လွတ်လပ်သော ပင်လယ် ထောက်ပံ့မူ နည်းစနစ် ၊ နတ်ဆိုး ကပ်ဘေးရောက်လာပြီ
Vol. 14 Ch. 204
"သေသွားပြီ.."
ကျန်းချန်ရှန်းပြုံးပြီး ဖြေလိုက်၏..။အခုတိုက်ပွဲသည် သိပ်ပြီးမကြာခဲ့သော်လည်း သူ့ရဲ့ အကြောတွေ ပြေလျော့သွားခဲ့သည်..။
ရီယွမ်ဆက်ပြောလိုက်၏..။
"တစ်ဖက်လူက ဘယ်လောက်တောင်သန်မာလဲ.."
ကျန်းချန်ရှန်း: " ငါကလွဲရင် တစ်ခြားမင်းမြင်ဖူးတဲ့လူတွေ အကုန်ထက်ပိုသန်မာတယ်.."
ရီယွမ် အံ့ဩသွားခဲ့၏..။သူတစ်ခုခု ထပ်မေးတော့မယ့် အချိန်မှာပဲ ပိုင်ချီပြောလိုက်သည်..။
"ထပ်မမေးနဲ့တော့..။နင်သန်မာလာတဲ့ အချိန်ကျရင် ပိုပြီး နားလည်လာလိမ့်မယ်..။ကမ္ဘာကြီးက အကျယ်ကြီးပဲ..။ကိုယ်ခံပညာရှင်တွေ အမြဲတမ်း ထွက်ပေါ်နေတာ..."
ရီယွမ် ဘာမှ ပြန်မပြောခဲ့ပေ..။
မရေမတွက်နိုင်တဲ့ ပညာရေတွေ ဘယ်လောက်တောင် ပုန်းနေကြလဲ ဆိုတာ ဘုရားသာ သိပေလိမ့်မည်..။
ကျန်းချန်ရှန်း မျက်လုံးကို ပိတ်ထားလိုက်၏..။
တကျန်း၏ ကံတရားက တိုးတက်နေခဲ့သည်..။သို့ပေမယ့် ဒီတိုးတက်မူက သိုင်းပညာရှင်တွေရဲ့ စိတ်ဝိဥာဥ်စွမ်းအင်ထက် နည်းပါ၏..။
နှစိပေါင်း ၁၅၅ နှစ်ကြာပြီးသည့်နောက်တွင် တကျန်းသည် နောက်ဆုံးတော့ အုပ်ချုပ်မူ အဆင့် ကံတရား အင်ပါယာ ဖြစ်လာခဲ့ပြီဖြစ်သည်..။
ဒီအမြန်နှုန်းက အတော်လေး မြန်သည်ဟု ပြောနိုင်၏..။
ကျန်းချန်ရှန်းသည် ကျန်းယွန် အကြောင်းတွေးမိသွားခဲ့သည်..။
"ငါ့ရဲ့ ဆက်ခံသူတွေက တကျန်းကို ဒီလောက်အထိ ရောက်အောက် ဦးဆောင်နိုင်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ.."
အရင်တုန်းကဆိုရင် ကျန်းချန်ရှန်းက သူ့ရဲ့ အရည်အချင်းတွေကို ထုတ်ဖော်ခဲ့ပေမယ်ပ ကျန်းယွန်က သူ့ကို မထောက်ခံပေးခဲ့ပေ..။ဒါက သူ့အတွေးတွေကို သက်သေပြရန်လုံလောက်၏..။
ကျန်းယွမ်သူ့ကို မသေစေချင်ခဲ့ပေ..။သို့ပေမယ့် သူက ဒီအရာကိုလည်း ဝင်မခံချင်ခဲ့ပေ..။
အတော်ကြာပြီးသည့်နောက်တွင် အချကိပေးမူ တစ်ခုပေါ်လာခဲ့၏..။.
"ရွှန်းထျန်းခေတ် ၄၁ နှစ်မြောက်တွင် ဖန်ထျန်း အင်ပါယာ၏ ပညာရှင်များလာရောက်တိုက်ခိုက်မူကို ကယ်တင်ပေးနိုင်ခဲ့သည်..။ရှင်သန်မူ ဆုလာဒ် - ရွှေရောင် သလင်းကျောက် သစ်ရွက် × 18 "
[ရွှန်းထျန်းခေတ် ၄၁ နှစ်မြောက်တွင် တကျန်း၏ ကံတရားများထိုးတက်လာပြီး..သင်က အကောင်းဆုံး ကာကွယ်စောင့်ရှောငိပေးနိုင်ခဲ့သည်..။ရှင်သန်မူ ဆုလာဒ် - လွတ်လပ်သော သမုဒ္ဒရာ ထောက်ပံ့မူ ]
ကျန်းချန်ရှန်း ချက်ချင်းထရပ်ပြီး အခန်းထဲကို လျောက်ဝင်သွားလိုက်သည်..။
ပိုင်ချီ , " မာစတာက တိုက်ပွဲတွေပြီးတိုင်းမှာ..အမြဲတမ်း တရားထိုင်လေ့ရှိတယ်နော်..။ရီယွမ် မာစတာမှာလည်း နတ်ဘုရား ခန္တာကိုယ် ကျင့်စဥ်တစ်မျိုးရှိနေတာလား.."
ရီယွမ်ခေါင်းညိမ့်လိုက်သည်..။
"ဒါက ဖြစ်နိုင်တယ်..။ဒါက အင်အားအကြီးဆုံး နတ်ဘုရား ခန္တာကိုယ်ကျင့်စဥ်တောင်ဖြစ်နေနိုင်တယ်.."
သူ ဒီကမ္ဘာပေါ်မှာနေလာတာ နှစ်ပေါင်းရာနဲ့ချီရှိပြီဖြစ်ပေမယ့် ကျန်းချန်ရှန်းကို ယှဥ်နိုင်တဲ့လူကို မတွေ့သေးပေ..။
အိမ်ထဲတွင်..။
ကျန်းချန်ရှန်း လွတ်လပ်သော သမုဒ္ဒရာ ထောက်ပံ့မူကို သန့်စင်လိုက်၏..။
လွတ်လပ်သော သမုဒ္ဒရာထောက်ပံ့မူသည် သမုဒ္ဒရာတစ်ခုကို မနိုင်ပြီး..ကမ္ဘာပေါ်ကို ပစ်ချနိုင်၏..။
အကယ်၍ သူက သမုဒ္ဒရာကြီးကို မပြီး စိတ်ဝိဥာဥ်စွမ်းအင်များထည့်သွင်းကာ ရန်သူဆီကို ပစ်မယ်ဆိုရင် ဖျက်ဆီးနိုင်သည့် စွမ်းအားက အတော်ကြီးပေလိမ့်မည်..။
ဒါက ကြီးမြတ်သော ယန် တောင်ကုန်းရွေ့လျားမူ နှင့်ဆင်တူသော်လည်း ဒီတစ်ခုက ပိုပြီးစွမ်းအားကြီးသည်..။
ကျန်းချန်ရှန်း ကြီးမြတ်သော သမုဒ္ဒရာ ထောက်ပံ့မူကို ချက်ချင်းလေ့မကျင့်ခဲ့ပေ..
။အဲဒီအစား ရွှေရောင်သစ်ရွက် ၁၈ ရွက်ကိုသာ အရင်သန့်စင်လိုက်၏။
အကြာခင်မှာပဲ တကျန်း က ကံတရား၏ အုပ်ချုပ်မူ အင်ပါယာအဖြစ် အဆင့်တက်သွားသည့် သတင်းသည် ပျံ့နှံ့သွားခဲ့သည်..။
ဒါက အတော်လေးကို လျင်မြန်၏။
တကျန်း၏ မြင့်တက်လာမူက တစ်ခြားအင်အားစုများကို အံ့ဩသင့်စေသည်..။
သမုဒ္ဒရာအပေါ်ရှိ ကျွန်းတစ်ကျွန်းတွင်ဖြစ်သည်..။ကျွန်းပေါ်တွင်တော့ တိမ်တွေထိအောင် ရောက်ရှိနေသော တောင်ကုန်းတစ်ကုန်းရှိနေခဲ့၏..။
တောင်ထိပ်ပေါ်တွင်တော့ နန်းတော်တစ်ခု ရှိနေခဲ့သည်..။
နန်းတော်အတွင်းတွင်တော့..လူအ်ိုကြီးတစ်ယောက်သည်..ခုံတန်းရှည် တစ်ခု မျက်နှာချင်းဆိုင်ရှိသည့် ခန်းမတစ်ခုတွင် ထိုင်နေခဲ့၏..။
"တကျန်းက တစ်ခြားအုပ်ချုပ်မူ အင်ပါယာတွေကို မမှီသေးပေမယ့် သူ့ရဲ့မြင့်တက်လာမးက အရမ်းကို မြန်ဆန်တယ်.."
"တာအိုဘိုးဘေးက တကျန်းမှာ ရှိနေတယ်လေ..။ဒါက အံ့ဩစရာ မရှိပါဘူး.."
"ကမ္ဘာဖျက်ဆီးခြင်း သစ်ပင်ကို အဆုံးသတ်ပေးလိုက်တာလဲ တာအိုဘိုးဘေးပဲ ဖြစ်ပုံရတယ်..။ဘာလို့လဲ ဆိုတော့ ဒီအနားဝန်းကျင်မှာ သူတစ်ယောက်ပဲ အဲလိုလုပ်နိုင်တာ.."
"တကျန်းက အချိန်မှားပြီး မွေးဖွားလာတာ ဆိုးတာပဲ..။တကယ်လို့ လွန်ခဲ့တဲ့ နှစ် ၃၀၀ လောက်ကဆိုရင် ပြောင်းလဲနိုင်လောက်တယ်.."
"မြင့်မြတ်သော အင်ပါယာ ကျရှုံးသွားရင် လူသားမျိုးနွယ်ကတော့ သွားပြီ..။သတ်ဖြတ်မူတွေက နှစ်ရာပေါင်းများစွာ အထိ ရှိနေကြဦးမှာ.."
လူအိုကြီးတွေသည် သူတို့အချင်းချင်းဆွေးနွေးနေကြသည်..။မြင့်မြတ်သော အင်ပါယာ အကြောင်းပြောပြီးသည့် နောက်တွင် သူတို့အကုန်လုံး သက်ပြင်းချလိုက်ကြ၏..။
လူတိုင်းက သူ့ကို ကြည့်ပြီး ခေါင်းညိမ့်လိုက်ကြသည်..။
အဖြူရောင် ဆံပင်နှင့်လူကြီးသည် သိုင်းအင်ပါယာ ကျွန်း၏ ကျွန်းအရှင်ဖြစ်သည်..။သူ၏ နာမည်က သိုင်းအင်ပါယာ ဖြစ်သော်လည်း သူ့၏ အဆင့်က အဲ့လောက်အထိ မရောက်သေးပေ..။
အကြီးအကဲ ထျန်ဂျီ ပြောလိုက်သည်။
"ကျွန်းအရှင် ၊ သိုင်းအင်ပါယာရဲ့ အမွေအနှစ်ကို တစ်ယောက်ယောက် ယူသွားပါပြီ..။ဒါပေမဲ့ အဲ့တစ်ယောက်ကို အခုထိ ရှာမတွေ့သေးပါဘူး.။ကမ္ဘာကြီးကိုကြေညာပြီးသူ့ကို ဖမ်းခိုင်းလိုက်ရမလား.."
အဖြူရောင် ဆံပင်နှင့်လူကြီးဟာ ပြောလိုက်သည်..။
"မလိုတော့ဘူး..။သူက ကျွန်းစုတွေက မွေးဖွားလာတာ ဆိုရင် ဘာမှမထူးပါဘူး..။ငါတို့ကတော့ အင်ပါယာတွေ တိုက်ခိုက်မူကို စောင့်ကြည့်ကြတာပေါ့..။ငါတို့လုပ်ရမှာက နောက်ထပ် သိုင်းအင်ပါယာတစ်ယောက် ပေါ်ထွက်လာတာကို စောင့်နေဖို့ပဲ..။ပြီးတော့ သူ့ကို မြင့်မြတ်သော အင်ပါယာ တည်ထောက်နိုင်အောင် ကူညီပေးရမယ်.."
လူအများစုဟာ သူ့စကားတွေကို သဘောတူကြသည်..။
အကြီးအကဲ ထျန်ဂျီ
"တာအိုဘိုးဘေးကရော သိုင်းအင်ပါယာ ဖြစ်လာလောက်လား.."
.
သူဒါကို ပြောလိုက်တာနဲ့ အကုန်လုံးရဲ့ အမူအရာ ပြောင်းလဲသွားခဲ့၏..။
အဖြူရောင်ဆံပင်နှင့်လူကြီး ပြောလိုက်သည်..။
"ဒါဆိုလည်း သူ ထီးနန်းကို လိုချင်လား စောင့်ကြည့်ကြတာပေါ့.."
အဲ့အချိန်မှာပဲ ပုံရိပ်တစ်ခုဟာ ရောက်လာခဲ့ပြီး ဒူးထောက်လိုက်သည်..။
"ကျရှုံးအင်ပါယာ ပင်လယ် ၊ ရှန်းဂု မြောက်ဘက် ပင်လယ် ၊ ထျန်ကန် ပင်လယ် ၊ ထျန်ဟိုင် ပင်လယ်တို့မှာ နတ်ဆိုးဂူတွေ ပေါ်ထွက်လာပါတယ်.."
အဖြူရောင်ဆံပင် နှင့်လူသည် ဖြည်းညှင်းစွာ မတ်တတ် ထရပ်လိုက်သည်..။
"အားလုံးပဲ..လူသားကမ္ဘာရဲ့ ကပ်ဆိုးက စတင်တော့မယ်..။သိုင်းအင်ပါယာက ကျွန်းကလူတွေက..အင်ပါယာတွေရဲ့ ကာကွယ်မူအောက်မှာ မရှိတဲ့ လူသားတွေကို ကာကွယ်ဖို့ ပြင်ဆင်ကြတော့.."
အားလုံး၏ အဖြူအရာသည် လေးနက်သွားခဲ့သည်..။
အခုချိန်မှာတော့ တကျန်းစစ်တပ်မှ လူတိုင်း သိုင်းပညာကို လေ့ကျင့်နေကြသည်..။သူတို့က နတ်ဆိုးတွေကို ကြောက်ရွံ့ခြင်း မရှိကြတော့ပေ..။
ဂျူလိုင်
ယန်ကျ်ိုးနှင့်တစ်ခြားလူတွေ ပြန်လာခဲ့ပြီး ကျန်းချန်ရှန်းကို လာရောက် ဂါဝရပြု၏..။တကျန်းနဲ့ မြင့်မြတ်သော နယ်မြေသုံးခု ပူးပေါင်းကာ သမုဒ္ဒကို ရှာဖွေခဲ့ကြပေမယ့် စကြဝဠာအဆင့် နတ်ဆိုးများသာ တွေ့ခဲ့ကြသည်..။
ယန်ကျိုးနှင့် ကြယ်တာယာ ၁၈ ယောက် ပြန်လာအပြီးတွင် လုံချီဘုရားကျောင်းသည် ပိုပြီးစည်ကားလာခဲ့သည်..။သူတို့က နေ့တိုင်းတူတူလေ့ကျင့်ကြပြီး ဟောင်ထျန်နဲ့ ဟီထျန်တောင် ပါဝင်ကြ၏..။
တစ်လက အလျင်အမြန်ပဲ ကုန်သွားခဲ့သည်..။
ကျန်းချန်ရှန်း တာအိုကမ္ဘာကို အာရုံစိုက်နေတုန်းမှာပဲ.. အံ့ဖွယ်ကံတရား ကုန်သည်အသင်းမှ ကျန်းယန်ရောက်လာခဲ့၏..။
"ဖန်ထျန်း အုပ်ချုပ်သူ အင်ပါယာကို အင်ပါယာ သုံးခုက ဝန်းရံတိုက်ခိုက်ခဲ့ပါတယ်..။ဒါက တကျန်းအတွက်တော့ အထူးသတင်းကောင်းပါ.."
ကျန်းယန် စိတ်လှုပိရှားစွာပြောလိုက်သည်..။
ကျန်ချန်ရှန်းကတော့ မပြောင်းလဲပေ..။သူ မျှော်လင့်ထားပြီးဖြစ်၏..။
မင်းသန်မာသည့်အချ်ိန်ကျရင် မိတ်ဆွေတွေ ဝန်းရံနေကြမည်ဖြစ်သည်..။မင်းအားနည်းသည့် အချိန်ကျရင်တော့ ရန်သူများသာ ရှိမည်ဖြစ်၏..။ဒါက ပုံမှန်ဖြစ်နေကြ သဘောတရားတစ်ခုပက်..။
တစ်ဖက်မှာတော့ ရီယွမ်သည် စိတ်မကောင်းဖြစ်နေခဲ့သည်..။
"သူတို့က တိုက်တောင်မတိုကိရသေးဘူး ကျရှုံးတော့မှာလား..။စိတ်မကောင်းစရာပဲ.."
ကျန်းချန်ရှန်း ," ဖန်ထျန်းက လွယ်လွယ်နဲ့မကျရှုံးဘူး.."
တန်ဂေါင်ယုနှင့်ကျန်တဲ့လူတွေ သေသွားတာတောင် ဖန်ထျန်း၏ အမှတ်များက သိသိသာသာ မကျဆင်းသွားခဲ့ပေ..။ဒါက အင်ပါယာသုံးခု ဖန်ထျန်းကို အချိန်တိုအတွင်း အနိုင်တိုက်နိုင်မှာမဟုတ်ဘူးဆိုတာ ပြသနေခဲ့၏..။
ရီယွမ် ခေါင်းခါယမ်းပြီး ရယ်မောလိုက်သည်..။
စကားပြောနေစဥ်အတွင်းတွင် ကျန်းယန်သည် တကျန်း၏ ရှေ့ဆက်မည့် အစီအစဥ်များအပေါ် ကျန်းချန်းရှန်းအမြင်ကို မေးလိုက်သည်..။
သူတို့က ကျန်းချန်ရှန်း တစ်နေရာကို ထွက်သွားမှာကို စိုးရိမ်နေကြ၏..။
ကျန်းချန်ရှန်းကတော့ ပြန်မဖြေခဲ့ပေ..။
အတော်ကြာအောင် စကားပြောပြီးသည့် နောက်တွင်တော့ ကျန်းယန် ပြန်သွားခဲ့၏..။
တတ်တလောတွင် တကျန်းအနားတွင် ကောင်းကင်အဆင့် ပညာရှင်များစွာ ပေါ်ထွက်လာခဲ့သည်..။သူတို့က ရန်သူများ မဟုတ်ကြပေ..။ဒီလူတွေက ဆက်ဆံရေးကောင်းတွေတည်ဆောက်လို၍ လာခဲ့ကြခြင်းဖြစ်၏..။
ခနအကြာမှာတော့ကျန်းချန်ရှန်းသည် တာအို ကမ္ဘာထဲကိုသာ ပြန်အာရုံစိုက်ထားလိုက်သည်..။
နဂါးပြောင်းလဲမူ ရေကန်ထဲက အဖြူရောင်နဂါးကတော့ ပြောင်းလဲနေခဲ့ပြီဖြစ်သည်..။