← Chapters

မရဏနတ်ဘုရား

Vol. 34 Ch. 472

မရဏနတ်ဘုရား

Vol. 34 Ch. 472

Translator - Hsue Htet 

“ဂျွတ်!”

မပြေမပြစ်သော ပြိုကွဲပျက်စီးသံသည် ပဲ့တင်ထပ်လာခဲ့ပြီး အားလုံး၏ထိတ်လန့်နေကြသော မျက်လုံးများအောက်၌ မရဏအကာအကွယ်သည် ရူယိကျင်းကူးပန့်၏ရိုက်ချက်ဖြင့် မီးခိုရောင်အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး အလွယ်တကူ ပြိုကွဲပျက်စီးသွားခဲ့သည်။

ဘုန်း!

‌မရဏမျိုးနွယ်စု၅ဦးမှာ ကြိုးပြတ်သွားသည့်စွန်ကဲ့သို့ လွင့်ထွက်သွားကြပြီးနောက် မြေပြင်သို့ပြုတ်ကျလေရာ မြေပြင်မှာ တွင်းချိုင့်ကြီးဖြစ်တည်သွားခဲ့သည်။

“အဟွတ်! ဘယ်လိုဖြစ်နိုင်မှာလဲ…?”

မရဏမျိုးနွယ်စုများမှာ သွေးနက်များပါးစပ်အပြည့် အန်ထွက်သွားရသည်။ မရဏမျိုးနွယ်စု‌ေခါင်း‌ေဆာင်သည် စွန်းဝူခုန်းကို မယုံကြည်နိုင်စွာ ကြည့်နေရင်းဖြင့် ကြီးထွားသန်မာသည့် ခန္ဓာကိုယ်မှာ ကြောက်ရွံ့မှုကြောင့် တုန်ယင်နေလေသည်။

“ကျစ်!”

အင်အားစုများစွာတို့၏အထက်၌ ကောင်းကင်ပြုပြင်ဂိုဏ်း သူတော်စင်များသည်လည်း လေအေးတစ်ချက် ရှူသွင်းလိုက်ရပြီး မျက်နှာပျက်ယွင်းကုန်ကြသည်။ ချန်ခွမ်းအထွတ်အထိပ်ဘုံရှိ မရဏမျိုးနွယ်စုများမှာ ရှန်ရှန့်ကျုံဂိုဏ်းနဝမဘိုးဘေးရဲ့ အသတ်ခံရသည်တဲ့။ ဒါက ဖြစ်သင့်ရဲ့လား?

ရှန်ရှန့်ကျုံဂိုဏ်း၏ ကြောက်မက်ဖွယ်အင်အားမှာ သူတို့စိတ်ကူးမှန်းဆနိုင်သည်ထက်ပင် ပို၍သာလွန်နေခဲ့သည်။

စွန်းဝူခုန်း၏ ရွှေတုတ်လက်နက်သည် မရဏမျိုးနွယ်စုများကို ရိုက်ချေပစ်လိုက်ရုံသာမက သူတော်စင်အကြီးအကဲများ၏ ရှန်ရှန့်ကျုံဂိုဏ်းကို အန္တရာယ်ပြုလိုသော စိတ်နှလုံးကိုပါ ‌ထုချေပစ်ခဲ့လေသည်။ 

ရှန်ရှန့်ကျုံဂိုဏ်း၏ ကြောက်မက်ဖွယ်အင်အားရှေ့မှောက်၌ သူတို့မှာ သေချာမတွေးတောနိုင်တော့ပေ။ ယွမ်ဟွားကောင်းကင်နယ်မြေ၏ အရှင်သခင်အဖြစ် ရှန်ရှန့်ကျုံဂိုဏ်းအပေါ်ထားရှိသည့် ရိုးသားစစ်မှန်သည့် လေးစားမှုလေးကို မူလအခြေအနေအတိုင်း ထိန်းသိမ်းထားရန်သာ တတ်နိုင်လေသည်။

ကောင်းကင်ပြုပြင်ဂိုဏ်း၏ လျိုဖေးယုနှင့် အခြားသူများမှာ ကြောက်ရွံ့မှုကြောင့် တုန်ရီနေကြ၏။ သူတို့မှာ စွန်းဝူခုန်းကို ကြည့်ပင်မကြည့်ရဲကြပေ။ မိမိတို့၏အကြည့်ကြောင့် စွန်းဝူခုန်း၏အာရုံကို ဆွဲဆောင်မိသွား၍ တစ်ချက်အရိုက်ခံလိုက်ရမည်ကို စိုးရိမ်နေကြသည်။

စွန်းဝူခုန်း၏ ကြောက်မက်ဖွယ်အင်အားကြီးမှာ လူအများစိုးရိမ်ပူပန်ကြသည့်အတိုင်း မလွဲဧကန်ဖြစ်၏။ တုတ်တစ်ချက်အကျ၌ လျိုဖေးယုတို့အားလုံးမှာ ဒူးထောက်ကြရပေလိမ့်မည်။

လွန်ခဲ့သည့်မိနစ်အနည်းငယ်ကပင် သူတို့သည် မရဏမျိုးနွယ်စု၏ အကူအညီဖြင့် ယွမ်ဟွားကောင်းကင်နယ်မြေတစ်ခုလုံးကို အထက်ကောင်းကင်မှ အုပ်စိုးနိုင်မည်ဟု တွေးထင်နေကြသေးသည်။ သို့သော် အချိန်အနည်းငယ်အတွင်း၌ ငရဲတွင်းသို့ ချက်ချင်းကျဆင်းသွားရပြီး ပြန်လှည့်ရန်လမ်း မရှိပါတော့ချေ။

“ထွက်ပြေးကြ!”

လျိုဖေးယုသည် ကောင်းကင်ပြုပြင်ဂိုဏ်း၏ သူတော်စင်အကြီးအကဲနှစ်ဦးကို အကြည့်ပို့လွှတ်လိုက်ပြီးနောက် လှည့်ထွက်သွား‌လေသည်။ အရှိန်နှုန်းမှာ အလွန်လျင်မြန်လွန်း၏။ မျက်တောင်တစ်ခတ်မျှသောအချိန်အတွင်း၌ လျိုဖေးယုသည် ကောင်းကင်ပြုပြင်ဂိုဏ်းတည်ရှိရာ ကျယ်ပြောလှသော တောင်တန်းများကြားတွင် ပျောက်ကွယ်သွားတော့သည်။

စွန်းဝူခုန်း၊ ဝမ်ဖုန်းနှင့် အခြားသူများသည် လျိုဖေးယု ထွက်ပြေးသွားခြင်းကို ဂရုမစိုက်ကြချေ။

လက်ရှိအချိန်တွင် ဝမ်ဖုန်းအတွက် အရေးအကြီးဆုံးမှာ မရဏမျိုးနွယ်စုများဖြစ်၏။ လျိုဖေးယုနှင့်အခြားသူများသည်တော့ သူတို့က ထွက်ပြေးရင်တောင် ဘယ်ကိုများ ပြေးနိုင်မှာမို့လို့လဲ?

“အားလုံးပဲ အခုအချိန်က သစ္စာတရားကို ပြသဖို့အချိန်ပဲ!”

သူတော်စင်ကျင့်ကြံသူများသည်လည်း လျိုဖေးယုတို့ ထွက်ပြေးသွားသည်ကို မြင်တွေ့လိုက်ကြသည်ဖြစ်ရာ ဟွမ်ထျန်းစံအိမ်သူတော်စင်များမှ မျက်လုံးအိမ်တို့မှေးကျဉ်းလျက် လေးနက်စွာပြောသည်။

စွန်းဝူခုန်းသည် ရောက်ရှိလာချိန်တည်းက တစ်ချက်လေးသာ တိုက်ခိုက်ရသေးသည်။ သို့သော် ထိုတိုက်ခိုက်မှုတစ်ချက်သည် အင်အားစုများအပေါ် သက်ရောက်မှုကြီးမားခဲ့၏။ ထိုအင်အားစုများမှာ ရှန်ရှန့်ကျုံဂိုဏ်းသို့ တည်မြဲစွာ နောက်လိုက်သစ္စာခံရန် စိတ်ဆုံးဖြတ်ပြီးကြလေပြီ။

ဟွမ်ထျန်းစံအိမ်သူတော်စင်ထံမှ ထိုစကားထွက်ပေါ်လာပြီးနောက်တွင် အခြားအင်အားစုနှစ်စုသည်လည်း တစ်ပြိုင်နက်တည်း ခေါင်းညိတ်ထောက်ခံလာ၏။ ထို့နောက် ခန္ဓာကိုယ်လှုပ်ရှားမှုဖြင့် နေရာမှထွက်ခွာကာ ထွက်ပြေးသွားသည့် လျိုဖေးယုတို့နောက်သို့ လိုက်သွား‌ကြသည်။

ကောင်းကင်ပြုပြင်ဂိုဏ်း အထက်ကောင်းကင်၌ စွန်းဝူခုန်းသည် ရူယိကျင်းကူးပန့်ကို ကိုင်ဆောင်လျက် မရဏမျိုးနွယ်စု၅ဦးကို အုပ်မိုးကြည့်ရှုနေသည်။

စွန်းဝူခုန်း၏ အရိုင်းဆန်၍ အထက်စီးဆန်သော အပြုအမူအရှိန်အဝါသည် ကောင်းကင်ဘုံထိတိုင် ဖိနှိပ်နေသည့်အလားပင်။ အဝေးမှကြည့်နေသည့် ယဲ့ဟွမ်မှာ အဆက်မပြတ် တုန်ရီနေရပြီး မျက်လုံးအစုံမှာ ကြောက်ရွံ့ရိုသေခြင်းမှအပ ဗလာကင်းမဲ့နေ၏။

ထိုပုဂ္ဂိုလ်၏အင်အားသည် ထာဝရကောင်းကင်မင်းဆက်တစ်ခုလုံး၏ ထိပ်တန်းအဆင့်ရှိနိုင်၏။

“ဟားဟားဟား!”

“မရဏမျိုးနွယ်စုတဲ့? တကယ့်ကိုပဲ! နှမြောစရာက တခြားသူကို မရဏကိုပို့ဆောင်မယ့်အစား မင်းတို့ပဲ သွားရတော့မယ်လေ!”

စွန်းဝူခုန်း၏ ဩဇာအာဏာကြီးမားသော အသံအဆုံး၌ မရဏမျိုးနွယ်စုများသည် အခြားသူများ မျှော်လင့်ထားသည်ကဲ့သို့ ကြောက်ရွံ့တုန်လှုပ်မနေကြချေ။ ကျယ်လောင်စွာ ရယ်မောနေကြလျက် မှုန်မှိုင်းမှိုင်းမျက်နှာတို့မှာ ဆိုးယုတ်မှုနှင့် ဆုံးဖြတ်ချက်ပြတ်သားဟန်တို့သာ တည်ရှိနေခဲ့သည်။

“မရဏ! ဆင့်ခေါ်!”

မရဏမျိုးနွယ်စုခေါင်းဆောင်ထံမှ မိုးခြိမ်းသံကဲ့သို့သောအသံကြီး ထွက်ပေါ်လာခဲ့ပြီး အခြားမရဏမျိုးနွယ်စုများသည်လည်း ရုတ်ချည်း လှုပ်ရှားလာကြသည်။ မရဏမျိုးနွယ်စုခေါင်းဆောင်၏ ဦးဆောင်မှုနောက်၌ စီတန်းရပ်နေကြကာ လက်ဖဝါးတို့ကို တစ်ဦးနှင့်တစ်ဦး ပခုံးထက်သို့ ဆင့်ကဲဖိတင်လိုက်ကြသည်။

သာမန်မျက်လုံးဖြင့် မြင်တွေ့နိုင်သော မီးခိုးရောင်အရေးကြောင်းများသည် မရဏမျိုးနွယ်စုများ၏ ကိုယ်မှ ထွက်လာခဲ့ပြီး ပခုံးကိုဖိကိုင်ထားသည့် လက်ဖဝါးမှတစ်ဆင့် ရှေ့ရှိလူ၏ကိုယ်ထဲသို့ အဆင့်ဆင့် ကူးပြောင်းသွားပြီး နောက်ဆုံး၌ မရဏမျိုးနွယ်စုခေါင်းဆောင်ထံသို့ ကူးပြောင်းသွားခဲ့သည်။

“ဘုန်း!”

မရဏမျိုးနွယ်စုခေါင်းဆောင်မှ ၎င်းမီးခိုးရောင်အရေးကြောင်းများကို ထုတ်လွှတ်လိုက်သောအခါ ကမ္ဘာလောကကို တုန်လှုပ်စေနိုင်သော ကြီးမားကျယ်ပြန့်သည့်စွမ်းအင်လှိုင်းကြီး ထွက်ပေါ်လာခဲ့သည်။

မရဏမျိုးနွယ်စုများ၏ အင်အားကြီးမားလှစွာသောစွမ်းအင်သည် မျိုးနွယ်စုခေါင်းဆောင်၏ ပတ်ပတ်လည်၌ မြူခိုးထုတစ်လွှာအဖြစ် ရစ်ပတ်ဖုံးလွှမ်း၏။

ထိုစွမ်းအင်များအားလုံး သူ၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားချိန်၌ ခန္ဓာကိုယ်မှ ရုတ်တရက်ဆန်လှသော ဟိန်းဟောက်မြည်တမ်းမှုကြီးနှင့်အတူ ခန္ဓာကိုယ်အသွေးအသားတို့မှာလည်း သာမန်မျက်လုံးနှင့်မြင်နိုင်သည်အထိ ရောင်ရမ်းလာခဲ့သည်။ ထွားကြိုင်းတုတ်ခိုင်သော ခန္ဓာကိုယ်ကြီးမှာ ရုတ်ချည်းပင် ဘောလုံးတစ်လုံးကဲ့သို့ ဖောင်းကားလာ၏။

မရဏမျိုး‌နွယ်စုခေါင်းဆောင်၏နောက်မှ မရဏမျိုးနွယ်စုများသည်တော့ လျင်မြန်စွာ ခြောက်ကပ်လာနေခဲ့သည်။ သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးနှင့်အင်အားအလုံးစုံမှာ ထိုလူ၏ဦးခေါင်း၌သာ သွားရောက်စုဝေးခြင်းဖြင့် ပိုမိုအင်အားကြီးမားလာလေသည်။

“စိတ်ဝင်စားစရာပဲ။ မင်းတို့ကောင်စုတ်လေးတွေက မင်းတို့ဘိုးဘေးငါ့ကို ပျော်ရွှင်အောင်လုပ်ပေးနိုင်မလားဆိုတာ ကြည့်ချင်ပါသေးရဲ့”

စွန်းဝူခုန်းသည် ရူယိကျင်းကူးပန့်ကို ပခုံးထက်တင်၍ ထိုမြင်ကွင်းကို စိတ်ဝင်စားခြင်းကြီးစွာဖြင့် ကြည့်နေခဲ့သည်။ ကျေနပ်ပီတိလွှမ်းသောမျက်နှာဖြင့် ကြည့်နေသည်မှာ ဟန့်တားဖို့စိတ်ကူးမရှိသည့်အပြင် အရမ်းကို စိတ်လှုပ်ရှားတက်ကြွနေလေသည်။

ဘာလို့များ အတင်းဟန့်တားနေမလဲ?

စွန်းဝူခုန်းဟူသောမိမိမှာ အမြဲလိုလို နှိမ့်ချတတ်သူတစ်ဦးပါလေ!

အင်အားကြီးမားသူမှ အားနည်းသူကို အနိုင်ကျင့်ခြင်းအား သူသဘောမကျ။ အားနည်းသူတို့ကို အင်အားစုဆောင်းခွင့်ပေးပြီးမှ အနိုင်ပိုင်းခြင်းမှာ ပိုစိတ်လှုပ်ရှားဖို့ကောင်းသည် မဟုတ်ပါလော?

ဝမ်ဖုန်းသည်လည်း စိတ်ဝင်တစားဖြင့် ကြည့်နေခဲ့သည်။ သူ စွန်းဝူခုန်းကို ယုံကြည်၏။ စွန်းဝူခုန်းနေရာမှာ သူကိုယ်တိုင်ဖြစ်နေခဲ့လျှင်လည်း ထိုမရဏမျိုးနွယ်စုများ အင်အားကုန်ပေါက်ကွဲသည်ကို စောင့်ဆိုင်းပေးမည်ဖြစ်သည်။ အင်အားကြီးသူဟူသည် ပြိုင်ဘက်ကို မကြောက်ရွံ့တတ်! ထိုမရဏမျိုးနွယ်စုတစ်အုပ်မှာ မိမိ၏ ပြိုင်ဘက်ပင် မဟုတ်လေရာ အဘယ်ကိုများ ကြောက်ရွံ့နေရမည်နည်း။

“ဘုန်း!”

မျက်တောင်တစ်ခတ်မျှသောအချိန်အတွင်း၌ မရဏမျိုးနွယ်စုခေါင်း‌ေဆာင်၏ခန္ဓာကိုယ်မှာ ဆယ်ပေအမြင့်ခန့်သို့ ပျံတက်နေပြီဖြစ်သည်။

သို့ထိတိုင် တိုးတက်မှုသည် ဆိတ်သုဥ်းခြင်းမရှိ၊ ‌အင်အားကုန်ပေါက်ကွဲခြင်းသို့လည်း တဖြေးဖြေးဦးတည်နေမြဲသာ။ မရဏမျိုးနွယ်စုများ၏ မီးခိုးရောင်အရေးကြောင်းများ ကူးပြောင်းမှုသည် ပိုမိုလျင်မြန်လာ၏။

အချိန်ခဏမျှကြာမြင့်ပြီးနောက်၌ မရဏမျိုးနွယ်စုမှာ ‌ကျန်းပေါင်းတစ်ရာခန့်အထိ မြင့်တက်နေခဲ့လေပြီ။ မရဏမျိုးနွယ်ခေါင်းဆောင်ထံမှ ထုတ်လွှတ်နေသည့်စွမ်းအင်ကြောင့် ကမ္ဘာလောကကြီးမှာ အဆက်မပြတ် တုန်ခါလာခဲ့ပြီး မရဏနယ်မြေအဖြစ် ပြောင်းလဲသွားခဲ့သည်။ အကြွင်းမဲ့မရဏစွမ်းအင်သည် အရပ်မျက်နှာတိုင်းသို့ ဖြတ်သန်းရိုက်ခတ်ခြင်းဖြင့် သက်ရှိသတ္တဝါအလုံးစုံကို ဖျက်ဆီးပစ်‌၏။

၎င်းကြောက်ခမန်းလိလိသောစွမ်းအင်သည် ချန်ခွမ်းဘုရင်အဆင့်စွမ်းအင်နှင့် ညီမျှ၏။ စွမ်းဝူခုန်း၏ မျက်နှာထက်မှအပြုံးမှာ ပို၍သက်ဝင်လှုပ်ရှားလာကာ ကြုံလှီသောခန္ဓာကိုယ်မှာ ပြင်းထန်လှစွာသော တိုက်ခိုက်ချေမှုန်းခြင်းအရှိန်အဝါတို့ကို ထုတ်လွှတ်နေသည်။

“အရမ်းကြီးလာနေပြီပဲ”

“မင်းတို့ကောင်စုတ်လေးတွေ ဒီဘိုးဘေးရဲ့ တုတ်ဘယ်နှချောင်းကို ခံနိုင်ရည်ရှိမလဲ မသိဘူးနော်”

စွန်းဝူခုန်းမှ ပျက်ရယ်ပြု၏။ ထို့နောက် နေရာမှ လျင်မြန်စွာခုန်ထွက်သွား၍ မရဏမျိုးနွယ်စုများ၏ အထက်ကောင်းကင်တည့်တည့်၌ ပြန်ထွက်ပေါ်လာသည်။

ကြောက်မက်ဖွယ်စွမ်းအင်များမှာ ထျန်းဟယ့်မြစ်ကြီးစီးဆင်းနေသည့်အလား။ မရဏမျိုးနွယ်စုများ၏ အထက်လေဟာပြင်မှာ တစ်ကြိမ်ပြီးတစ်ကြိမ်ပေါက်ကွဲသွား၍ လေဟာပြင်မှာ ကွဲကြေ‌နေသည့်ကြေးမုံပြင်ကဲ့သို့ ထင်မှတ်ရလေသည်။

“မရဏနတ်ဘုရားလက်သီး!”

မရဏမျိုးနွယ်စုမှာ သတ်ဖြတ်လိုခြင်းအငွေ့အသက်များ ပြည့်နှက်နေလျက် နီရဲစူးရှသော မျက်လုံးအစုံမှာ အထက်မှကျဆင်းလာနေသည့် ရွှေတုတ်ချောင်းကို စိုက်ကြည့်နေ၏။ နှုတ်မှလည်း ကြမ်းကြုတ်ခက်ထန်သည့် ဟိန်းဟောက်သံကြီးဖြင့် မြည်တမ်းလေရာ ကမ္ဘာလောကကြီးမှာ ရုတ်ချည်းပင် ကြေမွပြိုကွဲလာခဲ့သည်။

All Chapters