← Chapters

မျိုးနွယ်တစ်သောင်းက မြင့်တက်လာလိမ့်မယ် ၊ ကံတရားကို ယူဆောင်မည်

Vol. 14 Ch. 201

မျိုးနွယ်တစ်သောင်းက မြင့်တက်လာလိမ့်မယ် ၊ ကံတရားကို ယူဆောင်မည်

Vol. 14 Ch. 201

လင်းဟောက်ထျနိး လှမ်းကြည့်လိုက်သည့် အချိန်တွင် ကျန်းချနိရှနိး၏ တာအိုနှလုံးသား အတုအယောင်ကို တွေ့လိုက်ရသည်..။

သူ အလျင်အမြန်မေးလိုက်၏..။

"မင်းက ဘယ်သူလဲ.."

တာအိုနှလုံးသား အတုအယောင် " မင်းကို ကာကွယ်ပေးမယ့်သူပဲ.."

သူ ပြောပြီးတာနဲ့ လင်းဟောက်ထျနိးကို အောက်ကို ချပေးလိုက်သည်..။ယင်းနောက် သူ့ရဲ့ ညာဘက်လက်ကို မြှောက်လိုက်ပြီး ကောင်းကင်မိုးကြိုးသားရဲကို ကျဆငိးစေလိုက်၏..။

လင်းဟောက်ထျန်း ပုံရိပ်ကို ဂရုတစိုက်ကြည့်ပြီးတဲ့နောက်တွက် စိတ်လှုပ်ရှားသွားခဲ့သည်..။

"စီနီယာ.."

တာအိုနှလုံးသား အတုအယောင် သည် ရှေ့မှာရှိနေတဲ့ အပြာဝတ်စုံနှင့်လူကိုကြည့်လိုက်သည်..။

အပြာရောင်ဝတ်စုံနှင့်လူသည် နက်ရှိုင်းစွာအော်လိုက်၏..။

"မင်းက ဘယ်သူလဲ..။ဘာလို့ ဆန်းကျယ်တဲ့ပုံစံ သရုပ်ဆောင်နေရတာလဲ.."

တာအိုနှလုံးသား , "လက်လျော့လိုက်တော့..။သိုင်းပညာကို လေ့ကျင့်ရတာက လွယ်တဲ့အရာမဟုတ်ဘူး..။သေလမ်းကို မရှာချင်နဲ့.."

တစ်ဖက်လူက ရွှေရောင်ခန္တာကိုယ်အဆင့်သာ ရှိသေးတာကြောင့် ကျန်းချန်ရှန်း သတ်ရမည်ကိုတောင် အားမထုတ်ချင်မိပေ..။

သူက ကျားတစ်ကောင် တိုးတက်လာမှာကို ကြောက်စရာမလိုအပ်ပေ..။တစ်ဖက်လူရဲ့ နောက်ခံကလည်း သူ အေးအေးဆေးဆေး ဖြေရှင်းလို့ရသည့် အနေအထားမျိုး ဖြစ်နေ၏..။အကယ်၍ တစ်ဖက်လူက ခေါင်းမာနေမယ်ဆိုရင် သူက အကုန်လုံးကို ရှင်သန်မူ ဆုလာဒ်အဖြစ် ပြောင်းပေးလိုက်မည် ဖြစ်သည်..။

အပြာရောင်ဝတ်စုံနဲ့ လူရဲ့အမူအရာမှာ သုန်မှုန်သွားခဲ့သည်..။သူ တစ်ဖက်လူရဲ့ ပုံစံအမှန်ကို ထိုးဖောက်မမြင်ရပေမယ့် သူ့ရဲ့ထွက်လာနေတဲ့ အော်ရာကတင် ..အတော်လေးကြောက်ဖို့ကောင်းနေပြီဖြစ်သည်..။

လင်းဟောက်ထျန်း , " စီနီယာ..တစ်ကယ်လို့ ကျွန်တော်တို့ သူ့ကိုလွတ်ပေးလိုက်ရင် သူက လူလွတ်ပြီး ထပ်သတ်ခိုင်းလိမ့်မယ်.."

တာအိုနှလုံးသား အတုအယောင် , " ဒါဆိုလည်း အချိန်ကျလာရင် မင်ိက သတ်လိုက်ပေါ့..။ဒါက မင်းအတွက် လေ့ကျင့်ဖို့ ပုံစံတစ်မျိုးပဲ.."

ဒီ စကားတွေကို အပြာဝတ်စုံနှင်လူဟာ ကြားနေခဲ့ရ၏..။

လင်းဟောက်ထျန်းသည် သိုင်းအင်ပါယာ၏ အမွေအနှစ်ကို ရထားသည့်သူဖြစ်သည်..။ဒီအတွက် သူလည်း လွယ်လွယ်နဲ့တော့ လက်မလျော့ချင်ပေ..။

အဲ့အချိန်မှာပဲ..တာအိုနှလုံးသား အတုအယောင် သည် လက်ညိုးကို မြှောက်လိုက်၏..။

ချက်ချင်းဆိုသလိုပဲ အပြာရောင်ဝတ်စုံနဲ့လူကြီးဟာ..နောက်ကိုလှည့်သွားပြီး..အဝေးကို လွင့်စင်သွားခဲ့သည်..။

လင်းဟောက်ထျန်း အနည်းငယ် နောင်တရပေမယ့် စိတ်လှုပ်ရှာစွာပြုံးလိုက်ပြီး..

"စီနီယာ..သူ ကျွန်တော်ကို လိုက်တာက သိုင်းအင်ပါယာ ရဲ့ အမွေအနှစ်ကြောင့်ပဲ..။မမြင်နိုင်တဲ့ ပြန်လည်မွေးဖွားမူ ကျင့်စဥ်..။စီနီယာ သင်ယူချင်လား.."

ကျန်းချန်ရှနိးက သူ့ကို အကြိမ်များစွာ ကယ်တင်ခဲ့တာကြောင့် သူ့ရဲ့ မိသားစုတစ်ယောက်လို အရေးကြီး၏..။ဒါကြောင့် သူ့အနေနဲ့ ဒီကျေးဇူးတွေကို ပြန်ပေးဆပ်သင့်သည်..။

တာအိုနှလုံးသား အတုအယောင် ပြောလိုက်သည်..။

"ငါ့ကို အိပ်မက်ထဲမှာ သင်ပေး..။အရင်ဆုံး မင်းအတွက် အားပြန်ဖြည့်မယ့် နေရာကိုပို့ပေးမယ်.."

သူ့အနေနဲ သိုင်းအင်ပါယာရဲ့ အမွေအနှစ်ကို မငြင်းနိုင်ပေ..။

သူ မသင်ယူချင်ရင်တောင်မှ တစ်ခြားလူတွေကို ပြန်လည်သင်ကြားပေးလို့ရ၏..။

တာအိုနှလုံးသား အတုအယောင်ဟာ ပျံသန်းနေရင်းနဲ့ ကျွန်းတစ်ခုကို တွေ့သွားခဲ့သည်..။

"ကျောကိတုန်းရုပ်ထု သုံးခုက ဒီထဲမှာရှိနေသေးတာလား.."

တရားထိုင်နေတဲ့ လင်းဟောက်ထျန်း မျက်လုံးပွင့်လာခဲ့ပြီး..

"မရှိတော့ဘူး..။ကျွန်တော် အမွေအနှစ်ကို ယူပြီးတော့ ရုပ်ထုသုံးခု ပျောက်သွားပြီး ၊ ဂဏန်းသားရဲကြီးက ရူးသွပ်လာခဲ့တာ..။ကံကောင်းချင်တော့ ကျွန်တော်ထွက်ပြေးနိုင်ခဲ့တယ်.."

သူ ကျန်းချန်ရှန်းကို အံ့ဩသင့်မိသည်..။သူ့အကြောင်းအသေးစိတ်ကို စီနီယာက သိနေလိမ့်မည်ဟု မထင်ထားမိခဲ့ပေ..။

စက်တင်ဘာ လတွင်တော့ ရီယွမ်သည် တကျန်း၏ ကံတရားကို မြင့်တင်ပေးခဲ့ပြီး..ကြီးမြတ်သော ဗာဂျရာ နတ်ဘုရား ခန္တာကိုယ်ကို ကျင့်ကြံခဲ့သည်..။ရလာဒ်အနေနဲ့ သူ၏ ခွန်အားများတိုးတက်လာခဲ့၏..။

ဒီ ဆက်တိုက်ကြီးထွားလာမူကို ကြည့်ပြီး အင်ပါယာရွှန်းထျန်း ဟာ ပြုံးပျော်နေခဲ့သည်..။အင်ပါယာ တစ်ယောက်အနေနဲ့ သူက ကံတရားအပေါ် အတော်လေးယုံကြည်၏..။

သူက ကပ်စေးနဲတဲ့လူမဟုတ်ပေ.။သူက ရီယွမ်ကို ပင်လယ်ဒေသ၏ ကြီးမြတ်သော စောင့်ရှောက်သူ အဖြစ်ဘွဲ့ပေးခဲ့၏..။ရီယွမ်က ဘာမှလုပ်စရာ မလိုတဲ့အပြင် ဒုတိယအဆင့် အရာရှိ လစာကို ခံစားနိုင်မည်ဖြစ်သည်..။

စီရင်စု ၁၄၀ က မြို့သားတွေဟာ စိတ်လှုပ်ရှားနေကြသည်..။အင်ပါရီယာက ရီယွမ်၏ သိုင်းပညာအဆင့် နဲ့နောက်ခံကိုပါ ဖော်ပြခဲ့ခြင်းကြောင့်ဖြစ်၏..။

ထျန်ဟိုင် သိုင်းလောက၏ ခေါင်းဆောင် ၊ ကောင်းကင်နှစ်ခု အဆင့်..။

ရီယွမ် နဲ့ ဓားနတ်ဘုရားကို တာအိုဘိုးဘေးက မသတ်ခြင်းမှာ အခုလို တကျန်းအတွက် အထောက်အကူဖြစ်လာစေရန် ဖြစ်ပေလိမ့်မည်..။

ကျောငိးဝန်းထဲတွင်..။

ရီယွမ် ကျန်းချန်ရှန်းဘေးနားတွင် ထိုင်ပြီး ယန်ကျိုးနှင့် ကြယ်တာယာ ၁၈ ယောက်ကို ကြည့်နေခဲ့၏..။နှစ်ဖက်လုံးက သိုင်းပညာ သီးသန့်သာ ယှဥ်ပြိုင်နေကြသည်..။ယန်ကျိုးကတော့ အပေါ်စီးတွင် ရှိနေခဲ့၏..။

ရီယွမ်ပြုံးလိုက်ပြီး..

"ဒီကလေးရဲ့ ကြီးမြတ်သော နတ်ဘုရားခန္တာကိုယ် ကျင့်စဥ် တိုးတက်မူက ကျွန်တော့်ထက်သာတာပဲ.."

ကျန်းချန်ရှန်း," သူက မင်းထက် အရင်ကျင့်ကြံခဲ့တာ ကြောင့်လေ.."

ယန်ကျိုးတစ်ယောက်တည်းသာ ဒီနည်းစနစ်ကို ကျင့်ကြံတာမဟုတ်ပဲ ဟောင်ထျန်နှင့် ဟီထျန်တို့လည်း ကျင့်ကြံကြ၏..။

ပိုင်ချီလည်း ကျငိ့ကြံနေသော်လည်း သူမ၏ နားလည်သဘာပေါက်နိုင်စွမ်းက ကြောင်နှစ်ကောင်လောက် မထက်မြက်ပေ..။ဒါကြောင့် သူမက နောက်ကျကျန်နေခဲ့၏..။

ခနအကြာမှာတော့..။

ကျန်းချန်ရှန်းတစ်ခုခုကို ခံစားမိလိုက်သည်..။

သူ ထမကြည့်ပဲ ယန်ကျိုးတို့ တိုက်ပွဲကိုသာ ကြည့်နေခဲ့၏..။

ရီယွမ်အံ့ဩသွားခဲ့သော်လည်း လျောက်သွားပြီး ယန်ကျိုးတို့ကို ခေါ်လိုက်၏..။

သူတို့ မြူနှင်းတွေကို ဖြတ်ပြီး တောင်ကုန်းနှစ်ခုကြားက တံတားဆီကိုရောက်သွား ခဲ့သည်.။.အဲ့အချိန်မှာတော့ တံတားတစ်ဖက်မှာ မိန်းမလှလေးတစ်ယောက် ရပ်နေတာကို တွေ့လိုက်ရ၏..။

အဝါရောင်ဝတ်စုံနဲ့ အမျိုးသမီးဟာ သူတိုကို တည်ငြိမ်စွာကြည့်နေခဲ့သည်..။

သူမရဲ့ အမူအရာက အတော်လေး ကျက်သရေ ရှိနေ၏..။သူမရဲ့ မျက်ခုံးနှစ်ခုကြားထဲတွင် သူရဲကောင်း စိတ်ဝိဥာဥ် ရှိျနခဲ့သည်..။သူမရဲ့ ဆံပင်အရှည်ကိုတော့ နောက်ဘက်တွင် ချထားခဲ့၏..။

ရီယွမ် မိန်းကလေးကို ကြည့်ပြီး အံ့ဩသွားခဲ့သည်..။

သူမက ဘာအဆင့်လဲဆိုတာကို သူမမြင်နိင်ခဲ့ပေ..။

အဝါရောင် ဝတ်စုံနှင့် အမျိုးသမီးကတော့ သူ့ကို လျစ်လျူရူထား၏..။ကောင်းကင်နှစ်ခု အဆင့် ပညာရှင်က သူမရဲ့ အာရုံစိုက်မူနဲ့ မထိုက်တန်ပေ..။

ရီယွမ် , " နာမည်လေး သိလို့ရမလား.."

"ဂျီဝူဂျန် "

အမျိုးသမီးဟာ ဒီစကားပြောပြီးတာနဲ့ တံတားပေါ်ကို တက်သွားခဲ့သည်..။

"ဂျီဝူဂျန်လား.."

ရီယွမ် မျက်မှောင်ကျုတ်ပြီးစဥ်းစားပေမယ့်ဒီနာမည်ကို တစ်ခါမှ မကြားခဲ့ဖူးပေ..။

ယန်ကျိုး သိချင်စွာမေးလိုက်၏..။

"မာစတာ ..သူမက ကျော်ကြားလား.."

"သူမက မကျော်ကြားဘူး..ဒါပေမဲ့ အတော်​ေလးသန်မာတယ်..။ငါ့ထက်တောင် သန်မာတယ်.."

ရီယွမ်၏ စကားက ယန်ကျိုးနဲ့ ကျန်တဲ့လူတွေကို အံ့ဩသင့်သွားစေ၏..။

သူတို့စိတ်ထဲတွင်တော့ တာအိုဘိုးဘေးပြီးရက် ရီယွမ်က ဒုတိယ အဆင်မြင့်ဆုံးဖြစ်သည်..။တာအိုဘိုးဘေးကလွဲပြီး သူ့ထက် ဘယ်သူက သန်မာနိုင်မှာလဲ..။

ဂျီဝူဂျန် မြူတွေကြားထဲကို ဖြတ်သန်းသွားပြီး ကျန်းချန်ရှန်း၏ ခြံဝန်းထဲ ဝင်သွားခဲ့သည်..။

ပိုင်ချီနှင့်ကြောင်နှစ်ကောင်သည် ကြည့်လိုက်သည်..။

ဂျီဝူဂျန် ကျန်းချန်ရှန်းဆီကို လျောက်သွားလိုက်ပြီး..

"အသက်ကို ကယ်တင်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ် စီနီယာ.."

ကျန်းချန်ရှန်း မျက်လုံးဖွင့်လိုက်ပြီး..

"ငါမရှိလည်း မင်းက လွတ်မြောက်နိုင်ပါတယ်..။ငါကယ်လိုက်တာက မင်းရဲ့ အတွင်းဒဏ်ရာ ရမယ့်အခြေအနေကပါ.."

ဒါကိုကြားပြီး ဂျီဝူဂျန် အံ့ဩသွားခဲ့သည်..။တစ်ဖက်လူက သူမရဲ့ ဝှက်ဖဲကို မြင်နေမယ်လို့ မထင်ထားခဲ့ပေ..။

"လမ်းတစ်လျောက်လုံးမှာ စီနီယာရဲ့ သတင်းတွေကို ကြားခဲ့ရပါတယ်..။စီနီယာက တပည့်တစ်ယောက်အတွက်နဲ့ တိုင်းပြည်တစ်ခုလုံးကို ကာကွယ်ပေးထားတာပဲ.."

ဂျီဝူဂျန် လေးစားစွာ ပြောလိုက်ခြင်းဖြစ်သည်..။

တာအိုဘိုးဘေးက ကမ္ဘာဖျက်ဆီးခြင်း သစ်ပင်ကို ဖြေရှင်းပြီးတာနဲ့ တိတ်တဆိတ်ပဲ ပြန်ထွက်ခွာသွား၏..။ဒီလိုမျိုး အောင်မြင်မူကို ဖုံးကွယ်ထားတဲ့လူက အတော်ရှားပါးလှသည်..။.

ကျန်းချန်ရှန်း ," မင်းအနေနဲ့တစ်ခြား ဘယ်သူ့ကိုမှ မပြောဖို့မျှော်လင့်ပါတယ်..။အေးချမ်းပြီး တိတ်ဆိတ်တာနဲ့ ငါက နေသားကျနေပါပြီ..။ကမ္ဘာကြီးက ငါ့အပေါ်မှာ မျှော်လင့်ချက်ကြီးမားနေတာမျိုး မဖြစ်စေချင်ဘူး.."

"မျှော်လင့်ချက်လား.."

ဂျန်ဝူဂျန် ထပ်ပြောလိုက်သည်...

"ဒါအဓိပ္ပါယ်ရှိတယ်..။အကြာကြီး ကာကွယ်ထားမိပြီဆိုရင် ကာကွယ်ခံရတဲ့လူတွေက လွတ်လပ်သွားပြီး ရှေ့မှာရှိနေတဲ့လူကတော့ ထွက်သွားဖို့ လမ်းမရှိတော့ဘူး.."

ကျန်းချန်ရှန်းဟာ သူမ ဘယ်သူ့ကို ပြောနေတာလဲ ဆိုတာ မသိခဲ့ပေ..။သို့ပေမယ့် ဒါက မြင့်မြတ်သော အင်ပါယာ ဖြစ်နိုင်၏..။

ကျန်းချန်ရှန်း , " မိန်းကလေးက ဒီကို ကျေးဇူးတင်ဖို့အတွက်ပဲ လာခဲ့တာလား."

ဂျီဝူဂျန် ပြောလိုက်သည်..။

"စီနီယာ မြင့်မြတ်သော မင်းဆက်ကိုသွားချင်လား..။စီနီယာရဲ့ ခွန်အားနဲ့ဆိုရင် ကျိန်းသေ အကောင်းမွန်ဆုံး ဆက်ဆံပေးကြမှာပါ..။ဒါက စီနီယာကို ကံတရားနဲ့တိုက်ခိုက်ခွင့်ရစေပြီး..မြင့်မြတ်သော အင်ပါယာရဲ့ ကံတရားကိုလည်း ခံစားခွင့် ရစေပါလိမ့်မယ်.."

မြင့်မြတ်သော အင်ပါယာကို သွားဖို့လား..

ဘယ်လိုဖြစ်နိုင်မှာလဲ...

ကျန်းချန်ရှန်း ချက်ချင်းပြောလိုက်သည်..။

"အခု ကပ်ဆိုးက စတင်တော့မှာဆိုတော့..မြင့်မြတ်သော အင်ပါယာကို အများကြီး အကျိုးပြုပေးနိုင်ဖို့ဆိုတာ မသေချာဘူးလေ..။ဒါကြောင့် ကိုယ်ဂရုစိုက်တဲ့နေရာလေးကိုပဲ ကာကွယ်ပေးချင်တယ်..။အခု ပင်လယ်ဒေသမှာလှုပ်ခတ်မူတွေ ဖြစ်နေတော့ အပြင်ထွက်လိုက်တာနဲ့ တကျန်းက အခက်တွေ့နိုင်တယ်လေ.."

ဂျီဝူဂျန် ပြောလိုက်သည်..။

"ကျွန်မ စီနီယာကို မြင့်မြတ်သော အင်ပါယာကို လာခိုင်းတာက ကူညီဖို့မဟုတ်ပါဘူး..။မြင့်မြတ်သော အင်ပါယာ ကျရှုံးသွားရင် ကံတရားတွေက ပြိုလဲကျသွားမှာလေ..။တကယ်လို့ စီနီယာမှာသာ ထီးနန်းကို ဆက်ခံဖို့ ကံတရားပါလာရင် မြင့်မြတ်သော အင်ပါယာရဲ့ ကံတရားတွေကို ရရှိနိုင်လိမ့်မယ်..။ဒါဆိုရင် တကျန်းရဲ့ တိုးတက်မူအတွက် ကူညီပေးနိုင်ပြီပေါ့

."

ကျန်းချန်ရှန်းတွေးတောလိုက်သည်..။ကြည့်ရတာတော့ သူမလည်း မြင့်မြတ်သော အင်ပါယာ ကျရှုံးမူက ရှောင်လွဲလို့ မရတာ သိနေခဲ့လောက်သည်..။

"ထားလိုက်တော့..ကျုပ်က ကံတရားမလိုအပ်ပါဘူး..။တွေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်.."

ကျန်းချန်ရှန်း ခေါင်းခါယမ်းလိုက်သည်..။

ဂျီဝူဂျန်ကတော့ မြင့်မြတ်သော အင်ပါယာနှင့် သိုင်းအင်ပါယာ ကျွန်းအကြောင်း ထပ်ပြီး ပြောနေခဲ့၏..။ကျန်းချန်ရှန်းလည်း နားထောင်နေခဲ့သည်..။

အတော်ကြာအောင် ပြောပြီးနောက်တွင်..

"မမျှော်မှန်းနိုင်တဲ့ ခေတ်တစ်ခေတ်က ရောက်လာတော့မယ်..။သိုင်းအင်ပါယာကျွန်း ရဲ့ သိုင်းအင်ပါယာ ပေါ်ထွက်လာမယ့် သတင်းတစ်ခုတည်းမဟုတ်ဘူး..။မျ်ိုးနွယ်စုတွေ အကုန်လုံးကလည်း မြင့်တက်လာတော့မယ်..။ဒါပေမဲ့ လူသားတွေနဲ့ နတ်ဆိုးတွေဆိုတာက အမြဲတမ်းရန်သူတွေပဲ..။အဲ့အချိန်ကျရင် စီနီယာ စိတ်မပျော့ညံ့ဖို့ မျှော်လင့်ပါတယ်.."

ပိုင်ချီသည် ဂျီဝူဂျန် မြူကြားထဲပျောက်ကွယ်သွားတာကို အထင်သေးစွာကြည့်နေခဲ့သည်..။

ဟောင်ထျန် အော်ပြောလိုက်၏..။

"နတ်ဆိုးတွေနဲ့ လူသားတွေက ဘာလို့ ရန်သူတွေဖြစ်ရမှာလဲ..."

ကျန်းချန်ရှန်း ရယ်မောလိုက်ပြီး..

"ဘာလို့လဲဆိုတော့ သူမနဲ့ မြင့်မြတ်သော အင်ပါယာက လုံလောက်အောင် မသန်မာသေးလို့လေ.."

အကယ်၍ သူသာ အင်မော်တယ် တာအိူကို အောင်မြင်သွားရင် သိုင်းပညာကမ္ဘာက အတားအဆီးတွေကို ကျော်ဖြတ်နိုင်ပြီး သူ့ဘေးနားက လူတွေ ၊ နတ်ဆိုးတွေ ကို အင်မော်တယ် နတ်ဘုရားအဖြစ် အတူတူ အုပ်ချုပ်ခိုင်းမည်ဖြစ်သည်..။ဒီမျိုးနွယ်နှစ်ခုက လုံးဝ ချစ်ကြည်မူ မရရင်တောင် တိူက်ပွဲများ သတ်ဖြတ်မူများ လျော့ကျသွားပေလိမ့်မည်..။

သို့ပေမယ့် ဂျီဝူဂျန် ပြောသွားတဲ့ မျိုးနွယ်အားလုံးမြင့်တက်လာတော့မယ် ဆိုတာ ဘာကို ​ဆိုလိုတာလဲ..။ဒီကမ္ဘာကြီးထဲမှာ နောက်ထပ် မျိုးနွယ်တွေ ရှိနေသေးတာလား..။

All Chapters