ရှေးဟောင်းနတ်ဘုရား ခန္တာကိုယ် ၁၀ ခု ၊ အမွေအနှစ်အတွက် တိုက်ခိုက်ခြင်း
Vol. 14 Ch. 200
"အလျင်စလိုဖြစ်နေတာလား."
ကျန်းချန်ရှန်း ပိုင်ချီကိုကြည့်ပြီးပြောလိုက်သည်..။
ပိုင်ချီ ခေါင်းခါယမ်းလိုက်ပြီး..
"အလျင်မလိုပါဘူး..။မာစတာ မသွားရင်လည်း ဘာမှမဖြစ်ဘူးလေ.."
ကျန်းချန်ရှန်း ဘာမှ ထပ်မပြောတော့ပေ..။ကောင်းကင်ရှစ်ခု ပညာရှင်ကို အနိုင်ယူတာက အာရုံစူးစိုက်မူခံရနိုင်တာကြောင့် ဘာမှမပြောခြင်းကသာ ပိုကောင်း၏..။
ကောင်းကင်ရှစ်ခုနယ်ပယ်ဆိုသည်မှာ သိုင်းဘုရင် အဆင့်နှင့်အတော် နီးကပ်နေပြီဖြစ်သည်..။တကယ်လို့ ဒီသတင်းသာ ပျံ့နှံ့သွားရင် ဘယ်သူကမှ သူ့ကို အပြစ်ပြုရဲကြတော့မှာမဟုတ်ပေ..။
သူ တာအို နှလုံးသား နတ်ဘုရား ကူးပြောင်းခြင်းကို စတင်လေ့ကျင့်လိုက်၏..။ဒီ ဖြစ်စဥ်က သာမန် လူသားတွေအတွက်တော့ အရမ်းကို ခက်ခဲသည့်ဖြစ်စဥ်တစ်ခုဖြစ်သည်..။
.
မျက်စိတစ်မှိတ်တွင်းမှာပဲ..
.
လပေါင်းများစွာ ကျော်ဖြတါသွားပြီး နှစ်တစ်နှစ်၏ အဆုံးကို ရောက်လာခဲ့၏..။
ကျန်းချန်ရှန်း နောက်ဆုံးမှာ တာအိုနှလုံးသား နတ်ဘုရား ပြောင်းလဲမူကို ကျွမ်းကျင်သွားခဲ့သည်..။သို့ပေမယ့် သူ တာအိုနှလုံးသား အတုအယောင် တစ်ခုတည်းသာ ခွဲထုတ်နိုင်သေး၏..။
နတ်ဘုရား စွမ်းအားများသည် သေချာလေ့လာဖို့အတွက် အချိန်တွေ အများကြီး လိုအပ်သည်..။သူတို့ကို ပိုပြီးလေ့လာနိုင်လေလေ ပိုပြီး သန်မာလာလေလေဖြစ်၏..။
ယနေ့တွင်..။
အင်ပါယာ ရွှန်းထျန်း ရောက်လာခဲ့၏..။နှစ်သစ်ရောက်ခါနီးပြီဖြစ်တာကြောင့်..သူက ရွှေ့ပြောင်းသည့် စက်ကနေ တဆင့် ပြန်လာခဲ့ခြင်းဖြစ်သည်..။
သူ့အနေနဲ့ တိုင်းပြည်အုပ်ချုပ်ရေးကို အိမ်ရှေ့မင်းသားနဲ့ လွှဲထားသော်လည်း အိမ်ရှေ့စံကို အပြည့်အဝယုံကြည်လို့ မဖြစ်သေးပေ..။ဘာပဲဖြစ်ဖြစ် သူက အင်ပါယာ ဖြစ်နေသေး၏..။
ချန်းလီ သည် အင်ပါယာနှင့်အတူ ပါလာခဲ့သည်..။ဒီနှစ်တွင် ချန်းလီ သည် ၇၈ နှစ်ပြည့်ပြီဖြစ်၏..။ဒီဘဝတွင်တော့ သူက ကိုယ်ခံပညာလေ့ကျင့်တာကြောင့်..အသက်ကြီးသည့်ပုံစံ ပေါက်မနေခဲ့ပေ..။ဒီအသက်အရွယ်တွင် နုပျိုနေဆဲဖြစ်၏..။
သူတို့နှစိယောက်သည် ဝိုင်ကောင်းများကို သယ်လာခဲ့ကြသည်..။အင်ပါယာ ရွှန်းထျန်း၏ ညွှန်ကြားမူ အောက်မှာပဲ..ချန်းလီသည် လတ်တလော အဖြစ်အပျက်များကို စတင်ပြောဆိုလိုက်၏..။
အခုချိန်တွင် တကျန်းသည် အရှေ့ဘက်တိုက်ကြီး ဖွံ့ဖြိုးတိုးတက်ရန်အတွက် အာရုံစိုက်ထားခဲ့သည်..။
.
ကျန်းချန်ရှန်းသည် နားထောင်နေရင်းနှင့် သူ့စိတ်ကတော့ ဝိုင် အပေါ်မှာသာ ရှိနေခဲ့သည်..။ဒီဝိုင်က ဒေသထွက်ကုန်များနှင့်ဖော်စပ်ထားခြင်းဖြစ်၏..။ဒီဝိုင်၏ အရသာက တကယ်ကောင်းမွန်လှသည်..။
အင်ပါယာ ရွှန်းထျန်း ၏ စိတ်သည်လည်း ချန်းလီ စကားများတွင် မရှိပေ..။သူက ဟောင်ထျန် နှင့် ဟီထျန်ကို စိုက်ကြည့်နေပြီး သူ ဘာတွေနေလည်း ဆိုတာ ဘယ်သူမှ မသိပေ..။
သူတို့က မြွေနှစ်ကောင်၏ ဥခွံကို စားပြီးကတည်းက နတ်ဆိုးစွမ်းအင်များ သိပ်သည်းလာခဲ့ကြ၏..။
ချန်းလီ စကားပြောပြီးနောက်တွင်..ကျန်းချန်ရှန်းပြောလိုက်သည်..။
"ငါ့ရဲ့ကြောင်နှစ်ကောင်က မင်းကို ကူပြီးတိုက်ခိုက်ပေးမှာမဟုတ်ဘူး.."
ဒါကိုကြားပြီး အင်ပါယာ ရွှန်းထျန်း ရှက်ရွံ့စွာပြုံးလိုက်သည်..။
ချန်းလီလည်း ရယ်မောလိုက်၏..။
အင်ပါယာရွှန်းထျန်း ချောင်းဆိူးလိူက်ပြီး..
"နောက်တစ်ဆငိ့အနေနဲ့ တကျန်းရဲ့ ရည်ရွယ်ချက်က အုပ်ချုပ်မူ အင်ပါယာ ကံတရား အဖြစ်တိုးဖြင့်ဖို့ပဲ..။ဒီအဆင့်ကို တိုးမြင့်နိုင်ပြီဆိုရင် စစ်တပ်ရဲ့ အင်အားကိုပါ ကံတရားတွေနဲ့အတူ တိုးမြင့်နိုင်တယ်လေ..။တစ်ချို့ အင်အားစုတွေဆိုရင် တကျန်းကို အုပ်ချုပ်မူအင်ပါယာ အဖြစိတိုးမြင့်နိုင်တဲ့ နည်းလမ်းတွေတောင် ပေးနေကြပြီ.."
ကျန်းချန်ရှန်း " ငါ့ရဲ့ သိုင်းပညာက ကွဲပြားတော့ တကျန်းရဲ့ ကံတရားကိုကူညီနိုင်မှာမဟုတ်ဘူး..။ဒါပေမဲ့ ရီယွမ်ကိုတော့ လွှတ်ပေးလို့ရတယ်.."
ဒါကိုကြားပြီး အင်ပါယာရွှန်းထျန်း ပြုံးလိုက်သည်..။
"ကျေးဇူးပါ တာအိုဘိုးဘေး.."
အင်ပါယာရွှန်းထျန်း သည် ကျန်းချန်ရှန်း အတွက် ဝိုင်ကို ကိုယ်တိုင်ငှဲ့ပေးလိုက်သည်.။ချန်းလီ မြင်ကွင်းကိုကြည့်ပြီး ပြုံးလိုက်၏..။ဒါက တကျန်းဖြစ်သည်..။အင်ပါယာက တာအိုဘိုးဘေးရှေ့တွင် မမောက်မာသလို တာအိုဘိုးဘေးကလည်း ဧကရာဇ်ကို မျက်နှာမပျက်စေပေ..။သူတို့က အမြဲတမ်းစည်းလုံးကြ၏..။
တစ်နာရီခန့်ကြာပြီးနောက် သူတို့နှစ်ယောက် ထွက်သွားခဲ့ကြသည်..။
ပိုင်ချီ , " ဒီ အင်ပါယာငယ်လေးက ငါတို့ကိုတောင်..သူ့အတွက် အလုပ်လုပ်ခိုင်းချင်နေတယ်.."
ဟောင်ချန် ပြောလိုက်သည်..။
!ငါကတော့ တကျန်းအတွက် အလုပ်လုပ်မှာမဟုတ်ဘူး..။ငါက နတ်ဆိုး ခေါင်းဆောင်ပဲဖြစ်ချင်တာ.."
သူက ကျန်းချန်ရှန်းနဲ့တကျန်းရဲ့ ဆက်ဆံရေးကို မသိပေ..။သူ့အမြင်တွင်တော့ တကျန်းက လုံလောက်အောင် အကျိုးအမြတ် ပြီးပြီဖြစ်၏..။
ကျန်းချန်ရှန်း ပြုံးလိုက်ပြီး..
"ဒါဆိုလည်း သေချာလေးကျင့်ပေါ့..။ငါ အနာဂတ်မှာ မင်းအတွက် နတ်ဆိုး စစ်တပ်ကြီး ဖန်တီးပေးမယ်.."
သူဒါကိုပြောလိုက်တာနဲ့ ပိူင်ချီနဲ့ နတ်ဆိုးကြောင်နှစ်ကောင်ဟာ ချက်ချင်းလှမ်းကြည့်လိုက်ကြသည်..။
"မာစတာ တကယ်ပြောတာလား.."
"အင်း..ဒါပေမဲ့ မင်းက သူတို့ထက် သန်မာဖို့လိုတယ်..."
"သူတို့ထဲက အသန်မာဆုံးက ဘယ်အဆင့်လဲ.."
"ကောင်းကင် ရှစ်ခုနယ်ပယ်.."
ဟောင်ထျန် မျက်လုံးပြူးကျယ်သွားခဲ့သည်..။ဟီထျန်လည်း အံ့ဩသွားခဲ့၏..။
ပိုင်ချီလည်း မယုံနိုင်စွာကြည့်လိုက်သည်..။
ဆရာက ကမ္ဘာဖျက်ဆီးခြင်းသစ်ပင်ကို ပြောနေတာလား..
ခနလေး.
ဆရာက ကမ္ဘာဖျက်ဆီးခြင်း သစ်ပင်ကို သိမ်းသွင်းပြီးပြီလား..
မြန်လိုက်တာ..
ဒါက သူမ ပထမဆုံး အံ့ဩရတဲ့ အရာမဟုတ်ပေမယ့်လည်း သူမ အံ့ဩနေသေးသည်..။သူမ စိတ်ထဲကနေ ကျန်းချန်ရှန်းကို ချီးကျူးလိုက်၏..။
ကျန်းချန်ရှန်း : " ဒီကိစ္စကို ဘယ်သူ့ကိုမှ ပြောလ်ို့ မဖြစ်ဘူးနော်.."
သားရဲသုံးကောင်ဟာ အမြန်ပဲ ကြောက်ရွံ့စွာ ကတိပေးလိုက်ကြ၏..။
ရွှန်းထျန်း ခေတ် ၃၅ နှစိ..။
ရီယွမ်ပြန်ရောက်လာခဲ့သည်..။အင်ပါယာရွှန်းထျန်းက မြို့တော်နဲ့ တကျန်းကို ကံတရားမြင့်တင်ဖို့ အကူညီတောင်းလာခဲ့၏..။
"မင်းတို့သိလား..။ဖန်ထျန်းအင်ပါယာက ကောင်းကင်သုံးခု အဆင့် ပညာရှင်ကို စုံစမ်းဖို့ စေလွှတ်လိုက်တာကို ငါ ကောင်းကောင်း ပညာပေးလွှတ်လိုက်တယ်..။သူက ကြောက်လွန်းလို့ ပြန်တောင်မလာရဲတော့ဘူး.."
ရီယွမ် ဂုဏ်ယူစွာပြောနေခဲ့သည်..။သို့ပေမယ့် ပိုင်ချီ နဲ့ကြောင်နှစ်ကောင်ကတော့ဘာမှ မတုန့်ပြန်ကြပေ..။
ဟောင်ထျန် က အိုး လို့သာ တုန့်ပြန်ပြီး ဆက်လေ့ကျင့်နေ၏..။
ရီယွမ် ချောင်းဆိုးလိုက်ပြီး.
"သူက ကောင်းကင်သုံးခု နယ်ပယ်နော်..။မင်းတို့ တာအိုဘိုးဘေးနဲ့နေတာကြာပြီ အဲ့အဆင့်က ဘယ်လောက်အစွမ်းထက်လဲ မသိကြဘူးလား.."
ကျန်းချန်ရှန်း " ကောင်းပြီ သူတို့ကို ခက်ခဲအောင် မလုပ်နဲ့တော့..။မင်း တကျန်းရဲ့ ကံတရားကို မြင့်တင်ပေးနိုင်ရင် အကျိုးမယုတ်စေရဘူး..။မင်းကို ရှေးဟောင်း သိုင်းပညာတစ်ခုကို သင်ပေးမယ်.."
"တကယ်လား.."
ကျန်းချန်ရှန်းလက်ဝေ့ယမ်းလိုက်တာနဲ့ ရီယွမ်ချက်ချင်း သူ့အနားကိုရောက်သွားခဲ့သည်..။
သူ လက်ကို မြှောက်ပြီး ရီယွမ်၏ နဖူးကို ထောက်လိုက်၏..။
ကြီးမြတ်သော ဗာဂျရာ နတ်ဘုရားခန္တာကိုယ်က ကောင်းကင်ခြောက်ခုနယ်ပယ် ဇူဝူဂျီ ဆီက သင်ယူခဲ့ခြင်းဖြစ်သည်..။ဒီအရာနဲ့ဆိုရင် ဇူဝူဂျီက ရွှေရောင်သစ်ရွက်ကိုတောင် ပြန်တိုက်ခိုက်နိုင်၏..။
"ဒါက နတ်ဘုရား ခန္တာကိူယ် ကျင့်စဥ်တွေထဲမှာ ထိပ်တန်းဆယ်ခုထဲပါဝင်တယ်.."
ရီယွမ် ကျန်းချန်ရှန်းကို လေးစားစွာကြည့်လိုက်၏..။သူ ဒီနည်းစနစ် ဘယ်ကလာခဲ့လဲဆိုတာ လုံးဝမမေးခဲ့ပေ..။
ကျန်းချန်ရှန်း " ထိပ်တန်း နတ်ဘုရား ခန္တာကိုယ်ကျင့်စဥ် ဆယ်ခုကိုသိလား.."
ရီယွမ် " သိပ်တော့မသိပါဘူး..။နတ်ဘုရားခန္တာကိုယ် သိုင်းပညာလမ်းကြောင်း ၊ ကြီးမြတ်သော ဗာဂျရာ နတ်ဘုရား ခန္တာကိုယ် နဲ့ ကြီးဖြတ်သော ဆိုလာ နတ်ဘုရားခန္တာကိုယ် တို့ကိုပဲ သိပါတယ်..။ကြီးမြတ်သော ဆိုလာ နတ်ဘုရားခန္တာကိုယ်ကို ကျွမ်းကျင်သွားရင် တောက်ပတဲ့နေလုံးကြီးကို ဖန်တီးနိုင်တယ်လို့ပြောကြပေမယ့် တကယ်လား ဆိုတာတော့မသိပါဘူး.."
ကျန်းချန်ရှန်း ခေါင်းညိမ့်ပြီးလက်ဝေ့ယမ်းလိုက်သည်..။
ဟောင်ထျန်နဲ့ဟီထျန်တို့သည် ချက်ချင်းပဲ ရီယွမ်ဆီကို ရောက်လာကြပြီး နတ်ဘုရားခန္တာကိုယ်များအကြောင်းမေးလိုက်ကြ၏..။
ရီယွမ်ပြန်လာပြီဆိုတော့ ကျောင်းဝန်းဟာ ပြန်လည်စည်ကားလာခဲ့ပြန်သည်..။
ကျန်းချန်ရှန်းသည် လင်းဟောက်ထျန်းလေ့ကျင့်နေတာကို လှမ်းကြည့်လိုက်သည်..။
လင်းဟောက်ထျန်း သိုင်းအင်ပါယာ ရဲ့ အမွေအနှစ်ကို ရပြီးကတည်းက သူနေ့တိုင်း ဂရုစိုက်ပြီးကြည့်နေခဲ့၏..။
သူ့အနေဖြင့် လင်းဟောက်ထျန်းကို အသေမခံနိုင်ပေ..။
သူလှမ်းကြည့်လိုက်တဲ့အချိန်မှာ လင်းဟောက်ထျန်းက တစ်ယောက်ယောက်၏ လိူက်တာကို ခံနေရသည်..။
အပြာရောင်ကောင်းကင်အောက်မှာတော့ ကောင်းကင်မိုးကြိုး သိမ်းငှက်သည် ရှေ့ကို ပျံသန်းနေခဲ့သည်..။သွေးတွေနှင့်ပြည့်နှက်နေသည့် လင်းဟောက်ထျန်းသည် သိမ်းငှက်ကျောပေါ်တွင် ရှိနေခဲ့၏..။
သူ့နောက်တွင်တော့ အပြာရောင်ဝတ်ရုံနှင့်လူကြီးတစ်ယောက်ရှိနေခဲ့သည်..။
"ကောင်လေး..ဒါက သိုင်းအင်ပါယာအမွေအနှစ်ရဲ့ အစွမ်းအကုန်ပဲလား..."
လင်းဟောက်ထျန်း ဒေါသထွက်သွားပြီး..
"ခင်ဗျားက မြင်ချင်တယ်ဆိုမှတော့ ယဥ်ကျေးမနေတော့ဘူး.."
သူပြောလိုက်သည့် အချိန်တွင် သူ့လက်သီးမှ အဖြူရောင် နှင့်အမဲရောင် အငွေ့များထွက်လာခဲ့၏..။ဒါက အတော်ထူးဆန်းလှသည်..။ယင်းနောက် သူ ပြန်းထန်စွာ ထိုးလိုက်သည်..။
ဘန်း..
အဖြူနှင့် အမဲငွေ့များသည့် အပြာရောင် ဝတ်ရုံနှင်လူဆီကို လျင်မြန်သည့် အရှိန်နှင့်ရောက်သွားခဲ့သည်..။အပြာရောင်အင်္ကျီနှင့်လူသည် ထိပ်လန့်သွားပြီး ချက်ချင်းရှောင်လိုက်၏..။သူ့နောက်တွင်တော့ တိမ်အငွေ့တွေ ဖြစ်ကျန်နေခဲ့သည်..။
လင်းဟောက်ထျန်း ဆက်တိုက်ထိုးနေခဲ့ပြီး အပြာရောင် ဝတ်ရုံနှင်လူသည် ဆက်တိုက်ရှောင်နေခဲ့သည်..။သို့ပေမယ့် သူ့၏ ညာညက် မျက်နှာကို အငွေ့အချို့ထိသွားခဲ့၏..။သူ၏ ပါးတွေကို ချက်ချင်းတိုက်စားသွားပြီး အရိုးတွေပေါ်လာခဲ့သည်..။သူချက်ချင်းပဲ..စွမ်းအင်တွေကို လှည့်ပင်လိုက်ပြီး ဒဏ်ရာကို ပြန်ကုသလိုက်သည်..။
"မမြင်နိုင်တဲ့ ပြန်လည်မွှေးဖွားမး လက်သီးက အတော်စွမ်းတာပဲ..။ဒါက ပထမနည်းစနစ်ပဲ ရှ်ိသေးတယ်..။နောက်ထပ်နည်းစနစ်တွေက ဘယ်လောက်တောင် အစွမ်းထက်လိမ့်မလဲ.."
အဲ့အချိန်မှာပဲ အပြာရောင် ဝတ်ရုံနှင့်လူသည် ရုတ်တရက် တိုက်ခိုက်လာခဲ့သည်..။သူ့က မီးတောက်များဖြင့် တိုက်ခိုက်လာခဲ့၏..။ဒီနည်းစနစ်က အတော်လေးကို အားကောင်းတယ် ဆိုတာ သိသာနေခဲ့သည်..။သူ၏ မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေ၏..။
"ခွေးသားလေး..မင်းဒီနေ့ သေစေရမယ်.."
လင်းဟောက်ထျန်း မီးတောက်ဓားတွေကို လှည့်ပတ်ရှောင်တိမ်းနေခဲ့သည်..။အပြင်ရောင် ဝတ်စုံနဲ့ လူဟာ သူ့ရဲ့ ရင်ဘတ်ကို တိုက်ခိုက်မိသွားတဲ့ အချိန်မှာတော့..သွေးအန်ပြီး အဝေးကို လွင့်သွားခဲ့၏..။
အပြာရောင်ဝတ်စုံနှင့်လူကြီးသည် သိမ်းငှက်ပေါ်တက်ပြီး..လင်းဟောက်ထျန်းကို ဖိအားပေးကာ လိုက်စေခဲ့သည်..။
အဲ့အချိန်မှာပဲ..သူက လင်းဟောက်ထျန်း၏ အောက်ဘက်တွင် အပြာရောင်အရိပ်တစ်ခု ပေါ်ထွက်လာတာကိုမြင်လိုက်၏..။