ကောင်းကင်နယ်ပယ်တွေက ဘယ်လောက်တောင်ရှိနေတာလဲ ၊ နဂါး အစစ်လို ပြောင်းသွားမှာလား...
Vol. 14 Ch. 196
ကျန်းချန်ရှနိး ဟာ ဇူဝူဂျီ ၏ ရှင်သန်မူ နတ်ဘုရား စွမ်းအင်ကို ထိန်ချုပ်ရန် ကြိုးစားလိုက်သည်..။အစိမ်းရောင် အလင်းတန်းလေးက ဇူဝူဂျီ ၏ ခန္တာကိုယ်ထဲဝင်သွားပြီး ပြန်လာသက်သာလာ၏..။
ပိုင်ချီ ၊ ဟောင်ထျန် နဲ့ ဟီထျန် တို့ဟာ ကြောက်မက်ဖွယ် အော်ရာကို ခံစားမိပြီး နောက်ကို ဆုတ်လိုက်ကြသည်..။
မကြာခင် အချိန်မှာပဲ ဇူဝူဂျီ အသက်ရှင်နိုင်ခဲ၏..။
သူ မျက်လုံးဖွင့်လိုက်ပြီး..
"တာအို ဘိုးဘေးလား.."
ရှင်သန်မူ နတ်ဘုရား စွမ်းအင်က သူ့ကို အသက်ပြန်ရှင်အောင်သာ လုပ်နိုင်ပြီး စွမ်းအား အထွပ်အထိပ်ကိုတော့ ပြန်ရောက်အောင် မလုပ်ပေးန်ိုင်ပေ..။
ကျန်းချန်ရှန်းဟာ..ဆေးပုလင်းတစ်ခုကို ထုတ်ယူလိုက်ပြီး ဇူဝူဂျီ ၏ ပါးစပ်ထဲကို လောင်းထည့်ပေးလိုက်သည်..။
ဇူဝူဂျီ ငြင်းဆန်ချင်ပေမယ့်လည်း ကျန်းချန်ရှန်း၏ လှုပ်ရှားမူတွေက မြန်ဆန်လွန်းလှ၏..။
"ငါ မင်းကို အခွင့်အရေးပေးမယ်..။မင်းရဲ့ အစစ်အမှန် ချီ တွေ ပြန်ရလာလို့ ရှိရင် ငါ့ကို တိုက်ခိုက်ပါ..။မင်းသေရင်သေ မသေရင် ငါသေလိမ့်မယ်.."
ကျန်းချန်ရှန်း ခံစားချက်မဲ့စွာ ပြောလိုက်သည်..။
ဇူဝူဂျီဟာ ကျန်းချန်ရှန်းရဲ့ အပြုအမူတွေကို နားမလည်ခဲ့ပေ..။
သူ့ကို အရှက်ခွဲချင်တာလား..
သို့ပေမယ့် တကယ်လို့ သူ့ကို အရှက်ခွဲချင်တာ ဆိုရင်ဘာလို့ ဒီလိုအဖိုးတန်ဆေးကို အကုန်ခံရတာလဲ...
သူသောက်လိုက်တဲ့ ဆေးက အတော်လေး ဆန်းကျယ်ပြီး သူ့ရဲ့ ကိုယ်တွင်းက ချီတွေ အမြန်ပြန်သက်သာလာတာကို ခံစားမိသည်..။
ဟောင်ထျန်နဲ့ ဟီထျန်ဟာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြ၏..။
ပိုင်ချီလည်းလည်း ကျန်းချန်ရှန်းဟာ အထီးကျန်နေသည်ဟု ခံစားမိလိုက်သည်..။
တစ်စုံတစ်ယောက်က တောင်အောက်ကို မဆင်းပဲ အမြဲတမ်းကျင့်ကြံနေလျင် ..ပျင်းရိလာမည်ဖြစ်သည်..။
ကျန်းချန်ရှန်းသည် ဇူဝူဂျီ ၏ ရှေ့တွင်ထိုင်လိုက်သည်..။ဇူဝူဂျီ သူ့ရဲ့ ခွန်အားတွေ ပြန်လည်ရရှိလာတာနဲ့ မတ်တတ်ထထိုင်လိုက်၏..။သူတို့နှစ်ယောက်ကြားတွင် ဆယ်လက်မခန့်သာ ကွာဟသည်..။
တစ်ဖက်လူက သူ့ကို စမ်းသပ်ချင်လို့ ကယ်ခဲ့တာလား..
သူ အသနားခံရင်ရော တစ်ဖက်လူက လွှတ်ပေးနိုင်လား..
သို့ပေမယ့် တစ်ဖက်လူက အစွမ်းကုန်ထုတ်သုံးပြီး တိုက်ခိုင်းထားသည်..။အကယ်၍ သူ အရှုံးပေးလိုက်လျင် အထင်သေးခြင်း ဖြစ်သွားစေနိုင်၏..။
"ချီးပဲ..သူက ဘယ်အဆင့်ကို ရောက်နေပြီလဲ.."
ဇူဝူဂျီ အတွေးနက်နေခဲ့သည်..။နေရောင်က ကောင်းကင်ထက်ကနေ ..ကျဆင်းလာသော်လည်း သူကြောက်ရွံ့နေဆဲ ဖြစ်၏..။
ညအချိန်..။
လ ပြန်ဝင်သွားပြီး နေထွက်လာခဲ့ပြန်သည်..။
.
နှစ်ရက်ဟာ အလျင်အမြန်ပဲ ကုန်ဆုံးသွားခဲ့သည်..။
ကျန်းချန်ရှန်းကတော့ ဇူဝူဂျီ ရှေ့တွင်ထိုင်နေဆဲဖြစ်၏..။တစ်ချိန်တည်းမှာပဲ ဇူဝူဂျီဟာ..သူ၏ ခွန်အား အများစုကို..ပြန်လည် ရရှိလာခဲ့သည်..။သို့ပေမယ့်..သူ အလျင်စလို မလုပ်ဆောင်ရဲပေ..။
ညနေပိုင်းတွင်တော့ အပြင်ဘက်မှ ခြေသံများကို ကြားလိုက်ရ၏..။ဒါက ကျန်းချီ ဖြစ်သည်..။
"တာအိုဘိုးဘေး.."
ကျန်းချီ အလျင်အမြန် လျောက်လာပြီး တစ်ခုခု ပြောဖို့ လုပ်လိုက်ပေမယ့်ဇူဝူဂျီကို မြင်လိုက်၏..။
ကျန်းချန်ရှန်း..သူ့ မျက်လုံးကို ဖွင့်ပြီး ကျန်းချီကို ကြည့်လိုက်သည်..။
အဲ့အချိန်မှာပဲ..
ဇူဝူဂျီ သည် ကျန်းချန်ရှန်း၏ ရင်ဘတ်ကို ရုတ်တရက် တိုက်ခိုက်လိုက်၏..။ကြောက်မက်ဖွယ်ရာ အစစ်အမှန်ချီများသည် ကျန်းချန်ရှန်း၏ ဝတ်ရုံဆီသို့ ဝင်ရောက်သွားခဲ့၏..။
ကျန်းချီ ထိပ်လန့်သွားခဲ့ပြီး..ပိုင်ချီ နဲ့ တစ်ခြား လူတွေဟာ ထခုန်လိုက်သည်..။
ဇူဝူဂျီ သွားကို ကြိတ်ပြီး ပြောလ်ိုက်သည်..။
"တာအိုဘိူးဘေး..ကျုပ်ရဲ့ လက်သီးချက်ကို ကျေနပ်ရဲ့လား.."
ကျန်းချန်ရှန်း : " အခုသုံးလိုက်တာ ပုံသဏ္ဍာန်မဲ့ လက်သီးလား”
ဇူဝူဂျီ အံ့ဩသွားခဲ့၏။ တစ်ဖက်လူက သူ့ရဲ့ နည်းစနစ်ကို ဘယ်လိုသိနေတာလဲ..
သူ မတိတတ်ထဖို့ လုပ်လိုက်တဲ့ အချိန်မှာပဲ မမြင်နိုင်တဲ့ အားတစ်ရပ်က သက်ရောက်လာပြီး သူ့ကို မလှုပ်နိုင်ဖြစ်စေခဲ့သည်..။
သူ၏ အကြည့်အောက်မှပဲ ကျန်းချန်ရှန်း ဟာ သူ၏ လက်ညိုးကိူ မြှောက်ပြီး သူ၏ နှာဖူးကို ထိလိုက်သည်..။
ခရက်..
ဇူဝူဂျီ တုန်လှုပ်သွားပြီး မြေကြီးပေါ်လဲကျသွား၏..။
ကျန်းချန်ရှန်း၏ စိတ်ဝိဥာဥ် ချီတွေဟာ သူ့ရဲ့ ဦးနှောက်ကနေ တဆင့် ခန္တာကိုယ်ထဲကို ဝင်ပြီး ချက်ချင်း အရိူးအသားတွေကို ပျက်ဆီးစေခဲ့သည်..။
ကောင်းကင် ၆နယ်ပယ်အဆင့်တောင် ကျန်းချန်ရှန်း ရှေ့တွင် အားနည်းသည့် သာမန်လူသားလေးတစ်ယောက်ဖြစ်သည်..။
ကျန်းချန် တုန်လှုပ်သွားပြီး ..
"သူက.."
ကျန်းချန်ရှန်း : " သူက ဖန်ထျန်း အင်ပါယာက ပို့လိုက်တဲ့လူပဲ..။သူ့ရဲ့ အစစ်အမှန် ရာထူးကိုတော့ငါမသိဘူး..ဒါကြောင့် မင်းကို မခေါ်တော့တာ.."
ကျန်းချီ ဒါကိုကြားပြီးတွေးတောင် မတွေးရဲတော့ပေ..။
ယင်းနောက် ကျန်းချီသာ် ကန်းရိုးတန်းကလှုပ်ရှားမူများကို ပြောပြလိုက်၏..။မရေမတွက် နိုင်တဲ့ ပင်လယ်မြွေ အလောင်းများကို ပင်လယ်ထဲတွင် ရှာဖွေတွေ့ခဲ့သည်..။
ပိုင်ချီနဲ့ ကျန်တဲ့နှစ်ကောင်ဟာ ဒါကိုကြားပြီး အံ့ဩသင့်ကြရသည်..။အထူးသဖြင့် ဟောင်ထျန်နဲ့ ဟီထျန် တို့ဖြစ်၏..။သူတို့က အရင်က ငယ်ရွယ်ပြီး မောက်မာဖူးခဲ့သော်လည်း အခုတော့ တာအိုဘိုးဘေး၏ အစွမ်းကို နားလည်ကြပြီဖြစ်သည်..။
အချိန်အတော်ကြာပြီးနော်..။
ကျန်းချန်ရှန်း သူ စောင့်နေတဲ့ ရှင်သန်မူ ဆုလာဒ်ကို မရခဲ့ပေ..။သူ၏ အကြံက ကျဆုံသွားပြီဖြစ်ကြောင်း သိလိုက်၏..။
သူဟာ ဇူဝူဂျီကို တော့ သူ့လူအဖြစ် မခေါ်ထားချင်ခဲ့ပေ..။ ရီယွမ် ၊ ဓားနတ်ဘုရားတို့နှင့်ယှဥ်ရင် ဇူဝူဂျီက အတော်လေးကို မယုံကြည် ရတဲ့လူဖြစ်၏..။
ကျန်းချန်ရှန်း
"အင်ပါရီယာ မိသားစုက သိုင်းပညာရှင်တွေရဲ့ သွေးသား နဲ့ အရိုးတွေကို လေ့လာနေကြတာ မဟုတ်လား..။မင်း ဒီအလောင်းကို ယူသွားလို့ရတယ်.."
ကျန်းချီ ခေါင်းညိမ့်လိုက်ပြီး ဇူဝူဂျီ၏ အလောင်းကို ယူသွားခဲ့သည်..။
သူ ကျောင်းဝန်း၏ ဝင်ပေါက်ကို ရောက်သည့် အချိန်တွင်..လှည့်ပြီးမေးလိုက်၏..။,
"တာအိုဘိုးဘေး..ဒီလူက ဘယ်အဆင့်ရှိလဲ.."
ကျန်းချန်ရှန်း အခန်းထဲကို လျောက်ပြီး ပြန်ဖြေလိုက်သည်..။
"ကောင်းကင်ခြောက်ခု အဆင့်..။မင်းအဖေအပါအဝင် ဘယ်သူ့ကိုမှ မပြောပြနဲ့..။ဒါကို လျိုဝှက်ချက်အဖြစ်ထားထား."
ကျန်းချီ အံ့ဩသွားခဲ့သည်..။
"ကောင်း.ကောင်းကင်ခြောက်ခုလား.."
သူ့ စိတ်ထဲမှာတော့ တစ်ခြားမေးခွန်းတစ်ခု ရှိနေသေးသည်..။
သောက်ကျိုးနဲ ကောင်းကင် အဆင့် ပညာရှင်က ဘယ်လောက်တောင် ရှိနေတာလဲ..
ကျန်းချီ ပိတ်သွားတဲ့ ကျန်းချန်ရှန်း၏ အခန်းတံခါးကို ကြည့်ပြီး..စိတ်ထဲတွင် မသက်မသာခံစားလိုက်ရပြီ..။
အခန်းထဲကို ပြန်ရောက်တာနဲ့ ကျန်းချန်ရှန်း သည် နဂါးပြောင်းလဲခြင်း ရေကန်ကို လေ့လာလိုက်၏..။
နဂါးပြောင်းလဲခြင်း ရေကန်သည် ကောင်းကင်နှင့်မြေကြီး၏ စိတ်ဝိဥာဥ် ရေများနှင့် ပြည့်နေခဲ့သည်..။ဒါက မြွေတစ်ကောင်ကိုတောင် နဂါးအဖြစ် ပြောင်းလဲနိုင်၏..။သိူ့ပေမယ့် နှစ်တစ်ရာကြာမှ မြွေတစ်ကောင်ကို ပြောင်းလဲပေးနိုင်မည်ပြီသည်..။ကုန်ဆုံးသွားသည့် ရေများ ပြန်လည် ပြည့်ရန်မှာ နှစ်တစ်ရာ ကြာမြင့်၏..။
မဆိုးဘူး..
ကျန်းချန်ရှန်းသည် အစောတုန်းက ဇူဝူဂျီဟာ နဂါးပြောင်းလဲခြင်း စံအိမ်မှ လာကြောင်းသိခဲ့ရသည်..။နဂါးပြောင်းလဲခြင်း စံအိမ်သည် ဂိုဏ်းတစ်ခုဖြစ်ပြီး သားရဲများကို ထိန်းချုပ်နိုင်သည်..။နဂါးပြောင်းလဲခြင်း စံအိမ်၏ နတ်ဆိုးစုစည်းမူ ပုလဲသည် အဖိုးတန် ရတနာတစ်ခူဖြစ်၏..။
ကျန်းချန်ရှန်းသည် နဂါးပြောင်းလဲခြင်းရေကန်ကို တာအိုကမ္ဘာထဲက နတ်ဘုရား သစ်ပင်အောက်တွင် ထားလိုက်၏..။.
သူ စိတ်ဝိဥာဥ်ကို အသုံးပြုကာ ရေကန်ကြီးတစ်ကန် တူးလိုက်ပြီး အထဲတွင်ထည့်ထားလိုင်ခြင်းဖြစ်သည်..။အစက ဒီ နဂါးပြောင်းလဲခြင်းရေကန်သည် သလင်းကျောက်လေး ဖြစ်သော်လည်း ရေကန်ထဲထည့်လိုက်သည်နှင့်..အဖြူရောင် ရေများအဖြစ်ပြောင်းလဲသွားခဲ့သည်..။
ရေတွေ ပိုပိုများလာတာကိုကြည့်ပြီး ကျန်းချန်ရှန်း တွင်းကို ပိုတူးလိုက်သည်..။
အဆုံးမှာတော့..ဒီရေကန်ဟာ ပေတစ်ထောင် အကျယ်ခန့်ဖြစ်လာခဲ့၏..။အဲ့အချိန်မှာတော့ အဖြူရောင်နဂါးသည် ပျံသန်းလာပြီးလာကြည့်ခဲ့သည်..။
ဒါကိုမြင်ပြီး ကျန်ချန်ရှန်းသည် နဂါးကို ရေကန်ထဲဝင်ခိုင်းလိုက်၏..။
အဖြူရောင်နဂါးသည် ပဟေဠိဖြစ်နေသော်လည်း နဂါးပြောင်းလဲခြင်း ရေကန်ထဲသို့ ဖြည်းဖြည်းချင်းဆင်းသွားခဲ့သည်..။မကြာခင်မှာပဲ..အထဲရောက်သွားပြီး သက်သောင့်သက်သာ ဖြစ်မူကို ခံစားလိုက်ရ၏..။
ဒီနဂါးလေးက ကျန်းချန်ရှန်း ပထမဆုံး မွေးမြူသည့် သားရဲဖြစ်တာကြောင့် ဂရုတစိုက် ဆက်ဆံပေးမည်ဖြစ်သည်..။ကျန်းချန်ရှန်း အသစ်ရရှိထားသည့် ရွှေရောင်သစ်ရွက်ကို ထုတ်ပြီး သန့်စင်လိုက်၏..။တစ်ချိန်တည်းမှာပဲ သူ ရေကန်ထဲကို ကြည့်လိုက်သည့်အချ်ိန်မှာ အဖြူရောင် နဂါးဟာ အမှန်ပဲ နဂါးအသွင်ပြောင်းနေခဲ့သည်..။
ဒီကမ္ဘာမှာ အင်မော်တယ် နတ်ဘုရားများ၏ ဒဏ္ဍာ ရီ ရှိသော်လည်း နဂါးတွေ ဖိီးနစ်တွေ၏ ဒဏ္ဍာရီများလည်း ရှိသည်..။
သို့ပေမယ့် ဇူဝူဂျီလို ကောင်းကင် ခြောက်ခုနယ်ပယ် ပညာရှင်တောင် အစစ်အမှန် နဂါးတစ်ကောင်ကို မြင်ဖူးမှာမဟုတ်ပေ..။
"နဂါးပြောင်းလဲခြင်းစံအိမ်က ဘယ်လောက် အင်အားကြီးလဲ.."
[ အမှတ် 35006000 လိုအပ်သည်။ ရှေ့ဆက်ချင်ပါသလား ]
ဒါက ဇူဝူဂျီ သေပြီးတာတောင် ကျန်နေသေးသည့် တန်ဖိုးဖြစ်သည်..။
ဒါက အတော်လေး ကြောက်စရာပဲ..။
တစ်ဖက်မှာတော့..ဒါက သိုင်းအင်ပါယာ ကျွန်းကိုတောင် မှီတော့မည်ဖြစ်သည်..။
ဒုတိယ အတွေးကတော့..သိုင်းအင်ပါယာ ကျွန်းသည်၏ အင်အားသည် ဒီနှစ်ပိုင်းအတွင်းတွင် အတော်လေးကို ထိူးတက်ခဲ့သည်..။ပြီးခဲ့သည့်နှစ်တွင် ဒါက သန်း ၆၀ ကို ကျော်သွားခဲ့၏..။ဘယ်လောက်ထိ ထပ်ပြီး မြင့်တက်လာဦးမလဲ ဆ်ိုတာကိုတော့ ဘုရားပင် သိပေလိမ့်မည်..။
သူ ဒါကိုတွေးနေတာ ရပ်လိုက်၏..။နဂါးပြောင်းလဲခြင်း စံအိမ်၏ အင်အားသည် အတော်လေး ကြောက်စရာ ကောင်းလှသည်..။သို့ပေမယ့် ဒါက ပင်လယ်ဒေသ၏ အင်အားစုတွေနှင့် ညီမျှရုံသာရှိ၏..။
ရွှန်းထျန်းခေတ် ၃၄ ခုနှစ်..။
ဖန်ထျန်း အင်ပါယာ ၊ ရွှေရောင်နန်းတော်တွင်..။
အင်ပါယု ဖန်ထျန်းဟာ အပင်အောက်တွင် ထိုင်ပြီး..သူ၏ စွမ်းအင်များကို လှည့်ပတ်နေ၏..။သူ၏ ခန္တာကိုယ်ဝန်းကျင်တွင် နဂါးအရိပ်များကို မြင်နေရသည်..။
အနက်ရောက် အရိပ်တစ်ခု သစ်ပင်အကိုင်းတွင် ရောက်လာသည့်အခါ အင်ပါယာ ဖန်ထျန်း မေးလိုက်၏..။
"ဇူဝူဂျီ အလုပ်လုပ်နေပြီလား.."
အနက်ရောင် အရိပ်ဟာ ပြန်ဖြေလိုက်သည်..။
"ဇူဝူဂျီဟာ တကျန်းရဲ့ တောင်ဘက်ကို ဖြတ်သန်းသွားတဲ့ အချိန်မှာ ထူးဆန်းစွာ ပျောက်ကွယ်သွားပါတယ်..။အဲ့နေရာမှာ
နတ်ဆိုးမြွေတွေ အများကြီးသေခဲ့တာကိုလည်းတွေ့ရပါတယ်.."
သူ့ရဲ့ အသံက ပုံမှန်သာ ဖြစ်ပြီး..အတော်လေး လျင်မြန်စွာ ပြောနေခဲ့သည်.။
အင်ပါယာ ဖန်ထျန်း : "ဒါက ဘာကိုဆိုလိုတာလဲ..။တာအိုဘိုးဘေးက သူ့ကို တိုက်ခိုက်လိုက်တာလား."
အရိပ်နက် : " သိပ်မသေချာပါဘူး..။အရှင့်ရဲ့ ကျွန်က ထောက်လှမ်းနေတုန်းပါ.."
အင်ပါယာ ဖန်ထျန်း မျက်မှောင်ကျုတ်လိုက်သည်..။
"လုအန်းကလည်း ထွက်သွားတာ နှစ်တွေကြာနေပြီ အခုထိ ပြန်မလာသေးဘူး..။တာအိုဘိုးဘေးရဲ့ တည်ရှိမူကို ငါ သိချင််မိတယ်..။ဇူဝူဂျီကိုတာအို ဘိုးဘေးက သတ်လိုက်တာများ ဖြစ်နိုင်မလား.။တကယ်လို့ သူသေတယ် ဆိုရင်တောင် ကောင်းကင် ခြောက်ခု နယ်ပယ်ရဲ့ တိုက်ပွဲက အတော်ပြင်းထန်သင့်တယ်လေ..။ဘယ်လိုလုပ် တိတ်ဆိတ်နေတာလဲ.."
အနက်ရောင် အရိပ် : "နဂါးသွေးကြောတိုက် ကြီးရဲ့ အနောက်ဘက်က ကမ္ဘာဖျက်စီးခြင်း သစ်ပင်နားမှာ ပြိုင်ဘက်ကင်း နတ်ဆိူးတစ်ကောင် ပေါ်လာတယ်လို့ ကျွန်တော်ကြားထားပါတယ်..။ဇူဝူဂျီက အဲ့ကိုသွားတာဖြစ်န်ိုင်မလား.."
အင်ပါယာ ဖန်ထျန်း " ဒါက ဖြစ်နိုင်တယ်..။သူ အခုထိ မလှုပ်ရှားသေးတာက တာအိုဘိုးဘေးကို ကြောက်နေလို့ပဲ..။ကြည့်ရတာတော့ တာအိုဘိုးဘေးက ကောင်းကင် ခြောက်ခု နယ်ပယ်ထက်ပိုသန်မာနေပြီထင်တယ်.."
သူ့အသံက ပုံမှန်သာ ရှိနေပေမယ့် လက်သီးကိုတော့ ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့သည်..။
"ဒါဆိုလည်း စောင့်ကြည့်ကြတာပေါ့..။ကျိုးဝူဂျီ ငါ့ကို စိတ်မပျက်စေဘူးလို့ မျှော်လင့်ရတာပဲ.."
ဂျွန်လလယ်တွင်..။
ကျန်းချန်ရှန်းသည်..ဟောင်ထျန် နဲ့ ဟီထျန် တိုက်ခိုက်တာကို ကြည့်နေခဲ့သည်..။သားရဲ နှစ်ကောင် တိုက်ခိုက်မူသည် အတော်လေး..စိတ်လှုပ်ရှားဖို့ ကောင်းလှ၏..။
ရုတ်တရက် ချင်းအာသည် အလျင်အမြန် လျောက်လာခဲ့ပြီး..
"တာအိုဘိုးဘေး ပင်လယ်ဒေသက ဧည့်သည်နှစ်ယောက် ရောက်နေပါတယ်..။သူတို့က ကောင်းကင်အဆင့် နယ်ပယ်ကလို့ ပြောပြီး တစ်ခုခု အရေးကြီးတာမေးစရာ ရှိတယ်လို့ ပြောနေပါတယ်.."
"ဝင်လာခိုင်းလိုက် "
ချင်းအာ..ချက်ချင်းပဲ လှည့်ထွက်သွားခဲ့သည်..။
ပိုင်ချီ : " ကောင်းကင်အဆင့်တွေက ဘာလို့ ဒီလောကိတောင် များနေရတာလဲ.."
တကျန်း နဲ့ တာအ်ိုဘိုးဘေးက အတော်လေး အင်အားကြီးတယ်လို့ သူမ ခံစားနေခဲ့ရသည်..။သူတို့က အဆင့်မြင့်ပညာရှင်တွေကို ဆွဲဆောင်နိုင်ပြီး သူမကိုယ် သူမ အားနည်းသည်ဟုပင် ခံစားမိစေ၏..။
ဟောင်ထျန် နဲ့ ဟီထျန် တို့ဟာ ရပ်တန့်လိုက်ကြသည်..။ကြောင်နှစ်ကောင်းဟာ ရုတ်တရက် အမြိီးကုတ်သွားခဲ့ပြီး ချင်းအာ ထွက်သွားသည့် ဘက်ကိုသာ ကြည့်နေကြသည်..။
ပိုင်ချီ အကူညီမဲ့သွားခဲ့ပြီး..
"နင်တို့ နှစ်ယောက်က ဘာဖြစ်နေကြတာလဲ.."
ဟောင်ထျန် လေးနက်စွာ ပြောလိုက်သည်..။
"အင်အားကြီးတဲ့ နတ်ဆိုးအော်ရာ တွေကြောင့် ငါ အန္တရာယ် ရှိသလို ခံစားနေရတယ်.."