မြင့်မြတ်သောအင်ပါယာ၏ မင်းသမီး ၊ ပင်လယ်ကို ဖြတ်သန်းသော မီးငှက်
Vol. 14 Ch. 208
ချီအဆီအနှစ်တွေ လောင်ကျွမ်းသွားတဲ့ အချိန်မှာတော့ ဂျီဝူဂျန်ကို တိုက်ခိုက်နေကြတဲ့ သိုင်းပညာရှင်တွေဟာ ကြောက်လန့်တကြား ထွက်ပြေးသွားခဲ့ကြသည်..။သို့ပေမယ့် ဂျီဝူဂျန် သည် ရပ်မနေခဲ့ပေ..။အဲဒီအစား သူမက နောက်ကနေ လိုက်ပြီး ငါးယောက်လုံးကို ဆက်တိုက် သတ်ဖြတ်ခဲ့၏..။
ဒီ အမျိုးသမီးက ရက်စက်ပေမယ့် စစ်မှန်တဲ့ သိုင်းပညာရှင်တစ်ယောက်ဖြစ်သည်..။
ကျန်းချန်ရှန်း တိတ်တဆိတ် တွေးတောနေခဲ့သည်..။ဂျီဝူဂျန်က တကျန်းဘက်ကို ဦးတည်လာတာကို မြင်တဲ့အချိန်မှာ သူ အံ့ဩသွားခဲ့၏..။ငါ့ဆီကို ထပ်လာတာလို့တော့ မပြောနဲ့နော်..။
နှစ်လကြာပြီးသည့်နောက်တွင်တော့ သူ့အတွေးများက မှန်ကန်ခဲ့၏..။
ဂျီဝူဂျန်ဟာ အမှန်တကယ်ပဲ သူ့ကို လာရှာခဲ့သည်..။
ပထမဆုံးအနေနဲ့ ဒီ အမျိုးသမီးသည် မြို့တော်ထဲတွင် အိမ်တစ်အိမ်ဝယ်ခဲ့၏..။ယင်းနောက် သူမက သာမန်အမျိုးသမီး အဝတ်အစားများကို ဝတ်ကာ ကျန်းချန်ရှန်းဆီလာလည်ခဲ့သည်..။
ရီယွမ် သူမကို မြင်သည့်အချိန်တွင် မျက်လုံးများ မြင့်တက်သွားခဲ့သည်..။
ဒါက သူ ဂျီဝူဂျန်ရဲ့ အလှကို သဘောကျလိူ့ မဟုတ်ပဲ စိတ်ခေါ်ချင်လို့ဖြစ်၏..။ဒီ အမျိုးသမီး၏ ခွန်အားကို သူ အာရုံခံမိသည်..။
ဂျီဝူဂျန်သည် ရီယွမ်၏ အကြည့်ကို လျစ်လျူရူလိုက်ပြီး ကျန်းချန်ရှန်းကိုကြည့်လိုက်သည်..။
"တကျန်းက ကမ္ဘာအနှံ့က ကိုယ်ခံပညာကို လက်ခံနေတယ်လိူ့ကြားတယ်..။ကျွန်မကို လက်ခံပေးနိုင်ပါ့မလား.."
ကျန်းချန်ရှန်း : " မစ္စ ..မင်းက အရမ်းကို သန်မာပါတယ်..။ဘာလို့များ တကျန်းကို ရွေးချယ်ရတာလဲ.."
ဂျီဝူဂျန် သက်ပြင်းချလိုက်သည်..။
"မြင့်မြတ်သော အင်ပါယာက ကျရှုံးသွားပြီး အင်ပါရီယာ မိသားစုလဲ ကွဲကုန်ကြပြီ..။မြင့်မြတ်သော အင်ပါယာရဲ့ ကံတရားကို ခွဲဝေဖို့အတွက် သူတို့က တိုက်ခိုက်ကုန်ကြပြီလေ..။ရလာဒ်အနေနဲ့ ကျွန်မက ကောင်းကင်ကိုးခုအဆင့် ပညာရှင်ကို အပြစ်ပြုမိခဲ့တယ်..။ဒီတော့ သူတို့နဲ့ဝေးကွာလွန်းတဲ့ တကျန်းက အသင့်တော်ဆုံးပဲလေ..။ပြီးတော့ ပင်လယ်ဒေသထဲမှာ တာအိုဘိုးဘေးက အစွမ်းထက်ဆုံး လူပဲ..။
"နောက်ဆုံးအနေနဲ့ ကျွန်မက ကောင်းကင်ခြောက်ခုနယ်ပယ် ပညာရှင်လေ..။တကယ်လို့ တကျန်းက အခက်ခဲဖြစ်တဲ့ အချိန်ဆိုရင် ကူညီပေးလို့ရတယ်.."
ကောင်းကင်ကိုးခုနယ်ပယ် ရန်သူ..
ကောင်းကင် ခြောက်ခု နယ်ပယ်..
ရီယွမ် ဒီဟာကိုကြားပြီး ရင်ထိတ်သွားခဲ့၏..။
ဒီအမျိုးသမီးက တာအိုဘိုးဘေးရဲ့ ရင်ထဲမှာရှိသည့်သူ့ရဲ့နေရာကို ကိုင်လှုပ်နိုင်ပေသည်..။
ကျန်းချန်ရှန်း စိတ်ထဲက မေးလိုက်သည်..။
"သူမကို လိုက်နေတဲ့ ပညာရှင်က ဘယ်လောက်သန်မာလဲ.."
[အမှတ် ၁၅၀၀၀၀၀၀၀ လိုအပ်ပါသည်..။ရှေ့ဆက်ပါမည်လား ]
အမှတ် ၁၅ သန်း
ဘယ်လောက်ကြမ်းတမ်းလိုက်လဲ..
ကျန်းချန်ရှန်း မေးလိုက်သည်..။
"သူတို့က ဘာလို့ လိုက်နေတာလဲ မေးလို့ရမလား..."
ဂျီဝူဂျန် တည်ငြိမ်စွာဖြေလိုက်သည်..။
"ဘာလို့လဲ ဆိုတော့ ကျွန်မက ဂျီမိသားစုကလေ..။ဂျီမိသားစုက မြင့်မြတ်သော အင်ပါယာရဲ့ အင်ပါရီယာ မိသားစုပဲ..။ကျွန်မရဲ့ အရည်အချင်းတွေကို သူတို့က ကြောက်ရွံ့ကြတာ.."
သူမဒါကိုပြောလိုက်တာနဲ့ ဘေးနားက လူတွေဟာ တုန်လှုပ်သွားကြသည်..။
"မင်းက မြင့်မြတ်သော အင်ပါယာရဲ့ မင်းသမီးလေးလား.."
ဂျီဝူဂျန် " အရင်တုန်းက ဆိုရင်တော့ ဟုတ်ပါတယ်..။မြင့်မြတ်သော အင်ပါယာရဲ့ ဧကရာဇ်က ကျွန်မရဲ့ အစ်ကို ဝမ်းကွဲပါ..။ဂျီမိသားစုမှာ ကျွန်မကလွဲလိူ့ အကုန်လုံးသေဆုံးကုန်ကြပြီ..။မြင့်မြတ်သော အင်ပါယာက နောက်ဆုံးအခိုက်အတန့်မှာ သူ့ရဲ့ ကံတရားတွေကို လူသားမျိုးနွယ်တွေဆီခွဲဝေပေးခဲ့တယ်..။ဒါပေမဲ့ ကျွန်မက အစောထွက်လာခဲ့တာကြောင့် သက်ရောက်မူ မရှိခဲ့ဘူး.."
ကျန်းချန်ရှန်း ..
"ငါ မင်းပြောတာကို တော့ သဘောတူပေးနိုင်ပါတယ်..။ဒါပေမဲ့ နောက်ထပ် အနှစ် ၅၀ လောက်အထိကတော့ မင်းအနေနဲ့ နိမ့်ချပြီး နေနေရမယ်..။သိုင်းပညာကို လေ့ကျင့်ပြီး အဆင့်တက်ဖို့ကိုပဲ အာရုံစိုက်ထားပါ..။ဒါက မင်းရဲ့ ရန်သူ မင်းကိုမေ့သွားစေလိမ့်မယ်.."
ဂျီဝူဂျန် ဒါကိုကြားပြီး ပြုံးလိုက်မိသည်..။
"ကျေးဇူးပါ စီနီယာ...။ကျွန်မလည်း တကယ် ပင်ပန်းနေပြီ..။ဒီတစ်ကြိမ်တော့ လေ့ကျင့်မူကိုပဲ အာရုံစိုက်ပါတော့မယ်..!
ကျန်းချန်ရှန်း ခေါင်းညိမ့်ပြီး သဘောတူလိုက်သည်..။
ဂျီဝူဂျန် အများကြီး မပြောပဲ..နှုတ်ဆက်ကာ ထွက်သွားခဲ့သည်..။
ရီယွမ် ပြုံးလိုက်ပြီး...
"တာအ်ိုဘိုးဘေးက..သူမ နဲ့ အမုန်တရားတွေကို လက်ခံထားပေးလိူက်တာပဲ.."
ကျန်းချန်ရှန်း , " ထားလိုက်တော့ ။ဘယ်သူ့ကိုမှ မပြောပြနဲ့..။သူမကို နိမ့်ချပြီးပဲ နေစေရမယ်.."
အနှစ် ၅၀ ဆိုတာက ဂျီဝူဂျန်အတွက်တင် မဟုတ်ပဲ သူကိုယ်တိုင်အတွက်လည်း ပါ၏..။
အနှစ် ၅၀ ကြာရင် သူ့ခွန်အားလည်း ကျိန်းသေ နောက်တစ်ဆက်ကို တက်လှမ်းနိုင်မည်ဖြစ်သည်..။
ဒါပေါ့ သူက ကောင်းကင်ကိုးခု နယ်ပယ်ကို ကြောက်လို့ ပြောနေတာ မဟုတ်ပေ..။ဒါက လုံခြုံရေးအတွက်သာဖြစ်၏..။
သမုဒ္ဒရာထဲတွင်..။
မူလင်လောင်သည် ကြီးမားသည့် သင်္ဘောပေါ်တွင် ရပ်နေရင်း လေထုကိုခံစားနေခဲ့သည်..။သူမရဲ့ ဆံပင်နှင့် အဖြူရောင် အဝတ်အစားတွေက လေထဲမှာ လွင့်နေခဲ့၏..။
ကျန်းချန်ရှန်း၏ ကာကွယ်မူကြောင့် မူလင်လောင် ၏ မူမိသားစုထဲမှ အဆင့်အတန်းသည် မူရှန်းဂန်ကိုတောင် ကျော်လွန်နေခဲ့သည်..။ဒါကြောင့် ဘယ်သူကမှ သူမကို အနှောက်ယှက် မပေးရဲကြပေ..။အသစ်ဝင်လာတဲ့ သိုင်းပညာရှင်များကိုလည်း မူမိသားစု တပည့်များက ခြိမ်းခြောက်ထားကြ၏..။
မူလင်လောင် ဖြည်းညှင်းစွာ မျက်လုံးဖွင့်လိုက်ပြီး မျက်မှောက်ကျုတ်လိုက်၏..။
မူရှန်းဂန် သူမဘေးနားကို ရောက်လာခဲ့ပြီး တီးတိုးပြောလိုက်သည်..။
"မင်းလည်း သတိထားမိတာလား.."
မူလင်လောင် ခေါင်းညိမ့်လိုက်သည်..။
"ဒါက အရမ်းကို ပူတယ်..။ဒါပေမဲ့ တစ်ဖက်က သတ်ဖြတ်လိုစိတ်တွေ ရှိမနေဘူး..။သူက သမီးတို့ကို တားဂတ်ထားနေတာမဟုတ်ဘူး.."
သမုဒ္ဒရာထဲမှာရွက်လွင့်နေစဥ်အတွင်း သူတို့ဟာ သိုင်းပညာရှင် ၊ နတ်ဆိုးသားရဲ တွေ ၊ ရှေးဟောင်းဆန်းကျယ်တဲ့ သားရဲတွေ မျိုးစုံ တွေ့ကြရ၏..။သူတို့တွေ့တဲ့အချိန်တိုင်းလည်း တိုက်ခိုက်ပြီး သတ်ဖြတ်ကြရသည်..။
မြေးအဖိူးနှစ်ယောက်သည် ကောင်းကင်ကိုကြည့်ရင်း စကားပြောနေခဲ့ကြသည်..။
မူလင်လောင်က အင်မော်တယ် နတ်ဘုရားဆီက သိုင်းပညာနည်းစနစ် များကို ရရှိထားပုံပေါ်၏..။သူက သူမကို တွန်းအားမပေးရဲသလို ..တစ်ခြားလူတွေကိုလည်း မနှောက်ယှက်ဖို့ မှာထားခဲ့သည်..။
သူတို့နှစ်ယောက် စကားပြောလို့ မကြာသေးခင်မှာပဲ..ပူလောင်တဲ့ လေထုတစ်ခုဟာ တိုက်ခတ်လာခဲ့၏..။လူတိူင်းက သူတို့အနားက တစ်ခုခု ဖြတ်သွားတာကို ခံစားမိလိုက်ကြသည်..။
မူရှန်းဂန် အလျင်အမြန်အော်ဟစ်လိုက်သည်..။
"သင်္ဘောတွေကို ကာကွယ်ကြ.."
ကောင်းကင်ပေါ်မှာတော့..မီးတောက်ပင်လယ်ကြီးကို တွေ့နေရသည်..။တကယ်လို့ တစ်စုံတစ်ယောက်က အနီးကပ်ကြည့်မယ် ဆိုရင် ကြီးမားသည့်ငှက်ကြီးကို တောင်ပံများနှင့် မြင်နေခဲ့ရသည်..။သူ့ကို ဝန်းရံနေသည့် မီးတောက်က သူ့ထက် အဆမတန်ကြီးမား၏..။
တစ်ချို့ ရေချိုးနေသည့် ပညာရှင်များသည် သင်္ဘောများနှင့်ကာနေသည့်အတွက်ကြောင့် ကောင်းကင်ကို မမြင်ကြရပေ..။
"ဘာလို့ ရေတွေက ပူလာတာလဲ.."
မကြာခင်မှာပဲ..ကောင်းကင်မီးတောက်ကို မြင်တဲ့အချ်ိန်မှာ သူတို့မျက်လုံးပြူးကျယ်သွားခဲ့ကြသည်..။သူတို့ကြီးမားသည့် မီးငှက်ကြီးကို မြင်ပြီး ပါးစပ်အဟောင်းသား ဖြစ်နေကြ၏..။
မူလင်လောင်နှင့် မူရှန်းဂန် လှည့်လိူက်ကြပြီး သူတို့နှစ်ယောက်လုံး စိတ်သက်သာရာရသွားခဲ့ကြသည်..။ကံကောင်းချင်တော့..တစ်ဖက်က သူတို့ကို ပစ်မှတ်မထားခဲ့ပေ..။ဒီတိုင်း ဖြတ်ကျော်သွားရုံသာ ဖြစ်၏..။
နတ်ဆိုးသားရဲ၏ အော်ရာက ပြင်းထန်တာကြောင့် ရွှေရောင်သစ်ရွက်ကို ကိုင်ထားသည့် မူလင်လောင်၏ လက်သည် တုန်ရီနေခဲ့သည်..။
ဒါက သူတို့တွေ့ခဲ့သည့် သားရဲများထဲတွင် ကြောက်စရာ အကောင်းဆုံးဖြစ်သည်..။
မူရှန်းဂန် ," ကမ္ဘာကြီးက ဗရမ်းဗတာတွေဖြစ်နေပြီ..။ရှေးဟောင်း နတ်ဘုရား တိုက်ကြီးဆိုရင် အခုချိန်ဘယ်လိုတွေဖြစ်နေပြီလဲ မသိဘူး.."
"ဘယ်လိုကပ်ဆိုးမျိုးလဲ.."
ကျန်ချန်ရှန်းသည် အကန့်အသတ်မဲ့မျက်လုံးနှင့် ရှေးဟောင်း နတ်ဘုရား တိုက်ကြီးကို ကြည့်နေခဲ့သည်..။အခုချိန်မှာ လူသားနှင့် နတ်ဆိုးသားရဲများ၏ အလောင်းများသည် နေရာတိုင်းတွင် ပျံ့နှံ့နေ၏..။နတ်ဆိုးသားရဲစစ်တပ်ကြီးသည် သမုဒ္ဒရာလောက် ကျယ်ပြန့်ပြီး တိုက်ကြီးတစ်ခုလုံးပေါ်တွင်ရှိနေခဲ့သည်..။
သူတော်စင် စံအိမ်ဖျက်သိမ်းပြီးကတည်းက ရှေးဟောင်းနတ်ဘုရား တိုက်ကြီးသည် လုံးဝ ကျရှုံးသွားခဲ့၏..။
ကျန်းချန်ရှန်း ကြည့်နေတာတွေကိုရပ်တန့်လိုက်သည်..။
မြင့်မြတ်သော အင်ပါယာ ကျရှုံးသွားခြင်းက လူသားမျိုးနွယ်တွေက နတ်ဆိုးမျ်ိုးနွယ်တွေကို အချိန်ကြာအောင် ကြောက်ရွံ့နေစေလိမ့်မည်..။
ဒီနေ့ ကျန်းချီ ရောက်လာခဲ့၏..။
သူက လတ်တလောတွင် ထျန်ဟိုင်အတွက် အစီစဥ်များကို ရီယွမ်ကို ပြောပြခဲ့သည်..။ရီယွမ်ကလည်း ထျန်ဟိုင်က ဖြစ်သည့်အတွက် ဒါတွေကို စိတ်ဝင်စား၏..။
ကျန်းချီသည် ထျတ်ဟိုင်းကို တကျန်းရဲ့ နတ်ဆိုးသားရဲများကို အမဲလိုက်ရာ နယ်မြေအဖြစ် ပြင်ဆင်ထားခဲ့သည်..။
ကျန်းချီ၏ အစီစဥ်သာရောက်မြင်သွားရင် ထျန်ဟိုင်သည် သိုင်းပညာရှင်တွေ အတွက် နိဗ္ဗာန်ဘုံဖြစ်လာလိမ့်မည်..။ထပ်ပြောရရင် သိုင်းပညာရှင်တွေများလာတာကြောင့် သာမန်လူသားတွေလည်း သားရဲတွေလက်မှ လုံခြုံမည်ဖြစ်၏..။
ရီယွမ်. " မဆိုးဘူး မဆိုးဘူး..။မင်းက အင်ပါယာတစ်ယောက်ရဲ့ အရည်အချင်းတွေနဲ့ပြည့်နေပြီလို့ ငါထင်မိတယ်.."
ရီယွမ်ကျန်းချီရဲ့ ပုခုံးကိုပုတ်ပြီးပြောလိုက်သည်..။အစက စိတ်လှုပ်ရှားနေသည့် ကျန်းချီ သည် ဒါကိုကြားပြီး ပုံမှန်မဟုတ်စွာ ပြုံးလိုက်၏..။
ကျန်းရန်ဇောင်၏ ခံစားချက်မျိုးသူရနေပြီဖြစ်သည်..။
ဧကရာဇ် ရွှန်းထျန်းက သူငယ်ငယ်လေးကတည်းက မွေးဖွားခဲ့သည်..။အခုသူက အင်အားကြီးနေပြီဖြစ်ပြီး အုပ်ချုပ်မူ အင်ပါယာ ၏ ကံတရားနှင့်ပါ ပေါင်းလိုက်ရင် နောက်ထပ် နှစ်တစ်ရာလောက် နေဖို့က ပြသနာ မဟုတ်တော့ပေ..။
ဖြစိနိုင်တာက သူတောင်မှ ဧကရာဇ် ရွှန်းထျန်းထက်အရင် သေသွားနိုင်၏..။သူ ဒါကိုတွေးလိုက်တိုင်း စိတ်ထဲတွင်လေးလံနေရသည်..။
ဖြစ်နိုင်တာက သူသေတဲ့အထိ ဧကရာဇ် မဖြစ်သွားရတာ မဖြစ်နိုင်ဘူးလား...။
ကျန်းချန်ရှန်းသည် သူ့ရဲ့ အမူအရာကိုကြည့်ပြီး ဘာတွေးနေလဲဆိုတာ ခန့်မှန်းမိ၏..။ရီယွမ်၏ စကားကြောင့် ကျန်းချီ ဆက်နေဖို့ စိတ်မပါတော့ပဲ ထွက်သွားခဲ့သည်..။
ရီယွမ်ကတော့ ဘာမှ ခေါင်းထဲမှာ မရှိပေ..။သူက သိုင်းပညာကို သဘောကျတဲ့လူဖြစ်တာကြောင့် အင်ပါယာရဲ့ အာဏာလုပွဲတွေကို စိတ်မဝင်စားပေ..။
ရက်အနည်းငယ်ကြာပြီး ညတစ်ညမှာတော့မူလင်လောင် ၏ အိပ်မက်ထဲကို ကျန်းချန်ရှန်း ရောက်လာ၏..။
"သားရဲကြီးက ညီမတို့ခေါင်းပေါ်ကနေ ပျံသန်းသွားပြီး လူတွေအကုန်လုံးကိူ အပူချိန်ခံစားရစေခဲ့တယ်..။တစ်ချ်ို့ သင်္ဘောတွေတောင် ထိခိုက်သွားခဲ့တယ်လေ..။တကယ်လို့ ဒါသာ ကုန်းမြေတစ်ခုမှာ ဆင်းသက်ရင် ဘယ်လို ပျက်ဆီးမူမျ်ိုးတွေ ဖြစ်မလဲ မပြောတတ်ဘူး.."
မူလင်လောင် ကြောက်ရွံ့နေတုန်းဖြစ်၏..။ဆန်းကျယ်တဲ့ ငှက်ကြီး၏ အော်ရာတွေက ကြောက်ဖို့ ကောင်းလွန်းလှသည်..။သူတို့ မူ မိသားစု ပညာရှင်တွေ အကုန်ပေါင်းပြီး တိုက်ခိုက်ရင်တောင် သူတို့အကုန် သေကြဦးမည်ဖြစ်၏..။