← Chapters

အခန်း (၄၁၀)

Vol. 34 Ch. 410

အခန်း (၄၁၀)

Vol. 34 Ch. 410

ထိုအခိုက်မှာပင် ကျန်းထျန်းယွမ်က သူ၏အိုမင်း ရွတ်တွနေသော လက်ကို အရှေ့သို့ တိုးလိုက်၏။ ထိုလက်မှ အလင်းတန်းတစ်ချက် ထွက်ပေါ်လာပြီး ဘုန်းတော်ကြီးတစ်ပါး ကိုင်ဆောင်သော တောင်ဝှေးတစ်ခုက သူ၏လက်ထဲ၌ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ထိုတောင်ဝှေးသည် လွန်စွာ ပြင်းထန်လှသော ဗုဒ္ဓစွမ်းအားများ တလူလူ ထွက်ပေါ်နေခဲ့၏။ အဝေးမှ ကြည့်ရုံနှင့်ပင် ထိုတောင်ဝှေးမှ ဗုဒ္ဓဂါထာတော်များ ရွတ်ဆိုနေသည့် အသံကို လီချန်ချင်းက ကြားနေရပါ၏။ ထိုဂါထာတော်များသည် အထက်ကောင်းကင်ယံမှ နတ်မင်းများက ရွတ်ဆိုနေသည့် အလားပင် ဖြစ်သည်။

ထိုဂါထာတော် အသံများကို ကြားသောအခါတွင် ကြားလိုက်ရသော လူတိုင်း၏ ရင်ထဲ၌ အေးမြကာ တည်ငြိမ်သော ခံစားချက်ကို ရရှိစေမည် ဖြစ်ပါ၏။

သို့ပေမဲ့ လူစုလူဝေးထဲ၌ တိုက်ပွဲကို စောင့်ကြည့်နေသော တစ္ဆေမျိုးနွယ်များမှ စွမ်းအားရှင်များကတော့ ဗုဒ္ဓရောင်ခြည်ဓာတ်ကို မြင်သောအခါ စိုးရိမ်ထိတ်လန့်နေသော အမူအရာများနှင့် တုန်လှုပ်နေခဲ့ကြပါသည်။ သူတို့သည် ထိုတောင်ဝှေးကို မြင်သောအခါ ပြင်းထန်စွာ ကြောက်ရွံ့နေဟန် ရှိပါ၏။

“သီလမဲ့ ရဟန်းရဲ့ အရိုးမဲ့ ဗုဒ္ဓတောင်ဝှေး… လတ်စသတ်တော့ ရှင့်လက်ထဲမှာကို”

လီရွှမ်းရှီက တောင်ဝှေးကိုမြင်သောအခါ အံ့အားသင့်နေဟန် မရှိပါ။ ထိုအချက်ကို ထောက်ရှုသော် တောင်ဝှေးက ကျန်းထျန်းယွမ် လက်ထဲ၌ ရှိနေသည်မှာ သူမ ခန့်မှန်းထားသည့် အတိုင်းပင် ဖြစ်ဟန်ရှိသည်။

“အရိုးမဲ့ ဗုဒ္ဓတောင်ဝှေး? ဒဏ္ဍာရီလာ အရိုးမဲ့ ဗုဒ္ဓတောင်ဝှေးကို”

တိုက်ပွဲကို စောင့်ကြည့်နေသော လူတိုင်းက ကျန်းထျန်းယွမ် လက်ထဲမှ တောင်ဝှေးကို ကြည့်ပြီး သိချင်စိတ်များ ပြည့်နှက်နေကြပါသည်။ တစ်ချိန်တစ်ခါတုန်းက စန်းယွမ် နယ်မြေကြီး၌ ဒဏ္ဍာရီလာ လက်နက်ဖြစ်ခဲ့သော ဗုဒ္ဓတောင်ဝှေးက သူတို့အားလုံးအပေါ် လွှမ်းမိုးနိုင်စွမ်း ရှိပုံရပါ၏။

“အရိုးမဲ့ ဗုဒ္ဓတောင်ဝှေး နတ်ဘုရားအဆင့် လက်နက်ထဲမှာ ဒုတိယမြောက်လက်နက်”

လီချန်ချင်းသည် အသက်ပြင်းပြင်းရှူရင်း ဒုတိယမြောက် လက်နက်ကို ကြည့်ရင်း တွေးလိုက်ပါသည်။ လီရွှမ်းရှီ၏ လက်ထဲတွင်တော့ နတ်ဘုရားအဆင့်တွင် နံပါတ် ၄ ချိတ်သော ကောင်းကင် နတ်သမီးဓား ရှိသည်။ ယနေ့တိုက်ပွဲမှာ လွန်စွာ ကြောက်မက်ဖွယ် အတော် ကောင်းမွန်လိမ့်မည်။

ကျန်းထျန်းယွမ်က ဘာတစ်ခုမှ မပြောပါ။ သူက အရိုးမဲ့ ဗုဒ္ဓတောင်ဝှေးကို လေဟာနယ်ထဲ၌ ရိုက်ခတ်လိုက်၏။ ချက်ချင်းပင် ကောင်းကင်တစ်ခုလုံးက ရွှေအလင်းတန်းများနှင့် ပြည့်နှက်သွားပါသည်။ ဧရာမ ဗုဒ္ဓအရိပ်ကြီးက သူ၏နောက်ကျော၌ ဖြည်းညင်းစွာဖြင့် ပေါ်ပေါက်လာခဲ့သည်။

ထိုအရာ တစ်ခုတည်းပင် မဟုတ်ပါ။ ကျန်းထျန်းယွမ်၏ လက်တစ်ချက် အဝှေ့မှာပင် စာလိပ် ၁၀ခုခန့်က ပျံသန်းထွက်ပေါ်လာ၏။ ထို့နောက်တွင် စာလိပ်များသည် တစ်ခုနှင့် တစ်ခုချိတ်ဆတ်ပြီး ဧရာမ ရှေးဟောင်း ပန်းချီကားချပ်ကြီး တစ်ခု အဖြစ်သို့ ပြောင်းလဲသွားပါ၏။

ထိုပန်းချီကားချပ်ကြီးသည် လောကကြီး တစ်ခုကို စတင်၍ ဖန်ဆင်းနေဟန် ရှိပါသည်။

“နယ်မြေတထောင် ပန်းချီကားပါလား”

တစ်စုံတစ်ဦးက ပန်းချီကားကို သတိထားမိသွားပြီး အလန့်တကြား အော်ဟစ်လိုက်သည်။ ဒါပေမဲ့ လီရွှမ်းရှီကတော့ ထိတ်လန့်မနေပါ။

သူမက ခြေတစ်လှမ်း တိုးပြီးနောက် ကျန်းထျန်းယွမ်အား ဓားနှင့် ခုတ်ချလိုက်ပါသည်။ နယ်မြေတထောင် ပန်းချီကားသည် ကောင်းကင် နယ်မြေကြီးကို ရှုံံ့တွသွားစေပြီး စိတ်ဝိဉာဉ် စွမ်းအားများက ကျန်းထျန်းယွမ်၏ ပတ်ပတ်လည်တွင် ပေါ်လာခဲ့၏။

ထို့နောက်တွင် လောကကြီး တစ်ခုလုံးသည် တွန့်လိမ်ကာ ရှုံတွသွားခဲ့ပါတော့သည်။ လူတိုင်းသည် သူတို့မျက်စိရှေ့တွင် ရှိသော လောကကြီးက ချက်ချင်း ပြောင်းလဲသွားသည်ကို ခံစားလိုက်ရပါသည်။ ဝမ်ကျိမြို့ကြီးက ပျောက်ကွယ်သွားပါ၏။ ဝမ်ကျိမြို့နေရာတွင် ထူးခြားဆန်းကြယ်သော ကမ္ဘာသစ် တစ်ခု ရောက်ရှိလာပါသည်။

“နယ်မြေတထောင် ပန်းချီကားထဲက လောကကြီးပါလား”

လီချန်ချင်းသည် ပတ်ပတ်လည်တွင် ရှိသော ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်ရှုလိုက်သည်။

“ဝမ်ကျိမြို့မှာ သူတို့ တိုက်ခိုက်မယ် ဆိုရင် ဝမ်ကျိမြို့ရော လောကကြီး တစ်ခုလုံးက ပျက်စီးသွားနိုင်တယ်လေ”

ရွှယ်ချမ်းပိုင်က ဘေးနားက ပြောပြလိုက်ပါ၏။ လူတိုင်းသည် လီရွှမ်းရှီနှင့် ကျန်းထျန်းယွမ်တို့ နှစ်ဦး တိုက်ခိုက်နေသည်ကို ပြင်းပြသော မျက်လုံးများနှင့် ကြည့်ရှုနေကြသည်။ သူတို့ နှစ်ဦး၏ စွမ်းအားသည် လူတိုင်းမျှော်လင့်နေသည်ထက် ကျော်လွန်နေခဲ့သည်။

ကောင်းကင်ဘုံ တစ်ခုလုံးကို ပြိုလဲသွားစေပြီး နေနဲ့လတို့၏ အလင်းရောင်အားလုံးကို ပျောက်ကွယ်သွားစေပါသည်။ သူတို့သည် ကောင်းကင် ၉ထပ် အထိပင် တက်ကာ တိုက်ခိုက်နေကြ၏။ လီရွှမ်းရှီ၏ ဓားအလင်းတန်းများသည် ပင်လယ်အောက်ကို နစ်မြုပ်သွားပါသည်။

တာအိုနိယာမ အားလုံးကို ဖိနှိပ်သွားခဲ့ပါ၏။ ကျန်းထျန်းယွမ်၏ ပုံရိပ်ကလည်း အိုမင်းနေသော ပုံရိပ်မှ ချက်ချင်းပင် အရှိန်အဝါ ကြီးမားသော ဧကရာဇ် တစ်ပါးကဲ့သို့ တောက်ပလာခဲ့သည်။ လူ၏ လက်တစ်ချက် အတောက်မှာပင် နေနဲ့ လတို့၏ လမ်းကြောင်းများကို လွှဲခါသွားစေခဲ့ပါ၏။

ချက်ချင်းပင် အချိန်နှင့် နေရာလွတ်များသည် ပြိုလဲကျကာ တွန့်ခေါက်သွားစေခဲ့ပါသည်။ နောက်ဆုံးတွင်တော့ သူတို့သည် လေဟာနယ်ကို ပက်ကြားအက်သွားစေပြီး ပဍိပက္ခ ဖြစ်ရပ်များကို ဖြစ်သွားစေခဲ့သည်။ ထိုအက်ကြောင်းများမှ ကြောက်မက်ဖွယ်ကောင်းသော အင်အား တစ်ရပ်သည် ရောက်ရှိနေသော အဆင့်မြင့် ဆရာသခင်များကို ကြောက်ရွံ့စေခဲ့ပါသည်။

မြေလျှောက် အင်မော်တယ် နှစ်ပါး၏ တိုက်ခိုက်မှုမှ ထွက်ပေါ်လာသော အရှိန်အဝါ တစ်ချက်ကပင် သူတို့ကို အသက်သေဆုံး သွားစေနိုင်မည်ဟု ခံစားစေခဲ့ရပါတော့သည်။ ထို့နောက်တွင် ကျန်းထျန်းယွမ်နှင့် လီရွှမ်းရှီတို့သည် လေဟာနယ် အက်ကွဲကြောင်းထဲသို့ ဝင်ရောက်ပျောက်ကွယ် သွားပါသည်။

ထိုဖြစ်ရပ်က အပြင်မှ စောင့်ကြည့်နေသော လူများအားလုံးကို အံ့အား သင့်သွားစေခဲ့ပါ၏။ သူတို့တွေက လေဟာနယ် အက်ကြောင်းထဲမှာ တိုက်ခိုက်နေမှတော့ ဘယ်သူက ဝင်လာရဲမှာလဲ။ သူတို့က အပြင်ကနေသာ စောင့်ကြည့်နေသောကြောင့် အတွင်းက တိုက်ပွဲကို မမြင်ရတော့ပါ။ သို့သော် အတွင်းတွင်တော့ ကြောက်မက်ဖွယ် ကောင်းသော တိုက်ပွဲ အရှိန်အဝါများကို ခံစားနေရပါ၏။

တိုက်ခိုက်နေသော အသံများမှာ ပို၍ပင် ကျယ်လောင်လာခဲ့ပါသည်။ ကြည့်ရှုနေကြသူများမှာ တိုက်ပွဲကို မမြင်ရပါ။ ထိုဖြစ်ရပ်က သူတို့အားလုံးကို ကြီးကြီးမားမား ဖိအားများစွာ ဖြစ်ခဲ့ပါသည်။ တိုက်ပွဲသည် အပြင်းအထန် ဖြစ်ပေါ်နေပြီး အရုဏ်တက်ချိန်မှ နေ့လယ်ပိုင်းအထိ ရောက်လာခဲ့၏။

တိုက်ပွဲ၏ တုန်ခါမှုလှိုင်းများက ကောင်းကင် တစ်ခုလုံးကို စုတ်ပြတ်သတ်သွားစေခဲ့၏။ ပျင်းရိလာသောကြောင့် လီချန်ချင်းက ဆက်လက်၍ မကြည့်ရှုတော့ပါ။ သူကြည့်နေလည်း ဘာမှ မြင်ရတာမှ မဟုတ်တာ။

ထို့ကြောင့် သူသည် ရောက်ရှိနေသော လူအုပ်ကို တစ်ချက်ဝှေ့ကြည့်လိုက်သည်။ အိမ်တစ်လုံး၏ အမိုးထက်တွင် ရပ်နေသော သူနှင့် ရင်းနှီးနေသည့် ပုံရိပ်လေးကို တွေ့သွားသောအခါ ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီးမှ ထိုအိမ်လေးပေါ်သို့ လီချန်ချင်းက ဆင်းသက်လာခဲ့၏။

“အကိုလီ အဲ… ချင်းလဲ့ဓားသခင် အရှင်ကြီး”

မူချင်းကောက အထစ်ထစ် အငေါ့ငေါ့နှင့် ပြောရင်း လီချန်ချင်းကို ပြုံးပြလိုက်သည်။

“မင်း အဆင်ပြေရဲ့လား”

လီချန်ချင်းက မေးလိုက်ပါ၏။

“ဟုတ် ပြေပါတယ်”

မူချင်းကောက ပြန်ဖြေလိုက်သည်။

“စီနီယာ လီရွှမ်းရှီက ကျွန်မကို ပြသနာ မရှာပါဘူး။ သူ့အတွက် နေ့စဉ် ကိစ္စလေးတွေ လုပ်ပေးရုံပါပဲ”

“ကောင်းပြီ”

လီချန်ချင်းက ခေါင်းညိတ်ပြလိုက်သည်။

“ဆေးဘုရင် တောင်ကြားမှာ ဘာတွေ ဖြစ်ခဲ့တာလဲ”

ထိုနေရာ၌ ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို လီချန်ချင်းက စိတ်ဝင်စားနေဆဲ ဖြစ်ပါသည်။ မူချင်းကောက ခဏမျှ ကြာအောင် တွေးတောပြီးသည့် နောက်တွင် အခြေအနေကို ရှင်းပြလိုက်ပါသည်။ လီချန်ချင်းက မျက်မှောင်ကြုတ်လိုက်ပြီး‌ နောက်တွင် တောင်းပန်လိုက်၏။

“မင်းကို အန္တရာယ် ကျရောက်စေလို့ ငါတကယ်ပဲ တောင်းပန်ပါတယ်”

သူ၏ တိမ်ပျံသည် မူချင်းကောကို လုံခြုံသော နေရာသို့ ရောက်အောင် ပို့ဆောင်ပေးနိုင်မည်ဟု တွေးတောခဲ့၏။ ဒါပေမဲ့ ဤလောက၏ ပန်းချီရတနာများကို သူက လျှော့တွက်ခဲ့မိပါသည်။ မိုးနဂါး နတ်ဘုရား အရှင်က တိမ်ပျံနှင့် ထွက်ပြေးသွားသော မူချင်းကော၏ နောက်ကို ပန်းချီရတနာ အသုံးပြုပြီး ထပ်ကြပ်မကွာ လိုက်ပါလာနိုင်လိမ့်မည်ဟု လီချန်ချင်းက မတွက်ဆခဲ့မိပါချေ။

သူမအတွက် ကံကောင်းသွားတာက လီရွှမ်းရှီနှင့် သူမတွေ့ခဲ့ရခြင်းပင် ဖြစ်သည်။ လီရွှမ်းရှီနှင့်သာ မတွေ့ရခဲ့ပါက မူချင်းကောသည် ယခုလောက်ဆိုလျှင် ဒုက္ခအကြီးအကျယ် ရောက်လိမ့်မည် ဖြစ်သည်။

“ကျွန်မ အဆင်ပြေပါတယ်”

မူချင်းကောက လေဟာနယ် အက်ကွဲကြောင်းကြီးကို ကြည့်ပြီး ဖြေလိုက်သည်။

“လီရွှမ်ရှီရဲ့ ခန္ဓာကိုယ်က တစ်ခုခု ထူးခြားနေတယ်။ ဒီတိုက်ပွဲက သူမရဲ့ ခန္ဓာကိုယ်ကို ဒဏ်တွေ မဖြစ်စေဖို့ပဲ ကျွန်မ မျှော်လင့်ပါတယ်”

“ထူးခြားနေတယ် ဟုတ်လား”

လီချန်ချင်းက ခပ်တိုးတိုး မေးလိုက်၏။

“ဘယ်လို ထူးခြားနေတာလဲ”

“ကျွန်မလည်း မသေချာဘူး။ ဒါပေမဲ့ ကျွန်မမှာ ခန့်မှန်းထားတာတွေတော့ ရှိတယ်။ ရှိတယ်ဆိုပေမဲ့လည်း သေချာတော့ မပြောနိုင်သေးဘူးပေါ့”

ရုတ်တရက် ကောင်းကင်ကြီး တစ်ခုလုံးသည် တုန်ခါသွားခဲ့၏။ ပုံစံသည် နယ်မြေတထောင် ပန်းချီကားက ပြိုလဲကျတော့မည့် အလားပင် ဖြစ်သည်။ လောကကြီးထဲတွင် ရှိနေသော လူတော်တော်များများက မတ်တတ်ကောင်းကောင်း မရပ်နိုင်ဘဲ လဲကျလုနီးပါး ဖြစ်နေ၏။ လောကကြီး တစ်ခုလုံးသည် ပျက်ဆီးတော့မည့် အလားပင် ဖြစ်သည်။ လေဟာနယ် အက်ကွဲကြောင်း အတွင်းကတော့ တိတ်ဆိတ်သွားခဲ့ပါသည်။

“တိုက်ပွဲက ပြီးသွားတာလား”

လူတိုင်းက အပေါ်သို့ မော့ကြည့်ရင်း အံ့အားသင့်နေကြသည်။

“တိုက်ပွဲက ပြီးသွားပြီ ဆိုရင် ဘယ်သူ နိုင်သွားတာလဲ။ ကျန်းထျန်းယွမ်လား လီရွှမ်ရှီလား”

လူတော်တော်များများက လောင်းကြေးစားကြေးများ ပြုလုပ်ခဲ့ကြသည်။ ထို့ကြောင့် တိုက်ပွဲ ရလဒ်က သူတို့အတွက် အရေးပါလွန်းလှပေသည်။ သူတို့အားလုံး မျှော်လင့် စောင့်စားနေစဉ်မှာပင် လေဟာနယ် အက်ကွဲကြောင်းထဲမှ တောက်ပသော အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

ထိုအလင်းတန်း၏ နောက်ကွယ်တွင်တော့ ပစ္စည်းတစ်ခုသည် အက်ကွဲကြောင်းထဲမှ ပြုတ်ကျလာ၏။ ပစ္စည်းသည် မျက်စိကျိန်းမတတ် တောက်ပနေသောကြောင့် မြင်တွေ့လိုက်ရသော လူတိုင်းကို ထိတ်လန့်သွားစေခဲ့၏။ လေဟာနယ် အက်ကွဲကြောင်းထဲမှ ပြုတ်ကျလာခဲ့သော အရာသည် ကောင်းကင် နတ်သမီးဓားပင် ဖြစ်သည်။ ကောင်းကင် နတ်သမီးဓားက လေဟာနယ် အက်ကွဲကြောင်းထဲက ပြုတ်ကျလာပါသည်။

“လီရွှမ်းရှီ ရှုံးသွားပြီ”

“စီနီယာ လီရွှမ်းရှီ ရှုံးသွားတာလား”

မူချင်းကော၏ မျက်နှာက မဲနက်သွား၏။ လီချန်ချင်းကတော့ စိတ်မပူပါ။လူတိုင်းက လီရွှမ်းရှီ၏ ရှုံးနိမ့်မှုကို အံ့အားသင့်နေစဉ်မှာပင် လီချန်ချင်းက လွန်စွာ မြန်ဆန်သော အရှိန်နှုန်းဖြင့် ကောင်းကင်ပေါ်သို့ ထိုးတက်သွားခဲ့၏။ သူက ပြုတ်ကျလာသော ကောင်းကင် နတ်သမီးဓားကို ပြေးဖမ်းလိုက်သည်။

နတ်ဘုရားအဆင့် နံပါတ်၄ တွင်ရှိသော ကောင်းကင် နတ်သမီးဓားကို အမိအရ ယူမှ ဖြစ်မည်။ ဤနေရာတွင် မရရှိပါက နှမြောစရာ ကောင်းနေလိမ့်မည်။ ယခုလိုမျိုး အခြေအနေတွင် ဓားကို အရင်ဆုံး ထိနိုင်တဲ့လူက ပိုင်ရှင်ပဲ ဟုတ်တယ်မလား။

All Chapters