ကောင်းကင်ကျီးကန်း ကလန် ၊ ကပ်ဆိုးဆိုဒ်သည့် ဘဝ
Vol. 14 Ch. 210
"မင်းသူ့ကို သနားနေတယ် ဆိုတာက သူက မင်းရဲ့ အဖေနဲ့ဆင်တူ နေလို့ပဲ..။ဒါပေမဲ့ အင်ပါယာ ရွှန်းထျန်းက ဘာအမှားလုပ်ထားလို့လဲ..။သူက ကျန်းချီကို အစောကြီး မွေးထားလို့လား..။ဒါမှမဟုတ် သူက အပြစ်ကြီးကြီးမားမား လုပ်ထားမိလို့လား..။ကျန်းချီ နိုင်ငံကို အုပ်ချုပ်နေတာကလည်း..အင်ပါယာက ခွင့်ပြုပေးထားလို့ပဲ..။တကယ်လို့ သူ့ကြောင့်သာ မဟုတ်ရင် ကျန်းချီက တစ်ခြားမင်းသားတွေနဲ့ ပြိုင်ဆိုင်နေရတုန်းပဲ ရှိနေဦးမှာလေ..။ဒီလိုအရာတွေကသာ..ကျန်းချီ လက်ရှိဖြစ်ပေါ်နေတဲ့ အရာတွေထက် ပိုပြီး ဖိအားများလာစေမှာ.."
ကျန်းချန်ရှန်း တည်ငြိမ်စွာ ပြောလိုက်သည်..။ကျန်းချီ၏ အမြင်တွင်တော့ အနည်းငယ် ကွဲပြားနိုင်ပေမယ့် သူ့ရဲ့ အိမ်ရှေ့စံ ရာထူးကို ဧကရာဇ်က ပေးထားခြင်းဖြစ်သည်..။
အကယ်၍ ကျန်းချီက နိုင်ငံကို မအုပ်ချုပ်ချင်ဘူးဆိုရင် တစ်ခြား မင်းသားများက လိုလိုလားလား အုပ်ချုပ်ပေးကြမည်ဖြစ်၏..။
ကျန်းဂျီယန် ဒါကိုကြားပြီး တည်ငြိမ်သွားခဲ့သည်..။
ပိုင်ချီ ထပ်ပြောလိုက်သည်..။
"ဒါအမှန်ပဲ..။ဒါက ကံတရားအင်ပါယာလေ..။ထီးနန်းဆိုတာက ကလေးတွေ ကစားနေကြတာ မဟုတ်ဘူး..။ဒါက မိသားစု စီးပွားရေးလို လွှဲပြောင်းပေးလို့ လွယ်ကူတဲ့ အရာမဟုတ်ဘူးလေ..။ကျန်းချီ နိုင်ငံကို အုပ်ချုပ်တာက တကယ်ကို ကောင်းမွန်တယ် ဆိုပေမယ့် ဧကရာဇ်ကို ကျော်လွန်နိုင်တာ သေချာပြီလား..။ဧကရာဇ်က သူ့ရဲ့ ခွန်အားက်ို မြင့်တင်နေစဥ်အတွင်း လုပ်ပိုင်ခွင့် အာဏာတွေကို အကုန်ပေးထားခဲ့တာလေ..။တကျန်းမတိုင်ခင်မှာ ဧကရာဇ် ဘယ်နှစ်ယောက်ကများ ဒီလိုလုပ်ရဲလို့လဲ.."
ဂျီဝူဂျန် ခေါင်းညိမ့်လိုက်ပြီး..နတ်ဆိုး ဝံပုလွေကို မတူညီစွာကြည့်လိုက်သည်..။
ရီယွမ် စနောက်လိုက်၏..။
"ခွေးတစ်ကောင်က ဒါတွေ နားလည်မယ်လို့ မထင်ထားဘူး.."
"ဒါပေါ့..ငါက နင့်လို ဘယ်ဟုတ်ပါ့မလဲ..။နင်က ခွန်အားပဲ ရှိပြီး ဦးနှောက်ပါမလာဘူးလေ.."
"နင်..."
လူသားနဲ့ မြေခွေး ရန်ဖြစ်နေတာကို မြင်ပြီး ကျန်းဂျီယန်တောင် ပြုံးစိစိ ဖြစ်သွားခဲ့၏..။
ကျန်းဂျီယန် က အကြောင်းအကျိုး မဆီလျော်တဲ့လူ မဟုတ်ပေ..။သူ ကျန်းချန်ရှန်း ၏ စကားတွေကို အလျင်အမြန် နားလည်နိုင်ခဲ့၏..။
"အဘိုးပြောတာ မှန်ပါတယ်..။ဒီအင်ပါယာကို ကျန်းချီက တည်ထောင်ခဲ့တာ မဟုတ်ဘူးလေ..။သူ့အနေနဲ့ ထီးနန်းကို အလျင်အမြန်ကြီး ရယူချင်လို့ မဖြစ်ဘူး..။သူ့ကို သိုင်းပညာကိုပဲ ကြိုးစားလေ့ကျင့်ပြီး သက်တမ်းကို တိုးမြင့်ဖို့ အကြံပေးလိုက်ပါ့မယ်..။သူ့ရဲ့ သိုင်းပညာနယ်ပယ်က မြင့်နေသ၍ သက်တမ်းကို အင်ပါယာမဖြစ်မချင်း တိုးမြင့်လို့ရတယ်လေ..။မဟုတ်ဘူး..ဧကရာဇ်က ဘယ်လောက်ပဲ အဆင့်တွေတက်တက် သူ့ရဲ့ ကံတရားက အကန့်အသတ်ရှိမှာပဲ.."
ကျန်းဂျီယန် အသက်ပြင်းပြင်းရူပြီး လေးနက်သွားခဲ့သည်..။
ကျန်းချန်ရှန်း ." ငါကတော့ သူတို့နှစ်ယောက်ထက်စာရင် မင်းရဲ့ သိုင်းပညာနယ်ပယ်ကိုပဲ ပိုဂရုစိုက်တယ်..။အခုက စကြဝဠာအဆင့်ကို တက်ရောက်ဖို့ အချိန်ရောက်နေပြီ မဟုတ်လား.."
သူ ပင်အန်းကိုလည်း ကြည့်လိုက်သည်..။
ပင်အန်းက ဟောင်ထျန် ဟီထျန် တို့နှင့်ကစားနေကြ၏..။ကြောင်နှစ်ကောင်က သူ့ကို အတော်လေး သဘောကျပုံရသည်..။
ကျန်းဂျီယန် နောင်တရသည့် အမူအရာမျိုးဖြစ်သွားခဲ့ပြီး..
"လာမယ့် အချိန်တွေမှာ တောင်အောက်ကိုမဆင်းတော့ပဲ လေ့ကျင့်ရေးကိုပဲ အာရုံစိုက်ပါ့မယ်..။လက်ရှိတကျန်းက ကျွန်တော့်ကို ဆက်ပြီး မလိုအပ်တော့ဘူးလေ.."
ကျန်းချန်ရှန်း ခေါင်းညိမ့်ပြီး မျက်လုံးပိတ်လိုက်၏..။
ဒီကိစ္စက ပြီးသွားပြီဖြစ်သည်..။သူ့အမြင်တော့ ဒီကိစ္စကို အင်ပါရီယာ မိသားစုအတွင်းသာ ဖြေရှင်းသင့်ကြ၏.။
အကယ်၍ ကျန်းဂျီယန်ပါ ဝင်ပါရင် လက်အောက်ခံ တွေပါ ကျိန်းသေ ပတ်သက်လာကြမည်ဖြစ်ပြီး ရှုပ်ထွေးကုန်လိမ့်မည်..။
ကျန်းချန်ရှန်း၏ စိတ်ထဲတွင်တော့ ကျန်းချီ၏ အဆင့်အတန်းက ဧကရာဇ် ရွှန်းထျန်းနှင့် အတူတူပင်ဖြစ်သည်..။ဒါကြောင့် သူ ဘယ်သူ့ဘက်ကိုမှ လိုက်မည်မဟုတ်ပေ..။
လက်ရှိအချိန်တွင်တော့ ဧကရာဇ်ရွှန်းထျန်း၏ လုပ်ဆောင်ခဲ့မူများသည် ကျေနပ်စရာ ကောင်း၏..။
နောက်တစ်ရက်တွင်တော့ ကျန်းချီသည် ကျန်းဂျီယန် ဆီ လာရောက်လည်ပတ်ခဲ့သည်..။ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာ သိသွားသည့် အချိန်တွင် စိတ်ပျက်စွာသာ ပြန်သွားခဲ့၏..။
သူ မပြန်ခင်တွင် ကျန်းချန်ရှန်းသည် သူ့ကို တစ်ခုခု ပြောခဲ့သည်..။
"ချီအာ..မင်းရဲ့ နှလုံးသားကသာ စစ််မှန်ရင်တစ်ချိန်ချိန်မှာ အကျိုးအမြတ်ကို ရလိမ့်မယ်..။အလျင်စလို လုပ်လိူ့ မရတဲ့ အရာတွေက အများကြီးရှိတယ်..။အရာရာတိုင်းက်ို ရှင်းလင်းတဲ့ အသိတရားနဲ့လုပ်နိုင်ရင် အကောင်းဆုံးပဲ..။အကျ်ိုးအမြတ်ကိုပဲ တွက်ချက်နေရင်တော့..အဆုံးသတ်က ကောင်းနိုင်ပါ့မလား.."
ကျန်းချီ ဒါကိုကြားပြီး ချွေးစေး ပြန်လာခဲ့သည်..။
သူ အိပ်ခန်းကို ပြန်ရောက်သည့် အခါမှာတော့ ဒီအရာများကို တွေးနေခဲ့၏..။
သူက အရူးတစ်ယောက် မဟုတ်ပေ..။ကျန်းချန်ရှန်းဘာကို ဆိုလိုတာလဲ ဆိုတာကို သူသဘောပေါက်၏..။
သူ့က လက်ရှိအောင်မြင်မူများရယူ နိုင်သော်လည်း ၊ ဂုဏ်သတင်းချင်းနှိုင်းယှဥ်လျင် သူ့အဖေကို မယှဥ်သာသေးပေ..။ဒါကြောင့် လူထုက သူ့အဖေကိုသာ ရွေးချယ်ကြမည်ဖြစ်၏..။သူ့အဖေ စိတ်ဆ်ိုးသွားမည်ဆိုချင် စကားတစ်ခွန်းတည်းဖြင့်
သူ၏ အိမ်ရှေ့မင်းသား ရာထူးပျောက်ဆုံးသွားနိုင်သည်..။
လက်ရှိအချိန်တွင် သူ ထီးနန်းကို စိန်ခေါ်လို့ မဖြစ်သေးပေ..။
သူ့အဖေ၏ အရင်တုန်းက နည်းလမ်းများနှင့် သူ့ ညီအစ်ကို ဆွေမျိုးတွေ၏ ..ကောက်ကျစ်စဥ်းလဲ မူများကို သူ ပြန်တွေးမိလိုက်သည်..။
ကျန်းချီ အသက်ကို ပြင်းပြင်းရူလိုက်ပြီး သူ့မျက်လုံးတွေက လေးနက်လာခဲ့၏..။
မျက်စိတစ်မှိတ်အတွင်းမှာပဲ..။
နောက်ထပ်သုံးနှစ်ကုန်ဆုံး သွားခဲ့သည်..။
တကျန်း က ဖန်ထျန်းအင်ပါယာကို အနိုင်ယူပြီးကတည်းက ဘယ်အင်ပါယာကမှ တကျန်းကို မထိရဲတော့ပေ..။သူတို့က တာအိုဘ်ိုးဘေး တကျန်းမှာ မရှိတော့မှ တိုက်ခိုက်မယ့်အကြောင်းကို စကားပြောကြမည်ဖြစ်၏..။ဘယ်အင်ပါယာကမှ ဖန်ထျန်းလို ဘဝမြင့် မနေခဲ့ကြပေ..။ဒီတော့ သူတို့ တကျန်းနဲ့ အသေအကြေတိုက်ခိုက်ကြမှာ မဟုတ်ပေ..။
တကျန်းဟာ တိုးတက်လာခဲ့ပြီး လူနေမူအဆင့်အတန်းနှင့် စီးပွားရေးများမှာလည်း တဟုန်ထိုး တိုးတက်လာခဲ့သည်..။သားရဲများကို သတ်ဖြတ်အမဲလိုက်ခြင်းများကလည်း အသားစျေးများကို ကျဆင်းစေခဲ့၏..။တစ်ဖက်မှာတော့ အသီးအရွက် စျေးနှုန်းများက ထိုးတက်လာခဲ့သည်..။
အံ့ဖွယ်ကုန်သွယ်ရေး ခန်းမက ..တကျန်းတစ်ခုလုံးတွင် အကိုင်းအခွဲများကို ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်သည်..။သူတို့၏ အလေးထားမူကလည်း တကျန်းကိူသာ ရွေ့ပြောင်းထားခဲ့ကြ၏..။သူတို့က အင်ပါရီယာ မိသားစု အဆင်ပြေစေဖို့အတွက် အင်ပါရီယာ ခုံအဖွဲ့ကို အံ့ဖွယ်ကုန်သွယ်ရေးနှင့် ပူးပေါင်းလုပ်ဆောင်ရန် အထူးတောင်းဆိုခဲ့သည်..။ဧကရာဇ် ရွှန်းထျန်းနှင့် အိမ်ရှေ့မင်းသားသည် ဒီအရာနှင့်ပတ်သက်ပြီး အတော်လေးကျေနပ်ကြ၏..။
ဩဂုတ်လ အစပိုင်းတွင်တော့ စီ စီရင်စု သည် ခါတိုင်းထက်ပိုပြီး ပူပြင်းလာခဲ့သည်..။
ကျန်းယင် လာရောက်လည်ပတ်ခဲ့၏..။
"တာအိုဘိုးဘေး အခြေအနေက သိပ်မကောင်းတော့ဘူး..။ဆန်းကျယ်တဲ့ မီးငှက်ကြီးတစ်ကောင်က ထျန်ဟိုင်ရဲ့ တောင်ဘက် ပင်လယ်မှာ ပေါ်လာခဲ့တယ်..။သူ့ခန္တာကိုယ် တစ်ခုလုံးက မီးတွေနဲ့ပြည့်နေတာလေ..။သူက လတ်တလော တစ်ခြား တိုက်ကြီးတွေကို လှည့်ပတ်သွားလာပြီး မီးတောက်တွေ ပစ်ချနေခဲ့တယ်..။ကောင်းကင်အဆင့် ပညာရှင်တွေတောင် ဘာမှမတတ်နိုင်ကြဘူး.."
ကျန်းယင် ကြောက်ရွံ့သည့် အမူအရာဖြစ်နေခဲ့သည်..။
သူ့အမြင်တွင်တော့ ဒါက နတ်ဆိုးကပ်ဘေးကြီးက တကျန်းကို ကျရောက်တော့မည်ဖြစ်၏..။အရင်တုန်းက နတ်ဆိုးကပ်ဘေးက ဘာမှမဟုတ်ပေ..။တစ်ခြားပင်လယ်ဒေသများနှင့်ယှဥ်ရင် တကျန်းက အတော်ကံကောင်းသည်ဟု ပြောလို့ရ၏..။
ကျန်းချန်ရှန်း၏ တွက်ချက်မူအရတော့ ဒီ မီးငှက်၏ တန်ဖိုးက အမှတ် ၇ သန်းကျော်ပြီး ကောင်းကင်ရှစ်ခု နယ်ပယ်နှင့်ညီမျှ၏..။
သူ၏ ခွန်အားနှင့်ဆိုရင် ဘယ်သူကမှ တားဆီးနိုင်မှာမဟုတ်ပေ..။
"မီးငှက်လား..ဘယ်လောက်ကြီးလဲ.."
ဂျီဝူဂျန်ရဲ့ အမူအရာဟာ လေးနက်သွားပြီးမေးလိုက်သည်..။
ကျန်ယင် ဒီမိန်းကလေးကို မသိပေမယ့် ပြန်ဖြေလိုက်၏..။
"သူ့ရဲ့ တောင်ပံတွေကို ဖြန့်လိုက်ရင် အနည်းဆုံး ပေတစ်ထောင်လောက် ရှိတယ်လို့ ပြောတယ်..။သူ့ရဲ့ မီးတောက်တွေကလည်း မိုင်ပေါင်း ဒါဇင်လောက်ချီပြီး ပျံ့နှံ့နေတာ.."
ဂျီဝူဂျန် မျက်မှောင်ကျုတ်လိုက်သည်..။
"တာအိုဘိုးဘေး ဒါက ကောင်းကင်ကျီးကန်းပဲ..။ဒါကအင်အားကြီး နတ်ဆိုးမျိူးနွယ်တွေထဲက တစ်ခုပဲ..။အရင်တုန်းက မြင့်မြတ်သော အင်ပါယာ အပြင်ဘက်မှာ ကောင်းကင် ကျီးကန်း ကလန် ရှိတယ်..။ကောင်းကင်ကျီးကန်ကလန်က မြင့်မြတ်သော အင်ပါယာကိုတောင် ချိန်းခြောက်နိုင်စွမ်းရှိတယ်လေ..။တစ်ကောင်သတ်ခံရတာနဲ့ တစ်ခြားအကောင်တွေကျိန်းသေ ထပ်ပေါ်လာလိမ့်မယ်..။ဒီကိစ္စက ဖြေရှင်းဖို့ မလွယ်ဘူး.."
ကျန်းချန်ရှန်းရဲ့ အမူအရာ မပြောင်းလဲပဲ မေးလိုက်၏..။
"ကောင်းကင်ကျီးကန်း ကလန်က ဘယ်လောက်ထိ အင်အားကြီးလဲ..."
[ အမှတ် ၁၄၇၇၀၈၀၀၀ လိုအပ်သည်..။ရှေ့ဆက်ချင်ပါသလား...]
ဒါက ကျနိးချန်ရှန်း တွေ့ဖူးသည့်အထဲတွင် အင်အားအကြီးဆုံးဖြစ်သည်..။သိုင်းအင်ပါယာ ကျွန်းတောင် ဒီလောက်အထိ မသန်မာပေ..။
ဒါက နတ်ဆိုးမျိုးနွယ်တွေထဲမှာ တစ်ခုသာဖြစ်၏..။နတ်ဆိုးမျ်ိုးနွယ်တွေကို နှစ်ပေါင်းများစွာကြာအောင် ထိန်းထားခဲ့တဲ့ မြင့်မြတ်သော အင်ပါယာက တစ်ချိန်က ဘယ်လောက်တောင် သန်မာခဲ့လဲ သူသိချင်မိ၏..။
[ကောင်းကင်ကျီးကန်း ကလန်ရဲ့ အသန်မာဆုံး ပညာရှင်က ဘယ်လောက်ရှိလဲ "
[ အမှတ် ၁၆၀၀၀၀၀၀ လိုအပ်သည်။ရှေ့ဆက်ချင်ပါလား...]
နိုး..
ကျန်းချန်ရှန်း ..." ငါတို့ ဒီအကောင်ကို သတ်လိုက်ရန် သူ့ရဲ့ ကလန်က ဘယ်မှာသေလဲ ဘယ်သူသတ်လဲဆိုတာကို အာရုံခံနိုင်လောက်လား.."
ဂျီဝူဂျန် ခေါင်းညိမ့်လိုက်သည်..
"အသေအချာပဲ..။ကောင်းကင်ကျီးကန်းတွေက သာမန် နတ်ဆိုးတွေမဟုတ်ဘူး..။သူက ကောင်းကင်နဲ့မြေကြီးရဲ့ ထူးဆန်းတဲ့ သားရဲပဲ.."
ကျန်းချန်ရှန်းအတွေးနက်သွားခဲ့သည်..။
သူ ရုတ်တရက် ဖိအားဝင်လာသလို ခဲံစားရ၏..။ဒီနတ်ဆိုးတွေက သူထင်ထားတာထက် ပိုလေးနက်နေခဲ့သည်..။
ကျန်းချိန်ရှန်း တိတ်ဆိတ်နေတာကိုမြင်ပြီး တစ်ခြားလူတွေ၏ အမူအရာလည်း ပျက်ယွင်းနေကြသည်...။
သူတို့ နတ်ဆိုးကပ်ဘေးကြောင့် ဖိအားဝင်ရတာ ပထမဆုံးဖြစ်၏..။
ကျန်းချန်ရှန်း ," နားလည်ပြီး..တစ်ခြားရှိသေးလား.."
ကျန်းယင် ခေါင်းခါယမ်းလိုက်သည်..။
ကျန်းချန်ရှန်း လက်ဝေ့ယမ်းပြလိုက်ရာ သူ ချက်ချင်း အရိုအသေပေးပြီး ထွက်သွားခဲ့သည်..။
ယင်းနောက် ကျန်းချန်ရှန်းသည် သူ့ရဲ့ အကန့်သတ်မဲ့ မျက်လုံးနှင့် တောင်ဘက်ကိုကြည့်လိုက်၏..။
ဂျီဝူဂျန် ဒါကိုမြင်ပြီး သိချင်သွားခဲ့သည်..။
ကျန်းချန်ရှန်း အတော်ကြာအောင် ရှာပြီးနောက်တွင် ကောင်းကင်ကျီးကန်းကို တွေ့လိုက်ရသည်..။သူက တောင်ပံများဖြန့်ပြီး ပျံသန်းနေ၏..။မရေမတွက်နိုင်တဲ့ မီးတောက်များက ကောင်းကင်ထက်မှ ပြုတ်ကျနေခဲ့သည်..။သိုင်းပညာရှင်တွေ များစွာက ဝန်းရံတိုက်ခိုက်နေသော်လည်း သူ့ကို နာကျင်အောင် မစွမ်းဆောင်နိုင်ကြပေ..။
ကောင်းကင်ကျီးကန်းသည် ပျော်ပါးနေခဲ့၏..။
သူက သတ်ဖြတ်ရတာကို သဘောကျနေခဲ့သည်..။
မောက်မာတယ်
ကျန်းချန်ရှန်း သတ်ဖြတ်ချင်လာခဲ့သည်..။
တိုက်ဆိုင်စွာပဲ ဒီတိုက်ကြီးပေါ်တွင် ပြန်လည်မွေးဖွားမူ အမှတ်အသားတစ်ခု ရှိနေခဲ့သည်..။
ပင်လယ်လေးခု သူတော်စင်...
ဒီငနဲ၏ ဘဝက အတော် ခါးသက်လှသည်..။သူက သိုင်းပညာကို ရှာဖွေရန် ထျန်ဟိုင်မှ ထွက်လာခဲ့ခြင်းဖြစ်၏..။ရလာဒ်အနေနဲ့ သူ ဒီတိုက်ကြီးကို ရောက်ပြီး နှစ်အနည်းငယ်တွင် ကောင်းကင်ကျီးကန်း၏ တိုက်ခိုက်ခြင်းကို ခံနေရသည်..။သူ၏ ကံဆိုးမူကို အမှတ် ၁၀၀၀၀ နှင့် ကယ်တင်နိုင်၏..။
အဲ့အချိန်မှာတော့ ရီယွမ်နှင့်ကျန်တဲ့လူများဟာ ဂျီဝူဂျန်ကို ကောင်းကင်ကျီးကန်း ငှက်အကြောင်းမေးနေကြသည်..။
ဂျီဝူဂျန်သည် တိုက်ပွဲကွင်းပြင်မှာ နှစ်ပေါင်းများစွာကြာအောင် မရှိခဲ့ပေမယ့် နတ်ဆိူးများနှင့်တိုက်ပွဲစတင်သည့် အချ်ိန်တွင် တိုက်ခိုက်ခဲ့သူ ဖြစ်သည်..။သူက ကောင်းကန်ကျီးကန်များ၏ ထည်ဝါမူကို ကိုယ်တိုင်မြင်တွေ့ခဲ့ရ၏..။
.
ကျန်းချန်ရှန်း ရုတ်တရက် တစ်ခုခုကို တွေးမိသွားပြီး တိတ်တဆိတ်ထွက်သွားခဲ့သည်..။
ပိုင်ချီ နောက်ကိုလှည့်ကြာ့ကာ တစ်ခုခုကို ခန့်မှန်းလိူက်မိပြီး သူမမျက်လုံးထဲတွင် မျှော်လင့်ချက်များပေါ်လာခဲ့သည်..။
တစ်ခြားလူများလည်း အတူတူပင်ဖြစ်ပေမ
ယ့် မမြင်ချင်ယောင် ဆောင်ထားကြ၏..။
ကျန်းချန်ရှန်း မြူတွေထဲကို တိုးဝင်ပြီး အလျင်အမြန်ပျောက်ကွယ်သွားခဲ့သည်..။
အနက်ရောင်တ်ိမ်တိုက်များထဲတွင် ကောင်းကင်တစ်ခုလုံး မီးတောက်များနှင့် ပြည့်နေခဲ့၏..။
ကြီးမားသည့် ကောင်းကင်ကျီးကန်းသည် မီးပင်လယ်ကြားထဲတွင်ရှိနေခဲ့သည်..။သူအော်ဟစ်လိုက်တိုင်း မီးတောက်များက မိုးစက်တွေလို ကျဆင်းလာပြီး နေရာအနှံ့ကို လောင်ကျွမ်းကုန်၏..။
သေးငယ်သော မြိုတစ်ခုထဲတွင်..။
ပိန်ပိန်ပါးပါး လူတစ်ယောက်သည် ဝိုင်သောက်နေခဲ့သည်..။သူကသာမန်ပုံစံသာ ရှိပြီး..ချည်ထည်အင်္ကျီကို ဝတ်ဆင်ထား၏..။
ဆိုင်ရှင်ဟာ စိတ်ပူစွာရောက်လာခဲ့ပြီး..
"ဧည့်သည် ဘာလို့မပြေးသေးတာလဲ..။သောက်နေတာ ရပ်လိုက်တော့..။ဘယ်လိုလုပ် ဝိုင်က အသက်ထက်ပိူပြီး အရေးကြီးနေရတာလဲ.."
ဒါကိုပြောပြီးတာနဲ့ သူက အထုတ်အပိူးများကို ဆွဲကာ ထွက်ပြေးသွားခဲ့သည်..။လူကြီစတစ်ယောက်တည်းသာ ကျန်းနေခဲ့၏..။
"ငါ ဝမ်လောင် ဒီဘဝမှာ ကံဆိုးမူကနေ မလွတ်မြောက်နိုင်ဖြစ်မယ်လို့ မထင်ထားဘူး..။ငါ သေခြင်းတရားကနေ အကြိမ်များစွာ လွတိမြောက်ခဲ့ပေမယ့် ဒီတစ်ကြိမ်တော့ မလွတ်မြောက်နိင်တော့ဘူး.."
လူကြီးဟာ အားတင်းပြုံးပြီး ဝိုင်ကို တစ်ချိုင့်တည်းသောက်လိုက်သည်..။
ဝမ်လောင်သည် ပင်လယ်လေးခု သူတော်စင်ပြန်လည် ဝင်စားထားခြင်းဖြစ်၏..။
ထျန်ဟိုင်ပင်လယ်မှာမွေးပြီး သူ့မိဘတွေက ငယ်စဥ်ကတည်းက သေဆုံးသွားကြသည်..။အဲ့အချိန်မှာတော့ သူက သိုင်းပညာသင်ယူချင်စိတ်များ ဖြစ်ပေါ်လာခဲ့၏..။ဒါကြောင့် သူက ပင်ဘယ်ဒေသက ထွက်ခွာပြီး နှစ်ပေါင်းများစွာအကြာတွင် ဒီတိုက်ကြီးကို ရောက်လာခဲ့ခြင်းဖြစ်သည်..။
ဒီတိုင်ကြီး၏ သိုင်းလောကက ထျန်ဟိုင်ထက် ပိုပြီး သန်မာသည်..။ဒါက သူ့အတွက်မျှော်လင့်ချက်ဖြစ်စေ၏..။အချို့အကွေ့များစွာကြုံအပြီးတွင် သူ နောက်ဆုံးတော့ ဂိုဏ်းတစ်ခုကို ဝင်ရောက်ခဲ့၏..။
သို့ပေမယ့် အချိန်ကောင်းတွေက ကြာရှည်မခံခဲ့ပေ..။သူ ကောင်းကင်ရောက်ရှိမူ နယ်ပယ်ကို ရောက်တာနဲ့ ကောင်းကင်ကျီးကန်း တစ်ကောင်က လာရောက်သောင်းကျန်းခဲ့သည်..။သူ့ရဲ့ ဂိုဏ်းက ဒီအကောင်ကြီးနဲ့ တိုက်ခိုက်ခဲ့၏..။အဆုံးမှာတော့ အကုန်သေဆုံးခဲ့ကြပြီး သူကတော့ တံခါးပိတ် ကျင့်ကြံနေတာကြောင့် ကပ်ဆိုးက လွတ်မြောက်ခဲ့သည်..။
Translated By Dao Ancestor