အင်ပါယာ၏ ကျရှုံးမူ ၊ ကမ္ဘာကြီး ဖရိုဖရဲဖြစ်ခြင်း
Vol. 14 Ch. 205
တိမ်ကောင်းကင် နတ်ဘုရား သစ်ပင်၏ ဘေးတွက်တော့ တိုင်ဝါး နှင့် တိုင်ရှီ သည် နဂါးပြောင်းလဲမူရေကန် ဘေးတွင် လဲလျောင်းရင်း စောင့်ကြည့်နေခဲ့ကြသည်..။
အဖြူရောင် နဂါးသည် သူ၏ အရည်ခွံများကို ပြောင်းလဲနေခဲ့သည်..။သူ၏ မြွေအရေခွံက ကွာကျသွားခဲ့ပြီး..နေရောင်အောက်တွင် အမှုန့်များဖြစ်သွားခဲ့၏..။
ယင်းနောက် ငွေရောင်ကြေးခွံအပိုင်းအစ တွေဟာ သူ၏ ခန္တာကိုယ်တွင်ပေါ်လာခဲ့ငည်..။သူ၏ ခေါင်းထက်တွင်လည်း သေးငယ်သည့် ဦးချိုနှစ်ခု ဖြစ်ပေါ်လာခဲ့ပြီး နဂါးအသွင်ကို ပြောင်းလဲဖို့ အစပြုနေခဲ့သည်..။
တိုင်ဆူလည်း တောထဲကနေ ထွက်လာခဲ့ပြီး အဖြူရောင် နဂါးကိူ ကြည့်လိုက်သည်..။သူ့မှာ ဘာအမူအရာမှ မရှိပေမယ့်လည်း အမှန်တကယ်တော့ အတော်လေး သိချင်နေမိ၏..။
အဖြူရောင် နဂါးကတော့ အကုန်လုံးဝိုင်းကြည့်နေတာကြောင့် ဂုဏ်ယူနေခဲ့သည်..။
ကျန်းချန်ရှန်း ကြေနပ်သွားခဲ့သည်..။အဖြူရောင် နဂါး၏ နတ်ဆိုးစွမ်းအင်မျာစ အဆမတန်မြင့်တက်လာတာကို သူခံစားရ၏..။သူ၏ ခွန်အားက အတော်လေး သန်မာလာပြီဖြစ်သည်..။
အဖြူရောင် နဂါး အစစ်အမှန် နဂါးဖြစ်လာမည့် နေ့ကို သူ စောင့်မျှော်နေမိသည်..။
နောက်ဆယ်နှစ်အတွင်းတွင် အဖြူရောင် နဂါးက အစစ်အမှန်နဂါး အသွင် ပြောင်းလဲသွားမည်ဖြစ်သည်..။သူ့အတွက်တော့ ဆယိ နှစ်ဆိုတာ ကြာသည့်အချိန်မဟုတ်ပေ..။
အချိန်တွေ ပျံသန်းသွားပြီး ၄ နှစ်ကုန်ဆုံးသွား၏.။
ရွှန်းထျန်းခေတ် ၄၆ နှစ်မြောက်..။
ထျန်ဟိုင် ပင်လယ်ပြင်တွင် နတ်ဆိုးဂူပေါ်လာခဲ့တာကြောင့် တကျန်းက စစ်ပွဲတွေ စတင်ဖို့ အချိန်မရှိပေ..။နတိဆိုးဂူထဲတွင် နတ်ဆိုးတွေ အရမ်းများပြားခြင်းကြောင့် တကျန်းအနေနဲ့ တို့ကို အမြစ်ဖြတ်ရန် ခဲယဥ်းနေခဲ့သည်..။ဓားနတ်ဘုရားက အရှေ့ဘက် တိုက်ကြီးကို လုံခြုံရေး ယူပေးနေရပြီး ရီယွမ်ကတော့ ကျငိ့ကြံနေခဲ့သည်..။
အင်ပါယာ ရွှန်းထျန်းလည်း ရီယွမ်ကို ကူညီဖို့ တွန်းအားမပေးရဲပေ..။ဘာပဲဖြစ်ဖြစ် ရီယွမ်က အများကြီး ကူညီပေးထားပြီးပြီဖြစ်၏..။သူ့အမြင်တွင်တော့ တာအ်ိိုဘိုးဘေးကို အကူအညီတောင်းခြင်းကလည်း ကြက်တစ်ကောင်ကို သတ်ဖို့ ကူညီခိုင်းတာနဲ့တူနေခဲ့သည်..။
ဒီ တိုက်ပွဲက အန္တရာယ်များပေမယ့်လည်း အကျိုးအမြတ်ရှိ၏..။တိုက်ပွဲအတွင်း ရှင်သန်ခဲ့ကြသည့်..တကျန်း စစ်သည်များသည် ပိူမိုသန်မာလာခဲ့ကြသည်..။
လွန်ခဲ့တဲ့ လေးနှစ်အတွင်းတွင် ကျန်းချန်ရှန်းသည် လွတ်လပ်သော သမုဒ္ဒရာထောက်ပံ့မူကို ကျွမ်းကျင်သွားခဲ့ပြီဖြစ်သည်..။သူ၏ ခန္တာကိုယ်က တာအ်ိုကို လေ့လာနေသည့် အချိန်တွငိ ကိုယ်ပွားကိူတော့ မမြင်ရသည့် ပြန်လည်မွေးဖွားမူ ကျင့်စဥ်ကိူ လေ့ကျင့်ခိုင်းထားခဲ့သည်..။
အသက် ၁၆၀ နှစ်တွင် သူ၏ ခွန်အားက အမှတ် သန်း ၆၀ ကို ရောက်နေပြီဖြစ်သည်..။သိုင်းပညာရှင်တစ်ယောက်က ဒီအဆင့်ကို ရောက်ဖို့ဆိုရင် ဘယ်လောက်တောင်ကြာမှာလဲ..။
ဒီနေ့တွင်..။
ကျန်းချန်ရှန်းသည် ဆေးဝါးများ သန့်စင်နေခဲ့သည်..။သူ တိုင်ဝါး နဲ့ တိုင်ရှီကို နယနာမည်ပေးပြီးကတည်းက သူတို့ကြီးပြင်းဖို့အတွက်ကို ပြင်ဆင်နေခဲ့သည်..။
ဒါကြောင့် သူတို့အတွက် ဆေးဝါး ဝေစုလည်း လိုအပ်မည်ဖြစ်၏..။
တိုင်ဝါးနှင့် တိုင်ရှီ သည် လူသား ဘာသာစကားကို ပြောနိုင်နေကြပြီဖြစ်သည်..။အဖြူရောင် နဂါးက နဂါးအစစ်ပြောင်းသွားတဲ့အချိန်ရောက်ရင် သူတို့ကို အပြင်ကို ထုတ်ပေးပြီး ပိူင်ချီတို့နဲ့ မိတ်ဆက်ပေးမည်ဖြစ်သည်..။
ဘန်းး..
မ်ိုးခြိမ်းသံကြီး ရုတ်တရက် မည်လာခဲ့ပြီး အမဲရောင် တိတ်တိုက်တွေဟာ စုဝေးလာခဲ့၏..။မြို့တော်တစ်ခုလုံးကိူ အမှောင်ထု လွှမ်းမိုးသွားခဲ့သည်..။
ကျန်ချန်ရှန်း တစ်ခုခုကို ခံစားမိပြီး ကြည့်လိုက်၏..။သူတင်မဟုတ်ပဲ အကုန်လုံးလည်း ဒီလိုခံစားရသည်..ယ။
ခရစ်..
ကျယ်လောင်တဲ့ အော်ဟစ်မူကြီးနှင့်အတူပဲ အစိမ်းရောင် ငှက်ကြီးတစ်ကောင်သည် မိုးတိမ်တွေထဲကနေ ထွက်ပေါ်ပျံသန်းလာခဲ့သည်..။.
ဒီမြင်ကွင်းကို မြို့ထဲကလူတိုင်း ကြည့်နေခဲ့ကြ၏..။သတင်းက ပျံ့နှံ့သွားကြပြီး လူတိုင်းက အစိမ်းရောင်ငှက်ကို ထွက်ကြည့်လိုက်ကြသည်..။
အင်ပါယာရွှန်းထျန်းလည်း စာကြည့်တိုက်ကနေထွက်လာပြီး ကြည့်လိုက်၏..။
"ဘာတွေဖြစ်နေတာလဲ..တကျန်းရဲ့ ကံတရားက ဘာလို့မတည်မငြိမ်ဖြစ်နေတာလဲ.."
ကျောငိးဝန်းထဲတွင်တော့ ရီယွမ်နဲ့ပိူင်ချီသည် ဒီအကြောင်းကို ဆွေးနွေးနေကြသည်..။
ကျန်းချန်ရှန်း တစ်ခုခုကို နားလည်သွားပုံရပြီး စိတ်ထဲကနေ မေးလိုက်၏..။
"မြင့်မြတ်သော အင်ပါယာ ဘယ်လောက်သန်မာလဲ.."
[ ရှာမတွေ့နိုင်ပါ ၊ ကျေးဇူးပြုပြီး ပြန်လည်တွက်ချက်ပေးပါ ]
ရလာဒိက ကွဲထွက်နေခဲ့သည်..။အရင်တုန်းကဆိုရင် စနစ်က တွက်ချက်နိုင်သည့် အတာအတွင်း တွင် မရှိဘူးဟုသာ ပြော၏..။အခုတော့ အဖြေက မရှိဟု ပြောနေခဲ့သည်..။
ကျနိးချန်ရှန်း , " တွက်ချက်နိုင်တဲ့ အထဲမှာ အသန်မာဆုံး ပညာရှင်ကို သိချင်တယ်.."
"အမှတ် ၁၂၀၀၀၀၀၀၀ လိုအပ်သည်။ရှေ့ဆက်ချင်ပါသလား.."
အမှတ် သန်း ၁၂၀ ၊ အရမ်းကို သန်မာတယ်..။
ကြည့်ရတာတော့ မြင်မြတ်သော အင်ပါယာ အမှန်တကယ် ကျရှုံးသွားပြီဖြစ်၏..။
ကျန်းချန်ရှန်း သက်ပြင်းချလိုက်သည်..။
"နဂါးမျိုးနွယ်ရဲ့ အသန်မာဆုံးအဆင့်က ဘယ်လိုရှိလဲ"
[တွက်ချက်၍ မရနိုင်ပါ..။သိနိုင်သည့် အကန့်အသတ်ထဲတွင် မရှိပါ ]
ဟင်...
ကျန်းချန်ရှန်း မရပ်ခဲ့ပေ..။သူက ဆက်တိုက်မေးခွန်းတွေ မေးပြီး လက်ရှိ ကမ္ဘာကြီးရဲ့အခြေအနေကို တွက်ချက်နေ၏..။
အင်ပါရီယာ စာကြည့်တိုက်..။
"လူသား မျိုးနွယ်တွေကို နတ်ဆိုးတွေ ရန်ကနေ အနှစ်နှစ်အလလက ကာကွယ်ပေးခဲ့တဲ့ မြင့်မြတ်သော အင်ပါယာက ကျရှုံးသွားခဲ့ပြီ..။တကျန်းက သူတို့နဲ့ အတော်လေးဝေးနေတာကြောင့် အင်အားကြီးအောင် တည်ဆောက်ဖို့ အချိန်ရှိနေတုန်းပဲ...။ဒီတော့ ရထားတဲ့ အချိန်ကို အကောင်းဆု အသုံးချပြီး တကျန်းကို ပိုသန်မာလာအောင် တွန်းအားပေးကြ.."
သူက မြင့်မြတ်သော အင်ပါယာကို မရောက်ဖူးပေမယ့် ပင်လယ်ဒေသရဲ့ အင်အားအကြီးဆုံး အင်ပါယာဖြစ်တာကြောင့် သတင်းရရှိဖို့လွယ်ကူလှသည်..။
ကျန်းချီ , " သိုင်းအင်ပါယာ ကျွန်းရှိနေသေးတယ် မဟုတ်ဘူး..။ဘာလ်ို့သူတို့က အင်ပါယာတွေနဲ့ ပူးပေါင်းပြီး နတ်ဆိုးတွေကို မတိုက်ခိုက်တာလဲ.."
ကျန်းချန်ဂန်း ခေါင်းခါယမ်းလိုက်သည်..။
"မြင့်မြတ်သော အင်ပါယာ ကျရှုံးသွားပြီဆိုတော့ အင်ပါယာတွေ ပူးပေါင်းလည်း ဘာများထူးခြားတော့မှာလည်း..။သူတို့ထက်ပိုပြီး အင်အားကြီးမှာမဟုတ်ဘူး..။တကယ်လို့ ပူးပေါင်းကြမယ်ဆိုရင်တောင် ဘယ်သူကဦးဆောင်မှာလဲ ဆိုတာ ပြသနာပဲ..။ဒါက လူသားမျ်ိုးနွယ်ကို ပိုပြီးဆိုးဝါးစေလိမ့်မယ်.."
"သိုင်းအင်ပါယာတွေက ကပ်ဆိုးတွေကို တွေ့ဖို့ မွေးဖွားလာကြတာ..။လာမယ့် စစ်ပွဲတွေ အတွင်းမှာ သူက ထွက်ပေါ်လာလိမ့်မယ်..။သိုင်းအင်ပါယာ ကျွန်းရဲ့ တွက်ချက်မူအရ အဲဲဒီလူပေါ်လာပြီဆိုတာနဲ့ သူက သိုင်းအင်ပါယာ တစ်ယောက်ဆိုတာ သေချာသွားပြီ.."
ကျန်းချီ အံ့ဩနေခဲ့၏..။အင်ပါယာရွှန်းထျန်းသည် သိုင်းအင်ပါယာ တစ်ယောက်ဖြစ်ချင်ပေမယ့် သူ့ အရည်အချင်းသူ သိနေခဲ့သည်..။သူက စကြဝဠာအဆင့်မှာသာဟရှိသေးပြီး ကောင်းကင်အဆင့်ကိုတောင် မရောက်နိုင်သေးပေ..။ဒီဘဝတွင် အလွန်ဆုံးမှ သူ ကောင်းကင်အဆင့်ကိုသာ ရောက်နိုင်လိမ့်မည်ဖြစ်၏..။
"သိူင်းအင်ပါယာက ဧကရာဇ် တစ်ပါးမဟုတ်ဘူးလား..။ဒီလိုဆို ဘယ်လိုလုပ် အင်ပါယာတစ်ခု ထပ်တည်ဆောက်မှာလဲ.."
ကျန်းချန်ဂန်း ပြောလိုက်သည်..။
"အရှင် ကျွန်တော်လည်း သေချာမသိပါဘူး..။ဖြစ်နိုင်တာက သိုင်းအင်ပါယာအသစ်က အင်ပါယာတွေ အကုန်လုံးကို ဖျက်ဆီးနိုင်တဲ့ စွမ်းအားရှိပြီး..မြင့်မြတ်သော အင်ပါယာကို တည်ထောင်မှာပါ..။တစ်ချ်ိန်တည်းမှာပဲ သူ့အသက်က အကန့်အသတ်ရှိတယ် ဆိုရင်တောင် သိုင်းလောကရဲ့ ထိပ်ပိုင်းမှာရပ်တည်နေပါလိမ့်မယ်.."
သူ့ခံစားချက်က ပိုမိုရှုပ်ထွေးလာခဲ့သည်..။တာအိုဘိုးဘေး မရှိပဲ သူတို့ဒီနေ့အထိ ရပ်တည်နေဖို့ဆိုတာက ခက်ခဲတယ်ဆိုတာ သူ နားလည်ထား၏..။တကျန်းသည် တာအိုဘိုးဘေး၏ ကာကွယ်မူအောက်တွင် တည်ရှိနေရသည်..။
"ထားလိုက်တော့ အဲ့အချိန်ရောက်ရင် ကါလည်း သေနေလောက်ပြီ..။အနာဂတ်မှာအရည့်ချင်းမမှီတဲ့ အင်ပါယာပေါ်လာခဲ့ရင် တာအိုဘိုးဘေးက ထီးနန်ကို ယူလိုက်လိူ့လည်း ဖြစ်တာပဲ..။ဘယ်လိုအခြေအနေမျိူးမှာမဆို ငါတို့က တစ်ဖက်တည်းပဲ.."
အင်ပါယာ ရွှန်းထျန်း ဒါကိုတွေးမိတဲ့အချိန်မှာ ကြီးမားတဲ့ တာဝန်ကြီးကို ထမ်းထားရသလို ခံစားမိလိုက်သည်..။
ကျန်းချန်ဂန်း ပြုံးလိုက်ပြီး..
"အရှင် ကျွန်တော် ကိစ္စရှိလို့လာခဲ့တာပါ..။ကျွန်တော်ရဲ့အဖေက တကျန်းနဲ့ ပူးပေါင်းဖို့ ဆန္ဒရှိပါတယ်..။ဒါပေမဲ့ တောင်းဆိုစရာ တစ်ခုလည်းရှိနေပါသေးတယ်.."
အင်ပါယာ ရွှန်းထျန်း ခေါင်းညိမ့်ပြီး ဆက်ပြောခိုင်းလိုက်သည်..။
"လွင့်မျှော်နေတဲ့ ကျွန်းက တကျန်း အတွက် ထျန်ဟိုင်းကို ကူညီစောင့်ရှောက်ပေးဖို့ လိူလားပါတယ်..။သို့ပေမယ့် ဒီနေ့ကစပြီး ထျန်ဟိုင်မှာ သိုင်းပညာရှင်တွေရဲ့ မြင့်မြတ်နယ်မြေတစ်ခုတည်း ရှိရပါလိမ့်မယ်..။အဲတာကတော့ လွင့်မျောနေတဲ့ ကျွန်းပါ.."
ဒါကိုကြားပြီးသည့် အချိန်တွင် အင်ပါယာရွှန်းထျန်း မျက်လုံးများ ကျဥ်းမြောင်းသွားခဲ့သည်..။
"ချီအာ ဘယ်လိုထင်လဲ.."
ကျန်းချီ ခနလောက်တွေးလိုက်ပြီး..
"ထျန်ဟိုင်ရဲ့ သိုင်းလောကက တကျန်းထက်ပိုပြီး ကျယ်ပြန့်တယ်လေ..။အခုချိန်မှာ တကျန်းက ထျန်ဟိုင်ရဲ့လူ့နည်းငယ်ကိုပဲ စီမံနိုင်သေးတာကြောင့် ဂိုဏ်းကြီးတစ်ခုရဲ့ အကူညီကိုရတာက တကယ်ကောင်းမွန်ပါတယ်.."
ကျန်းချန်ဂန် ဟာ ကျန်းချီကို ကျေးဇူးတင်စွာကြည့်လိုက်သည်..။
"အင်ပါယာ ရွှန်းထျန်း ပြုံးလိုက်ပြီး..
"ဒါဆိုလည်း အိမ်ရှေ့စံပြောတဲ့အတိူင်းလုပ်ကြတာပေါ့..။အသေးစိတ်ကိုတော့ အိမ်ရှေ့စံနဲ့ ဆက်ပြီးဆွေးနွေးလိုက်ပါ..။အိမ်ရှေ့စံက ငါ ကိုယ်တော်အစား ဆုံးဖြတ်လိမ့်မယ်.."
ဒါကိုကြားပြီး ကျန်းချီ အံ့ဩသွားခဲ့သည်..။
ကျန်းချန်ဂန်ဟာ အင်ပါယာ၏ သဘောထားကို နားလည်လိုက်၏..။အိမ်ရှေ့စံနဲ့ ဆက်ဆံရေး တည်ဆောက်တာကလည်း ကောင်းမွန်တဲ့အရာတစ်ခုဖြစ်သည်..။ဘာပဲဖြစ်ဖြစ် ကျန်းချီက ထီးနန်းကို ဆက်ခံရမယ့်လူဖြစ်၏..။
အိပ်မက်ထဲတွင်..။
မူလင်လောင်ကတော့ သူမတို့ သားရဲတွေ ပိုပိုပြီး တွေ့လာရတဲ့အကြောင်းပြောပြနေခဲ့၏..။သာမန်လူတွေက ပုန်းအောင်နေကြရပြီး သိုင်းပညာရှင်တွေက နေရာအနှံ့လျောက်သွားနေခဲ့ကြသည်..။မူမိသားစုသည် ခရီးစဥ်အတွင်းတွင် သိုင်းပညာရှင်များကို စုစည်းခဲ့ကြသည်..။
ကျန်းချန်ရှန်းမေးလိုက်သည်..။
"ညီမက ရွှေရောင်ခန္တာကိုယ် အဆင့်ကို ဘယ်ချ်ိန် ဝင်ရောက်ဖို့ စီစဥ်ထားလဲ.."
သိုင်းအင်ပါယာ၏ အမွေအနှစ်ကို ရသွားတဲ့လင်းဟောက်ထျန်းကတော့ ရွှေရောင်ခန္တာကိုယ်အဆင့်ကို ချိုးဖြတ်သွားခဲ့ပြီဖြစ်သည်..။ဒီကလေးက ခရီးစဥ်တလျောက်လုံး ကံကောင်းမူတွေ ဆက်တိုက်ရရှိနေခဲ့၏..။သူ၏ ခန္တာကိုယ်နဲ့ သွေးသားတွေက သာမန် ရွှေရောင်ခန္တကိုယ်အဆင့် မရောက်နိုင်တဲ့ အဆင့်မှာရှိနေခဲ့၏...