← Chapters

အရိုးဖြူငရဲခန်း

Vol. 66 Ch. 982

အရိုးဖြူငရဲခန်း

Vol. 66 Ch. 982

“အဆူရာ....”

ကောင်းကင်ဇင်ယော်ဂိုဏ်းမှ တာအိုအရှင်ပျက်စီးခြင်းကောင်းကင်က သူ့ကို စိမ်းစိမ်းဝါးဝါးစိုက်ကြည့်ပြီး အော်ပြောလိုက်လေသည်။

“ငါတို့က မင်းကိုမတိုက်ခိုက်ဘူးဆိုတာ တာအိုအရှင်တိမ်လွှာမိုးစက် မျက်နှာကို ထောက်ထားနေလို့ပဲ... အတင့်ရဲမလာနဲ့”

“အပိုတွေ​ပြောမနေနဲ့... တိမ်လွှာမိုးစက်ကိုလည်း ငါကသတ်မှာပဲ...”

ယန်ပေးချန်သည် အေးစက်စွာလှောင်ရယ်လိုက်ပြီး သူ၏သွေးရောင်ဆေဘာနှင့် ရှေ့သို့ခုတ်ပိုင်းချလိုက်လေသည်။

သွေးချီက ဖြန့်ကြက်သွားပြီး ဧရာမငရဲခန်းတစ်ခုက လူတိုင်း၏ ရှေ့မှောက်မှာ ထွက်ပေါ်လာကာ တာအိုအရှင် ၈ ယောက်စလုံးကို လွှမ်းခြုံသွားလေသည်။

ငရဲခန်းဆေဘာစိတ်ဆန္ဒ....

သူ့ ကျင့်ကြံမှု၏ ဤအဆင့်အရောက်တွင် ဓမ္မစွမ်းအားများဖြင့် စုဖွဲ့ထားသော သူ၏ ဆေဘာစိတ်ဆန္ဒသည် ထိပ်တန်းအဆင့် ဓမ္မပညာရပ်များနှင့် ရင်ဆိုင်တိုက်ခိုက်နိုင်လေသည်။

ယန်ပေးချန်သည် ဓမ္မဝိသေသအဆင့်သို့ ဝင်ရောက်လာခါစ ဖြစ်သော်လည်း သူ၏ဆေဘာစိတ်ဆန္ဒက ၎င်း၏ အထွတ်အထိပ်သို့ရောက်ရှိနေခဲ့လေပြီ။

ချက်ချင်းပင် တိုက်ပွဲနယ်မြေတစ်ခုလုံးသည် ဆိုးယုတ်သောအော်ရာများ၊ မိစ္ဆာအရိပ်များဖြင့် ပြည့်နှက်သွားခဲ့လေသည်။

သွေးများက ချောင်းစီးလာပြီး အလောင်းများက နေရာတိုင်းမှာ ပြန့်ကျဲ၍ တစ္ဆေညည်းတွားသံများကို ကြားနေရလေသည်။

“ကောင်းကင်ဇင်ယော်လက်သီး....”

တာအိုအရှင်ပျက်စီးခြင်းကောင်းကင်က အော်ဟစ်၍ သူ၏သွေးချီကို နှိုးဆွပြီး သူ၏ဓမ္မစွမ်းအားများကို လှည့်ပတ်ကာ ဘေးပတ်လည်ရှိ ငရဲခန်းကို ရက်ရက်စက်စက်ထိုးချလိုက်လေသည်။

“မိုးကောင်းကင်....”

ကစဉ့်ကလျားအမြုတေဂိုဏ်းမှ တာအိုအရှင်နေတိမ်သည် ထိပ်တန်းအဆင့် ဓမ္မပညာရပ်တစ်ခုကို စုဖွဲ့ပြီး ငရဲခန်းကိုချိုးဖြတ်ကာ လောကနှင့် ချိတ်ဆက်နိုင်ဖို့ ကြိုးပမ်းလိုက်လေသည်။

“အော်မီထော်ဖော....”

ပုံသဏ္ဍာန်မဲ့ကျောင်းတော်မှ ကိုယ်တော်ခုန်းဝမ်သည် သူ၏လက်နှစ်ဖက်ကို ယှက်ဖြာပြီး လက်ဟန်ချိန်စည်းများကို ထုတ်ဖော်ကာ ပုံသဏ္ဌာန်မဲ့ဓမ္မချိပ်စည်းကို ဖန်တီး၍ ဘေးပတ်လည်ရှိ ငရဲခန်းကို ပစ်ရိုက်ချလိုက်လေသည်။

လက်ရှိ ဓမ္မဝိသေသတာအိုအရှင်များအားလုံးသည် အမျိုးမျိုးသော အင်မော်တယ်ဂိုဏ်းများနှင့် ဗုဒ္ဓကျောင်းတော်များမှာ ပြိုင်စံရှားများဖြစ်ကြလေသည်။ မဟုတ်ပါက သူတို့သည် ဆူဇီမိုကို ထုတ်ပေးဖို့အတွက် အသွန်းတစ်ရာဂိုဏ်းသို့ လာရောက်တောင်းဆိုရဲလိမ့်မည်မဟုတ်ပေ။

ပြောစရာမလိုအောင်ပင် တာအိုအရှင်များသည် အလိုလိုနားလည်မှုရယူပြီး တစ်ပြိုင်တည်းတိုက်ခိုက်ကာ ငရဲခန်းကို ဖျက်ဆီးဖို့ပြင်ဆင်လိုက်ကြလေသည်။

များစွာသောတာအိုအရှင်များ၏ မျက်လုံးထဲတွင် အဆူရာသည် မည်ကာမတ္တတပည့်တစ်ယောက်ဖြစ်လျှင်တောင် သူသည် ဓမ္မဝိသေသအဆင်သို့ ဝင်ရောက်လာခါစဖြစ်ပြီး သူတို့ ၈ ယောက်လုံးကို ရင်ဆိုင်တိုက်ခိုက်ဖို့က မဖြစ်နိုင်ပေ။

သို့သော်လည်း လူတိုင်းသည် တစ်စုံတစ်ရာကို မှားယွင်းတွက်ချက်မိခဲ့ကြလေသည်။ သူတို့ကြားထဲတွင် မည်ကာမတ္တတပည့်က နှစ်ယောက်သာလျှင် ရှိလေသည်။

တာအိုအရှင်အင်မော်တယ်ဓားသည် ဒဏ်ရာအပြင်းအထန်ရရှိထားပြီး သူ့ကိုချင်ဖျန်ရန်က တွဲထူပေးထားရလေသည်။ သူတို့နှစ်ယောက်လုံးက မတိုက်ခိုက်ကြပေ။

တာအိုအရှင်တိမ်လွှာမိုးစက်တော့ သူသည် မျက်မှောင်ကြုတ်၍ သူ၏လက်နှစ်ဖက်ဖြင့် ဓမ္မအတတ်တစ်ခုကို ဆင့်ခေါ်လိုက်လေသည်။ သူက ငရဲခန်းဆေဘာစိတ်ဆန္ဒကို ခုခံဖို့အတွက် သူ၏ဘေးပတ်လည်တွင် မြူခိုးလွှာတစ်ခုကိုသာ ဖန်တီးလိုက်ခြင်းဖြစ်လေသည်။ သူက အရင်ဦးစွာစ၍ တိုက်ခိုက်ခြင်းမပြုပေ။

လက်ရှိလူများကြားတွင် တာအိုအရှင်တိမ်လွှာမိုးစက်သာလျှင် အဆူရာကို ကောင်းကောင်းနားလည်လေသည်။

သူက သူ၏အစွမ်းကုန်ကိုထုတ်ဖော်၍ တိုက်ခိုက်မည်ဆိုလျှင် အဆူရာကို ဖိနှိမ်နိုင်ဖို့ ၆၀ ရာခိုင်းနှုန်းအခွင့်ရှိလေသည်။

သူတို့နှစ်ယောက်စလုံးသည် မည်ကာမတ္တတပည့်များဖြစ်ပြီး သူ၏ကျင့်ကြံမှုအဆင့်က ပိုမိုမြင့်မားသော်လည်း သူ၏ကျင့်ကြံခြင်းနည်းစနစ်များနှင့် လျှို့ဝှက်အတတ်များသည် အဆူရာအပေါ်မှာ သက်ရောက်မှုနည်းပါးလေသည်။

အဆူရာက စိတ်ခံစားချက်ကင်းမဲ့ပြီး သတ်ဖြတ်ခြင်းဖြင့် တာအိုကိုရှာဖွေလေသည်။

သူ၏ စိတ်ခံစားချက်ခုနှစ်မျိုး ချီမျှင်များနှင့် အာရုံခြောက်ပါး လက်ဝါးရိုက်ချက်သည် အဆူရာအပေါ်မှာ ထိလိုက်မှုနည်းပါလေသည်။ ဒါ့အပြင် အဆူရာသည် သွေးဆာရက်စက်ပြီး သူ၏ဆွေမျိုးများကိုပင် ဂရုမထားပေ။

သူက အဆူရာနှင့် အသေအ​ကြေတိုက်ခိုက်ရမှာကိုလည်း စိုးရိမ်ပူပန်နေလေသည်။

ဒါ့အပြင် သူတို့နှစ်ယောက်စလုံးသည် မိစ္ဆာဂိုဏ်းများမှာ မည်ကာမတ္တတပည့်များဖြစ်ကြလေသည်။ သူတို့က တွေ့တွေ့ချင်းမှာပင် တိုက်ခိုက်ကြဖို့မလိုအပ်ပေ။

ထိုသို့အတွေးဖြင့် တာအိုအရှင်တိမ်လွှာမိုးစက်က သူ့ကိုယ်သူခုခံဖို့အတွက် ဓမ္မပညာရပ်တစ်ခုကိုသာ ဆင့်ခေါ်ထားလေသည်။

သူတို့သုံးယောက်ကလွဲလျှင် အခြားသော ဓမ္မဝိသေသတာအိုအရှင် ၅ ယောက်သည် ငရဲခန်းကို ခုခံတိုက်ခိုက်နေကြလေသည်။

“အရိုးဖြူ....”

ယန်ပေးချန်က ညင်သာစွာအော်ဟစ်လိုက်ပြီး သူ၏ဆေဘာကို ဝေ့ယမ်းလိုက်လေသည်။ ဆေဘာချီက ငရဲခန်းထဲသို့ တလိပ်လိပ်တိုးဝင်သွားလေသည်။

ဝေါ....

အစက သွေးမြစ်ထဲတွင် မလှုပ်မယှက် လဲလျောင်းနေကြသော အလောင်းများသည် ထူးဆန်းသော စွမ်းအားတစ်ခုကို အာရုံခံမိသွားသည့်အလား တစ်ယောက်ပြီးတစ်ယောက် ထရပ်လာကြလေသည်။

တစ်ယောက်ပြီးတစ်ယောက်ဖြင့် သူတို့က အရမ်းကိုများပြားလာကြလေသည်။

ထိုအရိုးစုများသည် ယန်ပေးချန်၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသော ပြိုင်စံရှားများဖြစ်ပြီး သူတို့အသက်ရှင်စဥ်က သူတို့ထဲမှ အတော်များများသည် သာမန်အညတရများ မဟုတ်ကြပေ။

ဘန်းဘန်းဘန်း.....

​တာအိုအရှင်ပျက်စီးခြင်းကောင်းကင်နှင့် တခြားသူများ၏ တန်ပြန်တိုက်ခိုက်မှုများကို အရိုးစုများက ပိတ်ဆို့တားဆီးလိုက်လေသည်။ သူတို့က ငရဲခန်းကိုကိုင်လှုပ်နိုင်ခြင်းမရှိကြပေ။

ထိုအစား ငရဲခန်းထဲတွင်ရှိသော သွေးပမာဏက ပို၍တိုးလာပြီး အဲ့ဒါက ထူထဲသိပ်သည်းလာခဲ့လေသည်။ ယခုဆို အဲ့ဒါက လူတိုင်း၏ ​ခြေချင်းဝတ်ကို နစ်မြုပ်လာပြီး ညှီစို့စို့အနံ့နှင့်အတူ ဆိုးယုတ်လေပြင်းများက တိုက်ခတ်လာလေသည်။

အရိုးစုများသည် တာအိုအရှင်ပျက်စီးခြင်းကောင်းကင်နှင့် အခြားသူများ၏ ဓမ္မပညာရပ်များနှင့် လက်နက်များကို ခုခံနိုင်ခြင်းမရှိပဲ နောက်သို့ အဆက်မပြတ်လွင့်စင်သွားကြလေသည်။ သို့သော်လည်း သူတို့သည် အပိုင်းပိုင်းကြေမွမသွားသရွေ့ သူတို့က သူတို့၏လက်များ သို့မဟုတ် သူတို့၏ဦးခေါင်းများကို ပျက်စီးဆုံးရှုံးရသည်ဆိုလျှင်တောင် အရိုးစုများသည် မတ်တတ်ပြန်ရပ်ပြီး တာအိုအရှင် ၅ ယောက်ဆီသို့ ဆက်လက်ပြေးဝင်လာနေကြဆဲဖြစ်လေသည်။

ပုံမှန်အားဖြင့်ဆိုလျှင် ဗုဒ္ဓဂိုဏ်းများမှ ဓမ္မအတတ်များသည် မိစ္ဆာဂိုဏ်းများမှ ဓမ္မအတတ်များကို ဆန့်ကျင်တိုက်ခိုက်ရာတွင် ထိရောက်မှုအရှိဆုံးဖြစ်လေသည်။

သို့သော်လည်း ကိုယ်တော်ခုန်းဝမ်နှင့် ကိုယ်တောင်လျောင်မင်း၏ ဓမ္မအတတ်များသည် အဆူရာကို လုံးဝဖိနှိမ်နိုင်ခြင်းမရှိပေ။

ရေက မီးကိုငြှိမ်းသတ်နိုင်သော်လည်း မီးက ရေကိုလည်း အငွေ့ပြန်စေနိုင်လေသည်။

ဗုဒ္ဓအရောင်အဝါအလင်းတစ်ခုနှင့်အတူ ဂါထာမန္တာန်အသံများက အဆက်မပြတ် ထွက်ပေါ်လာနေလေသည်။

သို့သော်လည်း တစ္ဆေညည်းတွားသံများနှင့် ဝံပုလွေအူသံများက ငရဲခန်းထဲတွင် ပို၍ကျယ်လောင်လာပြီး သွေးချီများက မိုးထိတိုင်ထိုးတက်၍ ဗုဒ္ဓရောင်ဝါအလင်းကို ပြင်းထန်စွာဖိနှိမ်သွားခဲ့လေသည်။

တာအိုအရှင်ငါးယောက်သည် ငရဲခန်းထဲကနေ မလွတ်မြောက်နိုင်ရုံသာမက သူတို့သည် မျှခြေတစ်ခုမှာ လွန်ဆွဲနေရလေသည်။

ထိုသည်ကိုကြည့်ပြီး ချင်ဖျန်ရန်က သုန်မှုန်လာသောအမူအရာဖြင့် တိုးတိတ်စွာ မေးလိုက်လေသည်။

“စီနီယာအစ်ကို ရှင်က အဆင်ပြေရဲ့လား...”

တာအိုအရှင်အင်မော်တယ်ဓားသည် တာအိုအရှင်တိမ်လွှာမိုးစက်ကို တိတ်တဆိတ်ကြည့်ရင်း ငြိမ်သက်နေလေသည်။

ချင်ဖျန်ရန်ကလည်း တာအိုအရှင်တိမ်လွှာမိုးစက်၏ အပြုအမူကို သတိထားမိနေပြီး သူမက တိုးတိုးပြောလိုက်လေသည်။

“တာအိုအရှင်တိမ်လွှာမိုးစက်က ဘာပဲပြောပြော မိစ္ဆာဂိုဏ်းကလူပဲ... သူက တိုက်ခိုက်ချင်စိတ်ရှိမှာမဟုတ်ဘူး.. ကျွန်မတို့က အင်မော်တယ်ဂိုဏ်းတွေက တာအိုရောင်းရင်းတွေနဲ့ အတူပူးပေါင်းပြီးတော့ ဒီမိစ္ဆာကိုသတ်ဖြတ်ရမှာပဲ...”

တာအိုအရှင်တိမ်လွှာမိုးစက်က စတင်၍ တိုက်ခိုက်လိုစိတ်မရှိသည်ကိုမြင်သောအခါ ချင်ဖျန်ရန်၏ စိတ်ဆန္ဒသည် တာအိုအရှင်ပျက်စီးခြင်းကောင်းကင်နှင့် အခြားသူများနှင့်အတူ ပူးပေါင်ပြီး အဆူရာကို တိုက်ခိုက်ဖို့ဖြစ်လေသည်။

တာအိုအရှင်အင်မော်တယ်ဓားကတော့ သူ၏ အတွေးမှာ မည်သို့မည်ပုံ ထွက်ပြေးရမလဲဖြစ်လေသည်။

ထိုစဥ်မှာပင် ထူးဆန်းသော တစ်စုံတစ်ရာက ဖြစ်ပျက်လာခဲ့လေသည်။

ယန်ပေးချန်၏ နှာရောင်သည် တောက်ပသွားပြီး တုန်လှုပ်စရာကောင်းသော စိတ်ဝိညာဥ်အသိစိတ်အတက်အကျတစ်ခုက ထွက်ပေါ်လာလေသည်။

စိတ်ဝိညာဥ်အသိစိတ်ကနေ စုဖွဲ့ထားသော သွေးရောင်ဆေဘာတစ်လက်က ထွက်ပေါ်လာပြီး ကိုယ်တော်လျောင်မင်းကို ခုတ်ပိုင်းချလိုက်လေသည်

အဲ့ဒါက အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်တစ်ခုဖြစ်လေသည်။

“အဆူရာ... မင်း...”

ကိုယ်တော်လျောင်မင်းက အထိတ်တလန့်ဖြစ်သွားလေသည်။ သူက စကားကိုပင် ဆုံးအောင်မပြောနိုင်ပဲ သူ၏အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်ကို အလောတကြီးထုတ်ဖော်၍ သွေးရောင်ဆေဘာကို ခုခံတိုက်ခိုက်ဖို့ ကြိုးစားလိုက်လေသည်။

ဘုန်း....

စိတ်ဝိညာဥ်အသိစိတ်နှစ်ခုက ထိတွေ့ရိုက်ခတ်သွားကြလေသည်။

ခဏမျှရပ်တန့်ပြီးနောက် အဆူရာ၏ စိတ်ဝိညာဥ်အသိစိတ် သွေးရောင်ဆေဘာသည် ကိုယ်တောင်လျောင်မင်း၏ စိတ်ဝိညာဥ်အသိစိတ်ကို နှစ်ခြမ်းထိုးခွဲပြီး ထိုသူ၏ ဦးခေါင်းထဲသို့ ဝင်ရောက်သွားခဲ့လေသည်။

ကိုယ်တော်လျောင်မင်း၏ ခန္ဓာကိုယ်သည် တောင့်တင်းသွားပြီး သူ၏မျက်လုံးများက ပြူးကျယ်လာခဲ့လေသည်။ သူ၏အကြည့်က တဖြည်းဖြည်း မှေးမှိန်သွားပြီး သူ၏အသက်ဓာတ်က လျင်မြန်စွာ ထွက်ခွာသွားခဲ့လေသည်။

စိတ်ဝိညာဥ်အသိစိတ်သွေးဆေဘာက ကိုယ်တော်လျောင်မင်း၏ မျက်နှာကို ခုတ်ပိုင်းချလိုက်သော်လည်း မည်သည့်ဒဏ်ရာမှ ဖြစ်ပေါ်မလာပေ။

သို့သော်လည်း သူ၏ အသိစိတ်အတွင်းတွင် သူ၏ အမြုတေစိတ်ဝိညာဥ်သည် နှစ်ပိုင်းလှီးဖြတ်ခံလိုက်ရပြီး လုံးဝပျက်စီးသွားခဲ့လေပြိ။

အဲ့ဒါက အမြုတေစိတ်ဝိညာဥ်များကြား တိက်ခိုက်မှုဖြစ်လေသည်။

လျှပ်တပြက်အတွင်းမှာပင် သေခြင်းတရားဆီသို့ ဦးတည်သွားနိုင်သည်။

ကိုယ်တော်လျောင်မင်းသည် သူ၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသခန္ဓာကိုယ်ကိုပင် ဆင့်ခေါ်ဖို့ အခွင့်အရေးမရလိုက်ပေ။

တာအိုအရှင်ပျက်စီးခြင်းကောင်းကင်နှင့် အခြားသူများက တုန်လှုပ်သွားရလေသည်။

​ကျင့်ကြံသူများသည် တိုက်ပွဲတစ်ပွဲတွင် နောက်ဆုံးအခြေအနေသို့မရောက်ရှိသရွေ့ သူတို့၏ အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်များကို ထုတ်ဖော်အသုံးပြုလိမ့်မည်မဟုတ်ပေ။

​ဘာပဲပြောပြော အမြုတေစိတ်ဝိညာဥ်များအကြား တိုက်ခိုက်မှုက အန္တရာယ်များလွန်းလေသည်။

အချိန်အများစုမှာ သူတို့သည် သူတို့၏ ပြိုင်ဘက်ကို အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်ဖြင့် သတ်ဖြတ်နိုင်မည်ဆိုလျှင်တောင် သူတို့၏ အမြုတေစိတ်ဝိညာဥ်ကလည်း ထိခိုက်ခံစားရတာ သို့မဟုတ် ဒဏ်ရာရရှိတာပင် ဖြစ်နိုင်လေသည်။

အမြုတေစိတ်ဝိညာဥ် ဒဏ်ရာများက ကုသဖို့အတွက် ခက်ခဲလေသည်။ အဲ့ဒါက ကျင့်ကြံသူတစ်ယောက်၏ အနာဂတ်ကျင့်ကြံရေးလမ်းကြောင်းမှာ ကြီးမားသည့် အဟန့်အတားတစ်ခု ဖြစ်လာပေလိမ့်မည်။

ဥပမာအားဖြင့် အသွန်းတစ်ရာဂိုဏ်းမှာတုန်းက တာအိုအရှင်အင်မော်တယ်ဓားနှင့် တာအိုအရှင်အဆုံးစွန်မီးတို့ တိုက်ခိုက်ကြသောအခါ နှစ်ဖက်စလုံးသည် အမှန်တကယ်ပင် ဒေါသထွက်နေပြီး သူတို့၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသခန္ဓာကိုယ်များကိုပင် ထုတ်ဖော်ခဲ့ကြလေသည်။ သို့သော်လည်း သူတို့သည် အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်များကို အသုံးပြုခဲ့ခြင်းမရှိပေ။

သူတို့သည် သူတို့အတွက် နောက်ဆုံးထွက်ပေါက်တစ်ခုကို ချန်ထားခြင်းဖြစ်လေသည်။

တာအိုအရှင်ပျက်စီးခြင်းကောင်းကင်နှင့် အခြားသူများသည် အဆူရာက တိုက်ပွဲစတင်ပြီး မကြာမီမှာပင် အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်တစ်ခုကို ရုတ်တရက် ထုတ်ဖော်လာလိမ့်မည်ဟု ထင်မှတ်မထားကြပေ။

အဆူရာ၏ သတ်ဖြတ်လိုစိတ်က ကြောက်စရာကောင်းလေသည်။ ဒါ့အပြင် အဆူရာ၏ အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်သည် ကြောက်စရာကောင်းလွန်းပြီး ကိုယ်တော်လျောင်မင်းကို ချက်ချင်းပင်သတ်ဖြတ်လိုက်နိုင်လိမ့်မည်ဟု သူတို့က ထင်မှတ်မထားပေ။

“တကယ့်ကို တဇောက်ကန်းပဲ... “

တာအိုအရှင်တိမ်လွှာမိုးစက်က စိတ်ထဲကနေကျိန်ဆဲလိုက်လေသည်။

သူသည် အစကတော့ သူ့ကိုယ်သူကာကွယ်ရင်း ပြပွဲကို စောင့်ကြည့်ဖို့ ရည်ရွယ်ထားလေသည်။

သို့သော် ယခုအခါမှတော့ အဆူရာသည် သူ၏အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်ကိုပင် ထုတ်ဖော်လာပြီဖြစ်ပြီး ထိုစိတ်ဝိညာဥ်အသိစိတ်သွေးဆေဘာက သူ့ဘက်သို့ လှည့်လာမည်ကို သူက စိုးရိမ်လာခဲ့လေသည်။

အခြားသူများကာ ထိုကဲ့သို့သော တစ်စုံတစ်ရာကို ပြုလုပ်ချင်မှ ပြုလုပ်မည်ဖြစ်သော်လည်း အဆူရာကတော့ သေချာပေါက်ပြုလုပ်နိုင်လေသည်။

တာအိုအရှင်တိမ်လွှာမိုးစက်၏ ခန္ဓာကိုယ်ထဲမှ မြူခိုးများက တလိပ်လိပ်ထွက်လာပြီး ဝင်ရောက်လာသော အရိုးစုများကို တွန်းဖယ်ထုတ်လိုက်လေသည်။ သူက ငရဲခန်း၏ ဘေးဘက်သို့ရောက်ရှိသွားပြီး သူ၏လက်ဝါးကိုမြှောက်၍ ရိုက်ချလိုက်လေသည်။

ဘုန်း...

ငရဲခန်းက သူ၏လက်ဝါး​ဖြင့် ထိုးဖောက်ခြင်းခံလိုက်ရလေသည်။

ဖျတ်ကနဲဆို တာအိုအရှင်တိမ်လွှာမိုးစက်က အဝေးတစ်နေရာသို့ ပြေးထွက်သွားခဲ့လေသည်။

သူသည် ဤအဆင့်သို့ ကျင့်ကြံထားခဲ့ပြီဖြစ်ပြီး အမှားအယွင်းတစ်စုံတစ်ရာမရှိဘူးဆိုလျှင် သူသည် ပေါင်းစည်းခန္ဓာအဆင့်သို့ သေချာပေါက်တက်လှမ်းနိုင်ပေလိမ့်မည်။ သူသည် မည်မည်ရရ အကြောင်းအရင်းမရှိပဲ ရက်စက်ကြမ်းကြုတ်သော အဆူရာကို ရန်စလိုစိတ် အမှန်တကယ်ပင် မရှိပေ။

All Chapters