ဂျီးနီးယပ်များ စုစည်းမူ ၊ ကမ္ဘာကြီးတွင် ကူးခတ်ခြင်း
Vol. 14 Ch. 206
"ဟုတ် ညီမပြင်ဆင်ပြီးပါပြီ..။နောက်နှစ်လလောက်နေရင် အဆင့်ချိုးဖြတ်ဖို့ စီဆင်ထားတယ်..။အဓိကက ဘာလို့လဲဆိုတော့ မမြင်နိုင်တဲ့ ပြန်လည်မွေးဖွားမူ ကျင့်စဥ်နဲ့ ကြီးမြတ်သော ဗာဂျရာ နတ်ဘုရား ခန္တာကိုယ် ကျင့်စင်တွေမှာ ကြာနေလို့ပဲ.."
မူလင်လောင် ဆက်ပြောလိုက်သည်..။
"အစ်ကိုချန်ရှန်း ..မမြင်နိုင်တဲ့ ပြန်လည်မွေးဖွားမူ ကျင့်စဥ်ကို အစ်ကို ဖန်တီးထားတာလား..။ဒါက တကယ်ပဲ ကျယ်ပြန့်ပြီး နက်ရှိုင်းတယ်..။တကယ်လို့ နတ်ဘုရား ကိုးပါး တိုက်ပွဲ နည်းစနစ် နဲ့သာ ပေါင်းစပ်လိုက်မယ်ဆိုရင် ရွှေရောင်ခန္တာကိုယ်အဆင့်မှာ ညီမကို ယှဥ်နိုင်တဲ့လူ မရှိတော့ဘူး..။တကယ်လို့ ပိုပြီး ကျွမ်းကျင်လာမယ်ဆိုရင် အဆင့်သေး နှစ်ခုလောက်ကို ကျော်ပြီး တိုက်ခိုက်နိုင်တယ်လေ.."
ကျန်းချန်ရှနိး , "ဒါက ကောင်လေးတစ်ယောက်ရခဲ့တဲ့ ကံကောင်းမူတစ်ခုပဲ..။သူက အစ်ကို့ကို သင်ပေးလို့ ..ညီမကို ပြန်သင်ပေးတာ.."
မူလင်လောင် ," သူက ဘယ်သူလဲ.."
"တကျန်းကို ရောက်တဲ့အချိန်ကျရင် သိလိမ့်မယ်.."
"အစ်ကို ပြောပုံအရ ဆိုရင်တော့ ညီမသူ့ကို သိနေတာလား..။လင်းဟောက်ထျန်းလို့တော့ မပြောနဲ့နော်.."
မူလင်လောင် မျက်မှောကျုတ်လိုက်သည်..။သူမ သိထားတဲ့လူတွေ ထဲမှာဆိုရင်တော့ လင်းဟောက်ထျန်းသာ အနီးစပ်ဆုံးဖြစ်၏..။
ကျန်းချန်ရှန်း တိတ်ဆိတ်နေခဲ့သည်..။
သူမက ဘယ်လိုလုပ်မှန်အောင် ခန့်မှန်းနိုင်ရတာလဲ..
သူ့ရဲ့ အမူအရာကို ကြည့်ပြီး မူလင်လောင် သူမ မှန်နေတယ် ဆိုတာ သိလိုက်သည်..။
သူမ သိချင်စွာ မေးလိုက်၏..။
"လင်းဟောက်ထျန်း လတ်တလော ဘယ်လိုလဲ..။သူ့ရဲ့ အဆင့်ကရော."
ကျန်းချန်ရှန်း ဘာမှမဖုံးကွယ်ထားခဲ့ပေ..။လင်းဟောက်ထျန်းက သူမထက် အဆင့်မြင့်နေတာကို သိပြီး သူမ မကျေမနပိဖြစ်သွားခဲ့၏..။
"မဟုတ်ဘူး..ငါ နောက်မှာကျန်ခဲ့လို့ မရဘူး..။သူ့ကို ကျော်တက်မှရမယ်.."
မူလင်လောင် အံကို ကြိတ်ထားလိုက်သည်..။ရွှေရောင်သစ်ရွက်ကို ရထားပြီးတဲ့ အချိန်ကနေ စပြီး သူမ ဘာအန္တရာယ်မှ ထပ်ပြီးမတွေ့ရတော့ပေ..။သို့ပေမယ့် တစ်ချိန်က သူမထက်အဆင့်နိမ့်ခဲ့တဲ့လူက သူမကို ကျော်တက်သွားတာကတော့ ခံရခက်လှ၏..။
ကျန်းချန်ရှန်းကတော့ သူမရဲ့ ကြိုးစားလိုစိတ်ကို မြင်နေခဲ့ရသည်..။
သူမနှင့် လင်းဟောက်ထျန်း အပြင် ယန်ကျိုးလည်း ရှိနေသေး၏..။ဒီကလေးက နဂါးသွေးကြောတိုကိကြီးတွင် နံပါတ်တစ် ပါရမီရှင်ဖြစ်ပြီး အနာဂတ်က အကန့်အသတ်မဲ့သည်..။
ဓားနတ်ဘုရား ကိုလည်း ပါရမီရှင်လို့ ပြောလို့ရပေသေးသည်..။သူ၏ ဓားချီများကလည်း တကယ်ကို ရှားပါးလှ၏..။
ဒီလူတွေ ကြီးပြင်းလာတဲ့အချ်ိန်ကျရင် ကမ္ဘာကြီးကို လွှမ်းမိုးသွားနိုင်မှာလား..
ကျန်းချန်ရှန်း အနာဂတ်ကိုတောငိ လှမ်းမျှော်နေမိခဲ့သည်..။
ရွှန်းထျန်းခေတ် ၄၇ နှစိမြောက်။ ဂျွန်လတွင်..။
ကျန်းချီ သည် ထျန်ဟိုင်ကို ပေါင်းစည်း မည့်အရေးအား..ရီယွမ်ကို အကူညီလာတောင်းခဲ့သည်..။
အံ့ဖွယ်ကုန်သွယ်မူ အသင်းကလည်း ထျန်ဟိုင်နှင့်ပတ်သက်သည့် အချက်အလက်များအား..ကျန်းချီထံပေးပို့ ကူညီခဲ့၏..။
လတ်တလောတွင် ကျန်းချန်ရှနိး၏ ဘဝက ငြိမ်းချမ်းနေခဲ့သည်..။တန်ဂေါင်ယု၏ သေဆုံးမူနှင့်အတူပဲ ဖန်ထျန်းအင်ပါယာသည် တကျန်းကို ထပ်ပြီး ပြသနာ မရှာရဲတော့ပေ..။
ကျင့်ကြံခြင်း ၊ ဆေးဝါးသန့်စင်ခြင်းများအပြင် ..ကျန်းချန်ရှန်းသည် သူ့မိတ်ဆွေများ၏ ပြန်လည်မွေးဖွားမူများကို ကြည့်လေ့ရှိသည်..။
ရွှန်းထျန်း ခေတ် ၄၈ နှစ်မြောက်တွင်..။
ကမ္ဘာကိုတောင် တုန်လှုပ်စေနိုင်လောက်သည့် တိုက်ပွဲတစ်ခု ထျန်ဟိုင်အပြင်ဘက်တွင် ဖြစ်ပွားခဲ့၏..။ဂိုဏ်းအများစုသည် တကျန်း၏ လက်အောက်ကို မရောက်လိုကြသဖြင့် အတူတူစုစည်းပြီး..ရီယွမ်ကို ခုခံခဲ့ကြသည်..။
သို့ပေမယ့် ရီယွမ်တစ်ယောက်တည်း တိုက်ခိုက်နေခြင်းမဟုတ်ပေ..။သူက လွင့်မျောနေသော ကျွန်း မှ ပညာရှင်များ၏ အကူအညီများလည်း ရှိနေခဲ့၏..။
ကျန်းချန်ရှန်း တစ်ချက်လှမ်းကြည့်လိုက်ပေမယ့် သူ တိုက်ခိုက်ဖို့ မလိုအပ်တာကြောင့် ဒီတိုင်းလွတ်ထားလိုက်၏..။
တကျန်း က အဖြေရှင်းနိုင်သည့် ကပ်ဘေးများနှင့် ကြုံတွေ့မှသာ သူဝင်ဖြေရှင်းပြီး အမှတ်တွေကို မြင့်တက်စေနိုင်လိမ့်မည်ဖြစ်သည်..။
နောက်ဆုံးမှာတော့ ထျန်ဟိုင် ကျရှုံးသွားခဲ့ရသည်..။
သုံးနှစ်ကြာပြီးနောက်..။ရွှန်းထျန်း ခေတ် ၅၁ နှစ်မြောက်..။
တကျန်းသည် ထျန်ဟိုင်းကို သိမ်းသွင်းပြီး နယ်မြေ တိုးချဲ့ခဲ့၏..။တကျန်းသည် အနီးအနားက ပင်လယ်ဒေသများကိုလည်း သိမ်းသွင်းထားခဲ့သည်..။
အိမ်ရှေ့မင်းသား ကျန်းချီက ထျန်ဟိုင်ကို သိမ်းသွင်းလိုက်သည့် သတင်းသည် နေရာအနှံ့ကို ပျံ့နှံ့သွားခဲ့သည်..။ဒီကိစ္စကြောင့် သူ့ရဲ့ ဂုဏ်သတင်းက တစ်ခြား အင်ပါယာ တွေအထိပါ ပျံ့နှံ့သွားခဲ့၏..။
ဧပရယ် လနှောင်းပိုင်းတွင်..။
ကျန်းချန်ရှန်း၏ သိစိတ်သည် တာအိုကမ္ဘာထဲသို့ ဝင်သွားခဲ့၏..။တာအိုကမ္ဘာကို သူ ပိုင်ဆိုင်ထားတာကြောင့် အမှန်တကယ် လမ်းလျောက်နေသလို ခံစားရ၏..။
သူ နဂါးပြောင်းလဲခြင်းရေကန် နားမှာရပ်ပြီး အဖြူရောင် နဂါးကို ကြည့်လိုက်သည်..။
တိုင်ဆူ ၊ တိုင်ဝါး ၊ တိုင်ရှီ တို့ဟာ သူ့ဘေးနားမှာရပ်ပြီး သိချင်စွာစောင့်နေခဲ့ကြသည်..။
ရေကန်ထဲမှ စိတ်ဝိဥာဥ်ရေများမှာ ကုန်ခမ်းတော့မှာဖြစ်ပြီး အဖြူရောင်နဂါးကလည်း ပြီးမြောက်စွာ အသွင်ပြောင်းတော့မည်ဖြစ်၏..။ကျန်းချန်ရှန်း၏ ရှေ့တွင် နဂါးအစစ်အမှန်တစ်ကောင်ကို တွေ့နေရသည်..။
နဂါးအသွင်ပြောင်းပြီးတဲ့ နောက်မှာတော့ အဖြူရောင်နဂါးသည် သူ၏ တိုးတက်လာတဲ့ အတွင်းပိုင်း စွမ်းရည်များကို ကျွမ်းကျင်နေပြီဖြစ်သည်..။သူ့ရဲ့ အမှန်တကယ် ခန္တာကိုယ်က ပေ ၁၀၀၀ လောက် ရှည်လျားပေမယ့် သူက ပေ ၃၀ လောက်အထိ ချုံ့ထားနိုင်သည်..။ဒါပေါ့..ပေ ၃၀ လောက်ရှည်သည့် နဂါးကပင် သာမန်လူများအတွက် အတော်ကြီးမားနေ၏..။
mythical beast.Rêađ lat𝒆st ch𝒂pters on n𝒐/v/𝒆/l(b)i𝒏(.)c𝒐m
အဖြူရောင်နဂါးသည် နိုးထလာလာခဲ့သည်..။သူမက မျက်လုံးတွေကို ဖွင့်ပြီး ကျန်းချန်ရှန်းကို ပျော်ရွှင်စွာ ကြည့်လိုက်၏..။
အခုချိန်မှာ အဖြူရောင်နဂါးက ရွှေရောင် ခန္တာကိုယ်အဆင့်ကို ရောက်နေပြီဖြစ်ပြီး စကြာဝဠာအဆင့်ကို ရောက်ဖို့သိပ်မလိုတော့ပေ..။သူ့ရဲ့ အဆင့်တက်နှုန်းက တကယ်ကို မြန်ဆန်လှ၏..။
ကျန်းချန်ရှန်း ပြုံးလိူက်ပြီး..
"မင်းက ဒီလောက်တောင် အသက်ကြီးနေပြီကို ဘာလို့ အလျင်လိုနေရတာလဲ.."
အဖြူရောင်နဂါးသည် သူ့အနားကို ကပ်လာခဲ့ပြီး..
"မာစတာရဲ့ရှေ့မှာတော့ မြွေငယ်လေးပဲ ရှိပါသေးတယ်.."
သူမ ငယ်ငယ်လေးကတည်းက ကျန်းချန်ရှန်းက မွေးထားခဲ့ခြင်းဖြစ်သည်..။သူမ မျက်လုံးဖွင့်ကတည်းက ပထမဆုံး မြင်ခဲ့ရသည့် မျက်နှာက ကျန်းချန်ရှန်းဖြစ်၏..။
တိုင်ဝါး သိချင်စွာမေးလိုက်သည်..။
"အစ်မ နဂါးဖြူလေး.က အခုအရမ်းအစွမ်းထက်နေပြီလား..။ အဖွားသစ်ပင်ကို အနိုင်ယူနိုင်လောက်ပြီလား.."
နဂါးဖြူလေးဟာ ကောင်းကင်နှင့်မြေကြီးကို ဆက်သွယ်ထားသည့် ကြောက်စရာ သစ်ပင်ကို လှမ်းကြည့်လိုက်သည်..။သူမ ခန္တာကိုယ် တုန်လှုပ်သွားပြီး..
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..။အဆင့်တွေ အများကြီး ကွာနေသေးတယ်.."
"အခုက စပြီး နဂါးခန္တာကိုယ်နဲ့ အလေ့ကျင့်ဖြစ်အောင်လုပ်ထား..။နောက်နှစ်လနေရင် လုံချီ တောင်ကို ခေါ်သွားပြီး ပိူင်ချီတို့နဲ့ တွေ့ခိုင်းမယ်.."
ကျန်းချန်ရှန်း ရုတ်တရက် ဖြတ်ပြောလိုက်သည်..။အဖြူရောင် နဂါးလေးဟာ ဒါကို ကြားပြီး စိတ်လှုပ်ရှားစွာ ခေါင်းညိမ့်လိုက်၏..။
သူမ အဲဲဒီနေရာကို အတော်လွမ်းနေပြီ ဖြစ်သည်..။
နှစ်လကြာပြီးနောက်..။
ကျန်းချန်ရှန်း မြူထဲကို လျောက်သွားပြီး အဖြူရောင်နဂါးကို လွှတ်လိုက်၏..။
"ဘယ်သူလာလဲ လာကြည့်ကြဦး.."
ကျန်းချန်ရှန်း၏ အသံကြောင့် ပိုင်ချီ နှင့်ကြောင်နှစ်ကောင်ဟာ ရောက်လာခဲ့ပြီး ရီယွမ်၏ မျက်လုံးတွေ ပွင့်သွားခဲ့သည်..။
နတ်ဆိုးသုံးကောင်သည် ကျန်ချန်ရှန်း၏ နောကိကို ကြည့်ပြီး အံ့ဩသွားကြ၏..။
ချောမောလှပသည့် အဖြူရောင်သားရဲတစ်ကောင် သည် ကျန်းချန်ရှန်း နောက်ကနေ ထွက်လာခဲ့သည်..။
"န..န...နဂါး... "
ရီယွမ် ထိပ်လန့်မူကြောင့် အသံတုန်ရီနေခဲ့သည်..။
သူ ချက်ချင်းပျံသန်းလာပြီး နဂါး၏ အနားကို ရောက်လာခဲ့၏..။
"နဂါးတွေရှိတယ် ဆိုတာ ပုံပြင်မဟုတ်ဘူးပဲ..။နဂါးအစစ်က တကယ်ပဲရှိတယ်..။ဒါက ကြောက်စရာပဲ..။တာအိုဘိုးဘေး ဘယ်က ဖမ်းလာခဲ့တာလဲ.."
ကျန်းချန်ရှန်း ပြုံးလိူက်ပြီး..
"ဒါက အဖြူရောင်နဂါးပဲ..။အရင် ဒီတောငိကုန်းကို စောင့်ရှောက်တဲ့ စိတ်ဝိဥာဥ်မြွေ.."
ပိုင်ချီ မျက်လုံးပြူးကျယ်သွားခဲ့သည်..။
အဖြူရောင်နဂါးသည် ပြုံးလိုက်ပြီး..
"ပိုင်ချီ ..နင်ဒါကို မထင်ထားဘူးမလား..။ငါ တကယ်ပဲ နဂါးတစ်ကောင်ဖြစ်လာပြီ..။အနာဂတ်မှာ ငါ့နာမည်ကို ဘယ်လိုစနောက်နိုင်သေးလဲဆိုတာကြည့်ကြသေးတာပေါ့.."
ဒီအသံကို ကြားပြီး ပိုင်ချီပိုတောင် အံ့ဩသင့်ရသည်..။
သူမတို့က ငယ်ငယ်လေးကတည်းက အတူနေခဲ့ကြတာကြောင့် ဒီအသံက အတော်ရင်းနှီးနေခဲ့၏..။
ခနအကြာမှာတော့ ကျောင်းဝန်းက ပိုပြီးစည်ကားလာခဲ့သည်..။
ယန်ကျိုးလည်း ဆူညံနေတာကြောင့် လာရောက်ကြည့်ရူခဲ့၏..။သူ ရောက်တာနဲ့ အဖြူရောင် နဂါးကိုမြင်ပြီး အံ့ဩသင့်သွားခဲ့သည်..။
နဂါးလား...
ယန်ကျိုးလည်း ထျန်ဟိုင်မှာ နဂါးပုံစံတစ်ကောင်မြင်ဖူးပေမယ့် ဒါက နတ်ဆိူးမြွေမျှသာဖြစ်သည်..။နဂါး အစစ်နှင့်အတော်ကွာခြားလှ၏..။
အားလုံးတည်ငြိမ်သွားမှ ကျန်းချန်ရှန်း တိမ်ပေါ်ကို တက်ပြီး ပြောလိုက်သည်..။
"နဂါးဖြူလေး လိုက်လာခဲ့..။တကျန်းက လူတွေကို မင်းရဲ့ ပုံရိပ်ကို ပြသပြီး..ကောင်းချီတွေ ယူဆောင်ပေးရမယ်.."
"ကောင်းပါပြီ.."
မကြာခင်မှာပဲ..ကျန်းချန်ရှန်းသည်နဂါးအဖြူကိုစီးပြီး လုံချီတောင်ကနေ ပျံသန်းလာခဲ့သည်..။ယန် နတ်ဘုရား အလင်းရောင်က သူ့ခေါင်းနောက်မှာပေါ်ထွက်လာပြီး စူးရှသည့် အလင်းတန်းများ ထုတ်ဖော်ပေးနေခဲ့၏..။
သူ နဂါးဖြူလေးရဲ့ အပေါ်မှာစီးရင်း..မြို့တော်တစ်ခုလုံး ကြားအောင် ဟိန်းခိုင်းခဲ့သည်..။
နဂါးဟိန်းသံသည် ကောင်းကင်နှင့်မြေပြင်ကိုပါ ပျံ့နှံ့သွားပြီး..မရေမတွက်နိုင်တဲ့လူတွေဟာ မော့ကြည့်လိုက်ကြ၏..။အင်ပါယာ နှင့် အိမ်ရှေ့မင်းသားတောင် အံ့ဩစရာ မြင်ကွင်းကိုထွက်ပြီးကြည့်လိုက်ကြသည်..။
"ဒါက နဂါးတစ်ကောင်လား..။အဖြူရောင် နဂါးအစစ်တစ်ကောင်ပဲ.."
"ဒါက လုံချီတောင်ကနေလာတာပဲ..။ဒီတော့ နဂါးတွေက တကယ်ပဲ တည်ရှိတာပေါ့.."
"နဂါးခေါင်းပေါ်မှာရှိနေတာ တာအိုဘိုးဘေးမဟုတ်ဘူးလား.."
"အင်မော်တယ်..အင်မော်တယ်က နဂါးကို စီးနေတယ်..။ချမ်းသာကြွယ်ဝမယ့် နိမိတ်ပဲ.."
မြို့ထဲက လူအိုကြီးတွေ အများစုဟာ ဒူးထောက်ချလိုက်ပြီး ကျန်းချန်ရှန်းကို အရိုအသေပေးနေကြသည်..။လူတိုင်းက အလျင်အမြန်ပဲ သူတိုလို လိုက်လူပ်လိူက်ကြ၏..။
ဒီလိိုနဲ့ပဲ မြို့တစ်ခုလုံး အံ့ဩသင့်ပြီး တာအိုဘိုးဘေး၏ သတင်းသည် ပျံ့နှံ့သွားခဲ့ငည်..။
တိုက်ဆိုင်စွာပဲ နွေရာသီရောက်လာတာကြောင့် ကျန်းချန်ရှန်းသည် လေနှင့်မိုး နတ်ဘုရားစွမ်းအင်များကို တစ်ချို့ ပူအိုက်သည့်နေရာများတွင် အသုံးပြုပေးခဲ့သည်..။ဒါက အင်မော်တယ်တစ်ယောက် နဂါးစီးသည့် ဒဏ္ဍာရီကို ပိုပြီး ဆန်းကျယ်လာစေခဲ့၏..။