နာဂါး ၏ ဒဏ္ဍာရီ ၊ သိုင်းအင်ပါယာ ရဲ့ အမွေအနှစ်
Vol. 14 Ch. 197
ဟောင်ထျန်၏ စကားလုံးတွေကိုကြားပြီး ပိုင်ချီ လေးနက်သွားခဲ့သည်..။သူမက ဒီနှစ်ကောင်ကို မကြာခန အနိုင်ကျင့်သော်လည်း သူတို့၏ အရည်အချင်းကိုတော့ လေးစားမိ၏..။
သူတို့နှစ်ယောက်ကို ကြောက်လန့်စေနိုင်သည့် နတ်ဆိုးအော်ရာက ရိုးရှင်းသည်တော့ မဟုတ်ပေ..။
ကျန်းချန်ရှန်း တိတ်တဆိတ်ပဲ စိတ်ရှည်စွာ စောင့်နေခဲ့၏..။
သိပ်မကြာခင်အချိန်မှာတော့..ချင်အာဟာ ယောကျ်ားတစ်ယောက် မိန်းမတစ်ယောက်နဲ့အတူ ဝင်လာခဲ့သည်..။
သူတို့နှစ်ယောက် ခြံဝန်းထဲက နတ်ဆိုးသားရဲ နှစ်ကောင်ကို မြင်သည့်အချိန်တွင် မျက်မှောင်ကျုတ်ပြီး ကျန်းချန်ရှန်းကို ကြည့်လိုက်၏..။
သူတို့နှစ်ယောက် ကျန်းချန်ရှန်းဆီကို လျောက်လာပြီး လက်သီးကိုဆုပ်ကာ နှုတ်ဆက်လိုက်သည်..။
"ကျွန်တော်က ချန်းမင်ပါ..။တာအိုဘိူးဘေးကို နှုတ်ဆက်ပါတယ်.."
"ကျွန်မက ချန်းလင်လင်ပါ..။တာအို ဘိုးဘေးကို နှုတ်ဆက်ပါတယ်.."
ကျန်းချန်ရှန်း ခေါင်းညိမ့်ပြလိုက်သည်..။ချန်းမင်က ကောင်းကင် လေးခု နယ်ပယ်တွင်ဖြစ်ပြီး ချနိးလင်လင်က ကောင်းကင် နှစ်ခု နယ်ပယ်တွင်ဖြစ်၏..။သူတို့က ကမ္ဘာဖျက်ဆီးခြင်း သစ်ပင်ကနေ လွတ်မြောက်လာတာ အံ့ဩစရာ မရှိတော့ပေ..။
ဟောင်ထျန် နဲ့ ဟီထျန်တို့ကတော့ သူတို့နှစ်ယောက်ကို ကြောက်ရွံ့စွာကြည့်နေကြတုနိးဖြစ်၏..။
ချင်းအာ ထွက်သွားပြီးတွင် ကျန်းချန်ရှန်း မေးလိုက်သည်..။
"ဘာလို့ လာရှာကြတာလဲ မေးပါရစေ.."
ချန်းမင် အသက်ကို ပြင်းပြင်းရူလိုက်ပြီး..
"တာအိုဘိုးဘေး..ကျေးဇူးပြုပြီး နတိဆိုးတွေကို တိုက်ခိုက်ပြီး ကမ္ဘာဖျက်ဆီးခြင်း သစ်ပင်ကို ဖျက်ဆီးပေးပါ..။ကမ္ဘာဖျက်ဆီးခြင်းသစ်ပင်က နှစ်တစ်ထောင်မှာ တစ်ခါသာ မြင်ဖူးတဲ့..ရှားပါးတဲ့ နတ်ဆိုးတစ်ကောင်ပါ..။သူက လူသားတွေ ၊ နတ်ဆိုးတွေ၊ သားရဲတွေရဲ့ အသွေးအသားတွေကို စုပ်ယူပြီး မြန်မြန်ဆန်ဆန် သန်မာလာနေပါတယ်..။ဒီတိုင်းသာ ရှေ့ဆက်ဖြစ်နေမယ်ဆိုရင် ပင်လယ်ဒေသက လူသားတွေ ကပ်ဆိုး ဆိုက်ပါလိမ့်မယ်..."
ဒီတော့..ကမ္ဘာဖျက်ဆီးခြင်း သစ်ပင်က ပိုပြီး သန်မာလာပြီပေါ့..
ကျန်းချန်ရှန်း ကမ္ဘာဖျက်ဆီးခြင်း သစ်ပင်၏ အင်အားကို တွက်ချက်လိုက်သည်..။
ဒီအရာက ၆.၅ သန်းကို ရောက်ရှိနေပြီဖြစ်၏..။သူ၏ တိုးတက်မူ အမြန်နှုန်းက သူ၏ ခွန်အားနဲ့တောင် ညီမျှနေခဲ့သည်..။
ကျန်းချန်ရှန်း ဘာမှမပြောတာကြောင့် ချန်းမင်ဟာ သူတို့ ကမ္ဘာဖျက်ဆီးခြင်းသစ်ပင် နှင့် ဖြစ်ခဲ့သည့် တိုက်ပွဲအကြောင်း ပြန်ပြောပြလိုက်သည်..။
ကြောက်စရာသစ်ပင် ကြီး၏ ပင်စည်သည် ပေနှစ်ထောင်ခန့် ထူပြီး အတော်လေးကို မြင့်မား၏..။သူ၏ သွေကြော အကိုင်းအခတ်များကပင် ကောင်းကင်တစ်ခု အဆင့် ပညာရှင်၏ အသွေး ၊ အသားများကို စုပ်ယူသွားရင် လုံလောက်၏..။
ဒီပုံရိပ်က ပိုင်ချီ နှင့် ကြောင်နှစိကောင်ကိုပါ ကြောက်ရွံ့စေခဲ့သည်..။
ချန်းမင် အသက်ကို ပြင်းပြင်းရူလိုက်ပြီး..
"ကျွန်တော် ထွက်မသွားခင် နတ်ဆိုးသားရဲ နှစိကောင်ကို သစ်ပင်ပေါ်မှာ တွေ့ခဲ့တယ်..။သူတို့နှစိကောင်လုံးက လူသား ခန္တာကိုယ်နဲ့ပဲ..။သူတို့က ကမ္ဘာ့သစ်ပင်နောက််မှာ ပုန်းနေတာဆိုတော့ မွေးဖွားလာတာ မကြာလောက်သေးဘူး..။ကျွန်တော် ထင်တာတော့ ကမ္ဘာဖျက်ဆီးခြင်း သစ်ပင်က သူတို့နှစ်ယောက်ကို ကာကွယ်ပေးနေတာပဲ..။ဒီသစ်ပင်က နတ်ဆိုးသားရဲတွေကိုပါ တိုကိခိုက်ပေမယ့်..သူတို့နှစ်ယောက်ကိုတော့ အပင်ပေါ် တက်ခွင့်ပြုပေးထားတယ်လေ..။ကျွန်တော် ကျွန်းပေါ်ကို စပြီးတက်တော့..ပြင်းထန်တဲ့ နတ်ဆိုးအော်ရာတွေပါဝင်တဲ့ ..ဥ အခွံတစ်ခူကိုလည်းတွေ့ခဲ့တယိ.."
သူ ဥ အခွံကို ထုတ်ယူလိုက်၏..။ဥ အခွံပေါ်လာတာနဲ့ ဟောင်ထျန် နဲ့ ဟီထျန် တို့သည် ကြောက်လန့်တကြား နောက်ကို ခုန်ဆုတ်လိုက်သည်..။ဒီတော့ ဒီအရာက သူတို့ကို ကြောက်ရွံ့နေစေတာပေါ့..။
လူသားတစ်ဝက် ခန္တာကိုယ်လား..
ကျန်ချန်းရှန်း မျက်ခုံးပင့်တင်လိုက်၏..။နတ်ဆိုးသားရဲတွေ အတွက် လူအသွင် ပြောင်းဖို့ဆိုသည်မှာ အတော်ပင် ခဲယဥ်းသည့်အရာဖြစိသည်..။
သူ တစ်ခုခုကို တွေးမိလိုက်၏..။
လင်းဟောက်ထျန်းဟာ နတိဆိုးမျိုးနွယ်၏ သွေးစက်ကို ပိုင်ဆိုင်ထားသည်..။ဖြစ်နိုင်တာက သူ့ဘိုးဘေးက နတိဆိုးသားရဲ အဖြစ် ပြောင်းလဲသွားတာလား..။
ကျန်းချန်ရှန်း ဥ အခွံကို လှမ်းယူလိုက်သည်..။
ဒီအထဲတွင် ပြင်းထန်သည့် နတ်ဆိုးအော်ရာများပါဝင်၏..။အင်အားခြင်းနှိုင်းယှဥ်လျင် ဒါက ပိုင်ချီထက်ပင် အားကောင်းလှသည်..။သို့ပေမယ့် ဒီ အော်ရာက သာမန် နတ်ဆိုးအော်ရာတွေထက် သိသိသာသာ ပို၍ သန့်စင်နေခဲ့သည်..။
ချန်းမင် : " တာအိုဘိုးဘေး အခုဆိုရင် နတ်ဆိုးတွေက မြင့်မြတ်သော မင်းဆက်ရဲ့ ခံစစ် စည်းကို တိုက်ခိုက်နေကြပြီ..။မထင်မှတ်ထားတဲ့ အရာတွေက ဖြစ်လာတော့မယ်..။တကယ်လို့ ကျွန်တော်တို့ ကမ္ဘာဖျက်ဆီးခြင်းသစ်ပင်ကို မဖျက်ဆီးဘူးဆိုရငိ နတ်ဆိုးတွေက ပိုပိုရောက်လာပြီး သူတို့ကို ကူညီကြလိမ့်မယ်..။နောက်ဆက်တွဲကတော့ တကယ်ကို မယုံနိုင်လောက်စရာပဲ.."
ပိုင်ချီ..
"ရှငိတို့ပြောပုံ အရဆိုရင်တော့ ကမ္ဘာဖျက်ဆီးခြင်း သစ်ပင်က အရမ်းအင်အားကြီးတာကြောင့် ကျွန်မတို့ ရဲ့ မာစတာကို လာရှာတဲ့ ပုံပဲ..။ဒါပေမဲ့ ဘာလို့ တစ်ခြားတစ်ယောက်ယောက်ဆီ မသွားတာလဲ.."
ချန်းလင်လင် , " ငါတို့ မကြိုးစားခဲ့တာ မဟုတ်ဘူး..။တစ်ခြား အင်ပါယာတွေက အကျိုးရလာဒ်တွေ အတွက်ပဲ တိုက်ခိုက်ခြင်ကြပြီး သူတို့ရဲ့ သန်မာတဲ့ ပညာရှင်တွေကို မဆုံးရှုံးချင်ကြဘူး..။ဒီတော့ ရွေးချယ်စရာ မရှိပဲ တာအိုဘိုးဘေးကို လာရှာခဲ့ကြတာ.."
သူမ ကျန်းချန်ရှန်းကို ပြန်ကြည့်လိုက်ပြီး..
"တာအိုဘိုးဘေး..ရှင် သဘောတူမှာလား မတူဘူးလား..။နည်းနည်းလေး ပွင့်ပွင့်လင်းလင်း ပြောလို့မရဘူးလား..။ကျွန်မတို့က နောက်နှေးလို့ ရတာ မဟုတ်ဘူး..။တကယ်လို့ သဘောမတူဘူးဆိုရင် ကျွန်မတို့က နောက်ထပ် အင်အားစုတစ်ခုဆီကို သွား ရမှာ.."
ချန်မင် မျက်မှောက်ကျုတ်လိုက်သည်..။ချန်းလင်လင် ရဲ့ စကားတွေက အနည်းငယ် ရိုင်းစိုင်းနေပေမယ့် သူတို့က အလျင်လိုနေတာကြောငိ့..ထပ်ပြီး ကြံ့ကြာလိူ့ မဖြစ်ပေ..။
ကျန်းချန်ရှန်း သိချင်စွာ မေးလိုက်၏..။
"နတ်ဆိုးဖျက်ဆီးခြင်း အဖွဲ့ကို နတ်ဆိုးတွေကို သတ်ဖြတ်ဖို့ ဘယ်သူက ခိုင်းထားတာလဲ.."
သူ ချက်ချင်း မငြင်းပယ်တာကို မြင်ပြီး ကျန်းမင် မျှော်လင့်ချက် ရှိလာခဲ့သည်..။
"ကျွန်တော်တို့ရဲ့ မာစတာက မြင့်မြတ်သော အင်ပါယာရဲ့ မင်းဆရာ တစ်ယောက်ပါ..။သူက ကမ္ဘာအနှံ့ကို လှည့်ပတ်သွားလာနေတာလေ..။လွန်ခဲ့တဲ့ နှစ်လေးရာလောက်က သူက နတ်ဆိုးမျိုးနွယ်ထဲမှာ အစွမ်းထက်တဲ့ နတ်ဆိုးတစ်ကောင် မွေးဖွားလာပြီး ပင်လယ်ဒေသက ပညာရှင်တွေကို သတ်ဖြတ်တော့မှာကို ကြိုသိခဲ့တယ်..။ဒါကြောင့် သူက ကျွန်တော်တို့ သိုင်ပညာကို လုံလောက်အောင် တတ်ကျွမ်းပြီးတာနဲ့ နတိဆိုး မျိုးနွယ်ကို ရှင်းလင်းခိုင်းထားတာ..။သူက နတ်ဆိုးမျိုးနွယ်တွေ ပိုအားကောင်းလာပြီ သူတို့ရဲ့ အင်ပါယာ မွေးဖွားလာတာကို စောင့်မနေစေချင်ဘူး.."
မြင့်မြတ်သော အင်ပါယာက မင်းဆရာလား..။
ကျန်းချန်ရှန်း သူ ဘယ်လောက် အင်အားကြီးလဲ ဆိုတာကို တွက်ကြည့်လိုက်၏..။
တစ်ဖက်လူက စနစ်၏ တွက်ချက်နိုင်သည့် နယ်ပယ်ထဲတွင် ရှိမနေခဲ့ပေ..။
ကျန်းချန်ရှန်းသည် ချန်းမင် ပြောတာကို ပြန်တွေးလိုက်ပြီး..
"မြင့်မြတ်သော အင်ပါယာ ရဲ့ ခံစစ်လိုင်းက ဘာလဲ.."
ချန်းမင် : " ဒါက မြင့်မြတ်သော အင်ပါယာရဲ့ ကံတရားတွေနဲ့ ဖွဲ့စည်းထားတာ..။သူက ကောင်းကင်နဲ့မြေကြီးကနေ ဖြစ်တည်လာပြီး ကမ္ဘာပေါ်က မျိုးနွယ်တွေအားလုံး..ဒီစည်းကို ကျော်ဖြတ်ပြီး လူသားတွေဆီကို ကျူးကျော်မူကနေ တားဆီးပေးတယ်..။အခုက သားရဲတွေ အကုန် နတ်ဆိုးဖြစ်လာနိုင်တာကြောင့် နတ်ဆိုးတွေရဲ့ မြင့်တက်မူက မတားဆီးနိုင်တော့ဘူး.."
အဆုံးမှာတော့ သူ့ အသံက အကူညီမဲ့နေခဲ့၏..။
ကျန်းချန်ရှန်း ရုတ်တရက်သဘောပေါက်သွားခဲ့သည်..။
ကြည့်ရတာတော့ ကမ္ဘာကြီးက ကျယ်ပြောနေလို့ မဟုတ်ပဲ..မြင့်မြတ်သော အင်ပါယာရဲ့ ခံစစ်က စနစ်ကို တားဆီးထားခြင်းကြောင့် ဖြစ်ပေလိမ့်မည်..။
ကျန်းချန်ရှန်း : " သိပါပြီ..တစ်ခုခု လုပ်ပေးပါ့မယ်.."
သူ ဒီအရာကို တွေ့ရှိပြီဖြစ်ပြီး..ကံတရားကလည်း တွေ့ဖို့ အကြောင်းဖန်လာခဲ့သည်..။သူသာ ဒီအရာကို တစ်ခုခု လုပ်ဆောင်လျင် ရှင်သန်မူ ဆုလာဒ်ရနိုင်လောက်သည်..။
"ကျွန်မတို့လည်း တာအိုဘိုးဘေးနဲ့အတူ နတ်ဆိုးတွေကို သတ်ဖြတ်ဖို့ လိုက်ပါရစေ.."
ချန်းလင်လင် ၏ မျက်လုံးတွင် အမုန်းတရားများနှင့် ပြည့်နေခဲ၏..။
ကမ္ဘာဖျက်ဆီးချင်းသစ်ပင်က သူမတို့၏ အစ်ကိုတွေ ၊ အစ်မတွေ အများကြီးကို သတ်ဖြတ်ခဲ့သည်..။သူ ရန်ငြိုးက ရပ်တန်လို့ မရနိုင်တော့ပေ..။
ချန်းလင်လင် ထပ်ပြောလ်ိုက်တော့မယ့် အချိန်မှာပဲ ချန်းမင် ၏ တားဆီးခြင်းကို ခံလိုက်ရ၏..။
ချန်းမင် : " ဘယ်ချိန်လောက် စပြီးလှုပ်ရှားမလဲ..."
ကျန်းချန်ရှန်း : " လူသားမျိုးနွယ်ကို ထိခိုက်နစ်နာစေမှာမဟုတ်ဘူး.."
ချန်းမင် စိတ်သက်သာရာရသွားခဲ့ပြီး ကျန်းချန်ရှန်းကို ကျေးဇူးတင်လိုက်သည်..။.
သူ အံကိုကြိတ်ကာ သူ့နောက်ကျောက ဓားကို ထုတ်ယူလိုက်ပြီး..
"ဒီဓားက...."
"မလိုအပ်ဘူး..။တကယ်လို့လက်ခံလိုက်ရင် ကိစ္စတစ်ရပ်လုံးရဲ့ သဘာဝ ပြောင်းလဲသွားလိမ့်မယ်..။ဒီ ဥ အခွံကိုသာ ထားထားခဲ့လိုက်.."
ဒါက်ိုကြားသည့် အချိန်တွင် ချန်းမင်နှင့် ချန်းလင်လင် တို့သည် လေးစားစွာ ကြည့်လိုက်ကြသည်..။
ယဥ်ကျေးသည့် စကားအနည်းငယ် ပြောပြီးသည့် နောက်တွင် သူတို့နှစ်ယောက် ထွက်သွားခဲ့ကြ၏..။
ကျန်းချန်ရှန်း ဥ အခွံကို သုံးပိူင်းပိူင်းပြီး လှမ်းပစ်ပေးလိုက်၏..။
"စားလိုက် ၊ ဒါက မင်းတ်ို့ အတွက် ကောင်းမွန်တယ်.."
ယင်းနောက် သူ ပိုင်ချီ နဲ့ ကြောင်နှစ်ကောင်ကို လျစ်လျူရူပြီး အနောက်ဘက်က ကမ္ဘာဖျက်ဆီးခြင်း သစ်ပင်ကို လှမ်းကြည့်လိုက်သည်..။
ချန်းမင် နှင့် ချန်းလင်လင်တို့ တောင်အောက်က ဆင်းလာကြ၏..။
ချန်းလင်လင် သက်ပြင်းချလိုက်သည်..။
"အစ်ကို, တကယ်လို့ တာအိုဘိုးဘေးသာ ကမ္ဘာဖျက်ဆီးခြင်း သစ်ပင်ကို ဖျက်ဆီးနိုင်လို့ရှိရင် ဒါက တကယ် လေးစားစရာပဲ..။သူက တကယ် သူရဲကောင်းပဲ..။ဟိုလူတွေက ညီမတို့ တောင်းဆိုမူကိုကြားတာနဲ့ ကြောက်ရင်ကြောက် မကြောက်ရင် စျေးနှုန်းကို မြှင့်တင်နေကြတာ..။သူတို့က လူသားမျိုးနွယ်က မဟုတ်ကြတဲ့ အတိုင်းပဲ.."
ချန်းမင် : " ပင်လယ်ဒေသက မင်းဆက်တွေက မြင့်မြတ်တဲ့ အင်ပါယာနဲ့ အတော်လေး ဝေးကွာတယ်လေ..။သူတို့က လူသားမျိုးနွယ်ဘာတွေ ရင်ဆိုင်နေရလဲဆိုတာကို သိကြတာ မဟုတ်ဘူး..။သူတို့ မျက်လုံးထဲမှာ အခွင့်အရေးတွေပဲမြင်ကြတာ..။ဒါက လူ့သဘာဝပဲ.."
ချန်းလင်လင် တိတ်ဆိတ်သွားခဲ့၏..။
သူတို့ရဲ့ မစ်ရှင်က ရှေ့ဆက်နေဦးမှာဖြစ်ပြီး ကမ္ဘာဖျက်ဆီးခြင်း သစ်ပင်က သူတို့ရဲ့ နောက်ဆုံး တားဂတ်မဟုတ်ပေ..။
ရက်အချို့ကြာပြီးနောက်..။
ကျန်းချန်ရှန်းရဲ့ အကန့်သတ်မဲ့ မျက်လုံးတွေဟာ..ကျွန်းပေါ်က ကမ္ဘာဖျက်ဆီးခြင်း သစ်ပင်ဆီကို ရောက်နေခဲ့၏..။
အတော်ကြီးမားတဲ့ သစ်ပင်ပဲ..
ဒါက ချန်းမင်နဲ့ ချန်လင်လင် ပြောထားတာထက်တောင် ပိုပြီးကြီးမားနေခဲ့သည်..။
ဒါက ကောက်းကင် အဆင့်၈ ပညာရှင် တစ်ယောက်နဲ့တောင်မှ တန်ဖိုးခြင်း ညီမျှ၏..။
ကျန်းချန်ရှန်း၏ အကြည့်တွေက ရှေ့ကို ဆက်သွားပြီး ကမ္ဘာဖျက်ဆီးခြင်းသစ်ပင်၏ အရွက်တွေကြားထဲကို ဝင်သွားခဲ့သည်..။
မကြာခင်မှာပဲ..ချန်မင်ပြောတဲ့ နတ်ဆိုးမြွေနှစ်ကောင်ကို သူ တွေ့လိုက်၏..။
အကြောင်းပြချက်တစ်ချို့ကြောင့် ကျန်းချန်ရှန်း သည် ဒဏ္ဍာရီ ထဲက နီဝါး နဲ့ ဖူရှီ ကိုတောင် သတိရမိသွားခဲ့သည်..။
တကျန်းတွင်လည်း နီဝါး ၏ ဒဏ္ဍာရီ များစွာ ရှိနေခဲ့၏..။နီဝါးက ကမ္ဘာကြီးကို ဖန်တီးခဲ့တယ် ဆိုသည့် ဒဏ္ဍာရီများတောငိ ရှိနေခဲ့သည်..။
ကျန်းချန်ရှန်း ဒီနှစ်ကောင်ကို သေချာကြည့်နေခဲ့သည်..။
မိန်းကလေး မြွေ ဟာ..အဆင့်အတန်း ပိုမြင့်သည်ဆိုတာ ထင်ရှား၏..။ယောက်ျားလေး မြွေသည် သူမအတွက် အသီးများစွာကို ခူပေးထားပြီး သူမစားသည်ကို ဘေးနားတွင် တိတ်တဆိတ် ထိုင်ကြည့်နေခဲ့သည်..။
ထပ်ပြောရရင် မိန်းကလေး မြွေ သက်သောင့်သက်သာ မှီလို့ရအောင် သစ်ပင်မှ အကိူင်းတစ်ခုကပါ..နောက်ကို အလိုက်သင့်ပြုလုပ်ပေးထားသည်..။
ကျန်းချန်ရှန်းသည်သူတို့အပေါ်မှာ ရိုးရှင်းသော တောင်တန်းနှင့်ပင်လယ်ကို အသုံးပြုရန် ဆုံးဖြတ်လိုက်၏..။
လက်ရှိအချ်ိန်တော့ ဘယ်လူသားပညာရှင်မှ ဒီပတ်ဝန်းကျင်ကို မကပ်ရဲကြပေ..။အများဆုံး သူတို့က အစွန်းနားကနေသာ ..လေ့လာနေကြ၏..။
ဒီတစ်ကြိမ်တော့ ကျန်းချန်ရှန်း ကိုယ်တိုင်သွားကာ စွန့်စားဖို့ ဆုံးဖြတ်ထား၏..။
ရှင်သန်မူ ဆုလာဒ်အပြင် သူက ရိုးရှင်းသော ကောင်းကင်နှင့်ပင်လယ်ပြင်ထဲက မျက်နှာ အရေအတွက်ကိုပါ တိုးလာစေချင်မိ၏..။
ထူးဆန်းသည့် ဂူထဲတွင်တော့ လင်းဟောက်ထျန်း ဟာ ကျောက်တုံးရုပ်ထူ သုံးခုရှေ့တွင် တရားထိုင်နေခဲ့သည်..။
အဖြူနှင့် အမဲ ချီတွေကတော့ သူ့ကို ဝန်းရံလျက်ရှိပြီး ပုံသဏ္ဍာန်တစ်ခုကို ဖော်ပြနေခဲ့၏..။ဒီ ချီနှစ်ခု ရောနှောသွားသည့်အချိန်တွင် အတော်လေး ဆန်းကျယ်လှသည်..။
ကောင်းကင် မိုးကြိုး သိမ်းငှက်သည် ဂူအပြင်ဘက်ကနေ..ပျံသန်းလာခဲ့သည်..။သူ၏ လက်သည်းတွင် ပင်လယ်ငါးတွေ ရှိနေခဲ့ပြီး လင်းဟောက်ထျန်း၏ ဘေးနားတွင် ရပ်တန့်သွားခဲ့၏..။
လင်းဟောက်ထျန်း မျက်လုံးဖွင့်လိုက်ပြီးဟအသက်ကို ရူထုတ်လိုက်သည်..။
"ဘယ်လောက်တောင်ကြမ်းတမ်းတဲ့ အင်ပါယာ ပြန်လည်မွေးဖွားမူ..ကျမ်း လဲ..။ဒီလို နည်းစနစ်မျိုးက ကမ္ဘာပေါ်မှာ တကယ်ရှိတာပဲ..။သိုင်းအင်ပါယာတွေက သိုင်းကမ္ဘာတစ်ခုလုံးကို ကျော်တက်နိုင်တာ အံ့ဩစရာ မရှိတော့ဘူး.."
သူ ငါးကိုစားရန် ကောက်ကိုင်လိုက်သည်..။
ကျွန်းတစ်ကျွန်းလုံး တုန်လှုပ်လာတာကြောင့် လင်းဟောက်ထျန်း ထရပ်လိုက်သည်..။သူ အမြန်ထွက်ကြည့်လိုက်တဲ့ အချိန်မှာတော့ ရေချိန်ဟာ တစ်ဖြည်းဖြည်း နိမ့်ဆင်းနေတာကို တွေ့လိုက်ရ၏..။
မဟုတ်ဘူး...ကျွန်းကြီးက မြင့်တက်နေတာ.