← Chapters

ရှေးဟောင်းသားရဲ ၊ တာအ်ိုဘိုးဘေး ထွက်လာပြီ

Vol. 14 Ch. 198

ရှေးဟောင်းသားရဲ ၊ တာအ်ိုဘိုးဘေး ထွက်လာပြီ

Vol. 14 Ch. 198

လင်းဟောက်ထျန်..ကောင်းကင်မိုးကြိုး သိမ်းငှက်ပေါ်ကို တက်ပြီး ကျွန်းကနေ ထွက်ခွာလိုက်၏..။သူ ပြန်လှည့်ကြည့်လိုက်တဲ့ အချိန်မှာတော့ မျက်လုံးပြူးကျယ်သွား၏..။

ဒီကျွန်းကြီး၏ အောက်ဘက်ကနေပြီး ဂဏန်း နဲ့ ပင့်ကူ ပေါင်းစပ်ထားသလို သားရဲကြီးတစ်ကောင် ပေါ်ထွက်လာခဲ့သည်..။သူ့ရဲ့ အကြည့်တွေက ဒီသားရဲကြီး ဆီကို ရောက်သွားသည့်အချိန်တွင်..သူ့မှာ လူသားပုံစံ မျက်နှာရှိနေတာကို တွေ့လိုက်ရသည်..။ပိုပြီးဆိုးတာက သူ့ရဲ့ မျက်လုံးတွေက ပိတ်ထားခဲ့ပြီး..အိပ်ပျော်နေသလို ထင်နေရ၏..။

ကောင်းကင်မိုးကြိုး သိမ်းငှက်သည် ကြောက်ရွံ့မူကြောင့် တုန်ရီနေခဲ့သည်..။ဒီလို ကြမ်းတမ်းသည့် သားရဲကြီးရှေ့တွေတော့ သူက ပုရွတ်ဆိတ် တစ်ကောင်မျှသာဖြစ်၏..။

နေ့တစ်ဝက်ကြာပြီးနောကိ..။

ကြီးမားသည့် ဂဏန်းကြီးသည် ရေထဲကို ပြန်ငုတ်သွားခဲ့ပြီး..ကျွန်းကြီးသည်လည်း တဖြည်းဖြည်း ပြန်နိမ့်ဆင်းလာခဲ့၏..။လင်းဟောက်ထျန်း သတ္တိမွေးလိုက်ပြီး ကျွန်ပေါ်ကို ပြန်ဆင်းကာ..ဂူ အတွင်းသို့ ပြန်ဝင်သွားလိုက်သည်..။

"ဒီကျွန်းအောက်မှာ ရှေးဟောင်းသားရဲ ရှိနေလိမ့်မယ်လို့ မထင်ထားဘူး..။ဘာကိစ္စပဲရှိရှိ ငါတို့ ထွက်သွားလို့မရဘူး..။ငါ ဒီအမွေအနှစ်ကို အကုန်ဆက်ခံရမယ်.."

လင်းဟောက်ထျနိး စိတ်လှုပ်ရှားစွာ ပြောလိုက်ခြင်းဖြစ်သည်..။သိမ်းငှက်လည်း ခေါင်းညိမ့်လိုက်၏..။

သမုဒ္ဒရာထဲမှာတော့ အရမ်းကို ကြီးမားသည့် သတ္တဝါကြီးများကို ရှေးဟောင်း သားရဲကြီးများဟု ခေါ်ဆိုကြသည်..။သူတို့ ဒီလောက်အထိ ခန္တာကိုယ်ကြီးမားသည်က ရှေးခေတ်ကတည်းက တည်ရှိနေမူကြောင့်ပင်ဖြစ်နိုင်၏..။

ကျယ်ပြန့်လှသည့် သမုဒ္ဒရာထဲတွင်တော့ လှိုင်းတွေ ထန်နေခဲ့၏..။

ကြီးမားသည့် သင်္ဘောကြီးပေါ်တွင် သိုင်းပညာရှင်တစ်ခုဟာ မတ်တတ်ရပ်နေခဲ့ကြသည်..။

လူငယ်လေးတစိယောက် သည် ပြောလိုက်၏..။

"ခေါင်ဆောင်..ကျွန်တော်တို့ လက်လျော့လိုက်ကြမလား..။တကယ်လို့ ရှေ့ကို ဆက်သွားမယ် ဆိုရင် အန္တရာယ်များတယ်လေ.."

ကျန်တဲ့လူတွေလည်း ဒီစကားကို သဘောတူကြသည်..။

"ဒါအမှန်ပဲ..။နတ်ဆိုးသတ်ဖြတ်ခြင်းအဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဝက်လောက်တောင် သေသွားခဲ့တာ..။ဒီနှစ်နှစ်အတွင်းမှာ ကမ္ဘာဖျက်ဆီးခြင်း သစ်ပင်က ပိုပြီး သန်မာလာပြီ..။များပြားလှတဲ့ နတ်ဆိုးသားရဲတွေလည်း ဝန်းရံပေးထားတာကြောင့် သူ့ကို သတ်ဖို့ဆိုတာက မဖြစ်နိုင်ဘူး.."

"ပုံမှန်ဆိုရင်တော့..ငါတို့ ဒီရောက်ပြီးမှတော့..တိုက်ခိုက်ချင်မိတယ်..။ဒါပေမဲ့ အခြေအနေကိုကြည့်ရတာတော့..အတော်ခက်ခဲမယ့်ပုံပဲ.."

"အိုးမိုင်ဂေါ့..ငါတို့ရှေ့မှာ နတ်ဆိုးသားရဲတွေ ဘယ်လောက်တောငိ စုဝေးနေတာလဲ..။နတ်ဆိုး အော်ရာတွေကို ကြည့်ပါဦး..။နောက်ပြန်ဆုတ်ဖို့ဆိုတာ နောက်ကျသွားပြီ.."

သူ့လူတွေရဲ့ စကားတွေကို နားထောင်ရင်း..လူအိုကြီးသည် ရှေ့ဘက်ကို ခံစားချက်မဲ့စွာ ကြည့်လိုက်သည်..။

"တကယ်လို့ ငါတို့ ဘာမှမလုပ်ရင် မြင်မြတ်သော အင်ပါယာရဲ့ အခြေအနေကထူးခြားလာမှာမဟုတ်ဘူး..။တကယ်လို့ ဒီတိုင်းဆကိဖြစ်နေရင် ကမ္ဘာဖျက်ဆီးခြင်း သစ်ပင်က ဘယ်လောက်တောင် ဆက်ပြီး သန်မာလာမှာလဲ..။အဲ့အချိန်ကျရင် ငါတို့ ဘယ်မှာသွားပြီး ပုန်းနိုင်မှာမို့လို့လဲ.."

သက်လတ်ပိူင်းအရွယ် အမျိုးသမီးက ပြောလိုက်သည်..။

"ကမ္ဘာကြီးက ကျယ်ပြန့်တယ်..။ကျွန်မတို့ ပုန်းစရာ နေရာမရှိမှာကို ပူစရာမလိုပါဘူး..။ပုန်းချင်စိတ် ရှိတယ်ဆိုရင်တော့ နတ်ဆိုးသားရဲတွေရဲ့ ပါးစပ်ထဲမှာသေမှာမဟုတ်ဘူးလေ.."

သူမ၏ စကားများက အဓိပ္ပါယ်ရှိ၏..။သူတို့ ဒီကို မလာခင်မှာ နတ်ဆိုးသားရဲတွေ ဒီလောက်အထိ စုဝေးနေကြလိမ့်မယ်လို့ မထင်ထားခဲ့ပေ..။

လူအိုကြီးသည် မျက်မှောင်ကျုတ်ပြီး တစ်ခုခု ပြောဖို့ လုပ်လိုက်သည်..။

ရုတ်တရက် လေထုကို ထိုးခွင်းသည့် အသံတစ်ခု သူတို့၏ အပေါ်ကနေ ထွက်ပေါ်လာခဲ့၏..။အားလုံးမော့ကြည့်လိုက်သည့်အချိန်တွင် ရွှေရောင်အလင်းတန်းတစ်ခုသည် မြူများကြားတွင် ဖြတ်သန်းသွားသည်ကို တွေ့လိုက်ရသည်..။

လူငယ်လေး : " သိုင်းပညာရှင် တစ်ယောက်လား.."

သူတို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်..။ရွှေရောင်အလင်းတန်းက မြန်ဆန်လွန်းသည့် အတွက် သူတို့ ရှင်းရှင်းလင်းလင်းတော့ မမြင်ကြရပေ..။

ရွှေရောင်အလင်းတန်းသည် ကျွန်းပေါ်ရှိ မြူများကြားထဲသို့ တိုးဝင်ကာ ပျောက်ကွယ်သွားခဲ့၏..။

တစ်နေရာတွင်တော့ ရွှေရောင််လင်းတန်းသည် ရပ်တန့်သွားခဲ့ပြီး ရွှေရောင်အကာအကွယ်နှင့် အမျိုးသမီး တစ်ယောက် အသွင်ပြောင်းလဲသွားခဲ့သည်..။သူမက ဖိီးနစ်ဦးခေါင်းပုံစံ ရွှေရောင် ဦးထုတ်ကို ဆောင်းထားဦး..။သူမ ခန္တာကိုယ်ပေါ်ရှိ ရွှေရောင် အကာအကွယ် သာမန်မဟုတ်ပေ..။သူမ၏ လက်တွင်တော့ သုံးမီတာ ခန့်ရှည်သည့် ရွှေရောင် လှံရှည်တစ်ခု ရှိနေခဲ့၏..။

သူမသည် မြူများကြားထဲမှာ သစ်ပင်ကြီး၏ ကြောက်စရာ အရိပ်တွေကို ကြည့်နေခဲ့သည်..။သူမ မျက်မှောင်ကျုတ်ပြီး ရေရွတ်လိုက်၏..။

"ဒီလို ကြီးမားတဲ့ နတ်ဆိုးက ဘယ်ကနေ လာတာလဲ.."

သူမ လက်ထဲက လှံကို မြှောက်လိုက်ပြီး ရုတ်တရက် လှမ်းပစ်လိုက်သည်..။

ဘန်း..

လှံကနေ ကြောက်မက်ဖွယ်ရာ အော်ရာတွေ ထွက်လာခဲ့ပြီး..မြူနှင်းထဲကို ပျောက်ကွယ်ဝင်ရောက်သွားခဲ့သည်..။ဒီလှံသွားက ကမ္ဘာဖျက်ဆီးခြင်း သစ်ပင်၏ ပင်စည်ကို ​ပြင်းထန်တဲ့ အရှိန်နဲ့ သွားစိုက်ခဲ့ပြီး အရွက်တွေကို ကြွေကျစေခဲ့၏..။

ချက်ချင်းဆိုသလိုပဲ..နွယ်ကြိုးတွေဟာ..သူမရှိရာကို ရွေ့လျားလာခဲ့သည်..။

ရွှေရောင်အကာအကွယ်နဲ့ အမျိုးသမီးဟာ နောက်ကို ဆုတ်ရမည့်အစား ရှေ့ကို ပြေးတက်သွားခဲ့သည်..။သူမရဲ့ အစစ်အမှန်ချီတွေ ပေါက်ကွဲထွက်လာပြီး ဖီးနစ်တစ်ကောင်အသွင်ပြောင်းသွားခဲ့၏..။

သူမ ၏ အရှိန်က အရမ်းကို မြန်ဆန်ပြီး နွယ်ကြိုးတွေဆီ ရောက်သွားသည့်အချိန်တွင် ဖီးနစ်မီးတောက်များနှင့် ပြာကျစေခဲ့၏..။

ကမ္ဘာဖျက်ဆီးခြင်း သစ်ပင်ဟာ တုန်ရီသွားခဲ့သည်..။

ရွှေရောက်အကာအကွယ်နဲ့ အမျိုးသမီးဟာ သစ်ပင်နားကို ရောက်သွားပြီး ပင်စည်ကို ပြန်ဆွဲထုတ်လိုက်သည်..။အစိမ်းရောင် အရည်တွေဟာ..စီးကျလာခဲ့၏..။

သူမ အပေါ်ကို ထပ်ပြီး တက်သွားသည့် အချိန်တွက် သူမ ရုတ်တရက် သစ်ပင်ကြီးဆီမှာ သစ်ရွက်တွေနဲ့ ဖုံးကွယ်နေသည့် ကြီးမားသည့် မျက်နှာကြီးရှိနေတာကို တွေ့လိုက်ရ၏..။

ဟင်

ရွှေရောင်အကာအကွယ်နှင့် အမျိုးသမီးဟာ သူမ၏ ကိုယ်မှာ မီးတောကိတွေနှင့် အကာအကွယ် ပြုလုပ်လိုက်သည်..။သူ၏ အစစ်အမှန် ချီတွေဟာ မီးတောက်အသွင်းပြောင်းလဲသွားပြီး ကမ္ဘာဖျက်ဆီးခြင်း သစ့်င်၏ မျက်နှာဆီကို တိုးဝင်သွား၏..။

အဲ့အချိန်မှာတော့ ကမ္ဘာဖျက်ဆီးခြင်း သစ်ပင်၏ လူသားပုံစံ မျက်နှာကနေ မျက်လုံတွေ ပွင့်လာခဲ့သည်..။အစိမ်းရောင် အလင်းတန်း နှစ်ခုဟာ မျက်လုံးတွေထဲကနေထွက်လာခဲ့ပြိး..မီးတောက်များကို ပြန်တွန်းလှန်လိုက်၏..။

သိပ်မဝေးသည့်နေရာတွင်..။

မြူများကြားထဲမှ ပုံရိပ်တစ်ခုသည် လျောက်ထွက်လာခဲ့သည်..။ဒါက ကျန်းချန်ရှန်း ပင်ဖြစ်၏..။

သူ၏ ခေါင်းထက်တွင် ယန်နတ်ဘုရား အလင်းရောင်က ထွက်ပေါ်နေခဲ့ပြီး သူ၏ မျက်နှာကို အလင်းပေးထားခဲ့သည်..။သူက ပြန်လည်ပြုပြင်ထားသည့် ကြီးမြတ်သည့်လည်သာ အင်္ကျီီကို ဝတ်ထားခဲ့သည်..။သူ၏ ခါးတွင်တောါ တိုင်ဟန် ဓားကို ချိတ်ဆွဲထားခဲ့သည်..။လက်ထဲမှာတော့ ကောင်းကင်ပစ်ခွင်းသည့် နတ်ဘုရား လေးကို ကိုင်ထား၏..။

သူ လမ်းလျောက်လာသည့် ပုံက ကောင်းကင်ဘုံက အင်မော်တယ် နတ်ဘုရားနှင့်ပင် တူနေခဲ့သည်..။

"သူမက ကောင်းကင်ရှစ်ခု နယ်ပင် သစ်ပင်ကိုတောင် တိုကိခိုက်ရဲတာပဲ..။ဒီ အမျိုးသမီး မရိုးရှငိးဘူး.."

ကျန်းချန်ရှန်း အဝေးကိုကြည့်လိုက်သည်..။

ကျွန်းကြီးက ကြီးမားပြီး တောင်တန်းများဖြင့် ဝန်းရံထား၏..။သူက ကမ္ဘာဖျက်ဆီးခြင်း သစ်ပင်နှင့် မိုင် ၂၀၀ အကွာတွင် ရှိနေသေးသည်..။သူ ဒီကို ရောက်သည့် အချိန်တွင် တစ်စုံတစ်ယောက်က သစ်ပင်ကို တိုက်ခိုက်နေနှင့်ပြီဖြစ်သည်..။

"သူမက ဘယ်လောက် သန်မာလဲ "

[ 4500000 အမှတ် လိုအပ်သည်။ရှေ့ဆက်ချင်ပါသလား..]

အမှတ် ၄.၅ သန်း...

ကောင်းကင် ၆ ခု နယ်ပယ်..

ကျန်းချန်ရှန်း ဝင်ပြီး မတိုက်ခိုက်ပေ..။အဲဲဒီအစား တစ်ဖက်လူ ရှုံးတဲ့အထိသာ စိတ်ရှည်ရှည် စောင့်နေခဲ့၏..။

အတူတူ ဘေးချင်းယှဥ်တိုက်ခိုက်ရင် ရှင်သန်မူ ဆုလာဒ်လျော့ကျသွားမလားဆိုတာ မပြောနိုင်ပေ..။ဒါကြောင့် သူမ နောကိဆုတ်သွားမှ တိုက်ခိုက်တာက အကောင်းဆုံးဖြစ်၏..။

တစ်ချိန်တည်းမှာပဲ ကမ္ဘာဖျက်ဆီးခြင်း သစ်ပင်ကြီးဟာ ဒေါသထွက်သွားပြီး မြေကြီးထဲကနေ အမြစ်တွေ ဆက်တိုက်ထွက်ပေါ်လာခဲ့သည်..။ဒီအရာက မြေကြီးတွေ ကျောက်တုံးတွေကို လေပေါ်လွင့်စင်သွားစေ၏..။

ရွှေရောင် အကာကွယ်နှင့် အမျိူးသမီးဟာ သူမ၏ အစစ်အမှန် ချီမီးတောက်များနှင့်တိုက်ခိုက်သော်လည်းအမြစ်တွေကို မဖောက်ထွက် နိုင်ခဲ့ပေ..။ရလာဒ်အနေနဲ့ သူမ ရှောင်တိမ်းလိုက်ရပြီး..နောက်ထပ် အမြစ်တစ်ခုက သူမကိုလာပြီး ရိုက်ခတ်ကာ ဟန်ချက် ပျက်စေခဲ့၏..။

အမြစ်ကြီးတွေဟာ..ကြမ်းတမ်း ဝေ့ယမ်းလာခဲ့ပြီး ကြီးများသည့် လေပြင်းများ ဖြစ်ပေါ်လာစေခဲ့သည်..။မြူတွေဟာ ချက်ချင်းပျောက်ကွယ်သွားပြီး အဲဒီအစား ဘေးနားက နတ်ဆိုးသားရဲတွေ ပေါ်ထွက်လာခဲ့၏..။သူတို့ဟာ ပင်လယ်ထဲကနေ တက်လာခဲ့ကြပြီး ကျွန်းပေါ်ကို ဦးတည်နေခဲ့ကြပြီဖြစ်သည်..။

ကျန်းချန်ရှန်းကတော့ ကျောက်တုန်းကြီးတစ်တုံး၏ ရှေ့တွင်ရပ်ပြီး တိုက်ပွဲကို အေးဆေးကြည့်နေခဲ့သည်..။

နတိဆိုးသားရဲတွေဟာ သူ့အနားက တစ်ကောင်ပြီးတစ်ကောင် ဖြတ်သွားပေမယ့် သူ့ကိုတော့ မမြင်ကြပေ..။

ဘန်း...

တိုက်ပွဲတွက်တော့ အမျိုးသမီးဟာ လှံကို လက်နှစ်ဖက်နှင့်ကိုင်ကာ မြောက်ထားလိုက်သည်..။သူမ အော်ဟစ်လိုက်သည့် အချိန်တွင်တော့ လှံထိပ်များမှ အဖြူရောင် အလင်းတန်းတစ်ခု ကောင်းကင်ပေါ်ကို ထိုးတက်သွားခဲ့၏..။

ယင်းနောက် အဖြူရောင် အလင်းတန်းကနေပြီး ကောင်းကင်ပေါ်မှာ ပုံရိပ်တွေ အများကြီး ခွဲထွကိသွားခဲ့သည်..။ဒီ ပုံရိပ်တွေ အကုန်လုံးက ရွှေရောင် အကာအကွယ်နှင့် အမျိုးသမီး၏ ပုံရိပ်များဖြစ်သည်..။သူတို့အကုန်လုံးက လှံတွေကို ချိန်ရွယ်လိူက်ကြပြီး ရန်သူဆီကို တစ်ဟုန်ထိုးပြေးတက်သွားခဲ့ကြ၏..။

အမျိုးသမီး၏ ထောင်နဲ့ချီတဲ့ ပုံရိပ်တွေဟာ ကမ္ဘာဖျက်ဆီးခြင်း သစ်ပင်ကို တစ်ပြိုက်နက် တိုက်ခိုက်လိုက်ကြသည်..။သစ်ရွက်တွေဟာ လေထဲမှာ လှုပ်ခါနေကြပြီး သစ်ပင်ကြီး၏ မျက်နှာမှာလည်း ပြောင်းလဲသွားခဲ့၏..။

သစ်ပင်ပေါ်၏ အကိုင်းတစ်ခုပေါ်တွင် ပုန်းနေသည့် မြွေနှစ်ကောင်ကတော့ ရွှေရောင်အကာအကွယ် အမျိုးသမီး၏ အစစ်အမှန် ချီတွေနဲ့ မထိအောင် ရှောင်နေကြရသည်..။.

"ဒီ သစ်ပင်က ကောင်းကင်ရှစ်ခု နယ်ပယ်ကို ရောက်နေတာလား.."

အဲ့အချိန်မှာတော့ ကမ္ဘာဖျက်ဆီးခြင်း သစ်ပင်၏ မျက်နှာက သူမကိုသာ စိုက်ကြည့်နေခဲ့၏..။

ရွှေရောင် အကာအကွယ်နဲ့ အမျိုးသမီးသည် တစ်ခုခုကို ခံစားမိပြီး ပြန်လှည့်ကြည့်လိုက်သည်..။သူမ၏ ပတ်ဝန်းကျင်က လေဟာနယ်သည် လှုပ်ရှားလာခဲ့ပြီး တောင်တန်းတွေက သူမဆီကို ရွေ့လျားလာနေတာကို တွေ့လိုက်ရ၏..။

သူမ ဒီနေရာကနေ ထွက်သွားဖို့ လုပ်လိုက်ပေမယ့် အနားကို ကပ်လာတဲ့ တောင်ကုန်းတွေက အနောက်ကို ပြန်တွန်းပို့နေခဲ့သည်..။

သိပ်မဝေးတဲ့ နေရာမှာတော့ ကျန်းချန်ရှန်းသည် အရာရာတိုင်းကို ရှင်းလင်းစွာမြင်နေရသည်..။

ဒါက ကျွန်းကြီးတစ်ခုလုံး အမှန်တကယ် ရွေ့လျားနေခြင်းမဟုတ်ပေ..။ကမ္ဘာဖျက်ဆီးခြင်း သစ်ပင်က သူ၏ ကောင်းကင်နယ်ပယ်ကို ဒီကျွန်းပေါ်တွင် ဖြန့်ကျတ်ထားခြင်း ဖြစ်၏..။ရုတ်တရက်ကြည့်လိုက်လျင် ကျွန်းကြီးတစ်ခုလုံး လှုပ်ရှားနေသည်ဟု ထင်ရပြီးကြောက်ဖို့ ကောင်းလှသည်..။

ကျန်းချန်ရှန်း ခေါင်းခါယမ်းလိုက်၏..။တစ်ဖက်လူက ရှုံးနိမ့်တော့မည်ဖြစ်သည်..။

ပထမဆုံးအနေဖြင့် သူတို့နှစ်ယောက်ကြားထဲက နယ်ပယ်က ဟွာဟမူ ကြီးမားလွန်းလှသည်..။ဒုတိယ အနေဖြင့် ကမ္ဘာဖျက်ဆီးခြင်း သစ်ပင်က သန်မာလှ၏..။

အမျိုးသမီးဟာလည်း ဒါက အမှန်တကယ် လေဟာနယ် မဟုတ်ပဲ.ကမ္ဘာဖျက်ဆီးခြင်း သစ်ပင်ဆီက နတ်ဆိုး စွမ်းအင်တွေဆိုတာကို ခံစားမိသည်..။ပြင်းထန်သည့် နတ်ဆိုး စွမ်းအင်တွေက သူမကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် လုပ်ချင်နေခဲ့သည်..။

ချီး..

ရွှေရောင် အကာအကွယ်နှင့် အမျိုးသမီးက ကျိန်ဆဲလိုက်သည်..။သူမ ဒီနေရာမှာသေရလိမ့်မယ်လို့ မထင်ထားခဲ့ပေ..။

အဲ့အချိန်မှာပဲ..ခရမ်းရောင်အလင်းတန်းလေး တစ်ခုသည်..ကောင်းကင်နယ်ပယ်၏ လေဟာနယ်ကို ထိုးခွဲဝင်ရောက်လာခဲ့ပြီး သူမ၏ ခါးကို ရစ်ပတ်ကာ အပြင်ကို ဆွဲထုတ်သွားခဲ့သည်..။

ကမ္ဘာကြီးက ခြာခြာလည်နေသလို မျိုး ဖြစ်သွားပြီး ရွှေရောင်အကာကွယ်နှင့် အမျိုးသမီးဟာ ခေါင်းမူးသွားခဲ့သည်..။သူမ မြေကြီးပေါ် ပြန်ရောက်သွားမှ သူမရှေ့က ကမ္ဘာကြီးဟာ တည်ငြိမ်သွား၏..။ယင်းနောက် သူမ၏ အကြည့်တွေက ဘေးနားက ပုံရိပ်ဆီကို ရောက်သွားခဲ့သည်..။

"မိန်းကလေး..မင်း ဒီနတ်ဆိုးကို အနိုင်မတိုက်နိုင်ပါဘူး..။ငါ ..ဖြေရှင်းပါရစေ..."

All Chapters