← Chapters

မင်းတို့ရဲ့ ဘိုးဘိုးကြီး ရောက်လာပြီကွ။

Vol. 34 Ch. 470

မင်းတို့ရဲ့ ဘိုးဘိုးကြီး ရောက်လာပြီကွ။

Vol. 34 Ch. 470

ဘာသာပြန်- The Fate

"အဟွတ်... အဟွတ်..."

ယဲ့ဟွမ်သည် ပုဆိန်ကို မြေပြင်၌ ထောက်ကန်လျက်ရှိသည်။ သူ့ခြေထောက်များမှာ ယိုင်နဲ့ပျော့ခွေလျက်ရှိသည်။ သူ့နှုတ်ခမ်းထောင့်မှလည်း သွေးများအဆက်မပြတ် စီးဆင်းလျက်ရှိသည်။ သူ့တစ်ကိုယ်လုံးမှာလည်း အနီရောင်ချပ်ဝတ်တန်ဆာကြီးကို ဝတ်ဆင်ထားသည့်အလား နီဆွေးနေခဲ့သည်။ ဤအချိန်၌ သူ့တစ်ကိုယ်လုံးဟာ အင်မတန်မှ သနားချင့်စဖွယ် ဖြစ်နေခဲ့သည်။ သူ့ရင်ဘတ်ရှိ ချပ်ဝတ်တန်ဆာသည် ထက်မြသော လက်သည်းများ၏ ဆုတ်ဖြဲခြင်းခံလိုက်ရပြီး သွေးများ အဆက်မပြတ် စီးဆင်းထွက်လျက်ရှိကာ သူ့နောက်ကျောဘက်ရှိ သံချပ်ကာတွင်လည်း လက်ဖဝါးရာကြီးတစ်ခုရှိနေပြီး ထိုလက်ဖဝါးရာကြီးက အသားထဲထိသာမက သူ့အရိုးများအထိပါ တံဆိပ်ခပ်သကဲ့သို့ မြဲမြံစွာ ဖိနှိပ်ထားခဲ့သည်။ သူဟာ သွေးလူသားတစ်ယောက်ကဲ့သို့တောင်ဖြစ်နေပြီး ဒါဏ်ရာများမှာ အင်မတန်မှ ပြင်းထန်လှသည်။

"ဟာ!"

"မြတ်စွာဘုရား၊ မွန်မြတ်ဘုံလောကရဲ့ မြင့်မြတ်တဲ့ စစ်သူကြီးကတောင် မရဏမျိုးနွယ်ရဲ့ပြိုင်ဘက် မဖြစ်နိုင်ဘူးလား။"

"မရဏမျိုးနွယ်က အရမ်းကြောက်ဖို့ကောင်းတယ်။ ငါတို့ယွမ်ဟွားကောင်းကင်ဘုံကြီးအတွက် မျှော်လင့်ချက်က ဘယ်မှာလဲ?"

"အားလုံးပြီးဆုံးသွားပြီ!"

ဤမြင်ကွင်းကို တွေ့မြင်လိုက်ရသည့်အခါ အထူးအင်အားစုများ၏ ပဏ္ဍိတအကြီးအကဲများသည် တစ်ယောက်တစ်ပေါက်ပြောဆိုမိလိုက်ကြကာ သူတို့၏ မျက်ဝန်းအတွင်းပိုင်း၌ အကြောက်တရားများ ရှိနေခဲ့ကြသည်။

မကြာသေးမီက ယဲ့ဟွမ်သည် စစ်ပွဲနတ်ဘုရားတစ်ပါးကဲ့သို့ တင့်တယ်နေခဲ့သော်လည်း ယခုအချိန်မှာတော့ အပြင်းအထန် ဒါဏ်ရာရသွားလေပြီ။

ဤတိုက်ပွဲမှာ အရှုံးအနိုင်သက်သက်မဟုတ်ဘဲ ယွမ်ဟွားကောင်းကင်ဘုံကြီး၏ ကံကြမ္မာနှင့် သက်ဆိုင်လေသည်။ ယဲ့ဟွမ် ရှုံးနိမ့်သွားပြီဆိုတော့ ဘယ်သူက ယွမ်ဟွားကောင်းကင်ဘုံကို ကယ်တင်ပေးတော့မှာလဲ။ မရဏမျိုးနွယ်စုကို ဘယ်သူက တားဆီးနိုင်တော့မှာလဲ။

အထူးအင်အားစုများ၏ ဘိုးဘေးများမှာ ကြောက်လန့်နေကြသော်လည်း ကောင်းကင်ပြုပြင်ဂိုဏ်း၏ ဘိုးဘေးများဖြစ်သော လျို့ဖေးယုတို့ကတော့ အပျော်လွန်နေကြသည်။ 

သူတို့ မှန်ကန်တဲ့အရာမှာ လောင်းကြေးထပ်လိုက်တာပဲ! ဘယ်သူကမှ သူတို့ရဲ့ပြိုင်ဘက် မဖြစ်နိုင်တော့ဘူး!

ဤနည်းအားဖြင့်ဆိုပါက သူတို့သည် ကောင်းကင်ပြုပြင်ဂိုဏ်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ရုံသာမက ယွမ်ဟွားကောင်းကင်ဘုံကြီး၏ ဧကရာဇ်လည်း ဖြစ်လာနိုင်သေးသည်။

ဝမ်ဖုန်းနှင့် အခြားသူများကိုတော့ လျို့ဖေးယုတို့က မျက်လုံးထဲတောင် ထည့်မထားတော့ပါ။ မွန်မြတ်ဘုံလောက၏ မြင့်မြတ်သူကတောင် မရဏမျိုးနွယ်စုရဲ့ ပြိုင်ဘက်မဟုတ်လေရာ ဝမ်ဖုန်းတို့ လူတစ်စုက ဘာများလုပ်နိုင်ဦးမှာလဲ?

"ကျစ်ကျစ်၊ တကယ့်ကို သနားစရာပါပဲလား။"

"ထာဝရကောင်းကင်မင်းဆက်က မင်းတစ်ယောက်ထဲကို မစေလွှတ်လိုက်သင့်ဘူး။"

မရဏမျိုးနွယ်စု၏ စွမ်းအားရှင်များသည် ယဲ့ဟွမ်၏အရှေ့သို့ လမ်းလျှောက်လာခဲ့ကာ ခေါင်းဆောင်လုပ်သူက လှောင်ရယ်ပြောဆိုလိုက်သည်။ သူ့မျက်နှာထက်၌ လှောင်ပြောင်ရိပ်များသန်းလျက်ရှိပြီး သူဟာ အလွန်အမင်း ပျော်ရွှင်နေပုံရသည်။ ဒါက တစ်ခုဝယ်တစ်ခုလက်ဆောင် ပရိုမိုးရှင်းကြီး ရလိုက်တာနဲ့မတူဘူးလား။

အစက သူတို့သည် ဆရာသခင်၏ အမိန့်ကိုလိုက်နာပြီး ဝမ်ဖုန်းနှင့် အခြားသူများကို သတ်ဖြတ်ချင်ခဲ့သည်။ သို့ပါသော်လည်း ထာဝရကောင်းကင်မင်းဆက်၏ စစ်သူကြီးမှာ ဤမျှလောက်ထိ ရူးနှမ်းပြီး သေမင်းရှေ့ကို ရောက်လာလိမ့်မည်ကို သူတို့ထင်မထားခဲ့ပါ။

အမှန်ပဲ။ လူသားတွေအကုန်လုံးက အတူတူတွေချည်းပဲ!

 သူတို့ ကောင်းကင်တာအိုမျိုးနွယ်စုနဲ့ ရင်ဆိုင်နေရတာတောင် သေးနုပ်တဲ့လူသားတွေက အချင်းချင်းရန်စောင်နေကြသေးတယ်။အံ့ပါရဲ့ကွာ။

ဤသည်ကိုမြင်တော့ လေထုအထက်ရှိ ဝမ်ဖုန်းသည် သူ၏ခေါင်းကို ဖြည်းလေးစွာ ခါယမ်းလျက် သက်ပြင်းချလိုက်သည်။

ဤယဲ့ဟွမ်မှာ သည့်မတိုင်ခင်က မောက်မာနေခဲ့သော်လည်း ယခုအချိန်မှတော့ ခွေးတစ်ကောင်လို အရိုက်ခံခဲ့ရလေပြီ။

"အရမ်းကြီးလည်း ပျော်ရွှင်မနေပါနဲ့။ ဒီစစ်သူကြီးက သေဆုံးသွားရင်တောင် မင်းတို့တွေ ယွမ်ဟွားကောင်းကင်ဘုံက ထွက်ခွာနိုင်မှာ မဟုတ်ဘူး!"

ယဲ့ဟွမ်၏ မျက်ဝန်းများမှာ အေးစက်လာ

ခဲ့ပြီး တိုးညှင်းစွာ ရေရွတ်လိုက်သည်။

"မစိုးရိမ်ပါနဲ့။ ဒါတွေ အားလုံးကို မင်းတွေ့မြင်နိုင်စွမ်းရှိတော့မှာ မဟုတ်ပါဘူးကွ!"

 မရဏမျိုးနွယ်စု၏ ခေါင်းဆောင်က လှောင်ပြောင်ရယ်မောလိုက်ပြီး ယဲ့ဟွမ်ကို လျစ်လျူရှုလျက် ဝမ်ဖုန်းနှင့် အခြားသူများကို စူးစိုက်ကြည့်လိုက်သည်။ သူ၏ မျက်နှာထက်တွင် ရွှတ်နောက်နောက် အမူအယာတစ်ခု ရှိနေခဲ့ပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။

"ဒီအရှင်သခင်နှင့်အတူ လိုက်ခဲ့စမ်း။"

မရဏမျိုးနွယ်စု စွမ်းအားရှင်များ၏ အမြင်တွင် ဝမ်ဖုန်းတို့က သူတို့၏စွမ်းအားကို တွေ့မြင်ပြီးနောက် ထိတ်လန့်တုန်လှုပ်ကာ ညှာတာထောက်ထားရန် တောင်းပန်လိမ့်မည်ဟု ထင်နေကြသည်။

"မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ?"

သို့ပါသော်လည်း နောက်တဒင်္ဂအကြာ၌ မထီမဲ့မြင် အသံတစ်သံသည် လောကတစ်ခွင် ဟိန်းထွက်သွားလျက် မရဏမျိုးနွယ်စုများကို ထိတ်လန့်ကြောင်အသွားစေခဲ့သည်။ သူတို့အားလုံးသည် ဝမ်ဖုန်းကို ရှုပ်ထွေးနေသော အမူအယာများဖြင့် လှည့်ကြည့်မိလိုက်ကြသည်။

သူဘယ်လိုလုပ်ပြောရဲရတာလဲ။

သူတို့ရဲ့ ခြောက်ခြားဖွယ်စွမ်းအားကို မတွေ့မြင်လိုက်ဖူးလား။ မရှင်သန်နိုင်တော့မှန်းသိလို့ မိုက်မိုက်ကန်းကန်း ဇွတ်တိုးချင်နေတာများလား။

မရဏမျိုးနွယ်စု၏ လူများသာမက ကောင်းကင်ပြုပြင်ဂိုဏ်း၏ ဘိုးဘေးများ၊ အထူးအင်အားစုများ၏ ပဏ္ဍိတစွမ်းအားရှင်များကတောင် ထိတ်လန့်ကြောင်အသွားကြသည်။ သူတို့ခန္တာကိုယ်တစ်ခုလုံးဟာ မထိန်းချုပ်နိုင်စွာ တုန်တက်သွားလေသည်။

ဘယ်လိုလုပ် လုပ်ရဲရတာလဲ။ ဝမ်ဖုန်းက မရဏမျိုးနွယ်စု စွမ်းအားရှင်ကြီးတွေကို ဒီလိုစကားမျိုး ပြောရဲတယ်လား။

"မင်း သေချင်နေတာလား!?"

မရဏမျိုးနွယ်စု၏ ခေါင်းဆောင်မှာ မျက်ဝန်းများကို မှေးကျဉ်းလျက် ဝမ်ဖုန်းကို အေးစက်စွာ စူးစိုက်ကြည့်လိုက်သည်။ အရိုးထိအောင် အေးစိမ့်သွားစေနိုင်သော အရှိန်အဝါကြီးသည် ထွက်ပေါ်လာလျက် ပတ်ဝန်းကျင်အပူချိန်ကို သုညမှတ်ထိ ကျဆင်းသွားစေခဲ့သည်။ လူတိုင်းဟာ သူ၏ အကြည့်အောက်တွင် အေးစက်တောင့်တင်းသွားကြရသည်။

"မင်းတို့ ပုရွတ်ဆိတ်လေးတွေလောက်က ဒီအရှင်သခင်ကို သတ်နိုင်မယ်ထင်နေတာလား?"

ဝမ်ဖုန်းက ရယ်မောလိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်ပြောဆိုလိုက်သည်။ သူ့မျက်နှာထက်တွင် ကြောက်လန့်မှု တစ်စုံတစ်ရာမရှိဘဲ ပြောဆိုနေခဲ့ခြင်းဖြစ်၏။ ဤသည်မှာ မရဏမျိုးနွယ်စုအတွက် ကြီးမားစွာ အရှက်ရမှု ဖြစ်သည်။

ထိုစကားများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် တစ်လောကလုံးဟာ တိတ်ဆိတ်ငြိမ်သက်သွားကြပြီး လူတိုင်း၏ မျက်ဝန်းများမှာ ပြူးကျယ်လာကြကာ ဝမ်ဖုန်းကို မယုံကြည်နိုင်စွာ စိုက်ကြည့်မိလိုက်ကြသည်။ ယဲ့ဟွမ်ကတောင် သူ၏ ထူးမခြားနားသော မျက်ဝန်းများဖြင့် ဝမ်ဖုန်းကို ထွင်းဖောက်လုမတတ် စူးစိုက်ကြည့်နေခဲ့သည်။

ဒီလိုအချိန်မှာ မင်းက ဒါမျိုးပြောရဲတယ်ဆိုတော့ သေခြင်းကို လိုလားတဲ့ အရူးတစ်ယောက်ဟုတ်ချင်ဟုတ် ၊မဟုတ်ရင် အကြွင်းမဲ့ ယုံကြည်မှုတစ်ခု ရှိနေရမယ်။

အချိန်တစ်ခုထိတိုင်အောင် မရဏမျိုးနွယ်စု၏ စွမ်းအားရှင်များအားလုံး တုန်လှုပ်သွားကြသည်။ သူတို့၏ မျက်နှာထက်၌ ကြောင်အနေသော အမူအယာတစ်ခု ဖြစ်တည်လျက်ရှိသည်။

ဝမ်ဖုန်းနှင့် သူ့လူများကို သူတို့၏ မြင့်မြတ်သော ဆရာသခင်က ဖမ်းဆီးရန် ကိုယ်တိုင်ကိုယ်ကျ စေခိုင်းလိုက်ခြင်း ဖြစ်သည်။ ဘယ်လိုပဲကြည့်ကြည့် သူတို့က အရူးတွေနဲ့လည်း မတူပါဘူး။

အရူးမဟုတ်ဘူးဆိုရင် ဖြစ်နိုင်ချေက တစ်ခုပဲ ရှိတော့တယ်။

သူတို့(ဝမ်ဖုန်းတို့)က သူတို့နဲ့ ယှဥ်ပြိုင်ဖို့ ယုံကြည်မှုရှိနေတာ ဖြစ်ရမယ်။

ဒါကို တွေးမိလိုက်သည့်အခါ မရဏမျိုးနွယ်စုခေါင်းဆောင်၏ အမူအယာမှာ ပျက်ယွင်းသွားခဲ့သည်။ သူဟာ အနောက်ဘက်ရှိ မရဏမျိုးနွယ်စု စွမ်းအားရှင်နှစ်ယောက်ကို စတင်လုပ်ရှားရန် အချက်ပြလိုက်သည်။

ဘုန်း!

အမိန့်ကို လက်ခံရရှိလိုက်ပြီးနောက် မရဏမျိုးနွယ်စု၏ စွမ်းအားရှင်နှစ်ယောက်သည် စကားတစ်ခွန်းမှမပြောဘဲ ပြင်းထန်သော အရှိန်အဟုန်ကြီးကို ဖော်ထုတ်ခဲ့ကြသည်။ သေခြင်းအငွေ့အသက်များ ရစ်သိုင်းလျက်ရှိသော တုန်လှုပ်ခြောက်ခြားဖွယ် အရှိန်အဟုန်ကြီးသည် လေဆင်နှာမောင်းကြီးတစ်ခုကဲ့သို့ ပြင်းထန်သော လေပြင်းများကို ဖြစ်တည်စေလျက် ဝမ်ဖုန်းနှင့် အခြားသူများထံ လိမ့်သွားခဲ့သည်။

ဤလေဆင်နှာမောင်းကြီး၏ တိုက်ခတ်မှုကြောင့် မြေပြင်ကတောင် တသိမ့်သိမ့်တုန်လှုပ်နေခဲ့ရသည်။ ထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းသည် ရှိရှိသမျှလူတိုင်းကို တုန်လှုပ်သွားစေခဲ့ပြန်သည်။

မရဏမျိုးနွယ်စု စွမ်းအားရှင်များ၊ ကောင်းကင်ပြုပြင်ဂိုဏ်း၏ ဘိုးဘေးများနှင့် အထူးအင်အားစုကြီးများ၏ ပဏ္ဍိတစွမ်းအားရှင်များအားလုံးတို့သည် ဝမ်ဖုန်းနှင့် သူ့လူများကို စူးစိုက်ကြည့်နေခဲ့ကြသည်။

မရဏမျိုးနွယ်စုကို ရန်စရဲသည့်အထိ ဝမ်ဖုန်းတို့ကို အဘယ်အရာက ထောက်ပံပေးလိုက်ကြောင်း သူတို့အားလုံး သိလိုကြသည်။

ယင်းနောက်တွင် ထင်မှတ်မထားသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ထိတ်လန့်ဖွယ်ကောင်းသော လေဆင်နှာမောင်းကြီးဟာ ဝမ်ဖုန်းတို့အရှေ့ကို ဖြတ်သန်းတိုက်ခိုက်တော့မည့်အချိန်ထိတိုင်အောင် ဝမ်ဖုန်းတို့ဟာ လုပ်ရှားခြင်းမပြုခဲ့ပါ။ ဤသည်က ကောင်းကင်ကြီး ပြိုကြလာရင်တောင် ငါနှင့်မဆိုင်ဘူးဆိုသည့် အမူအယာသာ ဖြစ်ချေသည်။

ထိုကဲ့သို့မြင်ကွင်းက လူတိုင်းကို မတူကွဲပြားသော ခံစားချက်များအား ပေးစွမ်းနေခဲ့သည်။

မရဏမျိုးနွယ်စုစွမ်းအားရှင်များ၏ အမူအယာမှာ ပိုမို၍ လေးနက်လာခဲ့သည်။ ဝမ်ဖုန်းတို့က ပို၍ တည်ငြိမ်လေလေ သူတို့ဟာ ပို၍ ခြောက်ခြားလာလေလေ ဖြစ်သည်။

အထူးအင်အားစုများ၏ ပဏ္ဍိတစွမ်းအားရှင်များအပါအဝင် ကောင်းကင်ပြုပြင်ဂိုဏ်း၏ ဂိုဏ်းသားများအားလုံးသည် ဝမ်ဖုန်းတို့ဟာ ကြောက်လန့်လွန်း၍ ရူးသွပ်သွားပြီဟု ထင်လိုက်ကြသည်။ ဒီတိုက်ကွက်ကြီးက ထိတ်လန့်ဖွယ်ကောင်းလွန်းတာကြောင့် သူတို့ရဲ့ စိတ်ကတောင် ဗလာကျင်းသွားခဲ့ရသည်။

ဒီအရူးတွေက သေခြင်းတရားကို ဖွေရှာနေတာပဲ...

"ကျွတ်... ကျွတ်... ကျွတ်.."

"ဒီဘိုးဘိုးကြီး ရောက်လာပြီကွ!"

All Chapters