သိုင်းတာအိုကို ဖန်တီးခြင်း ၊ အမှတ်များ မြင့်တက်လာမူ
Vol. 14 Ch. 207
တောင်ကုန်းတွေကြားရှိ တောအုပ်တစ်အုပ်တွင်..လူတစ်စုသည် တာအိုဘုရားကျောင်းများ တည်ဆောက်နေကြသည်..။ဒီတာအိုကျောငိးတော်သည် တောင်ကုန်း၏ တစ်ဝက်တွင် ရှိနေခဲ့၏..။ပတ်ဝန်းကျင်ရှိ သစ်ပင်များကို ခုတ်ဖြတ်ပြီးနောက်တွင်..ဘုရားကျောင်း၏ အသွင်အပြင်ပေါ်လာခဲ့သည်..။ဒါက အပြီးအထိ မတည်ဆောက်ရသေးသော်လည်း ဘုရားကျောင်း၏ အငွေ့အသက်ကို ရနေခဲ့ပြီဖြစ်၏..။
ဆံပင်များတစ်ဝက်ဖြူနေပြီ ဖြစ်သည့် ချီယွန် သည် သိပ်မဝေးသည့် နေရာတစ်ခုတွင် ထိုင်နေခဲ့သည်..။သူ၏ ဘယ်ဘက်လက်တွင် ဝါးစာရွက်တစ်ခုကို ကိုင်ထားပြီး ညာဘက်တွင် စုတ်တံကို ကိုင်ထား၏..။
လွန်ခဲ့သည့် ဆယ်စုနှစ်များတွင် တချီ၏ အိမ်ရှေ့မင်းသားသည် အတော်ရင့်ကျတ်လာခဲ့သည်..။တာအိုဘိုးဘေးအတွင် တာအိုကျောင်းတော်တွေ ဆောက်လုပ်ပေးနေစဥ် အတွင်းတွင် သူ၏ ပန်းတိုင်ကို တွေ့ရှိခဲ့သည်..။ဒါကြောင့်လည်း သူက လုံချီကျောင်းတော်ကို ပြန်မသွားခဲ့ခြင်းဖြစ်၏..။အဲဒီအစား သူက ကမ္ဘာအနှံ့ကို ခရီးထွက်နေခဲ့သည်..။သူက တာအိုဘ်ိုးဘေး ဂိုဏ်းများကို တည်ထောင်ပြီး တပည့် ၅၀၀၀ ကျော်ကို လက်ခံနိုင်ခဲ့သည်..။
သူက ဘာသာတရားကို ဖော်ထုတ်နိုင်ရုံသာမက..စစ်ပွဲနှင့်ငြိမ်းချမ်းရေး စာအုပ်များလည်း ရေးသားနိုင်ခဲ့၏..။
တဖြည်းဖြည်းနှင့် သူက သူတော်စင်အဖြစ် ထင်ရှားလာခဲ့သည်..။
ဒီနာမည်က သူ၏ အောင်မြင်မူများကြောင့် ရလာခြင်း မဟုတ်ပဲ..အသိပညာများကြောင့် ရရှိထားခြင်းဖြစ်၏..။သူ၏ တည်ရှိမူကတင် တကျန်းကို ဂုဏ်တက်နေစေပြီဖြစ်သည်..။
တာအ်ိုဘ်ိုဘေး ဂိုဏ်းဝင်များသည် ကမ္ဘာအနှံ့ကို သွားလာပြီး ငြိမ်းချမ်းရေးကို ဖော်ဆောင်ကြ၏..။အင်ပါယာတွေကနေ ..သာမန်လူတွေအထိ..သူတို့က မမျှတမူကို တွေ့ရင် ဖြေရှင်းပေးတတ်ကြသည်..။သူတို့က လူတွေကို အမှန်တရား အတိုင်းနေရန် လမ်းပြပေးကြ၏..။
ဘာက အမှန်တရားလဲ..။တစ်ခြားလူများကို နာကျင်စေရန် မလိုအပ်ပေ..။ချီယွန် ကတော့ သူ၏ ခွန်အားများကိုသာ ချပြရန် လိုအပ်၏..။
သူကိုယ်တိုင်ကလည်း ဂျီးနီးယပ် တစ်ယောက်ဖြစ်ပြီး တာအိုဘိုးဘေး၏ သင်ကြားမူများကိုရရှိထားသူ ဖြစ်သည်..။
ဒါကလည်း ချီယွန် လုံချီ ဘုရားကျောင်းကို မပြန်သည့်အချက်တစ်ချက်ဖြစ်သည်..။တာအိုဘိုးဘေးက သူ့အိပ်မက်ထဲကို မကြာခန လာတွေ့၏..။သူ့အတွက်တော့ တာအိုဘ်ိုးဘေးက အင်မော်တယ်တစ်ယောက်ဖြစ်သည်..။
များပြားလှသည့် တပည့်များသည် ချီယွန်အနားကို ရောက်လာပြီး စာအုပ်အသစ်ကို ဖတ်ရန် စောင့်နေခဲ့ကြသည်..။
"ကံတရား လမ်းကြောင်း..။မာစတာက သိုင်းပညာအကြောင်း ရေးထားတယ်လို့ ဘာလို့ ခံစားနေရတာလဲ.."
တစ်စုံတစ်ယောက်က သိချင်စွာမေးလိုက်၏..။
ရီယွန် ရေးနေတာကို မရပ်ပဲ ပြန်ဖြေလိုက်သည်..။
"ဒီကမ္ဘာမှာ သိုင်းပညာက ခေတ်အစားဆုံးပဲလေ..။မင်းက တိုက်ခိုက်နေတာတွေကို ရပ်တန့်စေချင်ရင် သိုင်းပညာကို နားလည်မှရမယ်.."
"ဆရာက သိုင်းပညာ လမ်းကြောင်းတစ်ခု ဖန်တီးဖို့ ပြင်ဆင်ထားတယ်..။ဒါပေါ့ တာအိုဘိုးဘေးဆီက အကူညီတွေလည်း ရထားတယ်လေ..။သူက အိမ်မက်ထဲကနေတဆင့်အများကြီး ကူညီပေးထားတာ.."
တာအိုဘိုးဘေး အကြောင်းကြားသည့် အချိန်တွင် တပည့်များသည် စိတ်လှုပ်ရှားသွားခဲ့ကြသည်..။
လူငယ်အများစူ ဒီဂိုဏ်းကို ဝင်ကြရသည့်အကြောင်းအရင်ကလည်း တာအိုဘိုးဘေးနှင့် ဆက်နွယ်ချင်ကြလို့ဖြစ်၏..။ရီယွန်က တာအိုဘိုးဘေး နာမည်ကို သုံးခွင့်ရသည့် တစ်ယောက်တည်းသော သူဖြစ်သည်..။အရင်တုန်းကလည်း တစ်ခြားဂိုဏ်းများက တာအိုဘိုးဘေး နာမည်ကို သုံးခဲ့ကြပေမယ့် အဖြူရောင် ဝတ်ရုံတော်များ၏ ဖယ်ရှားချင်းကို ခံကြရ၏..။
ရီယွန် တစ်ခုခု ထပ်ပြောဖို့လုပ်လိုက်တဲ့ အချိန်မှာပဲ တစ်စုံတစ်ခုကို မြင်ပြီးအမူအရာ ပြောင်းလဲသွားခဲ့၏..။
"ကြည့်..နဂါးတစ်ကောင်ပဲ.."
သိပ်မဝေးသည့် နေရာတွင် တပည့်များ၏ ပြောဆိုသံတွေကို ကြားနေရသည်..။သူတို့ လှည့်ပတ်ကြည့်လိုက်သည့် အချိန်တွင် တိမ်တွေကြားထဲမှာ ပျံသန်းနေသည့် အဖြူရောင် နဂါးတစ်ကောင်ကို တွေ့လိုက်ကြ၏..။
ရီယွန် နှင့် သူ့တပည့်များ အံသြနေကြသည်..။သူတို့၏ မျက်လုံးများကိုတောင် မယုံနိုင်ကြတော့ပေ..။
ရီယွမ် နဂါးပေါ်မှာ ရပ်နေသည့် ပုံရိပ်ကိုမြင်ပြီး အံ့ဩသင့်သွား၏..။
အဲ့အချိန်မှာတော့..အဖြူရောင် နဂါးဟာ ရုတ်တရက် ဆင်းသက်လာကြတာကြောင့်တပည့်တွေဟာ ချီယွန်ဆီကို ထွက်ပြေးလာခဲ့ကြ၏..။ဒါက သူတို့ ဆရာအပေါ် ယုံကြည်မူကို ပြနေခဲ့ကြသည်..။
အဖြူရောင် နဂါးသည် တောအုပ်အပေါ်တွင် ရပ်သွားခဲ့သည်..။လူတိုင်းက နဂါးအပေါ်က ပုံရိပ်ကို မြင်လိုက်ကြ၏..။
"တာအို ..တာအိုဘိုးဘေး.."
ချီယွန်ရဲ့ အသံဟာ တုန်ရီနေပြီး ကျန်းချန်ရှန်းကို ဒူးထောက်ကာ ဂါဝရပြုလိုက်သည်..။
ဒီအသံကိုကြားပြီး တစ်ခြားတပည့်တွေလည်း ဒူးထောက်လိုက်ကြ၏..။
လူတိုင်းက တာအိုဘိုးဘေးကို လေးစားကြသည်..။
"ချီယွန်..မင်းက အကောင်းဆုံးကြိုးစားပြီး..တပည့်တွေလည်း အများကြီး ရှိတယ်..။ဒါပေမဲ့ မင်းရဲ့ သက်ရှိတွေအပေါ်ထားတဲ့ စိတ်ထားကို ပြောင်းလဲဖို့ ကြိုးစားနေရတုန်းပဲ.."
ကျန်းချန်ရှန်း ညာဘက်လက်ကို မြှောက်ပြီး အိတ်သုံးအိတ်ကို လေထဲကနေတဆငိ့ ချီယွန်ဆီ ပေးလိုက်သည်..။
"ဒါက ဂိုဏ်းသားတွေ အတွက် ငါကပေးတဲ့ အရင်းအမြစ်တွေပဲ..။ဒီအရာတွေကို အသုံးပြုပြီး မင်းအတွက် အစွမ်းထက်တဲ့ လက်နက်တွေအဖြစ် ဖန်တီးပါ..။မင်း အကောင်းဆုံး အသုံးချနိုင်မယ်လို့ ယုံကြည်ထားတယ်..။မင်းနဲ့ မင်းတပည့်တွေ အန္တရာယ်ကျရောက်မယ့် အလုပ်မျိုးကို ဘယ်တော့မှ မလုပ်မိစေနဲ့.."
သူဒါကို ပြောပြီးတာနဲ့ အဖြူရောင်နဂါးဟာ တစ်ဖက်ကို လှည့်ပြီး ပျံသန်းထွက်ခွာသွားခဲ့သည်..။
တာအိိုဘိုးဘေးကို ကြည့်ပြီး တပည့်များကတော့ စိတ်လှုပ်ရှားနေကြ၏..။
"တာအိုဘိုးဘေးက တကယ်ကို အင်မော်တယ် တစ်ယောက်ပဲ.."
"သူက နဂါးနဲ့လာပြီး ပြန်သွားတာ..။ဒီတည်ရှိမူက ယုံတောင်မယုံနိုင်ဘူး.."
"မာစတာ..အမြန်ဖွင့်ကြည့်ကြရအောင်.."
ရီယွန်ဟာ ခံစားချက်မဲ့နေပေမယ့် စိတ်လှုပ်ရှားနေခဲ့၏..။
"မဖွင့်တာက ပိုပြီးကောင်းတယ်..။ဒီဟာကို ဖွင့်ရမယ့် နေရက် မရောက်လာဖို့ပဲ မျှော်လင့်မိတယ်.."
ချီယွန် ပြောလိုက်သည်..။
တပည့်တွေဟာ ဒီစကားကိုကြားပြီး သူ့ကို ပိုမိုလေးစားလာကြ၏..။
ကျန်းချန်ရှန်း စိတ်ကြည်လင်နေခဲ့သည်..။
ရက်အနည်းငယ်ကြာပြီးနောက်မှာတော့ ကျန်းချန်ရှန်း ဟာ နဂါးဖြူလေးကို တာအိုကမ္ဘာထဲပြန်ပို့လိုက်၏..။နဂါးဖြူလေးဟာ..အပြင်မှာ ပျော်ပါးပြီးနောက် တာအိုကမ္ဘာထဲမှာ ပိုမိုကျင့်ကြံလာခဲ့သည်..။
အစကတော့ ကျန်းချန်ရှန်းသည် တိုင်ဝါးနှင့် တိုင်ချီကိုပါ အပြင်ကို ခေါ်လာချင်ခဲ့သည်..။
သို့ပေမယ့်လူတိုင်း၏ အမူအရာတွေကြောင့် မြွေနှစ်ကောင်ကို ပိုပြီး သန်မာလာတဲ့အထိ စောင့်ရဦးမည်ဖြစ်၏..။
ဒီလိုနဲ့ အချိန်တွေ ကုန်သွားခဲ့သည်..။
ရွှန်းထျန်းခေတ် ၅၂ နှစ်မြောက်..။
ကျန်းချန်ရှန်း သူ၏ လက်ရှိ အမှတ်ကို စစ်ဆေးလိုက်၏..။
[ လက်ရှိအမှတ် : ၆၉၄၉၄၇၇၃ ]
ဒါက သန်း ၇၀ နီးပါး ရှိနေပြီဖြစ်သည်..။
မဆိုးဘူး မဆိုးဘူး..
ကျန်းချန်ရှန်းသည် နောက်ထပ်အဆင့်ကျော်ဖြတ်မူက မခက်ခဲဟု ခံစားနေရသည်..။သူက အဆင့်တက်ရန် လိူအပ်သေးကြောင့် အမှတ်များကို မြင့်တင်ရန် အချိန်ရသေး၏..။
တစ်ရက်မှာတော့ ချင်အာသည် စာတစ်စောင်ကို လာပို့ခဲ့သည်..။
ကျန်းချန်ရှန်းစာကို ဖွင့်ကြည့်လိုက်၏..။ဒီက ကျန်းချန်ရှန်း စိတ်ညို့ထားသည့်
ဖန်ထျန်း ကုန်သွယ်ရေး မှ လုအန်း ၏ စာဖြစ်သည်..။
တကျန်းအား ရှုံးနိမ့်ခြင်း ၊ အင်ပါယာ သုံးခု၏ ဝန်းရံတိုက်ခိုက်ခြင်းများ၏ ဖိအားကြောင့် ဧကရာဇ် ဖန်ထျန်းသည် ကျင့်စဥ်ကျင့်နေရင်း ဖောက်ပြန်မူများရှိခဲ့သည်..။ဒီနှစ့် နှောင်းပိုင်းတွင်တော့ သူက သေဆုံးသွားခဲ့၏..။အိပ်ရှေ့မင်းသားသည် ထီးနန်းကို ဆက်ခံခဲ့ပြီး နယ်မြေအများအပြားကို ပေးအပ်ခဲ့သည်..။အပြန်အလှန်အနေနဲ့
အင်ပါယာ သုံးခုသည် ဖန်ထျန်းအား တိုက်ခိုက်နေမူကို ရပ်တန့်လိုက်ကြသည်..။ဖန်ထျန်းက ရှင်သန်ရန် ရုန်းကန်နေရချိန်ဖြစ်၏..။
ကျန်းချန်ရှန်းဒါကိုမြင်ပြီး သက်ပြင်းချလိုက်သည်..။
နောက်ထပ် ရန်သူတစ်ယောက်တော့ ကျရှုံးသွားပြီဖြစ်၏..။
သို့ပေမယ့် စာထဲတွင် အင်ပါယာ အသစ်က သိုင်းပညာ အလွန်ထူးချွန်ကြောင်းဖော်ပြထား၏..။သူက သိုင်းပညာ လမ်းကြောင်းအသစ်ကိုပင် ကိုယ်တိုင် ဖောက်ချင်နေ၏..။
.
ဒါကပင် ကျန်းချန်ရှန်း၏ မျှော်လင့်ချက်ဖြစ်သည်..။
နောက်ထပ် ရန်သူတစ်ယောက်က ဘယ်လို ရှင်သန်မူ ဆုလာဒ်များပေးန်ိုင်မလဲ သူမသိပေ..။
သိုင်ပညာ လမ်းကြောင်းအသစ်ပြောရရင် ချီယွန် နှင့် ဖန်ထျန်း အင်ပါယာအသစ် က တူညီသည့် အတွေးများရှိနေကြ၏..။
ယင်းနောက် သူ စာကို မီးဖိုထဲ ပစ်လိုက်ပြီးလောင်ကျွမ်းသွားတာကို စောင့်ကြည့်နေခဲ့၏..။
ကျန်းချန်ရှန်း ရုတ်တရက် တစ်ခုခုကို ခံစားမိပြီး ထျန်ဟိုင်ဘက်ကို လှမ်းကြည့်လိုက်၏..။
ထျန်ဟိုင် ပင်လယ်ပြင်၏ တောင်ဘက်မှ တိုက်ပွဲ အငွေ့အသက်ကို ရနေခဲ့သည်..။
သန်မာလိုက်တာ...
ကျန်းချန်ရှန်း အကန့်အသတ်မဲ့ ကောင်းကင်နှင့် မြေပြင် မျက်လုံးကို အသုံးပြုပြီး လှမ်းကြည့်လိုက်၏..။
ဒါက ကမ္ဘာဖျက်ဆီးခြင်း သစ်ပင်ကို တိုက်ခိုက်သည့်နေ့က တွေ့ခဲ့သည့် ဂျီဝူဂျန် ဖြစ်သည်..။လတ်တလောတွင် သူမက ရွှေရောင် အကာအကွယ်ကို ဝတ်ထားပြီး ငွေရောင်လှံကို ကိုင်ဆွဲကာ..သိုင်းပညာရှင် တစ်ဒါဇင်လောက်နဲ့ တိုက်ခိုက်နေခဲ့သည်..။
ပညာရှင်တွေ အကုန်လုံးက ကောင်းကင်အဆင့်တွေဖြစ်ကြပြီး သူတို့၏ ခေါင်းဆောင်ကတော့ ကောင်းကင်ခြောက်ခု နယ်ပယ်တွင်ဖြစ်သည်..။
ဂျီဝူဂျန် ကိုယ်တိုင်လည်း ကောင်းကင်ခြောက်ခု နယ်ပယ်တွင်ဖြစ်၏..။ထို့ပြင် သူမက ကောင်ကင်ခြောက်ခု နယ်ပယ်ပညာရှင် အပြင် တစ်ခြားကောင်းကင်အဆင့် ပညာရှင်များနှင့် နေခိုက်နေရတာတောင် အထက်ဆီးကနေ တိုက်ခိုက် နေခဲ့သည်..။
ကျန်းချန်ရှန်း နဲ့ ဂျီဝူဂျန်တို့၏ ဆက်ဆံရေးက နက်ရှိုင်းမူ မရှိတာကြောင့် ရှင်သန်မူ ဆုလာဒ်မရှိပေ..။ဒါ့ကြောင့် သူက ဝင်ကူညီဖို့ ဆန္ဒမရှိပဲ တိုက်ပွဲကိုသာ တိတ်တဆိတ်သာ စောင့်ကြည့်နေ၏..။
ဂျီဝူဂျန်ရဲ့ အစစ်အမှန်ချီတွေ ပေါက်ကွဲထွက်လာပြီး ကောင်းကင်ခြောက်ခု နယ်ပယ်ကို ကျော်လွန်သွားခဲ့သည်..။ထပ်ပြောရရင် သူမက အစွမ်းထက်သည့် နည်းစနစ်များကို အသုံးပြုနေခဲ့၏..။သူမထံမှ အဖြူရောင်အလင်းတန်းထွက်လာခဲ့ပြီး မရေမတွက်နိုင်သည့် အရိပ်များ ထွက်လာခဲ့သည်..။သူတို့အကုန်လုံးက မတူညီသည့် နည်းစနစ်များကို အသုံးပြုနေကြ၏..။