← Chapters

အခန်း (၄၀၂)

Vol. 34 Ch. 402

အခန်း (၄၀၂)

Vol. 34 Ch. 402

“မင်းကို ကြည့်ရတာ အင်မတန်ကို ယုံကြည်ချက်ရှိနေသလိုပဲ”

လီချန်ချင်းက လီရွှမ်းရှီ၏စကားများကို ကြားသောအခါ မပြုံးဘဲ မနေနိုင်ခဲ့ပါ..။

“ကျွန်မက အမြဲတမ်း ယုံကြည်ချက်ရှိပြီးသားပဲ”

“မင်းရဲ့ယုံကြည်မှုကြောင့် ကံကောင်းပါစေလို့ ငါဆုတောင်းပေးလိုက်ပါတယ်”

လီချန်ချင်းက သူ၏ခေါင်းကို ခါယမ်းလိုက်ပါသည်။

“မင်းပြန်လို့ရပြီ”

လီရွှမ်းရှီကို ချုပ်နှောင်ထားသော အချုပ်အနှောင်များ ပြေလျော့သွားသည်ဟု သူမခံစားလိုက်ရ၏။ လီရွှမ်းရှီသည် ဘာစကားမှ ထပ်မပြောဘဲ ခေါင်းတစ်ချက် ငြိမ့်လိုက်ပြီးသည့်နောက်တွင် လီချန်ချင်း၏ နတ်ဘုရာဝိဉာဉ်နေရာထဲမှ ပျောက်ကွယ်သွားခဲ့ပါ၏။

ထိုအခိုက်တွင် လီချန်ချင်းက ခပ်ဖျော့ဖျော့ပင် သက်ပြင်းချလိုက်သည်။ လုချောင်းချောင်း၏ဓားချက်ကြောင် လီဟမ်ရှန်းက ဘယ်လောက်တောင် အတွင်းဒဏ်ရာ ရသွားလည်းဆိုတာ လီချန်ချင်းသိပါသည်။

“လူတစ်ယောက်သေဆုံးသွားတဲ့အခါမှာ သူ့ရဲ့နှလုံးသားကလည်း သေဆုံးသွားတယ်လေ။ သေဆုံးသွားတဲ့ နှလုံးသားကို ပြန်ရှင်အောင် လုပ်ဖို့ ဆိုတာက ဘယ်လိုလုပ်ပြီး လွယ်မှာလဲ.။

ပြီးတော့ မူချင်းကောက အနည်းဆုံးတော့ လုံခြုံသေးတယ်လေ..။လောလောဆယ် သူ့အခြေအနေက လီရွှမ်းရှီရဲ့ နံဘေးမှာ နေနေရတယ်ဆိုပေမဲ့လည်းပေါ့..။”

ထိုဖြစ်ရပ်က လီချန်ချင်းအား အနည်းငယ်တော့ စိတ်သက်သာရာရသွားခဲ့ပါသည်။ အခုအခြေအနေတွင် လီရွှမ်းရှီသည် ထာဝရရှင်သန်ခြင်းဂိုဏ်းမှ ထွက်လာပြီးသည် ဖြစ်သောကြောင့် မူချင်းကောအား ဒုက္ခပေးမည် မဟုတ်ပါ။

စစချင်းတုန်းကတော့ ထိုတိုက်ပွဲကို သွားရောက် ကြည့်ရှု့ရန်အတွက် လီချန်ချင်းတွင် အစီအစဉ်မရှိပါချေ။ သို့သော် မူချင်းကောက လီရွှမ်းရှီ၏လက်ထဲ၌ အဖမ်းခံထားရသောကြောင့် ကျန်းထျန်းယွမ်နှင့် လီရွှမ်းရှီတို့ နှစ်ဦးကြား တိုက်ပွဲကို လီချန်ချင်းက သွားကြည့်ရန်အတွက် တွေးလိုက်ပါသည်။ မြေလျှောက်အင်မော်တယ် နှစ်ပါးအကြား တိုက်ပွဲမှာ လွယ်လွယ်ကူကူနှင့် မြင်ရမည့် အခြေအနေမျိုးမရှိပါ။ ဘဝတစ်သက်တာတွင် တစ်ကြိမ်ပင် ကြုံနိုင်စွမ်းပင် မရှိပါချေ။ အလွန်အင်မတန် ကံကောင်းမှသာလျှင် မြေလျှောက်အင်မော်တယ်နှစ်ပါးအကြား အစွမ်းကုန် တိုက်ခိုက်မှုကို မြင်တွေ့ရမည်ဖြစ်၏။ ထို့ကြောင့် ကြည့်ရှု့ရသည်မှာ တန်သည်ဟု ပြော၍ရသည်။ လီချန်ချင်းက သူ၏နတ်ဘုရားဝိဉာဉ်ရေကန်မှ ပြန်လည်၍ထွက်ခွာတော့မည့် အချိန်မှာပင် သူ၏ခြေထောက်အောက်တွင် ရှိသော ကန်ရေပြင်ကို သူစိုက်ကြည့်လိုက်မိ၏။

ကန်ရေပြင်မှာ လွန်စွာမှကို တည်ငြိမ်လှပါ၏။ ထိုရေကန်သည် သူ၏နတ်ဘုရားဝိဉာဉ်၏စွမ်းအား အကျယ်အဝန်းကို သရုပ်ဖော်ပြသနေမှန်း လီချန်ချင်းသိပါသည်။ ထိုအခိုက်မှာပင် လီချန်ချင်းသည် အတွေးနက်သွားခဲ့၏။ သူ၏နတ်ဘုရားဝိဉာဉ် ကျင့်ကြံမှုသည် လုံးဝကို ရပ်တန့်နေခဲ့ပြီဖြစ်၏။ ဘယ်နည်းလမ်းကိုမဆို သူသုံးသော်လည်း သူသည် အဆင့်ချိုးဖောက်နိုင်စွမ်း မရှိပါချေ။ လတ်တလော၌ လီချန်ချင်းသည် မြောက်များစွာသော ပန်းပုရုပ်ထုများကို ကြိုးစားကာ ထုလုပ်နေ၏။ ပန်းပုထုသောအခါတွင် သူ၏နတ်ဘုရားဝိဉာဉ်က ဖြည်းဖြည်းချင်း ကြီးထွားလာသည်ကို သူအမြဲ ခံစားနေခဲ့ရပါ၏။

သို့သော် ထူးခြားဆန်းကြယ်သော အကြောင်းအရာတစ်ခုကြောင့် ထိုကြီးထွားမှုမှာ သူ၏နတ်ဘုရားဝိဉာဉ်ကို စွမ်းအားမပေးနိုင်တော့ပါချေ။ သူ၏အားထုတ်မှုများ အားလုံးက အဆုံးအစမဲ့သော နားမလည်နိုင်သည့် နေရာတစ်ခုသို့ ရောက်သွားသလိုမျိုး ခံစားနေခဲ့ရသည်။ လီချန်ချင်းသည် မိုးမြေနိယာမများကို ကြိုးစားအားထုတ်ပြီး နားလည်သဘောပေါက်ရန် လုပ်ခဲ့ပါသည်။

ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများကို အသုံးပြုပြီးတော့ သူ၏ကျင့်ကြံဆင့်ကို ထိုးဖောက်ရန်အတွက် ကြိုးစားခဲ့ပါ၏။ သူ၏နတ်ဘုရားဝိဉာဉ်သည် မဟာလွတ်မြောက်ခြင်း အဆင့်သို့ ချိုးဖောက်နိုင်ခဲ့ပါက သူက မြေလျှောက်အင်မော်တယ်များနှင့် လက်ရည်တူ ပြိုင်ဆိုင်နိုင်မည်ဖြစ်သည်။ ထိုအဆင့်သို့ ချိုးဖောက်နိုင်သွားပါက သူက စန်းယွမ်နယ်မြေ၏ ထိပ်တန်းစွမ်းအားရှင်များကို ယှဉ်တိုက်နိုင်မည် ဖြစ်၏။ ထိုအခြေအနေသို့ ရောက်သောအခါ ဘယ်သူကများ သူ့ကို နောက်ကွယ်ကနေ ကြိုးကိုင်ပြီးတော့ ထိန်းချုပ်နိုင်တော့မှာလဲ..။

ယွဲ့ဟမ်ကျွင်းပဲ ဖြစ်ဖြစ်၊ ယွဲ့ချင်းဝူပဲဖြစ်ဖြစ် သူတို့အားလုံးက သူ့ကို ထိန်းချုပ်နိုင်တော့မည် မဟုတ်ပါ။

အချိန်အကြာကြီး ကြာမြင့်ပြီးသောအခါတွင် လီချန်ချင်း၏ နတ်ဘုရားဝိဉာဉ်ကလည်း တိတ်ဆိတ်က ငြိမ်သက်နေ၏။ သူဘယ်လောက်ပဲ ကြိုးစားကြိုးစား နတ်ဘုရားဝိဉာဉ်စွမ်းအားကို တိုးမြင့်အောင် မလုပ်ဆောင်နိုင်ပါ။

အဆုံးအစမဲ့ အကျဉ်းထောင်…

ယွဲ့ချင်းဝူ၏ ပုံရိပ်သည် အဆုံးအစမဲ့ အကျဉ်းထောင်၌ ထပ်မံ၍ ပေါ်ထွက်လာပြန်သည်။ သံခြေကျင်းကြိုးများဖြင့် တုတ်နှောင်ခံထားရသော ယွဲ့ဟမ်ကျွင်းကို ကြည့်လိုက်ပြီးနောက်တွင် ယွဲ့ချင်းဝူက အရှေ့သို့ ခြေတစ်လှမ်းတိုးပြီး တိုးညင်းစွာဖြင့် ပြောလိုက်ပါသည်။

“အစ်ကိုကြီး အချိန်က ကျတော့မယ်။ အချိန်ကျတဲ့အခါ အစ်ကို ဒီနေရာကနေပြီးတော့ ထွက်လာရတော့မယ်။ အားလုံးက ကျွန်မတို့ စီစဉ်ထားတဲ့ အတိုင်းပဲ ဖြစ်နေတယ်..။”

“ချင်းဝူ မင်း ဒီအတောအတွင်းမှာ အရမ်းကို ကြိုးစားခဲ့တာပဲ”

ယွဲ့ဟမ်ကျွင်း၏ အသံက ထွက်ပေါ်လာခဲ့သည်။

“ဒါပေမဲ့ ငါ နည်းနည်း မရှင်းတာ တစ်ခုရှိတယ်။ ဘာဖြစ်လို့ ကျန်းထျန်းယွမ်က သူရှာနေတဲ့အရာကို လီဟမ်ရှန်းရဲ့ ခန္ဓာကိုယ်ပေါ်မှာ ရှာမတွေ့တာလဲ”

“ကျွန်မလည်း အဲ့တာကို မရှင်းလင်းပါဘူး”

ယွဲ့ချင်းဝူက သူမ၏ဦးခေါင်းကို ခါယမ်းလိုက်၏။

“ ဖြစ်နိုင်တာက ဒါတွေအာလုံးကို လီချန်ချင်းက လုပ်နေတာများလား..။ သိပ်မကြာခင်တုန်းက ထျန်းဟိုင်မြို့မှာ ကျွန်မ လီချန်ချင်းကို တွေ့ခဲ့တယ်။ သူဒီမှာ ဘာလုပ်နေတယ်ဆိုတာကို ကျွန်မ ဘယ်လောက်ပဲ ကြိုးစားပြီး ရှာရှာ ရှာလို့မတွေ့ခဲ့ဘူး..။ ဒါမဲ့ လုံးဝ သေချာတာ တစ်ခုက လီချန်ချင်းက ကျွန်မကို လုံးဝ မယုံဘူး။ မယုံတဲ့အပြင် သူကလုံးဝ သတိထားနေတဲ့ပုံပါရှိတယ်”

ယွဲ့ချင်းဝူက ယွဲ့ဟမ်ကျွင်းကို ပြောပြလိုက်သည်။

“သူက ထျန်းဟိုင်မြို့ကို ရောက်လာတာလား”

ထိုစကားကို ကြားသောအခါ ယွဲ့ဟမ်ကျွင်းက တောက်ပစွာ ပြုံးလိုက်၏။

“သူလုပ်ချင်တာ သူ့ဘာသူ လုပ်ပါစေ။ သူက ပြဿနာရှာမယ်ဆိုရင်လည်း ပေးရှာလိုက်ပါ..။”

“အစ်ကို လီချန်ချင်းကို လျော့တွက်လို့မရဘူးနော်..။ သူက အခု အရင်တုန်းကလိုမျိုး ရိုးရှင်းမနေတော့ဘူး..။ သူ့မှာ နတ်ဘုရားဝိဉာဉ် ကျင့်ကြံခြင်း ရှိနေတဲ့ပုံပဲ..။ သူ့ရဲ့နတ်ဘုရားဝိဉာဉ်ကလည်း အနည်းဆုံးတော့ ပန်းချီသူတော်စင် အဆင့်ကို ရောက်နေလောက်ပြီ..။ ပြီးတော့ မဟာလွတ်မြောက်ခြင်းအဆင့်ကို ချိုးဖြတ်နိုင်ဖို့အတွက် နည်းနည်းလေးပဲ လိုတော့တာ..။ သူသာ အဲ့အဆင့်ကို ရောက်သွားရင် ကျွန်မတို့နှစ်ယောက်လုံးအတွက် ပြဿနာအကြီးကြီး ဖြစ်လာနိုင်တယ်နော်”

ယွဲ့ချင်းဝူသည် စိုးရိမ်ပူပန်နေသော လေသံနှင့် ပြောလိုက်၏။

“အဲ့ဒါကို စိတ်ပူနေဖို့မလိုဘူး”

ယွဲ့ဟမ်ကျွင်းက တည်ငြိမ်နေဆဲပင်ဖြစ်၏။

“လီချန်ချင်းက ငါ့အတွက် ပြဿနာတစ်ခု ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး။ ပြီးတော့ ပိုပြီး အရေးကြီးတာက လီချန်ချင်းက မဟာလွတ်မြောက်ခြင်းအဆင့်ကို ချိုးဖြတ်နိုင်မှာ မဟုတ်ဘူး။”

ယွဲ့ဟမ်ကျွင်းက သေချာသော လေသံနှင့်် ပြောလိုက်၏။

“ကျွန်မ သဘောပေါက်ပါပြီ”

ယွဲ့ချင်းဝူသည် ဆက်လက်၍ မေးခွန်းမမေးဘဲ ခေါင်းသာ ငြိမ့်ပြလိုက်၏။

“ငါတို့မျှော်လင့်နေတဲ့အချိန်က ရောက်လာတော့မယ်။”

ထိုအခိုက်မှာပင် ယွဲ့ဟမ်ကျွင်းက ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်၏။ သူမတ်တပ်ရပ်လိုက်သောအခါတွင် သူ့ကိုယ်ပေါ်ရှိ ချိန်းကြိုးများက တင်းကြပ်သွားခဲ့သည်။ ချိန်းကြိုးများကို အနီးကပ်ကြည့်ပါက ချိန်းကြိုးများသည် သူ၏အသားများကို ဖောက်ထွင်းပြီးတော့ ချည်နှောင်ထားခြင်းမဟုတ်ပါ။ သူ၏ အရိုးများအထိပါ ဖောက်ထွင်းကာ ချည်နှောင်ထားခြင်းဖြစ်ပါသည်။

ထိုနေရာမှ နာကျင်မှု တစ်စုံတစ်ရာကို သူလုံးဝ မခံစားခဲ့ရပါချေ။ သူ့မျက်လုံးများထဲတွင် လွတ်မြောက်မှုနှင့် လွန်စွာကြီးမားလှသော ရည်မှန်းချက်ပန်းတိုင်ကိုသာ မြင်တွေ့ရမည်ဖြစ်၏။

နောက်ပိုင်းရက်များကတော့ စန်းယွမ်နယ်မြေကြီတစ်ခုလုံးသည် တိတ်ဆိတ်နေသော အခြေအနေထဲသို့ ရောက်ရှိနေခဲ့ပါသည်။ လူတိုင်း ဂိုဏ်းတိုင်း အားလုံးက တံခါးများကို ပိတ်ပြီးဧည့်သည်များကို လက်ခံခြင်းပါ ရပ်တန့်လိုက်ပါတော့သည်။

ထို့အပြင် ကြီးကြီးမားမားလုပ်ဆောင်စရာရှိသည့် ကိစ္စများအားလုံးကိုလည်း ရပ်တန့်လိုက်ကြပါ၏။ လူတိုင်းက ကိုယ်ပိုင်အစီအစဉ်များ ရှိနေကြပုံရှိပါသည်။ တခြားလူတွေ ဘာတွေစီစဉ်နေလဲဆိုတာကိုလည်း လူတိုင်းက စိတ်မဝင်စားကြပါတော့ချေ။ လောလောဆယ် လူတိုင်း၏ အာရုံထဲတွင် ရှိနေသည်က လီရွှမ်းရှီက ကျန်းထျန်းယွမ်ကို စိန်ခေါ်ပြီး တိုက်ပွဲလုပ်မည်ဆိုတာပဲ ဖြစ်၏။ အခြားသော သူများသည် ကျန်းထျန်းယွမ်၏ ပြိုင်ဘက်မဟုတ်ပါ။

ထို့ကြောင့် စန်းယွမ်နယ်မြေအရှင်သခင်ဟူသော သူ့အား ဆွဲမချနိုင်ခြင်းပင် ဖြစ်၏။ သို့သော် လီရွှမ်းရှီမှာတော့ မတူညီပါချေ။ သူတို့နှစ်ဦးစလုံးသည် လူသားမျိုးနွယ်၏ သူတော်စင်လေးပါးထဲမှ နှစ်ပါးဖြစ်ကြသည်။ ကောင်းကင်နတ်သမီး ဓားအင်မော်တယ်ဟူသော ဂုဏ်ပုဒ်သည် ကောင်းကင်ကိုးထပ်အထိကိုပင် ပျံ့နှံသော ဂုဏ်သတင်းကျော်ဇောခဲ့သော ဂုဏ်ပုဒ်ဖြစ်၏။

လက်ရှိ လုချောင်းချောင်း၏ခန္ဓာကိုယ်သည် လီရွှမ်းရှီ၏ မူလ ခန္ဓာကိုယ်မဟုတ်သော်လည်း ကျန်းထျန်းယွမ်၏ အခြေအနေကိုလည်း လူတိုင်းက သိပါသည်။ ကျန်းထျန်းယွမ်မှာ အလွန်အမင်း အိုမင်းလာပြီး သူ၏စွမ်းအားကြီးမားလှသော အချိန်ကို ကျော်လွန်ခဲ့ပြီဖြစ်၏။ လီရွှမ်းရှီနှင့် ကျန်းထျန်းယွမ်က အသေအကြေ တိုက်ပွဲ တိုက်ခိုက်မည်ဆိုလျှင် လီရွှမ်းရှီသည် မူလခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည် မဟုတ်သော်လည်း အေးအေးဆေးဆေး အနိုင်ရနိုင်မည်ဟု လူတိုင်းက တွေးထင်ထားခဲ့ပါ၏။

အချို့သော လူများက စန်းယွမ်နယ်မြေ၌ လောင်းကစားဝိုင်းများကိုပင်လျှင် စတင်၍ ဖွင့်လှစ်နေပြီဖြစ်သည်။ ကျန်းထျန်းယွမ်က နိုင်မလား၊ လီရွှမ်းရှိက နိုင်မလားဟု လောင်းကြေးစားကြေးများ စတင်၍ ပြုလုပ်နေခဲ့ပြီဖြစ်၏။ ထိုလောင်းကစားဝိုင်း၏ နောက်ကွယ်တွင်ရှိသော လက်မည်းကြီးမှာ မှောင်ခိုဈေးကွက်၏ အရှင်သခင်ပင် ဖြစ်ပါသည်။ လူတိုင်းက မှောင်ခိုဈေးကွက်အရှင်သခင်၏ သရုပ်မှန်ကို ခန့်မှန်းခဲ့ကြသော်လည်း ဘယ်သူမှ မအောင်မြင်ခဲ့ပါချေ။ ထိုလောင်းကြေးစားကြေးနှင့်ပတ်သက်ပြီး သတင်းကို ကြားသောအခါ လီချန်ချင်းကလည်း စိတ်ဝင်စားခဲ့ပါ၏။

လောင်းကစားကြေးများမှာ ကျန်းထျန်းယွမ်အတွက် ဆယ်ဆ တစ်ဆဖြစ်ပြီး လီရွှမ်းရှီအတွက်တော့ သုံးဆ တစ်ဆ ဖြစ်ပါသည်။ ထိုလောင်းကြေးစားကြေး အဆများကို ကြည့်ပြီးသောအခါတွင် လူတော်တော်များများက ကျန်းထျန်းယွမ်းကို နိုင်မည်မဟုတ်ဟု ဘာကြောင့်တွေးထားလဲဆိုတာကို လီချန်ချင်းက အံ့ဩနေခဲ့ပါသည်။ သို့သော် သေချာစဉ်းစားပြီးသည့်အခါတွင် ဖြစ်နိုင်ချေတော့ ရှိပါ၏။

ဒါပေမဲ့ လီချန်ချင်း၏ အမြင်တွင်တော့ ကျန်းထျန်းယွမ်မှာ အိုမင်းနေပြီဖြစ်သော်လည်း လီရွှမ်းရှီကိုတော့ ရှုံးနိမ့်လောက်အောင်တော့ မဖြစ်နိုင်သေးပါချေ။ ထို့ကြောင့် လီချန်ချင်းကလည်း လောင်းကြေးစားကြေး လုပ်ချင်ပါ၏။ သို့သော် ဘယ်လိုလောင်းရမလဲဆိုတာ မသိပါ။

အပေါ်ယံကြည့်လျှင် လီရွှမ်းရှီက အနိုင်ရနိုင်ချေများပါသည်။ သို့သော် အခြားရှု့ထောင့်မှ ကြည့်ပါက သူတို့နှစ်ဦးကြား အနိုင်ရရှိမှုမှာ မသေချာပါ။ လီရွှမ်းရှီက အဖြူအနက်လျှို့ဝှက်နယ်မြေထဲတွင် ကျဆင်းသွားပြီးတော့ နှစ်ပေါင်းများစွာကြာအောင် သေဆုံးနေခဲ့ရသောသူ ဖြစ်သည်။ ကျန်းထျန်းယွမ်သည် အဖြူအနက်လျှို့ဝှက်နယ်မြေထဲမှ အသက်ရှင်လျက် ပြန်ထွက်လာနိုင်ရုံသာမက နှစ်ပေါင်းများစွာကြာသည်အထိ စန်းယွမ်အရှင်သခင် ဖြစ်နေခဲ့ပါသည်။

ကျင့်ကြံခြင်းအခြေခံ အုတ်မြစ်ကို နှိုင်းယှဉ်မည်ဆိုပါက လီရွှမ်းရှီသည် ကျန်းထျန်းယွမ်ကို နှိုင်းယှဉ်နိုင်မည် မဟုတ်ပါ။ ထို့ကြောင့် တိုက်ပွဲရလဒ်ကို ခန့်မှန်းရန်မှာ မသေချာပါချေ။ တစ်ခဏကြာအောင် တွေးပြီးသောအခါတွင် လီချန်ချင်းက ကျန်းထျန်းယွမ်သည် အနိုင်ရနိုင်ချေပိုများသည်ဟု တွေးပြီး ကျန်းထျန်းယွမ်ဘက်မှ လောင်းလိုက်ပါ၏။

ထို့အပြင် သူ့သားကို သတ်ဖြတ်ခဲ့သော လီရွှမ်းရှီကို လီချန်ချင်းက အမြင်မကြည်လင်ခဲ့ပါ။ ထို့ကြောင့် နဂါးနိုင်လက်ဝါး၏ အန္တိမတိုက်ကွက် မာနနဂါး၏နောင်တကို ကျွေးခဲ့ခြင်းပဲဖြစ်ပါသည်။ လီချန်ချင်းက ကျန်းထျန်းယွမ်၏နေရာ၌ ငွေစ ဆယ်မီလျံခန့်ကို တစ်ပါတည်း လောင်းချလိုက်ပါသည်။ သူသာ ရှုံးနိမ့်သွားမည်ဆိုလျှင်တောင်မှ ငွေဆယ်မီလျံဆိုသည်မှာ လီချန်ချင်းအတွက်တော့ သမုဒ္ဒရာထဲမှ ရေတစ်စက်ပင်ဖြစ်သည်။ ယခုလက်ရှိ လီချန်ချင်းအတွက်တော့ ငွေဆယ်မီလျံဆိုသည်မှာ အရေးမပါတော့ပါချေ။ နှစ်ဦးသား တိုက်ခိုက်တော့မည့် နေ့ရက်က နီးလာသည့်အခါတွင်တော့ တံခါးပိတ်ကျင့်ကြံနေသော ကျန်းယွမ်ကျီကလည်း ထွက်ပေါ်လာခဲ့၏။

မြေလျှောက်အင်မော်တယ်နှစ်ပါးတိုက်ခိုက်မည့် တိုက်ပွဲသည် ကျန်းယွမ်ကျီလိုမျိုး အဆင့်ရှိသော လူများအတွက် အကျိုးကျေးဇူးအများအပြား ရရှိနိုင်မည်ဖြစ်သည်။

သို့သော် ကျောက်ပိုင်မင်းမှာတော့ အရင်တုန်းကအတိုင်းပင်ဖြစ်သည်။ သူက ထိုတိုက်ပွဲများကို စိတ်မဝင်စားပါ။ သူသည် မြောက်ပိုင်းအေးခဲနိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရန်နှင့် တာဝန်ကျေပြီးလျှင် ဈေးထဲသို့သွားကာ ဈေးဝယ်ပြီး မိန်းမကို ဟင်းချက်ပြုတ် ကျွေးမွေးရန်ကိုသာ စိတ်ဝင်စားပါသည်။ သူက မြေလျှောက်အင်မော်တယ်နှစ်ပါးအကြားက တိုက်ပွဲကို လုံးလုံးမှကို စိတ်မဝင်စားပါ။ တဖြည်းဖြည်းနှင့် တိုက်ပွဲစမည့်နေ့ရက်မှာ နီးကပ်လာပါတော့သည်။

All Chapters