← Chapters

ရီယွမ်၏ကြောက်ရွံ့မူ ၊ အဖေနှင့်သား

Vol. 14 Ch. 209

ရီယွမ်၏ကြောက်ရွံ့မူ ၊ အဖေနှင့်သား

Vol. 14 Ch. 209

"အဲတာက ဘယ်ဘက်ကို ထွက်သွားလဲ.."

မူမိသားစုက နဂါးသွေးကြောတိုက်ကြီးနှင့် ဝေးကွာနေသေးသည် ဆိုပေမယ့် ဒီိလို ခွန်အားကြီးသည့် သားရဲများအတွက်တော့ နဂါး​သွေးကြောတိုက်ကြီးကို ရောက်ရန် နှစ်အနည်းငယ်သာ ကြာပေလိမ့်မည်..။

မူလင်လောင် ..

"သူ့ပုံစံကို ကြည့်ရတာတော့ ညီမတို့နဲ့အတူတူလောက်ပဲ.."

သူမ ဂရုတစိုက်ပြောလိုက်ပေမယ့် အစ်ကို ချန်ရှန်းက မတုန်လှုပ်တာကို တွေ့လိုက်ရသည်..။

"အစ်ကို ချန်ရှန်း ဒီသားရဲက အရင်တွေ့ခဲ့ဖူးတဲ့ သားရဲတွေနဲ့မတူဘူးနော်..။သေချာ ဂရုစိုက်မှရမယ်.."

သူမ ဘယ်သူ့ကိုမှ မထိခိုက် မနစ်နာစေချင်ပေ..။

ကျန်းချန်ရှန်း ပြုံးလိုက်ပြီး.

"စိတ်မပူနဲ့..သိပါတယ်..။သတိပေးလို့ ကျေးဇူးတင်ပါတယ်..။တကယ်လို့ .တကျန်းကို သာ လာမယ်ဆိုရင် သူ့ရဲ့ နောက်ဆုံးနေ့ရက်ကို ရောက်သွားလိမ့်မယ်.."

သူ ဒီတိုင်းသာ ပြောလိုက်၏..။မူလင်လောင် ပိုပြီး လေးစားသွားခဲ့သည်..။

"အစ်ကို ချန်ရှန်းက ဘယ်လောက်တောင် သန်မာတာလဲ..."

မူလင်လောင် ချစ်စရာပုံစံလုပ်လိုက်သည်..။သူမ အသက်က ဆယ်စုနှစ်အချို့ ရှိပြီဖြစ်ပေမယ့်..ကျန်းချန်ရှန်း ရှေ့တွင်တော့ ကလေးမလေး တစ်ယောက်သာဖြစ်၏..။

ကျန်းချန်ရှန်း သည် ခနလောက်တွေဝေပြီးကာမှ သူမကို ကောင်းကင်နယ်ပယ်နှင့် ပတ်သက်သည့်လအဆင့်များကို ရှင်းပြလိုက်သည်..။

မူလင်လောင် သက်ပြင်းချလိုက်သည်..။ကောင်းကင် သုံးခု နယ်ပယ်အထက်တွင် အဆင့်တွေ ရှိသေးမှန်း သူမသိသော်လည်း ကိုးဆင့် အထိတောင် ရှိနေမယ်လို့ မထင်ထားခဲ့ပေ..။

"အစ်ကို ချန်ရှန်းက ..အတော်လေး အင်အားကြီးတာပဲ..။အစ်ကိုက ကောင်းကင် ကိုးခုအဆင့်မှာ ရှိနေတာပဲဖြစ်ရမယ်..ဟုတ်တယ်မလား..။ဒါက အင်မော်တယ် တစ်ယောက်လိုတောင် အစွမ်းထက်နေပြီလေ.."

ကျန်းချန်ရှန်း ပြုံးပြီး ပြောလိုက်သည်..။

"အဲ့ထက် မပိုမလိုလေးပေါ့.."

မူလင်လောင် လေးစားသွားခဲ့၏..။

နှစ်နှစ်ကြာပြီးနောက်..။

ရွှန်းထျန်းခေတ် ၅၄ နှစ်မြောက်..။

ဧကရာဇ်သည် သိုင်းပညာလမ်းကြောင်းကို လိုက်ပြီး..တံခါးပိတ်ကျင့်ကြံနေခဲ့သည်..။တကျန်း၏ အရေးကိစ္စများအားလုံးကို အိမ်ရှေ့မင်းသား ကျန်းချီ ဆီကို လွှဲပြောင်း ပေးထား၏..။ကျန်းချီကတော့ ပြည်သူများ၏ ယုံကြည်မူကို ရရှိနေခဲ့ပြီဖြစ်သည်..။

လူတိုင်းကတော့..ဧကရာဇ်က သိုင်းပညာလမ်းကြောင်းကို လိုက်ကာ သက်တမ်းကိုတိုးပြီး ..အချိန်ကြာမြင့်စွာ အုပ်ချုပ်လေလေ..အိမ်ရှေ့မင်းသားအတွက် ဆိုးဝါးလေလေ ဖြစ်သည်ကို သိထားကြသည်..။

အိမ်ရှေ့မင်းသားက တိုင်းပြည်ကို အုပ်ချုပ်ပြီး ထီးနန်းမရတဲ့ ပထမဆုံးလူများ ဖြစ်လာနိုင်မလား..။

ကျန်းချီဟာလည်း..ဒီစကားလုံးတွေကို ပြန်ကြားရသည့်အခါတိုင်း စိတ်ထိခိုက်မူကို ဖြစ်စေ၏..။

အသက် ၄၄ နှစ်အရွယ်ရှိ အိမ်ရှေ့မင်းသား၏ မျက်နှာထက်တွင် ခါတိုင်းလို အပြုံးများ ရှိမနေခဲ့ပေ..။

ဒီနေ့တွင်..။

ဂျီဝူဂျန်သည် ကျန်းချန်ရှန်းဆီ လာရောက်လည်ပတ်ခဲ့သည်..။ကျန်းချန်ရှန်းသည် ဒီ ကောင်းကင်ခြောက်ခုအဆင့် ပညာရှင်ကို ဧည့်ခံနေခဲ့၏..။အနာဂတ်မှာ သူ တံခါးပိတ် ကျင့်ကြံသည့် အချိန်တွင် တကျန်းကို ဂျီဝူဂျန် လက်ထဲအပ်ထားရမည်ဖြစ်သည်..။

လွန်ခဲ့တဲ့ နှစ်နှစ်လုံးလုံး ကျန်းချန်ရှန်းသည် ဂျီဝူဂျန်ကို စောင့်ကြည့်နေ၏..။သူမက သိုသိုသိပ်သိပ်သာ နေခဲ့ပြီး ဘာ လှုပ်ရှားမူမှမလုပ်ပေ..။သူမက အင်ပါရီယာ မိသားစုနှင့်လည်း အဝေးမှာနေခဲ့၏..။

"တာအိုဘိုးဘေး..အင်ပါရီယာ မိသားစုက တစ်စုံတစ်ယောက်က ကျွန်မကို ထောက်လှမ်းနေပါတယ်..။ညဘက်အချိန်မှာတောင် တစ်စုံတစ်ယောက်က ကင်းစောင့်ပြီး ကြည့်နေခဲ့တယ်လေ..။ဒီဟာကို ကူညီပြီး ရှင်းပြပေးန်ိုင်မလား.."

ဂျီဝူဂျန် အကူညီမဲ့နေခဲ့သည်..။တာအိိုဘိုးဘေးကြောင့်သာ မဟုတ်ရင် ဒီလူတွေ ရိုင်းစိုင်းတာကို..သူမ ဘယ်လိုလုပ် သည်းခံနိုင်မှာလဲ..။

ကျန်းချန်ရှန်း ပြောလိုက်သည်..။

"ကောင်းပြီ..အိမ်ရှေ့စံကို ပြောပေးပါ့မယ်.."

ဂျီဝူဂျန် သူ့ရှေ့မှာထိုင်ကာ ပြောလိုက်သည်..။

"တာအိုဘိုးဘေး..ပညာဖလှယ်ဖို့အတွက် အချိန်ခနလောက်ပေးနိုင်မလား..။ကျွန်မက ပြိုင်ဖက်မဟုတ်ဘူးဆ်ိုတာ သိုပေမယ့် ဒီလိုပညာရှင်မျိုးနဲ့ တိုက်ခိုက်ပြီး..သိုင်းပညာအပေါ် နားလည်မူကို မြင့်တင်ချင်လို့ပါ.."

သူမ ပြောပြီးတာနဲ့ ရီယွမ် ရောက်လာပြီး ပြောလိုက်၏..။

"မစ္စ ဂျီ ...ဘာလို့ ကျွန်တော်နဲ့အရင် ပညာမဖလှယ်ကြည့်တာလဲ.."

ဂျီဝူဂျန် မျက်မှောက်ကျုတ်ပြီး စိတ်မရှည်ဖြစ်သွား၏..။

ကျန်းချန်ရှန်း ပုံမှန်အတိုင်းသာ ​ပြောလိုက်သည်..။

"ကြည့်ရတာတော့ အဖြေရှိပြီးပြီ ထင်တယ်.."

ဒါကို ကြားပြီး ဂျီဝူဂျန် ရှက်ရွံ့သွားခဲ့သည်..။ယင်းနောက် သူမ ချက်ချင်းပြောလိုက်၏..။

"ဒါဆိုလည်း..သူနဲ့အရင် ပညာဖလှယ်ရတာပေါ့..."

တာအိုဘိုးဘေးက..ရီယွမ်နဲ့သူမနဲ့ကို နှိုင်းယှဥ်နေမှန်း သိလိုက်သည်..။သူမနဲ့ ရီယွမ်ကြားထဲက ကွာဟမူက ၊ သူမနဲ့ တာအိုဘိုးဘေးရဲ့ ကွာဟမူလိုမဟုတ်ဘူးလား..။

ဒါက်ိုတွေးမိသွားပြီး ဂျီဝူဂျန် သူမရဲ့ စိတ်ထားက တစ်ခုခုမှားနေသလိူ ခံစားမိလိုက်သည်..။ဒါက ကောင်းမွန်တဲ့အရာမဟုတ်ပေ..။သူတို့က သိုင်းပညာလမ်းကြောင်းကို လိုက်နေသည့်လူများဖြစ်၏..။

"ဒါဆိုလည်း နေရာလွတ်တစ်ခုကို ရှာလိုက်ကြတော့..။မှတ်ထားပါ..မင်းတို့ရဲ့ အော်ရာကို ထိန်းချုပ်ထားပြီး..လူတွေကို မနာကျင်စေနဲ့..။တကယ်လို့ မင်းတို့ရဲ့ အော်ရာကို ထိန်းချုပ်နိုင်ပြီဆိုရင်..ဆိုးဝါးတဲ့အရာတွေကို မဖြစ်စေတော့ဘူး..။အဲဒီအချ်ိန်ကျမှ မင်းတို့ရဲ့ သိုင်းပညာကို အမှန်တကယ် ထိန်းချုပ်နိုင်လိမ့်မယ်.."

ကျန်းချန်ရှန်းပြောပြီးတာနဲ့ မျက်လုံးပိတ်ထားလိုက်သည်..။သူ့စကားလုံးတွေက ဂျီဝူဂျန် နှင့် ရီယွမ်ကို အတွေးနက်စေ၏..။

ယင်းနောက် ဂျီဝူဂျန်နှင့် ရီယွမ်သည် ထွက်သွားခဲ့သည်..။

ပိုင်ချီ သိချင်စွာ မေးလိုက်၏..။

"မာစတာ..အဲ့အမျိုးသမီးက အဲလောက်တောင် သန်မာတာလား.."

ရီယွမ်နှင့် ယန်ကျိုး တို့နှင့်အတူ နေတာကြာသည့် အချိန်တွင် သူမက သိုင်းပညာနယ်ပယ်နဲ့ ခွန်အားကို တွဲပြီးမကြည့်တော့ပေ..။ဒီလူတွေက သူတို့ရဲ့ နယ်ပယ်ကိုဟကျော်ပြီး တိုက်ခိုက်နိုင်သူများဖြစ်၏..။

ကျန်းချန်ရှန်း ပြောလိုက်သည်..။

"အတော်သန်မာတယ်..။ပါရမီချင်းယှဥ်မယ်ဆိုရင်လည်း သူမက ရီယွမ်အောက်မရောက်ဘူး.."

ဂျီဝူဂျန်က မြင့်မြတ်သော အင်ပါယာ၏ ပါရမီရှင်တစ်ယောက်ဆိုတာ သိသာ၏..။ရီယွမ်က အတော်လေးကို အင်အားပေမယ့် သူက ပင်လယ်ဒေသတွင်သာ နံပါတ်တစ်ဖြစ်သည်..။

ပိုင်ချီ ​ပြောလိုက်သည်..။

"မာစတာဘေးနားမှာ ပါရမီရှင်တွေချည်းပဲ ရှိနေတာပဲ..။သူတို့က ပိုပိုပြီး သန်မာကြတော့မယ်.."

ယင်းနောက် ပိုင်ချီဘာမှ ထပ်မပြောတော့ပေ..။သူမ၏ မာစတာက စစ်တုရင် ကစားပွဲတစ်ခု ဖန်တီးနေသလိုသာ ခံစားရ၏..။

တစ်နာရီလောက် ကြာပြီးနောက်တွင်..ဂျီဝူဂျန်နှင့် ရီယွမ်တို့ ပြန်ရောက်လာခဲ့၏..။ဂျီဝူဂျန် ရဲ့ အင်္ကျီတွေဟာ ဖုန်မှုန့်တောင်ကပ်မနေခဲ့ပဲ..တိုက်ခိုက်လာသည်ဟုတောင် မထင်ရပေ..။

တစ်ဖက်မှာတော့ ရီယွမ် ဟာ အခြေအနေ အတော်ဆိုးဝါးနေခဲ့၏..။သူ၏ ဆံပင်များက ရှုပ်ထွေးနေခဲ့သည်..။သူ၏ အဝတ်များက တွန့်ကြေနေပြီး မျက်နှာများက ရောင်ကိုင်းနေခဲ့၏..။သူ့တွင် ဒဏ်ရာများနှင့်ပြည့်နှက်နေခဲ့သည်..။

သူ၏ ဂျန်ဝူဂျန်ဆီ ကြည့်သည့် အကြည့်များက ပြောင်းလဲသွားပြီး..ကြောက်လန့်မူများကို တွေ့နေရသည်..။

ဂျီဝူဂျန် သူ၏ အကြည့်များကို လျစ်လျူရူထားခဲ့၏..။ယင်းနောက် သူမက ကျန်းချန်ရှန်းကို သိုင်းပညာလမ်းကြောင်းနှင့် ပတ်သက်၍ လမ်းညွှန်းပေးရန် ပြောကြားခဲ့သည်..။

ကျန်းချန်ရှန်း မငြင်းပယ်ခဲ့ပေ..။သူက သူမကို ရိုးရှင်းသည့် လမ်းညွှန်မူတစ်ချို့ကို ပြောပြပေးခဲ့သည်..။

သေချာတာကတော့ ဒါကတင်ပဲ ဂျီဝူဂျန် ​ကို အံ့ဩသွားစေရန်လုံလောက်၏..။

ဒါပေါ့..ဒါက သူတို့က သိုင်းပညာက်ိုပဲ သိပြီး တစ်ခြားအရာများကို မသိသည့် ဂျီးနီးယပ်များဟု မဆိုလိုပေ..။အဲဒီအစား ကျန်းချန်ရှန်းကသာ သန်မာလွန်းနေ၍ ဖြစ်၏..။

တစ်ခါတစ်လေ ဂျီနီးယပ် များသည်လည်း သူတို့၏ စိတ်နှလုံးများ ငြိမ်းအေးစေရန် အင်အားကြီးသူတို့၏ ဥာဏ်အလင်းပေးမူများကို လိုအပ်၏..။

ဒီနည်းလမ်းနှင့်ပဲ..ဂျီဝူဂျန် သည် ကျန်းချန်ရှန်း ဆီကို မကြာခနလာရောက်လည်ပတ်နေခဲ့သည်..။

နှစ်ဝက်ခန့် ကြာပြီးနောက် သူမက ကျောင်းဝန်းထဲကို ပြောင်းလာနေရန် တောင်းဆိုခဲ့၏..။ဒီမှာ အခန်းတွေအများကြီး လွတ်နေသောကြောင့် ကျန်းချန်ရှန်း သဘောတူခဲ့သည်..။ထို့ပြင် သူမကို ဘေးနားမှာ ခေါ်ထားခြင်းဖြင့် သူမက လျောက်သွားနေမည် ကို စိုးရိမ်စရာ မလိုတော့ပေ..။

ရွှန်းထျန်းခေတ် ၅၇ နှစ်မြောက်..။

မြို့တော်ထဲက လေထုသည် အတော်လေးကို ထူးဆန်းနေခဲ့သည်..။အရာရှိများ မကြာခန ရုံးပျက်မူကြောင့် အိမ်ရှေ့မင်းသားသည် ကံတရားဝန်ကြီဌာန မှ အရာရှိများကို အပြောင်းအလဲ လုပ်ပစ်ခဲ့သည်..။သူ၏ လုပ်ရပ်များက လူများစွာကို မကျေမနပ်ဖြစ်စေ၏..။သို့ပေမယ့် ကျန်းချီ၏ ဘက်တွင် တစ်စုံတစ်ယောက်က ပေါ်လာခဲ့တာကြောင့် မကျေနပ်သံများပျောက်သွားခဲ့သည်..။

ကျန်းဂျီယန်...

ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် ကျန်းဂျီယန်နှင့် ပင်အန်းတို့ ပြန်လာခဲ့သည်..။ကျန်းချီ သွားတွေ့ပြီးနောက်တွင် သူတို့နှစ်ယောက် ပိုမို နီးစပ်လာကြ၏..။

ကျန်းချီ၏ လက်ရှိအခြေအနေက ကျန်းရန်ဇောင်နှင့် သိပ်မထူးခြားနားပေ..။ဒီတော့ ကျန်းဂျီယန် သူ့ကို ပိုပြီး မျက်နှာသာ ပေးနေခဲ့၏..။

"အဘိုး..ဘာလို့တစ်ခုခု မပြောတော့တာလဲ..။ဧကရာဇ်ကို လွှဲပြောင်းခိုင်းလိုက်ပါတော့."

ကျောင်းဝန်းထဲတွင် ကျန်းဂျီယန်သည် လေးစားမူမရှိသည့် စကားတစ်ချို့ကို ပြောနေခဲ့သည်..။

ကျန်းချန်ရှန်းကတော့ တိတ်တဆိတ်သာနေနေ၏..။

ပိုင်ချီ စနောက်လိုက်သည်..။

"မင်းသားလေးက ရှင့်ကို ဘာတွေ ကျွေးလွှတ်လိုက်တာလဲ..။ရှင်က သူ့ကို အတော်လေး​ေ ထာက်ခံပေးနေပါလား.."

ကျန်းဂျီယန် ," ဒီလိုဘယ်ဟုတ်ပါ့မလဲ..။ဒါပေမဲ့ အင်ပါယာက သိုင်းပညာလမ်းကြောင်းကို လျောက်လှမ်းချင်တယ် ဆိုရင်..သူက ထီးနန်းကို လက်လွှတ်ပြီး မျိုးဆက်တွေကို အခွင့်အရေး ပေးသင့်တယ်လေ.."

အရင်တုန်းက ဆိုရင် သူက ထီးနန်းအတွက် ယှဥ်ပြိုင်ဖို့ အခွင့်အရေး ရှိခဲ့ပေမယ့် သိုင်းပညာ လမ်းကြောင်းကို သာ လျောက်လှမ်းခဲ့သည်..။ဒီတော့ သူက ဧကရာဇ် ရွှန်းထျန်းကို မကျေမနပ်ဖြစ်မိ၏..။

သူက ထီးနန်းကို ယူထားပြီး သူ့သားကိုတော့ နိုင်ငံကို အုပ်ချုပ်နေစေခဲ့သည်..။ဒါက အိမ်သာကို ပိုင်ဆိုင်ထားပြီး အီးမပါတာနဲ့ တူမနေဘူးလား.။

ဒါက လုံးဝမမျှတပေ..။သမိုင်းစာအုပ်ထဲတွင် ကျန်းချီ၏ အောင်မြင်မူများကို ဧကရာဇ် ရွှန်းထျန်း၏ နာမည်နှင့်သာ ဖော်ပြကြမည်ဖြစ်သည်..။

ရီယွမ်ပြုံးလိုက်ပြီး..

"ကြည့်ရတာတော့ ဧကရာဇ်က အိမ်ရှေ့မင်းသား ရွေးချယ်ပြီးရင်တောင် ထီးနန်းကိုတော့ စွန့်ခွာဖို့ ရည်ရွယ်ချက် မရှိတဲ့ပုံပဲ..။သူတို့က သေမှပဲ လက်လွှတ်ချင်ကြတဲ့ပုံရှိတယ်.."

ဂျီဝူဂျန် ထပ်ပြောလိုက်သည်..။

"အမှန်ပဲ..မြင့်မြတ်သော အင်ပါယာမှာလည်း တူတူပဲ.."

ကျန်းဂျီယန် သူမ၏ နောက်ခံကို သိထားတာကြောင့် လေးစားစွာပြောလ်ိုက်၏..။

"စီနီယာရဲ့အမြင်မှာရော ဒါက သင့်တော်တယ်လို့ ထင်ပါသလား..။ဒါက အနာဂတ်မျိုးဆက်တွေအတွက် စဥ်းစားထားသင့်တဲ့ အရာပဲလေ.."

ဂျီဝူဂျန် တည်ငြိမ်စွာ ပြောလိုက်သည်..။

"ကျွန်မကို မမေးနဲ့လေ..။တကယ်လို့ ဒါကို သိနေတယ်ဆိုရင် မြင့်မြတ်သော အင်ပါယာရဲ့ အရာရှိတွေ လိုက်တိုက်ခိုက်တာကို ခံရပါ့မလား.."

သူမ ကျန်းချန်းရှန်း၏ တကျန်းတွင်် တည်ရှ်ိမူကို မသိခင် ဘာမှ ဝင်ပတ်သက်မည်မဟုတ်ပေ..။

ကျန်းဂျီယန် ကျန်းချန်ရှန်းကို ကြည့်လိုက်ပြီး..

"အဘိုး..တစ်ခုခုပြောပါဦး.."

သူ ကျန်းချန်ရှန်း၏ အနေအထားကို ကောင်းကောင်းသိ၏..။ကျန်းချန်ရှန်းတွင် ထီးနန်းကို ဆုံးဖြတ်ပိူင်ခွင့် ကောင်းစွာရှိနေသည်..။

ကျန်းချန်ရှန်း ," ထီးနန်းကိစ္စက သားအဖကြားက ကိစ္စပဲလေ..။ငါက ဘယ်လိုလုပ် ဝင်ပါလို့ ဖြစ်မှာလဲ..။သူတို့ဟာ သူတို့ဖြေရှင်းကြလိမ့်မယ်..။တကယ်လို့ ကျန်းချီက စွမ်းဆောင်နိုင်စွမ်း ရှိတယ်ဆိုရင် သူ့မှာ ထီးနန်းကို အရယူဖို့ နည်းလမ်း ရှိလိမ့်မယ်..။ဒါပေါ့..သူ့ကို တစ်ခုပြေားဖို့တော့ လိုမယ်..။ဘာပဲဖြစ်ဖြစ် အင်ပါယာတစ်ခုလုံး ဗရမ်းဗတာ ဖြစ်လို့မရဘူး...အင်ပါရီယာ မိသားစုက သွေးချောင်းစီးလို့ မရဘူး.."

ဒီစကားက ကျန်းဂျီယန်အတွက် လည်း သတိပေးမူ တစ်ခုဖြစ်၏..။

ပြီးခဲ့သည့် ရက်များတွင်လည်း တကျန်း၏ မျိုးဆက် သုံးခုလုံးက ..အဖေနှင့်သား သတ်ဖြတ်မူများ ဆက်တိုက်ဖြစ်ပွားခဲ့သည်..။

ကျန်းဂျီယန် အကူညီမဲ့စွာပဲ ပြန်ဖြေလိုက်သည်..။

"ကျွန်တော်က ချီအာကို စိတ်ပူတာပါ..။သူက ကျွန်တော့အစ်ကိုကို အမှတ်ရစေတယ်လေ..။သူ့အခြေအနေက ပိုဆိုးလာမှာကိုပဲ စိတ်ပူမိတယ်..။ပြီးခဲ့သည့် အချိန်တုန်းက အဖေက အစ်ကို့ကို အခွင့်အရေးပေးချင်လို့ သက်တမ်းကိုတောင် ထပ်မတိုးခဲ့ဘူးလေ..။အခု အင်ပါယာ ရွှန်းထျန်းက သူ့ရဲ့ အကောင်းဆုံး အချိန်မှာ ရှိနေတုန်းပဲ..။သူက ထီးနန်းကို ပေးဖို့အတွက် သေပေးစရာ မလိုဘူးလေ.."

ကျန်းဇီယု အကြောင်းပြောချိန်တွင် ကျန်းချန်ရှန်း တိတ်ဆိတ်သွားခဲ့သည်..။

သူ့သားက အကောင်းဆုံးဖြစ်၏..။ဒီဟာကို သူ ကောင်းကောင်း မှတ်မိသည်..။

သို့ပေမယ့် ဧကရာဇ် ရွှန်းထျန်ဘက်က ကြည့်ရင်လည်း သူ ဘာအမှားမှ မလုပ်ထားပေ..။သူက အသက်ရှင်နေတုန်းဖြစ်ပြီး ရည်မှန်းချက်များလည်း ရှိနေ၏..။ဘာလို့ သူက ထီးနန်းကို စွန့်ခွာပြီး ဧကရာဇ်ရာထူးက ဆင်းပေးရမှာလဲ...။

All Chapters