← Chapters

ဒီတုတ်တစ်ချက်က မင်းကိုအမှုန့်ချေပစ်နိုင်တယ်

Vol. 34 Ch. 473

ဒီတုတ်တစ်ချက်က မင်းကိုအမှုန့်ချေပစ်နိုင်တယ်

Vol. 34 Ch. 473

Translator - Hsue Htet 

ဘုန်း!

အင်အားကြီးမားလှစွာ‌ေသာ မရဏစွမ်းအင်ကြီးဖြာထွက်သွားခြင်းနှင့်အတူ မရဏမျိုးနွယ်စုခေါင်းဆောင်၏ လက်သီးချက်သည်လည်း ဝိဉာဉ်ကိုဝါးမျိုဖျက်ဆီးနိုင်စွမ်းသော မီးခိုးရောင်အလင်းဖြင့် တောက်ပနေခဲ့သည်။

ချန်ခွမ်းဘုရင်အဆင့်နှင့်ညီမျှသော ကြီးကျယ်ခမ်းနားလှစွာသောစွမ်းအင်သည် မရဏမျိုးနွယ်စု၏ ယုံကြည်ချက်ရှိမှုဖြင့် ပေါင်းစည်းသွားလေရာ သူတို့မှာ စွန်းဝူခုန်းကို အနိုင်ရပြီးသည့်အလား ခပ်ထေ့ထေ့လှောင်ရယ်ဟန်များ ဖြစ်တည်နေလေသည်။

လက်သီးထိုးချက်ကို ပစ်လွှတ်လိုက်သောအခါ မီးခိုးရောင်စွမ်းအင်လှိုင်းများသည် လေဟာပြင်တစ်ခုလုံးကို တုန်ခါစေ၍ ရုတ်ချည်းပြိုကွဲသွားစေ၏။ 

ဘုန်း!

နားကွဲလုမတတ်သောအသံကြီး မြည်ဟီးသွားပြီး အင်အားကြီးမားလှစွာသော စွမ်းအင်သည်လည်း အရပ်မျက်နှာတိုင်းသို့ ပျံ့နှံ့သွားသည်။ ဖြတ်သန်းသွားရာတစ်လျှောက်မှ အရာအားလုံးကိုလည်း ဖျက်ဆီးပစ်ခဲ့သေး၏။

မရဏမျိုးနွယ်စုခေါင်းဆောင်မှာ အလွန်လျင်မြန်လှသည့်အရှိန်ဖြင့် မြေပြင်သို့ပြုတ်ကျသွားခဲ့ပြီး ကမ္ဘာလောကကြီးတစ်ခုလုံး တုန်ခါသွား၍ ဧရာမကျောက်တုံးကြီးများမှာလည်း လွင့်စင်ထွက်ကုန်တော့သည်။

အဟွတ်!

မရဏမျိူးနွယ်စုခေါင်းဆောင်မှာ သွေးနက်တစ်ပွက် အန်ထွက်သွားရသည်။ မျက်လုံးအစုံမှာ အလွန်တရာကြောက်ရွံ့ထိတ်လန့်နေလျက် မယုံကြည်နိုင်ခြင်းများ ပြည့်နှက်နေလေသည်။

မရဏမျိုးနွယ်စုခေါင်းဆောင်မှာ မရဏမျိုးနွယ်စုလေးဦး၏ စွမ်းအင်တို့ကို ပေါင်းစည်းခဲ့ခြင်းဖြစ်သည်။ သူ၏စွမ်းအင်သည် ချန်ခွမ်းဘုရင်အဆင့်နှင့်ညီမျှသည်အထိ ရောက်ရှိသွားခဲ့သည့်တိုင် မျောက်ဘုရင်၏ ရွှေတုတ်ရိုက်ချက်ကို မခုခံနိုင်ခဲ့ပေ။

“အမှိုက်သရိုက်ပဲ! အရှိန်အဝါကတော့ ရင်ထဲထိလောက်ပါရဲ့ ဒါပေမဲ့လည်း ဒီဘိုးဘေးရဲ့တုတ်ကိုတော့ ခံနိုင်ရည်မရှိရှာဘူး”

“ငါမင်းတို့နဲ့ မကစားတော့ဘူး။ သေလိုက်တော့”

စွန်းဝူခုန်းသည် ကောင်းကင်ယံတွင် အထင်မြင်သေးဟန်ဖြင့် ရပ်နေခဲ့ပြီး မရဏမျိုးနွယ်စုများကို ကတောက်ကဆတ်ပြောဆို၏။ ထို့နောက် ခန္ဓာကိုယ်မှာ အရိပ်ကဲ့သို့ပြောင်းလဲသွားပြီး ချက်ချင်းပင် မရဏမျိုးနွယ်စုရှေ့သို့ ရောက်ရှိသွားသည်။ သူ၏လက်ထဲရှိ ရူယိကျင်းကူးပန့်မှာ ရွှေနဂါးတစ်ကောင် အမြီးလှုပ်ယမ်းနေသည့်အလား ရွှေရောင်တငြီးငြီးတောက်ပနေ၏။ 

အဟွတ်!

ရူယိကျင်းကူးပန့်ဖြင့် တိုက်ရိုက်မထိခတ်မီ၌ပင် မရဏဂိုဏ်းသားများမှာ ကြောက်ခမန်းလိလိသော စွမ်းအင်အဟုန်ကြောင့် သွေးအန်ထွက်၍ နောက်ဆုတ်သွားရလေသည်။ ချန်ခွမ်းဘုရင်အဆင့်စွမ်းအင်ဖြင့် မရဏမျိုးနွယ်စုခေါင်းဆောင်သည်လည်း ဤရိုက်ချက်ကို ခံနိုင်ရည်မရှိခဲ့ပေ။

ဘုန်း!

ဧရာမရွှေတုတ်ချောင်းကြီး၏ အရိုက်ခံလိုက်ရပြီးနောက် အင်အားကြီးမားသောစွမ်းအင်တစ်ခုမှ သူ၏ခန္ဓာကိုယ်တွင်းသို့ ထိုးဖောက်ဝင်ရောက်သွား၍ သူ၏ခန္ဓာကိုယ်အပေါ်ပိုင်းမှ အသက်သွေးကြောအားလုံးကို ဖျက်ဆီးပစ်လိုက်လေသည်။

မရဏမျိုးနွယ်စုခေါင်းဆောင်၏ ခန္ဓာကိုယ်မှာ သွေးရေပန်းတစ်ခုအလား သွေးနက်ရည်များ အဆက်မပြတ် ပန်းထွက်လာခဲ့ပြီး အရိုးများသည်လည်း စွန်းဝူခုန်း၏ ရိုက်ချက်အောက်၌ ကြွေမွပြန့်ကျဲသွားရလေသည်။

“မင်း…!”

မရဏမျိုးနွယ်စုခေါင်းဆောင်သည် စွန်းဝူခုန်းကို မကျေမချမ်းကြည့်လျက် ပါးစပ်ဖွင့်ဟ၍ တစ်စုံတစ်ရာ ပြောချင်နေခဲ့သည်။ သို့သော် ဘာမျှပြောမထွက်နိုင်ဘဲနှင့် မြေပြင်သို့ ပြိုလဲကျသွား၏။ မျက်လုံးအစုံကိုပင် ငြိမ်းအေးစွာ မပိတ်သွားနိုင်ခဲ့ချေ။

ဘန်း! ဘန်း!

စွန်းဝူခုန်းသည် တစ်ဖက်မြေပြင်တွင် လဲကျနေသည့် မံမီအလောင်းဘဝသို့ ရောက်လုနီးဖြစ်နေသော မရဏမျိုးနွယ်စုလေးဦးကို အထင်မြင်သေးစွာ တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ရူယိကျင်းကူးပန့်ကို တစ်ချက်လွှဲရမ်း၍ ထိုလေးဦး၏အသက်ကို အပြည့်အဝ အဆုံးသတ်ပေးလိုက်တော့သည်။ 

ပေါက်ကွဲသံကြီးလေးခု ထွက်ပေါ်လာခဲ့ပြီး မရဏမျိုးနွယ်စုလေးဦးသည်လည်း သွေးမြူခိုးထုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ 

“ဘိုးဘေးက စွမ်းအားကြီးမားလှပါတယ်!”

ဝမ်ဖုန်း၏နောက်ရှိ မဟာနတ်ဆိုးရွှမ်ရှသည် စွန်းဝူခုန်းကို သဘောကျချစ်ခင်မှုများဖြင့် ကြည့်နေခဲ့သည်။ လက်သီးကိုတင်းတင်းဆုပ်ထား၍ သွေးများလည်း ဆူပွက်နေ၏။

မိမိ၌ စွန်းဝူခုန်း၏ ဩဇာအာဏာမျိုး တစ်ကြိမ်တစ်ခါမျှ ပိုင်ဆိုင်ခဲ့ပါလျှင်ဟူသည့်အတွေးဖြင့် အချိန်အတော်ကြာ လက်တွေ့အသိစိတ်သို့ ပြန်မဝင်ရောက်နိုင်ဘဲ ရှိနေလေသည်။

“လင်းရှောင်းကိုချနင်းပြီး မဆင်မခြင်ပြုမူတယ်!”

“လောကကြီးရဲ့ ဆိုးယုတ်မှုတွေဟာ အရမ်းအန္တရာယ်များလွန်းတယ်။ ဒါပေမဲ့ လွတ်မြောက်လမ်းတော့ မရှိရှာဘူး!”

“ဒီတုတ်ချောင်းကတော့ အရာအားလုံးကို အမှုန့်ချေပစ်နိုင်ပါရဲ့!”

စွန်းဝူခုန်းသည် ရူယိကျင်းကူးပန့်ကို ကိုင်ဆောင်လျက် အထက်ကောင်းကင်တွင် ထိုစကားတို့ကို ကျယ်လောင်စွာရေရွတ်ခဲ့ပြီးနောက် သူ၏ပုံရိပ်မှာ တဖြေးဖြေးပျောက်ကွယ်သွားခဲ့သည်။

ထိုလွှမ်းမိုးနိုင်စွမ်းသော စကားသံမှာ ကမ္ဘာလောကတစ်ခွင် ပဲ့တင်ထပ်နေခဲ့ပြီး နေရာရှိလူများမှာ အချိန်အတော်ကြာ အသိစိတ်ပြန်မကပ်နိုင်ဘဲ ကျန်ရစ်ခဲ့ကြသည်။ သူတို့စိတ်အစဉ်မှာ စွန်းဝူခုန်း၏ တုတ်တစ်ချက်ဖြင့် ထုချေခံလိုက်ရသည့်အလားပင်။

ဤတိုက်ပွဲသည် နေရာရှိလူအားလုံး၏ စိတ်နှလုံးအတွင်း၌ တစ်သက်တာမေ့မရနိုင်သည်အထိ စွဲထင်ရစ်ခဲ့လေသည်။ 

အထူးသဖြင့် မွန်မြတ်ဘုံလောကမှ ဆင်းသက်လာခဲ့သည့် ယဲ့ဟွမ်ဖြစ်သည်။ သူ၏မျက်လုံးအစုံမှာ စွန်းဝူခုန်းထွက်ခွာသွားခဲ့သည့် နေရာမှ အကြည့်မလွှဲနိုင်စွာ စွန်းဝူခုန်း၏ ဩဇာကြီးမားသောအင်အား၌ နစ်မြောနေခဲ့လေသည်။

ချန်ခွမ်းအထွတ်အမြတ်ဘုံရှိ စွမ်းအားမြင့်ကျင့်ကြံသူဖြစ်ပြီး ထာဝရကောင်းကင်မင်းဆက်၏ စစ်သူကြီးတစ်ဦးအနေဖြင့် ယဲ့ဟွမ်၏ မောက်မာထောင်လွှားမှုသည်လည်း သာမန်လူများမှ မယှဉ်နိုင်သည်အထိ မြင့်မားကျော်လွန်ပေသည်။

“ဒင်! ရှန်ရှန့်ကျုံဂိုဏ်းနဝမဘိုးဘေး စွန်းဝူခုန်းမှ ချန်ခွမ်းကပ်ဘေးအထွတ်အထိပ်အဆင့် မရဏမျိုးနွယ်စု၅ဦးကို သတ်ဖြတ်ခဲ့ခြင်းအတွက် ဂုဏ်ပြုပါတယ်။ ဂိုဏ်းအမှတ်၅၀၀ဘီလီယံနှင့် ထျန်းကျင်းအဆင့် အန္တိမကျပန်းဆင့်ခေါ်ခွင့်၁၀ခုနဲ့ ကောင်းကင်ဘုံစည်းချက်သင်္ကေတ၅ခု ရရှိပါတယ်”

စွန်းဝူခုန်းပျောက်ကွယ်သွားပြီးနောက် စနစ်၏အချက်ပေးသံထွက်ပေါ်လာလေရာ စွန်းဝူခုန်း၏ ဩဇာလွှမ်းမိုးမှုတွင် နစ်မြုပ်နေခဲ့သော ဝမ်ဖုန်းကို အသိစိတ်ပြန်လည်ရရှိ၍ စိတ်ကျေနပ်စွာ ပြုံးမိစေသည်။

ကောင်းကင်ဘုံစည်းချက်သင်္ကေတ၅ခုသည် ဝမ်ဖုန်း၏ကျင့်ကြံဆင့်ကို တစ်ဟုန်ထိုးတိုးတက်စေနိုင်ပြီး ချန်ခွမ်းအဆင့်ကို ခြေတစ်လှမ်းထပ်မံတိုးတက်စေရန် လုံလောက်၏။

ဤတစ်ကြိမ်တိုက်ပွဲပြီးလျှင် ရှန်ရှန့်ကျုံဂိုဏ်းမှာ ယွမ်ဟွားကောင်းကင်နယ်မြေ၏ အရှင်သခင်ဖြစ်လာမည်ဟု ဝမ်ဖုန်းယုံကြည်ထားသည်။ ၎င်းမှာ သေချာနေပြီးဖြစ်၏။ ဤမျှကြီးမားသည့်တိုက်ပွဲကြီးသည် ယွမ်ဟွားကောင်းကင်နယ်မြေတစ်ခုလုံးကို သက်ရောက်မှုရှိမည်မှာ မလွဲဧကန်ပင်။

စွန်းဝူခုန်း၏အင်အားကို သိထားပြီးသည့်တိုင် လှုပ်ရှားဝံ့ပါလျှင် ဝမ်ဖုန်းသည်လည်း သူတို့ကို သေမင်းလမ်းမသို့ ပို့ဆောင်ပေးရန် ဝန်မလေးပါချေ။

ဟမ်!

ထိုအခိုက်အတန့်တွင် လေဟုန်ကိုဖြိုခွင်းသည့် အသံတစ်သံ ထွက်ပေါ်လာ၍ ဝမ်ဖုန်းလှည့်ကြည့်၏။

ရောက်လာသူများမှာ အင်အားစုကြီးများ၏ အကြီးအကဲများဖြစ်သည်။ သူတို့သည် ကောင်းကင်ပြုပြင်ဂိုဏ်း၏ လျိုဖေးယု၊ အခြားသောအကြီးအကဲများစွာတို့နှင့် ကံကောင်းထောက်မစွာ အသက်ရှင်ကျန်ရစ်နေသေးသည့် ကျင့်ကြံသူအချို့ကို ခေါ်ဆောင်လာကြသည်။ 

“ဂိုဏ်းချုပ်ဝမ် ဒီကောင်းကင်ပြုပြင်ဂိုဏ်းက မရဏမျိုးနွယ်စုနဲ့ ပူးပေါင်းကြံစည်ရဲတယ်။ တကယ့်ကို ကောက်ကျစ်ယုတ်မာတဲ့ အပြစ်သားတွေပါပဲ”

“ကျုပ်တို့ သူတို့ကိုဖမ်းဆီးပြီးပါပြီ။ ဘာဆက်လုပ်မလဲဆိုတာတော့ ဂိုဏ်းချုပ်ဝမ်အပေါ်ပဲ မူတည်ပါတယ်”

ထိုအကြီးအကဲများသည် လျိုဖေးယုတို့ကို ဝမ်ဖုန်းရှေ့သို့ပစ်၍ လက်အရိုအသေပြု၍ ပြော၏။ သူတို့၏အမူအရာတို့မှာ လေးစားမှုကို လှစ်ဟပြသနေသည်။

သူတို့သည် လျိုဖေးယုတို့ကို လိုက်လံဖမ်းဆီးနေရင်းဖြင့်ပင် ဤကမ္ဘာတုန်စေလောက်သောတိုက်ပွဲကြီးကိုလည်း အာရုံစိုက်ထားသေး၏။ စွန်းဝူခုန်းမှ မရဏမျိုးနွယ်များကို အလွယ်တကူ ရှင်းလင်းပစ်နိုင်မည်ကို သူတို့ကောင်းစွာသိသည်။

လက်ရှိ၌ အင်အားစုကြီးများ၏ စွမ်းအားမြင့်အကြီးအကဲကြီးများသည် ဝမ်ဖုန်းကို ဘုရားသခင်သဖွယ် ချစ်ကြောက်ရိုသေနေကြသည်။

“အားစိုက်ထုတ်ပေးလို့ ကျေးဇူတင်ပါတယ်”

ဝမ်ဖုန်းသည် လျိုဖေးယုတို့ကို မကြည့်ဘဲနှင့် အကြီးအကဲတို့ကိုသာ တစ်ချက်ဝေ့ဝဲကြည့်ကာ အပြုံးဖြင့် ကျယ်လောင်စွာပြောခဲ့သည်။

“လုပ်သင့်တာပါ လုပ်သင့်တာပါ”

“ကျုပ်တို့က ရှန်ရှန့်ကျုံဂိုဏ်းကို ယွမ်ဟွားကောင်းကင်နယ်မြေရဲ့ အရှင်သခင်အဖြစ် ခံယူထားပြီးပါပြီ။ ရှန်ရှန့်ကျုံဂိုဏ်းကို ဆန့်ကျင်ရဲတဲ့ ကောင်းကင်ပြုပြင်ဂိုဏ်းကို ဖြေရှင်းပေးရမှာ ကျုပ်တို့တာဝန်ပါပဲ”

ဝမ်ဖုန်း၏စကားကိုကြားသည်တွင် ထိုအကြီးအကဲများမှာ စိတ်လှုပ်ရှားတုန်လှုပ်သွားကြကာ လက်တရမ်းရမ်းဖြင့် ပြန်လည်ပြောဆိုသည်။

ဝမ်ဖုန်းသည်တော့ လက်ကိုနောက်ပစ်လျက် ရပ်နေကာ စကားမဆို‌ပေ။

ထိုအကြီးအကဲများသည် အလိုအလျောက်နားလည်ကြ၍ ရိုသေမှုဖြင့် ဆက်ပြော၏။

“ဒါဆိုရင်တော့ ကျုပ်တို့စောင့်ဆိုင်းရင်း အနားယူပါတော့မယ်”

စကားသံနှင့်အတူ ပုံရိပ်မှာ ပျောက်ကွယ်သွားလေသည်။

ထိုအကြီးအကဲများထွက်သွားပြီးနောက် ဝမ်ဖုန်းသည် လျိုဖေးယုတို့ကို ငုံ့ကြည့်လိုက်သည်။ အရေးမထားဟန်မျက်နှာထားဖြင့် လျိုဖေးယုတို့၏ တောင်းပန်တိုးလျှိုးဟန်တို့ကို လျစ်လျူရှု၍ လက်ကိုဆန့်တန်းကာ လျိုဖေးယုတို့ကို ခပ်သာသာပုတ်လိုက်သည်။

ဘုန်း!

ကြောက်မက်ဖွယ်စွမ်းအင်များသည် ဧရာမလက်ဖဝါးရိုက်ချက်ကြီးအဖြစ်သို့ ဖွဲ့စည်းဖြစ်တည်သွားပြီး လျိုဖေးယုတို့ကို ဖိနှိပ်သွားလေသည်။ ပေါက်ကွဲသံကြီး ပဲ့တင်ထပ်သွားပြီး လျိုဖေးယုတို့သည်လည်း သွေးမြူခိုးထုအဖြစ် ပြောင်းလဲသွားခဲ့လေသည်။

All Chapters