← Chapters

အခန်း (၄၀၄)

Vol. 34 Ch. 404

အခန်း (၄၀၄)

Vol. 34 Ch. 404

သတ်မှတ်ထားသော ရက်နီးလာသော အခါတွင် ဝမ်ကျိတောင်သို့ သွားလာနေသော လူများမှာ တစ်ဖြည်းဖြည်းနှင့် များလာခဲ့ပါသည်။ လူတိုင်းက နာမည်ကျော်ကြားမည့် တိုက်ပွဲကို ကြည့်ရှုလိုကြပါသည်။

ရွှယ်ချမ်းပိုင်က ကုန်လွန်ခဲ့သော ရက်များတွင် ချန်ချင်း စံအိမ်တော်၌ပင် တည်းခိုခဲ့ပါသည်။ စန်းယွမ် နယ်မြေကြီး၏ ဖြစ်ပျက်ခဲ့သော ကိစ္စတော်တော်များများကို လီချန်ချင်းနှင့် အတူတူ ဆွေးနွေးခဲ့ပါ၏။

ချင်းရွှယ်အာဏာ ဓားသခင် ရောက်ရှိနေသည် ဟူသော သတင်းကို ကြားသောအခါတွင် ယင်ချန်းလီက အရှက်ကင်းမဲ့စွာပင် နေ့စဉ်နေ့တိုင်း ချန်ချင်း စံအိမ်တော်သို့ ရောက်ရောက်လာခဲ့ပါသည်။ သူက ရွှယ်ချန်းပိုင်ထံမှ ဓားနှင့်ပက်သက်သော သင်ကြားမှုများကို လမ်းညွှန်မှုများကို ရရှိနိုင်ရန်အတွက် မျှော်လင့်နေခြင်း ဖြစ်ပါသည်။

စစချင်းတုန်းက ရွှယ်ချန်းပိုင်သည် ယင်ချန်းလီကို ဓားပညာ သင်ကြားပေးရန် အတွက် စိတ်မဝင်စားပါချေ။ သူက တစ်ကိုယ်တော် လှုပ်ရှားသူ ဖြစ်ပြီး တပည့်များကိုလည်း လက်ခံလေ့မရှိပါ။ ရှေးဟောင်း တာအိုတောင်တန်း ဂိုဏ်းတွင်ပင်လျှင် သူက တစ်သီးတစ်သန့်တည်း နေထိုင်သူ ဖြစ်ပါ၏။

သို့သော် ရွှယ်ချန်းပိုင်ကို အံ့ဩသွားစေသည်မှာ ယင်ချန်းလီသည် ဓားသမား ဖြစ်ရန်အတွက် ပါရမီ လွန်စွာ မြင့်မားလှသူ ဖြစ်၏။ ရွှယ်ချန်းပိုင်ကို ပိုမို၍ ထိတ်လန့် သွားစေသည်မှာ ယင်ချန်လီ၏ ဓားသိုင်းပညာသည် သူနှင့် အဆင့်တူများ ကြားထဲတွင် အကောင်းဆုံး ဖြစ်နေသော ကြောင့်ပင် ဖြစ်၏။

ထို့အပြင် ယင်ချန်းလီက အဟုန်နိယာမကိုပင် နားလည်နေဟန် ရှိပါသည်။ အဟုန်နိယာမသည် စတင်၍ နားလည်ကာစ ကနဦး အဆင့်မှာပင် လွန်စွာ ကြောက်မက်ဖွယ် ကောင်းသော နိယာမ ဖြစ်ပါ၏။ ထို့ကြောင့် ရွှယ်ချန်းပိုင်သည် နောက်ဆုံး၌ မနေနိုင်တော့ဘဲ ယင်ချန်းလီအား ရက်နည်းနည်းကြာအောင် ဓားပညာနှင့် ပက်သက်ပြီးတော့ သင်ကြားပြသ ပေးခဲ့ပါ၏။

နဂိုတည်းက ဓားပညာကို အရူးတစ်ပိုင်း ဖြစ်နေသော ယင်ချန်းလီသည် ရွှယ်ချန်းပိုင် သင်ကြားပေးသော ရက်နည်းနည်းခန့် လေ့ကျင့်မှုသည် သူ့ဘာသာသူ လေ့ကျင့်ခြင်း၏ နှစ်ပေါင်းများစွာ ကြာမြင့်သည့် ရလဒ်နှင့် ညီမျှသည်ဟု ခံစားခဲ့ရပါသည်။

ယင်ချန်းလီသည် ဓားပညာကို အလွန်အမင်း ရူးသွပ်ပြီး သူ့ကို ကောင်းစွာ လမ်းညွှန်ပြသမည့် ဆရာ မရှိခဲ့ခြင်း ဖြစ်ပါသည်။ ယင်ချန်းလီက လီချန်ချင်း သူ့အားပေးခဲ့သော ရွှမ်ယွမ် သစ်သားဓားကိုသာ လေ့လာကြည့်ရှုရင်း ဓားပညာကို ကြိုးစားကာ သဘောပေါက် နေရခြင်း ဖြစ်ပါသည်။

ယခု၌ ရွှယ်ချန်းပိုင်၏ သင်ကြား ပြသမှုနှင့် အတူ သူ၏ခွန်အားသည် လျင်မြန်စွာပင် တိုးမြင့်လာခဲ့ပါ၏။ တိုက်ပွဲစတင်ရာ နေ့ရက်ရောက်ရှိ လာသောအခါတွင် လီချန်ချင်းနှင့် ရွှယ်ချန်းပိုင်တို့သည် အိမ်မှ ထွက်လာခဲ့ကြပါသည်။ တိုက်ပွဲကို ကြည့်ရှုရန် အတွက် ကျန်းဖုကွမ်းက စိတ်မဝင်စားသောကြောင့် အိမ်တော်၌ ကျန်ရစ်ခဲ့နေရန်သာ သူက ပြောခဲ့၏။

မြောက်ပိုင်းအေးခဲ နိုင်ငံမှ ဝမ်ကျိတောင်သို့ သွားရမည့် အကွာအဝေးသည် ဝေးကွာလှပေသည်။ လီချန်ချင်းက ချင်းလဲ့ ဓားသခင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ဖေးကို စီးနင်းနေခဲ့ပါ၏။ ရွှယ်ချန်းပိုင်ကတော့ သူ၏ နှင်းလင်းယုန်ကြီးကို စီးနင်းနေခဲ့၏။ ထိုနှစ်ဦးသည် ကောင်ကင်ထက်မှပင် ဝမ်ကျိတောင်ထံသို့ တိုက်ရိုက်ပင် ပျံသန်းနေခဲ့ပါသည်။

များစွာသော စွမ်းအားရှင်များကလည်း ဝမ်ကျိတောင်သို့ ဦးတည်ပြီး ပျံသန်းနေခဲ့ကြပါသည်။ သူတို့အားလုံးသည် မြေလျှောက် အင်မော်တယ်များ၏ တိုက်ပွဲကို မြင်တွေ့လိုကြပါသည်။ ထို့အပြင် ယခုခေတ်ကာလ၌ သက်ရှိထင်ရှား ရှိနေကြသော မြေလျှောက် အင်မော်တယ်များကလည်း ဝမ်ကျိတောင်သို့ ဦးတည်နေခဲ့ ကြပါသည်။

ကွမ်လန်း နန်းတော်မှ ကွမ်ကျူးကလည်း လုရှီရန်ကို ခေါ်ဆောင်လာခဲ့သည်။ ရှေးဟောင်း တာအို တောင်တန်းဂိုဏ်းမှ လောရှောင်ချွမ်ကလည်း လာကြည့်ပါသည်။ အခြား နယ်မြေဒေသမှ စွမ်းအားရှင်များကလည်း လာကြည့်ကြပါ၏။ တစ္ဆေနတ်ဆိုးများ ရှိသော တိမ်ကန္တာရနယ်မြေမှ စွမ်းအားရှင်များကလည်း ဝမ်ကျိတောင်သို့ ဦးတည်ကာ သွားနေခဲ့ပါသည်။

တစ်ရက်တည်းမှာပင် ဝမ်ကျိတောင်၌ မြောက်များစွာသော စွမ်းအားရှင်များ စုစည်းနေကြ၏။ မရေမတွက်နိုင်သော လူများသည် တိုက်ပွဲကို မျှော်လင့်စောင့်စား နေကြပါသည်။ ထျန်းဟိုင်မြို့တွင်တော့ မိသားစု မြောက်များစွာက မကောင်းသော အကြံအစည်များကို ကြံစည်နေခဲ့ကြပါသည်။

ကျန်းထျန်းယွမ်သာ ရှုံးနိမ့်သွားပါက စန်းယွမ်နယ်မြေကြီး တစ်ခုလုံး၏ အုပ်စိုးမှုသည် အစအဆုံး ပြန်လည် ရေးဆွဲရမည် ဖြစ်သည်။ ထိုအခိုက်မှာပင် မိသားစုကြီးများ အတွက် အခွင့်အရေးကောင်းများ ရောက်လာမည် ဖြစ်သည်။ တစ္ဆေမျိုးနွယ်များ၏ စွမ်းအားရှင်များကလည်း ထိုသို့ပင် တွေးပါသည်။

ကျန်းထျန်ယွမ်သာ ရှုံးနိမ့်သွားပါက လူသားမျိုးနွယ်ထံမှ အခွင့်အရေးများ များစွာကို သူတို့က ယူဆောင်ရန်အတွက် ကြံစည်နေကြပါသည်။ လူတိုင်းက ကျန်းထျန်ယွမ်က ဤတိုက်ပွဲ၌ ရှုံးနိမ့်မည်ဟု ယုံကြည်ထားကြ၏။

ကျန်းထျန်ယွမ်သည် လွန်စွာမှပင် အိုမင်းနေပါ၏။ အချိန်တိုင်းလိုလို ချောင်းဆိုးနေပါသည်။ သူ့ပုံစံသည် လွန်စွာ အားနည်းကာ လေတိုက်လျှင်ပင် ပြိုလဲတော့မည့် အလားအလာပင် ရှိ၏။ ထိုကဲ့သို့သော အခြေအနေနှင့် ကျန်းထျန်းယွမ်သည် ငယ်ရွယ်ပြီး စွမ်းအားပြည့်ဝသော လီရွှမ်းရှီကို ဘယ်လိုလုပ်ပြီး အနိုင်ယူနိုင်ပါ့မလဲ။

ကောင်းကင် နတ်သမီး ဓားအင်မော်တယ် ဟူသော ဂုဏ်ပုဒ်သည် အလဟဿ မဟုတ်ပါချေ။ လူသားမျိုးနွယ်၏ သူတော်စင် လေးပါး၌ ကျန်းထျန်းယွမ်သည် တတိယ သို့မဟုတ် စတုတ္ထ အဆင့်မှာသာ ရှိပါသည်။ ကောင်းကင် နတ်သမီး ဓားအင်မော်တယ် လီရွှမ်းရှီသည် ခွန်အားအရာ၌ ဒုတိယ ပြေးပါသည်။

ပထမတွင်တော့ သီလမဲ့ ဘုန်းတော်ကြီး ရှိ၏။ ယခု၌ ကျန်းထျန်းယွမ်သည် လွန်စွာ အိုမင်းလှပြီ ဖြစ်သောကြောင့် အတိတ်တုန်းကလိုမျိုး ခွန်အားများ မရှိတော့ဘဲ လီရွှမ်ရှီကို လုံးဝ ရှုံးနိမ့်ပေတော့မည်။

ညသို့‌ ‌ရောက်လာပြီ။ အရှေ့ပိုင်း ဆိတ်ငြိမ်ခြင်း နယ်မြေ၏ ကျန်းဟယ် စံအိမ်တော်၌ စီမာယန်သည် တိုက်ပွဲကို ကြည့်ရန်အတွက် အိမ်မှ ထွက်လာခဲ့ပြီ ဖြစ်ပါသည်။

သူက မြေလျှောက် အင်မော်တယ်များ အကြား တိုက်ပွဲကို အလွတ်မခံနိုင်ပါ။ ထိုတိုက်ပွဲသည် သူ၏ အနာဂတ် ကျင့်ကြံလမ်းကြောင်းတွင် များစွာ အထောက်အကူ ပြုလိမ့်မည်။ ညဘက်တွင်တော့ ကျန်းဟယ် စံအိမ်တော်ကြီး တစ်ခုလုံးသည် လွန်စွာ တိတ်ဆိတ်နေခဲ့ပါ၏။ စံအိမ်တော် တစ်ခုလုံးကို ကင်းလှည့်နေသော တပည့်များသည် အလွန်အမင်း ပျင်းရိနေခဲ့ကြပါသည်။

“ရက်နည်းနည်း ကြာရင် စန်းယွမ် နယ်မြေ အရှင်သခင်နဲ့ ကောင်းကင် နတ်သမီး ဓားအင်မော်တယ်တို့က တိုက်ခိုက်ကြမယ်လို့ ကြားတယ်။ ငါတကယ်ပဲ သွားကြည့်ချင်တယ်ကွာ”

“ဘဝတစ်လျှောက်လုံးမျာ မြေလျှောက် အင်မော်တယ်ကို တစ်ခါမှ မမြင်ဖူးသေးဘူး။ အဲ့ဒီတိုက်ပွဲက တော်တော်ကြီးကို အံ့ဩဖို့ ကောင်းမှာပဲ”

ကင်းလှည့်နေသော တပည့်တစ်ဦးက တောင့်တနေသော လေသံဖြင့် ပြောလိုက်ပါသည်။

“ကင်းလှည့်တာကိုပဲ အာရုံစိုက်စမ်းပါကွာ။ မင်းက ဘာတွေ ကြည့်နေတာလဲ”

အနည်းငယ် အသက်ပိုကြီးသော ဦးဆောင်နေသည့် တပည့်က ပြောလိုက်၏။

“မင်းရဲ့လက်ရှိ ကျင့်ကြံခြင်း အဆင့်နဲ့ဆိုရင် စန်းယွမ် နယ်မြေ အရှင်သခင်နဲ့ ကောင်းကင် နတ်သမီး ဓားအင်မော်တယ်တို့ ကြားတိုက်ပွဲကို ကြည့်မယ် ဆိုရင်တောင် ဘာမှ မြင်နိုင်မှာ မဟုတ်ဘူး”

“ပြီးတော့ သူတို့နှစ်ယောက် တိုက်ပွဲကနေ ပြီးတော့ မင်း ဘာတစ်ခုမှကို နားလည်မှာ မဟုတ်ဘူး။ သူတို့တိုက်ခိုက်နေတဲ့ တိုက်ခိုက်တဲ့ လှုပ်ရှားမှုတွေကိုတောင် မင်းရဲ့အဆင့်နဲ့ ကောင်းကောင်း မြင်နိုင်မှာ မဟုတ်ဘူးလေ”

“ပြီးတော့ သူတို့ တိုက်ပွဲက အရမ်းကို ပြင်းထန်တာမလို့ သူတို့ဆီက ထွက်လာတဲ့ တိုက်ပွဲရဲ့ ရိုက်ချက်နဲ့တင်ပဲ မင်းရဲ့ အသက်ရော ခန္ဓာကိုယ်ပါ တစ်ခါတည်း သေဆုံးသွားနိုင်တယ်”

“ဟား ဟား ဟား ဟား”

ကျန်သော တပည့်များကလည်း အားပါးတရ ရယ်မောလိုက်ကြ၏။ သို့သော် ထိုကဲ့သို့သော စနောက်သော စကားများ ထွက်ပေါ်လာသည့်တိုင် အပြောခံရသည့် တပည့်က ဘာတစ်ခွန်းမှ ပြန်မပြောပါ။ ထိုဖြစ်ရပ်က လူတိုင်းကို ထူးဆန်းသည်ဟု ခံစားသွားစေခဲ့ ရပါ၏။

ပုံမှန်ဆိုလျှင် ထိုတပည့်သည် ဆတ်ဆတ်ထိမခံ ဖြစ်ပြီး သူ့ကို တစ်စုံတစ်ဦးက နောက်ပြောင်လိုက်လျှင် တစ်ခွန်းမကျန် ပြန်၍ ခွန်းတုံ့ပြန်လေ့ ရှိပါသည်။ သို့သော် ယနေ့တွင်တော့ သူက ထူးထူးဆန်းဆန်း တိတ်ဆိတ်နေခဲ့၏။ ထိုဖြစ်ရပ်က လူတိုင်းကို အံ့အားသင့်သွားစေခဲ့ပါ၏။

“ဟေ့ မင်းဘာလို့ စကား ပြန်မပြောတာလဲ။ စိတ်ဆိုးသွားတာလား”

သူတို့အားလုံးက ထိုတပည့်ကို လှည့်ကြည့်လိုက်ပါ၏။ သို့သော် သူတို့ လှည့်ကြည့်လိုက်သော အခါတွင် မြင်လိုက်ရသော မြင်ကွင်းကြောင့် အကုန်လုံး တုန်လှုပ်သွားခဲ့ပါ၏၊ သူတို့၏ နောက်တွင် မည်သူမျှ မရှိပါ။ လူတစ်ယောက် ရှိရမည့်အစား ဧရာမ ဖားပြုတ်ကြီး တစ်ကောင် ရှိပါ၏။

ထိုဖားပြုတ်ကြီးသည် ညအမှောင်ထု ထဲတွင် မည်းနက်နေခဲ့၏။ အမှောင်ထုနှင့် လုံးဝကို ရောယှက်နေပြီး မှောင်မိုက်နေ၏။ သေချာသာ မကြည့်ပါက ထိုနေရာ၌ ဖားပြုတ် တစ်ကောင်ရှိမည်ကို မြင်နိုင်မည် မဟုတ်ပါ။ ထိုဖားပြုတ်သည် တောင်ကုန်းလေး တစ်ခုလောက် အရွယ်အစား ကြီးမားပါ၏။

သူ၏ မျက်လုံးများသည် သွေးကဲ့သို့ ရဲရဲနီပြီး ဧရာမ ခန္ဓာကိုယ်ကြီး ရှိပါသည်။ ထိုခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါသည် ပြင်းထန်လှသော ဖိအား ကြီးကြီးမားမားပင် ဖြစ်သည်။ ထိုဖားပြုတ်က တစ်စုံတစ်ခုကို ဝါးကာ မြိုချနေ၏။ ထိုမြင်ကွင်းသည် လူတိုင်းကို ထိတ်လန့် ကြောက်ရွံ့ သွားစေခဲ့ပါသည်။

“ဘာတုန်း။ ဒါဘာအကောင်ကြီးတုန်း”

တပည့်များသည် လွန်စွာကြောက်ရွံ့သောကြောင့် သူ၏ ခြေထောက်များသည် ခွေကာ လဲကျသွားခဲ့ပါ၏။ ထိုအခိုက်၌ ဖားပြုတ်ကြီးသည် အချိန်တော်တော်ကြာအောင် ဝါးနေပြီးနောက် သူ့ပါးစပ်ထဲတွင် ရှိသော အရာကို ထွေးထုတ်လိုက်ပါ၏။

ထွက်ပေါ်လာသော လူသည် အလောင်းကောင် ဖြစ်နေပြီ။ ထိုလူသည် ခုနတုန်းက မြေလျှောက်အင်မော်တယ် နှစ်ပါးအကြား တိုက်ပွဲကို ကြည့်ချင်သည်ဟု ပြောနေသော လူပင် ဖြစ်၏။

“အစ်ကို ပန်း”

တပည့်များက ထွက်လာသော လူထံသို့ ပြေးကပ်သွားကြပါသည်။ သူတို့ကို ထိတ်လန့်သွားစေသည်မှာ ဖားပြုတ်၏ ပါးစပ်မှ ထွက်လာသော လူသည် အသက် မရှူတော့ပါချေ။ ထိုသူ၏ ခန္ဓာကိုယ်ပေါ်၌ မည်သည့် ဒဏ်ရာဒဏ်ချက်ကိုမှ မတွေ့ရပါ။ သို့သော် သူ၏ အသက်စွမ်းအားများ အားလုံးက ပျောက်ကွယ်သွားပြီ ဖြစ်၏။

“မင်းက အစ်ကိုပန်းကို သတ်ခဲ့တယ်”

ပြောလိုက်သော တပည့်၏ မျက်လုံးများသည် ဒေါသကြောင့် နီရဲနေပြီ ဖြစ်၏။ ဧရာမ ဖားပြုတ်ကြီးသည် သူ၏ ဦးခေါင်းကို ငဲ့စောင်းလိုက်ပြီး တပည့်များကို ကြည့်လိုက်ပါသည်။

“မင်းကို ငါသတ်မယ်”

တပည့်ခေါင်းဆောင်သည် ကြုံးဝါးလိုက်ပြီး သူ၏ခါးတွင် ချိတ်ထားသော ဓားကို ဆွဲထုတ်လိုက်ပြီး အရှေ့ကို တိုးသွားလိုက်၏။

“အလောမကြီးနဲ့”

အခြားသော တပည့်များက ထိတ်လန့်သွားပြီးနောက်တွင် ခပ်မြန်မြန်ပင် သတိပေးခေါင်းလောင်းကို တီးလိုက်ပါသည်။ ဓားက ဖားပြုတ်ထံသို့ ထိခိုက်သွား၏။ သို့သော် ဖားပြုတ်ကို ခြစ်ရာလေးပင် မဖြစ်စေပါ။ ဖားပြုတ်က ခေါင်းကို ငုံ့လိုက်ပြီး သူ့ကိုဓားနှင့် ခုတ်သော တပည့်ကို တစ်ခါတည်း မြိုချလိုက်၏။

“ပြေးကြ အားလုံးပြေးကြ”

လွန်စွာ ထိတ်လန့်ကြောက်ရွံ့ဖွယ် ကောင်းသော ဖားပြုတ်ကို မြင်ပြီးသောအခါ ကျန်သောတပည့်များကလည်း အနောက်သို့လှည့်ကာ ထွက်ပြေးကြပါသည်။ သို့သော် သူတို့ ထွက်ပြေး နေသည့်အခါမှာပင် ဖားပြုတ်၏ ရှည်လျားပြီး ချွဲကျိနေသော လျှာက ထွက်လာပါ၏။

ထိုလျှာအရှည်ကြီးသည် တပည့်များ အားလုံးကို ဆွဲပြီးလိမ်လိုက်ပြီး သူ့ပါးစပ်ထဲသို့ တစ်ချက်တည်း မြိုချလိုက်ပါ၏။ ထိုအချိန်မှစပြီး ကျန်းဟယ် စံအိမ်တော် တစ်ခုလုံးသည် အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့ပါသည်။ သိုင်းပညာရှင်များ အားလုံး ထွက်ပေါ်လာခဲ့၏။

မကောင်းဆိုးဝါးကြီးက လူသားများကို တစ်ဦးပြီး တစ်ဦး စားသုံးနေသည်ကို မြင်သောအခါ ဒေါသူပုန်ထသွားပြီး တိုက်ခိုက်ကြပါတော့သည်။ အစားခံလိုက်ရသော တပည့်များက ဖားပြုတ်၏ ပါးစပ်မှ ပြန်ထွက်လာသော အခါတွင် အသက်ကင်းမဲ့ ကုန်ကြပြီ ဖြစ်၏။

“မကောင်းဆိုးဝါးကောင် သေလိုက်စမ်း”

ကျန်းဟယ် စံအိမ်တော်၏ အကြီးအကဲ များစွာ ထွက်လာပြီး ပူးပေါင်းကာ ဖားပြုတ်ကို တိုက်ခိုက်ကြပါတော့၏။ ညတစ်ညလုံးတွင် ကျန်ကျိုးမြို့၏ လူများက အပြင်းအထန် တိုက်ခိုက်နေသော တိုက်ခိုက်သံများကို ကြားခဲ့ရပါသည်။

မနက် အာရုဏ်တက်ခါနီး အချိန်အထိ တိုက်ခိုက်သံများကို ကြားရမည် ဖြစ်သည်။ မြို့ထဲတွင် ရှိသော လူများအားလုံး နိုးလာသောအခါတွင် ထိုညက တိုက်ခိုက်မှုများ အားလုံးကို လူတိုင်းက ဆွေးနွေးနေခဲ့ကြပါ၏။

ထို့နောက်တွင် လွန်စွာ ကြောက်မက်ဖွယ် ကောင်းသော သတင်း တစ်ခုက ကျန်ကျိုးမြို့ တစ်ခုလုံးကို ပျံ့နှံ့လာခဲ့ပါသည်။ ကျန်းဟယ် စံအိမ်တော်တွင် ရှိသော လူများ အားလုံးက သေဆုံးသွားပြီ ဟူသော သတင်းပင် ဖြစ်သည်။ စံအိမ်တော် တစ်ခုလုံးတွင် အလောင်းများက ပြန့်ကျဲနေခဲ့ပါ၏။ စစချင်းတုန်းကတော့ လူတွေက ဟာသတစ်ပုဒ်ဟု ထင်နေခဲ့ကြသည်။

သို့သော် ကျန်းဟယ် စံအိမ်တော်သို့ ရောက်သွားသော အခါတွင် ထိုသတင်းမှာ အမှန်တရား ဖြစ်ကြောင်းကို လူတိုင်းက သိလိုက်ရပါ၏။ ကျန်းဟယ် စံအိမ်တော် တစ်ခုလုံးသည် လုံးဝ အသုတ်သင် ခံလိုက်ပါပြီ ဖြစ်သည်။ တစ်စုံတစ်ဦးမှပင် အသက်ရှင်ကျန်မနေခဲ့ပါ။

ပို၍ စိတ်ခြောက်ခြားဖွယ် ကောင်းသည်မှာ အလောင်းများက မည်သည့် ဒဏ်ရာကိုမျှ မတွေ့ရခြင်းပင် ဖြစ်၏။ သူတို့အားလုံးသည် သေဆုံးနေပြီ ဖြစ်သည်။ သူတို့၏ သေဆုံးမှုသည် ရှင်းပြ၍ မရနိုင်သော အနေအထားတွင် ရှိပါ၏။ ထိုဖြစ်ရပ်က မြို့သူမြို့သားများ အားလုံးကို လွန်စွာမှပင် ကြောက်ရွံ့စေခဲ့ပါ၏။

ကျန်ကျိုး မြို့သခင်သည် ကျန်းဟယ် စံအိမ်တော်သို့ ကိုယ်တိုင်ကိုယ်ကျ ရောက်လာပြီးသောအခါ မြင်လိုက်ရသော မြင်ကွင်းကြောင့် အလွန်အမင်း ထိတ်လန့်သွားခဲ့ပါ၏။ ကြောက်ရွံ့မှုကြောင့် သူသည် အနီးအနားတွင် ရှိသော ဂိုဏ်းတစ်ဂိုဏ်းကို ထိုအခြေအနေနှင့် ပက်သက်ပြီးတော့ သတင်းပို့ခဲ့ပါသည်။

သူသည် ရှေးဟောင်း တာအိုတောင်တန်း ဂိုဏ်းသို့ စာရေးခဲ့ပြီး ယခုအခြေအနေကို စုံစမ်းစစ်ဆေးရန် အတွက် အကူအညီ တောင်းခံခဲ့ပါသည်။

All Chapters