ငါ့ကို ဖမ်းဖို့အတွက် သူ့ကို အားကိုးလို့ ရမယ်လို့ ထင်နေတာလား
Vol. 43 Ch. 631
“ငါတို့ သူတို့ကို တားမှာလား”
လူအုပ်ထဲ၌ ပုန်းအောင်းနေသော တစ်စုံတစ်ယောက်က မနေနိုင်ဘဲ မေးလာသည်။
မိုမိသားစုအပြင် အခြားသော အဓိက မိသားစုကြီးများမှ လူများသည်လည်း ဂနာမငြိမ် ဖြစ်နေကြသည်။
“အခုတော့ မဟုတ်သေးဘူး”
အခြားလူတစ်ယောက်က ဖြေလာသည်။
“ငါတို့ ဘာဆက်ဖြစ်မလဲ ဆိုတာကို ငြိမ်ငြိမ်လေး စောင့်ကြည့်နေတာ ပိုကောင်းတယ်”
“ဟုတ်တယ်၊ နတ်ဆေးဆရာဝိုင် မကြောက်တတ်တာက သူ့ရဲ့ ရိုးအမှုကြောင့်ပဲ၊ တကယ်က သူက သူ့ရဲ့ သက်တော်စောင့်ကို အားကိုးနေတာ၊ အဲ့တော့ သူ့သက်တော်စောင့်က အခြားသူတစ်ယောက်ဆီမှာ အသာလေး မှောက်သိပ်ခံလိုက်ရတာကို မြင်လိုက်ရရင် သူ စိတ်ပြောင်းသွားနိုင်တယ်၊ သူ ဆေးညွှန်း ပေးလာမယ့် အခွင့်အရေးမျိုးတောင် ရှိလာနိုင်တယ်”
“မိုမိသားစုက နတ်ဆေးဆရာဝိုင်ကို ဖိနှိပ်တော့မယ့်အချိန်မှာ ငါတို့က ရှေ့ထွက်ပြီး လူကောင်းတွေ ဖြစ်အောင် လုပ်မယ်၊ ဒါဆို ငါတို့မှာ ဆေးညွှန်း ရနိုင်မယ့် အခွင့်အရေး ပိုများသွားလိမ့်မယ်”
လူတိုင်း၌ အကြံကိုယ်စီ ရှိနေကြပြီး အခြေအနေအား တိတ်ဆိတ်စွာ စောင့်ကြည့် လေ့လာနေကြသည်။
တစ်ယောက်ယောက်သာ အလီ၏ mask ကို ထိုးထွင်း၍ သူ၏ အမူအရာကို မြင်ရပါက စိတ်လှုပ်ရှားမှုကြောင့် အလီ၏ မျက်နှာက နီနေပြီး မျက်လုံးများ တောက်ပနေသည်ကို သေချာပေါက် မြင်တွေ့ရပေလိမ့်မည်။
သူသည် ငယ်စဉ်ကတည်းက တိုက်ခိုက်ရသည်ကို နှစ်ခြိုက်သည့် လက်ဝှေ့ချန်ပီယံ တစ်ယောက် ဖြစ်ကာ ပြဿနာများအား ခွန်အားသုံး၍ ဖြေရှင်းရသည်ကို ကျွမ်းကျင်သည်။ ရဲ့လင်းချန်၏ ခွန်အားကို မြင်ခဲ့ပြီး သူ့နောက်လိုက်ခဲ့ပြီးနောက် သူ၏ ခွန်အားက ကြီးမားစွာ တိုးတက်လာသည်ဟု သူ ခံစားခဲ့ရသည်။ သို့သော် သူ့၌ သင့်လျော်သော ပြိုင်ဘက် မတွေ့ခဲ့ဘဲ အချိန်အတော်ကြာအောင် မတိုက်ခိုက်ရချေ။ ထို့ကြောင့် စိတ်လှုပ်ရှားကာ မရိုးမယွ ဖြစ်နေလေသည်။
ကျားနက်က တဖြည်းဖြည်း နီးလာသည်။
အလီသည် ရှေ့သို့ ခပ်ကျဲကျဲ လှမ်းလိုက်ပြီး လက်သီးကိုဆုပ်၍ ကျားနက်အား ပြန်ထိုးလိုက်သည်။ လက်သီးအရှိန်က လေကိုပင် တိုးနေ၏။
သူသည် ယခင်က လက်သီး ထိုးနည်းမဆိုထားနှင့် လက်သီးသိုင်းကွက်များကိုပင် မသင်ခဲ့ဖူးပါ။ သို့သော် သူ့၌ လက်ဝှေ့ထိုးနည်း အခြေခံ ရှိလေသည်။ သူ၏ လက်သီးအားသည် ဟာကျူလီက ရှေးဟောင်း မီးဖိုကို သယ်ထားပုံနှင့် ညီမျှလေသည်။ ယင်းက ပြေးလာနေသော နွားသိုး၏ ဦးခေါင်းခွံကိုပင် ခွဲနိုင်စွမ်း ရှိလေသည်။
သူ၏ သန်မာသော ခန္ဓာကိုယ်နှင့် အားပြင်းသော လက်သီးချက်ကြောင့် ဘေးလူများအားလုံး အံ့ဩသွားကြသည်။
“မင်းက နည်းနည်းတော့ အစွမ်းအစ ရှိသားပဲ၊ ဆိုတော့ မင်းလဲ ကျင့်ကြံသူပဲကိုး”
ကျားနက်၏ မျက်လုံးများက ကျဉ်းမြောင်းလာပြီး ရယ်လေသည်။ သူသည် ရှောင်တိမ်းရမည့်အစား အလီ၏ လက်သီးကို လက်သီးဖြင့် တန်ပြန် ထိုးနှက်လိုက်သည်။ ဤသည်မှာ ဘယ်သူက ပိုသန်မာသလဲ သိချင်၍ ဖြစ်သည်။
“ဝုန်း”
ကျယ်လောင်သော အသံနှင့်အတူ ကျားနက်၏ ခန္ဓာကိုယ်က ရုတ်တရက် တုန်ယင်သွားပြီး အနောက်သို့ ခုနစ် သို့မဟုတ် ရှစ်မီတာမျှ လွင့်သွားပြီးမှ ဟန်ချက် ထိန်းလိုက်နိုင်သည်။ ထို့နောက် သူသည် သူ့လက်ကို ခါလိုက်သည်။ သူ ထိခိုက်မှုမရှိကြောင်း တွေ့ပြီးနောက် အလီအား တိုက်ခိုက်လိုစိတ် ပြင်းပြသော ဟန်နှင့် စိုက်ကြည့်လေသည်။
“မဆိုးဘူး၊ သူက ခွန်အားအရဆို ငါ့လောက်နီးနီး ရှိတာပဲ၊ သူ ယုံကြည်ချက် ရှိတာ မဆန်းတော့ဘူး”
ကျားနက်က ရှေ့သို့ နှစ်လှမ်းတိုးလာပြီး ကိုယ်ကို ကိုင်းကာ အမူအရာက လေးနက်လာသည်။
ဘေးလူများက အလိုလို နောက်ဆုတ်သွားပြီး အလီအား စိုးရိမ်တကြီး ကြည့်နေကြသည်။
လက်သီးချင်း ထိုးမိသံက ဇာတ်လမ်းတွဲများထဲမှ ပေါက်ကွဲသံနှင့် ဆင်တူကာ သူတို့၏ နားစည်ကို အူသွားစေသည်။ သူတို့ နှစ်ယောက်လုံးက ကြောက်စရာ ကောင်းလှပေသည်။
“နတ်ဆေးဆရာဝိုင်ရဲ့ သက်တော်စောင့်က ကျားနက်ကို တိုက်ခိုက်နိုင်တဲ့အထိ သန်မာလိမ့်မယ်လို့ ငါ လုံးဝ ထင်မထားမိဘူး”
“အင်းလေ၊ နတ်ဆေးဆရာဝိုင်လို လူတစ်ယောက်က ဘာလို့ သူ့ကို ကာကွယ်ဖို့ လူတစ်ယောက် မငှားဘဲ နေမှာလဲ”
“အဲ့လူထွားကြီးက အံ့ဩစရာပဲ၊ ဒါပေမဲ့ သူက မိုမိသားစုရှေ့မှာတော့ ပုရွက်ဆိတ်တစ်ကောင်နဲ့ တူနေတုန်းပဲ”
လူတိုင်းက အလီကို ကြည့်နေကြသည်။
ရဲ့လင်းချန်သည် အနည်းငယ် အံ့ဩသွားသဖြင့် မျက်ခံးပင့်မိသွားသည်။
“ဟ … မင်းက အလီရဲ့ လက်သီးကို တကယ် တားနိုင်တာလား”
ပြောရမည်ဆိုလျင် အလီ၌ အလွန် ကောင်းမွန်သော အခြေခံ ရှိသည်။ သူသည် လက်ဝှေ့သမားတစ်ဦး ဖြစ်လာရန် ပါရမီ ပါလာသူ ဖြစ်ပြီး ကလေးဘဝကတည်းက လက်ဝှေ့ကို လေ့ကျင့်ခဲ့သည်။ သူ၏ ကြွက်သားများက အဆုံးစွန်ထိ လေ့ကျင့်ခံထားရပြီး ဖြစ်ကာ သာမန်လူများ ရနိုင်သည့် အကန့်အသတ်သို့ ရောက်နေပြီဟုပင် ဆိုနိုင်ပေသည်။ ရဲ့လင်းချန်နှင့် သိကျွမ်းပြီးနောက် သူသည် ဗဟုသုတများစွာကို ရယူနိုင်ခဲ့ပြီး ရှစ်ဆပြင်းထန် သားရဲ လေ့ကျင့်ခန်း၏ သိုင်းကွက် ရှစ်ကွက်ကို ကျွမ်းကျင်သွားခဲ့သည်။
ရှစ်ဆပြင်းထန် သားရဲလေ့ကျင့်ခန်း၏ အခြေခံအဆင့်၌ သိုင်းကွက်က ဆယ့်ခြောက်ကွက်သာ ရှိကာ အလီက တစ်ဝက်ကို ကျွမ်းကျင်သွားခဲ့ပြီ ဖြစ်သည်။
ရဲ့လင်းချန်သည် ရှစ်ဆပြင်းထန် လက်သီးမှ ရှစ်ဆ ပြင်းထန် သားရဲ လေ့ကျင့်ခန်း အခြေခံအဆင့်သို့ အဆင့်မြှင့်ပြီးချိန်က တပ်ထဲမှ စစ်သည်တော်များစွာနှင့် အသာလေး ယှဉ်နိုင်ခဲ့ပြီ ဖြစ်သည်။ လူအချို့သာလျင် သူ၏ လက်သီးကို တောင့်ခံနိုင်လေသည်။ ရဲ့လင်းချန်သာ အလီနှင့် အဆင့်တူ ဖြစ်ခဲ့ပါက သူ၏ ခန္ဓာကိုယ် အချိုးအစားကြောင့် ရဲ့လင်းချန်ထက် ပို၍ သန်မာပေလိမ့်မည်။
ဤသို့သော ဆရာတစ်ယောက်နှင့် သူတို့ ကြုံရသည်က အံ့ဩစရာပင်။
အစောပိုင်းက လက်သီးချက်မှတဆင့် ကျားနက်၏ ခွန်အားက လင်းအောင်နီးနီး ရှိသည်ကို ရဲ့လင်းချန် သတိပြု မိသွားသည်။
ဤသို့သော ဆရာတစ်ယောက်အား သူတို့၏ နောက်လိုက်အဖြစ် ခန့်ထားနိုင်သည်ဆိုပါက မိုမိသားစု၌ သာမန် မဟုတ်သောသူများ ပိုရှိနိုင်လောက်သည်။
စစ်သည်တော်ဌာနမှ လူများအပြင် ကမ္ဘာပေါ်၌ အခြားသော သန်မာသော စစ်သည်တော်များ ရှိနေပုံ ရသည်။ စစ်သည်တော်များက ထိန်းချုပ်ခံရသည်ကို မနှစ်သက်သဖြင့် သူ ထင်ထားသည်ထက် ဆရာသခင်များ ပို၍ ရှိနိုင်ချေ များလေသည်။
“ဟားဟားဟား၊ ပျော်စရာပဲ၊ နောက်တစ်ခေါက်”
အလီသည် mask အောက်မှ ရယ်နေပြီး ပျော်မြူးနေလေသည်။ ထို့နောက် သူသည် ကြုံးဝါး၍ ကျားနက်ထံ ပြေးဝင်သွားပြန်သည်။
သူသည် ရဲ့လင်းချန်ကို မနိုင်ဖြင့် မတိုက်ခိုက်ရဲပေ။ လီကျင့် အပြင် အခြားသူများနှင့် လေ့ကျင့်ချိန်၌ သူ၏ ခွန်အားကို ထိန်းချုပ်ထားရသည်။ ယင်းက သူ့အား ပျင်းရိစေခဲ့သော်လည်း အပြင်လောက၌ ဆရာသခင်တစ်ယောက်နှင့် မမျှော်လင့်ဘဲ တွေ့ဆုံလိုက်ရသဖြင့် စိတ်လှုပ်ရှားလာရသည်။
သူ့ရင်ထဲ၌ လက်ဝှေ့ကို စတင် ကစားချိန်ကကဲ့သို့ သွေးပွက်ပွက် ဆူလာသည်။
“ဝုန်း၊ ဝုန်း၊ ဝုန်း”
အလီနှင့် ကျားနက်၏ ဘေးပတ်လည်၌ ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်နေသည်။ သူတို့၏ ဘေးပတ်လည်က ရှုပ်ပွလာပြီး ဆိုင်ပေါင်းများစွာက သူတို့၏ တိုက်ခိုက်မှုကို ပျက်စီးကုန်သည်။ စားပွဲများနှင့် ထိုင်ခုံများလည်း ကျိုးပဲ့ကုန်၏။
လူတိုင်းက သူတို့၏ ပစ္စည်းများကို အဝေးပို့၍ နေရာလွတ် ဖြစ်သွားအောင် ရှင်းနေကြသည်။
“သူတို့က သန်မာလွန်းတယ်”
“သူတို့က လူရေခြုံထားတဲ့ စက်ရုပ်တွေပဲ၊ လူ့ခန္ဓာကိုယ်က အဲ့လောက် သန်မာနိုင်လို့လား”
ဤနေရာမှ လူများသည် အသိအမြင်များကြသော်လည်း အရာအားလုံးကို မြင်တွေ့ရသောအခါ မအံ့ဩဘဲ မနေနိုင်ကြချေ။
ထိုနှစ်ယောက်အား လူသားဟုပင် မဆိုနိုင်ချေ။ သူတို့သည် သားရဲရိုင်းများထက် ပို၍ ကြမ်းကြုတ်ကြကာ သူတို့၏ ခွန်အားက ကျောက်ဆောင်တစ်ခုကိုပင် လက်သီးတစ်ချက်တည်းဖြင့် ဖျက်ဆီးနိုင်ပေသည်။
ကျားနက်၏ ခွန်အားက လူတိုင်း၏ အထင်ထက် သာလွန်နေပြီး နတ်ဆေးဆရာဝိုင်၏ သက်တော်စောင့်ကလည်း ဆရာသခင်အချို့ထဲမှ တစ်ယောက် ဖြစ်နေသဖြင့် ထိတ်လန့်ရလေသည်။
“ငါ့ကို ဖမ်းဖို့အတွက် သူ့ကို အားကိုးလို့ရတယ်လို့ ထင်နေတာလား”
ရဲ့လင်းချန်က တိုက်ခိုက်နေရာသို့ လက်ညှိုးထိုး၍ အိမ်တော်ထိန်းအား အပြုံးနှင့် ကြည့်နေသည်။
ကျားနက်က မည်သို့သော အားနည်းသည့် လက္ခဏာမှ မပြသော်လည်း အဘိုးအို၏ မျက်နှာက သုန်မှုန်နေပြီ ဖြစ်သည်။ အရာအားလုံးက သူ မျှော်လင့်ထားသည်နှင့် တက်တက်စင်အောင် လွဲနေလေသည်။
“ကျားနက်၊ ဒါကို မြန်မြန် အဆုံးသတ်လိုက်စမ်း”
အဘိုးအိုက အေးစက်သော အသံနှင့် အော်လိုက်သည်။
ရဲ့လင်းချန်က ခေါင်းခါ၍ တည်ငြိမ်စွာ ပြောလိုက်လေသည်။
“ကစားနေတာ တော်လိုက်ပြီ၊ အဆုံးသတ်ချိန် ရောက်ပြီ”
ထိုအချိန်တွင် ကျားနက်က ရုတ်တရက် ဘေးသို့ ရှောင်လိုက်ပြီး တိုက်ခိုက်ရန် သူ့ကိုယ်သူ အရှိန်တင်လိုက်သည်။ ထို့နောက် ကျားနက်သည် သားကောင်ကို စောင့်ကြည့်နေသော ကျားကဲ့သို့ ခုန်ဝင်လာ၏။
သူသည် ပေါက်တော့မည့် မြွေတစ်ကောင်ကဲ့သို့ အရှိန်နှင့်အတူ တူကဲ့သို့သော ခွန်အားဖြင့် အားကုန် ထိုးနှက် လိုက်သည်။
သူ၏ တိုက်ခိုက်မှုကြားထဲမှာပင် သူ၏ အရှိန်ကို ရုတ်တရက် တင်၍ လက်သီးအားကို ထပ်မံ၍ တိုးမြှင့် လိုက်ပြန်သည်။ သူ၏ ထိုးခွင်းနေသည့် လက်သီး၌ ဒေါသ ပါနေသည်ဟုပင် ထင်မှတ်ရကာ လက်သီးက လေကို ထိုးခွင်းနေ၏။
သူသည် လက်ဝှေ့အပေါ် အပြည့်အဝ နားလည်ခြင်းကို ပြသနေပြီး လက်သီးချက်၌ သူ၏ သိုင်းပညာ ဗဟုသုတ အနှစ်သာရတို့ ပေါ်လွင်နေသည်။ သူသည် ဆရာသခင်အဆင့်သို့ ရောက်နေပြီဟု ဆိုနိုင်ပေသည်။ သာမန် စစ်သည်တော် တစ်ယောက်သာ ဤလက်သီးချက်နှင့် ရင်ဆိုင်ရပါက ထိုစစ်သည်တော်သည် တိုက်ခိုက်ချင်စိတ် ပျောက်ဆုံးကာ အရှုံးပေးရုံသာ တတ်နိုင်ပေလိမ့်မည်။
*ငါ ဒီလက်သီးနဲ့ သူ့ကို အနိုင်ပိုင်းပစ်မယ်*
ကျားနက်က အပြည့်အဝ ယုံကြည်မှု ရှိနေသည်။
ထိုလက်သီးချက်သည် သူ၏ နောက်ဆုံး သိုင်းကွက်ပင်။ ၎င်းသည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ စွမ်းအင်အား အတိုင်းအတာ တစ်ခုအထိ သန့်စင်ပြီး အပြင်းဆုံး ထိုးနှက်ချက် ရရှိစေရန် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ခွန်အားနှင့် ချိန်ကိုက်ထားသည်။ ယင်းတစ်ခုတည်းကပင် သူ၏ ပြိုင်ဘက်အား အပြင်းအထန် ဒဏ်ရာရစေရန် လုံလောက် နေလေပြီ။
“ဟိုက်ယား”
အလီက နေရာတွင် ရပ်၍ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ခွန်အားကို စုစည်းလိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲမှ ပဲများကို အိုးပူထဲ ထည့်လိုက်သကဲ့သို့ တဖျောက်ဖျောက် မြည်သံ ထွက်ပေါ်လာ၏။ တစ်ချိန်တည်းမှာပင် သူ၏ ကြွက်သားများက အပြင်းအထန် လူးလွန့်လာလေသည်။ သူသည် ညာဘက်ကိုဝင့်၍ ကျားနက်အား တန်ပြန် ထိုးနှက်လိုက်သည်။
“ဝုန်း”
လက်သီးချင်း ထိုးမိချိန်၌ လေးလံသော သံပြားကို ထိုးလိုက်ရသကဲ့သို့ ခံစားရလိမ့်မည်ဟု ကျားနက် ထင်မထားမိချေ။ သူ လုံး ဝ မရှောင်နိုင်ချေ။ ထိုအခိုက်မှာပင် ပြင်းထန်သော စွမ်းအင်တစ်ခုက သူ့အား ရိုက်ခတ်ကာ ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်လာသည်။
ချက်ချင်းဆိုသလိုပင် သူ အော်ဟစ်လိုက်မိသည်။ သူ၏ ခန္ဓာကိုယ်က အနောက်သို့ ဆယ့်သုံးမီတာမျှ လွင့်သွားပြီမှ နံရံနှင့် ဆောင့်ကာ အောက်သို့ ပြန်ပြုတ်ကျလာသည်။
နံရံက အက်ကြောင်းထင်သွားပြီး ချိုင့်ဝင်သွားလေသည်။