← Chapters

မရဏမျိုးနွယ်စု ထွက်ပေါ်လာပြီ။

Vol. 34 Ch. 465

မရဏမျိုးနွယ်စု ထွက်ပေါ်လာပြီ။

Vol. 34 Ch. 465

ဘာသာပြန်- The Fate

ဘုန်း! 

ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားကြီးသည် ကမ္ဘာလောကအတွင်း ပျံ့လွင့်တိုက်ခတ်သွားပြီးနောက် အနီရောင်မီးတောက်မီးလျှံ အလင်းတန်းကြီးသည် အရပ်လေးမျက်နှာသို့ ရောင်ပြန်ဟပ်သွားခဲ့သည်။

ပျံ့လွင့်ထွက်ပေါ်လာသော စွမ်းအားအရိပ်အငွေ့များသည် ယွမ်ဟွားကောင်းကင်ဘုံကြီးတစ်ခုလုံးနီးပါးကို ဖုံးကာပစ်လိုက်ကာ ကျင့်ကြံသူအများကို တုန်လှုပ်ခြောက်ခြားစေခဲ့၏။

"ဘာတွေဖြစ်နေတာလဲ။"

"ကောင်းကင်ကြီးပြိုကျလာတာလား။"

"တည်နေရာကို ကြည့်ရတာ ကောင်းကင်ပြုပြင်ဂိုဏ်းပဲဟ။ ကောင်းကင်ပြုပြင်ဂိုဏ်းမှာ တစ်ခုခုဖြစ်နေတာများလား။"

"အခုတလော ဘာတွေဖြစ်နေတာလဲကွာ။ ထိပ်တန်းအင်အားစုကြီးတွေကို ရှန်ရှန်ကျုံ့ဂိုဏ်းက တိုက်ခိုက်ခဲ့တယ်။ အခုလည်း ကောင်းကင်ပြုပြင်ဂိုဏ်းမှာ မတော်တဆမှု ရှိနေပြန်ပြီ။"

ခမ်းနားကြီးကျယ်သော စွမ်းအားကြီးကို ခံစားလိုက်ရသော ကျင့်ကြံသူအားလုံးသည် ထိတ်လန့်ခြောက်ခြားစွာ ပြောဆိုဆွေးနွေးနေကြသည်။ သူတို့ဟာ ကောင်းကင်ပြုပြင်ဂိုဏ်းကို သွားရောက်စုံစမ်းချင်သော်လည်း ထိုသို့ပြုလုပ်ရန် သတ္တိမရှိကြပါ။

တစ်ချိန်တည်းမှာပဲ ကျယ်ပြောနက်ရှိုင်းသော အရှိန်အဝါကြီးများကြောင့် အထူးအင်အားစုများ တည်ရှိရာ လျို့ဝှက်ကမ္ဘာလေးများသည် တုန်ယင်သွားကြသည်။

ပဏ္ဍိတနယ်ပယ်အဆင့် စွမ်းအားရှင်ကြီးများသည် ကောင်းကင်ယံထက်၌ တစ်ယောက်ပြီးတစ်ယောက်ထွက်ပေါ်လာကြကာ ကောင်းကင်ပြုပြင်ဂိုဏ်းတည်ရှိသော ချန်းမန်တောင်တန်းနယ်မြေကို စူးစိုက်ကြည့်ရှုလိုက်သည်။

အတားအဆီးများကို ဖြတ်ကျော်သွားပြီးနောက် သူတို့ဟာ လီပိုင်နှင့် ကောင်းကင်ပြုပြင်ဂိုဏ်း၏ ပဏ္ဍိတအကြီးအကဲကြား တိုက်ပွဲကို တွေ့မြင်ခဲ့ရသည်။ အထူးအင်အားစုများ၏ ပဏ္ဍိတအကြီးအကဲများအားလုံးသည် လေးနက်သော အမူအယာဖြင့် တီးတိုးပြောဆိုလိုက်သည်။

"ဂိုဏ်းချုပ်ဝမ်က တကယ်ကြီး သွားရောက်ခဲ့တာပဲ!"

"လူတိုင်းပဲ ကောင်းကင်ပြုပြင်ဂိုဏ်းသာ ကျရှုံးသွားမယ်ဆိုရင် ဂိုဏ်းချုပ်ဝမ်ရဲ့စကားတွေကိုလိုက်နာပြီး ရှန်ရှန်ကျုံ့ဂိုဏ်းကို အကြွင်းမဲ့အာဏာရှင်အဖြစ် လေးစားကြရအောင်။"

 ဟွမ်ထျန်းအိမ်တော်၏ ဘိုးဘေးအိုကြီးက လေးနက်သော အမူအယာဖြင့် ပြောဆိုခဲ့သည်။

"ကောင်းပြီ။ အဲ့ဒါက တကယ်ပဲ အစစ်အမှန် နဂါးတစ်ကောင်လားဆိုတာကို စောင့်ကြည့်ကြရအောင်။"

အခြားအထူးအင်အားစုနှစ်စုမှ မြင့်မြတ်သော အကြီးအကဲများကလည်း တစ်ညီတညွှတ်တည်း ခေါင်းငြိမ့်လိုက်ကြသည်။

ရှန်ရှန်ကျုံ့ဂိုဏ်းနှင့် ကောင်းကင်ပြုပြင်ဂိုဏ်းအကြား တိုက်ပွဲသည် အထူးအင်အားစုကြီးများ၏ နှလုံးသားကို ထိခတ်စေခဲ့ပါသည်။ ဤတိုက်ပွဲပြီးတဲ့နောက်မှာ ယွမ်ဟွားကောင်းကင်ဘုံကြီးသည် အပြောင်းအလဲများနှင့် တွေ့ကြုံရလိမ့်မည်။ ရှန်ရှန်ကျုံ့ဂိုဏ်းကပဲ အနိုင်ရနိုင်မလား၊ ကောင်းကင်ပြုပြင်ဂိုဏ်းကပဲ အနိုင်ရနိုင်မလားဆိုတာကိုတော့ ဆက်လက်စောင်ကြည့်ရဦးမည်။

ကောင်းကင်ပြုပြင်ဂိုဏ်း၏ အထက်ကောင်းကင်ယံတွင်....

 လီပိုင်၏ မျက်နှာက ထူးမခြားနားစွာ ရှိနေခဲ့ပြီး မီးတောက်နဂါးတစ်ကောင်ကဲ့သို့ ဟိန်းဟောက်နေသည့် တလက်လက်တောက်ပနေသော ဓားအလင်းတန်းကို စူးစိုက်ကြည့်နေခဲ့သည်။ သူ၏ ခန္တာကိုယ်ဟာ အနည်းငယ်တုန်ယင်လာခဲ့ပြီး ခမ်းနားကြီးကျယ်သော စွမ်းအားများ ပျံ့လွင့်ထွက်ပေါ်လာခဲ့ကာ သူ့တစ်ကိုယ်လုံးကို တလက်လက်တောက်ပနေသော အလင်းတန်းကြီးက ရုတ်ချည်း ရစ်ပတ်လိုက်သည်။ ဓားနတ်ဘုရားတစ်ပါးကဲ့သို့ ထိတ်လန့်ဖွယ်ကောင်းသော အရှိန်အဝါကြီးသည် အရပ်လေးမျက်နှာသို့ ပျံ့လွင့်သွားခဲ့ကာ တောက်လောင်နေသော မီးတောက်မီးလျှံများကို တွန့်ဆုတ်သွားစေခဲ့သည်။

ဓားရှည်ဟာ သူ့လက်ထဲ၌ လွှဲယမ်းကခုန်နေခဲ့ပြီး အစိမ်းရောင်ကြာပွင့်ကြီးနှင့်တူသော ဓားချီသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ကောင်းကင်ပြုပြင်ဂိုဏ်း အကြီးအကဲ၏ ကျက်သရေရှိ လှပသော ဓားသိုင်းကွက်နှင့် နှိုင်းယှဥ်ရပါက လီပိုင့်၏ ဓားကွက်ဟာ ခမ်းနားကြီးကျယ်ခြင်းမရှိဘဲ သန့်စင်သောစွမ်းအားများသာ ကိန်းဝပ်နေခဲ့သည်။

ချင်းလျန်ဓားစွမ်းအားမှ ထုတ်လွတ်နေသော ပြိုင်ဘက်ကင်းသည့် ဓားဆန္ဒအရှိန်အဝါသည် အရပ်လေးမျက်နှာကို တုန်လှုပ်ခြောက်ခြားစေခဲ့၏။

"ချင်းလျန်ဓားတေးသံ!"

လီပိုင်က သူ့လက်ထဲရှိဓားရှည်ကို ဝေ့ယမ်းလိုက်ကာ ဟိန်းဟောက်ပြောဆိုလိုက်သည်။ မရေမတွက်နိုင်သော ချင်းလျန်ဓားချီများသည် ရုတ်ချည်းပြေးထွက်သွားခဲ့ကာ ကောင်းကင်ယံ၌ မိုးသည်းထန်စွာရွာသကဲ့သို့ ဓားများဖြင့် ပြည့်နှက်သွားခဲ့ပြီး အနီရောင် မီးတောက်မီးလျှံဓားအလင်းတန်းကို ခုတ်ပိုင်းဖြတ်တောက်လိုက်သည်။

"ဘုန်း!"

ထိတ်လန့်ဖွယ်ကောင်းသော ဓားသိုင်းကွက်ကြီးနှစ်ခုသည် ပွတ်တိုက်မိသွားကာ ကြီးမားသော ပေါက်ကွဲအားကြီးကို ဖြစ်ပေါ်စေခဲ့သည်။ အဆိုပါ ဓားနှစ်လက်၏ အားပြိုင်မှုအောက်တွင် မိုးထိအောင်မြင့်မားနေသော တောင်ထိပ်များမှာ ရုတ်တရက်ပြိုကျသွားခဲ့ပြီး ဝန်းကျင်တစ်ခွင်၌ မြူခိုးမြူငွေ့များ ၊ဖုန်မှုန့်များဖြင့် တထောင်းထောင်းထသွားခဲ့သည်။

အထက်ကောင်းကင်ယံတွင် ချင်းလျန်ဓားချီသည် ဓားမြစ်ကြီးတစ်စင်း စီးဆင်းနေသကဲ့သို့ စဥ်ဆက်မပြတ်ရွေ့လျားနေခဲ့ကာ အနီရောင်မီးတောက်မီးလျှံဓားအလင်းတန်းကို အပေါက်ပေါက်များဖြစ်အောင် ဖြတ်တောက်ပစ်လိုက်သည်။ တစ်ခဏအတွင်း၌ အနီရောင် ဓားအလင်းတန်းသည် ကမ္ဘာလောကကြီးအတွင်းမှ ပျောက်ကွယ်သွားခဲ့သည်။ 

တစ်ချိန်တည်းတွင် ကြွင်းကျန်ရစ်သော ချင်းလျန်ဓားချီများကလည်း အပိုင်းပိုင်းအစစ ပြိုလဲသွားခဲ့ကာ ကြီးမားသော အစိမ်းရောင်ကြာပွင့်ချပ်ကြီးနှင့်တူသည့် ဓားချီတစ်ခုအဖြစ် အသွင်ပြောင်းလဲသွားခဲ့သည်။ ယင်းအစိမ်းရောင် ကြာပွင့် ဓားချီစွမ်းအားဟာ ကောင်းကင်ယံထက်မှ သက်ဆင်းလာခဲ့ပြီး ကောင်းကင်ပြုပြင်ဂိုဏ်း၏ ပဏ္ဍိတဘိုးဘေးအိုကြီးကို ဖိနှိပ်ထားခဲ့သည်။ ကောင်းကင်ပြုပြင်ဂိုဏ်း ပဏ္ဍိတဘိုးဘေးအိုကြီး၏ စိတ်ဝိညာဥ်တစ်ခုလုံးမှာ တုန်ယင်လာခဲ့ပြီး သူ့နှလုံးသားအနက်ပိုင်းမှ သေခြင်းတရားကို ခံစားသိရှိလိုက်ရသည်။

"ကျား!"

သူဟာ တွေးတောဖို့တောင် အချိန်မရှိဘဲ ရုတ်တရက်ဟစ်ကြွေးလိုက်ကာ ကိုယ်တွင်းရှိ စွမ်းအားများကို ပြင်းထန်စွာ ရွေ့လျားစေလိုက်ပြီး သူ့ဦးခေါင်းအထက်၌ ကြီးမားသော ဒိုင်းကာကြီးကို ဖန်တီးလိုက်ကာ ဧရာမချင်းလျန်ဓားစွမ်းအားကို ခုခံရန်ကြိုးစားခဲ့သည်။

ဘုန်း!

ကျယ်လောင်သော ပေါက်ကွဲသံကြီး မြည်ဟည်းထွက်ပေါ်လာခဲ့ကာ ထိတ်လန့်ဖွယ်ကောင်းသော ဓားချီသည် သက်ဆင်းလာခဲ့သည်။ ထိတ်လန့်ဖွယ်ကောင်းသော ဖိအားကြီးကြောင့် ကောင်းကင်ပြုပြင်ဂိုဏ်း၏ ပဏ္ဍိတစွမ်းအားရှင်သည် မြေပြင်အတွင်းသို့ ဖိနှိပ်ခံလိုက်ရပြီး မြေပြင်အထက်၌ ကြီးမားသော တွင်းပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့၏။

"ဖစ်!"

ကောင်းကင်ပြုပြင်ဂိုဏ်း၊ ပဏ္ဍိတအိုကြီး၏ခံတွင်းမှ သွေးတစ်လုပ်အန်ထုတ်လိုက်ရသည်။ သူ၏မျက်နှာမှာ ဖြူဖျော့နေပြီး ခန္တာကိုယ်တစ်ခုလုံးမှာ သနားချင့်စဖွယ် ဖြစ်နေခဲ့သည်။ သူဟာ ဧရာမတွင်းနက်ကြီးအတွင်း၌ ဒူးတစ်ဖက် ထောက်လျက်ရှိနေခဲ့ပြီး သူ၏လက်များဟာ ဓါးအလင်းတန်းကို ဆုပ်ကိုင်ထားခဲ့ပြီး တားဆီးရန်ကြိုးစားနေခဲ့သည်။ သူဟာ ကိုယ်တွင်းရှိစွမ်းအားများအားလုံးကို လှည့်ပတ်စေခဲ့ပြီး ချင်းလျန်ဓားစွမ်းအားကို အဝေးသို့ ပစ်လွတ်ချင်ခဲ့သည်။ သို့ပါသော်လည်း ဓားစွမ်းအားတွင် ပါဝင်နေသော ဖိအားဟာ ဧရာမတောင်တန်းကြီးများကဲ့သို့ လေးလံနေခဲ့ပြီး သူ့ခွန်အားကုန်သုံးခဲ့တာတောင်မှ အနည်းငယ် မရွေ့လျားစေခဲ့ပါ။

သူ၏ခန္တာကိုယ်မှာ တဖြည်းဖြည်း ကွေးသည်ထက်ပို၍ ကွေးညွတ်လာခဲ့ပြီး မြေပြင်အတွင်းသို့ သံချောင်းတစ်ချောင်းအလား စိုက်ဝင်သွားခဲ့သည်။ အဆုံးမှာတော့ သူ့ခန္တာကိုယ်တစ်ခုလုံးဟာ မြေပြင်၌ အပြီးတိုင်မြေမြှုပ်ခံလိုက်ရပြီး ခေါင်းနှင့် လက်တစ်စုံသာ ကြွင်းကျန်ရစ်တော့သည်။ သူ၏ဆံနွယ်များမှာ လေယူရာ ယိမ်းနွဲ့နေခဲ့ပြီး သူ့လက်များ၌ သွေးများစွန်းနေခဲ့သည်။ သူ့မျက်ဝန်းများအတွင်း၌တော့ ထိတ်လန့်ခြောက်ခြားမှုများ ရှိနေခဲ့၏။ 

လီပိုင်၏ ဓားချက်က သူ၏ မောက်မာမှုနှင့် ထောင်လွှားမှုများကို ဗလာနတ္ထိအခြေအနေသို့ တိုက်စားဖျက်စီးလိုက်သည်။ သူ့၌ အကြောက်တရားများသာ ကျန်ရစ်တော့သည်။ သေခြင်းတရားကို ကြောက်ရွံလှတာကြောင့် သူ၏ လက်များဟာ ပြင်းထန်စွာ တုန်လှုပ်နေခဲ့လေသည်။

"ရဲတင်းလိုက်တာ။"

ဤအရာများအားလုံးဟာ တစ်ခဏအတွင်း မျှော်လင့်မထားစွာ ဖြစ်ပျက်ခဲ့ခြင်းဖြစ်၏။ လျိုဖေးယုနှင့် ကောင်းကင်ပြုပြင်ဂိုဏ်း၏ အခြားပဏ္ဍိတစွမ်းအားရှင်သည် ရုတ်တရက် လှုပ်ရှားလိုက်ကာ မြေပြင်းအတွင်းနစ်ဝင်နေသော ဘိုးဘေး၏ ဘေးနား၌ ထွက်ပေါ်လာခဲ့သည်။ သူတို့ဟာ ချင်းလျန်ဓားစွမ်းအားကို ပယ်ဖျက်လိုက်ပြီး ကောင်းကင်ပြုပြင်ဂိုဏ်း၏ ပဏ္ဍိတအိုကြီးကို မြေပြင်အတွင်းမှ ပြန်လည်ဆွဲထုတ်လိုက်သည်။ သူဟာ ပဏ္ဍိတစွမ်းအားရှင်နှစ်ပါးကို ဆုံးရှုံးခဲ့ပြီးဖြစ်ရာ နောက်ထပ်တစ်ပါးကို မဆုံးရှုံးချင်တော့ပါ။

လီပိုင်ထုတ်ဖော်ပြသလိုက်သော ထိတ်လန့်ဖွယ်စွမ်းအားသည် လျို့ဖေးယုကို ထိတ်လန့်ခြောက်ခြားသွားစေခဲ့သည်။ သူဟာ ပဏ္ဍိတနယ်ပယ် အထွတ်အထိပ်၌ ရှိသော်လည်း သူကိုယ်တိုင်ကတောင် ကောင်းကင်ပြုပြင်ဂိုဏ်း၏ ဘိုးဘေးကို ဤမျှလောက် လွယ်လွယ်ကူကူဖြင့် အနိုင်မယူနိုင်ပါ။

အစမှအဆုံးထိ ဝမ်ဖုန်းနှင့် လီပိုင်တို့နှစ်ယောက်စလုံးသည် တိုက်ပွဲအတွင်း၌ အင်မတန်မှ တည်ငြိမ်နေခဲ့ကြသည်။ ရှန်ရှန်ကျုံ့ဂိုဏ်း၏ လက်ရှိခွန်အားဖြင့်ဆိုပါက ယွမ်ဟွားကောင်းကင်ဘုံကြီး၏ အထူးအင်အားစုတစ်စုကို ဖျက်စီးရန် လွယ်ကူလှလေသည်။

"အရှင်၊ ကျုပ်တို့ ကောင်းကင်ပြုပြင်ဂိုဏ်းက ရှုံးနိမ့်မှုကို လက်ခံပါတယ်။ အရှင့်မှာ လိုအပ်ချက်တစ်စုံတစ်ရာရှိမယ်ဆိုရင် ကောင်းကင်ပြုပြင်ဂိုဏ်းက တတ်စွမ်းသ၍ ဖြည့်ဆည်းပေးမှာပါ။"

လျို့ဖေးယုက မဲမှောင်နေသော အမူအယာဖြင့် ဝမ်ဖုန်းကို စိုက်ကြည့်လိုက်ပြီး လေးနက်စွာ ပြောဆိုလိုက်သည်။ 

လီပိုင်တစ်ယောက်တည်းကတောင် သူ့ကို တုန်လှုပ်စေခဲ့သည်။ မခန့်မှန်းနိုင်သော ဝမ်ဖုန်းဆိုပါက ပြောနေစရာတောင်မလိုတော့ပါ။

အရှုံးပေးရခြင်းက အရှက်ရစရာဖြစ်သော်လည်း အနည်းဆုံးတော့ ကောင်းကင်ပြုပြင်ဂိုဏ်း၏ အခြေခံအုတ်မြစ်ကို ကာကွယ်နိုင်ပါလိမ့်မည်။

"ကျူပင်ခုတ် ကျူငုတ်ပါမကျန်ဆိုတဲ့စကားကို မင်းကြားဖူးမှာပေါ့။"

ဝမ်ဖုန်းက လက်နှစ်ဖက်ကို နောက်ပစ်လျက် မတ်တပ်ရပ်နေပြီး လျိုဖေးယုကို ငုံမိုးကြည့်ရှုခဲ့ကာ စိတ်ခံစားချက်တစ်စုံတစ်ရာမပါဝင်ဘဲ ပြောဆိုလိုက်သည်။

"အရှင်၊ အရှင် တကယ်ပဲ ဒီလိုပြုလုပ်ချင်တာလား?"

လျိုဖေးယုက မျက်မှောင်ကြုံ့လိုက်ပြီး မှိုင်းညို့စွာ ပြောဆိုလိုက်သည်။ သူဟာ ဂုဏ်သိက္ခာများအားလုံးကို စွန့်ပယ်ခဲ့ပြီး အရှုံးပေးအညံခံခဲ့သော်လည်း ဝမ်ဖုန်းဟာ လက်မခံခဲ့ပါ။

လျို့ဖေးယုသာမက ကောင်းကင်ပြုပြင်ဂိုဏ်း၏ အဆင့်မြင့်အကြီးအကဲများအားလုံး ဒေါသထွက်သွားကြသည်။

နှစ်ပေါင်းဘယ်လောက်ကြာအောင် သူတို့က ယွမ်ဟွားကေင်းကင်ဘုံကြီးကို ဖိနှိပ်ခဲ့ပါသလဲ။ သူတို့ကို ဒီလိုမျိုး အနိုင်ကျင့်စော်ကားလိုက်တာလား။ ဘိုးဘေးအိုကြီး၏ ရှုံးနမ့်မှုကြောင့်သာ မဟုတ်ပါက သူတို့၏ အမျက်ဒေါသဖြင့်ဆိုလျှင် ဝမ်ဖုန်းကို အပိုင်းပိုင်းအစစ ဖြတ်တောက်ပြီးလောက်သည်။

လျို့ဖေးယု၏ စကားကို ကြားလိုက်ရသည့်အခါ ဝမ်ဖုန်းက ဘာစကားတစ်ခွန်းမှ မပြောဘဲ ပြုံးရယ်ပြလိုက်သည်။ သူ့မျက်နှာထက်ရှိလှောင်ပြုံးမှာ ထိန်းချုပ်ထားခြင်းမရှိဘဲ ထွက်ပေါ်လာခဲ့၏။

"ဟားဟားဟား လျို့ဖေးယု မင်းဘာဖြစ်လို့ ညိုနိုင်းနေရဦးမှာလဲကွာ။ ငါတို့ရဲ့အကူအညီနဲ့ဆိုရင် ဒီပုရွတ်ဆိတ်လေးတွေက ဘာမှမဟုတ်ပါဘူးကွ!"

လျို့ဖေးယု၏ မျက်နှာကြီး မှိုင်းညို့နေစဥ်တွင် အက်ကွဲနေသော ရယ်သံကြီးတစ်သံက မိုးချိန်းသံကြီးအလား ထွက်ပေါ်လာခဲ့သည်။

ယင်းနောက် ကောင်းကင်ယံထက်မှ ပုံရိပ်တစ်ချို့ ဆင်းသက်လာခဲ့ပြီး လျို့ဖေးယုတို့၏အရှေ့၌ ရပ်တန့်လိုက်ကြကာ ဝမ်ဖုန်းကို အပြုံးမမည်သောအပြုံးဖြင့် စူးစိုက်ကြည့်လိုက်‌ချေသည်။

All Chapters