြစ်ပြီး ဆူဇီမိုကလည်း ဤကိစ္စမှာ ပါဝင်ပတ်သက်နေလေသည်။
သူက သားရဲတစ်ထောင်တောင်ကြားမှာ ကောင်းကင်သတ်ဖြတ်ခြင်း ဓားကျမ်းကိုရရှိပြီး အဲ့ဒါကို ကျင့်ကြံနိုင်ခဲ့မည်ဆိုလျှင် ယနေ့တိုက်ပွဲ၏ ရလဒ်က ဆန့်ကျင်ဘက်ဖြစ်သွားနိုင်လေသည်။
တာအိုအရှင်အဆုံးစွန်မီးသည် သူ၏လက်ကိုဝှေ့ယမ်းပြီး အေးစက်စွာဖြင့်ပြောလိုက်လေသည်။
“မြန်မြန်သွားစမ်းပါ... နောက်နောင် အသွန်းတစ်ရာဂိုဏ်းနဲ့ လာမရှုပ်ဖို့ မင်းစိတ်ထဲမှာ မြဲမြဲမှတ်ထား... ဒါက မင်းအတွက် သင်ခန်းစာတစ်ခုပဲ”
“ဒီအဖိုးကြီးကတော့...”
တာအိုအရှင်တိမ်လွှာမိုးစက်က စိတ်ထဲကနေ ကျိန်ဆဲလိုက်လေသည်။
တာအိုအရှင်အဆုံးစွန်မီးသည် မဆင်မခြင်သတ်ဖြတ်ပြီး အင်မော်တယ်ဂိုဏ်းများ၏ အမျက်သင့်စေဖို့ သူက မျှော်လင့်ထားခဲ့လေသည်။
သို့သော်လည်း တာအိုအရှင်အဆုံးစွန်မီးက အချိန်မီ ရပ်တန့်လိုက်လေသည်။
အဲ့ဒါက တာအိုအရှင်အဆုံးစွန်မီး ဖြစ်လေသည်။
သူသည် အခြေအနေတစ်ခုလုံးကို ကောင်းမွန်စွာ ထိန်းကျောင်းနိုင်ခဲ့လေသည်။
သူသည် အင်မော်တယ်ဂိုဏ်းများနှင့် ရန်ဘက်မဖြစ်ခဲ့ရုံမျှသာမက သူ၏ လွှမ်းမိုးနိုင်စွမ်းနှင့် ခြိမ်းခြောက်နိုင်စွမ်းကို တည်ဆောက်ပြီး သူလိုချင်သည့် အပိုင်းကိုလည်း ရရှိသွားခဲ့လေပြီ။
ရန်လိုမှုဖြင့်ရောက်လာသော သူများသည် ယနေ့ထွက်ခွာသွားကြရမည်သာမက ကျင့်ကြံရေးလောကတွင် ဆူဇီမိုကို ရန်ရှာချင်သော မည်သူမဆို နှစ်ခါပြန်စဥ်းစားရပေတော့မည်။
“အဆုံးစွန်မီး... ဒီနေ့အရှက်ခွဲခံရမှုအတွက် ငါသေချာပေါက် လက်စားပြန်ချေပြမယ်...”
တာအိုအရှင်အင်မော်တယ်ဓားက သူ၏ လက်သီးနှစ်ဖက်ကို တင်းတင်းဆုပ်ပြီး အံကိုကြိတ်၍ အော်ပြောလိုက်လေသည်။
“မင်းမှာ အဲ့ဒီအခွင့်အရေးနောက်ထပ်မရှိတော့ဘူး...”
တာအိုအရှင်အဆုံးစွန်မီးက ဂရုမစိုက်ဟန်ဖြင့်ပြောလိုက်လေသည်။
“ငါက ဒီနေ့အဆင့်ချိုးဖြတ်နိုင်ဖို့အတွက် အခွင့်အရေးတစ်ခုကို ဒီလောက်မြန်မြန်ဆန်ဆန်ရရှိနိုင်ခဲ့တာ မင်းရဲ့ကျေးဇူးကြောင့်လို့ပြောရမှာပဲ”
“ဟမ့်..”
များစွာသော တာအိုအရှင်များက အထိတ်တလန့်ဖြစ်သွားကြလေသည်။
အဆင့်ချိုးဖြတ်တက်လှမ်းမည်တဲ့လား...
သူက ဓမ္မဝိသေသအဆင့်ကို ချိုးဖြတ်မည်ဆိုလျှင် သူက ပေါင်းစည်းခန္ဓာအဆင့်ကို တက်လှမ်းသွားမည်မဟုတ်ပါလား...
တာအိုအရှင်အဆုံးစွန်မီး သွယ်ဝိုက်ပြောဆိုသည့် အဓိပ္ပါယ်ကို တာအိုအရှင်အင်မော်တယ်ဓားက သဘောပေါက်သွားလေသည်။ သူ၏ သွေးချီက သူ၏နှလုံးဆီသို့ ဆောင့်တက်လာပြီး မျှော်လင့်ချက်ပျက်သုန်းသော အမူအရာတစ်ခုနှင့်အတူ နောက်ထပ်သွေးတစ်လုတ်ကို ထွေးထုတ်လိုက်ရလေသည်။
သူက အပြတ်အသတ်ရှုံးနိမ့်သွားခဲ့ရလေသည်။
တာအိုအရှင်အဆုံးစွန်မီးသည် ဤပြိုင်ပွဲတွင် သူ့ကိုပြိုင်ဘက်တစ်ယောက်ဟုပင် လုံးဝမမှတ်ယူခဲ့ပေ။
တာအိုအရှင်အဆုံးစွန်မီးသည် သူ၏လွှမ်းမိုးနိုင်စွမ်းကို တည်ဆောက်ပြီး သူ၏ ကျင့်ကြံမှုအဆင့်ကို နောက်တစ်ဆင့်သို့ တက်လှမ်းဖို့အတွက် သူ့ကို လှေခါးထစ်တစ်ခုမျှသာ အသုံးပြုသွားခြင်းဖြစ်လေသည်။
“စီနီယာအစ်ကို... သွားကြရအောင်”
တာအိုအရှင်အင်မော်တယ်ဓား၏ လက်ရှိအခြေအနေကို မြင်ရသောအခါ ချင်ဖျန်ရန်က သနားစိတ်ဝင်သွားပြီး ညင်သာစွာ ဖျောင်းဖျလိုက်လေသည်။
“စီနီယာအစ်ကို... ရှင်က ဂိုဏ်းရဲ့ မည်ကာမတ္တတပည့်တစ်ယောက်ပဲ... ရှင့်ရဲ့ပါရမီအရည်အချင်းက တခြားဘယ်သူ့ထက်မှမနိမ့်ကျဘူး.. ဂိုဏ်းကို ပြန်ပြီးဆက်လက်ကျင့်ကြံမယ်ဆိုရင် ရှင်က သေချာပေါက် တကျော့ပြန်လာနိုင်မှာပဲ”
တာအိုအရှင်အင်မော်တယ်ဓားအတွက်တော့ ယခုအချိန်တွင် မည်ကာမတ္တတပည့်နှင့် ပါရမီအရည်အချင်းဟူသော စကားလုံးများသည် အလွန်တရာနားကြားပြင်းကပ်စရာ ကောင်းနေလေသည်။
တကယ်ဆို ချင်ဖျန်ရန်က သူ့ကိုလှောင်ပြောင်သရော်နေသည်ဟုပင် သူက ခံစားရလေသည်။
“ဟမ့်...”
တာအိုအရှင်အင်မော်တယ်ဓား၏ အမူအရာက အေးစက်လာပြီး ချင်ဖျန်ရန်၏လက်ကို ပြင်းထန်စွာ လွှဲယမ်းထုတ်လိုက်လေသည်။ သူ့ဘေးရှိ အမျိုုးသမီးက ယခုတင်သူ၏အသက်ကို ကယ်တင်လာခဲ့သည်ဆိုတာကိုပင် မေ့လျော့သွားခဲ့လေသည်။
ချင်ဖျန်ရန်က ညင်သာစွာ သက်ပြင်းချ၍ စိတ်ဆိုးဒေါသထွက်ခြင်းမရှိပေ။
သူမ၏ အမြင်အရ ဤကဲ့သို့သောရိုက်ချက်ကို ခံစားရသော မည်သူမဆို သူတို့၏ စိတ်ကိုလွတ်ထွက်သွားပေလိမ့်မည်။
သူမ၏ စီနီယာအစ်ကိုက သူမကို တမင်ပစ်မှတ်ထားခြင်းမဟုတ်ကြောင်း သူမကယုံကြည်လေသည်။
“ဒီကို ဂုဏ်ပြုစကားပြောဖို့ရောက်ရှိလာတဲ့ တာအိုရောင်းရင်တို့က အသွန်းတစ်ရာဂိုဏ်းမှာ ဧည့်သည်တော်တွေအဖြစ် ဆက်လက်နေနိုင်ပါတယ်...”
တာအိုအရှင်အဆုံးစွန်မီးက သူ၏ဘေးပတ်လည်ကို လှည့်ပတ်ကြည့်ရှုပြီး ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။
“မကောင်းတဲ့ရည်ရွယ်ချက်နဲ့ ရောက်ရှိလာတဲ့သူတွေကတော့ ကျေးဇူးပြုပြီး ပြန်ကြပါတော့... ဂိုဏ်းသားတို့ ဧည့်သည်တွေကို လိုက်ပို့ပေးလိုက်ပါ”
တာအိုအရှင်အဆုံးစွန်မီး၏ အော်ရာသည် ဆက်တိုက်မြင့်တက်လာနေသည်ကို များစွာသော တာအိုအရှင်များက ခံစားမိကြလေသည်။ အဲ့ဒါက အထွတ်အထိပ်အဆင့်ထိ မြင့်တက်လာနေခဲ့လေသည်။
တာအိုအရှင်အဆုံးစွန်မီးက ပေါင်းစည်းခန္ဓာအဆင့်သို့ ချိုးဖြတ်တက်လှမ်းတော့မည်ဖြစ်လေသည်။
“ဒါက... ရှားရှားပါးပါး အခွင့်အရေးတစ်ခုပဲ... ငါက အဲ့ဒါကို ကြည့်ရဖို့အတွက် မျက်နှာပြောင်တိုက်ပြီးတော့ ဒီမှာနေရမှာပဲ...”
တာအိုအရှင်ဂမ္ဘီရလက ပြုံးစစဖြင့် ပြောလိုက်လေသည်။
“မဆိုးဘူး... ကျုပ်တို့က ကျုပ်တို့ရဲ့ ဂုဏ်ပြုစကားကိုပြောဆိုဖို့အတွက် ဒီကိုရောက်လာတာ... အခု ဒီလိုမျိုးအခွင့်အရေးတစ်ခုနဲ့ ကြုံကြိုက်ရတယ်ဆိုတော့...”
နောက်ထပ် ဓမ္မဝိသေသတာအိုအရှင်တစ်ယောက်ကလည်း လက်ခုပ်တီးပြီး ရယ်မောလိုက်လေသည်။
ပေါင်းစည်းခန္ဓာအဆင့်သို့ ချိုးဖြတ်တက်လှမ်းခြင်းကို လူတိုင်းက တွေ့မြင်ခံစားရလိမ့်မည်မဟုတ်ပေ။ အဲ့ဒါက လက်ရှိတာအိုအရှင်များအားလုံးအတွက် အလွန်တရာတန်ဖိုးရှိသော အတွေ့အကြုံတစ်ခုဖြစ်လေသည်။
တာအိုအရှင်အင်မော်တယ်ဓားနှင့် အခြားသူများအတွက်တော့ သူတို့သည် ဤနေရာမှာ ဆက်နေလျှင် အလွန်တရာအရှက်ရမှာဖြစ်သည့်အတွက် သုန်မှုန်နေသော အမူအရာများနှင့် ထွက်ခွာသွားကြလေသည်။
“ရှင်က... ခွင့်ပြုမယ်ဆိုရင် ကျွန်မက ဒီမှာနေပြီး အဲ့ဒါကိုကြည့်ချင်တယ်...”
နတ်မိမယ်နှင်းပွင့်က လက်သီးနှစ်ဖက်ကို ယှက်၍ပြောလိုက်လေသည်။
“ရတာပေါ့..”
တာအိုအရှင်အဆုံးစွန်မီးက ခေါင်းညိတ်ပြလိုက်လေသည်။
နတ်မိမယ်နှင်းပွင့်သည် တစ်ချိန်လုံး ကြားနေအဖြစ်နေခဲ့ပြီး တာအိုအရှင်အဆုံးစွန်မီးက သူမကို ရန်လိုခြင်းမရှိပေ။
“ဟဲဟဲ... အဆုံးစွန်မီး နောက်မှပဲ ပြန်တွေ့ကြတာပေါ့...”
တာအိုအရှင်တိမ်လွှာမိုးစက်က သူ၏နေရာကို သူသိပြီး လက်သီးနှစ်ဖက်ယှက်ကာ လှည့်ထွက်သွားခဲ့လေသည်။
ဆူဇီမိုက ယန်ပေးချန်ကို ကြည့်လိုက်လေသည်။
ယန်ပေးချန်... ဤနေရာကိုရောက်လာရသည့်ရည်ရွယ်ချက်ကို မည်သူမှမသိသော်လည်း သူက ဆက်လက်၍ နေချင်သည်ဆိုလျှင် ဆူဇီမိုက သူ့အတွက်သေချာပေါက် ပြောပေးရပေမည်။ တာအိုအရှင်အဆုံးစွန်မီးကလည်း ငြင်းဆန်လိမ့်မည်မဟုတ်ပေ။
သိူ့သော်လည်း ယန်ပေးချန်သည် မတ်တတ်ထရပ်ပြီး အမူအရာကင်းမဲ့စွာဖြင့် လှည့်ထွက်သွားခဲ့လေသည်။ သူက တစ်ချိန်လုံးဘာစကားမှ မပြောဆိုခဲ့ပေ။
ကျန်ရှိနေသော တာအိုအရှင်များက စိတ်ရှုပ်ထွေးစွာဖြင့် မျက်မှောင်ကြုတ်လိုက်ကြလေသည်။