← Chapters

ထာဝရကောင်းကင်မင်းဆက်။

Vol. 34 Ch. 467

ထာဝရကောင်းကင်မင်းဆက်။

Vol. 34 Ch. 467

ဘာသာပြန်- The Fate

မရဏမျိုးနွယ်စု၏ စကားလုံးများသည် မဟာနတ်ဆိုးရွှမ်ရှနှင့် အခြားသူများကို ဒေါသထွက်သွားစေခဲ့သည်။ သူတို့ဟာ သတ်ဖြတ်မှုစိတ်ဆန္ဒများဖော်ထုတ်လျက် ထိုပုဂ္ဂိုလ်များကို စူးစိုက်ကြည့်နေခဲ့သည်။ 

လုံလောက်အောင် မသန်မာပါက ဤလောကကြီးအတွင်း၌ ရပ်တည်နိုင်စွမ်းရှိမည်မဟုတ်!

ချန်ခွမ်းကပ်ဘေးဆိုတော့ရော ဘာအရေးလဲ။ ငါသေရရင်တောင် မင်းရဲ့ အသားတစ်စကို ဖြတ်ထုတ်ပစ်မယ်ကွ!

ဂိုဏ်းချုပ်ကို စော်ကားသူမှန်သမျှ သေဆုံးရမယ်!

စည်းလုံးညီညွှတ်မှုအရာတွင် ရှန်ရှန်ကျုံ့ဂိုဏ်းကို ဤလောကအတွင်းရှိ ဘယ်ဂိုဏ်းကမှ မယှဉ်ပြိုင်နိုင်ပါ!

ရှန်ရှန်ကျုံ့ဂိုဏ်းသားများအတွက်တော့ ဝမ်ဖုန်းဟာ နတ်ဘုရားတစ်ပါးကဲ့သို့ဖြစ်ပြီး သူ့ကို စော်ကားဝံ့သူမှန်သမျှကို ဂိုဏ်းသားများက အသေအကြေတိုက်ခိုက်ပေလိမ့်မည်!

လူအိုများဟာ တစ်နေ့၌ သေဆုံးကြရမည်ဖြစ်သလို သတ္တဝါတိုင်း၌လည်း အဆုံးသတ် ရှိစမြဲဖြစ်၏။ သို့ဖြစ်ရာ သေဆုံးခြင်းကို အဘယ်မှာ ကြောက်လန့်နေရမည်နည်း?

သို့ပါသော်လည်း ဝမ်ဖုန်းက သူတို့အား လှုပ်ရှားခွင့် မပြုခဲ့ပါ။ သူ၏ မျက်လုံးများမှာ အေးစက်နေခဲ့ပြီး မရဏမျိုးနွယ်စုကို စူးစူးရဲရဲစိုက်ကြည့်ကာ လှောင်ရယ်ပြောဆိုလိုက်သည်။

"မရဏမျိုးနွယ်စုလား။ အဲ့ဒီတော့ရော ဘာဖြစ်သေးလဲ။"

ဝမ်ဖုန်း၏ စကားများကို ကြားသိလိုက်ရသည့်အခါ မရဏမျိုးနွယ်စုစွမ်းအားရှင်များ၏ မျက်ဝန်းများမှာ အေးစက်သွားကြသည်။ သူတို့၏ သွေးနီရောင် မျက်ဝန်းအနက်ပိုင်း၌ သတ်ဖြတ်မှု စိတ်ဆန္ဒများ ကိန်းဝပ်လျက်ရှိပြီး ခေါင်းဆောင်လုပ်သူက ဝမ်ဖုန်းကို စိုက်ကြည့်လျက် အေးစက်စွာ ပြောဆိုလိုက်သည်။

"ဒီအရှင်သခင်ကို ဒေါသထွက်အောင်လုပ်တာ ကောင်းတဲ့အရာ မဟုတ်ဘူးနော်။"

"ဟားဟား..."

ဝမ်ဖုန်း၏ နှုတ်ခမ်းထောင့်များမှာ တွန့်လိမ်သွားခဲ့ပြီး လှောင်ပြောင်ရယ်မောလိုက်သည်။ သူဟာ မရဏမျိုးနွယ်စု၏ စွမ်းအားရှင်ကို ရန်စသည့်ဟန် လှမ်း၍ ကြည့်ရှုလိုက်သည်။

တစ်ချိန်တည်းမှာပဲ ဝမ်ဖုန်းက လျို့ဝှက်စွာ ပြောဆိုလိုက်သည်။

"စနစ်၊ ကံတရားနှစ်ဆယ်ဘီလီယံကို အသုံးပြုပြီး ဘိုးဘေးငှားရမ်းခြင်းလုပ်ဆောင်ချက်ကို ဖွင့်လှစ်လိုက်ပါ!"

"ဒင်၊ ကံတရားနှစ်ဆယ်ဘီလီယံကို အသုံးပြုပြီးပါပြီ။ ရှန်ရှန်ကျုံ့ဂိုဏ်း၏ နဝမမြောက်ဘိုးဘေး စွန်းဝူခုန်းကို ဆင့်ခေါ်နေပါပြီ!"

စနစ်၏ အသိပေးသံနှင့်အတူ စွမ်းအားတစ်ရပ်သည် သူ့ခန္တာကိုယ်ကို ဖြတ်သန်းစီးဆင်းလျက်ရှိကြောင်း ဝမ်ဖုန်းသိလိုက်ရသည်။ ထိုစွမ်းအားက သူ့ကိုထိခိုက်စေခြင်းမရှိသော်လည်း သူဟာ တစ်စုံတစ်ခုကို ဆုံးရှုံးခဲ့ရသည့်အလား ခံစားလိုက်ရသည်။

ကံတရားနှစ်ဆယ်ဘီလီယံဟာ လုံးဝနည်းပါးခြင်းမရှိပါ။

ထိုကံတရားများဟာ ယွမ်ဟွားကောင်းကင်ဘုံ ထိပ်တန်းအင်အားစုကြီးတစ်စုလုံး၏ ကံတရားများနှင့်တောင် နှိုင်းဆနိုင်သည်။ပြောရပါလျှင် ဝမ်ဖုန်း ဤတစ်ကြိမ် စွန်းဝူခုန်းကို ဆင့်ခေါ်လိုက်ခြင်းက ထိပ်တန်းအင်အားစုတစ်စုကို ဖျက်စီးလိုက်ခြင်းနှင့် ညီမျှလေသည်။

"သေချင်နေတာပဲကွ!"

ဝမ်ဖုန်း၏ ရန်စသော ဟန်အမူအယာကို တွေ့မြင်လိုက်ရသည့်အခါ မရဏမျိုးနွယ်စု၏ ခေါင်းဆောင်သည် ဒေါသတကြီးအော်ဟစ်လိုက်ကာ ပြင်းထန်သော အရှိန်အဝါများသည် မုန်တိုင်းတစ်ခု တိုက်ခတ်သည့်အလား ပျံလွင့်ထွက်ပေါ်လာခဲ့သည်။

တဒင်္ဂအတွင်း၌ ချန်းမန်တောင်တန်းနယ်မြေအတွင်း ရှိနေသော မိုးထိအောင်မြင့်မားသည့် ရှေးဟောင်းသစ်ပင်ကြီးများသည် တစ်ခုပြီးတစ်ခု ပြိုလဲသွားခဲ့သည်။ ကောင်းကင်နှင့်ကမ္ဘာမြေအတွင်းရှိ နေရာတစ်စိတ်တစ်ဒေသဟာ မရဏနယ်မြေအဖြစ် ပြောင်းလဲ ခံလိုက်ရပုံပေါ်ကာ ထိတ်လန့်ဖွယ်ကောင်းသော သေခြင်းစွမ်းအားများသည် ရှိရှိသမျှ လူတိုင်းကို တုန်လှုပ်စေခဲ့သည်။

သေခြင်း၏ ခမ်းနားကြီးကျယ်သော စွမ်းအားများသည် မရဏမျိုးနွယ်စု စွမ်းအားရှင်၏ နောက်ကျောဘက်၌ ပုံရိပ်တစ်ခုအဖြစ် စုစည်းသွားခဲ့သည်။ အဆိုပါမြင့်မားသော ပုံရိပ်ကြီးသည် သေခြင်း၏ တစ္ဆေသရဲတစ်ကောင်ကဲ့သို့ ဖြစ်နေခဲ့ကာ ကမ္ဘာလောကကြီး၏ အပူချိန်ကို အဆုံးစွန်ထိ ကျဆင်းသွားစေခဲ့သည်။

လျို့ဖေးယုလို သန်မာသော စွမ်းအားရှင်တစ်ယောက်ကတောင် မတုန်လှုပ်ဘဲ မနေနိုင်တော့ပါ။ သူဟာ မရဏမျိုးနွယ်စု၏ စွမ်းအားရှင်ကို တုန်လှုပ်ခြောက်ခြားစွာ စူးစိုက်ကြည့်မိလိုက်သည်။ ပဏ္ဍိတနယ်ပယ်အထွတ်အထိပ်စွမ်းအားရှင်ဖြစ်သော သူကတောင် ဤတိုက်ပွဲအတွင်း ဝင်ရောက်လှုပ်ရှားပါက အမြောက်စာတစ်ကောင်ထက် ပိုလိမ့်မည်မဟုတ်။

"ဒီလိုတည်ရှိမှုမျိုးက ယွမ်ဟွားကောင်းကင်ဘုံအတွင်းမှာ ဘယ်လိုလုပ် ထွက်ပေါ်လာရတာလဲ။"

"ဂိုဏ်းချုပ်ဝမ်က အဲ့ဒါကို တားဆီးနိုင်ပါ့မလား။"

"သူမတားဆီးနိုင်တော့ဘူးဆိုရင် ငါတို့ဘာလုပ်ရမလဲ။"

အထူးအင်အားစုမှ ပဏ္ဍိတနယ်ပယ် စွမ်းအားရှင်ကြီးများသည် ထိတ်လန့်ဖွယ်ကောင်းသောစွမ်းအားကို ခံစားလိုက်ရသည့်အခါ အံအားသင့် ရေရွတ်လိုက်ကြသည်။ သူတို့ဟာ တိုက်ပွဲမြေပြင်နှင့် အလွန်ဝေးကွာသော အရပ်ဒေသ၌ ရှိနေကြသော်လည်း သေခြင်းတရား၏ ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားကို ရှင်းလင်းစွာ ခံစားနိုင်နေခဲ့သည်။

ထိုအရှိန်အဟုန်ကို ကြည့်ရှုခြင်းအားဖြင့် သူတို့ အထူးအင်အားစုကြီးများ အင်အားစုပေါင်းတိုက်ခိုက်ရင်တောင် မရဏမျိုးနွယ်စု၏ ပြိုင်ဘက်မဖြစ်နိုင်ကြောင်း သေချာနေသည်။ ဤအချိန်၌ သူတို့ဟာ ဝမ်ဖုန်းတို့က မရဏမျိုးနွယ်စုဝင်များကို အနိုင်ပိုင်းတိုက်ခိုက်နိုင်လိမ့်မည်ဟု ဆုတောင်းနေကြရသည်။

ရှန်ရှန်ကျုံ့ဂိုဏ်းက ယွမ်ဟွားကောင်းကင်ဘုံကြီးရဲ့ အကြွင်းမဲ့အာဏာရှင်ဖြစ်လာခြင်းက မရဏမျိုးနွယ်စုက ယွမ်ဟွားကောင်းကင်ဘုံကြီးကို အုပ်စိုးလိုက်ခြင်းထက် ပို၍သာပါသေးသည်။

ရှေးယခင်ကျန်ရစ်ခဲ့သော ရှေးဟောင်းမှတ်တမ်းများအရ မရဏမျိုးနွယ်စု စွမ်းအားရှင်များ အဘယ်မျှလောက် ရက်စက်ကြောင်းကို သူတို့ သိထားကြသည်။ ထိုသူများကို ယွမ်ဟွားကောင်းကင်ဘုံကြီးကို အုပ်ချုပ်ခွင့်ပေးလိုက်ပါက သူတို့ဟာလည်း လူသားကျွန်များနှင့် ကွာခြားတော့မှာ မဟုတ်ချေ။

မရဏမျိုးနွယ်စုစွမ်းအားရှင် ထုတ်ဖော်လိုက်သော သေခြင်းတရား၏ စွမ်းအားများသည် ယွမ်ဟွားကောင်းကင်ဘုံကြီး တစ်ခုလုံးနီးပါးကို အကျိုးသက်ရောက်မှု ရှိခဲ့သည်။ ယွမ်ဟွားကောင်းကင်ဘုံအတွင်းရှိ ကျင့်ကြံသူမှန်သမျှသည် သေခြင်းတရား၏ စွမ်းအားကို ခံစားလိုက်ကြရကာ နှလုံးအိမ်များ ပြိုကွဲတော့မည်ကဲ့သို့ ထိတ်လန့်နေခဲ့ရသည်။

သူတို့ဟာ ကောင်းကင်ပြုပြင်ဂိုဏ်းတည်ရှိသောနေရာကို ထိတ်လန့်ခြောက်ခြားစွာ လှမ်းမျှော်ကြည့်ရှုခဲ့ကြသည်။ 

ထိုတုန်လှုပ်ဖွယ်ကောင်းသော အရှိန်အဝါကြီးကို ဘယ်အရာက ဖြစ်ပေါ်စေခဲ့ကြောင်း မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ခန့်မှန်းတွေးဆနေကြသည်။

"ဘုန်း!"

မရဏမျိုးနွယ်စု၏ စွမ်းအားရှင်သည် ဝမ်ဖုန်းကို နေရာမှာတင် သတ်ဖြတ်တော့မည့်အချိန်၌ ကမ္ဘာလောကကြီးတစ်ခုလုံးသည် ယိမ်းထိုးသွားခဲ့ပြီး ပြင်းပြသော စွမ်းအားအဟုန်သည် ကောင်းကင်ပြုပြင်ဂိုဏ်း အထက်ကောင်းကင်ယံ၌ ပျံ့လွင့်ဖြစ်တည်လာခဲ့သည်။ တစ်စုံတစ်ရာ၏ ဆွဲညို့ခြင်းခံလိုက်ရသလိုမျိုး ကောင်းကင်နှင့်ကမ္ဘာမြေအတွင်းရှိ စွမ်းအားများသည် လေပွေလေဝဲကြီးတစ်ခုအဖြစ် အရူးအမူး သိပ်သည်းသွားကြ၏။

 ထိုကဲ့သို့ မူမမှန်ဖြစ်တည်မှုက ရှိရှိသမျှလူတိုင်းကို ချက်ချင်းတုန်လှုပ်သွားစေခဲ့သည်။ မရဏမျိုးနွယ်စု၏ စွမ်းအားရှင်များဟာလည်း တစ်ယောက်ပြီးတစ်ယောက် ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်ကြကာ သူတို့၏ သွေးနီရောင်မျက်ဝန်းအတွင်းပိုင်း၌ အေးစက်သော အလင်းတန်းတစ်ခု ဖြတ်သန်းသွားခဲ့သည်။ သူတို့ဟာ အတားအဆီးများကို ဖြတ်ကျော်လျက် လေဝဲ၏ အနက်ပိုင်းကို ကြည့်ရှုချင်ခဲ့သော်လည်း ဘယ်အရာကိုမှ ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ပါ။ ဝမ်ဖုန်းဟာလည်း မျက်ဝန်းများကို မှေးကျဉ်းလိုက်ပြီး ကောင်းကင်ယံထက်ကို မော့ကြည့်လိုက်သည်။ သူဟာ လေပွေလေဝဲအတွင်း၌ ဘယ်အရာရှိနေကြောင်းကို မတွေ့မြင်နိုင်ခဲ့သော်လည်း ရောက်ရှိလာသော အရှိန်အဟုန်ကို ကြည့်ရှုခြင်းအားဖြင့် ထိုပုဂ္ဂိုလ်မှာ သာမန်မဟုတ်ကြောင်း တွေ့မြင်နိုင်သည်။

ပထမ၌ သူဟာ စွန်းဝူခုန်းရောက်ရှိလာခြင်းဖြစ်သည်ဟု တွေးထင်ခဲ့သော်လည်း သေသေချာချာ စုံစမ်းကြည့်လိုက်သည့်အခါ လေပွေလေဝဲအတွင်းပိုင်းရှိ အရှိန်အဝါမှာ စွန်းဝူခုန်းထံမှ မဟုတ်ကြောင်း သိရှိလိုက်ရသည်။ ဒါက ဝမ်ဖုန်းကို တည်ကြည်လေးနက်သွားစေခဲ့သည်။ တစ်စုံတစ်ခုက ပြောင်းလဲလာတော့မှာလား။

ဟွမ်!

ဤအချိန်၌ မျက်စိကျိန်းလောက်သော ရွှေရောင်အလင်းတန်းကြီးသည် လေပွေလေဝဲအတွင်း၌ ပေါက်ကွဲ ဖြစ်တည်လာခဲ့သည်။ အဆိုပါ အလင်းတန်းဟာ အင်မတန်မှ စူးရှလွန်းတာကြောင့် ရှိနေကြသောလူများသည် မျက်ဝန်းများကို ဖိပိတ်လိုက်ပြီးကာမှ ပြန်လည်၍ ဖွင့်လှစ်လိုက်ကြရသည်။ အထက်ကောင်းကင်ယံ၌ အခြေအနေများသည် ပြန်လည်၍ တည်ငြိမ်လာခဲ့ပြီး လူတစ်ယောက်ဟာ မတ်တပ်ရပ်လျက် ရှိနေခဲ့သည်။

ထိုပုဂ္ဂိုလ်ကို တွေ့မြင်လိုက်ရသည့်အခါ လူတိုင်း၏ မျက်ဝန်းသူငယ်အိမ်များသည် တုန်လှုပ်သွားကြရသည်။

ထိုလူမှာ ရွှေရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းအမျိုးသားတစ်ယောက်ဖြစ်ပြီး ရှည်သွယ်မြင့်မားသောအရပ်အမောင်းရှိကာ ပုဆိန်တစ်လက်ကို ကိုင်ဆောင်ထားခဲ့ပြီး လေထုအတွင်း၌ နတ်ဘုရားတစ်ပါးကဲ့သို့ ရပ်တည်နေခဲ့သည်။ သူ၏ ခရမ်းရောင်ဆံနွယ်များမှာ လေယူရာ ယိမ်းနွဲ့နေခဲ့ပြီး ကြယ်စင်များအလား နက်ရှိုင်းတောက်ပသော မျက်ဝန်းများကလည်း စိုက်ကြည့်မိသူ၏ နှလုံးအိမ်ကို တုန်ယင်သွားစေနိုင်သည်။

ရှိရှိသမျှလူတိုင်းသည် တုန်လှုပ်နေသော အမူအယာများကို လှစ်ဟထုတ်ဖော်လျက်ရှိသည်။ ထိုအမျိုးသားမှာ ဘယ်အရှိန်အဝါကိုမှ ထုတ်လွှတ်မနေသော်လည်း သူမတ်တပ်ရပ်နေတာကတောင် ပြင်းပြသော လေထုဖိအားကို ဖြစ်တည်စေခဲ့၏။

"မရဏမျိုးနွယ်စု၊ မင်းတို့ စည်းဖောက်လိုက်ပြီ!"

ခမ်းနားကြီးကျယ်သော အသံကြီးသည် မိုးချိန်းသံကြီးအလား ကမ္ဘာလောကအတွင်း၌ ပျံလွင့်သွားခဲ့သည်။ ရောက်ရှိလာသူ အမျိုးသားက မရဏမျိုးနွယ်စု၏ စွမ်းအားရှင်များကို ရေခဲတမျှအေးစက်သောမျက်ဝန်းဖြင့် စူးစိုက်ကြည့်ခဲ့ကာ သူ၏ ခန္တာကိုယ်မှ ကျယ်ပြောနက်ရှိုင်းသော စွမ်းအားများ ဖော်ထုတ်လျက်ရှိ၏။

"ဟီးဟီး ဘယ်သူများလဲလို့။ မင်းပဲကိုး"

"ယဲ့ဟွမ်..... မွန်မြတ်ဘုံလောက ထာဝရကောင်းကင်မင်းဆက်ရဲ့ မြင့်မြတ်တဲ့စစ်သူကြီး ယဲ့ဟွမ်ပါလား။"

မရဏမျိုးနွယ်စု၏ ခေါင်းဆောင်လုပ်သူသည် ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်ပြီး ရောက်ရှိလာသော အမျိုးသားကို လှောင်ပြောင်ဟန်ဖြင့် စိုက်ကြည့်ကာ အေးစက်စွာ ပြောဆိုခဲ့သည်။

"မွန်မြတ်ဘုံလောကရဲ့ လူတွေလား။"

ဝမ်ဖုန်းဟာ မျက်ဝန်းများကို မှေးကျဉ်းလိုက်ပြီး ရွှေရောင်ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော သက်လတ်ပိုင်း အမျိုးသားကို စူးစိုက်ကြည့်လိုက်သည်။ သူဟာ ခေါင်းကို ခါယမ်းလိုက်မိ၏။ ထိုအမျိုးသား၏ ကျင့်ကြံမှုမှာ ချန်ခွမ်းကပ်ဘေးအထွတ်အထိပ်အဆင့်သာ ရှိသေးသည်။ သာမန်အချိန်မှာဆိုပါက ထိုသူတစ်ယောက်တည်းက ယွမ်ဟွားကောင်းကင်ဘုံကြီးတစ်ခုလုံးကို ဖိနှိပ်နိုင်ရန် လုံလောက်လေသည်။ သို့ပါသော်လည်း ရန်သူ့ဘက်တွင် ချန်ခွမ်းကပ်ဘေးအဆင့် စွမ်းအားရှင်ငါးယောက်ရှိနေခဲ့ရာ အခြေအနေက ဆိုးရွားနေသေးသည်ဟု ပြော၍ရသည်။

ဒါလည်း အဆင်ပြေပါတယ်လေ။ အနှေးနဲ့အမြန်ဆိုသလို သူကံတရားတွေအသုံးပြုပြီး ဆင့်ခေါ်ခဲ့တဲ့ ဘိုးဘေးက ရောက်ရှိလာတော့မှာပဲ။ မွန်မြတ်ဘုံလောကရဲ့ လူတွေဆိုရင်တောင် ဘာလုပ်နိုင်ဦးမှာလဲ။ ဝမ်ဖုန်းဟာ ကြီးမားသော ဆုံးရှုံးမှုများကို မဖြစ်စေချင်ပါ။ သူဟာ ကံတရားကို အသုံးပြုခဲ့ရတာကြောင့် မရဏမျိုးနွယ်စုစွမ်းအားရှင်များ၏ သေဆုံးမှုဟာ သူနှင့်သာ သက်ဆိုင်လေသည်!

All Chapters