← Chapters

နတ်နဂါး စီရင်ချက်။

Vol. 34 Ch. 468

နတ်နဂါး စီရင်ချက်။

Vol. 34 Ch. 468

ဘာသာပြန်- The Fate

" ဘာလဲ..? ထာဝရကောင်းကင်မင်းဆက်က မောက်မာလှချည်လား။ မင်းတစ်ယောက်တည်းကိုပဲ စေလွှတ်လိုက်တယ်လား။ " မရဏမျိုးနွယ်စု၏ ခေါင်းဆောင်သည် ယဲ့ဟွမ်ကို မထီမဲ့မြင်ကြည့်ကာ လှောင်ရယ်လျက် ကျယ်လောင်စွာ ပြောဆိုလိုက်သည်။

အစပိုင်းတွင် သူဟာ ထိတ်လန့်နေခဲ့သော်လည်း ယဲ့ဟွမ်က တစ်ယောက်တည်းရှိကြောင်း တွေ့မြင်လိုက်ရသည့်အခါ ပြန်လည်၍ မောက်မာသွားခဲ့သည်။ ယဲ့ဟွမ်သည် ချန်ခွမ်းကပ်ဘေးအဆင့်ကို ရောက်ရှိနေပြီး သူ၏တိုက်ပွဲဝင်စွမ်းအားမှာ သာမန်မဟုတ်ကြောင်း သူသိပါသည်။

သူတစ်ယောက်တည်းသာဆိုပါက ယဲ့ဟွမ်ကို လေးလေးစားစားဆက်ဆံမိဦးမည်။ သို့ပါသော်လည်း ယခုသူတို့ဟာ တစ်ယောက်တည်းမဟုတ်ဘဲ ချန်ခွမ်းကပ်ဘေးအထွတ်အထိပ်အဆင့် ငါးယောက်ဖြစ်သည်။ ယဲ့ဟွမ်က သူတို့ကို ခြောက်လှန့်ချင်တာလား။ တကယ့်ကို ရယ်ဖွယ်ပဲ။

" မင်းတို့အတွက် ငါ့တစ်ယောက်တည်းနဲ့ လုံလောက်တယ်။ "

ယဲ့ဟွမ်က အေးစက်စွာနှာမှုတ်လိုက်ပြီး မရဏမျိုးနွယ်စုဝင်များကို ငုံ့မိုးကြည့်ရှူလိုက်သည်။ သူ့လက်ထဲရှိ ပုဆိန်ကြီးမှာ လေထုကို ဖြတ်ပိုင်းသွားခဲ့သည်။ သူဟာ မရဏမျိုးနွယ်စုဝင်များကို ပုရွက်ဆိတ်များအလား သတ်ကွက်တစ်ခုတည်းဖြင့် သတ်ဖြတ်ရန် ပြင်ဆင်ထားခဲ့လေ၏။

ဤသည်မှာ မာမတရားတင်မကတော့ဘဲ ထောင်လွှားမောက်မာမှုဖြစ်၏။ သူ၏မျက်ဝန်းများအထဲ၌ အင်မတန်မှ ထူထပ်သိပ်သည်းသော သတ်ဖြတ်မှုစိတ်ဆန္ဒများ ရှိနေခဲ့ကာ သူ့ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်ချပ်ဝတ်တန်ဆာကြီးသည် တောက်ပသော နေတစ်စင်းအလား ပျိုးပျိုးပြက်ပြက်အရောင်များ ထုတ်လွှတ်လျက်ရှိသည်။

သူ့လက်ထဲရှိ ပုဆိန်ကြီးမှာ ကမ္ဘာပျက်လောက်သော ထက်မြက်မှုအရှိန်အဝါကို သယ်ဆောင်လျက် လေဟာပြင်ကို ဖြတ်ပိုင်းသွားခဲ့သည်။ ယင်းပုဆိန်ချက်ကြီးတွင်ပါဝင်သော သတ်ဖြတ်မှုစိတ်ဆန္ဒများနှင့် ထက်မြက်မှုအရှိန်အဝါများက ကမ္ဘာလောကကြီးတစ်ခုလုံးကို တုန်ယင်စေခဲ့၏။

ထာဝရကောင်းကင်မင်းဆက်၏ မြင့်မြတ်သောစစ်သူကြီးတစ်ယောက် ဖြစ်သည်နှင့်အညီ သူဟာ ဘဝသက်တမ်းတစ်လျှောက်၌ မရေမတွက်နိုင်သော တိုက်ပွဲများကို တွေ့ကြုံခဲ့ဖူးပြီး သွေးပင်လယ်နှင့် အလောင်းသမုဒ္ဒရာကိုလည်း တွေ့မြင်ခဲ့ဖူးသည်။ ယဲ့ဟွမ်၏နှလုံးသားအတွင်းရှိ ထောင်လွှားမောက်မာမှုများမှာ သာမန်လူများ နှိုင်းဆနိုင်သောအရာ မဟုတ်ချေ။ သူဟာ လူတိုင်းကို အထက်စီးမှ ဆက်ဆံလေ့ရှိပြီး သူတပါးအား အထင်အမြင်သေးလေ့ရှိ၏။

" ဟမ့်...."

ယဲ့ယွမ်၏တိုက်ကွက်ကို တွေ့မြင်လိုက်ရသည့်အခါ မရဏမျိုးနွယ်စု၏ ခေါင်းဆောင်သည် အေးစက်စွာ လှောင်ရယ်လိုက်သည်။ သူ့ကိုယ်တွင်းရှိ သေခြင်းစွမ်းအားများမှာ အထိန်းအကွပ်မဲ့စွာ ပျံ့လွင့်ထွက်ပေါ်လာခဲ့ပြီး အစစ်အမှန်မရဏမင်းတစ်ပါးကဲ့သို့ ဖြစ်လာခဲ့သည်။

သူအမိန့်ပေးရန်တောင်မလိုလိုက်ဘဲ မရဏမျိုးနွယ်စု၏ ကျန်စွမ်းအားရှင်များသည် တစ်ယောက်ပြီးတစ်ယောက်တိုက်ကွက်များ ထုတ်ဖော်လိုက်ကြကာ သန်မာသောသေခြင်းစွမ်းအားများသည် အရပ်လေးမျက်နှာသို့ ပျံ့လွင့်သွားခဲ့၍ ခေါင်းဆောင်လုပ်သူ၏စွမ်းအားနဲ့ ပေါင်းစပ်သွားခဲ့ကာ ကမ္ဘာကိုတုန်ယင်စေသော သေခြင်းတရားပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားခဲ့သည်။

သေခြင်းစွမ်းအားများဖြင့် ဖွဲ့တည်ထားသော လှိုင်းလုံးကြီးများတွင် လှိုင်းတစ်လုံးထက် ကျန်လှိုင်းတစ်လုံးက ပို၍မြင့်မားကာ ထိတ်လန့်ဖွယ်ကောင်းပြီး ခမ်းနားကြီးကျယ်သောစွမ်းအားများကို ပိုင်ဆိုင်ထားလေသည်။ ယင်းလှိုင်းလုံးများက ရှိနေကြသောလူများ၏ နှလုံးအိမ်ကို တုန်ယင်စေခဲ့ကာ ခန္ဓာကိုယ်များကို အဆက်မပြတ် တုန်ခါလာစေခဲ့သည်။

လျိုဖေးယုတို့သုံးယောက်ကတောင် ခြွင်းချက်မဟုတ်ခဲ့ပါ။ ကောင်းကင်ပြုပြင်ဂိုဏ်း၏ ဂိုဏ်းသားများစွာသည် ဤနေရာမှ ရှောင်တိမ်းသွားကြတာ ကြလှပြီဖြစ်၏။ သူတို့ဟာ ချန်းမန်တောင်တန်းအပြင်ဖက်၌ နေရာယူထားကြပြီး ထိတ်လန့်ဖွယ်ကောင်းသော တိုက်ပွဲကြီးကို စောင့်ကြည့်နေခဲ့ကြသည်။

" ကြည့်ရတာ မွန်မြတ်ဘုံလောကက မရဏမျိုးနွယ်စုလူတွေရဲ့ ကျူးကျော်လာမှုအကြောင်း သိရှိသွားတဲ့ပုံပဲ! "

" အဲ့ဒီသန်မာတဲ့ ပုဂ္ဂိုလ်က မရဏမျိုးနွယ်စုကို တားဆီးနိုင်မယ်လို့ မျှော်လင့်ပါတယ်လေ "

များစွာသောအထူးအင်အားစုကြီးများ၏ မြင့်မြတ်သောအကြီးအကဲများသည် ဦးစွာပထမ အံ့သြသင့်သွားကြပြီး ထို့နောက်မှာ စိုးရိမ်ပူပင်သွားကြသည်။

ယဲ့ဟွမ်က မရဏမျိုးနွယ်စု၏ စွမ်းအားရှင်များကိို သတ်ဖြတ်လိုက်ပါက သူတို့အားလုံး ပျော်ရွှင်ရပေလိမ့်မည်။ ဒါ့အပြင် ယဲ့ဟွမ်၏စွမ်းဆောင်ရည်က ယွမ်ဟွားကောင်းကင်ဘုံ၏ အုပ်စိုးသူဖြစ်လာချင်သည့် ရှန်ရှန်ကျုံဂိုဏ်း၏ စိတ်ဆန္ဒကိုလည်း ဖြိုဖျက်ပစ်လိုက်နိုင်သည်။

သို့ပါသော်လည်း ယဲ့ဟွမ်သာ မရဏမျိုးနွယ်စု၏လူများကို မတားဆီးနိုင်တော့ပါက.....အရာအားလုံး အဆုံးသတ်သွားပေလိမ့်မည်။

အထူးအင်အားစုကြီးများ၏ မြင့်မြတ်သောအကြီးအကဲများသည် ကမ္ဘာမြေတုန်ဟီးလောက်သော တိုက်ပွဲကြီးကို အဝေးတစ်နေရာမှ စောင့်မျှော်ကြည့်ရှု့နေကြသည်။ ထိုကဲ့သို့တိုက်ပွဲမျိုးဟာ မရဏမျိုးနွယ်စုနဲ့ တိုက်ခိုက်ခဲ့သည့် ရှေးဟောင်းတိုက်ပွဲများမှလွဲ၍ ယွမ်ဟွားကောင်းကင်ဘုံကြီး၌ အဘယ်အခါကမှ မဖြစ်ပျက်ခဲ့ဖူးပါ။

ဘုန်း....

ရွှေရောင်ပုဆိန်ကြီးသည် သေခြင်း၏စွမ်းအားများနဲ့ ပွတ်တိုက်မိသွားကာ ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားကြီးသည် လှိုင်းထန်သောပင်လယ်ပြင်ကဲ့သို့ အရပ်လေးမျက်နှာကို ပျံ့လွင့်သွားခဲ့ပြီး ရှိရှိသမျှအရာအားလုံးကို တိုက်စားသွားခဲ့သည်။ နားကွဲလုမတတ် ကျယ်လောင်သော ပေါက်ကွဲသံကြီး မြည်ဟီးထွက်ပေါ်လာခဲ့သည်။

ချမ်းမန်တောင်တန်းအပြင်ဖက်ကို ဆုတ်ခွာခဲ့ပြီဖြစ်သော ကောင်းကင်ပြုပြင်ဂိုဏ်း၊ ဂိုဏ်းသားများ၏နားစည်များကတောင် နာကျင်လာကြရသည်။ သူတို့ဟာ နားကွဲလုမတတ်ဖြစ်သွားခဲ့ပြီး အဝေးတစ်နေရာသို့ ထိတ်လန့်တကြား ဆက်လက်ဆုတ်ခွာလိုက်ရသည်။

ကောင်းကင်ပြုပြင်ဂိုဏ်း၏ ပဏ္ဍိတစွမ်းအားရှင်သုံးယောက်ကလည်း ထပ်မံ၍အဝေးသို့ ဆုတ်ခွာသွားခဲ့ရသည်။ ကွင်းပြင်ကြီးထဲတွင် ဝမ်ဖုန်းနှင့် ရှန်ရှန်ကျုံဂိုဏ်း၏ လူများကသာ လက်နှစ်ဖက်ကို နောက်ပစ်လျက် တည်ငြိမ်စွာ ရှိနေနိုင်ကြသည်။ ဝမ်ဖုန်းကို ချန်ခွမ်းကပ်ဘေးအထွတ်အထိပ်ရှိသော စွမ်းအားရှင်ဟု မသတ်နိုင်သော်လည်း ထိုသူများ၏အရှိန်အဝါကိုတော့ ခုခံနိုင်စွမ်းရှိပါသေး၏။

လူတိုင်းဟာ အသက်ရှုအောင့်ထားမိလိုက်ကြပြီး ပြင်းထန်သောတိုက်ပွဲကြီးကို စူးစိုက်ကြည့်နေခဲ့ကြသည်။

နှစ်ဖက်စလုံး၏ ပထမတိုက်ကွက်မှာ ညီတူမျှတူ ဖြစ်နေခဲ့သည်။ ရွှေရောင်ပုဆိန်ကြီးနဲ့ သေခြင်းလှိုင်းလုံးများသည် အဘယ်အရာကမှ အားသာခြင်းမရှိဘဲ နှစ်ဖက်စလုံး ပြိုပျက်သွားရသည်။ သို့ပါသော်လည်း ဝမ်ဖုန်းနှင့်အခြားသူများကတော့ ယဲ့ဟွမ်က အားနည်းသောအခြေအနေ၌ရှိနေကြောင်း ရှင်းရှင်းလင်းလင်း သိလိုက်ကြသည်။

မရဏမျိုးနွယ်စု၏စွမ်းအားရှင်များက ယဲ့ဟွမ်ကို သန့်စင်သောစွမ်းအားတစ်ရပ်တည်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယဲ့ဟွမ်ကတော့ မြင့်မြတ်သောစွမ်းအားကို အသုံးပြုခဲ့ရလေသည်။ မရဏမျိုးနွယ်စုမှ စွမ်းအားရှင်များသာ မြင့်မြတ်သောမှော်ဝင်စွမ်းအားများကို အသုံးပြုလိုက်ပါက ယဲ့ဟွမ်တစ်ယောက် တားဆီးနိုင်မှာ မဟုတ်တော့ချေ။

" ဘုန်း....."

ယဲ့ဟွမ်၏အမူအရာမှာ အနည်းငယ်ပျက်ယွင်းသွားခံပြီး ထပ်ဖန်တစ်ခါ တိုက်ခိုက်လိုက်သည်။ သူ့လက်ထဲရှိ ပုဆိန်ကြီးမှာ အရိုင်းဆန်စွာ ကခုန်နေခဲ့ပြီး သူဟာ အေးစက်သောအလင်းတန်းများ သယ်ဆောင်ထားသည့်ပုဆိန်ကို လွှဲယမ်းခုတ်ပိုင်းလိုက်သည်။ လေဟာပြင်၌ ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းများ ဖြစ်တည်လာခဲ့လေသည်။

" ဒါက ပုရွက်ဆိတ်တွေကို သတ်နေတာလားကွ!? "

မရဏမျိုးနွယ်စု၏ခေါင်းဆောင်သည် လှောင်ရယ်လိုက်ပြီး သူ့ကိုယ်တွင်းမှ ပျံ့လွင့်ထွက်ပေါ်လာသော သေခြင်းစွမ်းအားများသည် ပို၍ပို၍ လေးနက်လာခဲ့သည်။ အခြားမရဏမျိုးနွယ်စု၏ စွမ်းအားရှင်လေးယောက်သည် ယဲ့ဟွမ်ကို ပိတ်ဆို့ထားပြီး ခေါင်းဆောင်လုပ်သူကတော့ မရဏမျိုးနွယ်စု၏မှော်ဝင်စွမ်းအားကို စုစည်းဖော်ထုတ်နေခဲ့သည်။

မရဏမျိုးနွယ်စုဝင်များတွင် ရှည်လျားသောသက်တမ်းရှိပြီး ကြံ့ခိုင်သန်မာသော ရုပ်ခန္ဓာကို ပိုင်ဆိုင်ထားကာ သူတို့၏ကျင့်ကြံမှုများကလည်း သေခြင်းမှပြန်လည်ထမြောက်ပြီးတိုင်း မိုးထိအောင်မြှောက်တက်သွားလေ့ရှိသည်။ သို့ပါသော်လည်း သူတို့တွင် ကြီးမားသည့်အားနည်းချက်ကြီးတစ်ခု ရှိနေသည်။ ယင်းမှာ သူတို့၏မှော်ဝင်စွမ်းအားက စုစည်းဖြစ်ပေါ်ရန် အချိန်ကာလများစွာ ကြာမြင့်လေသည်။ သူတို့ဟာ လူသားများကဲ့သို့ မှော်ဝင်စွမ်းအားကို ရုတ်ချည်းမထုတ်ဖော်နိုင်ကြပါ။

ဤသည်မှာ ကောင်းကင်ဘုံ၏မျှခြေ ဖြစ်နိုင်ကောင်းသည်။ ကောင်းကင်ဘုံဟာ သူတို့ကို ကောင်းကျိုးများ ပေးခဲ့သော်လည်း သေစေနိုင်စေလောက်သော အားနည်းချက်ကြီးတစ်ခုကိုလည်း ခြွင်းချန်ထားရစ်ခဲ့သည်။

ဟုတ်ပါပေသည်။ မရဏမျိုးနွယ်စုစွမ်းအားရှင်များ၏ မှော်ဝင်စွမ်းအားများသာ ပေါက်ကွဲထွက်လာပါက ထိုစွမ်းအင်ဟာ ကမ္ဘာလောကကြီးကို တုန်လှုပ်စေနိုင်လေသည်။ လူသားမျိုးနွယ်စုများ ထုတ်ဖော်လိုက်သော စွမ်းအားထက် ပို၍ ပြင်းထန်လေ၏။

မရဏမျိုးနွယ်စု၏ တော်ဝင်မိသားစုဆိုပါက အပြင်းထန်ဆုံးသော မှော်စွမ်းအားများကို ဖော်ထုတ်နိုင်စွမ်းရှိလေသည်။ ထို့အတွက်ကြောင့် မရဏမျိုးနွယ်၊ တော်ဝင်မိသားစုမှ မှော်ဝင်စွမ်းအားများကို ဖော်ထုတ်သည့်အခါတိုင်း လက်အောက်ငယ်သားများက ကာကွယ်ပေးကြရလေ့ရှိသည်။

ဟွမ် ..

မရဏမျိုးနွယ်စုခေါင်းဆောင်၏ စွမ်းအားစုစည်းလိုက်ခြင်းနဲ့အတူ သူ့ပတ်ဝန်းကျင်ရှိ လေထုမှာ ပြင်းထန်စွာ တုန်ခါလာခဲ့ပြီး သူ့လက်နှစ်ဖက်အကြားမှ ထူးခြားဆန်းကြယ်သော သင်္ကေတများ ပျံ့လွင့်ထွက်ပေါ်လာခဲ့သည်။

တဖြည်းဖြည်းချင်းဆိုသလို သေခြင်း၏သင်္ကေတများသည် တစ်ခုနဲ့တစ်ခု ရောထွေးသွားခဲ့ကာ အနက်ရောင်အလင်းတန်းကြီးတစ်ခု ဖြစ်တည်လာခဲ့သည်။ အဆိုပါသင်္ကေတများသည် တလက်လက်တောက်ပလာခဲ့ပြီး လေထုအတွင်း၌ နဂါးပုံစံကဲ့သို့ ဖွဲ့တည်သွားခဲ့သည်။ သို့ပါသော်လည်း အဆိုပါနဂါးကြီးသည် အစစ်အမှန်နဂါးနဲ့ ကွာခြားမှုရှိပြီး ၎င်းတွင် အတောင်ပံများ ရှိနေခဲ့သည်။

" နတ်နဂါး စီရင်ချက်! "

မရဏမျိုးနွယ်စုခေါင်းဆောင်၏ သွေးနီရောင်မျက်ဝန်းများအတွင်း၌ အေးစက်သောအလင်းတန်းတစ်ခု ဖြတ်သန်းသွားခဲ့ပြီး သူ၏လက်များက အဆက်မပြတ်လှုပ်ရှားနေခဲ့သည်။ သူ့အရှေ့ဖက်ရှိ နဂါးသင်္ကေတမှ ကျယ်ပျံ့နက်ရှိုင်းသောစွမ်းအားများ ပေါက်ကွဲထွက်လာပြီး အရပ်လေးမျက်နှာကို တုန်လှုပ်စေခဲ့လေသည်။ 

All Chapters