← Chapters

ကောင်းကင်ချီးမြှောက်ခြင်းအခမ်းအနား ၊ တန်ဂေါင်ယု .

Vol. 14 Ch. 202

ကောင်းကင်ချီးမြှောက်ခြင်းအခမ်းအနား ၊ တန်ဂေါင်ယု .

Vol. 14 Ch. 202

ရွှန်းထျန်းခေတ် ၃၆ နှစ်မြောက်..။

နောက်ထပ်နွေရာသီ ကုန်ဆုံးသွားပြီး ကမ္ဘာဖျက်ဆီးခြင်း သစ်ပင်၏ သတင်းတွေ ပျံ့နှံ့သွားခဲ့ပြီဖြစ်သည်..။

လင်းဟောက်ထျန်းကို အာရုံစိုက်ထားတဲ့ ကျန်းချန်ရှန်းသည်လည်း တကျန်းကိူ ပြန်အာရုံစိုက်နိုင်ပြီဖြစ်သည်..။အရင်တစ်ခေါက်က အပြာရောင်ဝတ်ရုံနှင့် လူဟာ သူ့နောက်ကို ဆက်ပြီးလိူက်မလာတော့ပေ..။

ကျန်းချန်ရှန်းသည် ရွှေရောင်သစ်ရွက်ကို အသုံးပြုပြီး လင်းဟောက်ထျန်းကို တကျန်းဆီ တန်းခေါ်လာလို့ရသည်..။သို့ပေမယ့် ဒါက လင်းဟောက်ထျန်း၏ ကံတရားကို ပျက်ဆီးစေနိုင်၏..။

တစ်ဖက်မှာတော့ မူ မိသားစုလည်း အတူတူပင်ဖြစ်သည်..။ရှေးဟောင်းနတ်ဘုရားတိုက်ကြီးကနေ နှစ်တွေအများကြီး ခရီးဆက်လာပြီးနောက်မှာတော့ မူမိသားစုဝင်တွေဟာ ထပ်ပြီး စိတ်မရှုပ်ထွေးတော့ပေ..။သူတို့က အနာဂတ်အတွက်သာ မျှော်လင့်ထားခဲ့ကြ၏..။လမ်းတစ်လျောက်လုံးမှာ မူမိသားစုသည် ပိုမိုသန်မာလာခဲ့ကြသည်..။

ဒီနှစ်တွင်တော့ တကျန်းဟာ..သူတို့၏ အရှေ့ဘက်တိုက်ကြီး၏ ကံတရားကို တိုးမြင့်နေခဲ့၏..။.

အရှေ့ဘက်တိုက်ကြီးတွင်..မြို့များ သိုင်းအကယ်ဒမီ များကို တည်ဆောက်ထားခဲ့သည်..။သိုင်းအကယ်ဒမီ ကနေတဆင့် အရှေ့ဘက်တိုက်ကြီးမှ ထူးချွန်သည့် လူငယ်များသည် တကျန်းကို ဝင်ရောက်နိုင်မည်ဖြစ်သည်..။

တချီသည်လည်း..အချိန်ဖြုန်းမနေခဲ့ပေ..။အရှေ့ဘက်တိုက်ကြီး၏ မြောက်ဘက်တွင် သူတို့၏ ကျွန်းစုများရှိနေပြီး နယ်မြေချဲ့ထွင်နေခဲ့၏..။အင်ပါယာရွှန်းထျန်းကတော့ သူတို့ကို မတားဆီးပေ..။သူတို့ တောင်ဘက်ကို မသွားသ၍ ဒါက လက်ခဲပေးလို့ရ၏..။

အခုချိန်မှာတော့ တကျန်း၏ ရည်မှန်းချက်က အုပ်ချုပ်မူ အင်ပါယာအဆင့်ကို တိုးမြင့်ရန်ဖြစ်သည်..။

ဖန်ထျန်း အုပ်ချုပ်မူ အင်ပါယာကတော့ တကျန်းရဲ့ မြင်ကွင်းထဲကို ထပ်ပေါ်မလာတော့ပေ..။

ကျင့်ကြံချင်းအပြင် ကျနိးချန်ရှန်း သည် တာအိုကမ္ဘာထဲမှာလည်း အချိန်ကုန်ဆုံးလေ့ရှိသည်..။

ကမ္ဘာဖျက်ဆီးခြင်း သစ်ပင်က တာအိုကမ္ဘာကြီးထဲတွင် အမြစ်တွယ်နေခဲ့၏..။သူတို့က လောင်တူ ၊ တိုင်ဆူ နဲ့ လောင်ယု တို့နဲ့လည်း သိနေကြပြီဖြစ်၏..။အဖြူရောင်နဂါးကတော့ နဂါးပြောင်းလဲခြင်း ရေကန်ထဲမှာသာ ရှိနေသေးသည်..။

ကျန်းချန်ရှန်း တာအိုကမ္ဘာထဲကို အချိန်ပေးနေခြင်းက မြွေနှစ်ကောင်ကြောင့်ဖြစ်၏..။

ဒီနှစ်ကောင်က မရိုးရှင်းပေ..။သူ ဒီနှစ်ကောင်ကို မြင်တိုင်း နီဝါး နှင့် ဖူရှိီ ကိုသာ အမှတ်ရနေခဲ့သည်..။ဒါကြောင့် သူက မိန်းကလေး မြွေကို တိုင်ဝါး နှင့် ယောက်ျားလေး မြွေကို တိုင်ရှီ ဟူ၍ အမည်ပေးထားခဲ့သည်..။

အချ်ိန်တွေက ဒီလိုနှင့်ကျော်ဖြတ်သွားခဲ့သည်..။

မျက်စိတစ်မှိတ်အတွင်းမှာပဲ နောက်ထပ်ငါးနှစ် ကုန်ဆုံးသွား၏..။

ရွှန်းထျန်း ခေတ် ၄၁ နှစ်တွင် မြို့တော်၌ အခမ်းအနားး ကျင်းပမည်ဖြစ်သည်.။အခမ်းအနား အောင်မြင်သွားလျင် တကျန်းက ကံတရား၏ အုပ်ချုပ်သူ အင်ပါယာအဆင့်ကို ရောက်ရှိတော့မည်ဖြစ်သည်..။ပြီးတော့ အခမ်းအနားက ဂျွန်လတွင် စတင်မည်ဖြစ်၏..။

လက်ရှိက ဖေဖော်ဝါရီလဖြစ်သည်..။

မြို့တော်တွင်တော့ စည်ကားနေခဲ့သည်..။များပြားလှတဲ့ မင်းဆက်တွေက ဂုဏ်ပြုကြောင်း လက်ဆောင်တွေ ပေးပို့ခဲ့ကြ၏..။အရှေ့ဘက် ပင်လယ်ဒေသ , ထျန်ဟိုင်က လူများလည်း ရှိနေခဲ့သည်..။

ကောင်းကင် ဂုဏ်ပြုခြင်းအခမ်းအနားက လွန်းခဲ့တဲ့နှစ်တွေက ကျင်းပသည့် ကံတရား အင်ပါယာ အခမ်းအနားထက်တောင် ပိုစည်ကားနေခဲ့၏..။

ဒီနှစ်များတွင် တကျန်းမှ များပြားလှသည့် ဂျီးနီးယပ်များ ၊ လွှမ်းမိုးနိုင်သည့်လူများ ထွက်ပေါ်လာခဲ့သည်..။တကျန်းက အရင်ကနှင့် မတူတော့ပေ..။

တကျန်းက သန်မာလာသလို ဖန်ထျန်း အုပ်ချုပ်မူ အင်ပါယာကလည်း ပိုမို သန်မာလာခဲ့၏..။

ဖန်ထျန်း အင်ပါယာ၏ တန်ဖိူးက အမှတ် ၃၉ သန်းအထိ တိုးတက်လာခဲ့သည်..။

ခြံဝန်းထဲတွင်..။

ချင်အာ သည် လုံချီဘုရားကျောင်းမှ ကိစ္စရပ်များကို ကျန်းချန်ရှန်းဆီ တင်ပြနေခဲ့သည်..။

လုံချီဘုရားကျောင်းတွင် တပည့်ပေါင်း ၅ သောင်းခန့်လောက်ရှိပြီး..အကုန်လုံးကို သေချာ ထိန်းချုပ်ထားနိုင်ခဲ့သည်..။ယန်ကျိုးနှင့် ကြယ်တာရာ ၁၈ ယောက်အပြင် နောက်ထပ် အစစ်အမှန် နတ်ဘုရား ၁၀ ယောက်ခန့်ရှိ၏..။သူတိူ့က အသက် ၅၀ ကျော်တပည့်တွေဖြစ်ပေမယ့် အသက် ၁၅၅ နှစ်ရှိပြီဖြစ်တဲ့ ကျန်းချန်ရှန်းနဲ့ ယှဥ်ရင် မျိုးဆက်အတော်ကွာခြားလှသည်..။

"တာအိုဘိုးဘေး..တောင်ဘက်ပင်လယ်မှာ ဆန်းကျယ်တဲ့ ရေဝဲတစ်ခု ပေါ်လာခဲ့ပါတယ်..။ဒါက ဂိုဏ်းတွေ ရဲ့ အာရုံစိုက်မူအောက်မှာ ရှိနေတာပါ..။ဖူယွဲ့ မိသားစုနှင့် အစစ်အမှန် နဂါးကျောင်းတော်က အတူတူ သွားလေ့လာဖို့ လုံချီ ဘုရားကျောင်းကို ဖိတ်ခေါ်ထားပါတယ်..။တပည့် ကတော့ ယန်ကျိုးနဲ့ဟောင်ချွန်ကို လွတ်ဖို့စီစဥ်ထားပါတယ်..။ဘယ်လိုသဘောရပါသလဲ.."

ကျန်းချန်ရှန်း ," သွားခိုင်းလိုက်..။သူတို့အတွက် အမြင်ကျယ်တာက ကောင်းမွန်တဲ့အရာပဲ.."

ချင်းအာ ပျော်ရွှင်သွားပြီး အမြန်ကျေးဇူးတင်စကား ပြောလိုက်သည်..။

ချင်းအာ ထွက်သွားပြီးနောက် ကျန်းချန်ရှန်း အဝေးကိုကြည့်ကာ ပြုံးလိုက်၏..။

ပိုင်ချီ သူ့ရဲ့ အမူအရာကို မြင်ပြီး..

"ဘာတွေများ ​သဘောကျနေတာလဲ.."

ကျန်းချန်ရှန်း ," ဘာမှမဟုတ်ဘူး..။တစ်စုံတစ်ယောက်က သိပ်ပြီး စိတ်မရှည်တော့ဘူးလေ.."

ဖန်ထျန်းအင်ပါယာ..နန်းတော်ထဲတွင်..။

ဧကရာဇ် ဖန်ထျန်းသည် လတ်တလောတွင် ဓား မာစတာ တစ်ယောက်နှင့် စစ်တုရင် ကစားနေခဲ့သည်..။

ဓားမာစတာ မေးလိုက်၏..။

"အရှင်က တကျန်းကို စိတ်ပူနေတာလား.."

ဧကရာဇ် ဖန်ထျန်း , " အမှန်ပဲ ။ငါတို့က သေချာ ကျစ်လစ်အောင်ပြင်ဆင်ထားပေမယ့် သူတို့ဘက်မှာ က တာအိုဘိုးဘေးရှိနေတယ်..။ဒီတော့ ငါ့မှာ ယုံကြည်မူ အပြည့်အဝ မရှိဘူး.."

ဧကရာဇ် ဖန်ထျန်း၏ မျက်လုံးအေးစက်သွားခဲ့ပြီး..

"စီနီယာ တန်ဂေါင်က တကယ်ပဲ သန်မာပါတယ်..။ထင်ထားသလိုပဲ သူက မြင့်မြတ်သော အင်ပါယာရဲ့ တိုက်ပွဲကြားမှာ ရှင်သန်နိုင်ခဲ့တယ်လေ..။ဒါပေမဲ့ သူ့ကို ဖန်ထျန်း အင်ပါယာဆီ ဖိတ်ခေါ်ချင်ရင်တော့ တန်ကြေးက ကြီးမားလိမ့်မယ်.."

ဓား မာစတာ တိတ်ဆိတ်နေခဲ့သည်..။သူက ဒီကိစ္စကို ဆွေးနွေးရန် အရည်အချင်းမပြည့်မှီပေ..။

ဧကရာဇ် ဖန်ထျန်း မေးလိုက်၏..။

"အိမ်ရှေ့စံရဲ့ ဓားတာအိုက ဘယ်လိုနေလဲ.."

ဓားမာစတာ , " မဆိုးပါဘူး..။ဒါပေမဲ့ ဓားတာအိုနဲ့ယှဥ်ရင် သူက တစ်ခြားလူတွေထက်ပိုသင့်တေယ်တယ်..။ကျွန်တော်ကြားတာတော့ အိမ်ရှေ့စံက သိုင်းပညာလမ်းကြောင်း အသစ်ကို ဖန်တီးချင်နေတယ်တဲ့..။အရှင်က ဘာလို့ မထောက်ပံ့ပေးတာလဲ.."

ဧကရာဇ် ဖန်ထျန်း နှာခေါင်းရှုတ်လိုက်ပြီး..

"သူ့လမ်းကြောင်းက ကံတရားလမ်းကြောင်းပဲ..။တကယ်လို့ သူဂရုမစိုက်ရင် ကောင်းကင်ရဲ့ ကံတရားက သူ့ကြောင့် ပျက်ဆီးသွားနိုင်တယ်..။အဲတာဆိုဘယ်လိုလုပ်မလဲ.."

ဓားမာစတာ , "ဒါပေမဲ့သူ့ အကြံကတော့ အတော်လေးကောင်းမွန်တယ်..။တကယ်လို့ သူသာ အောင်မြင်သွားခဲ့ရင် တာအိုဘိုးဘေးက ကျ်ိန်းသေ သေရမှာပဲ..။သူသာ အုပ်ချုပ်မူ အင်ပါယာရဲ့ကံတရားကို စုစည်းနိုင်ခဲ့ရင် သူ့ရဲ့ ခွန်အားက မယုံနိုင်လောက်အောင်ကို သန်မာလာလိမ့်မယ်.."

အင်ပါယာ ရွှန်းထျန်း ဘာမှ မပြောခဲ့ပေ..။အဲဒိီအစား သူ နောက်ထပ် စစ်တုရင် အရုပ်တစ်ခုကို ကောက်ကိုင်ပြီးသာ ရွေ့လိုက်၏..။

စစ်တုရင်ကစားပွဲရဲ့ အခြေအနေတစ်ခုလုံး ပြောင်းလဲသွားခဲ့သည်..။

ဂျွန်လဟာ အလျင်အမြန်ပဲ ရောက်လာခဲ့၏..။

မြို့တော်က အစောင့်အရှောက်အရေအတွက်ဟာ တိုးလာခဲ့သည်..။

ယနေ့တွင်တော့..တကျန်း၏ ကောင်းကင်ဂုဏ်ပြုခြင်း အခမ်းအနားက စတင်တော့မည်ဖြစ်၏..။

နန်းတော် ဂိတ်ပေါက်ဝတွင် အရာရှိတွေ အများကြီး တန်းစီနေကြပြီဖြစ်သည်..။လမ်းများတွင်လည်း လူများနှင့်ပြည့်နေကြ၏..။

ကျောင်းဝန်းထဲတွင်..။

ရီယွမ်ပြောလိုက်၏..။

"တာအိုဘိုးဘေး..ဖန်ထျန်းအင်ပါယာက ရုတ်တရက် တိုက်ခိုက်နိုင်လား..။ဟုတ်သားပဲ..။တကယ်လို့ တကျန်းသာ အုပ်ချုပ်မူ အင်ပါယာဖြစ်လာရင် သူတို့တော့ သွားပြီလေ.."

ကျန်းချန်ရှန်း , " သူတို့က တကယ်ပဲ တိုက်ခိုက်နိုင်တယ်..။သေချာ စောင့်ကြည့်ထား..။တစ်ဖက်လူက အရမ်းသန်မာတယ်..။သူက မင်းရဲ့ ပြိုင်ဘက်မဟုတ်ဘူး.."

ရီယွမ် ဘာမှပြန်မပြောခဲ့ပေ..။မြို့တော်အထိ လာရဲတဲ့လူက သူ ယှဥ်ပြိုင်နိုင်တဲ့လူ မဟုတ်ပေ..။သူက က်ိုယ့်အကန့်သတ်ကိုသိ၏..။

တချိန်တည်းတွင်..။

တကျန်း၏ မြောက်ဘက် ပိုင်ဆိုင်မူ မရှိသည့် ကျွန်းတစ်ခုတွင်..။

တောင်ထိပ်တစ်ခုပေါ်တွင် ပုံရိပ်များ ရပ်နေကြ၏..။သူတို့ကို ဦးဆောင်နေသည့် သူက အနက်ရောင်ဝတ်စုံနှင့်ဖြစ်သည်..။သူ၏ ဘယ်ဘက်လက်ကို နောက်ကိုပို့ထားပြီး ညာဘက်လက်ကတော့ လက်မရှိလက်စွပ်ကို ပွတ်နေခဲ့သည်..။

ဖန်ထျန်းအင်ပါယာ က ဖိတ်ခေါ်ထားသည့် ပြိုင်ဘက်ကင်းပညာရှင် တန်ဂေါင်ယု..။

သူ့ဘေးနားက လူများကတော့ ဖန်ထျန်းမှ ပညာရှင်များဖြစ်သည်..။ဒီထဲမှ အားအနည်းဆုံးလူက စကြဝဠာ အဆင့်ဖြစ်၏..။

"စီနီယာ အချိန်ကျတော့မယ်..။ဒီနေရာက မြို့တော်နဲ့အတော်ဝေးနေတော့..အဆင်ပြေနိူင်ပါ့မလား.."

အဖိုးကြီးတစ်ယောက်သည် လေးစားစွာမေးလိုက်သည်..။

တန်ဂေါင်ယုရဲ့ အမူအရာကတော့ မပြောင်းလဲပေ..။

"အလျင်လိုဖို့မလိုဘူး..။တကျန်းရဲ့ ကံရားတွေ မြင့်တက်လာမှ တိုက်ခိုက်လို့ရတယ်..။ထပ်ပြောရရင် တစ်ချက်တည်းနဲ့ အင်ပါယာတစ်ခုလုံးကို ဖျက်ဆီးပစ်လို့ရတယ်လေ.."

သူ ဒါကိုပြောပြီးတာနဲ့ လက်စွပ်ကနေ အလုင်းရောင်တွေ တောက်ပလာပြီး လှံရှည်တစ်ချောင်းပေါ်လာခဲ့သည်..။

ယင်းနောက် သူ၏ ဘယ်ဘက်လက်နှင့် လေး ကို ကိုင်ထားပြီး ညာဘက်လက်က လှံရှည်ကို ကိုင်ထားခဲ့သည်..။လှံရှည်သည် ငွေရောင်ဖြစ်ပြီးတော့ အနားကို အပြာရောင် ရတနာ ဖြင့် ကွပ်ထားခဲ့သည်..။

ဖန်ထျန်း အင်ပါယာ အတွက်တော့ တန်ဂေါင်ယု သည် တကျန်း၏ တာအိုဘိုးဘေးနှင့်တူသည်..။ပြီးခဲ့တဲ့ နှစ်ငါးရာလုံး ဖန်ထျန်းအင်ပါယာက တကျန်းနှင့်ပတ်သက်ပြီး အကူညီမဲ့ခဲ့၏..။ထိုအချိန်မှာပင် တန်ဂေါင်ယုက အိပ်မက်ဆန်ဆန် ပြန်ပေါ်လာခဲ့သည်..။

အခုချိန်မှာတော့ တန်ဂေါင်ယုလည်း တာအိုဘိုးဘေးကို စိတ်ဝင်စားနေခဲ့၏..။

မြင့်မြတ်သော အင်ပါယာက ပြန်လာပြီးကတည်းက သူက ဖန်ထျန်းမှာ အနားယူနေချင်ခဲ့သည်..။သို့ပေမယ့် တာအိုဘိုးဘေးလို လူမျိုး ပင်လယ်ဒေသမှာ ပေါ်ထွက်လာမယ်လို့ မထင်ထားခဲ့ပေ..။

"ဟမ့်..တာအိုဘိုးဘေး..မင်းဘယ်လောက်ထိ အရည်အချင်းရှိလဲ ကြည့်ချင်သေးတယ်.."

တန်ဂေါင်ယု၏ နှုတ်ခမ်းထောင် တွန့်​ကွေးသွားပြီး စမ်းသပ်ချင်စိတ်တွေ ဖြစ်ပေါ်လာခဲ့၏..။

သူ မြင်မြတ်သော အင်ပါယာကနေ ပြန်လာပြီးကတည်းက တစ်ခြား အင်ပါယာတွေကို သိပ်မထင်မကြီးပေ..။ကောင်းကင်၆ခု နယ်ပယ် ကျုဝူဂျီ က တာအိုဘိူးဘေး လက်ထဲမှာ သေသွားတယ် ဆိုတာကို သူသိပေမယ့်လည်း ဂရုမစိုက်ပေ..။

All Chapters