← Chapters

သီယင်း၏ လက်ခံမှု

Vol. 66 Ch. 986

သီယင်း၏ လက်ခံမှု

Vol. 66 Ch. 986

“နင်က လက်လျှော့လိုက်ပြီလား...”

တစ်လအတွင်း ပထမဆုံးအကြိမ်အဖြစ် ယန်ပေးချန်သည် အေးစက်၍ နှလုံးသားကင်းမဲ့သောပုံစံဖြင့် ချင်ဖျန်ရန်ကို မေးလိုက်လေသည်။

သို့သော်လည်း ယန်ပေးချန်က သူမကို ကယ်တင်နေခြင်းဖြစ်ကြောင်း ဆူဇီမိုသိလေသည်။

ယန်ပေးချန်က တကယ်တမ်း သွေးအေးရက်စက်ပြီး နှလုံးသားကင်းမဲ့သည်ဆိုလျှင် သူက ဘာမှလုပ်စရာပင် မလိုပေ။

သူက ချင်ဖန်ရန်ကို ပစ်ထားခဲ့သည်နှင့် သူမသည် သူမကိုယ်သူမ ခုခံကာကွယ်ရမည်ဖြစ်ပြီး သိပ်ကြာကြာ တောင့်ခံနိုင်လိမ့်မည်မဟုတ်ပေ။

သူ့အနေဖြင့် လှိုက်ဂူတစ်ခုကို တူးထုတ်၍ တစ်လကြာသည်အထိ စောင့်ဆိုင်းနေစရာမလိုအပ်ပေ။

ချင်ဖျန်ရန်သည် ဗလာကျင်းနေသောအမူအရာဖြင့် တစ်စုံတစ်ရာကို ပြောချင်သည့်အလား သူမ၏ပါးစပ်ကို အနည်းငယ်ဖွင့်ဟလိုက်လေသည်။ သို့သော်လည်း သူမ၏ လည်ချောင်းက ခြောက်ကပ်၍ အက်ကွဲနေလေသည်။

သူမ၏ နှုတ်ခမ်းများက ခြောက်သွေ့၍ ကြွပ်ဆက်ဆက်ဖြစ်နေလေသည်။

အနည်းငယ်လှုပ်ရှားလိုက်ရုံမျှဖြင့် သူမ၏နှုတ်ခမ်းက ကွဲထွက်သွားပြီး သွေးများက စီးကျလာခဲ့လေသည်။

ချင်ဖျန်ရန်က သူမ၏နှုတ်ခမ်းကို စုဝိုင်းပြီး သူမ၏သွေးများကို မြိုချလိုက်လေသည်။ သူမ၏လည်ချောင်းက အနည်းငယ်သက်သာသွားပုံရပြီး သူမက တိုးတိတ်စွာပြောလိုက်လေသည်။

“သူက ကျွန်မဘယ်မှာရှိလဲ မသိလို့ မရောက်လာတာနေမှာပေါ့...”

ဆူဇီမိုသည် ထိုအကြောင်းပြချက်ကို လက်မခံချင်ပေ။

ချင်ဖျန်ရန်ပင်လျှင် သူမစကားကိုသူမ ယုံကြည်ဟန်မရပေ။

အကြောင်းမှာ ထိုစကားကို သူမပြောလိုက်သည့်အချိန်တွင် သူမ၏ မျက်လုံးထဲတွင် ခံစားချက်အတက်အကျ သို့မဟုတ် မည်သည့်အလင်းရောင်မှ ရှိမနေပေ။

လွန်ခဲ့သည့်တစ်လကဆိုလျှင် ယန်ပေးချန်သည် လှောင်ရယ်၍ သူမကို ရူးမိုက်သော အမျိုးသမီးတစ်ယောက်ဟု ပြောဆိုကောင်းပြောဆိုပေလိမ့်မည်။

သို့သော်လည်း ထိုအခိုက်အတန့်တွင် ယန်ပေးချန်က တည်တံ့နေပြီး ချင်ဖျန်ရန်ကို ပြောလိုက်လေသည်။

“လွန်ခဲ့တဲ့ ရက် ၂၀ ကငါအပြင်ကို ထွက်ပြီးတော့ ငါ့လက်ထဲမှာ မင်းရှိတဲ့အကြောင်း သတင်းလွှင့်ခဲ့တယ်”

ချင်ဖန်ရန်၏ နှလုံးသားက နာကျင်ကိုက်ခဲသွားလေသည်။

ယန်ပေးချန်၏စကားလုံးများက သူမ၏ နောက်ဆုံးမျှော်လင့်ချက် အမျှင်တန်းကို ရက်ရက်စက်စက်ချေမွဖျက်ဆီးပစ်လိုက်လေသည်။

တစ်လတာ ကုန်ဆုံးသွားခဲ့ပြီး မည်သူကမှ ရောက်မလာခဲ့ပေ။

အဆူရာက သူမ၏သတင်းကို ထုတ်လွှင့်ပေးခဲ့တာတောင် မည်သူကမှရောက်မလာခဲ့ပေ။

ထိုစဥ်မှာပင် လိုဏ်ဂူခန်းဝါ၏ အပြင်ဘက်တွင် အဝတ်စလေတိုးသံများထွက်ပေါ်လာပြီး ကျင့်ကြံသူ ဆယ်ယောက်ကျော်က သူတို့ရှေ့ကနေ ဖြတ်သန်းလာကြလေသည်။

ကျင့်ကြံသူများထဲတွင် နှစ်ယောက်သည် မူလနတ္ထိအဆင့်များဖြစ်လေသည်။ တစ်ယောက်က ဝပြီး တစ်ယောက်က ပိန်လေသည်။

ကျန်ရှိနေသော ကျင့်ကြံသူများကတော့ နိုးထဝိညာဥ်များနှင့် ရွှေအမြုတေများဖြစ်ကြလေသည်။

ဝင်ပေါက်ဝတွင် ဆူဇီမိုခင်းကျင်းထားသော ဝင်္ကပါက အတော်လေးကောင်းမွန်ပြီး အပြင်ဘက်မှကျင့်ကြံသူများသည် ဤလိုဏ်ဂူခန်းဝါကို ရှာဖွေတွေ့ရှိလိမ့်မည်မဟုတ်ပေ။ သို့သော်လည်း အထဲမှာရှိသောလူများကတော့ အပြင်ဘက်ရှိအရာရာတိုင်းကို ရှင်းလင်းစွာမြင်နေရလေသည်။

“မကြာသေးခင်က ကြိးကြီးမားမားကိစ္စတွေက တစ်ခုပြီးတစ်ခု ဖြစ်ပျက်ခဲ့တာပဲ... “

ရှေ့ကနေဦးဆောင်လာသော လူဝတာအိုသက်ရှိက ရေရွတ်ပြောဆိုလိုက်လေသည်။

“ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲမှာ ပြန်ဝင်စားမွန်းစတားဆူဇီမိုက ပြန်ရောက်လာပြီးတော့ ပြိုင်စံရှားတွေကို တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်ခဲ့တယ်.. အဲ့ဒီနောက် တာအိုအရှင်အတော်များများက သူ့ကိုထုတ်ပေးဖို့အတွက် အသွန်းတစ်ရာဂိုဏ်းကို သွားရောက်တောင်းဆိုခဲကြတယ်.. အဲ့ဒီအချိန်မှာ တာအိုအရှင်အဆုံးစွန်မီးက ထွက်လာတော့တာပဲ... သူက လွန်ခဲ့တဲ့နှစ်ငါးထောင်က ပညာရှင်တစ်အယောက်လေ.”

“အဲ့ဒီနောက်.. ဘာတွေဖြစ်သွားလဲ”

ကျင့်ကြံသူတစ်ယောင်က စပ်စုလိုစိတ်ဖြင့် မေးလိုက်လေသည်။

လူပိန်တာအိုသက်ရှိက ပြောလိုက်လေသည်။

“တာအိုအရှင်တွေအားလုံးက မချေမငံဆက်ဆံခံရပြီးတော့ ဘာမှမတတ်နိုင်ပဲ ထွက်သွားကြရတာပဲ... လမ်းမှာသူတို့က အဆူရာဂိုဏ်းက မည်ကာမတ္တတပည့် တာအိုအရှင်အဆူရာနဲ့ သွားတိုးတော့တာပဲ... သူဘယ်သူလဲ သိလား... သူက သွေးအေးရက်စက်ပြီးတော့ သွေးဆာနေတဲ့ မိစ္ဆာတစ်ကောင်ပဲ... အဲ့ဒါက အရမ်းကိုကြောက်စရာကောင်းတဲ့ တိုက်ပွဲတစ်ပွဲဖြစ်ခဲ့တယ်”

“အဆူရာက တာအိုအရှင်အင်မော်တယ်ဓားနဲ့ အခြားသူတွေကို ဘာလို့လာရှာရတာလဲ...”

“ဘယ်သူသိမလဲ... အဲ့ဒီအဆူရာက မိုက်ရူးရဲ တစောက်ကန်းပဲ.. သူဘာကြံနေလဲ ဘယ်သူသိနိုင်ပါ့မလဲ... သူက ဓမ္မဝိသေသအဆင့်ကို ဝင်ရောက်ခါစမို့လို့ သူ့ဆေဘာကိုစမ်းဖို့အတွက် တစ်ယောက်ယောက်ကို လိုက်ရှာနေတာနေမှာပေါ့”

“အဆူရာက ဆူဇီမိုနဲ့ ပတ်သက်ဆက်နွယ်မှုရှိတယ်လို့လည်း ငါကြားတယ်... သူက ဆူဇီမိုကြောင့် တာအိုအရှင်အင်မော်တယ်ဓားနဲ့ အခြားသူတွေကို အမဲလိုက်တာလည်း ဖြစ်နိုင်တယ်”

ကျင့်ကြံသူမျက စိတ်လှုပ်ရှား ထက်သန်စွာဖြင့် ဆွေးနွေးနေကြလေသည်။

လူပိန်တာအိုသက်ရှိက သူ၏နှုတ်ခမ်းကို စုဝိုင်းပြီး သူ၏အကြည့်က ရွေ့လျားသွားလေသည်။ သူက ခဏမျှ ရပ်တန့်၍ မလှမ်းမကမ်းတစ်နေရာသို့ လက်ညိုးထိုးပြလိုက်လေသည်။

“တိုက်ပွဲကအဲ့ဒီနေရာမှာ ဖြစ်ပွားခဲ့တာလို့ ပြောကြတာပဲ... ဘယ်လောက်တောင်ကြောက်စရာကောင်းလိုက်သလဲ”

“ငါကြားတာတော့တာအိုအရှင်အင်မော်တယ်ဓားနဲ့ အခြားတာအိုအရှင် ၈ ယောက်မှာ နှစ်ယောက်ပဲ အသက်ရှင်ခဲ့တယ်”

“ဘယ်နှစ်ယောက်လဲ....”

“တာအိုအရှင်တိမ်လွှာမိုးစက်နဲ့ တာအိုအရှင်အင်မော်တယ်ဓား... သူတို့နှစ်ယောက်က မည်ကာမတ္တတပည့်တွေပဲ...”

“အဲ့ဒါ.. အတိအကျတော့မဟုတ်ဘူး... မကြာသေးခင်က ငါကြားခဲ့ရတာတော့ ဓားဂိုဏ်းက ဓမ္မဝိသေသတာအိုအရှင် အမျိုးသမီးကျင့်ကြံသူတစ်ယောက်လေ.... ငါအမှတ်မမှားဘူးဆိုရင် သူ့နာမည်က ချင်ဖျန်ရန်ထင်တယ်... သူမကလည်း အသက်ရှင်ခဲ့ပြီးတော့ အဆူရာရဲ့ ဖမ်းဆီးခြင်းကိုခံထားရတယ်”

ကျင့်ကြံသူတစ်ယောက်က တွေဝေရှုပ်ထွေးစွာဖြင့် ပြောလိုက်လေသည်။

လူပိန်တာအိုသက်ရှိက ခေါင်းခါလိုက်လေသည်။

“အဆူရာလက်ထဲကို ရောက်သွားမှတော့ သူမက ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်ပါ့မလဲ...”

“ဟီးဟီး... ဘာလို့မရှင်နိုင်ရမှာလဲ...”

လူဝတာအိုသက်ရှိက ထူးဆန်းစွာ ရယ်မောလိုက်လေသည်။

“အဲ့ဒီအမျိုးသမီးကျင့်ကြံသူက တော်တော်ချောတယ်လို့ပြောတယ်... မဟုတ်ရင် အဆူရာက သူမကို ဘယ်ဖမ်းထားပါ့မလဲ တစ်ခါတည်း သတ်ပစ်လိုက်မှာပေါ့”

“ငါကြားတာတော့... အဆူရာက အဲ့ဒီအမျိုးသမီးကို ဓားစာခံလုပ်ပြီး တာအိုအရှင်အင်မော်တယ်ဓားကို ထွက်လာစေချင်နေတယ်... ဒါပေမယ့်လို့ တာအိုအရှင်အင်မော်တယ်ဓားက အဲ့ဒါကို လုံးဝလျစ်လျူရှုလိုက်တယ်”

လူပိန်တာအိုသက်ရှိက ပြောလိုက်လေသည်။

“ဒါပေါ့... သူ့နေရာမှာငါဆိုရင်လည်း သေချာပေါက်ထွက်လာမှာမဟုတ်ဘူး..”

လူဝတာအိုသက်ရှိက ပြောလိုက်လေသည်။

“မိန်းမတစ်ယောက်အတွက်ကြောင့်နဲ့ တစောက်ကန်းအဆူရာကို ဘယ်သူကသွားပြီး ရန်စချင်ပါ့မလဲ... “

“နောက်ပြီး... အဲ့ဒီမျိုးသမီးက အဆူရာလက်ထဲကိုရောက်သွားတာဆိုတော့ သူမက အဓ္ဓမကျင့်ခံပြီးသွားလောက်ပြီ... တာအိုအရှင်အင်မော်တယ်ဓားက အဲ့လိုမျိုးမိန်းမတစ်ယောက်အတွက် ထွက်မလာတာ မထူးဆန်းပါဘူး”

အပြင်ဘက်မှအသံများကိုကြားသောအခါ လိုဏ်ဂူခန်းဝါထဲတွင် တိတ်ဆိတ်ငြိမ်သက်သွားခဲ့လေသည်။

ချင်ဖန်ရန်၏ ခန္ဓာကိုယ်က အနည်းငယ်တုန်ယင်သွားပြီး သူမ၏ မျက်လုံးများက ညိုမည်းလာခဲ့လေသည်။ သူမ၏ ထက်ရှသောလက်သည်းများက သူမ၏ လက်ဖဝါးထဲသို့ စိုက်ဝင်သွားပြီး သွေးများကစီးကျလာခဲ့လေသည်။ သို့သော် သူမက အဲ့ဒါကို လျစ်လျူရှုထားလေသည်။

“ဖွီ....”

သူမသည် သွေးတစ်လုတ်ကို ထွေးထုတ်ပြီး ဆက်လက်၍တောင့်မခံနိုင်တော့ပဲ သတိလစ်သွားခဲ့လေသည်။

အစကတည်းက သူမသည်ဒဏ်ရာအပြင်းအထန်ရရှိထားပြီး တစ်လလုံးလုံးအနားမယူခဲ့သလို ကုသခြင်းလည်းမရှိခဲ့ပေ။

သူမ၏ ခန္ဓာကိုယ်နှင့်စိတ်က ခံနိုင်ရည်၏ အကန််အသတ်ကို ရောက်ရှိနေခဲ့လေပြီ။

ယခုအချိန်ထိ သူမသည် မျှော်လင့်ချက်ပါးပါး ချည်မျှင်တစ်ခုအပေါ်မှီခို၍ တောင့်ခံထားနိုင်ခြင်း ဖြစ်လေသည်။ သို့သော်လည်း လိုဏ်ဂူခန်းဝါအပြင်ဘက်မှ စကားသံများကို သူမကြားသောအခါ ချင်ဖျန်ရန်၏ နောက်ဆုံးမျှော်လင့်ချက်ချည်မျှင်သည် ပြတ်တောက်သွားပြီး သူမက ကြီးမားသောစိတ်ပိုင်းဆိုင်ရာ ထိုးနှက်ချက်ဖြင့် နေရာမှာပင် သတိလစ်သွားခဲ့လေသည်။

ယန်ပေးချန်က အမူအရာကင်းမဲ့နေသော်လည်း သူ၏မျက်လုံးထဲတွင် အေးစက်စက်အလင်းက ဖျပ်ကနဲ လက်သွားလေသည်။

ရုတ်တရက်လိုဏ်ဂူခန်းဝါထဲရှိ အပူချိန်က ကျဆင်းလာပြီး မကောင်းဆိုးဝါးဆန်လာခဲ့လေသည်။

အပြင်ဘက်ရှိ ကျင့်ကြံသူအုပ်စုက ယန်ပေးချန်၏ သတ်ဖြတ်လိုစိတ်ကို နှိုးဆွမိသွားပြီးဖြစ်ကြောင်း ဆူဇီမိုက သိလိုက်လေသည်။

ယန်ပေးချန်က ဖြည်းဖြည်းချင်းထရပ်ပြီး လိုဏ်ဂူခန်းဝါအပြင်ဘက်သို့ လျှောက်လှမ်းလိုက်လေသည်။

ထိုစဥ်မှာပင် အပြင်ဘက်ရှိကျင့်ကြံသူများသည် စကားလမ်းကြောင်းပြောင်းပြီး အခြားတစ်စုံတစ်ရာကို ဆွေးနွေးလိုက်ကြလေသည်။ ထိုအကြောင်းအရာက ယန်ပေးချန်၏ ခြေလှမ်းများကို ရပ်တန့်သွားစေလေသည်။

“အော်... ဒါနဲ့ မင်းတို့ကြားပြီးပြီလား...ဆူဇီမိုက ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲမှာ သီယင်းကို စစ်ကြေညာခဲ့တယ်... လွန်ခဲ့တဲ့ရက်အနည်းငယ်ကပဲ သီယင်းက အဲ့ဒီစိန်ခေါ်မှုကို လက်ခံလိုက်တယ်”

“ငါကြားတာတော့.. တိုက်ခိုက်မယ့်​အချိန်က နောက်တစ်လနေရင်ပဲ.. တိုက်ခိုက်မယ့်နေရာကတော့ တာအိုအမွေအနှစ်ကုန်းမြေဖြစ်လိမ့်မယ်... ဒါပေမယ့်လို့ ဆူဇီမိုရဲ့ ပြန်ဖြေစကားကိုတော့ ငါတို့မကြားရသေးဘူး”

ထိုနေရာအရောက်တွင် ဆူဇီမိုသည် ရင်တစ်ချက်ခုန်သွားပြီး သူ့မျက်လုံးများက ဝင်းလက်သွားလေသည်။ သီယင်းက စိန်ခေါ်မှုကို လက်ခံလိုက်လေသည်။

အစကတော့ သီယင်းသည် သူ၏စိန်ခေါ်မှုကို လက်မခံရဲမှာကို သူက စိုးရိမ်နေခဲ့လေသည်။ ယခုသီယင်းက စိန်ခေါ်မှုကို လက်ခံလိုက်ပြီဆိုမှာတော့ အဲ့ဒါက ကောင်းသည့်အချက်ဖြစ်လေသည်။

သို့သော်လည်း အပြင်ဘက်ရှိကျင့်ကြံသူများ ပြောနေကြသည့် တာအိုအမွေအနှစ်ကုန်းမြေက ဘာပါလိမ့်... အဲ့ဒါက အတော်လေးနာမည်ကြီးတဲ့ပုံပဲ..။

ဆူဇီမိုသည် အလယ်ပိုင်းတိုက်သို့ ရောက်ရှိလာခါစဖြစ်ပြီး အလယ်ပိုင်းတိုက်ရှိ နေရာများနှင့်ပတ်သက်၍ များများစားစားမသိရှိပေ။

တာအိုအမွေအနှစ်ကုန်းမြေကို သူကကြားပင်မကြားဖူးပေ။

ယန်ပေးချန်က တာအိုအမွေအနှစ်ကုန်းမြေဆိုသော နာမည်ကိုကြားရချိန်တွင် အလိုလိုမျက်မှောင်ကြုတ်လိုက်လေသည်။

“သီယင်းက ပြန်ဝင်စားမွန်းစတားတစ်ယောက်ဖြစ်ရုံတင်မကဘူး သူက တော်တော်လည်တဲ့လူပဲ..”

“ဟုတ်တာပေါ့... အဲ့ဒီရွှေ့ကွက်က တကယ့်ကိုပြီးပြည့်စုံတာပဲ... တိုက်ခိုက်မယ့်နေရာကို တာအိုအမွေအနှစ်ကုန်းမြေအဖြစ်ထားလိုက်တော့ ဆူဇီမိုရဲ့အားသာချက်ကတော့ သွားပြီ...”

“နောက်ပိုင်း ဆူဇီမိုက ဘယ်လိုတုံ့ပြန်လာမလဲ ငါတို့ကြည့်ရသေးတာပေါ့”

“သူက ဘာလုပ်နိုင်ဦးမှာလဲ... သူက လက်မခံရဲကြောင်း ဝန်ခံလိုက်ရုံပေါ့”

“အမှန်ပဲ... သူက နိုးထဝိညာဥ်အဆင့်မှာပဲ ရှိသေးတယ်လို့ငါကြားတယ် သူတို့နှစ်ယောက်ကြားမှာ ကျင့်ကြံမှုအဆင့်ကြီး တစ်ဆင့်လုံးလုံးကွာဟနေတာပဲ... သူက တာအိုအမွေအနှစ်ကုန်းမြေထဲကို ဝင်ရောက်သွားမယ်ဆိုရင် သီယင်းကို နိုင်စရာအကြောင်းလုံးဝမရှိဘူး... သူက သေချာပေါက်သေရမှာပဲ”

“ဟီးဟီး... သူက အရင်စစ်ကြေညာခဲ့တဲ့လူပဲ... သူကကြောက်ပြီးတော့ တိုက်ပွဲကို ရှောင်ရှားမယ်ဆိုရင် သူ့ရဲ့ဂုဏ်သတင်းက သေချာပေါက်ကျဆင်းသွားမှာပဲ”

“သူက တခြားရော ဘာလုပ်နိုင်ဦးမှာလဲ ... တာအိုအမွေအနှစ်ကုန်းမြေကို သွားပြီး သူ့ကိုယ်သူအသေသွားခံတာထက်စာရင် အဲ့ဒါက ပိုကောင်းသေးတာပေါ့ ဟုတ်တယ်မလား”

ဆူဇီမိုသည် နားထောင်ရင်းနှင့် ပို၍ရှုပ်ထွေးလာခဲ့လေသည်။

အပြင်ဘက်ရှိ ကျင့်ကြံသူများ၏စကားအရ တာအိုအမွေအနှစ်ကုန်းမြေက နဂါးတစ်ကောင်၏ သားရဲတွင်းတစ်ခုနှင့်တူနေပုံရလေသည်။ အဲ့ဒါက အန္တရာယ်များနှင့်ပြည့်နှက်နေပုံပင်။ သို့သော်လည်း အဲ့ဒါက သီယင်းအပေါ်မှာ သက်ရောက်မှုမရှိသည့်ပုံပင်။

ကျင့်ကြံသူများက ဆွေးနွေးရင်း တဖြည်းဖြည်းထွက်ခွာသွားကြလေသည်။

ယန်ပေးချန်သည် ဘေးကနေတစ်ချက်ကြည့်ပြီး ဆူဇီမို၏ တွေဝေရှုပ်ထွေးမှုကို မြင်နေရလေသည်။

“ငါအပြင်ကိုခဏထွက်လိုက်ဦးမယ်... သိပ်မကြာပါဘူး ငါပြန်ရောက်တာနဲ့ မင်းကိုအဲ့ဒီအကြောင်းပြောပြမယ်”

ထိုသို့ပြောပြီးသည်နှင့် ယန်ပေးချန်က လိုဏ်ဂူခန်းဝါထဲကနေ လှစ်ကနဲပြေးထွက်သွားခဲ့လေသည်။

All Chapters