← Chapters

နှလုံးသားမဲ့‌ ဓားသမား

Vol. 66 Ch. 984

နှလုံးသားမဲ့‌ ဓားသမား

Vol. 66 Ch. 984

ဘုန်း..

ချင်ဖျန်ရန်သည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပစ်ကျသွားပြီး သူမ၏ ဒဏ်ရာများက ပိုမိုဆိုးဝါးလာလေသည်။ သူမ၏ အရွတ်များနှင့် အရိုးများက ကွဲကြေပျက်စီးကုန်ပြီဟု ထင်ရလေသည်။

သို့သော်လည်း.. သူမသည် မည်သည့်အရာကိုမှ မခံစားရသည့်အလား ထုံထိုင်းနေခဲ့လေသည်။

သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ နာကျင်မှုများက သူမ နှလုံးသားထဲရှိ နာကျင်မှုများနှင့် ဘယ်လိုလုပ် နှိုင်းယှဉ်နိုင်ပါ့မလဲ။

သူမသည် အကောင်းဆုံး ကြိုးစား၍ သူမ၏ ခန္ဓာကိုယ်အပေါ်ပိုင်းကို ထူမတ်ထားဆဲ ဖြစ်လေသည်။ သူမ၏ လှပသော မျက်လုံးများက တဖြည်းဖြည်း ပျောက်ကွယ်လာနေသော ဓားအလင်းတန်းကို မျက်တောင်မခတ်တမ်း ငေးကြည့်နေလေသည်။ သူမ၏ မျက်လုံးထဲတွင် မကျေမချမ်းဖြစ်ခြင်း၊ စိတ်ပျက်လက်ပျက်ဖြစ်ခြင်း၊ နာကျင်မှုနှင့် ရုန်းကုန်ခြင်းတို့က ရှိနေလေသည်။

နောက်ဆုံးမှာတော့ သူမ၏ စိတ်ခံစားချက်များ အားလုံးသည် ပျောက်ကွယ်သွားပြီး သူမ၏ မျက်နှာပေါ်တွင် ဗလာကျင်းနေသော အမူအရာတစ်ခုသာလျှင် ကျန်ရှိခဲ့လေသည်။

သူမ၏ လှပသော မျက်လုံးထဲရှိ ရွှန်းစိုမှုက တဖြည်းဖြည်း မှိန်ကျသွားပြီး အသက်မဲ့သွားခဲ့လေသည်။

ထိုသည်ကို မြင်သောအခါ ဆူဇီမိုက စိတ်ထဲကနေ သက်ပြင်းချလိုက်လေသည်။

တကယ်တမ်း နှလုံးသားမဲ့သူမှာ အဆူရာ မဟုတ်ဘဲ တာအိုအရှင် အင်မော်တယ်ဓား ဖြစ်လေသည်။

အသွန်းတစ်ရာဂိုဏ်းမှ တိုက်ပွဲအပါအဝင် ချင်ဖျန်ရန်သည် တာအိုအရှင် အင်မော်တယ်ဓား၏ အသက်ကို နှစ်ကြိမ်ကယ်တင်ခဲ့လေသည်။

တစ်ဂိုဏ်းတည်းသားများအဖြစ် နှစ်ပေါင်းများစွာ နေထိုင်လာခဲ့သော သူတို့၏ ပတ်သက်ဆက်နွယ်မှု မရှိလျှင်တောင်.. တာအိုအရှင် အင်မော်တယ်ဓားသည် ချင်ဖျန်ရန်အပေါ် မည်သည့် စိတ်ခံစားချက်မှ မရှိလျှင်တောင်.. သူမသည် သူ့အသက်ကို နှစ်ကြိမ်တိုင်တိုင် ကယ်တင်ခဲ့ခြင်းက သူ၏ခြေလှမ်းကို ရပ်တန့်ပြီး နောက်ဆက်တွဲ အကျိုးဆက်များကို လျစ်လျူရှုကာ သူမကို ကယ်တင်ရန် ကြိုးစားပေးဖို့ လုံလောက်လေသည်။

သို့သော်လည်း.. တာအိုအရှင် အင်မော်တယ်ဓားက ထိုသို့မလုပ်ခဲ့ပေ။

သူသည် ချင်ဖျန်ရန်အတွက် သူ၏ အေးစက်နေသော နောက်ကျောမြင်ကွင်းတစ်ခုကိုသာ ချန်ထားခဲ့လေသည်။

ကပြောင်းကပြန် ဖြစ်ရသည်မှာ အဆူရာသည် မိစ္ဆာဂိုဏ်းများမှ တစ်စုံတစ်ယောက်ဖြစ်ပြီး တာအိုအရှင် အင်မော်တယ်ဓားက အင်မော်တယ်ဂိုဏ်းများမှ တစ်စုံတစ်ယောက် ဖြစ်လေသည်။

ဘယ်သူက အင်မော်တယ်လဲ။ ဘယ်သူက မိစ္ဆာလဲ။

ယန်ပေးချန်၏ ခုတ်ချက်သည် တာအိုအရှင် အင်မော်တယ်ဓားကို မထိခိုက်စေသောအခါ.. သူသည် လိုက်လံဖမ်းဆီးချင်သော်လည်း ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ရပ်တန့်လိုက်လေသည်။

ဓားစတေးထွက်ပြေးခြင်း နည်းစနစ်က ၎င်း၏ အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့လေပြီ။

သူ၏ လှုပ်ရှားခြင်း နည်းစနစ်အရ ထိုသူကို လိုက်မီဖို့က မဖြစ်နိုင်သလောက်ပင်။

တစ်ချိန်တည်းမှာပင်.. တိုက်ပွဲနယ်မြေ၏ အခြားတစ်ဖက်တွင် အဆူရာ ဓမ္မခန္ဓာကိုယ်သည် ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ ခန္ဓာကိုယ်သုံးခုကို ပိုင်းဖြတ်ပြီးနောက်.. အဆက်မပြတ် ပြေးလိုက်သွားခဲ့လေသည်။

ဘန်း.. ဘုန်း.. ဘုန်း..

အဆူရာ ဓမ္မခန္ဓာကိုယ် ဖြတ်သွားရာတစ်လျှောက် မြေပြင်က တုန်ခါသွားခဲ့လေသည်။

အဆူရာ ဓမ္မခန္ဓာကိုယ်သည် ပေရှစ်ဆယ်ကျော် မြင့်မားပြီး ခြေလှမ်းကျဲကြီးများဖြင့် အရမ်းမြန်ဆန်လေသည်။ သိပ်မကြာမီ ၎င်းက ကိုယ်တော်ခုံးဝမ်ကို လိုက်မီသွားခဲ့လေသည်။

၎င်းက သူ၏ သွေးရောင်ဆေဘာကို လွှဲယမ်းလိုက်လေသည်။

ဖောင်း..

ချက်ချင်းပင်.. ကတုံးပြောင် ဦးခေါင်းတစ်ခုက လေထဲသို့ မြောက်တက်လာပြီး အထဲမှာရှိသော အမြုတေစိတ်ဝိညာဉ်ကပါ ဖျက်ဆီးခံလိုက်ရလေသည်။

ကိုယ်တော်ခုံးဝမ်က သေဆုံးသွားခဲ့လေပြီ..။

ဘန်း.. ဘန်း..

အဆူရာ ဓမ္မခန္ဓာကိုယ်သည် နောက်ထပ် ခြေတစ်လှမ်းလှမ်းပြီးနောက် နောက်ထပ် လူတစ်ယောက်ကို လိုက်မီသွားကာ ထိုသူ၏ဦးခေါင်းကို ခုတ်ပိုင်းချလိုက်လေသည်။

တာအိုအရှင်မီးတိမ်သည် သူ၏ မူပိုင်ဓမ္မလက်နက်ကို ဆင့်ခေါ်‌ပြီး ဟိန်းဟောက်၍ ခုခံချင်ခဲ့လေသည်။

သို့သော်လည်း.. ပေရှစ်ဆယ်ကျော် မြင့်မားပြီး သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေသော အဆူရာ ဓမ္မခန္ဓာကိုယ်နှင့် ရင်ဆိုင်ရချိန်တွင် သူက ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ အရေးမပါ အရာမရောက်တော့ပေ။ သူ၏ လှုပ်ရှားမှုသည် ရထားလုံးကို တားဆီးဖို့ ကြိုးစားနေသော နှံကောင်တစ်ကောင်နှင့် တူနေလေသည်။

ဘုန်း..

နှစ်ဖက်စလုံးက ကျယ်လောင်စွာဖြင့် ထိတွေ့ရိုက်ခတ်လိုက်ကြလေသည်။

ကြောက်စရာကောင်းသည့် စွမ်းအားတစ်ခုက တာအိုအရှင်မီးတိမ်၏ ခန္ဓာကိုယ်ထဲသို့ တလိပ်လိပ် တိုးဝင်လာပြီး သူ၏ခန္ဓာကိုယ်ကို ပေါက်ကွဲထွက်စေကာ သူ၏ အမြုတေစိတ်ဝိညာဉ်ကပါ နေရာမှာတင် ဖျက်ဆီးခံလိုက်ရလေသည်။

အဆူရာ ဓမ္မခန္ဓာကိုယ်သည် မြောက်များလှစွာသော သွေးချီများနှင့်အတူ ရှေ့သို့ လျှောက်လှမ်းလာပြီး မကြာခင် နောက်ဆုံးလူကို ဖမ်းမိသွားခဲ့လေသည်။ ကောင်းကင်စင်ရော်ဂိုဏ်း၏ တာအိုအရှင် ပျက်စီးခြင်းကောင်းကင်..။

တာအိုအရှင် ပျက်စီးခြင်းကောင်းကင်သည် သူက မလွတ်မြောက်နိုင်တော့ဘူးဆိုတာ သိလိုက်ပြီး တစ်ဘက်သို့လှည့်၍ အဆူရာ ဓမ္မခန္ဓာကိုယ်ကို ထိပ်တိုက်ရင်ဆိုင်လိုက်လေသည်။

ဘန်း.. ဘန်း.. ဘန်း..

သူတို့၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ ခန္ဓာကိုယ်များ မရှိဘဲ သူတို့၏ ဓမ္မပညာရပ်များနှင့် သွေးချီသည် အဆူရာ ဓမ္မခန္ဓာကိုယ်၏ သတ်ဖြတ်ခြင်း စွမ်းအားကို ခုခံနိုင်ခြင်း မရှိချေ။

အချက်ရေ အနည်းငယ် ထိတွေ့ရိုက်ခတ်ပြီးနောက်.. တာအိုအရှင် ပျက်စီးခြင်းကောင်းကင်သည် ဒဏ်ရာများဖြင့် ပြည့်နှက်လာပြီး သူ၏စိတ်ဓာတ်က ကျဆင်းသွားခဲ့လေသည်။ သူ၏မျက်လုံးက အကန့်အသတ်မဲ့သော မကျေမချမ်းမှုများဖြင့် ပြည့်နှက်လာပြီး ဟိန်းဟောက်လိုက်လေသည်။

“အဆူရာ.. ဘာလို့လဲ.. ဘာလို့ မင်းက ငါတို့ကို သတ်တာလဲ”

ယန်ပေးချန်၏ အမူအရာက အေးစက်နေပြီး သူ့ထံမှ အသံတစ်ချက်မှ ထွက်မလာပေ။ သူက အဲဒါကို လုံးဝ အရေးမလုပ်ပေ။

သိပ်မကြာမီ.. တာအိုအရှင် ပျက်စီးခြင်းကောင်းကင်၏ ခန္ဓာကိုယ်သည် နှစ်ပိုင်းပြတ်ထွက်သွားပြီး စူးစူးဝါးဝါး အော်ဟစ်ကာ သေဆုံးသွားရလေသည်။ သူ၏ ခန္ဓာကိုယ်နှင့် အမြုတေစိတ်ဝိညာဉ် နှစ်ခုစလုံးက ပျက်သုဉ်းသွားခဲ့ရလေပြီ။

ထိုအခိုက်အတန့်မှသာလျှင်.. ယန်ပေးချန်၏ မျက်နှာပေါ်တွင် ပင်ပန်းနွမ်းလျမှု အရိပ်အယောင်များက ပေါ်ထွက်လာခဲ့လေသည်။

ဤတိုက်ပွဲက သူ၏ ကိုယ်ကာယနှင့် မနောစွမ်းအင်အပြင် သူ၏ ဓမ္မစွမ်းအားများစွာကို ကုန်ခမ်းသွားစေခဲ့လေသည်။

ဤတိုက်ပွဲအပြီး၌ အဆူရာ ဓမ္မခန္ဓာကိုယ်သည်လည်း အပေါက်များဖြင့် ပြည့်နှက်နေခဲ့လေပြီ။ သေဆုံးသွားသော တာအိုအရှင်များ ကျန်ခဲ့သည့် သိုလှောင်အိတ်များနှင့် မူပိုင်ဓမ္မလက်နက်အချို့ကို သိမ်းဆည်းပြီးနောက်.. ဓမ္မဝိသေသ ခန္ဓာကိုယ်က တဖြည်းဖြည်း ပျက်ပြယ်သွားခဲ့လေသည်။

ယန်ပေးချန်သည် ဆေးလုံး လက်တစ်ဆုပ်ကို ထုတ်ယူပြီး သူ၏ပါးစပ်ထဲသို့ ပစ်ထည့်လိုက်လေသည်။ သူ၏ အသက်ရှူသံကို ခဏကြာ ထိန်းညှိပြီးနောက် သူ၏ အမူအရာက ပုံမှန်အတိုင်း ပြန်ဖြစ်လာခဲ့လေသည်။

ဆူဇီမိုက ထွက်ပေါ်လာပြီး လျှောက်လှမ်းသွားခဲ့လေသည်။

“ကျေးဇူးတင်ပါတယ်.. စီနီယာ”

ဆူဇီမိုက ယန်ပေးချန် ရှေ့သို့ ရောက်ရှိလာပြီး အလေးအနက် ဦးညွတ်လိုက်လေသည်။

ဆူဇီမိုကို မြင်သောအခါ ယန်ပေးချန်က အံ့အားသင့်မသွားပေ။ သူ၏ ကျင့်ကြံမှုအဆင့်အရ တစ်စုံတစ်ယောက် အနီးအနားတွင် ရှိနေသည်ကို အာရုံခံမိထားသည်မှာ ကြာခဲ့လေပြီ။

“ရပါတယ်ကွာ”

ယန်ပေးချန်က ဆူဇီမို၏ ပခုံးကိုပုတ်ပြီး ဂရုမထားဟန်ဖြင့် ပြောလိုက်လေသည်။

“မင်းကလည်း ဆန်းကြယ်တောင်ထွတ်က လာခဲ့တာပဲ.. မင်းက အလယ်ပိုင်းတိုက်မှာ အားထားစရာ တစ်ယောက်ယောက် မရှိမှတော့ မင်းကို အနိုင်ကျင့်ဖို့လာတဲ့ ဒီဓမ္မဝိသေသ တာအိုအရှင်တွေကို ငါက တားဆီးပေးရမှာပေါ့”

ထိုစကားကို ကြားသောအခါ ဆူဇီမိုသည် ရင်ထဲမှာ ထိသွားခဲ့လေသည်။

“စီနီယာ.. ခင်ဗျားရဲ့ ဒဏ်ရာတွေက.. “

ယန်ပေးချန်သည် ဓမ္မဝိသေသ တာအိုအရှင် ငါးယောက်၏ အမြုတေစိတ်ဝိညာဉ်များနှင့် ရင်ဆိုင်တိုက်ခိုက်ပြီးနောက်.. သိသိသာသာ ဒဏ်ရာရရှိသွားပုံရသည်ကို ဆူဇီမိုက သတိထားမိခဲ့လေသည်။

“အဲဒါလေးတွေက ဒဏ်ရာ အသေးအဖွဲ့လေးတွေပါ.. ဘာမှမဟုတ်ဘူး”

ယန်ပေးချန်က လက်ကာပြပြီး စိုးရိမ်စရာ မလိုဟန်ဖြင့် သာမန်ကာလျှံကာ ပြောလိုက်လေသည်။

ခဏမျှ ရပ်တန့်ပြီးနောက်.. ယန်ပေးချန်သည် မလှမ်းမကမ်းတွင် လဲကျနေသော ချန်ဖျန်ရန်ကို ကြည့်လိုက်လေသည်။

“သူမက ငါတို့ပြောတာတွေကို ကြားသွားပြီ.. ငါတို့က သူမကို အသက်ရှင်ခွင့် ပေးလို့မရဘူး”

ထိုသို့ပြောပြီးသည်နှင့် ယန်ပေးချန်သည် သူ့လက်ထဲရှိ အဆူရာဆေဘာကို လှည့်ကာ ချင်ဖျန်ရန်ကို နေရာမှာတင် သတ်ဖြတ်ဖို့ ပြင်လိုက်လေသည်။

“အဲ့လိုလုပ်စရာ မလိုပါဘူး”

ဆူဇီမိုက ခေါင်းခါပြလိုက်လေသည်။

“ခင်ဗျားရဲ့ စေတနာကို ကျုပ်နားလည်ပါတယ် စီနီယာ”

ဒီတစ်ခေါက်တွင်.. ယန်ပေးချန်သည် တာအိုအရှင် အင်မော်တယ်ဓားနှင့် အခြားသူများကို အမဲလိုက် သတ်ဖြတ်ခဲ့သည်ဆိုသော သတင်းက ကျင့်ကြံရေးလောကတစ်ခုလုံးသို့ ပျံ့နှံ့သွားဖို့ သိပ်ကြာလိမ့်မည် မဟုတ်ပေ။ အသွန်းတစ်ရာဂိုဏ်းမှာတုန်းက သူသည် ဆူဇီမိုကို မသိချင်ယောင်ဆောင်ခဲ့ရခြင်းမှာ သူသည် ဆူဇီမိုကို ဤပြဿနာထဲ ဆွဲသွင်းမိမည်ကို စိုးရိမ်သောကြောင့် ဖြစ်လေသည်။

သူက ချင်ဖျန်ရန်ကို သတ်ဖြတ်ချင်သည်မှာလည်း သူမကို ထိုကိစ္စနှင့် ပတ်သက်၍ နှုတ်ပိတ်ချင်သောကြောင့် ဖြစ်လေသည်။

ဆူဇီမိုက ပြောလိုက်လေသည်။

“စီနီယာ.. ကျုပ်က ပြဿနာတွေ အများကြီး ရှာခဲ့ပြီးပြီ.. နောက်ထပ် နည်းနည်းပါးပါး ထပ်ပေါင်းထည့်လိုက်လို့ ဘာမှ ထူးခြားမသွားတော့ဘူး.. ဒီဖြစ်ရပ် မရှိခဲ့ရင်တောင် ဖြစ်လာမယ့်အရာတွေက နောက်ဆုံးမှာ ဖြစ်လာမှာပဲ”

ယန်ပေးချန်က သူ၏ခေါင်းကို ခါလိုက်လေသည်။

“အခုဆိုရင် မင်းက အဆုံးစွန်မီးရဲ့ တပည့်တစ်ယောက် ဖြစ်နေပြီ.. ငါကတော့ မိစ္ဆာဂိုဏ်းက အဆူရာတစ်ယောက်.. အင်မော်တယ်နဲ့ မိစ္ဆာတွေက အတူယှဉ်တွဲ နေထိုင်လို့မရဘူး.. နောက်ပြီး ငါ့မှာက ရန်သူတွေ အများကြီးပဲ.. ငါနဲ့ တရင်းတနှီးနေဖို့က မင်းအတွက် မကောင်းနိုင်ဘူး”

“ဟားဟားဟားဟား”

ထိုသည်ကို ကြားသောအခါ ဆူဇီမိုက ရယ်မော၍ အော်ပြောလိုက်လေသည်။

“စီနီယာ.. ကျုပ်က အခုဆို ဒီလောကမှာ မိစ္ဆာသားရဲတစ်ကောင်ဆိုပြီး နာမည်ကြီးနေပြီ.. ကျုပ်က မိစ္ဆာဂိုဏ်းက တစ်စုံတစ်ယောက်နဲ့ တရင်းတနှီးနေမယ်ဆိုရင်ရော ဘာကိုကြောက်နေရဦးမှာလဲ”

ဆူဇီမိုသည် မာန်မာနဖြင့် ပြည့်နှက်လာခဲ့လေသည်။

“စီနီယာ.. ဒီနေ့ ခင်ဗျားရဲ့ အကူအညီကို ကျုပ်မှတ်ထားတယ်.. ခင်ဗျားမှာ ရန်သူတွေ အများကြီး ရှိနေတာကို မပြောနဲ့.. တစ်နေ့မှာ ခင်ဗျားက တစ်လောကလုံးနဲ့ တစ်ယောက် ရင်ဆိုင်ရရင်တောင် ကျုပ်က ခင်ဗျားဘက်ကနေ ရပ်တည်ပေးမှာ”

ထိုစကားသည် အလွန်တရာ ရဲဝံ့ပြီး ယန်ပေးချန်ပင်လျှင် စိတ်လှုပ်ရှားသွားရလေသည်။ ထိုစကားကို ကြားသောအခါ သူက အားမာန်တက်ကြွလာခဲ့လေသည်။

“ဟုတ်ပြီလေ”

ယန်ပေးချန်ကလည်း မည်သည့်အချုပ်အနှောင်မှ မရှိဘဲ လွတ်လွတ်လပ်လပ် နေထိုင်တတ်သူတစ်ယောက် ဖြစ်လေသည်။

“ဒီလိုဆိုမှတော့လည်း မင်းက ငါ့ကို စီနီယာတွေ ဘာတွေ ခေါ်နေစရာ မလိုတော့ဘူး.. အဲဒီ သောက်အဓိပ္ပာယ်မရှိတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ဓလေ့ထုံးတမ်းတွေကို ငါအမုန်းဆုံးပဲ”

“ငါက မင်းထက် အသက်နည်းနည်းပဲ ကြီးတာဆိုတော့ နောက်ကျရင် ငါတို့က တစ်ယောက်ကိုတစ်ယောက် ညီအစ်ကိုတွေလို့ပဲ ခေါ်ကြရအောင်”

ဆူဇီမို၏ သွေးများက ဆူပွက်လာပြီး သူက ချက်ချင်းပင် သဘောတူလိုက်ချင်လေသည်။ သို့သော်လည်း သူက တွေဝေတုံ့ဆိုင်းနေပြီးနောက် ပြောလိုက်လေသည်။

“ကျုပ်ရဲ့ ကျင့်ကြံမှုအဆင့်က အရမ်း..”

ကျင့်ကြံရေးလောကတွင် ညီအစ်ကိုရင်းချာကဲ့သို့ ဖြစ်လာကြသော ကျင့်ကြံသူများစွာ ရှိကြလေသည်။

သို့သော်လည်း ဤကျင့်ကြံသူများအကြား ကျင့်ကြံမှုအဆင့် ကွာဟချက်က သိပ်ပြီးမကြီးမားပေ။

ယန်ပေးချန်နှင့် ဆူဇီမိုမှာဆိုလျှင်တော့ တစ်ယောက်က နိုးထဝိညာဉ်ဖြစ်ပြီး အခြားတစ်ယောက်က ဓမ္မဝိသေသ ဖြစ်လေသည်။

ယန်ပေးချန်သည် ဆူဇီမို၏ ဆရာဖြစ်ဖို့ပင် လုံလောက်တာထက် ပိုလေသည်။ သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ညီအစ်ကိုများအဖြစ် ခေါ်ဆိုကြဖို့က အတော်လေး ကြောင်တိကြောင်တောင် နိုင်လေသည်။

“ဟမ်.. “

ယန်ပေးချန်က အနည်းငယ် မကျေမနပ်ဖြစ်သွားလေသည်။

“ညီလေးဆူ.. မင်းက ဘာတွေပြောနေတာလဲ.. ငါက တစ်ယောက်ယောက်နဲ့ ညီအစ်ကိုဖြစ်ချင်တယ်ဆိုရင် သူ့ရဲ့ ကျင့်ကြံမှုအဆင့်ကို ဘယ်တော့မှ ထည့်မတွက်ဘူး.. မင်းက နိုးထဝိညာဉ်တစ်ယောက် ဖြစ်နေတာကို မပြောနဲ့.. မင်းက မော်တယ်တစ်ယောက်ဆိုရင်တောင် ဘာအရေးလဲ”

ဆက်လက်၍ တွေဝေတုံ့ဆိုင်းခြင်း မရှိတော့ဘဲ ဆူဇီမိုက သူ၏လက်သီးနှစ်ဖက်ကို ယှက်ကာ ပြုံးလိုက်လေသည်။

“အစ်ကိုယန်”

“ညီလေးဆူ”

ယန်ပေးချန်၏ အေးစက်စက် မျက်လုံးထဲတွင် နွေးထွေးမှု တချို့က ဝင်ရောက်လာပြီး အော်ခေါ်လိုက်လေသည်။

သူတို့နှစ်ယောက်စလုံးသည် အကြည့်ချင်းဖလှယ်ပြီးနောက်.. ပြုံးလိုက်ကြလေသည်။

All Chapters